ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Еще

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

151 - 155

334 27 0
Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၅၁....  တကျောင်းလုံးရဲ့ ချန်ပီယံဘွဲ့အတွက် ပြိုင်ပွဲ

        ကံမကောင်းစွာနဲ့ပဲ သူတို့ရင်ဆိုင်တွေ့တဲ့ ပြိုင်ဘက်က ရှောင်လုံဖြစ်နေ၏ ။ ရှောင်လုံက သူ့သိုင်းဝိညဉ်ကိုဆင့်ခေါ်ရမယ့်အစား သူရဲ့နတ်ဓားနှစ်လက်ကိုပဲ အပြင်သို့ခေါ်ထုတ်လိုက်၏ ။ ရှောင်လုံလက်ထဲရောက်လာတဲ့ အနက်ရောင်နတ်ဓားနှစ်လက်ဆီကနေ အနက်ရောင်အမျှင်တန်းတွေ ပြိုးပြိုးပျက်ပျက်ထွက်ပေါ်လာ၏ ။ ဒီအနက်ရောင် အမျှင်တန်းတွေက သတ်ဖြတ်ချင်းအရောင်အဝါတွေပဲ ဖြစ်ကာ ရှောင်လုံကိုယ်ပတ်ဝန်ကျင်ထားမှ လည်ပတ်နေသည် ။

အနက်ရောင်အမျှင်တန်းတွေရစ်ပတ်နေရင်း ရှောင်လုံမျက်လုံးတွေက တဖြည်းဖြည်းနဲ့ ရဲရဲနီလာသည် ။ အနက်ရောင် တဖိတ်ဖိတ်တောက်ပနေသော တောင်ပံနှစ်ခုလဲ သူ့နောက်ကျောကနေ လှပစွာ ထွက်ပေါ်လာသည် ။

တချိန်ထဲမှာပဲ သူ့ရဲ့ လင်းလောင်းရွှေကိုယ်လုံသိုင်းကိုလဲ ရှောင်လုံကအသင့်ပြင်ထားလိုက်သည် ။ သလင်းကျောက်ကဲ့သို့ ရွှေရောင်အလင်းတန်းတွေက ရှောင်လုံအရေပြားကနေ တလက်လက်ထွက်ပေါ်လာသည်။

   "... မိုးကြိုးဦးချို... "

"... ရေခဲပိုးကောင် ပုံရိပ်ယောက်လက်ဝါး...."

ရှောင်လုံ အသင့်ပြင်နေချိန်မှာပဲ ဖက်တီးရန်ကော်နဲ့ ရေခဲအလှပဂေး
လူမေ့လျန်တို့ဆီကနေ မာန်သွင်းသံကိုယ်ဆီ ထွက်ပေါ်လာပြီး သူတို့သိုင်းကွက်တွေက ရှောင်လုံဆီကို လျန်မြန်စွာ ရောက်ရှိလာသည်

ဖက်တီးရန်ကေည် နဖူးမှာရှိတဲ့ ဦးချိုနှစ်ခေါင်းကနေ လျှပ်စီးမိုးကြိုး အမျှင်တန်းတွေအများကြီးထွက်ပေါ်လာ၏ ။ အဲ့ဒီလျှပ်စီး အမျှင်တန်းတွေက လေဟာနယ်ကိုဟက်တက်ကွဲသွားစေသည် ။ လျှပ်စီးအမျှင်တန်းတွေကနေ  အဖြုရောင်စွမ်းအင်တွေလောင်ကျွမ်းထွက်ပေါ်နေကာ
အဲ့ဒီစွမ်းအင်တွေက ဒေါသထွက်နေသောလှိုင်းလုံးကြီးတွေကဲ့သို့ရှောင်လုံဆီသို့ရောက်ရှိလာတော့သည် ။

ဖက်တီးရန်ကော်ကဲ့သို့ ရေခဲအလှပဂေး လူမေ့လျန်ကလဲ မာန်သွင်းပြီးတာနဲ့ လက်ဝါးတချက်ရိုက်ထုတ်လိုက်သည်  ။ သူမလက်ဝါးကနေ ရေခဲပြာရောင် သက်တန့်တခုက လေဟာနယ်ကိုဖောက်ထွင်းကာ ရှောင်လုံတကိုယ်လုံးကို လွှမ်းခြုံထားလိုက်သည် ။ရေခပြာရောင် သက်တန့်ဖြတ်သွားသော လေစီးကြောင်းတလျှောက်က လေတွေကပါ ရေခဲပြာရောင်ကမ္ဘာကြီးထဲသို့ရေက်ရှိသွားသလိုမျိုး လုံးဝငြိမ်ကျသွားသည် ။ 

အဲ့လိုမျိုး သူ့ပြိုင်ဘက်တွေဆီကနေ ပြင်ထန်းသောတိုက်ကွက်ထွက်ပေါ်လာတာကိုမြင်တာတောင်မှ ရှောင်လုံကတော့ တည်တည်ငြိမ်ငြိမ်ပဲရှိနေသည် ။ အားလုံးရဲ့သူ့အပေါ် စိတ်ဝင်တစားစောင့်ကြည့်နေသော မျက်လုံးတွေအောက်မှာပဲ ရှောင်လုံက သူ့လက်နှစ်ကိုဖြန့်ကာလက်ဝါးနှစ်ချက်ရိုက်ထုန်လိုက်သည် ။

"... နှောင်ဖွဲ့ခြင်းနတ်လက်ဝါးသိုင်း.. "

ရှောင်လုံရဲ့ မာန်သွင်းတိုက်ခိုက်သံက သိုင်းပြိုင်စင်အပေါ်မှာ မည်ဟိန်းသွားသည် ။ရွှေရောင်လက်စွပ်နှစ်ကွင်းကဲ့သို့ ချာချာလည်နေသော
လက်ဝါးရိပ်နှစ်ခုက ဖက်တီရန်ကော်နဲ့ လူမေ့လျန်ဆီရာသို့ ရောက်ရှိသွားသည် ။

လက်ဝါးရာနှစ်ခု ့ဖြတ်သန်းသွားသော လမ်းမတလျှောက် ဖက်တီး ရန်ကော်နဲ့ လူမေ့လျန်တို့ရဲ့ တိုက်ခိုက်မှုတွေအကုန်လုံးက လေထဲမှာတင်ရပ်တန့်ကုန်၏ ။

ဟုတ်ပါတယ် သူတို့နှစ်ယောက်လုံးရဲ့ အစွမ်းအထက်ဆုံးဆိုတဲ့ သိုင်းကွက်နှစ်ခု ရှောင်လုံဆီကိုရောက်မလာနိုင်တော့ပဲ လေထဲမှာတင်ရပ်သွားတာပဲ ဖြစ်သည်။

ဒါဟာတကယ်ကို မယုံနိုင်စရာပါလား... !

အရေးကြီးဧည့်သည်ဆောင်မှာထိုင်နေကြသော စွင်းကျန်းနဲ့ရှောင်းချူးတို့နှစ်ယောက်လုံး ရှောင်လုံတိုက်ကွက်ဆီက အရမ်းကိုလျှို့ဝှက်ဆန်း
ကြယ် မှော်ဆန်မှုကို မြင်တွေ့လိုက်ရပြီးနောက် သူတို့ထိုင်နေသော ထိုင်ခုံတွေကနေ အယောင်ယောင်အမှားမှား ခုန်ထလိုက်ကြသည် ။

သူတို့မျက်လုံးတွေက စိတ်မနှံသောအရူးတယောက်လို ကြောင်စီစီဖြစ်နေကြသည် ။ အခုလိုမျိုးသိုင်းကွက်က သူတို့နားလည်နိုင်တာထက်အရမ်းကိုမြင့်မားသွားချေပြီ.. ။ သိုင်းပြိုင်ကွင်းကြီးတခုလုံးလဲ နောက်တကြိမ် ငြိမ်သက်သွားပြန်သည် ။

".... ဒါ...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ?!"

" ... ရန်ကော်နဲ့ လူမေ့လျန်တို့သိုင်းကွက်တွေနှစ်ခုလုံး တကယ့်ကိုလေထဲမှာရပ်တန့်သွားတာပဲ ... ဒါ...ဒါက ဘယ်လိုဖြစ်ရတာလဲ.. "

"...ဘာဖြစ်သွားတာပါလိမ့်..."
အခုချိန် လူအုပ်ကြီးက တခြားဘာမှမစဉ်းနိုင်တော့ပဲ ရှောင်လုံတိုက်ကွက်အပေါ် မေးခွန်းထုတ်တဲ့အတွေးတွေနဲ့ သူတို့ခေါင်းတွေချာချာလည်နေကြသည် ။ 

သူတို့ရဲ့ အသိညဏ်က ဒါလုံးဝမဖြစ်နိုင်ဘူးဆိုတာကို
သူတို့ကိုပြောပြနေ၏ ။ အခုဖြစ်ရပ်ကိုသူတို့ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံတွေလိုက်ရပေမယ့် ဒီဖြစ်ရပ်ကို သူတို့ယုံကြည်ရခက်ခဲနေ၏ ။

အံသြနေသော လူအုပ်ကြီးထဲမှာ အတွင်းခြံဝန်းရဲ့အွမ်းထက်ဆုံးကျောင်းသား ကျိုးထန်လဲ  ပါဝင်သည် ။ သူနောက်က မျက်နှာသွေးရောင်ဖျော့ဖျော့ လူငယ်အပါအဝင် တခြားကျောင်းသားတွေလဲ ရှောင်လုံကိုမယုံနိုင်စွာဖြင့် မျက်လုံးပြူးပြီး ငေးကြည့်နေ၏ ။ 

ထိုင်ခုံကနေ ခုန်ထလိုက်သော စွင်းကျန်းနဲ့ ရှောင်းချူးတို့နှစ်ယောက်က ရန်ကော်ရဲ့ လူမေ့လျန်ကှိရာသို့ တဖြည်းဖြည်းနီးကပ်လာသော ရွှေရောင်အကွင်းတွေကို စိတ်ဝင်တစား အကဲခတ်နေကြသည် ။

သူတို့ကြည့်နေရင်းနဲ့ သိုင်းပြိုင်စင်ပေါ်က ရန်ကော်နဲ့ လူမေ့လျန်တို့နှစ်ယောက် လုံးဝမလှုပ်ရှာနိုင်တော့တာကိုမြင်တော့ သူတို့စိတ်ထဲက အံသြထိတ်လန့်မှုတွေ ပိုလို့များပြားလာသည် ။

သိုင်းပြိုင်စင်ထက်က အရာဝတ္ထုတွေအကုန်လုံး ရပ်တန့်ကုန်သယောင် ဖြစ်သွားသည် ။
ဖက်တီးရန်ကော်ရဲ့ လျှပ်စီးအမျှင်တန်း ၊ လူမေ့လျန်ရဲ့ ရေခဲပြာလက်ဝါး  ၊ လေစီးကြောင့် စသဖြင့် နှောင်ဖွဲ့ခြင်းနတ်လက်ဝါးသိုင်း ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတလျှောက်ရှိရှိသမျှ အကုန်လုံး ရပ်တန့်ကုန်ကြသည် ။

စွင်းကျန် ၊ ရှောင်ချူး အပါအဝင် သိုင်းပြိုင်ကွင်းထဲကလူတွေအကုန်လုံး အဲ့ဒိအဖြစ်အပျက်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြသည် ။ သူတို့ရဲ့ ဟနေသော ပါးစပ်က ယင်ကောင်ဥဝင်အုလို့ရအောင် ပွင့်နေလေသည် ။

အဝေးကကြည့်နေသော စွင်းကျန်းနဲ့ ရှောင်ချူးတောင်မှ အဲ့လိုအမူအရာမျိုး ဖြစ်နေတယ်ဆို ရှောင်လုံထိန်းချုပ်ထားတာခံရသော လူနှစ်ယောက်ဆိုရင် သူတို့ရင်ထဲမှာ ထိန်းချုပ်မရနိုင်လောက်အောင် ကြောက်လန့်နေတော့ မှာပဲ မဟုတ်လား... ။

ရန်ကော် နဲ့ လူမေ့လျန်တို့က ခန္ဓာကိုယ် တောင့်တင်းမလှုပ်ရှားနိုင်ပေမယ့် သူတို့စိတ်ကတော့ ရပ်ဆိုင်းသွားခြင်းမရှိချေ.. ။ ပိုပြီးထူးဆန်းတာက သူတို့စကားတောင် ပြောနိုင်တာပဲ ဖြစ်သည် ။

အားလုံးရဲ့ အံသြတုန်လှုပ်နေသောမျက်လုံးတွေအောက်မှာပဲ ရှောင်လုံရဲ့ နှောင်ဖွဲ့ခြင်းနတ်လက်ဝါးသိုင်း ( ချည်နှောင်ခြင်းနတ်လက်ဝါး
ဆိုပိုကောင်းမယ်နော်)  က ဖက်တီးလေးရန်ကော်နဲ့ ရေခဲအလှပဂေး
လူမေ့လျန်ကို ထိမှန်သွား၏ ။

ရှောင်လုံလက်ဝါးရိုက်ချက်က ရန်ကော်ရဲ့ ရင်ဘတ်တဲ့တဲ့ကို ထိမှန်သွားသည် ။ ရန်ကော်ဆီကနေ အသဲမကွဲညည်းတွားသံထွက်ပေါ်လာပြီး သူခန္ဓာကိုယ်ကတော့ အနောက်ဘက်သို့ လွှင့်ပျံသွားသည် ။

တချိန်လိုလို ရှောင်လုံလက်ဝါးက လူမေ့လျန်ရဲ့ ရင်ဘတ်ကို ထိတော့မယ့်အချိန်မှာပဲ သူမရင်ဘတ်ပေါ်က ဖွံထွားလှသော ရွှေရင်တစုံကို ရှောင်လုံသတိထားမိလိုက်၏ ။ ရှောင်လုံစိတ်ထဲ အနဲငယ်နှမျောတသ ဖြစ်သွားကာ သူလက်ဝါးရိုက်ချက်ကို လူမေ့လျန်ရင်ဘတ်ကနေ ပခုံးဆိသို့ မသိမသာ လမ်းကြောင်းလွှဲပေးလိုက်သည် ။ လူမေ့လျန်လဲ သူမပခုံးကိုလက်ဝါးထိမှန်ကာ အနောက်သို့ လွှင့်ပျံသွားသည် ။

ဖက်တီးရန်ကော်ရော လူမေ့လျန်ရော နှစ်ယောက်လုံး စင်ပေါ်ကနေ အောက်သို့ ပြုတ်ကျလာ၏ ။ အောက်ရောက်တာတောင် သူတို့နှစ်ယောက်လုံးက ကိုယ်ကိုကိုယ် အရှိန်မထိန်းနိုင်သေးဘဲ အနောက်သို့တော်တော်ဝေးဝေး ဆုတ်ပေးလိုက်ရသည် ။ အဲ့ကြမှ သူတို့နှစ်ယောက် အရှိန်သတ်နိုင်သွား၏ ။

ငါတို့နှစ်ယောက်လုံး ရှုံးသွားပြီ... ဟုတ်လား.. ?

ကိုယ်ကိုကိုယ်တည်ငြိမ်အောင် ထိန်းချုပ်နေသော လူမေ့လျန်ရဲ့ မျက်နှာမှာ အံသြထိတ်လန့်မှုနဲ့ ရှက်ရွံမှုက တလှည့်စီဖြစ်ပေါ်နေလေသည် ။ အခု ရှောင်လုံလက်ဝါးက သူမရဲ့နေမထိ လေမထိ ရွှေရင်အစုံကို ဆုတ်ကိုင်တော့မတတ်ဖြစ်သွားတာမဟုတ်လား.. ။
တော်တော်လေးကိုနီးစပ်တာပဲ.... !

ဒါအပြင်ရှောင်လုံလက်ဝါးက သူမရွှေရင်စုံကို မထိလိုက်ပေမယ့် ရှောင်လုံလက်ဝါးကနေ ထွက်ပေါ်နေတဲ့ နွေးထွေးသောလေတွေက သူမရဲ့အပေါ်ပိုင်းနေရာတွေကို ဝင်ရောက်ကျီစယ်သွားသည်။ လူမေ့လျန်ရင်ထဲမှာ ဖိန်းတိန်းရှိန်းတိန်းဖြင့် သူမကိုယ်တိုင်နားမလည်သော ထူးဆန်းသော ခံစားမှုတခု ဖြစ်ပေါ်လာနေသည် ။

ရန်ကော်နဲ့ လူမေ့လျန်တို့ သိုင်းပြိုင်စင်အောက်ကို ပြုတ်ကျလာတာ အတော်အသင့်ကြာသွားပေမယ့် သိုင်ူပြိုင်ကွင်းကြီးတခုလုံးကတော့ ဘာအသံမှမထွက်ပဲ တိတ်ဆိတ်ငြိမ်သက်ဆြဲဖစ်သည် ။ အဲ့နောက်မှာတော့ လက်ခေါက်မှုတ်အားပေးသံ ၊ လက်ခုပ်သံ ၊ ချီုးကျူးသံတွေက ဆည်ကျိုးသကဲ့သို့ ဝုန်းဝုန်းဒိုင်းဒိုင်းထွက်ပေါ်လာလေသည် ။

မိုးခြိမ်းသကဲ့သို့ လက်ခုပ်တီးအားပေးသံတွေဖြင့် သိုင်းပြိုင်ကွင်းတခုလုံးဆူညံနေသည် ။ ရှောင်လုံကို အရမ်းကြိုက်နှစ်သက်သော မိန်းကလေးတချို့ဆို ရင်ဘက်ထဲက နှလုံးသားထွက်ကျလုမတတ် အော်ဟစ်အားပေးကြသည် ။

"... ဟောင်ရှောင်လုံ နင်က လူထူးလူဆန်းပဲ...  "
အသံစူးစူးနဲ့ မိန်းကလေးတယောက်က အော်ဟစ်လိုက်သည်
"... ဒါပေမယ့် ငါကြိုက်တယ်... "

"... ငါနင့်ကိုအရမ်းချစ်တယ်... !"

" လက်ခုပ်သံတွေကြားမှာပဲ ရှောင်လုံအပေါ် အော်ဟစ်ရင်ဖွင့်သံတွေက စီကနဲထွက်ပေါ်လာသည် ။ တချို့ မိန်းကလေးပရိတ်သတ်တချို့ ရှောင်လုံကိုပွေ့ဖက်ချင်လို့ သိုင်းပြိုင်စင်ပေါ်ကို အပြေးတက်လာကြသည် ။ ကံကောင်းစွာနဲ့ပဲ သူတို့ကို ကျောင်းအစောင့်တွေက စင်ပေါ်မရောက်လင်တားဆီးနိုင်လိုက်သည် ။

သိုင်းပြိုင်စင်အောက်မှာရှိနေသော ချန်ချိုင်ရှု ရဲ့ လှပဝိုင်းစက်သော
မျက်လုံးရွဲကြီးတွေက ရှောင်လုံကိုကြည့်ရင်း အရောင်လက်နေသည်။
ချန်ချိုင်ရှုကို မလွတ်တန်းအကဲခတ်နေသော ကျိုးထန်က ရှောင်လုံကို
ကြည့်ရင် ဖြစ်ပေါ်နေသော ချန်ချိုင်ရှု ရဲ့နွေးထွေးသော အပြုံးကိုစိုက်ကြည့်ရင်း မနာလိုစိတ်ဖြင့် သူ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည် ။ သူမျက်နှာထားကလဲ ရေခဲတုံးကဲ့သို့ အေးစက်မာကျောသွားသည် ။

"...ဟောင် ရှောင်လုံ အနိုင်ရပါတယ်.. "
မိန်းကလေးပရိတ်သတ်တွေရဲ့ ဆူညံစွာအော်ဟစ်နေသော အသံတွေအောက်မှာသော ဒိုင်လူကြီးက ရှောင်လုံတတိယနှစ်အတန်းကို အနိုင်ရရှိကြောင်းကြော်ငြာလိုက်သည် ။

ဟောင်ရှောင်လုံနိုင်သွားတယ်... !
နောက်ထပ်လက်ခုပ်သံအကျယ်ကြီးထွက်ပေါ်လာပြန်သည် ။

ရှောင်လုံကတော့ သူ့ကိုအရှင်ရရ အသေရရပုံစံဖြစ်နေသော မိန်းကလေးတွေကိုကြည့်ရင်း ပြောစရာစကားလုံးပျောက်ဆုံးသွားကာ သူ့ရင်ထဲမှာပဲ ကူရာကယ်ရာမဲ့စွာ ပြုံးလိုက်သည် ။

သိုင်းဝိညဉ်ကမ္ဘာကြီးမှာ အဆိုတော်တို့ ရုပ်ရှင်မင်းသားတို့မရှိဘူးလေ...  ဒါပင်မယ့် ဒိကမ္ဘာက မိန်းကလေးပရိတ်သတ် သူ့အရင်ကမ္ဘာဟောင်းကမိန်းကလေးတွေထက်ကို ပိုမိုကြောက်စရာကောင်း၏  ။

အော်ဟစ်နေသော ကောင်မလေးတွေလဲ အသံဝင်ကာ တဖြည်းဖြည်းငြိမ်ကျလာသည် ။  ဒါပေမယ့် အံသြမှုတွေကတော့ သိုင်းပြိုင်ကွင်း
ထဲမှာပြည်နှက်နေဆဲပဲ ဖြစ်သည် ။ လူအုပ်ကြီးကညအခုချိန်ထိ သူတို့ကိုယ်သူတို့ ရှောင်လုံပေးသော အံသြမှုတွေကနေ တည်ငြိမ်အောင် မလုပ်နိုင်သေးပေ.. ။

တတိယနှစ်အတ် ချန်ပီယံရွေးပွဲကတော့ ပြီးဆုံးသွားလေပြီ.. ။

ဖျက်မြင်းအဆင့်လောက်ပဲ သတ်မှတ်ထားသော ရှောင်လုံက တတိယနှစ်ရဲ့ ချန်ပီယံဖြစ်သွားခဲ့လေပြီ  ။ ဒါပေမယ့် တကယ်စိတ်လှုပ်ရှားစရာက အခုမှစတင်မှာဖြစ်သည် ။ ဘာကြောင့်လဲဆိုတော့ အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ တကျောင်းလုံးရဲ့ ချန်ပီယံဘွဲ့အတွက်
ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တခုကျန်နေသေး၏  ။

ထိုနောက် ရှောင်လုံကို အတွင်းဘက်ခြံဝန်းက နံပါတ်တစ်ကျောင်းသား ကျိုးထန်အား စိန်ခေါ်ပြီး တကျောင်းလုံးချန်ပီယံဘွဲ့အတွက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်ရှိမရှိကို ဒိုင်လူကြီးက မေးမြန်းလိုက်သည် ။

ရှောင်လုံက တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းညိတ်ပြလိုက်သည်
"... တကျောင်းလုံးချန်ပီယံဘွဲ့ အတွက်စိန်ခေါ်ပါတယ်.. "

ရှောင်လုံက ကျိုးထန်ကို စိန်ခေါ်တဲ့အကြောင်းထုတ်ပြောလိုက်သော ငြိမ်သက်စပြုနေသော သိုင်းပြိုင်ကွင်းကြီးတခုလုံးနောက်တကြိမ် ဆူညံသံတွေနဲ့ အုတ်အုတ်ကျက်ကျက် ပြန်ဖြစ်သွားသည် ။
အားလုံးရင်ထဲမှာ သူတို့မျှော်မှန်းထားသော ပွဲတပွဲကြည့်ရတော့မယ်ဆိုပြီးရင်ခုန်စိတ်လှုပ်ရှားနေကြသည် ။

အတွင်းဘက်ခြံဝန်းရဲ့ နံပါတ်တစ်တပည့်ဖြစ်သူ ကျိုးထန်က မြေကြအဆင့်၁၀ နောက်ဆုံးရဲ့ အထွတ်အထိပ်အဆင့်ကိုရောက်ရှိနေတာ တနှစ်ကျော်နေပြီဖြစ်သည် ။ သူကကောင်းကင်သိုင်းသမားအဆင့်ကိုရောက်ဖို့ အရမ်းနီးစပ်နေသောလူတယောက်လဲ ဖြစ်သည် ။

ကျိုးထန် နဲ့ လူမေ့လျန်တို့က အတွင်းအားအဆင့်ချင်းတူညီပေမယ့်
တကယ်တမ်း သူတို့နှစ်ယောက်ကြားမှာ ခွန်အားချင်းအရမ်းကို ကွာဟချက်ကြီးမားတယ်ဆိုတာကို လူတိုင်းသိရှိပြီးသား ဖြစ်သည် ။
လွန်ခဲတဲ့ နှစ်ဝက်လောက်တုံးက ကျိုးထန်နဲ့ လူမေ့လျန်တို့တကြိမ်ယှဉ်ပြိုင်ခဲ့သည် ။အဲ့ပြိင်ပွဲမှာ ကျိုးထန်က လူမေ့လျန်ကို သက်တောင့်သက်သာပဲ အနိုင်ရယူသွား၏ ။

ငါတို့အရင်က ဒိနှစ်အတွက် တကျောင်းလုံးချန်ပီယံအဖြစ် ကျိုးထန်ကိုပဲ အသိအမှတ်ပြုထားကြတာ...   အခုအခြေအနေတွေက မတူတော့ဘူး...  ဟောင်ရှောင်လုံပေါ်လာပြီ... 
ဘယ်သူကများ ငါတို့ကျောင်းရဲ့ နံပါတ်တစ်ချန်ပီယံဖြစ်သွားမှာပါလိမ့်

အားလုံးက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ထွက်ပေါ်လာမယ့်ရလာဒ်ကို စောင့်မျှော်နေကြသည် ။

အရေးကြီးဧည်သည်ဆောင်မှာထိုင်နေတဲ့ စွင်းကျန်းကတော့ အပြုံးကြီးပြုံးလိုက်ကာ
"... အခုယှဉ်ပြိုင်မယ့် တကျောင်းလုံးချန်ပီယံရွေးပွဲကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတာပဲ...  ငါတော့ ပွဲကြည့်ဖို့ မစောင့်နိုင်အောင် ဖြစ်နေပြီ... "

လက်ထောက်ကျောင်းအုပ်ရှောင်းချူး ကစွင်းကျန်းစကားကို ထာက်ခံလိုက်သည်
".... အတွင်းဘက်ခြံဝန်းရဲ့ နံ ပါတ်တစ်ကျောင်းသားတွေကို အပြင်ဘက်ကျောင်းသားတွေ စိတ်မခေါ်ရဲတာ နှစ်နှစ်နီးပါးရှိနေပြီ...
နောက်ဆုံးတော့ စိန်ခေါ်ရဲတဲ့သူတယောက် ပေါ်လာခဲ့ပြီလေ...
ကျွန်တော်ကျောင်းရဲ့ နှစ်ကုန်သိုင်းပြိုင်ပွဲကြီး အခုလောက် စည်းကားသိုက်မြိုက်မှာ မရှိခဲ့တာ အတော်ကိုကြာနေပြီနော် ကျောင်းအုပ်ကြီး."

သိုင်းပြိုင်စင်အောက်က တတိယနှစ်တန်းခွဲသုံးရဲ့ အတန်းပိုင်ဆရာ ချန်ရှောင်ဂျင်ကတော့ တရှက်ပြီးတရှက်ရနေသည် ။ လွန်ခဲ့တဲ့ တနာရီလောက်တုံးကပဲ သူကရှောင်လုံက အခုမှတတိယနှစ်ရောက်တုံး အဆင်အခြင်းကင်မဲ့စွာ သိုင်းမပြိုင်ပဲ နောက်နှစ်မှဝင်ပြိုင်ဖို့ တားဆီခဲ့တယ်မဟုတ်လား ....

အခုတော့ သူနောက်နှစ်မှ ယှဉ်ပြိုင်ခိုင်းတဲ့ ဟောင်ရှောင်လုံက တကျောင်းလုံး ချန်ပီယံဘွဲ့ကိုလုဖို့အတွက် သိုင်းပြိုင်စင်မြင့်ထက်မှာ ကျိုးထန်နဲ့ မျက်နှာချင်းဆိုင် ရပ်နေခဲ့ပြီလေ ။

"... အကိုကြီး နိုင်အောင်တိုက်နော်.. "
ဟောင်မင်းနဲ့ ဟောင်ရှောင်ဟိုင်ကလဲ စင်အောက်ကနေ အော်ဟစ်အားပေးလိုက်၏ ။

ရှောင်လုံက သူတို့ကိုလှည့်ကြည့်ရင်း ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရှောင်လုံက သူအာရုံတွေအကုန်လုံးကို သူ့ရှေ့က ကျိုးထန်ပေါ်မှာစုပုံထားလိုက်တော့သည်။

".. မင်းက ရှဲဝေ နဲ့ ဂျန်ဟန်ဂူ တို့ရဲ့ တပည့်မဟုတ်လား ...?"
ရှောင်လုံလဲ သိပ်ဂရုမစိုက်တဲ့ လေသံဖြင့်မေးလိုက်သည်။

ရှဲဝေ ၊ ဂျန်ဟန်ဂူနဲ့ ချန်ဖန်းလီတို့ သုံးယောက်က ရှောင်လုံကို မြေကြီး အဆင့်၁၀ မရောက်သေးလို့ဆိုတဲ့ အကြောင်ူပြချက်နဲ့ အတွင်းဘက်ခြံဝန်းသို့ ဝင်ခွင့်ပေးရန် ကန့်ကွက်ခဲ့သော အကြီးအကဲသုံးယောက်ပဲ ဖြစ်သည် ။

ကျိုးထန်လဲ ခနလောက်အံသြမင်သက်သွားပြီးမှ
"... ဟုတ်တယ်.. အဲ့ဒါငါ့ဆရာတွေပဲ.. "

"... မင်းက လင်းဟန်ကို အသုံးချပြီး ငါ့ကိုတိုက်ခိုင်းခဲ့တာလား.. ?"
ရှောင်လုံးက အေးစက်စက်လေသံဖြင့် မေးလိုက်၏ ။

ကျိုးထန်မျက်နှာမှာ လှောင်ကိပ်တချို့ ဖြစ်ပေါ်လာကာ
".. ဟူတ်တော့ဘာဖြစ်လဲ...  အဲ့ဒီ သောက်သုံးစားမရတဲ့ကောင်က မင်းလက်သီးတချက်တောင် မခံနိုင်ဘူးဆိုတာ ငါတကယ်မထင်ထားမိဘူး.. "

"...ငါ့မျက်လုံးထဲမှာတော့မင်းလဲ လင်းဟန်နဲ့ သိပ်မကွာလှပါဘူး.. "
ရှောင်လုံက လှောင်ပြုံးလေးဖြင့် မှတ်ချက်ချလိုက်သည် ။

ရှောင်လုံစကားကြားပြီးနောက် ကျိုးထန်မျက်လံးထဲကနေ ကြမ်းတမ်းသော အလင်းရောင်တွေ တလက်လက်ထွက်ပေါ်လာသည် ။အဲ့နောက်ကျိုးထန်တကိုယ်လုံး တောက်ပလင်းလက်လာပြ်ီး ဧရာမလိပ်ကြီးတကောင်က ကျိုးထန်ကျောဘက်မှာပေါ်ထွက်လာသည် ။

ဧရာမလိပ်ကြီးရဲ့ အခွံက အနက်ရောင်ဖြစ်ပေမယ့် အစိမ်းရင်ရောင်တွေက ရောင်ပြန်ဟပ်နေသည် ။လိပ်ကြီးရဲ့ လိပ်ခွံထက်မှာ ထူးခြားဆန်းကြယ်သော အစင်းကြောင်းတွေကနေ ဧကရာဇ် ဆိုတဲ့ စာလုံးဖြစ်ပေါ်နေသည် ။

ဒါကတော့ ကျိုးထန်ရဲ့ သိုင်းဝိညဉ်ဖြစ်တဲ့ အနက်ရောင်ဧကရာဇ် လိပ်ကြီးပဲ ဖြစ်သည် ။ အနက်ရောင်ဧကရာဇ် လိပ် သိုင်းဝိညဉ်က ထိပ်တန်း အဆင့်လွန်အဆင့် သိုင်းဝိညဉ် မဟုတ်ပေမယ့် သူက ထိပ်တန်းအဆင့် သိုင်းဝိညဉ် ဆယ်ခု ထဲမှာတခုအပါအဝင်ဖြစ်သည် ။ ထိပ်တန်းအဆင့်လွန်အဆင့်သို့ ရောက်ရန်အလွန်နီးစပ်နေသော သိုင်းဝိညဉ်တခုပဲ ဖြစ်သည် ။

ကျိုးထန်လဲ သူ့ရဲ့သိုင်းဝိညဉ် အနက်ရောင်ဧကရာဇ်လိပ်ကြီးကို ဆင့်ခေါ်ပြီးတာနဲ့ အချိန်မဆိုင်းတော့ပဲ ချက်ချင်းဆိုသလို သိုင်းဝိညဉ်နဲ့ပါင်းစပ်ကာ ဝိညဉ်အသွင်ပြောင်းလိုက်သည် ။ အနက်ရောင်အလင်းတန်းတွေတဖျက်ဖျက်ထွက်ပေါ်နေသော လိပ်ကြီးအခွံကဲ့သို့ အခွံတခုက ကျိုးထန်ရဲ့နောက်ကျောဘက်ကနေ ပေါ်ထွက်လာသည် ။အခွံပေါ်မှာလဲ သူ့သိုင်းဝိညဉ်လိပ်ကြီးပေါ်က အက္ခရာကဲ့သို့ အနက်ရောင်ရှေးဟောင်း လက္ခဏာတွေဖြင့် ဧကရာဇ် ဆိုတဲ့ စကားလုံး ဖြစ်ပေါ်နေသည်။

ကျိုးထန်ရဲ့ ဝိညဉ်အသွင်းပြောင်းပြီးနောက် ပုံစံကိုစိုက်ကြည့်ရင်း
ရှောင်လုံလဲ ခနဏတာလောက် မင်သက်သွားသည် ။ ထိုနောက် ကျိုးထန်ရဲ့ဝိညဉ်အသွင်ပြောင်းပြီးတဲ့ပုံစံကိုကြည့်ရင် ရှောင်လုံနှုတ်ခမ်းထက်မှာ ခနဲ့ပြုံးတခုဖြစ်ပေါ်လာသည် ။ ကျိုးထန်ရဲ့ အခုပုံစံက တကယ်လိပ်တကောင်နဲ့ တူနေတယ်လို့ ရှောင်လုံတွေးလိုက်သည်။

ဒါအပြင့်ခုလို ဝိညဉ်အသွင်ပြောင်းပြီနောက် ကျိုးထန်က နဂိုပုံစံထက် ပိုပြီး ရုပ်ဆိုးသွားသည် ။  ကျိုးထန်ရဲ့ ပါးစပ်နဲ့ နှာခေါင်းက သာမာန်ဖက် အနဲငယ်ပိုကြီးသွားလေသည် ။ ကျိုးထန်ကို ကြည့်ရင်း ရှောင်လုံစိတ်ထဲမှာပင်လယ်ရေအောက်နန်းတော် က လိပ်ဝန်ကြ်ိးချုပ်ကို သွားသတိရမိလေသည် ။

ရှောင်လုံက သူအသွင်ပြောင်းထားသောပုံစံကိုကြည့်ပြီး ခေါင်းခါးရင်း လှောင်ပြုံးပြုံးနေတာကိုမြင်တော့ ကျိုးထန်မျက်နှာက ရှက်ဒေါသတို့ ဖြင့်နီရဲသွားသည် ။ သူ့ရင်ထဲက ဒေါသတွေ ထိန်းမရအောင်ပေါက်ကွဲသွား၏ ။ သူ့သိုင်းဝိညဉ် အနက်ရောင်ဧကရာဇ် လိပ်ကြီးက ထိပ်တန်းအဆင့်လွန်အဆင့်သို့ရောက်ခါနီးဖြစ်နေတဲ့ သိုင်းဝိညဉ်တခုဖြစ်ပေမယ့် သိုင်းဝိညဉ်နဲ့ ပေါင်းစပ်အသွင်ပြောင်းလိုက်တဲ့အခါ အတော်အသင့်ရုပ်ဆိုးသွားတာကို သူကိုယ်တိုင်သိထားလေသည်။ ဒါက သူရဲ့ တခုတည်းသော အားနဲချက်ပဲ ဖြစ်သည် ။ ရှောင်လုံက သူ့ရင်ထဲက ဒဏ်ရာကိုမှ ဆားလာသိပ်လိုက်တာပဲ ဖြစ်၏ ။

လူတွေအားလုံးရဲ့ စိတ်ဝင်တစားကြည့်ရှုနေသော အကြည့်တွေအောက်မှာပဲ ကျိုးထန်က လေထဲကိုခုန်တက်လိုက်သည် ။ အဲ့နောက် လိပ်တွေအန္တရာယ်တွေ့ခါနီး ခြေလက်တွေကို အထဲသွင်းလိုက်သကဲ့သို့ ကျိုးထန်ကလဲ သူခြေထောက်နဲ့ လက်တွေကို အခွံကြီးထဲ သွင်းလိုက်သည် ။

သူခန္ဓာကိုယ်တခုလုံး ပင်လယ်ထက်က လေပွေတခုလို အဆက်မပြတ်လည်ပတ်နေရင်း ရှောင်လုံဆီကိုတဟုန်ထိုးတိုးဝင်လာသည် ။

"... ပင်လယ်လေပွေ... "
ကျိုးထန်က သူ့သိုင်းကွက်နာမယ်ကိုမာန်သွင်းကာ အော်ဟစ်လိုက်၏။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၅၂ .... အကြီးအကဲသုံးယောက်ရဲ့ချောင်းမြောင်းလုပ်ကြံမှု

       
လူတွေအားလုံးရဲ့ စိတ်ဝင်တစားကြည့်ရှုနေသော အကြည့်တွေအောက်မှာပဲ ကျိုးထန်က လေထဲကိုခုန်တက်လိုက်သည် ။ အဲ့နောက် လိပ်တွေအန္တရာယ်တွေ့ခါနီး ခြေလက်တွေကို အထဲသွင်းလိုက်သကဲ့သို့ ကျိုးထန်ကလဲ သူခြေထောက်နဲ့ လက်တွေကို အခွံကြီးထဲ သွင်းလိုက်သည် ။

သူခန္ဓာကိုယ်တခုလုံး ပင်လယ်ထက်က လေပွေတခုလို အဆက်မပြတ်လည်ပတ်နေရင်း ရှောင်လုံဆီကိုတဟုန်ထိုးတိုးဝင်လာသည် ။

"... ပင်လယ်လေပွေ... "
ကျိုးထန်က သူ့သိုင်းကွက်နာမယ်ကိုမာန်သွင်းကာ အော်ဟစ်လိုက်၏။
ကျိုးထန်ခန္ဓာကိုယ်ကြီးကအဆက်မပြတ်လည်ပတ်နေရင်း သူဆီကိုတဖြည်းဖြည်းနီးကပ်လာတာကို ရှောင်လုံကတော့ အေးစက်စက်မျက်လုံးတွေနဲ့ပဲ စိုက်ကြည့်နေ၏ ။

အဲ့နောက်ရှောင်လုံက သူ့ညာလက်ကိုလက်သီးဆုပ်လိုက်ကာ တောင်ပြိုလက်သီးသိုင်းကို အသုံးပြုပြီး ကျိုးထန်ကို အားကုန်ထိုးချလိုက်သည်။ ရှောင်လုံလက်သီးနဲ့ထိမိတော့ ကျိုးထန်လဲ ခြေလက်မရှိသော လိပ်တကောင်ကဲ့သို့ အနောက်ဘက်ကို လွှင့်ထွက်သွားသည်။ ဒါပေမယ့် သိုင်းပြိုင်စင်အောက်ကိုတော့ ပြုတ်မကျသေးပေ.. ။ သိုင်ပြိုင်စင်ပေါ်မှာပဲ ကျိုးထန်က သူ့ကိုယ်သူ ရှက်ကိုးရှက်ကန်းနဲ့ တည်ငြိမ်အောင် ထိန်းလိုက်၏ ။

တစက္ကန့်လောက်အကြာမှာတော့ ရှောင်လုံနောက်ကျောကနေအနက်ရောင်တောက်ပနေသော မိစ္ဆာတောင်ပံတစုံထွက်ပေါ်လာပြီး တောင်ပံကိုတချက်ခတ်လိုက်တယ်ဆိုရင်ပဲ ကျိုးထန်ရှေ့သို့လျင်မြန်စွာရှောက်ရှိသွားလေသည် ။ ရှောင်လုံမျက်လုံးထဲမှာ အေးစက်စက်အငွေ့တွေထွက်ပေါ်နေကာ သူ့စိတ်ထဲမှာကျိုးထန်ကို ညှာတာချင်စိတ်လုံးဝမရှိတော့ပေ.. ။ ရှောင်လုံက ကျိုးထန်ဆီသို့ လက်ဝါးတချက်ပြင်းထန်စွာရိုက်ထုတ်လိုက်သည် ။

"..ချည်နှောင်ခြင်းနတ်ဘုရားလက်ဝါး.. "
ရှောင်လုံအော်သံဆုံးတာနဲ့ တောက်ပနေသော စက်ဝိုင်းပုံသဏ္ဍာန်လက်ဝါးအရိပ်တခုက ကျိုးထန်ရှိရာသို့ လျင်မြန်စွာရောက်ရှိသွား၏ ။ ကျိုးထန်လဲ ခနလောက်အံသြသွားကာ သူရှောင်တိမ်းဖို့ကြိုးစားမယ့်အချိန်ကြတော့ သူ့အတွက်အချိန်လောက်ငှချင်းမရှိတော့ပေ.. ။

အဲ့အချိန်မှာ ကျိုးထန်ရဲ့နောက်ကျောဘက်က လိပ်ခွံကြီးဆီကနေ ဧကရာဇ်ဆိုတဲ့ စကားလုံးကအနက်ရောင်အလင်းတန်းတွေတောက်ပလာကာ သူကအားကုန်သုံးပြီးရှောင်လုံ လက်ဝါးမထိအောင် ရုန်းထွက်ဖို့ကြိုးစားလိုက်သည် ။  ရှောင်လုံရဲ့ ချည်နှောင်ခြင်းနတ်လက်ဝါးသိုင်းကလဲ လိပ်ခွံပေါ်သို့ အချိန်မှီ ကျရောက်သွား၏ ။

ရှောင်လုံလက်ဝါးက သူ့ကျောဘက်ကအခွံပေါ်သို့ကျရောက်လာသောအခါ ရန်ကော် တို့လူမေ့လျန်တို့တုံးကလိုပဲ ကျိုးထန်လဲ သူ့ရပ်နေတဲ့နေရာမှာတင် ကျောက်ရုပ်ထုကြီးကဲ့သို့ မလှုပ်မရှားနိုင်ဖြစ်သွား၏ ။

ရှောင်လုံပုံရိပ်က သူရပ်နေတဲ့နေရာမှာ ဝိုးတဝါးနဲ့ပျောက်ကွယ်သွားကာ ကျိုးထန်လဲ အရှေ့တည့်တည့်မှာ ပြန်ပေါ်ထွက်လာ၏ ။ ကျိုးထန်ရှေ့ကိုရောက်တာနဲ့ ရှောင်လုံလဲ သူ့ရဲ့တောင်ပြိုလက်သီးသိုင်းဖြင့် ကျိုးထန်ရင်ဘတ်ကို အားကုန်ထိုးချလိုက်သည် ။

ကျိုးထန်ပါးစပ်ထဲကနေ ရေတံခွန်ကဲ့သို့များပြားလှသော သွေးတွေအန်ထွက်လာပြီး သူခန္ဓာကိုယ်ကလဲ သိုင်းပြိုင်စင်ရဲ့အပြင်ဘက်ကသို့
ပြုတ်ကျသွားတော့သည် ။

ကျိုးထန်လဲ ရှုံးနိမ့်သွားလေပြီ... !

ပွဲကြည့်ပရိတ်သတ်တွေအကုန်လုံးလဲ နောက်ထပ်မထင်မှတ်ထားသော အံသြမှုတခုကို မျက်မြင်ကြုံတွေလိုက်ရပြန်သည် ။ မြေကြီးပေါ်သို့ ပြုတ်ကျလာသော ကျိုးထန်ကို မယုံနိုင်သလို ဝိုင်ကြည့်နေရင်း သူတို့ကိုယ်သူတို့ အိမ်မက်ကမ္ဘာထဲရောက်နေသလို ခံစားနေရ၏ ။

ကျိုးထန်တကယ်ပဲ ရှုံးနိမ်သွားတာလား ...!
အတွင်းဘက်ခြံဝန်းရဲ့နံပါတ်တစ် ကျိုးထန်က အခုမှတတိယနှစ်ကိုစတက်တဲ့ ကျောင်းသားအသစ်ဟောင်ရှောင်လုံကို အကြိတ်အနယ်တောင် ယှဉ်ပြိုင်နိုင်ခြင်းမရှိပဲ လွယ်လွယ်ကူကူရှုံးနိမ့်သွားပါလား... ။

ရှောင်လုံနဲ့ ကျိုးထန်ပြိုင်ပွဲမစခင်က လူတွေအကုန်လုံးရဲ့ သိတ်ထဲမှာ တကယ့်ကိုပြင်းထန်သော ပြိုင်ပွဲတခုကို မြင်တွေ့ရတော့မယ်လို့ ထင်ထားကြ၏ ။ အခုကျတော့ ဒါကဘယ်လိုလုပ်စိတ်လှုပ်ရှားစရာကောင်းမှာလဲ...  ဒါတကယ်ကို စိတ်ပျက်စရာပြိုင်ပွဲတခုပဲ မဟူတ်လား..။
အကယ်၍ နှိုင်းယှဉ်မယ်ဆိုရင် ရှောင်လုံ ၊ ရန်ကော်နဲ့ လူမေ့လျန်တို့ရဲ့ သုံးပွင့်ဆိုင်ပြိုင်ပွဲကမှ ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းနေသေး၏ ။

နောက်ဆုံးကောင်းကင်က နေမင်းကြီးရဲ့ အလင်းရောင်က တစွန်းတစထွက်ပေါ်လာသည် ။ ကြယ်စကြာဝဠာကျောင်းရဲ့ နှစ်ကုန်အရည်အချင်းစစ်သိုင်းပြိုင်ပွဲလဲ ပြီးဆုံးသွားခဲ့ချေပြီ.. ။

သိုင်းပြိုင်ကွင်းထဲက လူအုပ်ကြီးကတော့ ပြန်ဖို့ စိတ်ကူးမရှိသေးပဲ
ရှောင်လုံကို အားပါးတရ အော်ဟစ်ချီးကျူးနေကြသည် ။ ဒါပေမယ့် ကျိုးထန်ကိုကြည့်တဲ့ သူတို့ရဲ့အကြည်တွေကတော့ ၁၈၀ ဒိဂရီလောက်ပြောင်းပြန်ဖြစ်သွားကာ ကျိူးထန်ကိုကြည့်ရင်း သူတို့မျက်နှာတွေမှာ လှောင်ပြောင်သော အရိပ်အယောင်တွေပေါ်ထွက်နေ၏ ။

".... ငါတို့ကျောင်းက နာမယ်ကြီးလှတဲ့ အတွင်းဘက်ခြံဝန်းနံပါတ်တစ်တပည့်ဆိုတာ ဒါလားကွ... ? ဘယ်လောက်တောင် သာက်သုံးမကျလိုက်လဲကွာ ကြည့်စမ်းပါအုံး... တော်တော်ကိုဖျင်းအတဲ့ကောင်... "

"... ဒါတော့မမှန်လောက်ဘူးထင်တယ်နော်...  ကျိုးထန်လဲ တကယ်ကို အစွမ်းထက်တာကွ..   ဒါပေမယ့် ကံမကောင်းစွာပဲ သူ့ပြိုင်ဘက်က ဟောင်ရှောင်လုံ ဖြစ်နေတာကိုး... "

သိုင်းပြိုင်ကွင်းကြီးတခုလုံး ပြီးဆုံးသွားသော သိုင်းပြိုင်ပွဲတွေအကြောင်းစမြုံပြန်ရင်းနဲ့  ဆူညံပွက်လောရိုက်နေ၏ ။ သူတို့ပြောတဲ့ စကားလုံးတိုင်းက ကျိုးထန်ရဲ့ နားထဲကို သံရည်ပူလောင်းချသကဲ့သို့ တလုံးမကျန်ဝင်လာ၏ ။ ကျိုးထန်က မြေကြီးပေါ်ကနေ ကြိုးစားထလိုက်ကာ ရှောင်လုံကို တစစီ နုတ်နုတ်စင်းချင်နေသော အကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည် ။ သူမျက်လုံးကထွက်ပေါ်နေသော လူသတ်ချင်သော အရိပ်မယောင်တွေကို ဖုံးကွယ်မထားတော့ပဲ ပေါ်ပေါ်တင်တင်စိုက်ကြည့်လိုက်သည် ။

ဒါငါ့ကို အကြီးအကျယ် စော်ကားလိုက်တာပဲ... !

ငါဒီမျိုးရလဒ်ကိုလက်မခံနိုင်ဘူး.... ! ငါ့ရာဇဝင်မှာ ရှုံးတယ်ဆိုတာမရှိခဲ့ဘူးဘူး.. !

"... ဟောင်ရှောင်လုံ.. မင်းကိုငါသတ်မယ်... "
ကျိုးထန်က စင်ပေါ်က ရှောင်လုံကိုမုန်တီးစွာစိုက်ကြည့်ရင်း အာခေါင်ခြစ်အော်လိုက်သည် ။ အဲ့နောက် ချက်ချင်းဆိုသလို ကှောင်လုံကိုတိုက်ခိုက်လိုက်သည်။

ဆူညံနေသော လူအုပ်ကြီးလဲ ရုတ်တရပ်ပြောင်းလဲသွားတဲ့အခြေအနေကြောင့် တီးတိုးပြောဆိုနေတာတွေရပ်ကာ အံသြမင်သက်သွားကြသည် ။ ကျိုးထန်က ကျောင်းကချမှတ်ထားသော စည်းကမ်းကိုဆန့်ကျင်ပြီး အခုလိုတိုက်ခိုက်လာမယ်လို့ ဘယ်သူမထင်မထားခဲ့ချေ... ။

သူ့တကယ်ပဲ စင်ပေါ်တက်ပြီး ရှောင်လုံနဲ့နောက်တကြိမ်တိုက်ခိုက်မလို့လား... ?!

အရေးကြီးဧည့်ပရိတ်သတ်ဆောင်မှာ ထိုင်နေကြသော ကျောင်းအုပ်ကြီးစွင်းကျန်းနဲ့ လက်ထောက်ကျောင်းအုပ် ရှောင်ချူးတို့ကတော့ ကျိုးထန် ရူးရူးမိုက်မိုက်ပုံစံကိုကြည့်ရင် မျက်နှာထားတွေတည်ကြည်သွားကြကာ တဖြည်းဖြည်းဒေါသတွေထွက်လာသည် ။

အရူးတယောက်လိုသူ့ဆီကို တဟုန်ထိုးပြေးလာနေသော ကျိုးထန်ကိုကြည့်ရင်း ရှောင်လုံမျက်နှာထားက အေးစက်မာကျောသွားကာ သူ့လက်ထဲသို့ထဲ့သိမ်းထားပြီးသော နတ်ဓားနှစ်လက်ကို တဖန်ပြန်လည်ဆင့်ခေါ်လိုက်သည် ။

".. ငရဲမင်းရဲ့ဒေါသ.. "
ငွေရောင်တောက်ပနေသော အလင်းတန်းနှစ်ခုကနေ မိုးကြိုးပစ်လိုက်သလို အသံတွေမြည်ဟိန်းလာပြီး မြင်သူသကာကျောချမ်းသွားစေနိုင်တဲ့ အရှိန်အဝါတွေထွက်ပေါ်လာ၏ ။ သူတို့ထွက်ပေါ်လာတာနဲ့
သားရဲကြီး အကောင်တထောင်လောက် တပြိုင်နက်ထဲဆောင့်နင်းချလိုက်သလိုမျိုး မြေကြီးတွေကတုန်ခါသွား၏ ။

ငွေရောင်အလင်းတန်းကနေ အလင်းရောင်ခြည်တွေဖြာထွက်တောက်ပလာကာ ကျိုးထန်ခန္ဓာကိုယ်တခုလုံးကိုလွှမ်းခြုံသွား၏ ။
ရှောင်လုံရဲ့ ငရဲမင်းဒေါသထိမှန်သွားတာနဲ့ ကျိုးထန်တကိုယ်လုံး တဆတ်ဆတ်တုန်ယင်လာကာကာ သူဆီကနေ နာနာကျင်ကျင် ညီတွားသံထွက်ပေါ်လာသည်။ ထိုနောက်  ရှောင်လုံ သိုင်းကွက်က အလွန်တရာပြင်းထန်တာမို့ သူကိုယ်သူမထိန်းနိုင်တော့ပဲ အနောက်ကို လွှင့်စင်သွားလေသည်။

".. ကျိုးထန်... "

"... ဟောင်ရှောင်လုံ... မင်းအရမ်းသတ္တိတွေ ကောင်းနေတယ်ပေါ့လေ....?!"

ရှောင်လုံလက်ချက်နဲ့ ကျိုးထန်ပြင်းပြင်ထန်ထန်ဒဏ်ရာရသွားတာမြင်တော့ အပြင်ဘက်ကနေ သိုင်းပြိုင်ကွင်းထဲကို လူရိပ်သုံးခုက လျင်မြန်စွာရောက်ရှိလာကြသည်။ သူတို့က ရှောင်လုံအရှေ့ဘက်ကို လျင်မြန်စွာရောက်ရှိလာကြပြီး သုံးယောက်လုံး ရှောင်လုံကို တပြိုင်နက်ထဲဆိုသလို တိုက်ခိုက်လိုက်ကြသည် ။

သူတို့သုံးယောက်ဆီကနေ ထွက်ပေါ်လာသော အားအင်သုံးခုက သိုင်ပြိုင်ကွင်းထဲက လေတွေကိုပါ လောင်ကျွမ်းသွားစေတဲ့အထိပြင်းထန်၏ ။ ပြင်းထန်သောစွမ်းအားကြောင့် လေဟာနယ်ကြီးတခုလုံး လှိုင်းတွန့်တွေဖြစ်ပေါ်လာသလို သိုင်ပြိုင်ကွင်းကြီးတခုလုံး တုန်ခါသွားသည်။

ပြင်းထန်လှသော တိုက်ကွက်ကိုကြည့်ရင်း ပွဲကြည့်ပရိတ်သတ်တွေအကုန်လုံးရဲ့ မျက်နှာတွေပါ ဖျော့တော့ကုန်ကြသည် ။ စွင်းကျန်နဲ့ ရှောင်းချူးတို့နှစ်ယောက်လုံးက သူတို့ရှိနေလျက်နဲ့ အခုလို အခြေအနေဖြစ်ပေါ်လာလိမ့်မယ်လို့ လုံးဝထင်မထားပေ.. ,

".. ရှဲဝေ... ! ဂျန်ဟန်ယု ! ချန်ဖန်းလီ.. ! မင်းတို့သုံးယောက် အခုချက်ချင်းရပ်လိုက်စမ်း  ..."
စွင်းကျန် နဲ့ရှောင်းချူး လဲ အတွင်းဘက်ခြံဝန်က အကြီးအကဲသုံးယောက်ကို အသံကုန်ဟစ်ကြိမ်မောင်းကာ သူတို့ကိုတားဆီးရန် ထိုင်နေတဲ့နေရာတွေကနေ ပျံသန်းလာကြသည် ။ ဒါပေမယ့် သူတို့ရဲ့ကှောင်လုံကိုကာကွယ်ဖို့ လှုပ်ရှားမှုက အချိန်မမှီနိုင်တော့ဘူးဆိုတာကို အားလုံးသဘောပေါက်နေ၏  ။

အခုရှောင်လုံကိုဝင်ပြီး ရုတ်တရက်တိုက်ခိုက်လိုက်တဲ့သူသုံးယောက်ကတော့ ရှောင်လုံကိုအတွင်းဘက်ခြံဝန်းဝင်ခွင့်ပေးရန် ငြင်းဆိုခဲ့ကြသော အကြီးအကဲသုံးယောက်ပဲ ဖြစ်သည် ။ ရှဲဝေနဲ့ ဂျန်ဟန်ယု တို့နှစ်ယောက်လုံးက ကျိုးထန်ရဲ့ ဆရာတွေဖြစ်သည် ။

ရှောင်လုံက သူတို့တိုက်ခိုက်လာသူသုံးယေညက်ကိုကြည့်လိုက်သည်။ သူမျက်နှာကတော့တချက်မပျက်သွားပဲ အရင်ကထက်ပိုပြီး အေးစက်မာကျောလာ၏ ။
"..သူတို့ကတော့ သူတို့ကိုယ်သူတို့ လုံအောင်ပုန်းနိုင်တယ်လို့ ထင်ထားပုံပဲ... "
ရှောင်လုံက သူစိတ်ထဲမှာပဲ လှောင်ပြုံးပြုံးလိုက်သည်။ အမှန်တော့ သူတို့ပုန်းအောင်းနေတာကို ရှောင်လုံ အစောကြီးထဲကသတိထားမိလေသည်။

သူရဲ့အခုလက်ရှိ မြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့အထွတ်အထိပ်အတွင်းအားကြောင့် သူ့ရဲ့ပတ်ဝန်းကျင်ကိုအကဲခတ်နိုင်စွမ်းက အရမ်းကိုတိုးတက်မြင့်မားလာ၏ ။အခုလက်ရှိရှောင်လုံရဲ့ စိတ်စွမ်းအားက မီတာသုံးရာလောက်ကနေ လှုပ်ရှားမှုမှန်သမျှကို သိနိုင်စွမ်းရှိသည်။
ကောင်းကင်စဦးအဆင့် သိုင်းသမားတောင်း သူစိတ်ရေဒါ ထဲကနေ မလွတ်မြောက်နိုင်ပေ.. ။

သူတို့သုံးယောက်ရဲ့ တိုက်ခိုက်မှုက ရှောင်လုံကို ထိသွားခါနီးအချိန်မှာ ကြီးကျယ်ခမ်းနားသော နဂါးကြီးရဲ့ ဟိန်းဟောက်သံတခု ထွက်ပေါ်လာကာ သိုင်းပြိုင်ကွင်းပေါ်က အမိုးတွေအကုန်လုံး လှုပ်ခါသွား၏။
အားလုံး ဘယ်ကလာတဲ့ အသံလဲဆိုတာကို အံသြနေစဉ်မှာပဲ ရှောင်လုံနောက်ကျောဘက်ကနေ ကမ္ဘာဦးနတ်နဂါးအမဲရောင်ကြီး ပေါ်ထွက်လာတာကို မြင်တွေ့လိုက်ရသည် ။ သူ့သိုင်းဝိညဉ်ကို ဆင့်ခေါ်ပြီးတာ့နဲ့ ချက်ချင်းဆိုသလို ရှောင်လုံက သိုင်းဝိညဉ်နဲ့ ပေါင်းစပ်ကာ ဝိညဉ်အသွင်ပြောင်းလဲလိုက်သည် ။

တောက်ပနေသော အနက်ရောင်နဂါးအကြေးခွံတွေက ကှောင်လုံကိုယ်ပေါ်မှာ ပေါ်ထွက်လာ၏ ။ သူလက်နှစ်ဖက်မှာလဲ ချွန်မြနေသော နဂါးအရိုးတွေက ကြောက်စရာကောင်းသော နှင်းဆီးဆူးသဖွယ် ပေါ်ထွက်လာသည် ။

နဂါးအနက်ရောင်ကြီးရဲ့ တက်တူးက ရှောင်လုံကျောကုန်းထက်မှာ ပေါ်ပေါက်လာကာ ရှောင်လုံက ကောင်းကင်ကိုမျက်နှာမူရင် တချက်သိန်းဟောက်လိုက်သည်။ ရှောင်လုံဆီကနေ ကြီးကျယ်လွှမ်းမိုးမှု ကိုယ်ရောင်ကိုယ်တွေ အဆက်မပြတ်ကိုထွက်ပေါ်နေသည် ။

ရှောင်လုံရဲ့ မျက်လုံးတခုလုံး ကရုတ်တရက်မဲနက်သွား၏ ။ ရှောင်လုံဝိညဉ်အသွင်ပြောင်းပြီးတဲ့အချိန်မှာ အကြီးအကဲသုံးယောက်ရဲ့တိုက်ခိုက်မှုတွေက ရှောင်လုံဆီသို့ကျရောက်လာသည် ။

ရှောင်လုံရဲ့ မျက်လုံးနက်တွေကနေ အရိုးစမ့်မတတ်ကြောက်စရာကောင်းသော အေးစက်စက်အကြည့်တွေက အကြီးအကဲသုံးယောက်ပေါ်သို့ကျရောက်လာလေသည် ။ ရှောင်လုံက သူ့လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကာ ရှဲဝေဆီသို့ လွှဲယမ်းလိုက်သည် ။

"... မင်း ကိုယ်ကိုကိုယ်တော်တော် အထင်ကြီးနေတာပဲ.. "
ရှဲဝေက လှောင်ပြောင်သရော်လိုက်သည် ။ သူအတွင်းအားတွေကို စုစည်းကာ ရှောင်လုံတိုက်ခိုက်မှုကို သူ့ကိုယ်ပိုင်လက်သီးသိုင်းဖြင့် တုန့်ပြန်တိုက်ခိုက်လိုက်သည် ။

"... ဖုန်း... "
လက်သီးလေးခုက လေထဲမှာ ပြင်းပြင်းထန်ထန် ထိခိုက်မိသွားလေသည် ။ အဲ့နောက်မှာတော့ ရှဲဝေမျက်နှာပေါ်မှာ ကြောက်လန့်တုန်လှုပ်မှုတွေ ချက်ချင်းပေါ်ပေါက်လာသည် ။ 

"... မင်း..မင်း.. "
သူ့စကားမဆုံးသေးခင်မှာပဲ သူ့လက်နှစ်ဖက်လုံး တဖြည်းဖြည်း ကွေးကောက်လာပြ်ီး နောက်ဆုံး
"...ဂျွတ်.. " 
ဆိုတော့ အသံထွက်ပေါ်လာကာ အရိုးတွေငေါထွက်လာသည်။

သူ့တပည့်ကျိုးထန်ကဲ့သို့ ရှဲဝေဆီကနေ နာကျင်စွာအော်ဟစ်သံထွက်ပေါ်လာပြီး သိုင်းပြိုင်စင်အောက်ဘက်က မြေကြီးနဲ့ ပြင်းထန်စွာ ရိုက်မိသွားသည် ။ ရှဲဝေကျလာသော မြေကြီးနေရာတခုလုံး ပင့်ကူမျှင်ကဲ့သို့ အစင်းကြောင်းတွေအများကြီးပေါ်ပေါက်လာသည် ။

အဲ့ဒီအချိန်မှာပဲ ဂျန်ဟန်ယုနဲ့ ချန်ဖန်းလီတို့ရဲ့ တိုက်ခိုက်မှုကတော့ ရှောင်လုံ ရင်ဘတ်ပေါ်သို့ကျရောက်သွားသည် ။ ရှောင်လုံကို သူတို့တိုက်ခိုက်မှု ထိမှန်သွားလို့ ပြုံးရွှင်နေသော မျက်နှာတွေကနေ အံသြတုန်လှုပ်သော မျက်နှာတွေအဖြစ်ပြောင်းလဲကုန်သည် ။ ဘာကြောင့်လဲဆိုတော့ သူတို့လက်သီးတွေ ရှောင်လုံကိုယ်ပေါ်သို့ ကျရောက်လာချိန် သူတို့စိတ်ထဲမှာ မချိုးဖျက်နိုင်လောက်အောင် အင်မတန်ခိုင်ခန့်မာကျောလှသော စတီးနံရံကြီးကို ထိုးလိုက်ရသလို ခံစားလိုက်ရသည် ။

အဲ့နောက်မှာတော့ ကှောင်လုံကိုယ်ထဲကနေ အလိုလို ထွက်ပေါ်လာသော တုန့်ပြန်အားတခုကြောင့် သူတို့လက်တွေတုန်လာကာ ရှောင်လုံကိုထိုးချလိုက်သော လက်တွေကနေ  မီးလောင်သလို ပူသော နာကျင်မှုတွေ ဖြစ်ပေါ်လာသည် ။

".. ဘယ်လိုလဲ.. တော်တော်မှအံသြသွားရဲ့လား.. ?"
ရှောင်လုံက သူ့မျက်လုံးနက်တွေနဲ့ ကြောက်စရာကောင်းအောင် စိုက်ကြည့်ရင်း မေးလိုက်သည် ။ သူတို့နှစ်ယောက်လုံးက ရှောင်လုံစကားအပေါ် မတုန့်ပြန်နိုင်ချိန်မှာပဲ ရှောင်လုံလက်နှစ်ဖက်က လျှပ်စီးလက်သလိုမျိုး သူတို့ရင်ဘတ်ပေါ်သို့ကျရောက်သွားသည် ။

နှစ်ယောက်လုံးသွေးအန်ကာ အနောက်သို့ လွင့်ထွက်သွားပြီး သိုင်းပြိုင်စင်အောက်သို့ကျသွားသည် ။ သိုင်းပြိုင်စင်အောက်ကျသွားတာနဲ့တင်ရပ်လို့မရသေးပဲ အနောက်ကလိုက်လာသော အားအင်တခုကြောင့် ရှဲဝေကျသွားတာတဲ့နေရာအထိ သူတို့ခန္ဓာကိုယ်တွေ ဆက်လိမ့်သွားသည် ။

လူတွေအကုန်လုံး အဲ့မြင်ကွင်းကိုကြည့်ရင်း သူတို့ရှိနေတဲ့နေရာမှာတင်ရူးသွားမတတ်ဖြစ်ကုနကြသည် ။

အခုပဲ ကျိုးထန်က ကျောင်စည်းကမ်းကိုချိုးဖောက်ပြီး ရှောင်လုံကို အရင်စတိုက်လိုက်တယ်.. ဒါပေမယ့် တချက်ထဲနဲ့ ရှုံးနိမ့်သွားတယ်..
အဲ့နောက် ရှဲဝေ ၊ ဂျန်ဝန်ယု နဲ့ ချင်ဖန်းလီတို့က ရုတ်တရက်ပေါ်လာပြီး
ကှောင်လုံကိုတိုက်ခိုက်လိုက်တယ်...  သူတို့လဲ တမိနစ်မကြာခင်မှာပဲ အကုန်ရှုံးနိမ့်သွားခဲ့တယ်...  အခုလိုဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေက အရမ်းမြန်ဆန်လွန်းတာမို့ လူတွေစိတ်ထဲမှာဒိဖြစ်ရပ်တွေအကုန်လုံးကို သေချာနားလည်ဖို့အတွက် ညဏ်မမှီအောင်ဖြစ်နေလေသည် ။ ဘယ်သူမှဘာဖြစ်သွားတယ်ဆိုတာကိုသေချာနားမလည်ကြသေးပေ...  သူတို့မျက်မြင်ကိုယ်တွေ့သာမဟုတ်ရင် အခုလိုဖြစ်ခဲ့ပါတယ်လို့ လာပြောတဲ့သူကို အရူးလို့ပဲသတ်မှတ်ကြမှာမဟုတ်လား ။

ရှဲဝေ ၊ ချန်ဖန်းလီ ၊ ဂျန်ဟန်ယု တို့သုံးယောက်ကို ဒဏ်ရာရသွားအောင်လုပ်လိုက်နိုင်သော ရှောင်လုံကိုအကုန်လုံးက နတ်ဘုရားတပါးသဖွယ် ဝိုင်းကြည့်လိုက်ကြသည် ။ သူတို့သုံးယောက်လုံးက အတွင်းဘက်ခြံဝန်းက အကြီးအကဲသုံးယောက်လေ...  ။ သူတို့ရဲ့ အတွင်းအားက သာမန်အကြီးအကဲထက်ပိုမိုမြင့်မားတာမဟုတ်လား.. ။

ဒါအပြင် ရှဲဝေ က ကောင်းကင်အဆင့်သိုင်သမားတယောက်ပဲ ဖြစ်သည် ။ ဂျန်ဟန်ယုနဲ့ ချန်ဖန်းလီက အခုမြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့ အထွတ်အထိပ်အဆင့်ပဲ ရှိသေးပေမယ့် သူတို့ရဲ့ ခွန်းအားက ကျိုးထန်ထက်ကို အဆပေါင်းများစွာ ပိုမိုသာလွန်သည် ။ ဒါတောင်မှ သူတို့သုံးယောက်လုံးက ရှောင်လုံတယောက်ထဲလက်အောက်မှာ
ရှုံးနိမ့်သွားကြပါလား... !

သူတို့ကို အလွန်ကြောက်လန့်စေသော အမှန်တရားတခုလဲရှိသေးသည် ။ သူတုိ့အနေနဲ့ ချန်ဖန်းလီနဲ့ ဂျန်ဟုန်ယုတို့ ရှောင်လုံဆီမှာ ရှုံးနိမ့်တာကို လက်ခံပေးလို့ရနိုင်သေးပေမယ့် ရှဲဝေလို ကောင်းကင်အဆင့်သိုင်းသမားက မြေကြီးအဆင့်မှာပဲရှိသေးတဲ့ ကျောင်းသားတယောက်ကို ရှုံးနိမ့်ခဲ့တယ်ဆိုတာက သူတို့သိထားတဲ့ အမှန်တရားနဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေသည် ။

ရှောင်လုံဆီကို ကမန်းကတန်းပြေးလာနေသော စွင်းကျန်းနဲ့ ရှောင်းချူးလဲ ရှောင်လုံ က ရှဲဝေတို့ကို မျက်စိတမှိတ်လောက်အတွင်း ပြတ်ပြတ်သားသားအနိုင်ယူလိုက်တာကိုကြည့်ရင်း သူတို့လာနေတဲ့ လမ်းတဝက်မှာတင်ရပ်တန့်သွားပြီး ပျံသန်းနေရာကနေ မြေကြီးပေါ်သို့ သတိလက်လွတ်ပြုတ်ကျမတတ်ဖြစ်သွားသည်။

အဲ့နောက်မှာတော့ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင်မနဲထိန်းချုပ်ခိုက်ကာ သိုင်းပြိုင်စင်ပေါ်သို့ ဆင်းသက်လိုက်သည် ။ သိုင်းပြိုင်စင်ပေါ်သို့ရောက်တာနဲ့ စွင်းကျန်းတို့က ရှောင်လုံကို အရင်ကတခါမှ မမြင်ဘူးသော လူတယောက်ကဲ့သို့ ငေးမောကြည့်လေသည် ။

ကောင်းကင်အဆင့်သိုင်သမားကို မြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့ အထွတ်အထိပ်သိုင်သမားက အနိုင်ရတယ်ဆိုတာ သူတို့အသက်ရှင်နေတဲ့ သက်တမ်းတလျှောက်လုံး လုံးဝမကြားဘူးသေးသော အဖြစ်အပျက်တခုပဲ ဖြစ်သည် ။

ကောင်းကင်အဆင့်နဲ့ မြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့ အထွတ်အထိပ်အဆင့်က ကြည့်တော့သာ အလွှာပါးလေးတခုပဲ ကျန်တော့သယောင် ထင်ရပေမယ့် တက်ာလက်တွေ့မှာတော့ ကွာဟချက်က အင်မတန်ကို ကြီးမားလေသည် ။ ကောင်းကင်နဲ့ မြေကြီယလောက်ကွာခြားတယ်လို့ ဆိုရင်တောင် မလွန်ပေ.. ။ မြေကြီးအဆင့် ၉ နဲ့ မြေကြီးအဆင့်၁၀ ကွာခြားသလိုမျိုး လုံးဝမဟုတ်ပေ... ။ မြေကြီးအဆင့် ၉ သိုင်သမားက မြေကြီးအဆင့်၁၀ သိာင်သမားကို အနိုင်ကတယ်ဆိုတာကတောင် အတော့ကို ကြားရခဲသည် ။

ဒါကြောင့်မို့ ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် မြေကြီးအဆင့်၁၀ သိုင်သမားက ကောင်းကင်အဆင့် သိုင်းသမား အနိုင်ယူဖို့ဘယ်လိုနည်းနဲ့မှ  မဖြစ်နိုင်ပေ.. ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၅၃ ... ကျောင်း၏ နံပါတ်တစ်

   သိုင်းပြိုင်စင်အောက်က တတိယနှစ်တန်းခွဲသုံးရဲ့ အတန်းပိုင်ဆရာ ချန်ရှောင်ဂျင်ကတော့ အကြီးအကဲတွေဖြစ်ကျတဲ့ ရှဲဝေ ၊ ဂျန်ဂျင်ယု နဲ့ ချန်ဖန်းလီ တို့ကိုအနိုင်ရအောင်စွမ်းအောင်နိုင်သော ရှောင်လုံကိုကြည့်ရင်း ယင်ကောင်ပါးစပ်ထဲကိုဥဝင်ဥလို့ ရနိုင်တဲ့အထိ သူပါးစပ်အဟောင်းသားဖြစ်နေသည် ။

မျက်နှာအရောင်ဖျော့ဖျော့နဲ့လူငယ်အပါအဝင် ကျိုးထန်နောက်မှာရပ်နေကျတဲ့ကျောင်းသားတွေအကုန်း သူတို့မျက်စိရှေ့ကမြင်ကွင်းကို
ကြည့်ရင်း ခြေထောက်တွေပျော့ခွေကာ ဒူးထောက်ကျလု မတတ်ဖြစ်ကုန်သည် ။

ရှောင်လုံ ကိုသူ့ပြိုင်ဘက်တွေက စစ်သူကြီးချုပ် ဟောက်ထျန်ရဲ့အရှိန်အဝါကြောင့် ညှာတာအကြောပေးတာလို့ပြောတဲ့ကျောင်းသားတွေအကုန်လုံး ဝက်ရူးပြန်သလို တဆတ်ဆတ်တွန့်လိန်နေကြသည် ။

သိုင်းပြိုင်ကွင်းကြီးတခုလုံးကို တိတ်ဆိတ်ငြိမ်သက်မှုကပဲ လွှမ်းခြုံထား၏ ။ သိုင်းပြိုင်စင်ပေါ်ကနေ ကြီးကျယ်လွှမ်းမိုးမှု အရှိန်အဝါတွေထွက်ပေါ်နေသော ရှောင်လုံပုံရိပ်ကိုငေးကြည့်ရင်း မိန်းမပျိုလေးတွေရဲ့နှလုံးသားက သမင်ပေါက်လေးသဖွယ် ခုန်ပေါက်နေသည် ။
သူ့တို့နားတွေထဲမှာကို သူတို့ရဲ့ နှလုံးသားပြင်းပြင်းထန်ထန် ခုန်နေသော အသံတွေကိုကြားနေရသည် ။

ရှောင်လုံကို အကြည့်တောက်တောက်လေးတွေဖြင့် ချစ်ခင်နှစ်သက်စွာငေးကြည့်နေကြသော မိန်းမပျိုလေးတွေရဲ့ အကြည့်ကသာ လျှပ်စစ်ဓတ်ပါမယ်ဆိုရင် သူတို့အကြည့်နဲ့တင် ရှောင်လုံပြာ ဖြစ်သွားနိုင်သည် ။

အချိန်တော်တော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေပြီးမှ တပြိုင်နက်ထဲလိုလို ချီးကျူးအားပေးသံ လက်ခုပ်သီး လက်ခေါက်မှုတ်သံတွေက မိုးခြိမ့်လိုက်သကဲ့သို့ ပြိုင်တူထွက်ပေါ်လာ၏ ။

ရှဲဝေ ၊ ချန်ဖန်းလီ နဲ့ ဂျန်ဟန်ယုတို့လဲ မြေကြီးပေါ်ကနေ ရှက်ရွံစွာဖြင့် ကုန်ရုန်းထိလိုက်လေသည် ။ သူတို့ရှောင်လုံတို့ကြည့်တဲ့ အကြည့်ထဲမှာတော့ ကြောက်ရွံထိတ်လန့်မှုတွေအထင်းသားပါဝင်နေ၏ ။

သူတို့စိတ်ထဲမှာ တန်းခွဲရဲ့ပထမနေရာကိုတောင်ရယူနိုင်မယ့်လို့မထင်ထားသော ရှောင်လုံက ကျောင်းတကျောင်းလုံးရဲ့ ချန်ပီယံဘွဲ့ကိုဆွတ်ခူးလိုက်နိုင်ရုံမက ဒီလောက်ထိအောင်ကို ကြောက်စရာကောင်းနေပါလား... ။

ရှောင်လုံအတွက်လပ်ခုပ်တီးသံတွေ ရှောင်လုံအပေါ်အဆက်မပြတ်ချီုးကျူးသံတွေကိုကြားတော့ သူတို့နားထဲ သံရည်ပူလောင်းထဲနေသလို ခံစားလိုက်ရသည်။

"... ရှဲဝေ ၊ ဂျန်ဟန်ယု ၊ ချန်ဖန်းလီ....  မင်းတို့သုံးယောက်က ငါတုိ့ကျောင်းက ချမှတ်ထားတဲ့ စည်းမျဉ်စည်းကမ်းတွေကို လုံးဝဂရုမစိုက်ဘူးပေါ့လေ...   အကြီးအကဲတယောက်အနေနဲ့ မင်းတို့က ကျောင်းသားအချင်းချင်းသိုင်းပြိုင်ပွဲကို ဝင်ရောက်နှောက်ယှက်ရုံမက ငါတို့တကျောင်းလုံးလဲ ချန်ပီယံ ဟောင်ရှောင်လုံကိုပါ ဒဏ်ရာရအောင် လုပ်ဖို့ကြိုးစားတယ်ပေါ့... "
စွင်းကျန်က အတွင်းဘက်ခြံဝန်း အကြီးအကဲသုံးယောက်ကို ဒေါသတကြီးစိုက်ကြည့်ရင်း အော်ဟစ်ကြိမ်းမောင်းလိုက်သည် ။

ရှဲဝေက ကျောင်းအုပ်ကြီးစွင်းကျန်းနဲ့ ရှောင်းချူးကို လှောင်ပြောင်သလို စိုက်ကြည့်ရင်းပြောလိုက်သည်
"... အဲ့တော့ဘာဖြစ်လဲ.. ? စွင်းကျန်း... မင်းငါတို့ကိုကျောင်းကထုတ်ပယ်ခြင်ရင်တောင်မှ မင်းအနေနဲ့ အကြီးအကဲတွေအားလုံးကိုအသည်းအဝေးခေါပြီး ဆုံးဖြတ်မှရမယ်ဆိုတာကို မေ့နေပြီလား... "

အတွင်းဘက်ခြံဝန်းက အကြီးအကဲတယောက်အနေနဲ့ သူတို့ဘာပြစ်မှုပဲ ကျူးလွန်ကျူးလွန် အကြီးအကဲတွေအားလုံးရဲ့ အစည်းအဝေးမှသာ သူတို့အပြစ်ဒဏ်ကိုဆုံးဖြတ်နိုင်မှာပဲ ဖြစ်သည် ။ ကျောင်းအုပ်ကြီးစွင်းကျန်း နဲ့ လက်ထောက်ကျောင်းအုပ် ရှောင်းချူးတို့မှာတောင် သူတို့ကို အပြစ်ပေးနိုင်တဲ့ အာဏာမရှိချေ.. ။

အဲ့ဒီအချက်ကိုပြန်သတိရသွားတော့ စွင်းကျန်းနဲ့ ရှောင်းချူးမျက်နှာက ချက်ချင်းကိုမဲမှောင်သွားသည်။

ကိုယ်ကိုကိုယ် အထင်ကြီး ဘဝင်မြင့်တဲ့ အပြုံးတွေက ရှဲဝေ ၊ ဂျန်ဟန်ယုနဲ့ ချန်ဖန်းလီတို့မျက်နှာပေါမှာ အသီးသီးပေါ်ပေါက်လာသည် ။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ ရှောင်လုံက သူတို့နားက ဖြည်းဖြည်းချင်းလမ်းလျှောက်လာ၏  ။

ရှောင်လုံကိုမြင်တော့ သူတို့မျက်နှာပေါက ဘဝင်မြင့်နေသော အပြုံးတွေက အေးခဲသွားကာ မျက်နှာကသွေးရောင်တွေ လျော့ကျသွားသည်။

"... ဟောင်ရှောင်လုံ... မင်း..မင်းဘာလုပ်ချင်လို့လဲ.. "
ရှဲဝေက သူမျက်နှာပေါ်မှာ အထင်းသားပေါ်ထွက်နေတဲ့ ကြောက်ရွံတုန်လှုပ်မှုကို ကြိုးစားဖုံးကွယ်ရင်းနဲ့ ထစ်ငေါ့စွာမေးလိုက်သည် ။

ဂျန်ဟန်ယုကလဲ ရှောင်လုံကိုကြည့်ရင်း အမိန့်ပေးသလိူမျိုး ဟိန်းဟောက်လိုက်သည်
"... ဟောင်ရှောင်လုံ... မင်းက အတွင်းဘက်ခြံဝန်းရဲ့ အကြီးအကဲတွေကိုတောင် မလေးမစားရုံမက ဒဏ်ရာရအောင်ပါလုပ်ခဲ့တယ်ပေါ့လေ..   မင်း..မင်းစောင့်နေ... မင်းကျောင်းကနေ ထွက်ကိုထွက်ရမယ်..."

တကယ်တမ်းအဖြစ်မှန်က သူတို့သုံးယောက်က ကျောင်းသားအချင်ချင်းသိုင်းပြိုင်ပွဲကို ဝင်ရောက်စွက်ဖက်လို့ ရှောင်လုံက တုန့်ပြန်တိုက်ခိုက်ခဲ့တာမဟုတ်လား ။ သူတို့က ကှောင်လုံကို သုံးယောက်တယောက်အနေအထားနဲ့တောင် ချောင်မြောင်းတိုက်ခိုက်ခဲ့တာလေ.. ။
ဒါတောင်မှ အခုကျတော့ အရှက်မရှိစွှာဖြင့် ရှောင်လုံက အကြီးအကဲတွေကို လေးစားမှုမရှိပဲ ဒဏ်ရာရအောင်လုပ်တယ်လို့ သူခိုးလူဟစ်နေပါလား..  အဲ့ဒါကိုအကြောင်းပြပြီးရှောင်လုံကိုပါ ကျောင်းကထုတ်ပယ်ချင်နေသေးသည် ။

ရှောင်လုံလေသံရော မျက်နှာအနေအထားကပါ လူကြီးတယောက်လို တည်ငြိမ်ရင်ကျက်နေကာ လေသံမှန်မှန်ဖြင့်ပြောလိုက်သည်
".. အိုး.. တကယ်လား... မင်းတို့သုံးယောက်မှာ ငါ့ကိုကျောင်းကထုတ်ပယ်နိုင်တဲ့ အခွင့်အာဏာရှိလို့လား.. ? "

အတွင်းဘက်ခြံဝန်းကတပည့်ဖြစ်စေ သာမန်ရိုးရိုးကျောင်းသားတယောက်ဖြစ်စေ သူ့ကို ကျောင်းကထုတ်ပယ်ချင်တယ်ဆိုရင် အဲ့လိုမျိုးလုပ်နိုင်တဲ့ သူက ကျောင်းအုပ်ကြီးစွင်းကျန်း နဲ့ လက်ထေါက်ကျောင်းအုပ်
ရှောင်းချူးတို့မှာသာ အခွင့်အာဏာရှိတာပဲ ဖြစ်သည် ။

ရှဲဝေအပါအဝင် ကျန်တဲ့အကြီးအကဲနှစ်ယောက်လဲ ရှောင်လုံရဲ့တုန့်ပြန်စကားကိုကြားတော့ ဘာပြန်ပြောရမလဲမသိဖြစ်သွားပြီး ခနလေညက်မင်သက်သွားသည် ။ သူတို့ကိုယ်တိုင်လဲ ပြောချင်စောအားကြီးပြီး အဲ့ဒိအချက်ကိုမေ့လျော့နေလေသည် ။

ရှောင်လုံက သူတို့သုံးယောက်အနားကို ထပ်မံချဉ်းကျပ်လာပြန်သည် ။ အဲ့ဒါကိုမြင်တော့ ရှဲဝေ ဂျန်ဟန်ယုနဲ့ ချန်ဖန်းလီတို့ အလဲလဲအပြိုပြိုဖြစ်နေသော မျက်နှာထားဖြင့် ကြောက်ရွံစွာ အနောက်ကို ဆုတ်လိုက်ကြသည် ။

"... ဟောင်..ဟောင်ရှောင်လုံ.. မင်းကျောင်းစည်းကမ်းကို လွန်ဆန်ရဲတယ်ပေါ့လေ... ?"
ရှဲဝေက အနဲငယ်သတ္တိမွေးပြီး အရှေ့ထွက်ကာ ရှောင်လုံကို အော်ပြောလိုက်သည် ။ သူစကားမဆုံးခင်မှာပဲ ရှောင်လုံက အနက်ရောင်တလက်လက်တောက်ပနေသော သူ့ရဲ့မိစ္ဆာတောင်ပံကို တချက်ခတ်လိုက်၏ ။ တစက္ကန့်ရဲ့ ဆယ်ပုံတပုံလောက်အခ်ျန်အတော့အတွင်းမှာပဲ ရှောင်လုံက ရှဲဝေအရှေ့သို့ရောက်ရှိလာကာ သူမျက်နှာတည့်တည့်ကို လက်သီဖြင့်ထိုးချလိုက်သည် ။

ရှဲဝေဦးခေါင်းက လက်သီးချက်ကြောင့် ချာကနဲလည်ထွက်သွားပြ်ီး သူ့ခန္ဓာကိုယ်ကလဲ အနောက်ဘက်သို့ လွင့်ထွက်သွားလေသည်။
အဲ့နောက်ရှောင်လုံက ကြောက်ရွံနေသောယုန်ကလေးတွေလို တဆတ်ဆတ်တုန်ယင်နေသော ချန်ဖန်းလီနဲ့ ဂျန်ဝန်ယုအနားကိုလျှောက်လာသည် ။ ရှောင်လုံသူတို့ဘက်ကို မျက်နှာမူလိုက်တာမြင်တော့ ဂျန်ဟန်ယုတိုနှစ်ယောက်လုံးရဲ့ မျက်နှာတွေရှုံ့မဲ့ကုန်ကြသည်။

"... ဟောင်ရှောင်လုံ.. မင်း..မင်းလက်မပါနဲ့လေ...  မင်းစကားပြောချင်တယ်ဆိုရင်ပြေပြေလည်လည်ဆွေးနွေးလို့ရပါတယ်.. စဉ်းစဉ်းစားစားလုပ်ပါကွာ... "
သူတို့နှစ်ယောက်လုံက မျက်နှာချိုသွေးရင်းပြောလိုက်သည်။

ငြိမ်ငြိမ်းချမ်းချမ်းဆွေးနွေးရမယ် ဟူတ်လား..? စဉ်းစဉ်းစားစားလုပ်ပါ.. ? ရှောင်လုံကသရော်ပြုံးလေးနဲ့ သူတို့စကားကိုပြန်လည်ရွေရွတ်လိုက်ကာ သူလက်ဝါးဖြင့် အကြီးအကဲနှစ်ယောက်ရင်ဘတ်က်ု ရုတ်တရက်ရိုက်ချလိုက်သည် ။ သူတို့နှစ်ယောက်လုံးလဲ နာကျင်စွာအော်ဟစ်ရင်း လွင့်ထွက်သွားသည် ။

ဆူညံပွက်လောရိုက်နေသော သိုင်းပြိုင်ကွင်းကြီးတခုလုံးလဲ အဲ့ဒိမြင်ကွင်းကိုကြည့်ရင်း တဖန်ပြန်လည်ငြိမ်သက်သွားပြန်၏ ။
အရပ်လေးမျက်နှာကရှိရှိသမျှလူတွေအကုန်လုံးရဲ့ အကြည့်ကတနေရာမှာပဲ စုပြုံနေ၏ ။

ရှောင်လုံကတော့ မြေကြီးပေါ်မှာ လူးလိမ့်ညီးတွားနေသော လူသုံးယောက်ကိုတချက်စိုက်ကြည့်လိုက်သည် ။ အဲ့နောက် သူတို့နားကို ထပ်မံလျှောက်လာပြန်သည် ။

ကျောင်းအုပ်ကြီးစွင်းကျန်း နဲ့ လက်ထေါက်ကျောင်းအုပ် ရှောင်းချူးနဲ့ ရှောင်လုံ အတွင်းဘက်ခြံဝန်းက အကြီးအကဲတွေနားကိုထပ်မံချဉ်ကပ်သွားတာမြင်တော့ တယောက်မျက်နှာတယောက်ကြည့်လိုက်ကြ၏
သူတို့နှစ်ယောက်လုံးက တခွန်းမှဝင်မဟန့်တားပဲ ပွဲကြီးပွဲကောင်းကိုဆက်ပြီးကြည့်နေလေသည် ။

ရှဲဝေတို့ သုံးယောက်က အတွင်းဘက်ခြံဝန်းအကြီးအကဲအဖြစ် တာဝန်ယူထားတာ နှစ်ပေါင်းအတော်ကြာနေပြီပဲ ဖြစ်သည် ။ ဝန်ကြီးချုပ် ဝူဖန်းက သူတို့နောက်မှာအားပေးအားမြှောက်လုပ်ထားတာမို့လို့ သူတို့သုံးယောက်က စွင်းကျန်းနဲ့ ရှောင်းချူးနှစ်ယောက်ကို ဒီနှစ်တွေအတွင်း မျက်လုံးထဲလုံးဝမထဲ့ပေ.. ။ စွင်းကျန်းတို့နှစ်ယောက်လုံးကလဲ သူတို့သုံးယောက်ကိုမကျေမနပ်ဖြစ်နေတာ အတော်ကြာနေပြီပဲ ဖြစ်သည် ။

ရှဲဝေက ခပ်ပြုံးပြုံးအမူအရာဖြင့် လက်ပိုက်ကာ ကျောက်ရုပ်ကြီးတွေလိုမျိုး မလှုပ်မရှက်ရပ်နေကြသော စွင်းကျန်းနဲ့ရှောင်းချူးကို သတိထားမိသွားသည် ။ သူက အခြေအနေကိုသဘောပေါက်သွားပြ်ိး ဒေါသတကြီးအော်ဟစ်လိုက်သည်
"... စွင်းကျန်း... ရှောင်းချူး...  မင်းတို့နှစ်ယောက်က ကျောင်းအုပ်နဲ့ လက်ထောက်ကျောင်းအုပ်လုပ်နေပြီး  ငါတို့ကျောင်းရဲ့ အထွတ်အမြတ်နေရာဖြစ်တဲ့ အတွင်းဘက်ခြံဝန်းက အကြီးအကဲတွေကို ကျောင်းသားတယောက်က ရန်စစော်ကားနေတာကို မင်းတို့အခုလိုမျိုး လက်ပိုက်ကြည့်နေရသလားကွ...  အကြီးအကဲတွေ ထိပ်သီးအစည်းအဝေးခေါ်ပြီးတာနဲ့ မင်းတို့နှစ်ယောက်လုံးကို ရာထူးကနေ ဖယ်ရှားပသ်ဖို ငါအဆိုတင်သွင်းမယ်ကွ... နားလည်လား.. ?"

စွင်းကျန်းက ငေါ့သလိုမျိုး ခပ်တိုးတိုးရီမောလိုက်ကာ
"... အိုး.. တကယ်လား... ? ငါ့ကိုတဆိတ်လောက်ခွင့်ပြုပါအုံး...
မနေ့ကထဲက ငါ့မျက်လုံးထဲဘာဝင်သွားလဲကိုမသိပါဘူး... ဒီနေ့ဘာမှသေချာမမြင်ရဘူးဖြစ်နေတာ်... "

ဘာမှမမြင်ရဘူး.. ဟုတ်လား... ?
ရှဲဝေ ၊ ဂျန်ဟန်ယုနဲ့ ချန်ဖန်းလီတို့သုံးယောက် ဒေါသထွက်လွန်းလို့ ရအသက်မရှုနိုင်အောင်ဖြစ်သွားကြသည် ။ ဒီကောင်စွင်းကျန်း မျက်တောင်တချက်မခတ်ပဲကို လိမ်နိုင်ပါလား... ။ ဒီအချိန်မှာတော့ စွင်းကျန်းဘယ်လောက်ထိ မျက်နှာပြောင်တိုက်လဲတိုတာကို သူတို့မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရပြီလေ  ..။

ရှောင်လုံက မျက်တပ်ရပ်ဖို့ကြိုးစားနေသော သူတို့သုံးယောက်အရှေ့မှာ ရပ်လိုက်သည်။  သူတို့မတ်တပ်ရပ်နိုင်တော့မယ်အချိန်မှာပဲ ရှောင်လုံရဲ့့ပြင်ထန်းသော ခြေကန်ချက်ကြောင့် အဝေးသို့ထပ်မံလွင့်စင်သွားပြန်သည် ။ 

သူတို့အားလုံး မြေကြီးနဲ့ပြင်းထန်စွာရိုက်မိကြလေသည်။ ချန်ဖန်းလီကသူ့ရင်ဘတ်ကိုဆုပ်ကိုင်ရင်း နာကျင်စွာလွန်းလို့ ရှုံ့မဲ့သွားသည်

"...အကုန်ကျိုးကုန်ပါပြီ.. "
သူ့ဆီကနေ စူးစူးဝါးဝါးအော်ဟစ်သံထွက်ပေါ်လာ၏ ။ ရှောင်လုံက သူ့ခြေကန်ချက်ထဲမှာ စွမ်းအားတော်တော်များများထဲ့ထားတဲ့အပြင် သူ့ရဲ့နတ်ဆိုးဓားသိုင်းက ရေခဲချီဓတ်တွေကိုလဲ သူတို့သုံးယောက်ကိုပညာပေးဖို့ အနဲအကျဉ်းလောက်ထဲ့ပေးလိုက်၏ ။

သူတို့လေးစားရတဲ့ အကြီးအကဲသုံးယောက် ရှောင်လုံလက်ချက်ဖြင့်နာကျင်လွန်းလို့ မြေကြီးပေါမှာလူးလှိမ့်နေတာကိုမြင်တော့ မျက်နှာဖျော့ဖျော့လူငယ်အပါအဝင် အတွင်းဘက်ခြံဝန်းရဲ့တပည့်လုံးအကုန်လုံး ကြောက်လန့်စွာဖြင့်  ရှောင်လုံနဲ့ဝေးရာကိုဆုတ်လိုက်ကြသည်။

အဲ့ဒီအချိန်မှာပဲ ကျောင်းအုပ်ကြီးစွင်းကျန်းကဝင်ပြောလိုက်သည်
"... ရှောင်လုံ... ဒိသုံးယောက်ကိစ္စကို ငါဖြေရှင်းပေးပါ့မယ်... "
သူ့အနေနဲ့ ရှောင်လုံ အခုလိုမျိုး အကြီးအကဲသုံးယောက်ကိုသတ်လိုက်မှာကို လက်ပိုက်ကြည့်နေလို့မှမဖြစ်ပဲ...  အထူးသဖြင့် အခုကျောင်းရဲ့ သိုင်းပြိုင်ကွင်းထဲမှာက ကြယ်စကြာဝဠာကျောင်းမှာ ကျောင်းတက်နေကြသော ကျောင်းသားတိုင်းလိုလို ရောက်နေတာမို့ ကျောင်းအုပ်တယောက်အနေနဲ့ အခြေအနေဒီထက်ပိုမဆိုးရွားခင် သူ့မှာဝင်ထိန်းဖို့ တာဝန်ရှိလေသည် ။

အားလုံးကတော့ ဘာဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေကြသည် ။

ရှောင်လုံက ကျောင်းအုပ်ကြီးဆုံးဖြတ်ချက်ကို သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ တကယ်တမ်း ရှောင်လုံစိတ်ထဲမှာလဲ သူတို့သုံးယောက်ကိုသတ်ပစ်လိုက်ဖို့အထိ အစီစဉ်မရှိပေ.. ။

ဒါပေမယ့် အခုလိုမျိုးရှောင်လုံလက်ချက်ကို ပြင်းပြင်းထန်ထန်မိသွားပြီးကတည်းက သူတို့မသေဘူးဆိုရင်တော့ အနဲဆုံးတော့ မသန်မစွမ်းဖြစ်သွားတော့မှာပဲ ဖြစ်သည် ။ ဘာကြောင့်လဲဆိုတော့ ကှောင်လုံကသူရဲ့ နတ်ဆိုးရေခဲဓတ်ချီစွမ်းအင်တွေကို အကြီးအကဲသုံးယောက်ရဲ့ ချီပင်လယ်ထဲရောက်အောင် ထဲ့ပေးလိုက်လို့ပဲ ဖြစ်သည် ။

သူတို့အနေနဲ့ ရှောင်လုံရဲ့ ရေခဲဓတ်ချီစွမ်းအင်ကို အချိန်အတိုင်းတာတခုလောက်ထိ ထကြွမလအောင် ထိန်းချုပ်နိုင်ပေမယ့် လုံးဝအကုန်အစင်ပျောက်ဆုံးသွားအောင်တော့ ကုသ၍မရနိုင်ပေ.. ။

ဒီလိုနဲ့ ကြယ်စကြယဝဠာကျောင်းရဲ့ နှစ်ကုန်အရည်အချင်းစစ်သိုင်းပညာပွဲက ပြောစရာပေါင်းသောင်းခြောက်ထောင်နဲ့ ပြီးဆုံးသွားခဲ့လေသည် ။

ရှောင်လုံက တတိယနှစ်ရဲ့တန်းခွဲနံပါတ်သုံးမှာ နံပါတ်တစ်အဆင့်ကိုရခဲ့ရုံမက တတိတန်းရဲ့ ချန်ပီယံအပြင် တကျောင်းလုံးရဲ့ ချန်ပီယံဘွဲ့ကိုပါဆွတ်ခူးနိုင်ခဲ့သည် ။

နောက်နှစ်အတွက် ကြယ်စကြာဝဠာကျောင်းကိုကိုယ်စားပြုပြီး ဒေါင်ရမ်းအင်ပါရာနိုင်ငံက လက်ခံကျင်းပမယ့် နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခွင့်ရသွားသူက ရှောင်လုံပဲ ဖြစ်သည် ။

နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ... !

သိုင်းပြိုင်ပွဲပြီးသွားတော့ အနိုင်ရတဲ့သူတွေကို ဆုချီးမြှင့်တဲ့ အစီအစဉ်စတင်လိုက်သည် ။ သတ်ဆိုင်ရာဆုအသီးသီးချီးမြှင့်ပြီးလို့ အားလုံးပြန်သွားကြတဲ့အချိန်မှာတော့ စွင်းကျန်းနဲ့ ရှောင်ချူးက ရှောင်လုံအတွက် ဆိုပြီး သီးသန့်ဝိညဉ်ဆေးလုံး နှစ်လုံးကိုထပ်မံချီးမြှင့်ခဲ့သည် ။

အရက်နှစ်တွေတုံးကဆိုရင် သူတို့ကရှောင်လုံကိုဆေးလုံးတလုံးပဲ ဆုချီးမြှင့်တာဖြစ်သည်  ။ ဒိနှစ်ကြတော့ ဝိညဉ်ဆေးလုံးနှစ်လုံးကို ဘယ်သူမှမသိအောင် ထပ်မံပေးအပ်ခဲ့တာပဲ ဖြစ်၏ ။

အဆင့်မြင့်အဆင့်၅ ဝိညဉ်ဆေးလုံးဆိုတာ အရမ်းကိုတန်ဖိုးရှိတာမို့ ရှောင်းချူးနဲ့ စွင်းကျန်းက သူတို့သိုင်းလေ့ကျင့်တဲ့နေရာမှာတောင် အသုံးပြုခဲသည် ။ အခုသူတို့က ရှောင်လုံကို ဝိညဉ်ဆေးလုံးနှစ်လုံးပေးတာဆိုတော့ ရှောင်လုံအပေါ် သူတို့ဘယ်လောက်အလေးထားတယ်ဆိုတာကိုသိနိုင်လေသည် ။

နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမစတင်မှီမှာ ရှောင်လုံအခုထက်ပိုပြီး အတွင်းအားအဆင့်တက်လာနိုင်ဖို့က သူတို့နှစ်ယောက်လုံးရဲ့ တခုတည်းသောမျှော်လင့်ချက်ပဲ ဖြစ်၏ ။

ရှောင်လုံထွက်မသွားခင်မှာပဲ စွင်းကျန်းကပြောလိုက်၏
"... ရှောင်လုံ သိုင်းပြိုင်စင်မြင့်ထက်မှာ မင်းရှဲဝေကိုအနိုင်ယူနိုင်ပေမယ့် နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာက ကျောင်းသားတွေအများကြီးဝင်ရောက်ယှဉ်ပြိုင်ကြမယ်ဆိုတာကိုမင်းသိတယ်မဟူတ်လာ..  နှစ်တိုင်း တထောင်မကများပြားလှသော ဒေါင်ရမ်းအင်ပါရာလက်အောက်ခံနိုက်ငံတွေကနေ ပြိုင်ပွဲဝင်မယ့်သူတွေအများကြီးလာကြတယ်... သူတို့ထဲမှာ
ရှဲဝေထက် ပိုပြီးအစွမ်းထက်တဲ့သူတွေလဲအများကြီးပါတယ်...
တချို့လူတွေဆို ပါရမီနဲ့ အစွမ်းအစက မင်းနဲ့ တန်းတူလောက်ရှိတယ်
  ငါကမင်းဘဝင့်မြင့်သွားမှာကိုအရမ်းစိုးရိမ်တယ်...  ... ရန်သူကို ဘယ်တော့မှ အထင်မသေးပါနဲ့ကွာ.."

ရှောင်းချူးကလဲ ရှောင်လုံလိုအပ်မယ့်ထင်တဲ့ အကြံပြုချက် တချို့ကို ပေးလိုက်၏ ။ သူ့ကိုယ်တိုင်ကလဲ ရှောင်လုံငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုမျိုးအရမ်းအစွမ်းထက်နေတာမြင်တော့ မာနထောင်လွှားပြီး ပြိုင်ဘက်တွေကို အထင်သေးမိမှာ အရမ်းစိုးရိမ်နေသည် ။ ရှောင်လုံလဲ သူတို့ကို သေချာ ကတိပေးလိုက်၏ ။

ခနလောက်စကားစမြည်ပြောပြီးတဲ့နောက် ရှောင်လုံလဲ အိမ်သို့ပြန်လာသည် ။ ရှောင်းချူးက အိမ်ပြန်သွားသောရှောင်လုံနောက်ကျော်ကိုကြည့်ရင်း စိုးရိမ်ပူပန်စိတ်ရော ဂုဏ်ယူစိတ်ရောကို တပြိုင်နက်ခံစားလိုက်ရကာ
"... ရှောင်လုံတယောက် နိုင်ငံပေါင်းစုံသိုင်းပြိုင်ပြွဲကရင်ရော ဘယ်လိုရလဒ်မျိုးရအောင် စွမ်းဆောင်နိုင်မလဲမသိဘူးနော်  ..."

စွင်းကျန်းက အလေးအနက်လေသံဖြင့်ညပြန်ပြောလိုက်သည်
"... အဆင့် ၁ ကနေ ၁၀ အတွင်းဝင်ဖို့ကတော့ သေချာတယ်... ဒါပေမယ့် နံပါတ်တစ်ရဖို့အတွက်ကတော့ လွယ်ကူမှာမဟူတ်ဘူး
ဒေါင်ရမ်းအင်ပါရာရဲ့ လက်အောက်ခံနိုင်ငံတွေထဲမှာ အရမ်းကိုထူးချွန်တဲ့ ပါရမီရှင်ပေါင်းကမရေမတွက်နိုင်အောင်ရှိတယ်ဆိုတာ မင်းတို့ငါတို့အသိပဲမဟုတ်လား... "

ရှောင်လုံထျန်ယွမ်အိမ်တေယ်ထဲကိုဝင်လိုက်တာနဲ့ သူတို့စောင့်ကြိုနေကြတဲ့ သူတွေက ဝိုင်းဝန်ချီးကျူးစကားဆိုလိုက်ကြကာ ထျန်ယွမ်အိမ်တော်တခုလုံး ညနက်နေတာတောင်မှာ လူတွေအများကြီးဖြင့် သက်ဝင်လှုပ်ရှားနေတော့သည် ။

ဒီနှစ်မှာတော့ ရှောင်လုံက အတန်းရဲ့ ပမထနေရာကိုသာမက တကျောင်းလုံးရဲ့ ချန်ပီယံဘွဲ့ကိုပါရယူနိုင်ခဲ့တာလေ... ။

ကြယ်စကြာဝဠာကျောင်းကိုကိုယ်စားပြုပြီး ဒေါင်ရမ်းအင်ပါရာနိုင်ငံကကျင်းပမယ့်သိုင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်တယ်ဆိုကတည်းက
လူတောင်းတနိုင်ငံလုံးက လူတွေအတွက် ကိုယ်စားပြုပြီး သွားယှဉ်ပြိုင်တနဲ့ တူညီတယ်မဟူတ်လား.. ။ ဒါဟာ သူတို့ထျန်ယွမ်အိမ်တေယ်အတွက် ကြီးမားသော ဂုဏ်ယူဖွယ်ရာ ဖြစ်ရပ်တခုပဲ ဖြစ်သည် ။
အရင်တုံးကဆိုရင် အခုလိုမျိုးဖြစ်လာဖို့ကို ဟောင်ပန်နဲ့ စုရန်တို့ အိမ်မက်ထဲတောင်မှ ထဲ့မမက်ဘူးကြပေ...  ။ သူတို့အနေနဲ့ ရှောင်လုံသာမရှိရင် အခုလိုမျိုး ဂုဏ်ယူစရာကိစ္စကို တွေ့ကြုံနိုင်ဖို့ဆိုတာ အခွင်းအရေးမရှိသလောက်ပဲ ဖြစ်သည် ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၅၄ ..... ကိုယ်တွင်းစွမ်းအား ကောင်းကင်အဆင့်သို့ရောက်ရှိခြင်း

    
ရှောင်လုံထျန်ယွမ်အိမ်တော်ထဲကိုဝင်လိုက်တာနဲ့ သူတို့စောင့်ကြိုနေကြတဲ့ သူတွေက ဝိုင်းဝန်ချီးကျူးစကားဆိုလိုက်ကြကာ ထျန်ယွမ်အိမ်တော်တခုလုံးက ညနက်နေတာတောင်မှ လူတွေအများကြီးဖြင့် သက်ဝင်လှုပ်ရှားနေလေသည် ။

ဒီနှစ်မှာတော့ ရှောင်လုံက အတန်းရဲ့ ပမထနေရာကိုသာမက တကျောင်းလုံးရဲ့ ချန်ပီယံဘွဲ့ကိုပါရယူနိုင်ခဲ့တာလေ... ။

ကြယ်စကြာဝဠာကျောင်းကိုကိုယ်စားပြုပြီး ဒေါင်ရမ်းအင်ပါရာနိုင်ငံကကျင်းပမယ့်သိုင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်တယ်ဆိုကတည်းက
လူတောင်းတနိုင်ငံလုံးက လူတွေအတွက် ကိုယ်စားပြုပြီး သွားယှဉ်ပြိုင်တနဲ့ တူညီတယ်မဟုတ်လား.. ။ ဒါဟာ သူတို့ထျန်ယွမ်အိမ်တော်အတွက် ကြီးမားသော ဂုဏ်ယူဖွယ်ရာ ဖြစ်ရပ်တခုပင် ဖြစ်၏ ။
အရင်တုံးကဆိုရင် အခုလိုမျိုးအခြေအနေတွေဖြစ်လာဖို့ကို ဟောင်ပန်နဲ့ စုရန်တို့ အိမ်မက်ထဲတောင်မှ ထဲ့မမက်ဘူးကြပေ...  ။ သူတို့အနေနဲ့ ရှောင်လုံကိုသာမမွေးဖွားခဲ့ဘူးဆိုရင် အခုလိုမျိုး ဂုဏ်ယူစရာကိစ္စကို တွေ့ကြုံနိုင်ဖို့ဆိုတာ အခွင်းအရေးလုံးဝမရှိနိုင်ပေ ။

    ရှောင်လုံရဲ့ နိုင်ပွဲကြောင့် ထျန်ယွမ်အိမ်တော်တခုလုံးက အစေခံတွေအားရဲ့မျက်နှာတွေက ဝင်းလက်တောက်ပနေကြသည် ။ ရှောင်လုံရဲ့ အောင်ပွဲက သူတို့အားလုံးရဲ့အောင်ပွဲဖြစ်တာမို့ အားလုံးက ရှောင်လုံအတွက် ဂုဏ်ယူဝမ်းသာနေကြ၏ ။

ထျန်ယွမ်အိမ်တော်ရဲ့ အရှေ့တံခါးမှာလဲ မီးရှုးမီးပန်းတွေကို အဆက်မပြတ်ဖောက်နေကြကာ လမ်းသွားလမ်းလာတွေကလဲ ပျော်ရွှင်စွာဖြင့် ကြည့်ရှုအားပေးနေကြသည် ။

အဲ့ဒီညမှာပဲ ထျန်ယွမ်အိမ်တော်မှာ ရှောင်လုံအတွက် ဂုဏ်ပြုစားပွဲတခုကိုအကြီးအကျယ်ကျင်းပခဲ့သည်။ လူတောင်းနိုင်ငံက အရေးရာအရာရောက်တဲ့လူတိုင်းလိုလို ဂုဏ်ပြုလက်ဆောင်တွေကိုကိုင်ဆွဲကာ ရှောင်လုံညစာ စားပွဲဆီသို့ စုပြုံရောက်ရှိလာကြသည် ။ ထျန်ယွမ်အိမအတော်တခုလုံး ရယ်မောသံတွေဖြင့် စည်းကားသိုက်မြိုက်နေ၏။

နောက်တရက်မနက်ခင်းမှာတော့ လူတောင်းနိုင်ငံရဲ့ ဘုရင်မင်းမြတ် လူကျန်းကိုယ်တိုင် ထျန်ယွမ်အိမ်တော်ကိုလာရောက်လည်ပတ်လေသည် ။ မင်းသားလေး လူခိုင်ပါ ပါလာ၏ ။

ဘုရင်လူကျန်းက ရှောင်လုံကို လူတောင်းနိုင်ငံအတွက် အစွမ်းကုန်ကြိုးစားပေးဖို့ တောင်းဆိုရင်း အဆင့်မြင့်အဆင့်၅ ဝိညဉ်ဆေးလုံးသုံးလုံးကို ဂုဏ်ပြုလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည် ။ ဒါအပြင် တခြားတန်ဖိုးရှိ ဆေးဝါး ဓတ်စာအများအပြားကိုလဲ ရှောင်လုံလိုအပ်တဲ့နေရာမှာ အသုံးပြုဖို့ ပေးအပ်ခဲ့သည် ။

ကျောင်းအုပ်ကြီး စွင်းကျန်း နဲ့ လက်ထောက်ကျောင်းအုပ် ရှောင်းချူးလိုပဲ ဘုရင်လူကျန်းကိုယ်တိုင်ကလဲ နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမကျင်းပမှီ ရှောင်လုံခွန်အားတွေ အရမ်းတိုးတက်လာတာကိုမြင်ချင်နေသည်။

ရှောင်လုံပိုပြီး သန်မာလာလေ ဒေါင်ရမ်းနိုင်ငံကကျင်းပမယ့် နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာ ပိုမိုထပ်တန်းအဆင့်ကိုဆွတ်ခူးနိုင်လေ မဟုတ်လား.. ။ ဒေါင်ရမ်းအင်ပါရာနိုင်ငံရဲ့ လက်အောက်ခံနိုင်ငံတခုဖြစ်တဲ့ လူတောင်းနိုင်ငံအပေါ် ဒေါင်ရမ်းအင်ပါရာနိုင်ငံက ဘယ်လိုမျိုးဆုလဒ် ချီးမြှင့်မယ်ဆိုတာက ရှောင်လုံရဲ့ သိုင်းပြိုင်ပွဲရလာဒ်အပေါ်
မူတည်နေတာပဲ ဖြစ်သည် ။

     လူခိုင်ကတော့ သူ့အဖေနဲ့ ပြန်လိုက်မသွားခင်မှာ ရှောင်လုံပုခုံးကိုပုတ်ရင်း ရီရီမောမောပြောလိုက်သည်
"... မင်းတော်တော်လျှိုတဲ့ကောင်ပဲကွ...  ငါမင်းကို သိုင်းပြိုင်ပွဲမစတင်ခင်တုံးကမေးတယ်လေ.. ဒီနှစ်ရော တတိယနှစ်တန်းခွဲသုံးအတွက် ပထမနေရာကိုယူမလားဆိုတာ..   မင်းကတော့ ဘာမှပြန်မဖြေပဲ ခပ်ပြုံးပြုံးပဲလုပ်နေတယ်...  အခုကျတော့ မင်းက တတိယနှစ်တန်းခွဲသုံးရဲ့ ပထမနေရာကိုသာမက တတိယနှစ်တတန်းလုံးအတွက် ချန်ပီယံအပြင် တကျောင်းလုံးရဲ့ ချန်ပီယံဘွဲ့ကိုပါ အရယူလိုက်တာပေါ့လေ... !"

ရှောင်လုံက လူခိုင်ကို ခပ်ပြုံးပြုံးမျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်ယ
".. ဟြောင့်.. မင်းလဲ ဒုတိယနှစ်ရဲ့ ပထမနေရာကို ရလိုက်တာပဲ မဟုတ်လား... ?"

လူခိုင်ကရှက်ကိုးရှက်ကန်းပြုံးလိုက်သည် ။ ရှောင်လုံမရှိမှတော့ ဒုတိယနှစ်အတန်းမှာ သူဗိုလ်ဖြစ်ပြီလေ..  အဲ့နောက်သူက ရှောင်လုံနား
အနားကိုကပ်ရင်း ခပ်တိုးတိုးလေးပြောလိုက်သည်
"... သူငယ်ချင်း...  မင်းချန်ချိုင်ရှုကို နဲနဲလောက်ဂရုစိုက်ကြည့်အုံး
ငါအထင်တော့ သူမင်းကိုစိတ်ဝင်စားနေပြီထင်တယ်... "
ရှောင်လုံကိုစပြီးတာနဲ့ ခြေလှမ်းကျဲကြီးတွေဖြင့် ထျန်ယွမ်အိမ်တော်ကနေ ထွက်ပြေးသွားလေသည် ။

ရှောင်လုံလဲ ထွက်ပြေးသွားတော့လူခိုင်နောက်ကျောကိုကြည့်ရင်း သူ့မျက်နှာက အနဲငယ်ရှုံမဲသွားကာ ခေါင်းကိုခါယမ်းလိုက်သည်။
အဲ့နောက်သူ့ပါးစပ်ကနေ တိုးတိုးလေးရေရွတ်လိုက်သည်
"... ဒီငရှုပ်ကတော့လေ.. "

ထျန်ယွမ်အိမ်တော်က ဂုဏ်ပြုစားပွဲကို သုံးရက်သုံးညတိုင်တိုင်ကျင်းပလေသည် ။ ဒါက ရှောင်လုံအမေ စုရန်နဲ့ သူ့အဖေ ဟောင်ပန်တို့ရဲ့ ဆန္ဒာဖြစ်တာမို့ ရှောင်လုံလဲ သူတို့သဘောကျဆောင်ရွက်ခိုင်းလိုက်သည်။ သူ့မိဘတွေပျော်ရွှင်နေသရွေ့ သူတို့ဘာပဲလုပ်လုပ် ရှောင်လုံက
ခွင့်ပြုမှာပဲ ဖြစ်သည် ။

ဂုဏ်ပြုစားပွဲကျင်းပတဲ့ အချိန်သုံးရက်အတွင်းမှာတော့ ရှောင်လုံက သူ့ရဲ့နတ်အတွင်းအားနည်းစနစ်လေ့ကျင့်တာကို ခနရပ်ဆိုင်းထား၏
အဲ့ဒီအစား သူ့ရဲ့ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းကိုပဲ အာရုံစိုက်လေ့ကျင့်ခဲ့သည် ။

အခုဆိုရင်ရှောင်လုံ ခန္ဓာကိုယ်အသွင်ပြောင်းသိုင်းကျမ်းကိုလေ့ကျင့်နေတာ အဆင့်ကိုး "... မိုးပြာရောင်နဂါး လက်သည်းဖြန့်ခြင်း .."
သို့ရောက်ရှိနေလေပြ်ီ.. ။ အဲ့ဒီအဆင့်ကိုးကလဲ အခုဆိုရင် သတ်မှတ်ထားသော အကန့်အသတ်အဆင့်တခုသို့ရောက်ရှိနေပြီဖြစ်ကာ
ရှောင်လုံအနေနဲ့သိုင်းလေ့ကျင့်နေရင်း အချိန်မရွေး အဆင့်၁၀ သို့ရောက်ရှိသွားနိုင်သည် ။

ဂုဏ်ပြုစားပွဲသုံးရက်ကျင်းပပြီးတဲ့နောက်မှာတော့ ထျန်ယွမ်အိမ်တော်ကအရင်အတိုင်းပဲ ပြန်လည်ငြိမ်သက်သွားသည်။ သူ့အတွင်းဂုဏ်ပြုစားပွဲကျင်းပတဲ့အချိန်ပြီးသွားတာနဲ့ ရှောင်လုံက နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်စွပ်ကို စတင်ကာ ရှေးဟောင်းတိုက်ပွဲနယ်မြေအတွင်းသို့ ဝင်လိုက်သည် ။ အဲ့နောက်မှာတော့ ကြယ်စကြာဝဠာ ကျောင်းက သူ့အတွက်ချီးမြှင့်ခဲ့သော ဝိညဉ်အတွင်းအားဆေးလုံးတွေအပြင် ဘုကင်လူကျန်းချီးမြှင့်ခဲ့သော ဝိညဉ်အတွင်းအားဆေးလုံးတွေကို မြိုချရင်း
စတင်လေ့ကျင့်တော့သည် ။

နှစ်ကုန်ပြီးတာနဲ့ ရှောင်လုံတို့က ဒေါင်ရမ်းအင်ပါရာနိုင်ငံကိုသွားရတော့မှာပဲ ဖြစ်သည် ။ ဒါကြောင့်မို့ အခုချက်ချင်း သူ့ရဲ့ခွန်အားတွေ တိုးတက်လာဖို့က ရှောင်လုံအတွက် ဦးစားပေး ကိစ္စတရပ်ဖြစ်နေသည်။

ဒါကြောင့်မို့ ဒိနှစ်မှာတော့ ရှောင်လုံက သူ့ဆုရခဲ့တဲ့ ဝိညဉ်အတွင်းအားဆေးလုံးတွေကို သူ့မိသားစုကိုမပေးတော့ပဲ သူ့ကိုယ်တိုင်ပဲ
အသုံးပြုလိုက်၏ ။

ကျောင်းကသူကိုဆုချီးမြှင့်တဲ့ အတွင်းအားဆေးလုံးအပါအဝင် ဘုရင်လူကျန်းဆုချီးမြှင့်သော အတွင်းအားဆေးလုံးတွေကိုပါထဲ့ပေါင်းရင်
ဝိညဉ်အတွင်းအားဆေးလုံးက အားလုံးပေါင်း ၇ လုံးပဲ ဖြစ်သည်။
( သူဆုရတာနှစ်လုံး ကျောင်းအုပ်ကြီးတို့ပေးတာနှစ်လုံး ဘုရင်လူကျန်းပေးတာက သုံးလုံး... )

အဆင့်၅ စဦးအဆင့် အတွင်းအားဆေးလုံးတလုံး....  အလယ်အဆင့် အတွင်းအားဆေးလုံးတလုံး...  ကျန်းတာတွေကတော့ အဆင့်မြင့်အဆင့်၅ ဝိညဉ်အတွင်းအားဆေးလုံးတွေပဲ ဖြစ်ကြသည် ။

ရှောင်လုံက အတွင်းအားဆေးလုံးတွေကို တနေ့တလုံးသောက်သုံးကာ သိုင်းလေ့ကျင့်သည်။ ပထမဆုံးနေမှာ ရှောင်လုံက အဆင့်အနိမ့်ဆုံးဖြစ်တဲ့ စဦးအဆင့် အတွင်းအားဆေးလုံးကိုအရင်သောက်သုံးလိုက်သည် ။ တဖြည်းဖြည်းနဲ့ အဆင့်မြင့် အဆင့်၅ ဆေးလုံးတွေကိုတနေ့တလုံးသောက်လိုက်သည်။

ခုနှစ်က်ုမြောက်နေ့မှာတော့ ရှောင်လုံက သူ့ရဲ့နောက်ဆုံးကျန်သော အတွင်းအားဆေးလုံးကိုမြိုချလိုက်ကာ အတွင်းအားဆေးလုံးအတွင်းက စွမ်းအင့တွေကို စတင်စုပ်ယူလေတော့သည် ။ ခုနှစ်လုံးမြောက်
အတွင်းအားဆေးလုံးကို သောက်သုံးပြီးနောက်မှာတော့ ရှောင်လုံရဲ့ အတွင်းအားချီတွေသာမက သူ့ရဲ့ကိုယ်တွင်းစွမ်းအားတွေပါ များစွာတိုးတက်လာသည် ။

ရှောင်လုံရဲ့ အတွင်းအားချီတွေက အခုချိန်မှာ ကောင်းကင်သိုင်းသမားအဆင့်ကို ကျော်ဖြတ်ဖို့အထိ မလုံလောက်သေးပေမယ့်
တော်တော်လေးကိုနီးစပ်သောအနေအထားတခုဆီသို့ရောက်ရှိလာလေသည် ။

အချိန်လဝက်က တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွား၏ ။
တိမ်ထူထပ်နေသော ညခင်းလေးမှာ မြူနှင်တချို့က ဝိုးတဝါးထွက်ပေါ်နေ၏ ။

ရှောင်လုံကတော့ သူ့ခြံဝန်းထဲမှာ ခြေနှစ်ဖက်ကို ချဲကာမြင်းထိုင်ထိုင်နေ၏။ သူလက်နှစ်ဖက်ကို ခါးနားမှာထားပြီး လက်သီးဆုပ်ထားလိုက်သည် ။ အဲ့နောက် သူ့ဘယ်လက်ကို အရှေ့သို့ထိုးချလိုက်ကာ
သူလက်ချောင်းလေးတွေကိုရင်ဘတ်က အရှိုက်နေရာဆီသို့ ပြန်ဆွဲယူလိုက်သည် ။ သူ့ခါးကိုလဲ ဘယ်ဘက်သို့ယိမ်းကာ ထူးခြားသော အသက်ရှုနည်းဖြင့် အသက်ကိုအဆက်မပြတ် ရှုတော့သည် ။

ပတ်ဝန်းကျင်မှာကှိနေသော ဝိညဉ်စွမ်းအင်တွေက မိုးခြိမ်းသံကဲ့သို့ အော်မြည်နေရင်း ရှောင်လုံရှိရာဆီသို့ အလုအယက်ပြေးလာကြသည်။
ရှောင်လုံ အသက်ရှုသွင်းလိုက်တိုင်းမှာ သူ့ကိုယ်ထဲသို့ မြောက်မြားစွာသော ဝိညဉ်စွမ်းအင်တွေကို စုပ်သွင်းလိုက်သည်။ ဝိညဉ်စွမ်းအင်နွေက ရှောင်လုံဦးခေါင်းထက်မှာ ပန်းသုံးပွင်ဖူးပွင်လာသလိုမျိုး တည်ရှိနေသည် ။

ရှောင်လုံက သူ့ရဲ့အသက်ရှုလေ့ကျင့်ခန်းအပေါ် အာရုံစူးစိုက်ပြီး အဆက်မပြတ်အသက်ရှုနေစဉ်မှာပဲ သူ့ခန္ဓာကိုယ်က တချက်တုန်သွားသည် ။ သူ့ရဲ့ချက်အောက်မှာတည်ရှိသော ဒန်ထျန်း နေရာကနေ အလင်းရောင်တွေ တောက်ပစွာထွက်ပေါ်လာသည်။ အဲ့နောက်မှာသော ပူနွေးသောစွမ်းအင်တွေက ရှောင်လုံဒန်ထျန်းထဲကနေ မီးတောင်ချော်ရည်ပူတွေသကဲ့သို့ ပေါက်ကွဲထွက်လာကာ ခြံဝန်းထဲက လေးစီး
ကြောင်းတခုလုံး တုန်ခါသွားတော့သည် ။

  အဲ့ဒီအချိန်မှာပဲ ထျန်ယွမ်အိမ်တော်အတွင်း လူတိုင်းလိုလိုက
သူတို့အိမ်တော်အတွင်း ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်တွေ ပြင်းပြင်းထန်ထန် လှုပ်ခါလာတာကို ခံစားမိလိုက်ကြသည် ။

ဖေးဟိုနေထိုင်သော ခြံဝန်းက ရှောင်လုံနဲ့ ကပ်ရပ်မှာတည်ရှိသည်။
ဖေးဟိုရဲ့ သူ့ခြံဝန်းထဲမှာနေရင်း အတွင်းအားလေ့ကျင့်နေစဉ် သူ့
ပတ်ဝန်းကျင်က စွမ်းအင်တွေ ရုတ်တရက် တုန်ခါလာတာကိုမြင်တော့ အရမ်းကိုအံသြသွားလေသည် ။

သူကရှောင်လုံနေထိုင်နေသော ခြံဝန်းလေးကိုမျှော်ကြည့်ရင်း သူမျက်နှာမှာဖြစ်ပေါ်နေတဲ့ အံသြနေသောအမူအရာကနေ ဝမ်းမြောက်ပျော်ရွင်သော အမူအရာအဖြစ် ပြောင်းလဲသွား၏
"... ဂိုဏ်း..ဂိုဏ်းချုပ် ကောင်းကင်သိုင်းသမားအဆင့်ကို ရောက်ရှိသွားတာလားမသိဘူး  ..."

ကောင်းကင်သိုင်းသမားအဖြစ် အဆင့်တက်သွားတယ်... !

ဒီသိုင်းဝိညဉ်ကမ္ဘာကြီးမှာ လူတယောက်က ကောင်းကင်သိုင်းသမားအဖြစ်သို့ ရောက်ရှိသွားတာနဲ့ အဲ့လူကို နိုင်ငံရဲ့ အစွမ်းထက်သိုင်းပညာရှင်တယောက်အဖြစ် တခြားလူတွေက အသိအမှတ်ပြုကြလေသည် ။ကောင်းကင်သိုင်းသမားဖြစ်လာပြီတိုတာနဲ့ သူ့တို့ရဲ့ အနေအထား ဂုဏ်သိက္ခာတွေက နိုင်ငံအတွင်းထိပ်တန်းအဆင့်သို့ ရောက်ရှိသွားသည်။

ခြံဝန်းလေးထဲမှာတော့ မီးလိုရဲရဲနီတောက်ပနေသော အရာတွေက ရှောင်လုံကိုယ်ခန္ဓာ ပတ်ဝန်ကျင်းအနီး အဆက်မပြတ်လည်ပတ်နေသည် ။ ရှောင်လုံဒန်ထျန်အတွင်း ကိုယ်တွင်းစွမ်းအားတွေက အပြင်ဘက်သို့ အငွေ့ပြန်ထွက်လာကာ အဲ့ဒီအငွေ့တွေကနေ အရည်တစက်အ
ဖြစ်ပြန်လည်စုစည်းသွားပြီး သူ့ဒန်ထျန်ရဲ့ အောက်ဆုံးနေရာဆီသို့ ကျဆင်းသွားသည် ။ ရှောင်လုံ ဒန်ထျန်က ရုတ်တရက် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်တွေဖြာထွက်ရင်း တုန်ခါလာသည် ။

ရှောင်လုံက သူ့ဒန်ထျန်အတွင်းမှာ ကိုယ်တွင်းစွမ်းအားတွေ လုံးဝအရည်အဖြစ်သို့ပြောင်းလဲသွားတာမြင်တော့မှ သူ့ရဲ့အသက်ရှုလေ့ကျင့်ခန်းတွေကို ရပ်ဆိုင်းလိုက်သည် ။ နဂါးတကောင်းလက်သည်းဖြန့်သလို ပုံသဏ္ဍာန်ဖော်ထားသော သူလက်နှစ်ဖက်ကိုလဲ ကိုယ်ဘေးသို့ ပြန်ချလိုက်သည် ။

သူ့မျက်လုံးတွေမှာတော့ ပျော်ရွှင်နေသော အရိပ်အယောင်တွေ အထင်းသားပေါ်ထွက်နေလေသည် ။

နောက်ဆုံးတော့ ရှောင်လုံမျှော်လင့်စောင့်စားနေသော သူ့ရဲ့ကိုယ်တွင်းစွမ်းအားတွေက ကောင်းကင်အဆင့်ဆီသို့ ရောက်ရှိသွားခဲ့ချေပြီ.. ။
သူ့အတွင်းအားချီတွေက ကောင်းကင်သိုင်းသမားအဆင့်သို့ မရောက်ရှိသေးပေမယ့် ရှောင်လုံရဲ့ လက်ရှိ ကိုယ်တွင်းစွမ်းအင်တွေအရ သူ့ကိုကောင်းကင်သိုင်သမားတယောက်လို့ ခေါ်ဝေါ်ရင်တောင် မမှားပေ.. ။

အဲ့အချိန်မှာပဲ ရှောင်လုံကဲ့သို့ ဝမ်းသာပျော်ရွှင်နေသော ဖေးဟိုက ခြံဝန်းထဲသို့ ကဗျာကရာ ရောက်ရှိလာသည်။ ဖေးဟိုက ရှောင်လုံအရှေ့ရောက်တော့ ရပ်လိုက်ကာ သူ့မျက်နှာကတာ့ အပြုံးတွေဖြင့် လင်းလက်တောက်ပနေ၏
"... ဂိုဏ်းချုပ်... ဂိုဏ်းချုပ် ကောင်းကင်သိုင်းသမားအဖြစ်သို့ အဆင့်တက်သွားတာလား... ?"

"... အဲ့လိုသတ်မှတ်လို့ရပါတယ်.. "
ရှောင်လုံက ပြုံးရင်းခေါင်းညိတ်ပြလိုက်ကာ
"..အခုက ငါကိုယ်တွင်းအားတွေ ကောင်းကင်အဆင့်ကိုရောက်ရှိသွားတာပါ.. "

ဖေးဟိုလဲ ခနလောက်အံသြမင်သက်သွားပြ်ိးမှ ဂုဏ်ပြုစကားဆိုလိုက်သည်
".. ဂိုဏ်းချုပ် ကောင်းကင်သိုင်သမားအဖြစ်သို့ရောက်ရှိလာတာကို ဂုဏ်ပြုပါတယ်... "
မိုးကြိုးရေသိုင်းကျင့်စဉ်ကို လေ့ကျင့်ပြီးတဲ့နောက် ရှောင်လုံရည်ညွှန်းသော ကိုယ်တွင်းစွမ်းအားဆိုတာကို ဖေးဟိုနားလည်နေပြီပဲ ဖြစ်သည် ။
ကိုယ်တွင်းစွမ်းအားမှာ ကောင်းကင်အဆင့်သို့ရောက်ရှိသွားတာက အတွင်းအားအရာမှာ ကောင်းကင်အဆင့်သို့ရောက်ရှိတာနဲ့ အလားသဏ္ဍာန်တူတယ်ဆိုတာကို ဖေးဟိုသဘောပေါက်ထား၏ ။

ရှောင်လုံက ခေါင်းညိတ်ပြရင်းပြောလိုက်သည်
"...ဖေးဟို မင်းအတွင်းအားတွေကို စုစည်းပြီး ငါ့တိုက်ကွက်တကွက်လောက် ခုခံကြည့်ပါလား.. "

ရှောင်လုံတောင်းဆိုတာကိုကြားတော့ ဖေးဟိုလဲ ခနလောက် အံအားသင့်သွား၏ ။ အဲ့နောက်သူက ခေါင်းညိတ်ပြလိုက်သည် ။ ဖေးဟိုခန္ဓာကိုယ်ပတ်ဝန်ကျင်မှာ အတွင်းအားတွေ စတင်ထွက်ပေါ်လာတော့သည် ။

ဖေးဟို ရဲ့ အသင့်ဖြစ်နေသော အနေအထားကိုမြင်တော့ ရှောင်လုံက သူ့ညာလက်ကိုမြှောက်လိုက်ကာ ထိုက်ကျိလက်ဝါးသိုင်းသုံးပြီး ဖေးဟိုကိုရိုက်ချလိုက်သည် ။ ရှောင်လုံတိုက်ကွက်က အိမ်မက်ဆန်ဆန် ရိုးရှင်လွန်းလှပြီး ဖေးဟိုအရှေ့သို့ တစက္ကန့်ရဲ့ ဆယ်ပုံတပုံလောက်အချိန်အတွင်းမှာ ရောက်ရှိလာသည်။ ဖေးဟိုက သူ့စိတ်ထဲခုခံဖို့ညပြင်ဆင်ပြီးသားဖြစ်ပေမယ့် ရှောင်လုံတိုက်ကွက်ကိုကြည့်ရင်း မအံသြပဲမနေနိုင်ပေ.. ။

"..နှလုံးကွဲကြေလက်သီး.. "
အဲ့နောက်ဖေးဟို ရှောင်လုံရဲ့ ထိုက်ကျိလက်ဝါးဆီသို့ လျင်မြန်စွာပဲ လက်သီးတချက် ထိုးချလိုက်၏ ။ လက်သီးနဲ့ လက်ဝါးက လေထဲမှာ တွေ့ဆုံသွားကြသည် ။

"... ဘုန်း.. "
ကှောင်လုံလက်ဝါးနဲ့ ဖေးဟိုလက်သီးတို့ထိခိုက်မိသွားတာကြောင့် ကျယ်လောင်သောအသံကြီးက လေထံမှာ ဆူညံစွာထွက်ပေါ်လာ၏ ။
ခြံဝန်းထဲက လေစီးကြောင့်တခုလုံး ပြင်းထန်သောစွမ်းအားသက်ရောက်မှုကြောင့် လေးမုန်တိုင်းကဲ့သို့ လေပြင်းတွေတိုက်ခတ်လာကာ ခြံဝန်းထဲက ကုလားထိုင်းတွေအကုန်လုံး အပြင်ဘက်သို့ လွင့်ပျံသွားသည်။

ထိပ်တိုက်တွေ့ဆုံမှုက ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာသွမ်းအားကြောင့် ဖေးဟိုခန္ဓာကိုယ်လဲ  ပြင်းပြင်ထန်ထန်ကို တုန်ခါသွားပြီး
အနောက်သို့ ခြေငါးလှမ်း ယိုင်ထိုးစွာဆုတ်ပေးလိုက်ရသည် ။ ရှောင်လုံကတော့ အနောက်သို့ ခြေသုံးလှမ်းဆူတ်လိုက်ရသည်။

ဖေးဟိုက ရှောင်လုံထက်တောင် ခြေနှစ်လှမ်းပိုဆုတ်လိုက်ရတယ်.. !

ဖေးဟိုလဲ ဖြစ်ပေါ်လာတဲ့ ရလာဒ်ကိုကြည့်ရင်း မအံသြပဲ မနေနိုင်အောင်ဖြစ်သွားတော့သည် ။ အခုတခါ တိုက်ခိုက်လိုက်တာနဲ့ သူကရှောင်လုံထက်အနဲငယ်အားနဲနေတယ်ဆိုတာကို ခံစားမိလိုက်သည်။

ဖေးဟိုကောင်းကင်သိုင်းသမားအဆင့်ကိုရောက်ရှိနေတာက နှစ်ပေါင်းအတော့ကြာမြင့်နေပြီမဟုတ်လား.. ။ ဒါအပြင် ဖေးဟိုက ရှောင်လုံသင်ပေးခဲ့သော မိုးကြိုးရေသိုင်းကျင့်စဉ်ကိုလဲ ဒိနှစ်တွေအတွင်း
ကြိုးကြိုးစားစားကိုလေ့ကျင့်ခဲ့သည် ။

ဒါကြောင့်မို့လို့ သူရဲ့အခုလက်ရှိအတွင်းအားက တချို့ ကောင်းကင်အဆင့်၂ သိုင်သမားတွေထက်တောင် အနဲငယ်သာလွန်နေသေးသည် ။ သူကိုယ်တိုင် အဲ့လောက်အစွမ်းထက်တာတောင် ရှောင်လုံကို အခုလေးတင်ရှုံးနိမ့်သွားပါလား ..။ ထပ်ပြောရမယ်ဆိုရင် ရှောင်လုံကောင်းကင်သိုင်းသမားအဆင့်ကိုရောက်တာက အခုမှ တနာကီကျော်ကျော်လေးသာရှိသေးသည် ။

ဒါအပြင် သူတို့နှစ်ယောက်လုံးက  သူတို့ရဲ့သိုင်းဝိညဉ်တွေကို ဆင့်ခေါထားခြင်းမရှိသေးပေ.. ။ ရှောင့်လုံကသာ သူ့ရဲ့ကမ္ဘာဦးနဂါးနက်
ကြီးကိုဆင့်ခေါလိုက်မယ်ဆိုရင် ဖေးဟိုရဲ့ သိုင်းဝိညဉ်ဖြစ်တဲ့ ငွေရောင်
မြစ်သိုင်းဝိညဉ်က ရှောင်လုံသိုင်းဝိညဉ်ထက် များစွာအဆင့်နိမ့်တာမို့
အဆင့်ကွာခြားချက်ကြောင့် ရှောင်လုံသိုင်းဝိညဉ်ရဲ့ ဖိနှိပ်လွှမ်းမိုးသော စွမ်းအားတွေကို သေချာပေါက်ခံရမှာပဲ ဖြစ်သည်။

သေချာတွက်ကြည်မယ်ဆိုရင် ဖေးဟိုအနေနဲ့ ရှောင်လုံပြိုင်ဘက် လုံးဝမဖြစ်နိုင်တော့ပေ... ။ ဖေးဟိုက သူ့အတွေးကမ္ဘာထဲမှာ မျောလွင့်နေစဉ် ရှောင်လုံလူရိပ်က ရုတ်တရက် ဝိုးတဝါးပျောက်ကွယ်သွားကာ
ရှောင်လုံက သူ့ရဲ့ဒုတိယတိုက်ကွက်ကိုစတင်လိုက်သည်။

အဲ့ဒါကိုမြင်တော့ ဖေးဟိုလဲ သတိပြန်လည်လာကာ သူကိုယ်တိုင်လဲ လှုပ်ရှားလိုက်သည် ။ သူတို့ပိုပြီး အချိန်ကြာကြာ သိုင်းယှဉ်ပြိုင်လေလေ ဖေးဟိုအနေနဲ့ ပိုပြီး အံသြထိတ်လန့်လာလေပဲ ဖြစ်သည် ။ ဘာကြောင့်လဲဆိုတော့ သူတို့သိုင်းပြိုင်နေစဉ်မှာပဲ ရှောင်လုံက တစထက်တစပိုပို အစွမ်းထက်လာလို့ပဲ ဖြစ်သည် ။ သူရဲ့တိုက်ခိုက်မှုတွေက ပိုသန်မာ ၊ မြန်ဆန် ပြီး ပိုလဲ တိကျလာသည် ။

"... ဂိုဏ်းချုပ်သိုင်းဝိညဉ်ရဲ့ ခနချက်ချင်းအတွင်းအားပြန်ဖြည့်တည်းမှု စွမ်းအင်က သူ့ရဲ့ကိုယ်တွင်းစွမ်းအားကိုပါ ပြန်ဖြည့်တင်းပေနိုင်တာလားမသိဘူး....  ?"
ဖေးဟိုက သူ့စိတ်ထဲမှာ တွေးတောလိုက်သည်။ ဘာကြောင့်လဲဆိုတော့ ရှောင်လုံဆီမှာ သူသိုင်းဝိညဉ်ရဲ့ မွေးရာပါအစွမ်းကြောင့် ကုန်ခမ်းသွားသော သူ့အတွင်းအားတွေကို ခနချက်ချင်းပြန်လည်ပြည့်နှက်လာအောင် ဆောင်ရွက်နိုင်စွမ်းရှိတယ်ဆိုတာကို သူအသိဆုံးမဟုတ်လား။

အချိန်အတော်ကြာအောင် ယှဉ်ပြိုင်ပြီးနောက်မှာတော့ ဖေးဟိုက သာ့အတွင်းအားကန့်သတ်ချက်ကိုရောက်ရှိသွားကာ မောဟိုက်စွာဖြင့် ရှောင်လုံကို ထပ်မံယှဉ်ပြိုင်နိုင်ခြင်းမရှိတော့ပေ ....။ ရှောင်လုံလဲ
မောဟိုက်စွာအသက်ရှုနေသော ဖေးဟိုကိုကြည့်ရင်း သူတိုက်ခိုက်နေတာတွေကိုရပ်လိုက်၏ ။ အဲ့တော့မှ ဖေးဟိုအပေါ်သက်ရောက်နေသော ကြောက်မက်ဖွယ်ဖိအားတွေ လျော့ကျသွားတော့သည်။

နောက်ရက်တွေမှာလဲ ရှောင်လုံကနေ့တိုင်းလိုလို ဖေးဟိုအပြင် စစ်သူကြီးချုပ်ဟောက်ထျန်နဲ့ပါ သိုင်းယှဉ်ပြိုင်လေ့ရှိသည် ။ သိုင်းယှဉ်ပြိုင်နေစဉ် သူတို့သုံးယောက်လုံး သက်ဆိုင်ရာသူတို့ရဲ့ သိုင်းဝိညဉ်တွေကို ဆင့်ခေါလိုက်တဲ့အခါမှာတော့ ဖေးဟိုအနေနဲ့ ရှောင်လုံကိုလုံးဝမယှဉ်နိုင်တေါ့ချေ...။

ဒါပေမယ့် ရှောင်လုံက ဟောက်ထျန်နဲ့ သိုင်းပြိုင်တဲ့အခါမှာတော့ သူရဲ့
အနက်ရောင်နဂါးကြီးနဲ့ပေါင်းစပ်ကာ  ဝိညဉ်အသွင်ပြောင်းထားတဲ့
အပြင် သူ့ရဲ့နတ်ဆိုးခန္ဓာကိုယ်ပါ ပြောင်းလဲလိုက်သည်။ အဲ့နောက်
သူသိုင်းဝိညဉ်ရဲ့ မွေးရာပါအစွမ်း ၊ လင်းလောင်ရွှေကိုယ်လုံသိုင်း ၊
နတ်ဆိုးခန္ဓာကိုယ် ၊ နတ်ဓားသိုင်းတွေကို အကုန်အစင်အသုံးချတော့မှ စစ်သူကြီးချုပ်ဟောက်ထျန်ရဲ့တိုက်ခိုက်မှုတွေကို သရေပွဲအဖြစ်ခုခံနိုင်သည်။

ဒီလိုရလာဒ်ထွက်ပေါ်လာတာက စစ်သူကြီးချုပ် ဟောက်ထျန်နဲ့ ဖေးဟိုတို့အတွက်ကတော့ အခုရှောင်လုံရဲ့ အံမခန်းတိုးတက်လာမှုကို သူ့တို့မျက်ဝါးထင်ထင်တွေ့ကြုံနေရပေမယ့် ဒါဟာတကယ့်လက်ရှိအဖြစ်မှန်ဆိုတာကို ယုံကြည်ရခက်ခဲနေပြီး အံသြစရာကောင်းမွန်လှသည့်အိမ်မက်တခုလိုသာထင်မြင်နေကြသည် ။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၅၅ .... ဟောင်မိသားစုနဲ့ ဂိုမိသားစုအကြားစေ့စပ်ကြောင်း
                      လမ်းပွဲ

          ရှောင်လုံက ဟောက်ထျန်နဲ့ သိုင်းပြိုင်တဲ့အခါမှာတော့ သူရဲ့
အနက်ရောင်နဂါးကြီးနဲ့ပေါင်းစပ်ကာ  ဝိညဉ်အသွင်ပြောင်းထားတဲ့
အပြင် သူ့ရဲ့နတ်ဆိုးခန္ဓာကိုယ်ပါ ပြောင်းလဲလိုက်သည်။ အဲ့နောက်
သူသိုင်းဝိညဉ်ရဲ့ မွေးရာပါအစွမ်း ၊ လင်းလောင်ရွှေကိုယ်လုံသိုင်း ၊
နတ်ဆိုးခန္ဓာကိုယ် ၊ နတ်ဓားသိုင်းတွေကို အကုန်အစင်အသုံးချတော့မှ စစ်သူကြီးချုပ်ဟောက်ထျန်ရဲ့တိုက်ခိုက်မှုတွေကို သရေပွဲအဖြစ်ခုခံနိုင်သည်။

ဒီလိုရလာဒ်ထွက်ပေါ်လာတာက စစ်သူကြီးချုပ် ဟောက်ထျန်နဲ့ ဖေးဟိုတို့အတွက်ကတော့ အခုရှောင်လုံရဲ့ အံမခန်းတိုးတက်လာမှုကို သူ့တို့ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံနေရပေမယ့် ဒါဟာတကယ့်လက်ရှိအဖြစ်မှန်ဆိုတာကို ယုံကြည်ရခက်ခဲနေပြီး အိမ်မက်ဆိုးကြီးတခုလိုသာထင်မြင်နေကြသည် ။

စစ်သူကြီးချုပ်ဟောက်ထျန်က ကောင်းကင်အဆင့်၂ သိုင်းသမားဖြစ်ပေမယ့် ရိုးရိုးသာမန် အဆင့်၂ သိုင်းသမားမှမဟုတ်တာ.. ။ ဒါတောင်မှ သူအနေနဲ့ ရှောင်လုံကို လွယ်လွယ်ကူကူအနိုင်ယူနိုင်ခြင်းမရှိပေ.. ။
 
    ဒီတချက်က တကယ့်ကိုအံသြထိတ်လန့်စရာကောင်းသောအချက်ပြဲဖစ်သည် ။ ဒါအပြင်ရှောင်လုံရဲ့ အသက်ကို ပြန်စဉ်းစားကြည့်မယ်ဆိုရင်လဲ သူကအခုနှစ်ကုန်ပြီးလို့ ဆယ်ရက်နေမှ အသက်၁၇ နှစ်ပြည့်မှာမဟုတ်လား.. ။

စစ်သူကြီးချုပ်ဟောက်ထျန်ကတော့ နှစ်ပေါင်းတရာကျော်
အတွေ့အကြုံရင့်ကျက်နေသော ဝါရင့်သိုင်သမားတဦးပဲ ဖြစ်သည်။
ဒါတောင်မှေ ရှာင်လုံရဲ့ အတွင်းအားချီတွေက မြေကြီးအဆင့်၁၀ နောက်ဆုံးရဲ့ အထွတ်အထိပ်မှာပဲ ရှိနေသေးလို့ပဲ ဖြစ်သည် ။ အကယ်
၍ ရှောင်လုံက အတွင်းအားအရာမှာလဲ ကောင်းကင်အဆင့်သို့ ကျော်ဖြတ်သွားနိုင်ပြီးဆိုရင် စစ်သူကြီးချုပ်ဟောက်ထျန်အနေနဲ့ ရှောင်လုံကို ယှဉ်ပြိုင်နိုင်ဖို့ဆိုတာ မလွယ်ကူတော့ပေ ...။

ရှောင်လုံတယောက် ဖေးဟို ၊ စစ်သူကြီးချုပ်ဟောက်ထျန်တို့နဲ အကြိတ်အနယ်သိုင်းယှဉ်ပြိုင်နေစဉ်မှာပဲ ရှောင်လုံညီမလေးဟောင်မင်းက
ခြံဝန်းထဲသို့အပြေးဝင်လာရင်း ရှောင်လုံကိုအော်ခေါ်လိုက်၏
"... အကိုကြီး ရှောင်လုံ...  အဖေနဲ့ အမေက အကိုကြီးကို မိန်းခန်းမဆောင်ကို ခနလာခဲ့လို ခေါ်နေတယ်.. "
ပြောပြီးတာနဲ့ ဟောင်မင်းမျက်နှာက တစုံတရာကို ရှက်ရွံနေသလိုမျိုး
နီရဲသွား၏ ။

"... ငါ့ကို မိန်းခန်းမဆောင်လာဖို့ခေါတယ်... ? ဘာကိစ္စရှိလို့လဲ
ညီမလေး... ?"
ရှောင်လုံက သူ့ညီမရဲ့ထူးခြားနေသော အမူအရာကို အကဲခတ်ကြည့်ရင်း ပြန်မေးလိုက်သည် ။

ဟောင်မင်းက သူမနှာခေါင်းကို ရင်ဘတ်ထိမတတ်ခေါင်းကိုငုံထားကာ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏
".. ဂိုတန်.. ရောက်နေလို့ပါ.. "

".. ဂိုတန်..ရောက်နေတယ်... ?"
ရှောင်လုံလဲ နဲနဲလောက်အံသြသွားသည်။ အဲ့နောက် သူမျက်နှာမှာ
မချိုမချဉ်အပြုံးတခုပေါ်ပေါက်လာကာ သူ့စိတ်ထဲမှာပဲရေရွတ်လိုက်၏
"... အင်း... ဒါကြောင့် ဒီကောင်မလေးငါ့ကို လူကိုယ်တိုင်လာခေါ်တာကိုး... "
ပုံမှန်ဆိုရက် သူအဖေနဲ့ အမေက ရှောင်လုံကို လာဖို့ခေါ်တယ်ဆိုရင်
အစေခံတယောက်ကိုပဲ စေလွှတ်ရင်း မှာလိုက်တာများသည် ။

"..ဟာ အကိုကြီး... မြန်မြန်သွားရအောင်... ဟိုမှာလူတွေစောင့်နေတာ နာရီဝက်လောက်ကြာနေပြီ... "
ဟောင်မင်းက စိတ်လှုပ်ရှားနေသလိုပုံစံဖြင့် ထုံပေပေရပ်နေသော ရှောင်လုံလက်ကိုပြေးဆွဲကာ မိန်းခန်းမဆောင်ထဲသို့ တွဲခေါ်လာလေသည် ။

ရှောင်လုံလဲ သူ့ညီမကို မနိုင်ဘူးဆိုတဲ့ အကြည့်ဖြင့်ကြည့်ရင်း ဖေးဟိုနဲ့ စစ်သူကြီးချုပ်ဟောက်ထျန်ကို ပြောလိုက်သည်
"... ကဲ.. ငါတို့သိုင်းပြိုင်တာကို ဒိမှာပဲရပ်ကြရအောင်  .. မနက်ဖန်ကြမှ ဆက်ပြိုင်ကျတာပေါ့.. "

".. ဟုတ်ကဲ့ပါ.. သခင်လး.. "
နှစ်ယောက်လုံးက လေးစားစွာဖြင့် ပြန်ဖြေလိုက်ကြသည် ။

အဲ့နောက် ရှောင်လုံလဲ ဟောင်မင်းဆွဲခေါရာနောက်ကိုမငြင်းဆန်တော့ပဲ လိုက်ပါလာသည် ။ သူတို့မိန်းခနမဆောင်ထဲကိုမဝင်ခင်မှာပဲ
ဖော်ဖော်ရွေရွေစကားသံတွေအပြင် ရီသံမောသံတွေက မိန်းခန်းမဆေုင်ထဲကနေ လွင့်ပျံလာနေတာကိုကြားလိုက်ရသည် ။ အဲ့ဒီအသံတွေထဲမှာ သူမိဘတွေအသံ ၊ သူ့ညီဟောင်ရှောင်ဟိုင်ရဲ့ အသံ အပြင် သူ့တခါမှမကြားဘူးသေးသော လူငယ်တယောက်ရဲ့ အသံကိုပါ ရှောင်လုံ
ကြားလိုက်ရသည် ။

ရှောင်လုံနဲ့ ဟောင်မင်းတို့မိန်းခန်းမဆောင်ထဲသို့ ဝင်လာတာကိုမြင်တော့ အခန်းထဲကလူတွေရဲ့ အကြည့်ကသူ့တို့ဆီရောက်လာသည်။
ရှောင်လုံတခါမှမမြင်ဘူးသေးသော လူငယ်က ရှောင်လုံကိုလဲ မြင်ရော သူထိုင်ခုံမှာ ရယ်ရယ်မောမောထိုင်ရင်း စကားပြောနေရာကနေ မီးခဲပေါ် ဖင်ခုထိုင်မိသလိုမျိုး ရုတ်တရက်ခုန်ထိလိုက်၏ ။ သူ့ကြည့်ရတာ အရမ်းကိုစိတ်လှုပ်ရှားနေတဲ့ ပုံစံပေါက်သည် ။

ဒီလူငယ်လေးက ကြည်လင်သောမျက်နှာ ကွေးညွတ်နေသော မျက်ခုံးနဲ့ လုံးဝန်းသော နှာတံကိုပိုင်ဆိုင်ထားသည် ။ အဲ့ဒိအရာတွေက လူငယ်ကို ချောမောသော လုလင်ပျိုလေးတယောက်အဖြစ် ပုံဖော်ပေးနေ၏ ။ ဒါပေမယ့် ရှောင်လုံနဲ့ ယှဉ်လိုက်ရင်တော့ လူငယ်က လွှမ်းမိုးနိုင်မှု ကိုယ်ရေင်ကိုယ်ဝါ သိပ်မရှိပေ.. ။ သူ့ကြည့်ရတာ လူကြီးလူကောင်းတယောက်ကဲ့သို့ နူးညံသိမ့်မွေ့၏ ။

ဒီလူငယ်လေးကတော့ ဟောင်မင်းရဲ့ ရည်းစားဖြစ်သူ ဂိုတန်ပဲ ဖြစ်သည် ။ ဂိုတန်က ရှောင်လုံရဲ့ နာမယ်ကြီးနေသော သတင်းတွေကို အစောကြီးထဲက သိရှိပြီးသားဖြစ်၏ ။ သူပထမဦးဆုံးဟောင်မင်းနဲ့ စစတွေ့တဲ့အချိန်မှာ ဂိုတန်က ဟောင်းမင်ကို ရှောင်လုံညီမမှန်းလုံးဝမသိခဲ့ပေ.. ။ သူကလဲ ဟောင်မင်းနောက်ကြောင်းနဲ့ တကယ့်ဘဝအစစ်
အမှန်ကို စုံးစမ်းတာမျိုးလဲ မလုပ်ခဲ့ပေ... ။ ဒါကြောင့်မို့ ဟောင်မင်းက သူ့ကို သူမကထျန်ယွမ်အိမ်တော်ရဲ့ အရှင်သခင် ရှောင်လုံညီမပါလို့
့ပြောတဲ့အချိန်မှာတော့ ဂိုတန်တယောက် ထခုန်မိမတတ် အံသြသွားခဲ့တာပဲ ဖြစ်သည်။

ရှောင်လုံဆိုတာက လူတောင်းတနိုင်ငံလုံးမှာ ထင်ရှားကျော်ကြားသော နံပါတ်တစ်ပါရမီရှင်တယောက်မဟူတ်လား  .။ ဂိုတန်ရဲ့ အဖေ ဂိုရှီးယန်ကတောင် ဂိုတန်အနေနဲ့ ရှောင်လုံကို စံထားပြီး ကြိုးစားဖို့
မကြာခနပြောလေ့ရှိသည် ။

ဟောင်မင်းနဲ့ ရှောင်လုံတို့ အခန်းထဲဝင်လာတာမြင်တော့ အနဲငယ်ရှက်ရွံစိတ်လှုပ်ရှားနေသော ဂိုတန်က အရှေ့သို့ထွက်လာကာ
ခေါ်လိုက်သည်
"...အကိုကြီး ရှောင်လုံ... !"

တကယ်ဆို ဂိုတန်နဲ့ရှောင်လုံတို့က သက်တူရွယ်တူပဲဖြစ်ကာ ရှောင်လုံထက် နှစ်လပဲ ငယ်သည် ။ ဒါပေမယ့် သူကလဲ ဟောင်မင်းလေသံနောက်ကိုလိုက်ကာ ရှောင်လုံကို အကိုကြီးလို့ ခေါ်လိုက်သည်။

  ဂိုတန်က ဒေါင်ရမ်းအင်ပါရာနိုင်ငံ ၊ အင်အားကြီးမိသားစုတစုရဲ့ မျိုးနွယ်ဖြစ်ကာ ဂိုမိသားစု လက်ရှိဂိုဏ်းချုပ်ရဲ့ မြေးတော်စပ်သည် ။ ဒါကြောင့်မို့ ဂိုတန်အနေနဲ့ ပုံမှန်အခြေအနေမှာ ဒေါင်ရမ်းအင်ပါရာနိုင်ငံရဲ့ မှုးမတ်အကြီးအကဲတွေနဲ့တွေ့ဆုံရင်တောင် ရှောင်လုံနဲ့အခုတွေ့သလိုမျိုး အယောင်ယောင်အမှားမှားဖြစ်ခြင်းမရှိပေ..။

ဒါကဘာကြောင့်ဆိုတော့ ရှောင်လုံက ဂိုတန်လေးစားအားကျရတဲ့ လူတွေထဲကတယောက်ဖြစ်လို့ပဲ ဖြစ်သည် ။ ရှောင်လုံက ဂိုတန်ကိုကြည့်ရင်း ယောင်ယောင်လေးပြုံးသွားကာ ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်သည်
  "... ထိုင်ပါ.. ထိုင်ပါ... "

"... ကျေးဇူးတင်ပါတယ် အကိုကြီး ရှောင်လုံ... "
ရှောင်လုံစကားကြားတော့မှ ဂိုတန်ကသူ့နေရာသူပြန်ထိုင်လိုက်သည်။ ရှောင်လုံနဲ့ ဟောင်မင်းတို့လဲ သက်ဆိုင်ရာနေရာတွေမှာ ဝင်ထိုင်လိုက်ကြသည် ။

   ရှောင်လုံက သူ့မိဘတွေနံဘေးမှာထိုင်ပြီး ဟောင်မင်းကတော့ ဂိုတန်ဘေးကပ်ရပ်ခုံမှာထိုင်လေသည်။ ရှောင်လုံထိုင်နေတဲ့နေရာက ဂိုတန်နဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံပဲ ဖြစ်သည် ။ ရှောင်လုံက မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဂိုတန်ကို တိတ်တဆိတ်အကဲခတ်ရင်း စိတ်ကျေနပ်သွားသလိုမျိုး သူ့ရင်ထဲမှာပဲ ခေါင်းညိတ်လိုက်သည်။

ရှောင်လုံရဲ့ ပထမဦးဆုံးအမြင်ကတော့ ဂိုတန်က သိပ်မဆိုးလှပေ  ..။ အနဲဆုံးတော့ ဂိုတန်ဆီမှာ တော်ဝင်မျိုးနွယ်ဝင်တွေတော်တော်များများရဲ့ မောက်မာရိုင်းဆိုင်းမှု မျိုးကို မမြင်ရပေ.. ။

အဲ့နောက်မှာတော့ သူတို့တွေအကုန်လုံး ပျော်ပျော်ရွှင်ရွှင်ရင်းနှီးစွာဆက်ပြီးစကားပြောကြသည် ။ မိန်းခန်းမဆောင်ထဲမှာ ရယ်သံမောသံတွေဖြင့် စည်းကားနေ၏ ။

ပထမတော့ ဂိုတန်က အနဲငယ်ရှိန်နေပေမယ့် နောက်တော့ အခန်းထဲမှာ ရယ်စရာဟာသအများဆုံးပြောတဲ့သူက သူပြဲဖစ်နေသည်။ ဒါပေမယ့် သူ့စကားတွေကိုအကဲခတ်ကြည့်ရင် သူ့ရဲ့စံပြအိုင်ဒေါ ဖြစ်တဲ့ ရှောင်လုံကို ဘယ်လောက်ထိ လေးစားတယ်ဆိုတာကိုမြင်တွေ့နိုင်၏ ။

  "... အကိုကြီး ပြီးခဲ့တဲ့ ကြယ်စကြာဝဠာကျောင်းသိုင်းပြိုင်ပွဲတုံးကလေ... ကျွန်တော်ရောအဖေပါ အဲ့ဒီသိုင်းပြိုင်းကွင်းထဲမှ.ရှိတယ်သိလား... "
  ဂိုတန်က အားရပါးရပြန်ပြောလိုက်သည်
   "... ကျွန်တော်က သိုင်းပြိုင်ကွင်းက ပြန်လာပြီးနောက်မှာတော့ အဖေက အကိုကြီးအကြောင်းကို မရပ်မနားကိုချီးကျူးနေတယ်အကိုကြီးရေ...   အကိုကြီးအနေနဲ့ ဘယ်လောက်ထိ ပါရမီထူးချွန်ကြောင်း...  အကိုကြီးတယောက်ထဲနဲ့ အတွင်းဘက်ခြံဝန်းက အကြီးအကဲသုံးယောက်လုံးကို ဘယ်လိုအနိုင်ယူလိုက်ကြောင်းကို အဆက်မပြတ်ချီးမွန်းနေတာ... အမေသာ ထမင်းစားဖို့လာမခေါရင်
   တရပ်လုံးတောင်ရပ်ပါ့မလားမသိဘူး  ..."
  ဂိုတန်ရဲ့ သူ့အဖေအကြောင်းကိုဟန်ပါပါ ပြန်ပြောပြသံကိုကြားတော့ အားလုံးကပွဲကျသွားသလိုရယ်မောလိုက်ကြသည်။

အဲ့နောက်တော့ နေ့လည်စာစားချိန်ကိုရောက်လာပြ်ီး ဂိုတန်နဲ့ ရှောင်လုံတို့နဲ့ အတူထျန်ယွမ်အိမ်တော်မှာ နေ့လည်စာစားလိုက်သည်။
နေ့လည်စာစားပြီးတဲ့နောက် ဟောင်မင်းနဲ့ ဂိုတန်တို့နှစ်ယောက် မြို့ထဲလျှောက်ကြည့်ရန် အပြင်သို့ထွက်သွားလေသည်။

   မိန်းခန်းမဆောင်ထဲမှာ သူတို့နှစ်ယောက် မရှိတော့တဲ့နောက်
   ဟောင်ပန်က ရှောင်လုံကိုမေးလိုက်သည်
    "... ရှောင်လုံ... မင်းဂိုတန်ကို ဘယ်လိုသဘောရလဲ... ?"

အခုသိုင်းဝိညဉ်ကမ္ဘာကြီးမှာ သားသမီးတွေရဲ့ အိမ်တော်ရေးကို မိဘတွေကပဲ ဆုံးဖြတ်တာများပေမယ့် အခုထျန်ယွမ်အိမ်တော်ရဲ့ ကိစ္စအဝဝကို ရှောင်လုံက ဆုံးဖြတ်ပေးနေရတာမဟုတ်လား.. ။

ရှောင်လုံက အားရပါးရပြုံရင်းပြန်ဖြေလိုက်သည်
"..  အဖေ့သမီး သဘောကျရင်ပြီးတာပါပဲ အဖေ... "

သူ့ညီမလေးဟောင်မင်း နဲ့ ဂိုတန်တို့နှစ်ယောက်က တယောက်ကတယောက် အရမ်းချစ်ခင်နေမှတော့ ရှောင်လုံအနေနဲ့ ကြားကဝင်ပြ်ိး လူမိုက်ကြီးမလုပ်ချင်ပေ  .။ ရှောင်လုံအနေနဲ့ သူ့ကိုယ်တိုင်လဲ လီလူနဲ့ ခွဲထားရတာမို့ တခြားချစ်ခင်နေသောစုံတွဲတွေကို ခွဲပြစ်ချင်တဲ့ စိတ်ဆန္ဒမရှိပေ... ။ ချစ်ရတဲ့သူနဲ့ ခွဲရသော ဒုက္ခကို သူ့အသိဆုံးမဟုတ်လား.. ။

ရှောင်လုံပြန်ပြောတဲ့စကားကိုကြားတော့ ဟောင်ပန်နဲ့ စုကန်က တယောက်နဲ့တယောက် အကြည့်ချင်းဖလှယ်လိုက်၏ ။ အဲ့နောက်စုရန်ကထပ်ပြောလိုက်သည်
  "... နောက်ထပ်ရက်နဲနဲလောက်ဆိုရင် အမေနဲ့ မင်းအဖေတို့နှစ်ယောက် ဟောင်မင်းနဲ့ အတူ ဂိုအိမ်တော်ကို သွားပြီး ဂိုတန် အထေ ဂိုရှီးယန်ကို သွားတွေ့ဖို့ စဉ်းစားထားတယ်..  တကယ်လို့ ဂိုရှီးယန်ဘက်က သဘောတူမယ်ဆိုရင် တခါထဲ မင်္ဂလာရက်ကို သတ်မှတ်လိုက်မလို့.... "

ဒီနှစ်ကုန်ရင် ဟောင်မင်လဲ အသက်၁၆ နှစ်တင်းတင်းပြည့်လေပြီ ။ ဒီသိုင်းဝိညဉ်ကမ္ဘာကြီးမှာက အသက်၁၆ နှစ်မှာ စေ့စပ် အသက်၁၈ နှစ်မှာ လက်ထပ်တာက  ထူးဆန်းသော ကိစ္စမဟုတ်တော့ပေ ။

ရှောင်လုံက စိတ်အားထက်သန်နေသော သူ့အမေကို ကြည့်ရင်ခေါင်းညိတ်ပြလိုက်ကာ
".. အဖေနဲ့ အမေကို သဘောတိုင်းစိတ်ကြိုက်လုပ်ပါ... "

သူ့အဖေနဲ့ အမေကိုခနလောက်အဖော်ပြုစကားပြောပြီးတဲ့နောက် ရှောင်လုံက သိုင်းလေ့ကျင့်ရန်အတွက် သူ့ခြံထဲသို့ပြန်လာ၏ ။ သူရဲ့ ကိုယ်တွင်းစွမ်းအားက အခုဆိုရင်ကောင်းကင်အဆင့်သို့ရောက်ရှိသွားခဲ့ချေပြီ.. ။ ဒါကြောင့်မို့ရှောင်လုံက သူ့ရဲ့အတွင်းအားချီတွေကိုလဲ ကောင်းကင်အဆင့်သို့ တတ်နိုင်သမျှ အမြန်ဆုံးအဆင့်တက်နိုင်အောင် အစွမ်းကုန်ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။

  အကယ်၍ သူ့ရဲ့အတွင်းအားချီတွေသာ မြေကြီးအဆင့်ကနေ ကောင်းကင်အဆင့်သို့ကျော်ဖြတ်ရောက်သွားမယ်ဆိုရင် ဒေါင်ရမ်းအင်ပါရာနိုင်ငံက လက်ခံကျင်းပမယ့် နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲမှာ သူ့အနေနဲ့ အဆင့်၁ နေရာကို ရယူနိုင်မယ်လို့ရှောင်လုံစိတ်ဖဲမှာ
  ယုံကြည်ချက်အပြည့်အဝရှိ၏ ။

ဒေါင်ရမ်းအင်ပါရာကျောင်းတော်က နောက်ထပ်ကိုးလနေရင် ကျောင်းသားအသစ်တွေစတင်လက်ခံတော့မှာပဲ ဖြစ်သည် ။ နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ကလဲ အချိန်ရှစ်လလောက်လိုနေသေး၏ ။
ဒါကြောင့်မို့ ဒီအချိန်ရှစ်လကို အစွမ်းကုန်အသုံးချပြီး သူ့ရဲ့အတွင်းအားတွေကို ကောင်းကင်အဆင့်သို့ရောက်ရှိစေဖို့ ရှောင်လုံက ကြံရွယ်ထားတာပဲ ဖြစ်သည်။

ဒိနှစ် နှစ်သစ်ကူးနေ့အတွက်ပြင်ဆင်နေသောရက်တွေမှာလဲ ထျန်ယွမ်အိမ်တော်က အရင်နှစ်တွေကလိုပဲ အရမ်းကိုပျော်ရွှင်စရာကောင်းပြီး စည်းကားသိုက်မြိုက်နေသည်။ တကယ်ဆို ဒီနှစ်ထျန်ယွမ်အိမ်တော်မှာ အရင်နှစ်တွေထက်ကို အများကြီးပိုပြီး စည်းကားနေတာပဲ ဖြစ်သည်။

ဒါက ဘာကြောင့်လဲဆိုတော့ ဒီနှစ်မှာ ရှောင်လုံ ကြယ်စကြာဝဠာကျောင်းရဲ့ တကျောင်းလုံးချန်ပီယံဖြစ်ခဲ့ရုံသာမက သူက လူတောင်းနိုင်ငံကိုကိုယ်စားပြုကာ နိင်ငံပေါင်းစုံသိုင်းပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့်လဲရခဲ့သည် ။ ဒါအပြင် ဟောင်မင်းနဲ့ ဂိုတန်တိုရဲ့ မင်္ဂလာနေ့
ရက်ကို သတ်မှတ်လိုက်လို့ပဲ ဖြစ်သည် ။

  လွန်ခဲ့သောရက်အနဲငယ်တုံးက ဟောင်ပန် ၊ စုရန် တို့က ဟောင်မင်းကိုအဖော်ပြုရင်း ဂိုရှီးယန်နဲ့တွေ့ဆုံဖို့ ဂိုအိမ်တော်ကို သွားရောက်ခဲ့သည် ။ ဂိုရှီးယန်ကလဲ ဟောင်ပန်တို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့သည် ။ အဲ့နောက်သူတို့ စကားပြောကြရင်း ဂိုတန်နဲ့ ဟောင်မင်းတို့ရဲ့ မင်္ဂလာဆောင်ရက်ကို နှစ်ဖက်လုံးက သဘောတူလိုက်ကြ၏ ။

ရှောင်လုံ ဒီရက်တွေအတော်အတွင်းမှာတော့ သူသိုင်းလေ့ကျင့်နေတာတွေကို ခနရပ်နားထားကာ သူ့မိသားစုကိုပဲ အချိန်ပေးကာ အဖော်ပြုပေးနေသည် ။

နောက်ထပ်ဆယ်ရက်လောက်ဆိုရင်ပဲ ယူမင်းနဲ့ ကျောင်းရှု တို့က လူတောင်းနိုင်ငံကိုရောက်ရှိလာတော့မှာမဟုတ်လား.. ။ အဲ့အချိန်ကျရင် ရှောင်လုံက ကျောင်းရှု နဲ့ ယူမင်းကိုအဖော်ပြုကာ ဘေလုံနိုင်ငံကိုဖြတ်ပြီး ဒေါင်ရမ်းအင်ပါရာနိုင်ငံသို့ ခရီးစတင်ဖို့ ကြံသည်ထားသည်။ ကျောင်းရှု နဲ့ ယူမင်းတို့ ရောက်လာတာနဲ့ ဘေလုံနိုင်ငံကိုသွားပြီ ဓားကြီးဂိုဏ်း ၊ နင်သိုင်းပညာမိသားစုနဲ့ တိမ်ကင်းစင်အိမ်တော်တို့ကို အမြစ်အပြတ်ရှင်းပစ်ဖို့ ရှောင်လုံက သံဓိဋ္ဌာန် ချထား၏ ။

တခြားတဖက်မှာလဲ ရှောင်လုံက ရှဲဝေနဲ့ ကျန်တဲ့ တခြားအကြီးအကဲနှစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ခဲ့ပြီးတဲ့နောက် ကြယ်စကြာဝဠာကျောင်းက ကျောင်းအုပ်ကြီးစွင်းကျန်းနဲ့ လက်ထောက်ကျောင်းအုပ်ရှောင်းချူးတိူ့အပါအဝင် အကြီးအကဲတွေ စုစည်းကာ သိုင်းပြိုင်ပွဲမှာဖြစ်ပျက်ခဲ့သော ကိစ္စတွေအပေါ်တရားစီရင်ဖို့ အရေးပေါ်အစည်းအဝေးကျင်းပခဲ့လေသည် ။ အစည်းအဝေးကနေ ရရှိလာသော ဆုံးဖြတ်ချက်အရ ရှဲဝေ ၊ ဂျန်ဟန်ယု ၊ ချန်ဖန်းလီတို့ကို အတွင်းဘက်ခြံဝန်းရဲ့ အကြီးအကဲတွေအဖြစ်ကနေ ထုတ်ပယ်လိုက်သည်။

ဒီရက်တွေအတောအတွင်း အဲ့ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပေမယ့် ဝန်ကြီးချုပ် ဝူဖန်းဘက်ကတော့ တစုံတရာတုန့်ပြန်လာတာမျိုးမရှိပဲ ငြိမ်သက်နေ၏ ။

"... ဒီအဖိုးကြီး ဝူဖန်း အခြေအနေကိုနားလည်ပါစေလို့ပဲ ငါမျှော်လင့်တယ်... "
ရှောင်လုံက သူ့စိတ်ထဲမှာတွေးတောလိုက်သည် ။ ဒီအဖိုးကြီးကသာ သူ့ကိုနောက်တကြိမ်ရန်လာစမယ်ဆိုရင် ရှောင်လုံအနေနဲ့ ဘေလုံနိုင်ငံကိုသွားပြီး ဓားကြီးဂိုဏ်းကိုမချေမှုန်းခင်မှာ ဝန်ကြီးချုပ်ဝူဖန်းကိုအရင်ဆုံး တစစီဖြစ်အောင်လုပ်ပြစ်ဖို့ ဝန်လေးနေမှာမဟုတ်ပေ..။

နောက်ဆုံးမှာတော့ အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ နှစ်သစ်ကူးနေ့ရက်တွေကိုရောက်ရှိလာသည် ။ ထျန်ယွမ်အိမ်တော်ရဲ့နေရာအနှံကနေ ပျော်ရွှင်ရယ်မောသံတွေထွက်ပေါ်နေ၏ ။

နှစ်သစ်ကူးရက်ပထမနေ့မှာပဲ ရှောင်လုံတို့ဟောင်မိသားစုက ဂိုအိမ်တော်ကို အလည်အပတ်သွားခဲ့သည် ။ အစကတော့ ရှောင်လုံက သူမိသားစုနဲ့အတူ ဂိုအိမ်တော်ကို လိုက်သွားဖို့ အစီအစဉ်မရှိခဲ့ချေ  .။ ဒါပေမယ့် ဟောင်မင်းတယောက်က သူမလိုက်မချင်း သူ့နားမှာတောက်တဲ့ တကောင်လိုကပ်ပြီး တဂျီဂျီလုပ်နေတာမို့ နောက်ဆုံးမှာတော့ ရှောင်လုံပဲ လက်မြှောက်အရှုံးပေးလိုက်ရသည် ။

သူတို့ဟောင်မိသားစုလာလည်တာကို ဂိုတန် နဲ့ ဂိုရှီးယန်တို့ သားအဖက ဝမ်းမြောက်ဝမ်းသာဖြင့် လှိုက်လှိုက်လဲလဲကိုကြိုဆိုလေသည်။ အထူးသဖြင့် ရှောင်လုံကို အလေးအနက်ထားပြီး ကြိုဆိုတာပဲ ဖြစ်သည် ။ ရှောင်လုံလဲ ဂိုတန်တို့သားအဖက သူ့ကိုအလွန်အကျူးလေးစား ဂရုစိုက်နေတာမို့ ရှိုးတိုးရှန့်တန်ဖြစ်နေကာ နေရထိုင်ရခက်နေ၏ ။

ဂိုရှီးယန်က ဟောင်မင်းနဲ့ သူ့သားဂိုတန်ကို သဘောတူလက်ခံလိုက်ရတဲ့ အဓိကအကြောင်းအရင်းကလဲ ရှောင်လုံကြောင့်ပဲဖြစ်သည်။
အမှန်တိုင်းပြောရရင်လက်ရှိအခြေအနေမှာ ရှောင်လုံတို့ဟောင်ကခန်အနေဖြင့် ဂိုမိသားစုနဲ့ နှိုင်းယှဉ်ရင် များစွာမှ အဆင့်နိမ်နေသေး၏ ။ ဒါပေမယ့် ဂိုရှီးယန်က ရှောင်လုံအပေါ်အရမ်းကို တန်ဖိုးထားလေးစားတာပဲဖြစ်သည် ။ ရှောင်လုံရဲ့ ပါရမီအစွမ်းအစနဲ့သာဆို နောက်တချိန်မှာ ဒေါင်ရမ်းအင်ပါရာနိုင်ငံမှာတောင် ထင်ရှားကျော်ကြားသော လူတယောက်ဖြစ်လာမယ်ဆိုတာကို ဂိုရှီးယန်စိတ်ထဲမှာ အလိုလိုသိနေသည် ။

Продолжить чтение

Вам также понравится

Re:Cursed

Приключения

43.3K 1.4K 21
Y/N: CAN I GET A REDO PLSS!!!. Dark: Nope. Y/N: WHY?!, It was all good I got my isekai cheat skill and I got to design how I look like in the end all...
19.2K 778 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
168K 5K 96
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
Lovesick Brothers Queen Of Darkness

Приключения

534K 13.3K 42
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...