[Unicode]
နင်မုန့် အသံကို ကြားလိုက်ရတယ် ထင်တာကြောင့် လီရိချန်က ပြန်လှည့်လာခဲ့တာ ဖြစ်သည်။ သူမကို တွေ့လိမ့်မယ်လို့ သူ မထင်ထား။ သူမ ပုံစံက နူးညံ့ သိမ်မွေ့လွန်းပြီး အသားအရည်က ပြစ်မျိုးမှဲ့မထင် ရှိနေပုံမှာ ဘ၀တွင် ဘာအခက်အခဲမှ မရင်ဆိုင်ခဲ့ရသည့်အလား။ သူမပုံစံကို ကြည့်ရုံနှင့် ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသည်ဆိုတာ တပ်အပ်ပြောနိုင်ပေသည်။
သူမရဲ့ ပါးစပ်သေးသေးလေးနှင့် စုထျန်းထျန်း တစ်ယောက် ဒေါသတို့နှင့် တုန်ယင်လာရသည်အထိ အဆိပ်ပြင်းစွာ ထိုးနှက်နေတာ ဖြစ်သည်။ ထို့တိုင်အောင် နင်မုန့် ပုံစံက မနှစ်မြို့စရာ ကောင်းသည့်ပုံ ပေါ်မနေ။ ထို့အစား ထူးထူးခြားခြား သူမပုံစံက....ချစ်ဖို့ ကောင်းနေသလို ဖြစ်နေ၏။
သန်း၈၀ မရင်းနှီးလိုက်ဖို့ သတိပေးခဲ့သူက သူမ ဖြစ်ပြီး သူ့ အနေနဲ့ သူမကို ကျေးဇူးတင်ဖို့ အခွင့်အရေး မရခဲ့ပေ။ ထိုသို့ တွေးလိုက်ပြီး သူ့ခြေလှမ်းတွေကို အရှေ့ဘက်သို့ ရွေ့လျားလိုက်တာ ဖြစ်၏။
သူမဆီကို တန်းတန်းလျှောက်လာတဲ့ သူ့ကို မြင်တဲ့အခါ နင်မုန့် မျက်လုံးတွေက အကြောက်တရားကြောင့် ဝိုင်းစက်လာသည်။ သူမ ဘာတစ်ခွန်းမှ မပြောနိုင်ခင်မှာပဲ အသံတစ်သံ ထွက်ပေါ်လာ၏။
"ဒီကိုလာ"
ဟော်ပေ့ချန်က ကြီးမားတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လာတာ ဖြစ်သည်။ နင်မုန့် မျက်နှာက ပျော်ရွှင်မှုနှင့်အတူ တောက်ပလို့ သွားပြီးနောက် အလျင်အမြန်ပဲ ဟော်ပေ့ချန်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ရင်း အနောက်တွင် ၀င်ပုန်းလိုက်လေ၏။ စုထျန်းထျန်းကို ကြည့်နေတဲ့ သူမရဲ့ မျက်ဝန်းတွေက ထေ့ငေါ့စွာ လှောင်ရယ်သည့်ပုံ ပေါ်နေသည်။
'နင့်မှာ နင့်ရဲ့ လီရိချန်ရှိသလို ငါ့မှာလည်း ငါ့ ယောက်ျားရှိတယ် ဟမ့်'
ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့ လီရိချန်က ပြန်ထိန်းလိုက်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည် " တွေ့ရတာ ၀မ်းသာပါတယ် CEOဟော်"
ဟော်ပေ့ချန်က နင်မုန့်ကို ကာကွယ်ပေးထားသည့်ပုံနှင့် သူမ အရှေ့မှာ မားမားမတ်မတ် ရပ်နေတာဖြစ်သည်။ တောက်လောက်နေတဲ့ သူ့မျက်ဝန်းတွေကို ဖိနှိပ်ပြီးနောက်မှာ လီရိချန်ကို မဲမှောင်စွာကြည့်ရင်း အေးစက်စွာ ပြန်ပြောလိုက်သည် "တွေ့ရတာ ၀မ်းသာပါတယ်"
သူတို့နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြတာ ဖြစ်ပြီး မျက်လုံးနှင့် တိုက်ပွဲဝင်ကြတုန်း လေထဲမှ ဖိအားကလည်း တိုးလာလေ၏။
သူတို့ကို ကြည့်နေတဲ့ မန်နေဂျာဖြစ်သူပါ စိတ်လှုပ်ရှား ကြောက်ရွံ့လာလေသည်။ ဘော့စ် နှစ်ယောက်လုံးက အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပုံပေါ်နေ၏။ တကယ်လို့ အဲ့လိုသာ တိုက်ခိုက်ကြမယ်ဆိုရင် သူ့သီးသန့်စားသောက်ဆိုင်လေး အသက်ဆက်ရှင်နိုင်ပါ့ဦးမလား?
သူတို့ကြားမှ စစ်အေးတိုက်ပွဲ ၅စက္ကန့်လောက် ကြာမြင့်ပြီး နောက်မှာတော့ လီရိချန်က တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်လေ၏။
"ငါ သွားပြီ"
"လိုက်မပို့တော့ဘူး"
ထိုသို့ ပြောပြီးတာနှင့် ဟော်ပေ့ချန်က နင်မုန့်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး သီးသန့်ခန်းထဲသို့ ခေါ်သွားလိုက်လေတော့သည်။ သူ အနည်းငယ် ဒေါသထွက်နေ၏။ သူမ ထွက်ပြေးသွားတာက ရှက်စိတ်ကြောင့် ဖြစ်သည်ဟု သူထင်ခဲ့ပေမယ့် လီရိချန်နဲ့တောင် တွေ့နေသေးတယ်?
နင်မုန့်ကို ကြည့်နေခဲ့တဲ့ လီရိချန်ရဲ့ အကြည့်တွေကို ပြန်တွေးမိရင်း ဟော်ပေ့ချန်ဆီမှ အရိုင်းဆန်တဲ့ အရှိန်အဝါတို့က ထွက်ပေါ်လာလေ၏။ စကားတစ်ခွန်းတောင် ဆိုမနေတော့ဘဲ သီးသန့်ခန်းထဲသို့ ဒေါသတကြီးနှင့် ၀င်ခဲ့လိုက်တော့လေသည်။
ဘန်း!
အခန်းတံခါးက ပိတ်လို့ သွားလေ၏။
ဟော်ပေ့ချန်က ဒေါသတို့ ပေါက်ကွဲထွက်ဖို့ လှည့်ကြည့်လိုက်ချိန်မှာ စိတ်သက်သာရာ ရသွားဟန်နှင့် ရင်ဘတ်ကို သပ်နေသော နင်မုန့်ကို တွေ့လိုက်ရသည်။ ပြီးနောက်မှာတော့ ကျေးဇူးတင်တဲ့ လေသံနဲ့ ပြောလာလေ၏ "ယောက်ျား ရှင် အချိန်မှီရောက်လာတာ တကယ် ကံကောင်းတာပဲ မဟုတ်လို့ကတော့ ကျွန်မ လက်သီးသေးသေးလေးတွေနဲ့ လီရိချန်ကို အနိုင်ရအောင် တိုက်နိုင်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး!"
"??"
နင်မုန့်က မျက်ခုံးတွေကို ကျုံ့လိုက်ရင်း "တကယ်သိလား လန့်သွားတာပဲ။ ကျွန်မက စုထျန်းထျန်းကို စကား ၂ကြောင်း ၃ကြောင်းလောက်နဲ့ပဲ စော်ကားမိတာပါ ဒါပေမယ့် လီရိချန်ရဲ့ အကြည့်တွေကတော့ တစ်ယောက်ယောက်ကို ဝါးစားတော့ မတတ်ပဲ..."
ဟော်ပေ့ချန်က ရှုပ်ထွေးလို့သွားပြီး "လီရိချန်က မင်းကို ရိုက်လာမယ်လို့ ထင်နေတာလား?"
နင်မုန့်က ဖြေးဖြေးချင်း ခေါင်းငြိမ့် ပြလာ၏။ အရည်ကြည်တို့ ရစ်ဝိုင်းနေတဲ့ ခွေးပေါက်မျက်လုံးလေးတွေနဲ့ ကြည့်နေတဲ့ ပုံစံက အကြောက်လွန်နေတဲ့ သမင်ငယ်လေးနှယ် ဖြစ်နေလေသည်။ "ဟုတ်တယ်! သူ ကျွန်မဆီ လျှောက်လာတုန်းက သူ့ လက်သီးတွေ ဆုပ်ထားတာ မြင်လိုက်ရတယ်။ ကျွန်မကို တည့်တည့် ထိုးလာတော့မယ့် အတိုင်းပဲ! လန့်လို့ သေမှာပဲ!...ယောက်ျား ရှင့်ပုံစံက ဘာဖြစ်နေတာလဲဟင်? ဘာတွေ ဖြစ်ကုန်လို့လဲ?"
ဟော်ပေ့ချန်ရဲ့ မျက်လုံးက လှုပ်ရှားသွားပြီး သူ့ဒေါသတွေကလည်း ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွား၏။ သူက သူမရဲ့ ခေါင်းကို ပွတ်ပေးလိုက်ရင်း "စိတ်မပူနဲ့ ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး"
ထိုစကားလုံးတွေက မျက်လှည့်ဆန်ဆန် ချိုမြိန်နေသလို နင်မုန့် ခံစားလိုက်ရတာမို့ ရှက်လာလေ၏။ "ဒါဆို နောက်တခါကျ ကျွန်မကို ကာကွယ်ပေးဦး"
မူရင်း novelထဲမှာ ရေးထားသလို သူမ ဘ၀ကို ကံဆိုးစွာနဲ့တော့ အဆုံးမသတ်ချင်။
"သေချာတာပေါ့" ဟော်ပေ့ချန်က ကတိပေးလိုက်၏။
သူတို့နှစ်ယောက်လုံး ထိုင်တဲ့အခါ အစားအသောက်တွေကလည်း ရောက်လာပြီ ဖြစ်သည်။ ဒီစားသောက်ဆိုင်က အစားအစာတွေက အလွန်ကောင်းမွန်လှပြီး နင်မုန့်ကလည်း အချိန်အကြာကြီးတည်းက ဗိုက်ဆာနေခဲ့တာမို့ စားသောက်ဖို့ကိုသာ အာရုံစိုက်ထားလိုက်၏။ ဟော်ပေ့ချန်ကတော့ သူမနဲ့အတူ ငြိမ်သက်စွာ အဖော်ပြုပေးလို့နေ၏။ အစားအသောက်တွေ ပိုပိုလျှံလျှံမှာပြီး မကြာခင်အချိန်အတွင်းမှာပဲ အစားအသောက်တို့နှင့် ပြည့်နှက်သွားလေသည်။
နှစ်ယောက်လုံး ဗိုက်ဖြည့်ပြီးသွားတဲ့အခါ စားသောက်ဆိုင်ထဲမှ သူတို့ ထွက်လာလိုက်ကြသည်။ ကားထဲဝင်လိုက်ရင်း နင်မုန့်က အိပ်ချင်လာပြီဖြစ်၏။
"အိမ်ပြန်ရအောင် ယောက်ျား"
ဟော်ပေ့ချန်က မျက်ဝန်းနက်တွေနှင့် စူးစမ်းစွာ မေးလိုက်သည် "ဘယ်အိမ်လဲ?"
"??"
ထိုသို့ကြားတဲ့အခါ သူမ ပုံစံက အိပ်နေရာမှ နိုးလာပုံဖြစ်သွားလေ၏။
[၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
----
[Zawgyi]
နင္မုန႔္ အသံကို ၾကားလိုက္ရတယ္ ထင္တာေၾကာင့္ လီရိခ်န္က ျပန္လွၫ့္လာခဲ့တာ ျဖစ္သည္။ သူမကို ေတြ့လိမ့္မယ္လို႔ သူ မထင္ထား။ သူမ ပံုစံက ႏူးညံ့ သိမ္ေမြ့လြန္းၿပီး အသားအရည္က ျပစ္မ်ိဳးမွဲ႔မထင္ ရိွေနပံုမွာ ဘ၀တြင္ ဘာအခက္အခဲမွ မရင္ဆိုင္ခဲ့ရသၫ့္အလား။ သူမပံုစံကို ၾကၫ့္ရံုႏွင့္ ခ်မ္းသာေသာ မိသားစုမွ ေပါက္ဖြားလာသည္ဆိုတာ တပ္အပ္ေျပာႏိုင္ေပသည္။
သူမရဲ့ ပါးစပ္ေသးေသးေလးႏွင့္ စုထ်န္းထ်န္း တစ္ေယာက္ ေဒါသတို႔ႏွင့္ တုန္ယင္လာရသည္အထိ အဆိပ္ျပင္းစြာ ထိုးႏွက္ေနတာ ျဖစ္သည္။ ထို႔တိုင္ေအာင္ နင္မုန႔္ ပံုစံက မႏွစ္ၿမိဳ႔စရာ ေကာင္းသၫ့္ပံု ေပၚမေန။ ထို႔အစား ထူးထူးျခားျခား သူမပံုစံက....ခ်စ္ဖို႔ ေကာင္းေနသလို ျဖစ္ေန၏။
သန္း၈၀ မရင္းႏွီးလိုက္ဖို႔ သတိေပးခဲ့သူက သူမ ျဖစ္ၿပီး သူ႔ အေနနဲ႔ သူမကို ေက်းဇူးတင္ဖို႔ အခြင့္အေရး မရခဲ့ေပ။ ထိုသို႔ ေတြးလိုက္ၿပီး သူ႔ေျခလွမ္းေတြကို အေရ႔ွဘက္သို႔ ေရြ့လ်ားလိုက္တာ ျဖစ္၏။
သူမဆီကို တန္းတန္းေလ်ွာက္လာတဲ့ သူ႔ကို ျမင္တဲ့အခါ နင္မုန႔္ မ်က္လံုးေတြက အေၾကာက္တရားေၾကာင့္ ဝိုင္းစက္လာသည္။ သူမ ဘာတစ္ခြန္းမွ မေျပာႏိုင္ခင္မွာပဲ အသံတစ္သံ ထြက္ေပၚလာ၏။
"ဒီကိုလာ"
ေဟာ္ေပ့ခ်န္က ႀကီးမားတဲ့ ေျခလွမ္းေတြနဲ႔ ေလ်ွာက္လာတာ ျဖစ္သည္။ နင္မုန႔္ မ်က္ႏွာက ေပ်ာ္ရႊင္မႈႏွင့္အတူ ေတာက္ပလို႔ သြားၿပီးေနာက္ အလ်င္အျမန္ပဲ ေဟာ္ေပ့ခ်န္ရဲ့ လက္ေမာင္းကို ဆုပ္ကိုင္လိုက္ရင္း အေနာက္တြင္ ၀င္ပုန္းလိုက္ေလ၏။ စုထ်န္းထ်န္းကို ၾကၫ့္ေနတဲ့ သူမရဲ့ မ်က္၀န္းေတြက ေထ့ေငါ့စြာ ေလွာင္ရယ္သၫ့္ပံု ေပၚေနသည္။
'နင့္မွာ နင့္ရဲ့ လီရိခ်န္ရိွသလို ငါ့မွာလည္း ငါ့ ေယာက္်ားရိွတယ္ ဟမ့္'
ထိုျမင္ကြင္းကို ျမင္လိုက္ရတဲ့ လီရိခ်န္က ျပန္ထိန္းလိုက္ၿပီး ယဉ္ေက်းစြာ ႏႈတ္ဆက္လိုက္ေလသည္ " ေတြ့ရတာ ၀မ္းသာပါတယ္ CEOေဟာ္"
ေဟာ္ေပ့ခ်န္က နင္မုန႔္ကို ကာကြယ္ေပးထားသၫ့္ပံုႏွင့္ သူမ အေရ႔ွမွာ မားမားမတ္မတ္ ရပ္ေနတာျဖစ္သည္။ ေတာက္ေလာက္ေနတဲ့ သူ႔မ်က္၀န္းေတြကို ဖိႏိွပ္ၿပီးေနာက္မွာ လီရိခ်န္ကို မဲေမွာင္စြာၾကၫ့္ရင္း ေအးစက္စြာ ျပန္ေျပာလိုက္သည္ "ေတြ့ရတာ ၀မ္းသာပါတယ္"
သူတို႔ႏွစ္ေယာက္လံုးက တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကၫ့္ေနၾကတာ ျဖစ္ၿပီး မ်က္လံုးႏွင့္ တိုက္ပြဲ၀င္ၾကတုန္း ေလထဲမွ ဖိအားကလည္း တိုးလာေလ၏။
သူတို႔ကို ၾကၫ့္ေနတဲ့ မန္ေနဂ်ာျဖစ္သူပါ စိတ္လႈပ္ရွား ေၾကာက္ရြံ႔လာေလသည္။ ေဘာ့စ္ ႏွစ္ေယာက္လံုးက အခ်ိန္မေရြး တိုက္ခိုက္ဖို႔ အဆင္သင့္ ျဖစ္ေနပံုေပၚေန၏။ တကယ္လို႔ အဲ့လိုသာ တိုက္ခိုက္ၾကမယ္ဆိုရင္ သူ႔သီးသန႔္စားေသာက္ဆိုင္ေလး အသက္ဆက္ရွင္ႏိုင္ပါ့ဦးမလား?
သူတို႔ၾကားမွ စစ္ေအးတိုက္ပြဲ ၅စကၠန႔္ေလာက္ ၾကာျမင့္ၿပီး ေနာက္မွာေတာ့ လီရိခ်န္က တိတ္ဆိတ္မႈကို စတင္ ၿဖိဳခြင္းလိုက္ေလ၏။
"ငါ သြားၿပီ"
"လိုက္မပို႔ေတာ့ဘူး"
ထိုသို႔ ေျပာၿပီးတာႏွင့္ ေဟာ္ေပ့ခ်န္က နင္မုန႔္ရဲ့ လက္ကို ဆုပ္ကိုင္ၿပီး သီးသန႔္ခန္းထဲသို႔ ေခၚသြားလိုက္ေလေတာ့သည္။ သူ အနည္းငယ္ ေဒါသထြက္ေန၏။ သူမ ထြက္ေျပးသြားတာက ရွက္စိတ္ေၾကာင့္ ျဖစ္သည္ဟု သူထင္ခဲ့ေပမယ့္ လီရိခ်န္နဲ႔ေတာင္ ေတြ့ေနေသးတယ္?
နင္မုန႔္ကို ၾကၫ့္ေနခဲ့တဲ့ လီရိခ်န္ရဲ့ အၾကၫ့္ေတြကို ျပန္ေတြးမိရင္း ေဟာ္ေပ့ခ်န္ဆီမွ အရိုင္းဆန္တဲ့ အရိွန္အဝါတို႔က ထြက္ေပၚလာေလ၏။ စကားတစ္ခြန္းေတာင္ ဆိုမေနေတာ့ဘဲ သီးသန႔္ခန္းထဲသို႔ ေဒါသတႀကီးႏွင့္ ၀င္ခဲ့လိုက္ေတာ့ေလသည္။
ဘန္း!
အခန္းတံခါးက ပိတ္လို႔ သြားေလ၏။
ေဟာ္ေပ့ခ်န္က ေဒါသတို႔ ေပါက္ကြဲထြက္ဖို႔ လွၫ့္ၾကၫ့္လိုက္ခ်ိန္မွာ စိတ္သက္သာရာ ရသြားဟန္ႏွင့္ ရင္ဘတ္ကို သပ္ေနေသာ နင္မုန႔္ကို ေတြ့လိုက္ရသည္။ ၿပီးေနာက္မွာေတာ့ ေက်းဇူးတင္တဲ့ ေလသံနဲ႔ ေျပာလာေလ၏ "ေယာက္်ား ရွင္ အခ်ိန္မွီေရာက္လာတာ တကယ္ ကံေကာင္းတာပဲ မဟုတ္လို႔ကေတာ့ ကြၽန္မ လက္သီးေသးေသးေလးေတြနဲ႔ လီရိခ်န္ကို အႏိုင္ရေအာင္ တိုက္ႏိုင္ဖို႔ ျဖစ္ႏိုင္မွာ မဟုတ္ဘူး!"
"??"
နင္မုန႔္က မ်က္ခံုးေတြကို က်ံဳ႔လိုက္ရင္း "တကယ္သိလား လန႔္သြားတာပဲ။ ကြၽန္မက စုထ်န္းထ်န္းကို စကား ၂ေၾကာင္း ၃ေၾကာင္းေလာက္နဲ႔ပဲ ေစာ္ကားမိတာပါ ဒါေပမယ့္ လီရိခ်န္ရဲ့ အၾကၫ့္ေတြကေတာ့ တစ္ေယာက္ေယာက္ကို ဝါးစားေတာ့ မတတ္ပဲ..."
ေဟာ္ေပ့ခ်န္က ရႈပ္ေထြးလို႔သြားၿပီး "လီရိခ်န္က မင္းကို ရိုက္လာမယ္လို႔ ထင္ေနတာလား?"
နင္မုန႔္က ေျဖးေျဖးခ်င္း ေခါင္းၿငိမ့္ ျပလာ၏။ အရည္ၾကည္တို႔ ရစ္ဝိုင္းေနတဲ့ ေခြးေပါက္မ်က္လံုးေလးေတြနဲ႔ ၾကၫ့္ေနတဲ့ ပံုစံက အေၾကာက္လြန္ေနတဲ့ သမင္ငယ္ေလးႏွယ္ ျဖစ္ေနေလသည္။ "ဟုတ္တယ္! သူ ကြၽန္မဆီ ေလ်ွာက္လာတုန္းက သူ႔ လက္သီးေတြ ဆုပ္ထားတာ ျမင္လိုက္ရတယ္။ ကြၽန္မကို တၫ့္တၫ့္ ထိုးလာေတာ့မယ့္ အတိုင္းပဲ! လန႔္လို႔ ေသမွာပဲ!...ေယာက္်ား ရွင့္ပံုစံက ဘာျဖစ္ေနတာလဲဟင္? ဘာေတြ ျဖစ္ကုန္လို႔လဲ?"
ေဟာ္ေပ့ခ်န္ရဲ့ မ်က္လံုးက လႈပ္ရွားသြားၿပီး သူ႔ေဒါသေတြကလည္း ခ်က္ခ်င္းဆိုသလို ေပ်ာက္ကြယ္လို႔သြား၏။ သူက သူမရဲ့ ေခါင္းကို ပြတ္ေပးလိုက္ရင္း "စိတ္မပူနဲ႔ ဘယ္သူမွ မင္းကို အႏိုင္မက်င့္ေစရဘူး"
ထိုစကားလံုးေတြက မ်က္လွၫ့္ဆန္ဆန္ ခ်ိဳၿမိန္ေနသလို နင္မုန႔္ ခံစားလိုက္ရတာမို႔ ရွက္လာေလ၏။ "ဒါဆို ေနာက္တခါက် ကြၽန္မကို ကာကြယ္ေပးဦး"
မူရင္း novelထဲမွာ ေရးထားသလို သူမ ဘ၀ကို ကံဆိုးစြာနဲ႔ေတာ့ အဆံုးမသတ္ခ်င္။
"ေသခ်ာတာေပါ့" ေဟာ္ေပ့ခ်န္က ကတိေပးလိုက္၏။
သူတို႔ႏွစ္ေယာက္လံုး ထိုင္တဲ့အခါ အစားအေသာက္ေတြကလည္း ေရာက္လာၿပီ ျဖစ္သည္။ ဒီစားေသာက္ဆိုင္က အစားအစာေတြက အလြန္ေကာင္းမြန္လွၿပီး နင္မုန႔္ကလည္း အခ်ိန္အၾကာႀကီးတည္းက ဗိုက္ဆာေနခဲ့တာမို႔ စားေသာက္ဖို႔ကိုသာ အာရံုစိုက္ထားလိုက္၏။ ေဟာ္ေပ့ခ်န္ကေတာ့ သူမနဲ႔အတူ ၿငိမ္သက္စြာ အေဖာ္ျပဳေပးလို႔ေန၏။ အစားအေသာက္ေတြ ပိုပိုလ်ွံလ်ွံမွာၿပီး မၾကာခင္အခ်ိန္အတြင္းမွာပဲ အစားအေသာက္တို႔ႏွင့္ ျပၫ့္ႏွက္သြားေလသည္။
ႏွစ္ေယာက္လံုး ဗိုက္ျဖၫ့္ၿပီးသြားတဲ့အခါ စားေသာက္ဆိုင္ထဲမွ သူတို႔ ထြက္လာလိုက္ၾကသည္။ ကားထဲ၀င္လိုက္ရင္း နင္မုန႔္က အိပ္ခ်င္လာၿပီျဖစ္၏။
"အိမ္ျပန္ရေအာင္ ေယာက္်ား"
ေဟာ္ေပ့ခ်န္က မ်က္၀န္းနက္ေတြႏွင့္ စူးစမ္းစြာ ေမးလိုက္သည္ "ဘယ္အိမ္လဲ?"
"??"
ထိုသို႔ၾကားတဲ့အခါ သူမ ပံုစံက အိပ္ေနရာမွ ႏိုးလာပံုျဖစ္သြားေလ၏။
[၂၅ပိုင္းစီပါတဲ့ pdf စာစဉ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာဝယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဉ္ေတြပါ စာစဉ္၇ [EP-165 to 189]၊ စာစဉ္၈ [EP-190 to 214]၊ စာစဉ္၉[ EP-215 to 239]၊ စာစဉ္၁၀ [EP-239 to 264]၊ စာစဉ္၁၁[EP-265 to 289]၊ စာစဉ္၁၂ [EP-290 to 314]၊ စာစဉ္၁၃ [EP-315 to 339]၊ စာစဉ္၁၄ [EP-340 to 364]၊ စာစဉ္၁၅ EP-365 to 389တို႔ပါ🥰]