ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟော...

Από Azure5549

47.1K 3.4K 22

ပြိုင်ဘက်ကင်းသိုင်းဝိညဉ် သူရဲကောင်းတွေဟာ အချိန်တော်တော်များများမှာအထီးကျန်ဆန်ကျတယ်မလား ။ အထီးကျန်ခြင်းတွေကို... Περισσότερα

မိတ်ဆက် + ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
171 - 175
176 - 180
181 - 185
186 - 190
191 - 195
196 - 200
201 - 205
206 - 210
211 - 215
216 - 220
221 - 225
226 - 230
231 - 235
236 - 240
241 - 245
246 - 250
251 - 255
256 - 260
261 - 265
266 - 270
271 - 275
276 - 280
281 - 285
286 - 290
291 - 295
296 - 300
301 - 305
306 - 310
311 - 315
316 - 320
321 - 325
326 - 330
331 - 335
336 - 340
341 - 345
346 - 350
351 - 355
356 - 360
361 - 365
366 - 370
371 - 375
376 - 380
381 - 385
386 - 390
391 - 395
396 - 400
401 - 405
406 - 410
411 - 415
416 - 420
421 - 425
426 - 430
431 - 435
436 - 440
441 - 445
446 - 450
451 - 455
456 - 460
461 - 465
466 - 470
471 - 475
476 - 480
481 - 485
486 - 490
491 - 495
496 - 500
501 - 505
506 - 510
511 - 515
516 - 520
521 - 525
526 - 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601 - 605
606 - 610
611 - 615
616 - 620
621 - 625
626 - 630
631 - 635
636 - 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
716 - 720
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
756 - 760
761 - 765
766 - 770
771 - 775
776 - 780
781 - 785
786 - 790
791 - 795
796 - 800
801 - 805
806 - 810
811 - 815
816 - 820
821 - 825
826 - 830
831 - 835
836 - 840
841 - 845
846 - 850
851 - 855
856 -860
861 - 865
866 - 870
871 - 875
876 - 880
881 - 885
886 - 890
891 - 895
896 - 900
901 - 905
906 - 910
911 - 915
916 - 920
921 - 925
926 - 930
931 - 935
936 - 940
941 - 945
946 - 950
951 - 955
956 - 960
961 - 965
966 - 970
971 - 975
976 - 980
981 - 985
986 - 990

86 - 90

376 34 0
Από Azure5549

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

အပိုင်း ၈၆
      +
အပိုင်း ၈၇

".....   ဘယ်လို....?" မြေကြီး အဆင့် သိုင်းကျမ်းနဲ့ အတွင်းအားကျင်စဉ် ဟူတ်လား..... !"
ဟောင်ပန်နဲ့ စုရန်တို့ရဲ့ခေါင်းထဲမှာ နောက်တခါ ချာချာလည်သွားပြန်သလိုခံစားလိုက်ရ၏ ။ အချိန် တော်တော်ကြာတော့မှ သူတို့နှစ်ယောက်လဲ အံသြမင်သက်နေရာကနေ ပြန်သတိဝင်လာကျပြန်၏ ။

အံသြမင်သက်နေတဲ့ သူမိဘနှစ်ပါးကိုကြည့်ရင်း ရှောင်လုံက အရေးကြီးတဲ့ပုံစံဖြင့် အသံကိုနိမ့်ပြီး
"..... အဖေ နဲ့အမေ သားတို့ နှစ်သစ်ကူးရက်တွေပြီးလို့နှစ်ရက်နေတာနဲ့ အခုကဂလန်မြို့ကနေ လူတောင်းနန်တွင်းမြို့တော်ကိုပြောင်းရွေ့ကျမယ် အဲ့တော့အဖေတို့အမေ ကိုကျွန်တော်နဲ့အတူလိုက်ခဲ့ပါ.... "

".... လူဝေ သေသွားတာမို့ အခုဟောင်ကလန်က မလုံခြုံတော့ဘူး အဖေတို့ သားနေတဲ့နေရာကိုလိုက်ခဲ့မှရမယ်.... "
ရှောင်လုံကထပ်ပြောလိုက်သည်။ သူ့ကလူဝေကို သတ်ခဲ့တာကိုဓားကြီးဂိုဏ်းကသာ သိသွားရင် ဟောင်ကလန်မှာနေတဲ့ သူ့မိဘတွေအပေါ်ကိုကြိမ်းသေပေါက် အန္တာရယ်ကျရောက်လာမှာပဲမဟုတ်လား.... အဲ့ဒါကြောင့်ရှောင်လုံက ပိုပြီးလုံခြုံတဲ့နေရာကို သူ့မိသားစုတွေကိုရွေ့ပြောင်းချငိနေတာပဲ ဖြစ်၏ ။

ဟောင်ပန်တို့က ရှောင်လုံပြောချင်တဲ့ အဓိပ္ပါယ်ကိုနားလည်ပေမယ့်
သူတို့မွေးကတည်းကနေလာတဲ့နေရာဆိုတော့ ဟောင်ကလန်ကို သံယောဇဉ် ဖြစ်နေ၏ ။

"....ဒါဆို ရှောင်လုံ မင်းအဖိုးကိုရော ဘယ်လိုလုပ်မလဲ.... "
ဟောင်ပန်ကမေးလိုက်သည်။

ရှောင်လုံက ခေါင်းကိုခါယမ်းလိုက်ရင်း
"..... မဖြစ်နိုင်ဘူး အဖေ ဒီကိစ္စကိုတော့ ထပ်မပြောပါနဲ့တော့... "

ဟောင်ပန်လဲ ရှောင်လုံ ဘယ်လောက်ထိ ဟောင်ကိုက်ကိုမုန်တီးနေတယ်ဆိုတာကိုသိတော့ ခေါင်းကိုခါလိုက်ကာ သက်ပြင်းရှည်ကြီးချလိုက်လေသည်။

လူဝေဟောင်ကလန်မှာ သေသွားတယ်ဆိုကတည်းက ဓားကြီးဂိုဏ်းရဲ့ အမျက်ဒေါသတွေက ဟောင်ကလန်အပေါ်ကိုစုပြုံကျရောက်လာတော့မှာပဲမဟုတ်လား...... အင်းဟောင်ကလန်တော့......
ဟောင်ပန်ရင်ထဲမှာ ဟောင်ကလန်အကြောင်းစဉ်းစားရင် ဝေခွဲမရဖြစ်နေသည်။

အဲ့လိုနဲ့အချိန်နှစ်ရက်ကုန်ဆုံးသွားကာ နှစ်သစ်ကူးရက်ကိုရောက်ရှိလာ၏ ။

အရှေ့ဘက်ခြံဝန်းမှာတော့ ဖြူဖွေးလှပတဲ့နှင်းတွေကျဆင်းနေကာ အရမ်းကိုလှပနေ၏ ။ ရှောင်လုံလဲ ခြံဝန်းထဲမှာ သူ့ညီလေးနဲ့ ညီမလေးကို အချိန်ပေးကာ အတူဆော့ကစားပေးနေ၏ ။ ဟောင်မင်းက ဟောင်ဝေကြောင့်ဒဏ်ရာရပေမယ့် သူ့အဖေဒဏ်ရာလောက် မပြင်းထန်တာမို့ ရှောင်လုံအနဲငယ်ကုသပေးလိုက်တာနဲ့ သူမဒဏ်ရာတွေက လုံးဝကိုအရှင်းပျောက်ကင်းသွားလေသည် ။ ဒီနှစ် နှစ်သစ်ကူးပွဲမှာအပျော်ရွှင်ဆုံးလူသားနှစ်ယောက်ကတော့ သူ့ညီလေးနဲ့ ညီမလေးပဲ ဖြစ်၏။

အရှေ့ဘက်ခြံဝန်းမှာ စည်းကားသိုက်မြိုက်နေသလောက် မြောက်ဘက်ခြံဝန်းထဲမှတော့ လူမရှိသလို ခြောက်ကပ်တိတ်ဆိတ်နေ၏ ။

နှစ်သစ်ကူးရက်တွေက လျင်မြန်စွာကုန်ဆုံးသွားလေသည်။

နှစ်သစ်ကူးရက်ပြီးသွားတာနဲ့ ရှောင်လုံလဲသူမိသားစုကိုခေါဆောင်ကာ လူတောင်းနန်တွင်းမြို့ကိုဦးတည်ထွက်ခွာလာကျသည်။

လမ်းခရီးမှာ ကသူ့ညီလေး ဟောင်ရှောင်ဟိုင်က ရှောင်လုံကိုမေးလိုက်သည်
"..... အကိုကြီး နန်တွင်းမြို့တော်မှာ ပျော်စရာနေရာတွေအများရှိရဲ့လား.... ?"
ဒီကောင်လေးနှစ်ယောက်လုံးက ရှောင်လုံ သူတို့ကိုနန်တွင်းမြို့တော်ခေါ်သွားတော့မယ်လို့ ကြားကတည်းကခုန်ပေါက်ပျော်ရွှင်နေကျလေသည်။

ရှောင်လုံကပျော်ရွှင်နေတဲ့ သူ့ညီနဲ့ ညီမကိုကြည့်ရင်း ပြုံးလိုက်ကာ
"..... အင်းဟုတ်တယ်ကွ နန်တွင်းမြို့တော်မှာ ပျော်စရာကောင်းတဲ့ ကစားစရာနေရာတွေအများကြီးပဲ...... "

".....အကိုကြီး ကျွန်တော်တို့ဟောင်ကလန်ကိုရော ပြန်လာကျအုံးမှာလား.... ?"
ရှောင်ဟိုင်လေးက ထပ်ပြီးမေးလိုက်သည်။ ရှောင်ဟိုင်ကပြီးခဲ့တဲ့နှစ်က အသက်၇နှစ်ပြည့်ခဲ့ကာသူ့ရဲ့ သိုင်းဝိညဉ်ကလဲ နှိုးထလာပြီ ဖြစ်
သည်။ ရှောင်ဟိုင်ရဲ့ သိုင်းဝိညဉ်ကလဲ ကောင်းမွန်ပြီး သူက အဆင့်မြင့်အဆင့်၈ သိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားသည်။

ရှောင်လုံက သူ့ည်ိမေးခွန်းကိုပြန်ဖြေမယ့်အစားသူကထပ်ပြီးမေးလိုက်ပြန်သည်
"..... ဘာလို့လဲကွ... မင်းကဟောင်ကလန်ကိုပြန်သွားချင်လို့လား....? "
ရှောင်ဟိုင်က ခေါင်းကိုခပ်ကြမ်းကြမ်းခါရမ်းလိုက်ကာ
".ကျွန်တော်ဘယ်တော့မှ ဟောင်ကလန်ကိုမပြန်ချင်တော့ဘူး....
ဟောင်ဝေကိုလဲ ဘယ်တော့မှထပ်မမြင်ချင်ဘူး ..."

ရှောင်လုံလဲ သူ့မိသားစုပါတာမို့ နန်တွင်းမြို့တော်ကိုအလျင်အမြန်မပြန်ပဲ ဖြည်းညှင်းစွာပဲ ခရီးဆက်လေသည်။ အခုအခုသွားတဲ့ အမြန်နှုန်းအရဆို တလလောက်နေမှ နန်တွင်းမြို့တော်ကိုရောက်ရှိနိုင်မှာပဲ ဖြစ်သည်။

သူတို့ဟောင်ကလန်ကနေ ထွက်လာတာနဲ့ တခြားဟောင်ကလန်မှာကျန်နေခဲ့တဲ့ ဟောင်ကိုက်တို့လဲ ဟောင်ကလန်ဆက်မနေရဲတော့ဘဲ တခြားနေရာပြောင်းသွားတယ်ဆိုတာကို ဟောက်ထျန်က ရှောင်လုံကိုသတင်းပို့လေသည်။ ရှောင်လုံလဲ ခေါင်းကိုညိတ်လိုက်ကာ
သူ့အဖိုးဟောင်ကိုက်က ဓားကြီးဂိုဏ်းရဲ့ အမျက်ဒေါသဟောင်ကလန်ကလူတွေပေါ်ကျရောက်လာမှာကိုစိုးရိမ်လို့ ဟောင်ကလန်ကလူတွေကို အန္တာရယ်ကင်းတဲ့နေရာကို ရွေ့ပြောင်းမယ်ဆိုတာ သူ့ခန့်မှန်းပြီးသားမဟုတ်လား... ။

တနေ့ တိတ်ဆိတ်လွန်းတဲ့ ညတညမှာ
ရှောင်လုံတို့လူစုလဲ သစ်တောနားက ဟင်းလင်းပြင်တနေရာမှာ စခန်းချ နားနေလိုက်၏ ။ အားလုံးလဲ မီးပုံဘေးနားမှာ စုဝေးထိုင်နေကျကာ ရှောင်လုံကင်နေတဲ့ သားရဲကြီးကနေ ထွက်လာတဲ့ မွှေးကြိုင်တဲ့အနံကြောင့် အကုန်လုံး အကုန်လုံး ဗိုက်ထဲမှာဆာလောင်လာကာ သရေတများများ ကျနေကျလေသည်။
ဟောင်မင်း ၊ ရှောင်ဟိုင်နဲ့  ခရမ်းရောင်မျောက်လေးကတော့ ငြိမ်ငြိမ်ထိုင်နေကာ အသားကင်ကို တချက်မှ မျက်စိမလွှဲဘဲ အာသာငမ်းငမ်းနဲ့ ကြည့်နေကျသည်။ ရှောင်လုံလဲ သူ့မိသားစုတွေနဲ့ တစုတစည်းထဲ အတူနေရတာကိုကြည့်ရင်း သူရင်ထဲမှာ နွေးထွေးနေ၏ ။

အဲ့အချိန်မှာပဲ ရှောင်လုံ အနောက်က စစ်သူကြီးဟောက်ထျန်ကို ရှောင်လုံကို သတင်းပို့လိုက်သည်
"..... သခင်လေး ဟောင်ကလန်အကြောင်းသတင်းပို့စရာရှိလို့.... "

ရှောင်လုံလဲ မတ်တပ်ရပ်လိုက်ကာ ဟောက်ထျန်နဲ့ အတူ ခပ်လှမ်းလှမ်းနေရာကို လမ်းလျှောက်လာကျပြီး ရှောင်လုံကမေးလိုက်သည်
"...ဘာဖြစ်လို့လဲ.... ?"

".....သခင်လေး ဓားကြီးဂိုဏ်းက ဟောင်ကိုက်ကိုပုန်းအောင်နေတဲ့နေရာကိုရှာတွေ့သွားပြီလို့ ကျွန်တော်အခုပဲ သတင်းရတယ်... "
ဟောက်ထျန်က ထပ်ပြောလိုက်သည်
".... ဟောက်ကိုက်သေသွားပြီး.... ဟောင်မင် ၊ ဟောင်ဂျန်နဲ့ ဟောင်ဝေတို့လဲ ဓားကြီးဂိုဏ်းရဲ့လက်ချက်နဲ့ အကုန်သေကုန်ကျပြီ.... "

ရှောင်လုံလဲ ခေါင်းညိတ်ပြလိုက်ကာ
"...ကျွန်တော်သိပါပြီ.... "
အဲ့နောက်သူက မီးပုံပွဲရှိရာကိုပြန်လာလိုက်သည်။ ရှောင်လုံ ပြန်လာတာတွေ့တော့ ဟောင်ပန်ကမေးလိုက်သည်
"..ရှောင်လုံ ဘာဖြစ်လို့လဲ... "
သူရှောင်လုံကိုမေးလိုက်ပေမယ့် ရရှိလာမယ့် အဖြေကိုတော့ သူသိနေပြီးသားဖြစ်၏ ။

".....ကျွန်တော်အခုပဲ ဟောက်ထျန်သတင်းပို့ချက်ကိုရတယ်အဖေ...
ဟောင်ကလန်ကလူတွေကို ဓားကြီးဂိုဏ်းကရှာတွေ့သွားပြီတဲ့.... "
ဟောင်ကလန်ရဲ့ ကိစ္စကိုတော့ရှောင်လုံက သူ့အဖေကို ကွယ်ဝှက်မထားချင်ပေ.... ။

ရှောင်လုံ စကားကြားတော့ ဟောင်ပန် နဲ့ စုရန်တို့နှစ်ယောက် သူတို့နေရာမှာတင် တောင့်တောင့်တင်းတင်းဖြစ်သွားကာ မလှုပ်မရှားနိုင်ပဲဖြစ်ကုန်သည် ။ ဟောင်မင်း နဲ့ရှောင်ဟိုင်တို့နှစ်ယောက်ကတော့ အသားကင်ကိုပဲ အာသာငမ်းငမ်းကြည့်နေကျလေသည်။ သူတို့ကတာ့ ရှောင်လုံစကားရဲ့ အဓိပ္ပါယ်ကို ဘယ် နားလည်ပါ့မလဲ .... ။

  ခနလောက်ကြာတော့မှ ဟောင်ပန်က အက်ကွဲဆို့နင့်နေတဲ့ အသံဖြင့် ပြောလိုက်၏ ။
"....ရှောင်လုံ.. သားဓားကြီးဂိုဏ်းကိုကလဲ့စားချေပေးမယ်လို့ အဖေကိုကတိပေးစမ်းပါ  ...."

"...အဖေ စိတ်ချပါ ကျွန်တော်ကတိပေးပါတယ်... "
ရှောင်လုံက ပြန်ဖြေလိုက်သည်။ သူ့စိတ်ထဲမှာလဲ အဲ့ကိစ္စကိုတွေးနေပြီသားဖြစ်၏ ။ ဓားကြီးဂိုဏ်းကို အမြစ်ပြတ် မချေမှုန်းဘူးဆိုရင် သူ့ရဲ့ မိဘမောင်နှမအတွက်လဲ မီးစတခုလို နောက်တချိန်မှာ ဒုက္ခပေးလာနိုင်တယ်မဟုတ်လား.... ။

အဲ့အချိန်မှာပဲ ရှောင်ဟိုင်လေးဗိုက်ထဲကနေ ဂလုဂလု အသံထွက်ပေါ်လာကာ သူကရှောင်လုံကို ပြောလိုက်လေသည်
"....ကိုကြီး .....ကိုကြီးရှောင်လုံရေ အသားကင်တွေကျက်နေပြီ.... စားလို့မရသေးဘူးလား.... ကျွန်တော့ဗိုက်လေးကိုကြည့်ပါအုံး ဗိုက်ဆာလွန်းလို့ပြားကပ်နေပြီလေ.... "

ရှောင်လုံကသူ့ညီစကားကြားတော့ ရယ်မော်လိုက်ရင်းနဲ့
"....အိုကေ....အားလုံး စားကျစို့...."

အဲ့လိုနဲ့ ရှောင်လုံတို့က သူတို့ခရီးစဉ်အတိုင်းထပ်ပြီး ထွက်ခွာလာကျကာ နောက်ထပ်နှစ်ရက်လောက်နေတော့ လူတောင်းနန်းတွင်းမြို့တော်ရဲ့ ဝင်ပေါက်တံခါး အကြီးကြီးဆီကို ရောက်ရှိလာကျ၏ ။

နန်တွင်းမြို့ရဲ့ အဓိကဝင်ပေါက်တံခါးကြီးကိုရောက်တော့ ဟောင်ပန်တို့လူစုလဲအံသြစွာဖြင့် ကြောင်အမ်းငေးကြည့်နေကျသည်။ အချိန်တော်တော်ကြာတော့မှ ရှောင်ဟိုင်လေးဆီကနေ အသံထွက်လာသည်
"..... အကိုကြီး နန်တွင်းမြို့တော်ရဲ့ တံခါးကြီး က အရမ်း အရမ်း အရမ်းကို ကြီးတာ ပဲနော်.... "
ရှောင်ဟိုင်ကအရမ်း အံသြနေတာမို့ အရမ်းဆိုတဲ့စကားကိုတောင် သုံးခါထပ်ပြောလိုက်သည်။

ရှောင်လုံကပြုံးလိုက်ကာ
"....ကဲ အားလုံးပဲ မြို့ထဲဝင်ကျရအောင်... "

ရှောင်လုံစကားကြားတာနဲ့ ဟောင်မင် နဲ့ ရှောင်ဟိုင်တို့နှစိယောက်က
မြို့လဲ ဘယ်သူအရင်ရောက်မလဲဆိုတာ လောင်းကျပြီး မြို့တံခါးဆီကို တဟုန်ထိုးပြေးသွားကျလေသည်။

ပထမတော့မြို့တံခါးစောင့်တွေက ကလေးနှစ်ယောက်ကိုတားဆီဖို့ပြင်လိုက်ပေမယ့် ကလေးနှစ်ယောက်နောက်မှာ ပါလာတဲ့ ဟောက်ထျန်ကိုလဲ မြင်ရော ချက်ချင်းဒူးထောက်ချကာ အလေးပြုလိုက်ကျသည်
"..... စစ်သူကြီးချုပ် ဟောက်ထျန်ကို အလေးပြုပါတယ်... "

ဟောက်ထျန်က အစောင့်တွေက နောက်ဆုတ်ခိုင်းလိုက်လေသည်။
အဲ့နောက် ရှောင်လုံက သူ့မိဘတွေနဲ့အတူ နန်တွင်းမြို့တံခါးကိုဖြတ်သန်းကာ မြို့တော်ထဲကိုဝင်ကျလာသည်။

ရှောင်လုံတို့မြို့ထဲဝင်သွားပြီးမှ ခပ်လှမ်းလှမ်းကနေ အကဲခတ်နေကျတဲ့ မြို့တံခါးစောင့်ရဲမက်တယောက်က သူ့ နှဖူးကနေ စီးကျလာတဲ့ ချွေးတွေကိုသုတ်ရင်း ဘေးကတယောက်ကိုပြောလိုက်သည်
".... စစ်သူကြီးချုပ်တောင် သူနောက်ကနေပဲ လိုက်ရတာဆိုတော့
ဒီကောင်လေးကဘယ်သူလဲကွ... ?"

"....မင်းကနန်တွင်းမြို့တော်ကို ရောက်တာသိပ်မကြာသေးလို့ မသိသေးတာထင်တယ်.... အဲ့ကောင်လေးက ဟောင်ရှောင်လုံလေ.... !"

"....ဟောင်ရှောင်လုံ.... သူကဟောင်ရှောင်လုံလား..... ?"

မြို့တံခါးအစောင့်တွေ တီးတိုးတီးတိုးဆွေးနွေးနေရင်းနဲ့ပဲ ရှောင်လုံတု့လူစုကတော့ သူ့တို့မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့သည်။

မြို့ထဲက စည်းကားလှတဲ့စျေးတွေ အရောင်းဆိုင်တွေ မြင့်မားတဲ့ အဆောက်အအုံတွေကိုကြည့်ရင်း ရှောင်ဟိုင်နဲ့ ဟောင်မင်းတို့နှစ်ယောက် ဟိုဟိုဒီဒိလျှောက်ပြေးကာ အရမ်းကို ပျော်ရွှင်နေကျလေသည်။ ရှောင်လုံပခုံးပေါ်က မျောက်လေးကပါ ရှောင်ဟိုင်တို့ကိုကြည့်ရင်း ရှောင်လုံပခုံးထက်ကနေ ခုန်ချကာ သူလဲ ဟောင်မင်တို့နဲ့ အတူပူးပေါင်းပြီး ပျော်ရွှင်စွာ ပြေးလွှားကစားကျတော့လေသည်။

သူတို့တနာရီဝန်းကျင်လောက် မြို့ထဲကို ပတ်ကြည့်ပြီးတဲ့နောက်မှာ
ရှောင်လုံတို့လူစုက နတ်သုဒ္ဓါစားသောက်ဆိုင်ရှေ့ကိုရောက်ရှိလာ၏။
နတ်သုဒ္ဓါစားသောက်ဆိုင်ရှေ့ရောက်တော့ရှောင်လုံကရပ်တန့်လိုက်ကာ သူအဖေနဲ့ အမေကိုကြည့်ရင်း
".... အဖေနဲ့ အမေ ကျွန်တော်တို့ ဆိုင်ထဲဝင်ပြီး တခုခုစားကျရအောင်....."

ဟောင်ပန်နဲ့ စုကန်တို့ပြန်မဖြေခင်မှာပဲ ခရမ်းရောင်မျောက်လေးက
ပျော်ရွှင်စွာနဲ့ လက်ခုပ်တီးကာ ရှောင်လုံစကားကိုထောက်ခံလိုက်လေသည် ။ သူ့ပါးစပ်ထဲကတော့ နတ်သုဒ္ဓါစားသောက်ဆိုင်က အစားအသောက်တွေအကြောင်းစဉ်းစားရင်းနဲ့ သရေတွေစီးကျနေလေသည်။
သူနတ်သုဒ္ဓါစားသောက်ဆိုင်ရဲ့ နာမယ်ကြီးလှတဲ့ စနှိုးမွန်း ဝိုင်အရသာကိုမှတ်မိနေဆဲ မဟုတ်လား.... ။
မျောက်လေး အမူအရာကိုကြည့်ရင်း ရှောင်လုံတို့အားလုံးလဲ သဘောကျစွာဖြင့် ရယ်မောလိုက်ကျ၏ ။

သူတို့စားသောက်ဆိုင်ထဲဝင်လိုက်ကျတော့ လာကြိုတဲ့စာပွဲထိုးလေးက ရှောင်လုံနဲ့ အရင်တခေါက်ကတွေ့ခဲ့တဲ့ စားပွဲထိုးလေးဖြစ်နေလေသည်။ စားပွဲထိုးလေးက ရှောင်လုံကိုမြင်တော့မျက်လုံးကနေ အရောင်တွေတောက်လာကာ  ရိုရိုသေသေနဲ့ ကြိုဆိုလိုက်၏ ။

ရှောင်လုံနဲ့ ဖေးဟိုတို့ကြောင့် သူတို့ဆိုင်ပြိုကျမတတ်ဖြစ်ခဲ့တာမို့ စားပွဲထိုးလေးက ရှောင်လုံတို့ကို ဘယ်မေ့နိုင်မှာလဲ ....။

ရိုရိုသေသေ ခါးကိုင်းနှုတ်ဆက်ကာ အပြုံးကြီးပြုံးရင်း စားပွဲထိုးလေးကရှောင်လုံတို့လူစုကို နတ်သုဒ္ဓါစားသောက်ဆိုင်ရဲ့ ပထမထပ်ကိုခေါ်ဆောင်သွားလေသည်။ ရှောင်လုံတို့လူစုပထမထပ်မှာ ထိုင်လိုက်ရုံပဲရှိသေးတယ် ရှောင်လုံတို့လာတယ်ဆိုတာ သတင်းကြားသွားတဲ့စားသောက်ဆိုင်ပိုင်ရှင်က အိပ်နေရာကနေ အူယားဖားယားနဲ့ ရှောင်လုံတို့ စားပွဲဆီကိုပြေးလာလေသည်။

အဲ့နောက်ရှောင်လုံတို့လူစုအတွက် စားပွဲဝိုင်းနှစ်ခုကို သူကိုယ်တိုင်ပြင်ဆင်ပေးကာ သူတောင်မသောက်ရက်ပဲဆယ်နှစ်ကျော်လောက် သိမ်းဆည်းထားတဲ့ စနှိုးမွန်းနှစ်ချို့ဝိုင်ကို ထုတ်ပြီး ရှောင်လုံတို့ကို ဧည့်ခံလေသည်။

စနှိုးမွန်းဝိုင်ကို ထုတ်လိုက်ရုံပဲရှိသေးတယ် ခရမ်းရောင်မျောက်လေးက ဘယ်သူမှလက်မလှမ်းရသေးခင်မှာပဲ ဝိုင်ရှိရာကို ခုန်ပျံသွားကာ အငမ်းမရသောက်လိုက်လေသည်။ သူသောက်လို့ဝတော့မှ လျှာကိုသပ်ရင်းကျေနပ်သလိုနဲ့ ခေါင်းကိုတဆတ်ဆတ်ညိတ်နေ၏ ။ မျောက်လေးကို ကြည့်ရင်း ပတ်ဝန်းကျင်က လူတွေအကုန်လုံးပွဲကျသွားကာ ရီမောလိုက်ကျ၏ ။ ခနလောက်ကြာတော့ လှပမွေးကြိုင်နေတဲ့
ဟင်းပွဲတွေရောက်ရှိလာလေသည်။ ဟင်းပွဲတွေကိုမြင်တော့ မျောက်လေးနဲ့ ဟောင်မင် ရှောင်ဟိုင်တို့ရဲ့ မျက်လုံးတွေက အရောင်တွေတောက်လာပြီ တူကိုကိုင်ကာ အငမ်းမရစားသောက်ကျလေသည်။
ရှောင်လုံတို့လဲ ကောင်လေးသုံးကောင်ကိုကြည့်ရင်း ရယ်မောလိုက်ကျကာ သူတို့လဲ ပျော်ပျော်ရွှင်ရွှင်မိသားစုစုံညီ စားသောက်ကျလေသည်။

အားလုံး ပျော်ရွှင်စွာစားသောက်နေကျတုံး ယောက်ျားလေးနဲ့ မိန်းကလေး လူငယ်စုံတွဲက ရှောင်လုံတို့ရှိရာ နတ်သုဒ္ဓါစားသောက်ဆိုင်ရဲ့ ပထမထပ်ကိုတက်လာကျသည်။ သူတို့ကြည့်ရတာ နတ်သုဒ္ဓါစားသောက်ဆိုင်ရဲ့ ပုံမှန်ဖောက်သည်တွေဖြစ်ပုံရ၏ ။

ရှောင်လုံက လူငယ်စုံတွဲကို မျက်လုံးတချက်စောင်ကြည့်လိုက်တော့ လူငယ်စုံတွဲက သူ့စိတ်ထဲမှာ ရင်းနှီးနေသလို ခံစားလိုက်ရ၏ ။
အာဟုတ်သားပဲ ငါနန်တွင်းမြို့တော်ကို ပထမဆုံးအကြိမ်ရောက်လာတုံးက တွေ့ခဲ့တဲ့ မှုးမတ်အိမ်တော်က သခင်လေး လင်း နဲ့ သခင်မလေး လင်းဆိုတဲ့ နှစ်ယောက်ပဲ... ။

သူတို့နန်တွင်းမြို့တော်တံခါးအဝမှာ မြို့ဝင်ကြေးကိစ္စနဲ့ ပြသနာတက်နေကျတုံး အဆင့်၄ သားရဲကြီးတွေစီးလာကျတဲ့ သခင်လေး လင်းနဲ့ သခင်မလေး လင်းကိုတော့ အစောင့်တွေက မြို့ဝင်ကြေးမတောင်းရဲဘဲ မြို့ထဲကိုဝင်ခွင့်ပြုလိုက်ကျတယ်မဟုတ်လား..... ရှောင်လုံလဲ ပြန်စဉ်းစားရင်းနဲ့ လူငယ်စုံတွဲကိုမှတ်မိသွားလေသည်။

ပထမထပ်ကိုရောက်တော့ လင်းကီ က စားပွဲအကျယ်ကြီးနှစ်လုံးကိုနေရာယူပြီး ပျော်ရွှင်ဆူညံစွာစားသောက်နေကျတဲ့ ရှောင်လုံတို့လူစုကိုတွေ့လိုက်၏ ။ လင်းကီက မျက်မှောင်ကျုံလိုက်ကာ ရွှေဒင်္ဂါးတအိတ်ကို သူတို့နောက်ကပါလာတဲ့ စာပွဲထိုးလေးကိုပစ်ပေးရင်း သူမလက်ညှိုးတွေက ရှောင်လုံတို့ကိုထိုးပြကာ အမိန့်ပေးတဲ့လေသံဖြင့်ပြောလိုက်သည်
".... ဒီတထပ်လုံးကို ငါတို့ငှါးလိုက်မယ်....  ဒီအောက်တန်းစားတွေကိုမောင်းထုတ်ပြီး သူတို့ကို အောက်ထပ်မှာ သွားစားဖို့ပြောလိုက်စမ်း..."

အောက်တန်းစား....!

လင်းကီရဲ့ စားပွဲထိုးလေးကို အမိန့်ပေးသံ အကျယ်ကြီးကြားလိုက်တော့ ပျော်ပျော်ရွှင်ရွှင်စားသောက်နေကျတဲ့ ရှောင်လုံတို့လဲနောက်ကိုလှည့်ကြည့်လိုက်ကျသည်။

လင်းကီစကားကြားတော့ စာပွဲထိုးလေးက အရမ်းကိုအံသြတုန်လှုပ်သွား၏။

လင်းကီက စာပွဲထိုးလေး ကြောင်ပြီး ရပ်နေတာကိုတွေ့တော့ သူမက
ထပ်ပြီးအော်ဟစ်လိုက်သည်
"....ဟေ့ကောင် နင့်ကိုငါပြောနေတာမကြားဘူးလား...? ငါတို့ပထမထပ်တထပ်လုံးကို အပြတ်ငှါးလိုက်ပြီ..... ဒီအောက်တန်းစားတွေကို မောင်းထုတ်ပြီး အောက်ထပ်မှာ သွားစားဖို့ပြောလိုက်ပါဆိုတာကို..... အဲ့လိုမှမဟုတ်ရင် ဒိအောက်တန်းစားတွေကြောင့် ငါ့တို့အစားအသောက်ပျက်တယ်..... "

လင်းကီစကားကြားတော့ စစ်သူကြီးချုပိဟောက်ထျန်နဲ့ ဖေးဟိုတို့နှစ်ယောက်ရဲ့ မျက်နှာက ချက်ချင်းကိုမဲမှောင်သွားသည် ။ သူတို့မတ်တပ်ရပ်ဖို့လုပ်လိုက်တော့ ရှောင်လုံက သူ့လက်ကိုထောင်ပြကာတားဆီးလိုက်၏ ။

ရှောင်လုံက စားပွဲထိုးလေးကို လက်ပြရင်း ခေါ်လိုက်သည်
".... မင်း.... ဒိကိုလာအုံး.... "

စားပွဲထိုးလေးက ရှောင်လုံကိုကြိုဆိုတဲ့ စားပွဲထိုးလေးမဟုတ်တာမို့ ရှောင်လုံတို့အကြောင်းကိုသေချာမသိပေမယ့် သူ့တို့စားသောက်ဆိုင်ပိုင်ရှင်က ဒီစားပွဲကြီးနှစ်ခုလုံးက လူတွေကို ရိုရိုသေသေဆက်ဆံဖို့
သူတို့အားလုံးကိုအမိန့်ပေးထားပြီး မဟုတ်လား... ။ အဲ့ဒါကြောင့်မို့
ရှောင်လုံစကားကိုလျစ်လျူမရှုရဲပဲ ရှောင်လုံခေါ်သံကြားတာနဲ့ အနားကိုချက်ချင်းပြေးသွားကာ ခါးကိုညွတ်ရင်း
".... သခင်လေး.... သခင်လေးဘာများအလိုရှိပါသလဲခင်ဗျာ... ?"

လင်းကီလိုပဲ ရှောင်လုံက သူ့ရင်ဘတ်အကျီထဲကနေ ရွှေဒင်္ဂါးအထုတ်ကြီး တထုတ်ကိုထုတ်လိုက်လေသည်။ အဲ့နောက်သူက လင်းနာမယ်နဲ့ လူနှစ်ယောက်ကိုလက်ညှိုးထိုးကာ ရွှေဒင်္ဂါးထုပ်ကို စားပွဲထိုးလေးဆီ ပစ်ပေးလိုက်ရင်း ပြောလိုက်သည်
"..... ငါသူတို့နှစ်ယောက်ကို ဒီနတ်သုဒ္ဓါစားသောက်ဆိုင်မှာ မမြင်ချင်ဘူး..... သူတို့ကိုမြင်ရတာ ငါတို့လူစု အစားအသောက်ပျက်တယ်... အဲ့တော့မင်းဒိပိုက်ဆံကိုယူပြီး သူတို့နှစ်ယောက်ကို ဆိုင်ကနေ မောင်းထုတ်ပလိုက် ဟုတ်ပြီလား..... "

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

မူရင်းစာရေးဆရာ.....Shen Jian

ဘာသာပြန်သူ.... Tun Myint Aung

အပိုင်း ၈၈ ......အဲ့လောက်ထိတိုက်ဆိုင်ပါ့မလား.... ?

    "  ....... မင်းလိုအောက်တန်းစားက အခုဘာပြောလိုက်တယ်.....?"
လင်းကီကဒေါသတကြီးနဲ့ ပြန်မေးလိုက်၏ ။ သူမလက်ညှိုးက ရှောင်လုံကို ထိုးကာ သူမစိတ်ထဲမှာတွေးမိလိုက်သည်
ဒီ.... ဒီလိုအောက်တန်းစားဆန်ဆန်အကောင်မျိုးက ငါကိုဒိလိုပြောရဲတယ်ဟုတ်လား ....အဲ့ကောင်က ငါဘယ်သူလဲဆိုတာမသိသေးဘူးထင်တယ်.... ?

ရှောင်လုံကတော့ ဒေါသတကြီးဖြစ်နေတဲ့ လင်းကီကို ဘာမှမထူးခြားသလို တည်တည်ငြိမ်ငြိမ်နဲ့ စိုက်ကြည့်ကာ
"...... နင်နားတွေရောပုံမှန်အလုပ်လုပ်သေးရဲ့လား.... ငါပြောတာကိုသေချာမကြားလိုက်ဘူးလား ...?"

အဲ့အချိန်မှာပဲ နတ်သုဒ္ဓါဆိုင်အောက်ဘက်ကနေ ပထမထက်အလွှာကိုတက်လာကျတဲ့ ခြေသံတွေအများကြီး ကြားလိုက်ရ၏ ။ ခနလောက်ကြာတော့ အစောင့်ရဲမက်တွေအများကြီးက ရှောင်လုံတို့မြင်ကွင်းရှေ့မှာပေါ်လာကျသည်။

အစောင့်တယောက်ကရှေ့ကိုထွက်ကာ လင်းကီကိုဦးညွတ်လိုက်ပြီး
မေးလိုက်၏
".....သခင်မလေး..... ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား.... ?"

မှုးမတ်အိမ်တော်ကအစောင့်တွေက လင်းကီတို့ကိုလိုက်လံစောင့်ရှောက်ရတဲ့ရဲမက်တွေဖြစ်ပြီး သူတို့က ဆိုင်အဝမှာ စောင့်ကြပ်နေတာပြဲဖစ်သည် ။ အခုမှ လင်းကီရဲ့ အငြင်းပွားအော်ဟစ်သံကိုကြားလို့ နတ်သုဒ္ဓါစားသောက်ဆိုင်ရဲ့ ပထမထပ်အလွှာကို အလျင်အမြန်တက်လာကျတာပဲ ဖြစ်၏ ။

"......ဒီမှာလေ..... ဒီအောက်တန်းစားကောင်က ငါ့ကိုစော်ကားနေတယ်..... အဲ့ကောင်ကငါအစားပါးသွားရိုက်စမ်း.... "
လင်းကီက ရှောင်လုံကိုလက်ညှိုးထိုးပြလိုက်ပြီး သူမမျက်လုံးတွေကလဲ ရှောင်လုံကိုမြွေတကောင်လိုအငြိုးကြီးစွာစိုက်ကြည့်နေလေသည်။
လင်းကီက သူမကို အောက်တန်းစားလို့အပြောခံလိုက်ရလို အရမ်းကိုဒေါသထွက်သွားကာ သွားကြားကထွက်လာတဲ့ အသံမျိုးဖြင့်ထပ်ပြောလိုက်၏
"..... သူရဲ့ခွေးရဲ့ ပါးစပ်ကို သွားတွေကုန်သွားတဲ့အထိရိုက်ပစ်စမ်း...."
"...တကယ်လို့ ငါ့အမိန့်ကိုဖိဆန်ပြီး တယောက်ယောက်ကဝင်စွက်ဖက်ရင် အဲ့သူတွေကိုလဲ တူညီတဲ့ အပြစ်ဒဏ်တွေပေးလိုက်.... "

".....ဟုတ်ကဲ့ပါ သခင်မလေး...."
လင်းကီ အမိန့်ကိုကြားလိုက်တော့ မှုးမတ်အိမ်တော်ရဲ့ အစောင့်ရဲမက်တွေက ရှောင်လုံတို့ထိုင်နေတဲ့ စားပွဲနှစ်လုံးကို ပြေးပေါက်မရှိအောင် ဝန်းရံလိုက်၏ ။ အဲ့နောက်အစောင့်ခေါင်းဆောင်က ရှေ့ကိုထွက်လာပြီး  ရှောင်လုံမျက်နှာကို ပြင်းပြင်းထန်ထန်ရိုက်ဖို့အတွက် သူလက်ကိုမြှောက်လိုက်လေသည်။

အဲ့မြင်ကွင်းကိုမြင်လိုက်တော့ အရင်ဟောင်ကလန်ရဲ့ အစောင့်ဟောင်း(ဟောင်ပန်အဖေရဲ့ သစ္စာရှိလူယုံတွေ) တွေက ဒေါပွကုန်ကျကာ သူတို့ရှေ့ကိုထွက်ဖို့ ဟန်ပြင်နေတုံး သူ့တို့ထက်မြန်တဲ့ အရိပ်တခုက
သူတို့မလှုပ်ရှားရသေးခင်မှာပဲ ရှောင်လုံရှေ့ကိုရောက်ရှိလာ၏ ။

  ရှောင်လုံမျက်နှာကို  ပြင်းပြင်းထန်ထန်ရိုက်ဖို့ဟန်ပြင်နေတဲ့ အစောင့်ရဲ့ပါးစပ်ကနေ နာနာကျင်ကျင်အော်ဟစ်သံထွက်ပေါလာကာ သူခန္ဓာကိုယ်က ကျောက်တုံးကြီးတခုနဲ့ ရိုက်မိသလိုဖြစ်သွားပြီ ဆိုင်လှေကားကနေ မြေညီထပ်ကို ပြင်းထန်စွာပြုတ်ကျသွားသည်။
နတ်သုဒ္ဓါစားသောက်ဆိုင်ရဲ့ ပထမထပ်ကြီးတခုလုံးတိတ်ဆိတ်ညိမ်သက်သွား၏ ။ ရှောင်လုံရှေ့မှာပေါ်လာတဲ့ အရိပ်ကတော့ ဖေးဟိုပဲ
ဖြစ်၏ ။

မှုးမတ်အိမ်တော်ရဲမက်တွေက သူတို့မျှော်လင့်ထားတဲ့ အဖြေနဲ့
တခြားဆီဖြစ်သွားလို့ ခနလောက်အံသြမင်သက်သွားကျ၏ ။
အဲ့နောက် သတိပြန်ဝင်လာကျပြီး အရမ်းကိုဒေါသထွက်ကျသည်။ သူတိူ့အကုန်လုံး သူတို့ဆီမှာပါလာကျတဲ့ ဓားရှည်တွေကို ဓားအိမ်ထဲကနေ ဆွဲထုတ်လိုက်ကျ၏ ။ အဲ့အချိန်မှာပဲ ဖေးဟိုဆီကနေ ခပ်ငေါ့ငေါ့အသံထွက်ပေါ်လာ၏
"..... ထွက်သွားကျစမ်းကွာ... "
သူအသံလှိုင်းတွေထွကိပေါ်လာတယ်ဆိုရင်ပဲ မြွေလိမ်မြွေကောက်ပုံသဏ္ဍာန် လျှပ်စစ်လှိုင်းတွေက ရုတ်တရက် ပိုက်ကွန်တခုပုံစံမျိုးဖြင့်ပေါ်ပေါက်လာ၏ ။ အဲ့ဒါကတော့ ဖေးဟိုရဲ့ လျပ်စစ်ပိုက်ကွန်အသံလှိုင်းသိုင်းပညာပဲ ဖြစ်ပြီး အဆင့်မြင့်လျှိုဝှက်ဆန်းကြယ်အဆင့် သိုင်းကျမ်းတခုလဲ ဖြစ်သည်။ မှုးမတ်အိမ်တော်ရဲ့ အစောင့်ရဲမက်တွေထဲမှာမှ အစွမ်းအထက်ဆုံးလူက မြေကြီးအဆင့်၇ နောက်ဆုံးအဆင့် သိုင်းသမားဖြစ်တာမို့ သူတို့အနေအထားနဲ့ ဘယ်လိုမှ ဖေးဟိုရဲ့ လျှပ်စစ်အသံလှိုင်းတွေကို ရှောင်တိမ်နိုင်စွမ်းမရှိကျပေ... ။

အစောင့်တွေက  ဖေးဟိုရဲ့ လျှပ်စစ်အသံတွေနဲ့ ရိုက်မိကျကာ
သူတို့ ကိုယ်ခန္ဓာတွေ အဆက်မပြတ် တုန်ခါသွားပြီး ကျွမ်းထိုးမှောက်ခုံဖြစ်ရင်းအဝေးကို လွှင့်ထွက်ကုန်ကျ၏ ။ သူတို့မြေကြီးပေါ်ကို ပြန်ကျလာတဲ့အချိန်မှာတောင် ဘယ်သူဘယ်ဝါဆိုတာတောင် ခွဲခြား၍မရနိုင်အောင် ဖြစ်ကုန်ကျသည်။ အစောင့်တွေရဲ့ ခန္ဓာကိုယ်တွေက ထင်းတုံးတတုံးကိုမီးရှို့လိုက်သလိုမျိုး မဲတူးကုန်ကျပြီး  သူတို့ကိုယ်တွေကနေ ညော်နံတွေ တထောင်းထောင်ထွက်နေကျ၏ ။ သူတို့အစောင့်တွေအားလုံး မျက်စိတမှိတ်အတွင်းမှာ အတုံးအရုံးလဲကျ ရှုံးနိမ့်သွားတာမြင်လိုက်တော့ လင်းကီနဲ့ လင်းဂေါင်တို့ရဲ့ မျက်နှာထားက အဆုံးစွန်ထိကို ပျက်ယွင်းသွားကာ
".....မင်း.... မင်း တို့..... !"

"....ပါးရိုက်စမ်း.... !"
ရှောင်လုံပါးစပ်ကနေ အေးစက်စက်အမိန့်ပေးသံထွက်ပေါ်လာသည်။

"....ဟုတ်ကဲ့ သခင်လေး... " ရှောင်လုံ အမိန့်ကို့ပြန်ဖြေလိုက်တဲ့ ဖေးဟိုရဲ့ ပြန်ဖြေသံဆုံးသွားတာနဲ့ ဖြူဖွေးလှပတဲ့ လင်းကီရဲ့မျက်နှာနုနု
ှုထွတ်ထွတ်လေးမှာ နီရဲနေသော လက်ငါးချောင်းရာကြီးက ထင်ထင်ရှားရှားပေါ်လာ၏ ။

လင်းကီက ကြောက်လန့်သွားပေမယ့် သူမရဲ့လှပတဲ့ မျက်နှာကိုထိချုက်မိသွားတာမို့ မိန်းကလေးသဘာဝအရမ်းကိုဒေါသထွက်သွားလေသည်။ အဲ့နောက် လင်းကီက ပါးရိုက်ခံထားရတဲ့ ညာဘက်ပါးပြင်ကို သူမလက်ဝါးဖြင့် ဖုံးအုပ်ကာ ရှောင်လုံနဲ ဖေးဟိုကို မုန်းတီးစွာစိုက်ကြည့်ရင်း ရင်ကွဲမတတ်ပြန်အော်လိုက်၏
".....နင်.... နင်တို့အောက်တန်းစားတွေ ငါကိုဒီလိုလုပ်ရဲတယ်ဟုတ်လား.....? ငါဘယ်သူလဲဆိုတာ သိကျရဲ့လား...... ?"

သူမအော်ဟစ်သံ မပြီးသေးခင်မှာပဲ ရှောင်လုံပါးစပ်ကနေ အမိန့်ပေးသံတခုထပ်ထွက်လာပြန်၏
".....နောက်တကြိမ်.... "

ရှောင်လုံ အမိန်ပေးသံဆုံးတာနဲ့ ပို ပြီး ပြင်းထန်နက်ရှိုင်းတဲ့ လက်ငါးချောင်းရာတခု လင်းကီရဲ့ ဘယ်ဘက်ပါးပြင်ထက်မှာ ပေါ်လာကာ သူမပါးစပ်ကနေ သွေးတွေစီးကျလာပြီး သွားတချောင်းပါကျွတ်ထွက်သွားလေသည်။

လင်းကီက ဆိုင်ကြမ်းပြင်ပေါ်မှာရှိနေတဲ့ သူမရဲ့ကျွတ်သွားတဲ့ သွားတချောင်းကိုကြည့်ရင်း ခနလောက် အသေကောင်ကြီးလို ကြက်သေသေသွားလေသည်။ အဲ့နောကိသူမကရှောင်လုံနဲ့ ဖေးဟိုကိုကြည့်ရင်း  အဆုတ်ကွဲမတတ် အော်သံနဲ့ အော်ဟစ်လိုက်ပြန်၏
"..... နင်... နင်တို့ငါကိုရိုက်ရဲတယ်..... ငါ့ပါးရိုက်ရဲတယ် ဟုတ်လား....? နင်တို့ ငါဘယ်သူလဲဆိုတာကို သိကျရဲ့လား.... ?
ငါကမှုးမတ်အိမ်တော်က သခင်မလေးပဲ..... ငါ့အဖေက မှုးမတ်ကြီး
လင်းရှင်းပဲ..... ငါ... ငါနင်တို့အောက်တန်းစားတွေ အကုန်လုံးကိုသတ်ပစ်မယ်..... ခွေးလိုအဆင့်အတန်းနဲ့ နင်တို့လို အောက်တန်းစားတွေကို အမျိုးဖြတ်ပစ်မယ် ဟဲ့ ......"

ရှောင်လုံကတော့ စောက်ဂရုကိုမစိုက်ပဲ
"....နောက်တကြိမ်.... "

"....ဖြောငိး...ဖြောင်း..... "
ပါးရိုက်သံအကျယ်ကြီး နှစ်သံ ဆိုင်ထဲမှာ မည်ဟိန်းသွားလေသည်။
လင်းကီ ခန္ဓာကိုယ်က ဒယီးဒယိုင်ဖြစ်သွားကာ သူမ ပါးနှစ်ဖက်လုံး လက်ငါးချောင်းအရာဖြင့် နီရဲတွတ်သွား၏ ။ အဲ့နောက် သူမပါးစပ်ကနေ သွေးတွေထပ်စီးကျလာကာ သွားအနဲငယ်ကျွတ်ထွက်သွားပြန်၏ ။
(ရေးရင်းနဲ့တောင် သနားလာပြီ 😭)

".....ညီမလေး.... တော်ပြီဘာမှထပ်မပြောနဲ့တော့.... ငါတို့အိမ်ကိုအရင်ဆုံးပြန်ကျမယ်လာ.... "
ဘေးကနေ ပြသနာဖြစ်နေတာကိုကြောင်ပြီးရပ်ကြည့်နေမိတဲ့ လင်းဂေါင်က ပြန်ပြီးသတိဝင်လာကာ စိတ်ဆိုးပြီးအော်ဟစ်နေတဲ့ သူ့ညီမကိုပြောလိုက်သည်။ အဲ့နောက် လင်းဂေါင်က လင်းကီရဲ့ ပြန်ဖြေတာကိုတောင်မစောင့်တော့ပဲ သူမလက်ကိုခပ်ကြမ်းကြမ်းဆွဲကာ စားသောက်ဆိုင်ကနေ ဝရုံးသုန်းကား ထွက်ပြေးတော့သည်။ လင်းဂေါင်က
ဘေးကရပ်ကြည့်ရင်းနဲ့ ရှောင်လုံရဲ့ စိတ်ဓတ်ကိုသိသွားလေသည်။
သူ့ညီမသာ စိတ်ဆိုးပြီး ထပ်ကာထပ်ကာအော်ဟစ်နေရင် နောက်ဆုံး ပါးစပ်ထဲမှာ သွားတချောင်းမှ ကျန်မှာမဟုတ်တော့ဘူးဆိုတဲ့ အခြေအနေကိုသူ့ချက်ချင်းသဘောက်ပေါက်သွား၏ ။

လင်းကီလက်ကို ဆွဲကာ ကြောက်လန့်တကြားထွက်ပြေးသွားတဲ့ လင်းဂေါင်ကိုကြည့်ရင်း ရှောင်လုံက လှောင်ပြုံးပြုံးလိုက်၏ ။
လင်းကီတို့ ထွက်မပြေးသွားခင်က လင်းကီမျက်နှာက မကျေနပ်ချပ်တွေ အငြိုးတရားတွေနဲ့ ပြည့်နှက်နေ၏ ။ ဒါကြောင့်မို့ရှောင်လုံက အခုဖြစ်ခဲ့တဲ့ ကိစ္စက ဒီနေရာမှာ ပြိးသွားမှာ မဟုတ်ဘူးဆိုတာကို နားလည်လိုက်သည်။

အခြေအနေတွေကရှောင်လုံမျှော်လင့်ထာသလိုမျိုးသာဆိုရင်
သိပ်မကြာခင်မှာပဲ ထွက်ပြေးသွားတဲ့ လင်းကီးနဲ့ လင်းဂေါင်တို့ မောင်နှမနှစ်ယောက် က နတ်သုဒ္ဓါစားသောက်ဆိုင်က မှုးမတ်အိမ်တော်က အဆင့်မြင့် သိုင်းသမားတွေကိုစစ်ကူခေါ်ပြီး ပြန်လည်ရောက်
ရှိလာမှာမဟုတ်လား.... ။

စားပွဲထိုးလေးက လင်းကီနဲ့ လင်းဂေါင်တို့မောင်နှမနှစ်ယောက် ကဗျာကရာထွက်ပြေးသွားတာကိုမြင်လိုက်၏ ။ အဲ့နောက်သူက ဆိုင်ကြမ်းပြင်မှာ အတုံးအရုံးမှောက်နေကျတဲ့ မှုးမတ်အိမ်တော်က အစောင့်တွေကိုမြင်လိုက်တော့ ဝိညဉ်လွင့်သွားမတတ်ကြောက်လန့်သွားလေသည်။ သူက လင်းကီတို့ နဲ့ရှောင်လုံ အချင်းများနေတာကို ဆိုင်ပိုင်ရှင်ကိုသတင်းသွားပို့နေလို့ အခုမှပြန်ရောက်လာတာပဲ ဖြစ်၏ ။

လင်းဂေါင်တို့ မောင်နှမနှစိယောက် ထွက်ပြေးသွားပြ်ိးတဲ့နောက်မှာတော့ ရှောင်လုံတို့က ဘာမှမဖြစ်ခဲ့သလိုမျိုး ပျော်ရွှင်စွာပြန်လည်စားသောက်နေကျ၏ ။ လင်းကီတို့ မောင်နှမနှစ်ယောက်လဲ နတ်သုဒ္ဓါစားသောက်ဆိုင်ကနေ ထွက်ပြေးလာပြီးတဲ့နောက် ခနလောက်ကြာတော့ သူတို့ရဲ့ မှုးမတ်စံအိမ်ကိုပြန်လည်ရောက်ရှိလာလေသည်။

လင်းကီက မှုးမတ်တအိမ်ကိုဝင်သွားတဲ့လျှောက်လုံးကိုအသံအကျယ်ကြီးနဲ့ အော်ငိုသွားသည်။ လင်းကီနဲ့ လင်းဂေါင်တို့နှစ်ယောက်လုံး မှုးမတ်အိမ်တော်က မိန်းခန်းမဆောင်ထဲကိုရောက်တော့ သူ့တို့အဖေ မှုးမတ်ကြီး လင်းရှင်းက သတ်လတ်ပိုင်းအရွယ်လူကြီးတယောက်နဲ့
ရယ်ရယ်မောမောစကားပြောနေတာကို မြင်တွေ့လိုက်ကျသည်။

သတ်လတ်ပိုင်းအရွယ်လူကြီးက စစ်အရာရှိဝတ်စုံကိုဝတ်ဆင်ထားကာ သူ့ပခုံးထက်မှာလဲ တောက်ပနေတဲ့ အရာရှိ အမှတ်အသားတွေရှိ၏ ။ သတ်လတ်ပိုင်းအရွယ်လူကြီးက လူတောင်းနိုင်ငံရဲ့ စစ်သူကြီးတွေထဲက တယောက်ဖြစ်တဲ့ စစ်သူကြီး ဟုန်ဒီရှန်း ပဲ ဖြစ်သည်။

လင်းကီငိုပြီးဝင်လာတာကိုမြင်လိုက်တော့ မိန်းဧည့်ခန်းမဆောင်ထဲမှာ ရယ်ရယ်မောမောစကားပြောနေကျတဲ့ လင်းရှန်းနဲ့ ဟုန်ဒီရှန်း တို့ကစကားပြောလက်စရပ်သွားကာ ငိုပြီးဝင်လာတဲ့ လင်းကီကို ကြည်လိုက်လေသည်။

လင်းကီတို့မောင်နှမ နှစ်ယောက်လဲ သူ့အဖေနဲ့ စကားပြောနေတဲ့ လူကြီးကိုမြင်တော့ နှုတ်ဆက်လိုက်ကျသည်
"....ဦးလေး ဟုန်.... "

"....ကီအာ ဘာဖြစ်လာတာလဲ.... ? သမီးကိုဘယ်သူကို နာကျင်အောင်လုပ်လိုက်တာလဲ.... ?"
လင်းရှန်းက သူ့သမီးလင်းကီရဲ့ မျက်နှာနုနုထွတ်ထွတ်ပေါ်က နီရဲညိုမဲနေတဲ့ လက်ဝါးရာကိုမြင်လိုက်တော့ ချက်ချင်းမျက်နှာက မဲမှောင်သွားကာ မေးလိုက်သည်။

"....အဖေ..... ဦလေး ဟူန်.... အဖေတို့ ဦးလေးတို့ သမီးအတွက်ပြန်ကလဲ့စားချေပေးရမယ်နော်... !" လင်းကီက ညိုမဲနေတဲ့ သူမမျက်နှာကိုလက်ဖြင့်ကာရင်း ငိုပြောလိုက်သည်။
"..... အခုပဲ နတ်သုဒ္ဓါစားသောက်ဆိုင်မှာ ခွေးလောက်တောင်အဆင့်မရှိတဲ့ အောက်တန်းစားလူတစုက သမီးမျက်နှာကို ရိုက်လိုက်တာ.... ! ဒိမှာ ကြည့်အုံး သမီး သွားတွေပါကျွတ်ကုန်တယ်.... !"

".....ဝူး......ဝူးဝူး......ဝူး....." လင်းကီက ငိုရှိုက်ရင်းနဲ့ တိုင်ပြောလိုက်သည်။

"....ဘာ.... ?"
လင်းရှန် မျက်နှာထားကဒေါသထွက်လွန်းလို့ မဲမှောင်နေရာကနေ
ပြာနှမ်းသွားကာ အရိုးစိမ့်လောက်အောင်အေးစက်တဲ့ အလင်းရောင်တွေက သူမျက်လုံးထဲကနေ ထွက်လာ၏ ။

"..... အဲသာမန်လူစုထဲဆီကနေ တခြား ဘာတွေထူးဆန်းတာမြင်ခဲ့သေးလဲ.... "
အဲ့အချိန်မှာ စစ်သူကြီး ဟုန်ဒီရှန်းက ရုတ်တရက်ဝင်မေးလိုက်သည်။

ဧည့်ခန်းဆောင်ထဲက လူသုံးယောက်လုံးလဲ စစ်သူကြီးမေးခွန်းကို
ကြားလိုက်တော့ အံသြသွားကျလေသည်။

"....အကို ဟုန်က ဘာကိုပြောချင်တာလဲ.... ?"
လင်ရှန်းက ပြန်မေးလိုက်သည်။

စစ်သူကြီး က ရှင်းပြလိုက်သည်
"..... မင်း လွန်ခဲ့တဲ့နှစ်က နတ်သုဒ္ဓါစားသောက်ဆိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကိုမှတ်မိသေးလား..... ?"

စစ်သူကြီးစကားကြားတာနဲ့ လင်းရှန်းက မနှစ်ကနတ်သုဒ္ဓါစားသောက်ဆိုင်ကအဖြစ်အပျက်ကို ပြန်စဉ်းစားမိပြီး အရိုးထဲထိအောင်ကြောက်လန့်သွားသလိုမျိုး တုန်ယင်သွားသည်။

နယ်စားမင်း မန်ချန်နဲ့ သူ့သားက စစ်သူကြီးချုပ်ဟောက်ထျန်ရဲ့ ညီကို
သူ့တို့ဖက်က လူအင်သားအသာရတာကို အသုံးချပြီး ထိခိုက်ရအောင်ရအောင်လုပ်ခဲ့လေသည်။ နောက်တော့ အဲ့သတင်းကိုသိသွားတဲ့ စစ်သူကြီးက နတ်သုဒ္ဓါစားသောက်ဆိုင်ကို ချက်ချင်းရောက်လာပြီး ဒေါသပေါက်ကွဲသွားကာ နယ်စားမင်းတို့ သားအဖကို လူပုံအလည်မှာပဲ သတ်ဖြတ်ခဲ့တယ်မဟုတ်လား.... ။

ဒီအပြစ်အပျက်က တနှစ်လောက်ကြာသွားပြီဆိုပေမယ့် လင်းရှန်းရင်ထဲမှာတော့မနေ့တနေ့က ဖြစ်ခဲ့တလိုမျိုးထင်းထင်းရှားရှားကိုမှတ်မိနေလေသည်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မန်ချန်နဲ့ မန်ရှတို့ကလဲ နတ်သုဒ္ဓစားသောက်ဆိုင်မှာပဲ အသတ်ခံခဲ့ရတာမဟုတ်လား..။

လင်းကီနဲ့ လင်းဂေါင်တို့လဲ အဲ့ဒိအဖြစ်အပျက်ကိုပြန်မှတ်မိသွားကာ
သူတို့မျက်နှာသွေးရောင်တွေပျောက်ဆုံးသွားပြီး သူတို့နှစ်ယောက်လုံးကိုယ်တွေက တုန်ယင်နေကျလေသည်။

"....အကိုဟုန်......  ဒီလိုတိုက်ဆိုင်မှုမျိုးက နောက်တကြိမ်ထပ်ဖြစ်နိုင်ပါ့မလား.... ?"
လင်းရှန်းက မမေးခင်ခနလောက် တုန့်ဆိုင်းပြီးမှ မေးလိုက်၏။

"..... နောက်မှနောင်တရဖို့ထက် အခု အန္တာရယ်ကင်းဖို့က
ပိုအရေးကြီးတယ်လေ.... "
ဟုန်ဒိရှန်း ကပြောရင်းနောက်ကိုလှည့်ကာ လင်းကီကိုမေးလိုက်သည်။
".... သမီးကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့ သူက ဘယ်လိုပုံစံမျိုးလဲ... ?"

လင်းကီနဲ့ လင်းဂေါင်တို့လဲ သူတို့မှတ်မိသမျှဖေးဟိုရဲ့ မျက်နှာသွင်ပြင်အားလုံးကို ပြန်ပြောပြလိုက်ကျသည်။ သူတို့နှစ်ယောက်ပြောပြတဲ့လူပုံစံကိုမြင်ယောင်ရင်း လင်းရှန်း နဲ့ ဟုန်ဒိရှန်းတို့မျက်နှာတွေက တဖြည်းဖြည်းပျက်ယွင်းသွားကျသည် ။ လင်းကီနဲ့ လင်းဂေါင်တို့ပြောပြတဲ့ စကားလဲဆုံးရော ဟုန်ဒိရှန်းက မှုန်ကုပ်ကုပ်လေသံဖြင့် ခန့်မှန်းလိုက်သည်
"..... ငါအထင်တော့ သူတို့မောင်နှမပြောပြနေတဲ့ လူပုံစံက
စစ်သူကြီးချုပ်ရဲ့ ညီ ဖေးဟိုများ ဖြစ်နေမလားပဲ.... !"

စစ်သူကြီးချုပိ ဟောက်ထျန်ရဲ့ ညီ ဖေးဟို...... !

လင်းကီတို့မောင်နှမရဲ့ မျက်နှာတွေက ကြောက်လန့်လွန်းလို့ ဖြူ
ဖတ်ဖြူရော်ဖြစ်သွားကာ သူတို့ခေါင်းကိုမိုးကြိုးပစ်လိုက်သလိုမျိုး မူးမေ့လဲကျမတတ်ဖြစ်သွားသည်။

ရုတ်တရက် ဟုန်ဒီရှန်းက မေးခွန်းတခုမေးဖို့ အကြံတခုပေါ်လာကာ
မေးမြန်းလိုက်သည်
"..... ဖေးဟို အပြင် အဲ့လူစုထဲမှာ အသက်၇၀ အရွယ်လောက်ရှိတဲ့ လူကြီးတယောက်ရောပါသေးလား..... ?"
အဲ့နောက် စစ်သူကြီးချုပိဟောက်ထျန် ဘယ်လိုပုံစံဆိုတာကိုလင်းကီ
တို့မောင်နှမကို ပြောပြလိုက်သည်။

လင်းကီးနဲ့ လင်းဂေါင်တို့လဲ ကြိုးစားပြီးပြန်လည်စဉ်းစားလိုက်ကျ၏။
ဒါပေမယ့်  သူတို့ပြသနာဖြစ်တဲ့အချိန်မှာ စစ်သူကြီးချုပ်ဟောက်ထျန်က လှေကားကနေတက်လာတဲ့ဖက်ကိုကျောပေးပြီး ထိုင်နေတာပဲ ဖြစ်သည်။ ဒါကြောင့်မို့ လင်းကီတို့လဲ စားပွဲဝိုင်းထဲမှာ ထိုင်နေကျတဲ့ လူတွေအကုန်လုံးကိုတော့ မမှတ်မိနိုင်ပဲ ဖြစ်နေကျ၏ ။

"....သမီးတို့ သေချာ သတိမထားမိခဲ့ဘူး.... "
လင်းကီက ထပ်ပြောလိုက်သည်
"..... သူတို့အားလုံးပေါင်း ဆယ့်ငါးဆယ့်ခြောက်ယောက်လောက်တော့ရှိတယ်....  အိုး....ဟုတ်သားပဲ.....  အဲ့ထဲမှာ ဆယ်နှစ်လောက်ပဲရှိသေးတဲ့ ကလေးလေးတယောက်လဲ ပါသေးတယ်.. သူကအသက်ဆယ်နှစ်ပေမယ့် အဲ့ဖေးဟိုနဲ့ တူတဲ့ လူကြီးက သူ့စကားကိုတသွေမတိမ်းနားထောင်တာပဲ.....  ပြီးတော့ သူကိုသခင်လေးလို့တောင်ခေါ်သေးတယ်....ဟိုလူကဖေးဟိုဆိုရင်.. သူ... သူက ဟိုတယောက်များ...... ?"

လင်းကီစကားမဆုံးသေးခင်မှာပဲ လင်းရှန်းနဲ့ ဟူန်ဒိရှန်းတို့ဆီကနေ သံပြိုင်ရေရွတ်တဲ့ နာမယ်တခုထွက်ပေါ်လာသည်
"..... ဟောင်ရှောင်လုံ...... !"

ဟောင်ရှောင်လုံ.... !

အဲ့နာမယ်ကိုကြားလိုက်တော့ လင်းကီတို့လဲ အားတင်းထားတဲ့ နောက်ဆုံးလက်ကျန်အားလေးကုန်သွားသလို အနောက်ကိုယိုင်ထိုးကာ ဆုတ်သွားကျသည်။

ကြယ်စကြာဝဠာကျောင်းတော်ရဲ့ ပထမနှစ်ချန်ပီယံ.....ဟောင်ရှောင်လုံဆိုတဲ့နာမယ်ကို လူတောင်းနန်တွင်းမြို့တော်မှာ မကြားဘူးတဲ့သူမရှိပေ..... ။ ဟောင်ရှောင်လုံက ကမ္ဘာခေတ်ဦး အမဲရောင်နတ်နဂါးသိုင်းဝိညဉ်ကိုပိုင်ဆိုင်ထားတာမို့ တခေတ်တယောက် ဒဏ္ဍာရီထဲက လူစွမ်းကောင်းတယောက်လို အရမ်းနာမယ်ကြီးနေလေသည်။
ပြီးတော့ သူရဲ့အနေအထားအရဆိုရင် သူကလူတောင်နိုင်ငံတော်ရဲ့ နံပါတ်တစ် ပါရမီရှင်မဟုတ်လား..... ။

ဒီကောင်လေးကဟောင်ရှောင်လုံဆို... ဒါ...ဒါဆို.... ?
လင်းကီက သူမရှောင်လုံကို ခွေးလိုအဆင့်နိမ့်တဲ့ အောက်တန်းစားတကောင်လို့ပြောခဲ့တာကိုပြန်မြင်ယောင်မိသွားသည်။ ဒါအပြင်က ရှောင်လုံပါးကိုရိုက်ဖို့ အစောင့်တယောက်ကိုတောင် အမိန့်ပေးခဲ့သေးတာမဟုတ်လား.....  သူမခေါင်းထဲ ပြန်လည်ပေါ်လာတဲ့ ဇတ်လမ်းစီးရီးကို ပြန်မြင်ယောင်ရင်း သူမခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်နေတော့သည် ။ 

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၈၉ ........ ထျန်ယွမ်အိမ်တော်သို့အပြန်

       "......ဒါဆို အဖေ သမီးတို့ ဘယ်လိုလုပ်ကျမလဲ..... "
လင်းကီက ပြောရင်းနဲ့ သူမျက်နှာက သွေးရောင်တွေပိုပြီးဖျော့တော့လာသည်။ လင်းကီမျက်နှာက အရင်တုံးကလို အာဏာရှင်တယောက်ကဲ့သို့ မောက်မာထောင်ကြွားမှုတွေ ပျောက်ဆုံးကုန်ကာ ထောက်ချောက်မိထားတဲ့ ယုန်သူငယ်လေးတကောင်လို မျက်နှာငယ်လေးနဲ့ ဖြစ်နေလေသည်။

  ဧည့်ခန်းကြီးတခုလုံး လေးလံထိုင်းမှိုင်းနေ၏ ။ လင်းကီက စိတ်အရမ်းလှုပ်ရှားနေတဲ့ပုံစံဖြင့်
".. အဖေ... အဖေ... တခုခုတော့ပြောအုံးမှပေါ့.... "

".....နင်တော်တော်ရိုင်းတယ် .... "
လင်းရှန်းက ဒေါသတကြီးနဲ့ မတ်တပ်ထရပ်လိုက်ကာ လင်းကီကို ပြန်ဟောက်လိုက်သည်
"..... ဒီပြသနာတွေအကုန်လုံးက နင့်ကြောင့်ဖြစ်ရတာမဟုတ်လား....နင့်အကြောင်းငါမသိရင်ခက်မယ် သိလား....?! နင်သာတခုခု အမှားအယွင်းမလုပ်ခဲ့ရင် အဲ့ဒီဖေးဟိုက နင်ကိုအသားလွတ် ဒီလို လုပ်ပါ့မလား..... ?"
လင်းရှန်းကပြောနေရင်း ဒေါသမထိန်းနိုငိတော့ပဲ လင်းကီးကို နောက်ထပ်ပါးတချက်ထပ်ရိုက်လိုက်လေသည်။ အရောင့်လျော့တော့မလို ဖြစ်နေတဲ့ လင်းကီမျက်နှာက နောက်တခါ လက်ငါးချောင်းအရာဖြင့် နီရဲတွတ်လာပြန်၏ ။

  လင်းကီက ပါးရိုက်ခံလိုက်ရတဲ့ သူမပါးတဖက်ကို ကိုင်ရင်း သူ့မအဖေကို မယုံနိုင်သလို ငေးကြည့်နေသည်။ အဲ့နောက် လင်းကီရဲ့ လှပတဲ့ မျက်လုံးလေးတွေကနေ ရေကာတာကျိုးပေါက်သလို မျက်ရည်တွေပိပိုးပေါက်ပါက်ကျလာတော့သည်။ သူမငယ်စဉ်းကတည်းက လင်းရှန်းက သူမစိတ်လိုချင်တာအကုန်လုံးကို ဖြည့်ဆည်းပေးခဲ့လေသည်။ ဘာပဲလိုချင်ချင် အကုန်လုံး မရ မရှိရအောင် ဖြည့်ဆည့်ပေးခဲ့၏ ။
ဒါပေမယ့် အဲ့လို တုန်နေအောင်ချစ်တဲ့ အဖေက အခုကျတော့ လင်းကီပါးကို ပထမဦးဆုံး အကြိမ်အနေဖြင့် ရိုက်ခဲ့လေသည်။

လင်းကီကတွေးလေလေ ပိုဝမ်းနဲလာလေ ဖြစ်ကာ ဧည့်ခန်းတခုလုံး
မှာ သူမငိုသံတွေနဲ့ လွှမ်းခြုံသွားလေသည်။

"....နင်... နင်.... "
လင်းရှန်က ဒေါသတကြီးဖြင့် သူလက်ကိုနောက်တကြိမ်မြှောက်လိုက်ကာ ရိုက်ဖို့ဟန်ပြင်လိုက်ပေမယ့် နောက်ဆုံးမှာတော့ မရိုက်ရက်တော့ပဲ လက်ကိုပြန်ချလိုက်၏ ။

"....ညီလေး လင်း..... ဒီအချိန်က မင်းလင်းကီကို အပြစ်ပေးနေရမယ့် အချိန်မဟူတ်သေးဘူး.....လင်းဂေါင် ငါ့ကိုဘာတွေဖြစ်ခဲ့သလဲဆိုတာကို သေချာပြောပြစမ်း..... "
စစ်သူကြီး ဟုန်ဒီရှန်း က လင်းရှန်းကို အခုလက်ရှိအခြေအနေကိုနားလည်သဘောပေါက်အောင် ထောက်ပြလိုက်၏ ။

"....ကျွန်တော်ပြောပြပါ့မယ် ဦးလေးဟုန်.... "
လင်းဂေါင်က ရိုရိုသေသေပြန်ဖြေလိုက်၏ ။အဲ့နောက်မှာတော့ နတ်သုဒ္ဓါစားသောက်ဆိုင်ကို သူတို့စပြီးရောက်တဲ့အချိန်ကစပြီး ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို တခုမှမခြွင်းမချန်ရဲတော့ပဲ အကုန်လုံး အမှန်အတိုင်းပြောပြလိုက်တော့သည်။

လင်းရှန်းက သူ့သားလင်းဂေါင်ပြောပြတဲ့ လင်းကီကသူမဆိုင်ရဲ့ ပထမထပ်ကိုရောက်ရောက်ချင်းမှာပဲ ရှောင်လုံတို့ကို ဆိုင်အပြင်ကိုမောင်ထုတ်ဖို့ စာပွဲထိုးလေးကိုစေခိုင်းပုံ...... သူမရှောင်လုံကိုပြောတဲ့ စကားတိုင်းမှာ ခွေးလိုအောက်တန်းစား ဆိုတဲ့ စကားလုံးပါပုံ စသဖြင့် ဖြစ်ပျက်ခဲ့သမျှအသေးစိတ်ကို ပြန်ကြားလိုက်တဲ့အခါ သူ့မျက်နှာက ရွံရေထက်ပို ပိုပြီးမဲမှောင်သွားပြီး ငြိမ်ငြိမ်မနေနိုင်တော့ပဲ အရမ်းကို ဒေါသထွက်သွားလေသည်။ အဲ့နောက် လင်းရှန်းရဲ့ ရင်ဘက်က ဒေါသထွက်လွန်းလို့ ဖားဖိုကြီးလို ဖောင်းလိုက်ပိန်လိုက်ဖြစ်နေကာ လင်းကီကို အရေခွံနွာချင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေ၏ ။

လင်းရှန်းရဲ့ အမူအရာကိုမြင်တော့ စစ်သူကြီး ဟုန်ဒီရှန်က ဝင်ရောက်ဖြောင်းဖျစကားဆိုလိုက်၏
"..... ညီလေးလင်း မင်းစိတ်ကိုထိန်းစမ်း..... ငါတို့ဒီလိုလုပ်ကျရအောင်.....  နတ်သုဒ္ဓါစားသောက်ဆိုင်ကိုသွားပြီး ရှောင်လုံ နဲ ဖေးဟိုကို ပြန်ပြီးတောင်းပန်လိုက်.... ငါလဲမင်းနဲ့အတူလိုက်ခဲ့ပေးမယ်... "

သူတို့နှစ်ယောက်ကလဲ ခင်မင်သိကျွမ်းလာခဲ့တာနှစ်ပေါင်းမနဲတော့တာမို့ လင်းရှန်း ဒုက္ခရောက်နေတဲ့ အချိန်မှာ သူလဲ ဘယ်ထိုင်နေနိုင်ပါ့မလဲ...... ။

လင်းရှန်းရဲ့ မျက်နှာအမူအရာကတော့ ပြန်ကောင်းလာချင်းမရှိပဲ
"..... ဒီလိုပဲ လုပ်ရတော့မှာပေါ့.... "

ခနလောက်ကြာတော့ လင်းရှန်းနဲ့ ဟုန်ဒိရှန်း တို့နှစ်ယောက် လင်းကီနဲ့ လင်းဂေါင်ကို ခေါ်ပြီး နတ်သုဒ္ဓါစားသောက်ဆိုင်ကိုသွားကျလေသည်။ သူတို့သိပ်မကြာခင်မှာပဲ နတ်သုဒ္ဓါစားသောက်ဆိုင်ကဘရှောင်လုံတို့ စားသောက်နေကျတဲ့ ပထမအလွှာကိုရောက်ရှိလာ၏ ။ သူတို့ပထမအလွှာကိုရောက်လာပြီး ရှောင်လုံကိုစကားစတင်ပြောဖို့ကြံနေတုံး ရှောင်လုံဘေးမှာကျောပေးပြီးထိုင်နေတဲ့ လူတယောက်ကိုသတိ
ထားမိသွား၏ ။ အဲ့လူရဲ့ ပုံပန်းသဏ္ဍာန်ကိုမြင်လိုက်တာနဲ့ သူတို့နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်တွေတောင့်တင်းကုန်ကျပြီး ရုတ်တရက် ခြေလှမ်းတွေရပ်တန့်သွားသည်။ သူတို့မျက်လုံးတွေကလဲ အဆမတန်
ပြူးထွက်နေကျ၏ ။

အဲ့နောက်သူတို့နှစ်ယောက်ပါးစပ်ကနေ ထစ်ငေါ့ထစ်ငေါ့ဖြင့်ခေါ်တဲ့ နနာမယ်တခုထွက်ပေါ်လာ၏
"....စစ်...စစ်သူကြီးချုပ်... ဟောက်ထျန်..... !"

လင်းရှန်းနဲ့ ဟုန်ဒီရှန်းတို့လဲ အသံကိုကြားတော့ ကျောပေးရပ်နေတဲ့ ဟောက်ထျန်က နောက်ကိုလှည့်ကြည့်လိုက်၏ ။ နောက်လှည့်ကြည့်လာတဲ့ စစ်သူကြီးချုပ်ရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ လင်းရှန်း ဟုန်ဒီရှန်းတို့နှစ်ယောက် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားရင်း ဟောက်ထျန်ကို သွေးမရှိတဲ့ မျက်နှာတွေနဲ့ ကြောင်ငေးနေကြည့်နေကျ၏။

လင်းရှန်းနောက်က လင်းကီတို့ မောင်နှမနှစ်ယောက်ရဲ့ သူ့အဖေရဲ့ အံသြစွာရေရွတ်လိုက်တဲ့ နာမယ်ကိုကြားလိုက်တော့ သူတို့ခြေထောက်တွေက အားမရှိသလို ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်ကိုလဲကျမတတ်ဖြစ်ကုန်ကျသည်။ သူတို့ရဲ့ ကြောက်ရွံစိတ်ကို ဘယ်လိုပဲ ဖိနှိပ်ထားဖိနှိပ်ထား သူတို့ ကြမ်းပြင်ပေါ်မှာ ကောင်းကောင်းမရပ်နိုင်တော့တဲ့ ပုံစံဖြစ်သွားကျသည်။

လင်းရှန်း နဲ့ ဟူန်ဒိရှန်းတို့နှစ်ယောက် နတ်သုဒ္ဓါစားသောက်ဆိုင်ကိုလာကျကတည်းက သူတို့ စိတ်ထဲမှာ အရမ်းကို မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တခုပဲ ရှိသည်။ အဲ့ဒါကတော့ ရှောင်လုံတို့နဲ့ အတူ စစ်သူ
ကြီးချုပ် ဟောက်ထျန်မပါဖို့ပဲ ဖြစ်သည်။ အခုတော့..........!!

တနာရီလောက်ကြာတော့ ရှောင်လုံ ၊ စစ်သူကြီးချုပ်ဟောက်ထျန်နဲ့
ကျန်တဲ့ သူတို့လူတွေအကုန်လုံး နတ်သုဒ္ဓါစားသောက်ဆိုင်ကနေထွက်ခွာသွားကျသည်။ ရှောင်လုံတို့ထွက်သွားပြီး ခနလောက်ကြာတော့
လင်းရှန်း တို့ သားအဖတွေက စစ်သူကြီးဟူန်ဒီရှန်းနဲ့အတူ မှိုင်ထွေငေးကာ စိုက်ပျက်လက်ပျက်ပုံစံနဲ့ ဆိုင်ထဲကနေ ထွက့လာကျသည်။

ဒီတနာရီအတော့အတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုတော့ ဘယ်သူမှမသိလိုက်ကျပေ..... ။

ဒါပေမယ့် နောက်နေ့မနက်ခင်းမှာတော့ လင်းရှန်းရဲ့ မှုးမတ်ရာထူးနဲ့ အဆောင်အယောင်တွေကို ဘုရင်လူကျန်းက ပြန်သိမ်းလိုက်တဲ့သတင်းက လူတောင်းနန်တွင်းမြို့တခုလုံးကို ပျံနှံလာလေသည်။

ရှောင်လုံတို့ကတော့ သူတို့ နတ်သုဒ္ဓါစားသောက်ဆိုင်ကနေထွက်လာတာနဲ့ တခြားဘယ်မှမဝင်တော့ပဲ ထျန်ယွန်အိမ်တော်ကိုပဲ ဦးတည်ပြီး
ပြန်လိုက်ကျသည်။ သူတို့ထျန်ယွမ်အိမ်တော်အရှေ့ကိုရောက်တော့
သားရဲလူ ဘိုလီနှင့်အတူ တခြားအစေခံတွေက အိမ်တော်အပြင်ဘက်မှာ သူတို့ကိုစောင့်ကြိုနေတာကိုမြင်လိုက်ကျ၏ ။

"..... အကိုကြီး.... အကိုကြီး..... ဒီထျန်ယွမ်အိမ်တော်ကြီးက သမီးတို့ ရဲ့အိမ်လား..... "
ထျန်ယွမ်အိမ်တော်ရဲ့ ကြီးကျယ်ခန့်ငြားလှတဲ့ ဝင်ပေါက်ဝမှာ ရပ်ရင်း
ရှောင်လုံညီမ ဟောင်မင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

ရှောင်လုံက ပြုံးရင်းခေါင်းညိတ်လိုက်ကာ
"....အင်း..... အခုချိန်ကစပြီး ဒီထျန်ယွမ်အိမ်တော်က အကိုကြီးတို့နေရမယ့် အိမ်ပဲ...... "

ဟောင်မင်း နဲ့ ဟောင်ရှောင်ဟိုင်တို့နှစ်ယောက်က
"....ဟေး.... "
ခနဲအော်ကာ ပျော်ရွှင်စွာခုန်ပေါက်လိုက်ကျရင်း အိမ်တော်ထဲကိုနောက်တကြိမ်အပြေးပြိုင်ကျပြန်သည်။ အဲ့ဒါကိုကြည့်ရင်း အကုန်လုံးလဲ
ပျော်ရွှင်စွာရယ်မောလိုက်ကျ၏ ။

အဲ့နောက်ရှောင်လုံက သူ့အဖေနဲ့ အမေကိုပြောလိုက်သည်
"..... အဖေ နဲ့ အမေ ကျွန်တော်တို့လဲ အထဲကိုဝင်ကျရအောင်.... "
ဟောင်ပန်တို့နှစ်ယောက်လဲ စိတ်ချမ်းသာစွာဖြင့် ပြုံးရင်း ခေါင်းညိတ်ပြလိုက်လေသည်။

ခနလောက်ကြာတော့ သူတို့အကုန်လုံး ဧည့်ခန်းမဆောင်ထဲမှာထိုက်လိုက်ကျသည်။ အဲ့နောက် ရှောင်လုံက သူမိဘ ညီအကိုမောင်နှမတွေနဲ့ သူမိဘတွေရဲ့ လက်ရင်းအစေခံတွေအတွက် အခန်းစီစဉ်းပေးဖို့  ဖေးဟိုကို စေခိုင်းလိုက်သည်။ ရှောင်လုံက နှစ်သစ်ကူး သူ့ဟောင်ကလန်ကိုမပြန်ခင်ကတည်းက ရွှေဒင်္ဂါးအမြောက်အမြားကိုပေးကာ သူ့အနီးပတ်လည်က ရောင်းချမယ့်ခြံတွေကိုဝယ်ဖို့ ဖေးဟိုကိုစေခိုင်းထားခဲတယ်မဟုတ်လား..... ။ အဲ့ဒါကြောင့်မို့ အခုလက်ရှိထျန်ယွမ်အိမ်တော်ရဲ့ ခြံဝန်းအကျယ်က အရင်ကထက်ကိုများစွာပိုမိုကျယ်ဝန်းလာပြိး အခန်းတွေလဲ မြောက်မြားစွာရှိ၏ ။

ရက်နှစ်ဆယ်လောက် ခရီးပြင်းနှင်လာခဲ့ရတာမို့ ဖေးဟိုအခန်းတွေစီစဉ်ပြီးတာနဲ့ ရှောင်လုံက သူ့မိဘတွေနဲ့အတူ တခြားလူတွေကိုသွားနားခိုင်းလိုက်သည်။ သူမိဘတွေနဲ့ တခြားပါလာတဲ့ သူတွေသွားအနားယူတော့ ဧည်းခန်းမဆောင်ထဲမှာ ရှောင်လုံ ၊ ဖေးဟိုနဲ့ ဟောက်ထျန်
တို့သုံးယောက်ပဲ ကျန်ခဲ့တော့သည်။

".....ဟောက်ထျန်..... စုံစမ်းခိုင်းထားတဲ့ အခြေအနေ သိရပြီလား ....?"
ရှောင်လုံက ဟောက်ထျန်ကိုမေးမြန်လိုက်သည်။ ဟောင်ကလန်ကနေ ထွက်လာပြီရက်အနဲကြာထဲက ရှောင်လုံက ဓားကြီးဂိုဏ်းရဲ့ အသေးစိတ်အချက်အလက်တွေကို သိရအောင် ဟောက်ထျန်ကိုစုံစမ်းခိုင်းထား၏ ။

ဟောက်ထျန်က မတ်တပ်ရပ်လိုက်ပြီး လေးလေးစားစားပြန်ပြောလိုက်၏
".... ဂိုဏ်ချပ်ကို သတင်းပို့ပါတယ်....  ဒီကိစ္စကိုတော့ ကျွန်တော်မျိုးသေသေချာချာကို စုံစမ်းထားပြီးပါပြီ....  ဓားကြီးဂိုဏ်မှာ တပည့်ဂိုဏ်းသားပေါင်း အယောက်သုံးသောင်းနီးပါးလောက်ရှိတယ်...
သေသွားတဲ့ လူဝေ အပြင်ကို အဲ့မှာ နောက်ထက်ကောင်းကင်အဆင့်
သိုင်းသမားတယောက်လဲရှိသေးတယ်.... သူကတော့ လူဝေရဲ့ ဆရာ
ယူချန်း ပဲ....  ယူချန်းက ဓားကြ်ိးဂိုဏ်းရဲ့ အရင်ခေါင်းဆောင်းဟောင်းပါ..... ကျွန်တော်မျိုးအထင်တော့သူက ကောင်းကင်အဆင့်၂ အလယ်အဆင့် သိုင်းသမား ထင်တယ်..... "

လူဝေရဲ့ဆရာ ယူချန်း.... ကောင်းကင်အဆင့်၂ အလယ်အဆင့်.....!

ရှောင်လုံလဲ ခေါင်းကိုညိတ်ပြရင်းတွေးတော့လိုက်သည်
့အင်း.... ကောင်းကင်အဆင့်၂အလယ်အဆင့်ဆို ဟောက်ထျန်နဲ့ အဆင့်တူသိုင်းသမားပေါ့..... ။

အဲ့နောက်စစ်သူကြီးချုပ်ဟောက်ထျန်က ဓားကြီးဂိုဏ်းမှာ မြေကြီးအဆင့်၁၀ ၊ အဆင့်၉ သိုင်းသမားတွေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာရယ် တခြားကျန်တဲ့ အချက်အလက်တွေကို ဆက်ပြီး သတင်းပို့လိုက်သည်။

ဟောက်ထျန် သတင်းပို့ချက်ကိုနားထောင်ရင်း ရှောင်လုံတယောက် မျက်မှောင်ကျုံသထက်ကျုံသွားလေသည် ။ အင်း ကြည့်ရတာ ဓားကြီးဂိုဏ်းကို အမြစ်ကနေ ရှင်းပစ်ဖို့က အစကငါထင်သလောက် မလွယ်ဘူးပဲ.... ။  ဓားကြီးဂိုဏ်းက အခုလက်ရှိမှာ ကောင်းကင်အဆင့်သိုင်းသမားတယောက်ပဲ ကျန်တော့တယ်ဆိုပေမယ့် ဘေလုံ နိုင်ငံရဲ့
ထင်ရှားတဲ့ သိုင်းဂိုဏ်းကြီးတခုဖြစ်တာနဲ့ အညီ မြေကြီးအဆငိ့၁၀
အဆင့် ၉ သိုင်းသမားတွေက များပြာစွာရှိလေသည်။

ဒါအပြင် ရှောင်လုံက ဓားကြီးဂိုဏ်းကိုဖြိုခွင်းဖို့ စစ်သူကြီးချုပ်ဟောက်ထျန်ရဲ့ စစ်တပ်ကို အသုံးမပြုချင်ဘူးလေ..... အကယ်၍သာ
စစ်တပ်အသုံးပြုပြီး ချေမှုန်းလိုက်ရင် နှစ်နိုင်ငံ စစ်မက်တောင်ဖြစ်သွားနိုင်တဲ့ အခြေအနေအထိ ရောက်သွားနိုင်တယ်မလား..... ။

တကယ်လို့ ယူမင်း ရှိနေခဲ့ရင်တော့ ဓားကြီးဂိုဏ်းကိုချေမှုန်းဖို့က အရမ်းကို လွယ်ကူလေသည်။ ယူမင်းရဲ့ ကောင်းကင်အဆင့် ၁၀ သိုင်းသမားအဆင့်ဆိုရင် ဓားကြီးဂိုဏ်းကိုဖြိုခွင်းဖို့က လက်ညှိုးလေးထိုးတာထက်ကိုပိုပြီးလွယ်ကူတယ်မဟုတ်လား..... ။

ယူမင်းကလဲ အခုလက်ရှိ ရှောင်လုံအမိန့်နဲ့ တိမ်ကြယ်တာရာတိုင်းက နတ်တံခါးဂိုဏ်းဋ္ဌာနချုပ်ရှိရာကို ခရီးထွက်သွားလေသည်။သူတိမ်ကြယ်တာရာတိုင်းကနေ နှင်းလေတိုင်းပြည်ကိုပြန်ရောက်လာဖို့ကလဲ အချိန်တနှစ်နီးပါးလောက်ကြာမြှင့်အုံးမှာပဲ ဖြစ်သည်။
အခုလက်ရှိအခြေအနေတွေအရဆိုရင်တော့ဖြင့် ယူမင်းပြန်ရောက်လာမှပဲ သူတို့ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကို စဉ်းစားနိုင်တော့မှာဖြစ်သည်။

အခုသူ့မိဘနဲ့ ညီအကိုမောင်နှမတွေက လူတောင်းနန်တွင်းမြို့တော်မှာနေထိုင်နေတာမို့ ယူချန်နဲ့ ထိပ်တိုက်ရင်ဆိုင်မတွေ့သရွေ့
စစ်သူကြီးချုပ်ဟောက်ထျန်ရဲ့ ကာကွယ်မှုအောက်မှာ လုံခြုံစိတ်ချနိုင်တယ်မဟုတ်လား... ။စကားပြောပြီး ခနလောက်ကြာတော့ ဟောက်ထျန်တို့လဲ ဧည့်ခန်းထဲကနေထွက်သွားကျ၏ ။

ဟောင်ထျန်တို့ ပြန်သွားတာနဲ့ ရှောင်လုံက သူ့ဘာသာစဉ်းစားလိုက်သည်
"....အင်းကြည့်ရတာ ငါမြေကြီးအဆင့် ၇ ကို မြန်နိုင်သမျှ အမြန်ဆုံးနည်းနဲ့ ရောက်အောင်ကြိုးစားရတော့မှာပဲ.... "

သူမြေကြီးအဆင့် ၇ အဆင့်ကိုရောက်ပြီဆိုတာနဲ့ သူလင်းလောင်ရတနာစေတီရဲ့ ပထမအလွှာကို ဝင်ခွင့်ရပြီလေ..... အဲ့ဒါဆို လင်းလောင်ရတနာစေတီကနေ လင်းလောင်ရွှေကိုယ်ဆိုတဲ့ ခန္ဓာကိုယ်သန်စွမ်းလာအောင်လေ့ကျင်တဲ့ ကိုယ်ခံသိုင်းကို ရရှိမှာမဟုတ်လား.....
ဒါအပြင် သူ့သိုင်းဝိညဉ်ရဲ့ စွမ်းအားတွေနဲ့ဆိုရင် ရှောင်လုံက မြေကြီးအဆင့်၈ သိုင်းသမားကိုတောင် ရင်ဆိုင်တိုက်ခိုက်နိုင်မှာပဲ ဖြစ်၏။
ဒါတင်မကသေးပဲ လင်းလောင်ရတနာစေတီရဲ့ ပထမအလွှာကနေ ရလာမယ့် မီးနဂါးပုလဲလုံးတွေကိုလဲ သူမိဘတွေကို ပေးနိုင်မှာမဟုတ်လား... ။

သူမိဘတွေက ပိုပြီးသန်မာလာမှ သူတို့ကိုယ်သူတို့ကာကွယ်နိုင်မှာပဲဖြစ်သည်။ နောက်ဆုံးအနေနဲ့ သူမြေကြီးအဆင့်၇ ကိုရောက်သွားပြီးဆိုရင် သူ့သိုင်းဝိညဉ်ကနောက်တဆင့်ကို တိုးတက် ပြောင်းလဲတော့မှာပဲ ဖြစ်သည်။ နောက်တဆင့် တိုးတက်ပြောင်းလဲပြီဆိုရင် မွေးရာပါစွမ်းရည်တွေကလဲ ပိုမိုသန်မာလာကာ တချို့ အရမ်းအစွမ်းထက်တဲ့ သိုင်းဝိညဉ်တွေဆိုရင် ဒုတိယအကြိမ် ပြောင်းလဲမှုကနေ စွမ်းရည်အသစ်တွေကိုလဲ သိုင်းဝိညဉ်တွေက ပိုင်ဆိုင်လာနိုင်ကျသည်။

အဲ့လိုဖြစ်နိုင်ချေက အရမ်းကိုနဲပါးပေမယ့် သိုင်းဝိညဉ်ရဲ့ အဆင့်ကိုပိုမြင့်လေးလေ အဲ့လိုစွမ်းရဘ်အသစ်ရလာနိုင်တဲ့ အခွင့်အရေးကလဲ ပိုများလာလေပဲ ဖြစ်သည်။

အဲ့နောက်ရှောင်လုံလဲ ဧည့်ခန်းထဲကနေ သူ့အခန်းထဲကိုပြန်လိုက်ပြီး
ကျောက်စိမ်းကုတင်ကို နတ်လက်စွပ်ထဲကနေ ထုတ်ကာ ကျောက်စိမ်းကုတင်ပေါ်မှာ တင်ပျင်ခွေ ထိုင်လိုက်၏ ။ အဲ့နောက်သူ့ရဲ့ အမြွာသိုင်းဝိညဉ်နဂါးနှစ်ကောင်ကို ဆင့်ခေါ်လိုက်ကာ သိုင်းစတင်လေ့ကျင့်တော့၏ ။

ခရီးသွားနေတဲ့ အချိန်တလျှောက်လုံးမှာလဲ ရှောင်လုံက သိုင်းလေ့ကျင့်မှုကိုမရပ်နားခဲ့ပဲ ရရင်ရသလို သိုင်းလေ့ကျင့်ခဲ၏ ။ သူ့ခန္ဓာကိုယ်ရဲ့ အထက်ပိုင်းမှာမျောလွင့်တည်ရှိနေတဲ့ လင်းလောင်ရတနာစေတီကနေ သူ့ကိုယ်ထဲကို မီးနဂါးကီတွေအဆက်မပြတ်ထုတ်လွှတ်ပေးနေ၏ ။
မီးနဂါးကီတွေက ရှောင်လုံတကိုယ်လုံးက အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးကာ သူ့အတွင်းအားရဲ့ အရည်အသွေးကိုပိုမိုတိုးတက်လာစေသည်။ ဒါကြောင့်မို ရှောင်လုံကနေ့တိုင်လိုလိုပိုပိုပြီး သန်မာလာ၏ ။ သူ့မြေကြီးအဆင့် ၆ ကနေ မြေကြီးအဆင့် ၇ ကိုကျော်ဖြတ်ဖို့တားဆီးထားတဲ့ အတားအဆီးကလဲ တဖြည်းဖြည်း ပိုပြီး ပါးလာ၏ ။ အချိန်တလလောက် ကြိုးကြိုးစားစားသိုင်းလေ့ကျင့်လိုက်မယ်ရင်ကို သူ့မြေကြီးအဆင့်၇ သိုင်းသမားဖြစ်တော့မယ်ဆိုတဲ့ ခံစားမှုကရှောင်လုံ စိတ်ထဲမှာ ဖြစ်ပေါ်နေသည်။

#

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း၉၀ ......ငရဲမင်းရဲ့ဒေါသ

  အချိန်တွေတရွေ့ရွေ့ကုန်ဆုံးကာ ညချမ်းအချိန်သို့ရောက်ရှိလာ၏။

  ရှောင်လုံ နတ်အတွင်းအားနည်းစနစ်ကိုလေ့ကျင့်နေတာကိုလဲ ရပ်လိုက်ရော အလင်းရောင်ပျောက်ဆုံးကာ ညအမှောင်ကိုရောက်ရှိနေလေပြီ..... ။ အေးချမ်းလှပတဲ့ ငွေလမင်းက ကမ္ဘာကြီးတခုလုံးကို သူရဲ့အလင်းရောင်တွေနဲ့ လွှမ်းခြုံထား၏ ။ လမင်းကြီးကိုမကြာကြာ တိမ်ညိုတိမ်မဲတွေက ဖုန်းကွယ်သွားတတ်သည်။

ရှောင်လုံလဲ သူ့သိုင်းလေ့ကျင့်နေတဲ့ အခန်းထဲကနေ ခြံဝန်းထဲကိုထွက်လာ၏ ။ ခြံဝန်းရဲ့ အလည်ခေါင်မှာ မတ်တပ်ရပ်ရင်း သူ့ကိုယ်လုံးကိုနှိမ့်ချလိုက်ပြီး ဒူးထောက်ချလိုက်သည်။ သူ့ညာဘက်လက်က လက်သီးပုံစံ ပုံဖော်ထားကာ အရှေ့ကို ဖြည့်ညှင်းစွာ ထိုးလိုက်၏ ။ သူ့ရဲ့ဘယ်လက်ကိုတော့ သူ့ကျောဘက်ကိုဝက်ဝိုင်းပုံ သဏ္ဍာန်ကပ်ထားလိုက်သည်။ အဲ့နောက် ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းရဲ့
သိုင်းကွက် အဆင့်၅ ခုမြောက်ရဲ့ မူအရ အသက်ရှုနှုန်းကိုထိန်းညှိလိုက်သည်။ စိတ်ဝိညဉ်ဆိုင်ရာ စွမ်းအင်တွေက ရှောင်လုံ အနားများ တမဟူတ်ချင်း လျှံတက်များပြားလာသည်။

လွန်ခဲ့တဲ့နှစ် သူဟောင်ကလန်ကနေ ထွက်လာကတည်းက ရှောင်လုံက ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းကိုလဲ လျစ်လျူမရှုထားခဲ့ပေ....  သူ့ရဲ့ တခြားသိုင်းပညာတွေနည်းတူ ကိုယ်ခန္ဓာအသွင်ပြောင်းသိုင်းကျမ်းကိုလဲ ဖိဖိစီးစီးလေ့ကျင့်ခဲ့တာမို့ သူရဲ့ ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းက အခုဆိုရင် အဆင့် ၅" နွားလား ကိုးကောင်အားကို တကောင်ထဲမှာ စုချင်း  " အဆင့်ရဲ့ အထွတ်အထိပ်အဆင့်ကိုရောက်ရှိနေပြီပဲ ဖြစ်၏ ။ အဆင့် ၆ ကိုရောက်ရှိဖို့ကလဲ အချိန်တခုကိုစောင့်ရန်သာ လိုအပ်တော့သည်။

  အခုဆိုရင် ရှောင်လုံရဲ့ ကိုယ်တွင်းအားအင်တွေက နေ့တိုင်းလိုလို တိုးတက်များပြားလာကာ သူ့ကိုယ်ထဲမှာ ကျစ်လစ်စွာတည်ရှိနေ၏။
သူ့အသက်ရှုထုတ်လိုက်တယ်ဆိုရင်ပဲ သူ့နှာခေါင်းဝကနေ ထွက်လာတဲ့ မြူနှင်းအချို့ကိုတောင် တွေ့မြင်နိုင်၏ ။ သူ့သာအခုချိန်ကမ္ဘာမြေကြီးပေါ်မှာ ဆက်ရှိနေခဲ့မယ်ဆိုရင် သူ့ကို ကိုယ်တွင်းအားသိုင်းပညာရှင်လိုတောင် ခေါ်ဆိုနိုင်တဲ့ အဆင့်ကိုရောက်ရှိနေ၏ ။

ပိန်းပိန်းမှောင်နေတဲ့ ညရဲ့ အမှောင်ထုကို ပုဇွန်ဆီရောင်နဲ့တူတဲ့ မနက်ခင်းရဲ့ အလင်းရောင်တွေက အစားထိုးနေရာဝင်ယူလာကျ၏ ။
သူ့ကိုယ်ပေါ်ကိုနွေးထွေးတဲ့ အလင်းရောင်ကျရောက်လာတော့မှ
တညလုံးသိုင်းလေ့ကျင့်နေတဲ့ ရှောင်လုံက သူ့ကိုယ်ခန္ဓာအသွင်းပြောင်းသိုင်းကျမ်းလေ့ကျင့်နေမှုကိုရပ်တန့်လိုက်၏ ။

အဲ့နောက် သူ့လက်နှစ်ဖက်ထဲမှာ တိုးဝင်ပျောက်ကွယ်နေတဲ့
နတ်ဓားနှစ်လက်ကို ခေါ်ထုတ်လိုက်ကာ လေပေါ်ကိုခုန်လိုက်ပြီး ဓားနှစ်လက်ကိုမွေ့ယမ်းလိုက်၏ ။ နတ်ဓားနှစ်လက်ကနေ မရေတွက်နိုင်တဲ့ ဓားအလင်းတန်းတွေ ထွက်ပေါ်လာကာ မိုးရေစက်သေးသေးလေးတွေအဖြစ်ပြောင်းလဲကုန်သည်။ အဲ့နောက်ဓားအလင်းတန်း မိုးရေစက်တွေက ပြင်းထန်းတဲ့ မိုးမုန်တိုင်းအဖြစ်ကို ပြောင်းလဲသွားကာ ခြံဝန်းရဲ့နေရာအနှံကိုလွှမ်းခြုံသွားလေသည်။ အဲ့နောက် ရုတ်တရက် ဒေါသပြင်းထန်နေတဲ့ မိုးမုန်တိုင်းကအရမ်းကို နူးညံညင်သာပြီး
မြင်နိုင်ဖို့တောင်ခက်ခဲလှတဲ့ မိုးဖွဲလေးတွေအဖြစ်ကိုပြောင်းလဲသွား၏ ။

ဓားအလင်းတန်းမိုးဖွဲလေးတွေကနေ အော်ဟစ်မြည်ဟိန်းသံတွေက အချိန်တော်တော်ကြာအောင် ထွက်ပေါ်နေ၏ ။

ခနလောက်ကြာတော့ နတ်ဓားသိုင်းရဲ့ နှစ်ကွက်မြောက် နတ်မျက်ရည်သိုင်းကွက်ကိုလေ့ကျင့်နေတဲ့ ရှောင်လုံတယောက် အသက်ပြင်းပြင်းတချက်ရှုလိုက်ရင်းနဲ့ သူ့သိုင်းလေ့ကျင့်နေမှုကို ရပ်နားလိုက်သည်။
သူနတ်မျက်ရည်သိုင်းကွက်ကိုလေ့ကျင့်လာခဲ့တာ အခုဆိုရင်တနှစ်ကျော်ကျော်လောက် အချိန်ကိုရောက်ရှိနေလေပြီ..... နောက်ဆုံးတော့
သူနတ်မျက်ရည်သိုင်းကွက်ကို ကျွမ်းကျင်ပိုင်နိုင်သူအဆင့်အထိရောက်နိုင်လေ့ကျင့်နိုင်ခဲ့လေပြီ.... ။

နတ်မျက်ရည်သိုင်းကွက်ရဲ့ လျှှို့ဝှက်ချက်တွေရဲ့ လှုပ်ရှားမှု အသေးစိတ်ရည်ရွယ်ချက်တွေကိုလဲ သူပြည့်စုံစွာနားလည်ခဲ့လေပြီ.... ။ သူ့မှာလိုအပ်ချက်ဆိုလို့ တခုပဲကျန်ရှိတော့၏ ။ အဲ့ဒါကတော့ သူရဲ့အတွင်းအားတွေက နတ်မျက်ရည်သိုင်းကွက်ကိုဘယ်လောက်ကြာကြာ
ထောက်ပံပေးနိုင်မလဲဆိုတဲ့ အချက်ပဲ ဖြစ်သည်။ ဒါပေမယ့် နောက်ဆိုရင် သူ့ပိုပြီး သန်မာလာတာနဲ့ အမျှ သူ့ရဲ့ အတွင်းအားတွေကလဲ
ပိုမို များပြားစွမ်းအားကြီးလာမှာမဟူတ်လား.... ။

"..... အခုလောက်ဆို..... နတ်ဓားသိုင်းရဲ့ သုံးကွက်မြောက်ကိုလေ့ကျင့်ဖို့ အချိန်တန်ပြီထင်တယ်.... "
ရှောင်လုံက သူ့စိတ်ထဲမှာစဉ်းစားလိုက်၏ ။ အဲ့နောက် သူ့နတ်လက်စွပ်ထဲမှာ ထဲ့သိမ်းထားတဲ့ နတ်ဓားသိုင်းသုံးကွက်မြောက်ရဲ့
ညွန်ကြားချက်တွေကို ထုတ်လိုက်ကာ အာရုံအပြည့်စူးစိုက်ပြီး လေ့လာဖတ်ရှုတော့သည်။

နတ်ဓားသိုင်းရဲ့ သုံးကွက်မြောက် သိုင်းကွက်...... ငရဲမင်းရဲ့ဒေါသ

စာအုပ်ထဲမှာ နတ်ဓားသိုင်းသုံးကွက်မြောက်ကို ဘယ်လိုလေ့ကျင့်ရမယ်ဆိုတဲ့ ရုပ်ပုံတွေနဲ့ သိုင်းလေ့ကျင့်နေတဲ့အချိန်မှာ အတွင်းအားတွေကို ခန္ဓာကိုယ်ထဲ ဘယ်လို လှည့်ပတ်စီးဆင်းစေရမယ် ဆိုတဲ့ အချက်တွေကို ရှောင်လုံ က သူ့စိတ်ထဲမှာ သေချာစွာ မှတ်သားလိုက်၏။
အဲ့နောက် နတ်ဓားသိုင်းကျမ်းကို လက်စွပ်ထဲ ပြန့်ထဲ့ ပြီးသိမ်းဆည်းလိုက်သည်။ သိုင်းကျမ်းကိုပြန်သိမ်းပြီးတာနဲ့ ရှောင်လုံက သူ့ဦးနှောက်ထဲမှာ သိုလှောင်လိုက်တဲ့ နတ်ဓားသိုင်းတတိယအကွက်ရဲ့ အသေးစိတ်ဖော်ပြချက်တွေကို သေသေချာချာ အာရုံစူးစိုက်တွေးတောနေ၏ ။ ငြိမ်သက်စွာစဉ်းစားနေတဲ ရှောင်လုံရဲ့ ကိုယ်က ရုတ်တရက်
သူအရှေ့ မီတာအနဲငယ်အကွာကို မီးလောင်နေတဲ့ ဥက္ကာခဲကြီးလို ပျံသန်းရောက်ရှိသွားကာ သူ့လက်ထဲက နတ်ဓားတွေဖြင့် အရှေ့ကိုပိုင်းချလိုက်၏ ။

အနီရောင် မီးဓားအလင်းတန်းနှစ်ခု လေထဲမှာ ပေါ်ပေါက်လာ၏ ။
အဲ့နောက် ဓားအလင်းတန်းတွေက ဒေါသကြီးနေတဲ့ ငရဲမင်းလိုပုံစံဖြင့် ရပ်တန့်ဖို့ အစီအစဉ်မရှိပဲ အရှေ့ကို တဟုန်ထိုး ထိုးတက်သွားကာ သူ့လမ်းကြောင်းတလျှောက်မှာရှိနေတဲ့ အရာတွေအကုန်လုံးကို ခွဲချေပစ်သွားလေသည်။

ပထမအကြိမ် ကြိုးစားလေ့ကျင့်လိုက်ပြီးတဲ့နောက် ရှောင်လုံက သူအခုရောက်ရှိနေတဲ့ နေရာမှာပဲ ရပ်တန့်နေလိုက်ကာ သူ့ငရဲမင်းဒေါသ သိုင်းကွက်ကို အသုံးပြုလိုက်တဲ့ အချိန်က ဖြစ်ပေါ်လာတဲ့ ရွေ့လျားမှု ပုံရိပ်တွေ သူ့စိတ်ခံစားချက်တွေကို ပြန်လည်စဉ်းစားတွေးတောလိုက်၏ ။ အဲ့နောက် သူ့စဉ်းစားမိတာတွေနဲ့ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ သိုင်းကွက်အသုံးပြုလိုက်တဲ့ အချိန်မှာ ဘယ်လို ဖြစ်ပေါ်လာရမယ်ဆိုတဲ့ အချက်အလက်တွေကို နှိုင်းယှဉ်လေ့လာကြည့်လိုက်၏ ။

မိနစ်သုံးဆယ်လောက်ကြာတော့ ရှောင်လုံကနောက်တကြိမ် ရွေ့လျားလိုက်ပြန်သည်။ သူခန္ဓာကိုယ်ကမိုးပေါ်က ကျလာတဲ့ ဥက္ကာခဲတခုလို အရှေ့ကို တမဟုတ်ချင်း ရောက်ရှိသွားကာ သူ့ရဲ့နတ်ဓားနှစ်လက်ဖြင့် အရှေ့ကိုထပ်ပြီး ခုတ်ချလိုက်၏ ။ မီးတောက်လိုရဲရဲနီနေ
တဲ့ ဓားအလင်းတန်းနှစ်ခုက မီးတောင်ကြီးပေါက်ကွဲလာသလို ဒေါသတကြီးဖြင့် အရှေ့ကိုလှည့်ပတ်ဖြတ်သန်းသွားကာ သူ့လမ်းကြောင်းတလျှောက်ရှိနေတဲ့ အရာဝတ္ထုတွေအကုန်လုံးကို တိုက်စားချေဖျက်သွားလေသည်။ တိုက်ခိုက်မှုရဲ့ အရှိန်အဟုတ်က မီတာတရာလောက် အကွာအဝေးကိုရောက်မှ အားနဲကာ ပျောက်ကွယ်သွားသည်။

ဒုတိယအကြိမ် သိုင်းကွက်လေ့ကျင့်ပြီးတဲ့နောက်မှာလဲ ပထမအကြိမ်လိုပဲ ရှောင်လုံက သူစိတ်ထဲမှာ စဉ်းစားလို့ရတဲ့ အချက်အလက်တွေကို နှိုင်းယှဉ်လိုက်ပြန်၏ ။ နောက်မိနစ်သုံးဆယ်ကြာတော့ တတိယအကြိမ်မြောက် လေ့ကျင့်မှုကိုစတင်လိုက်ပြန်သည်။ ရှောင်လုံက နတ်ဓားသိုင်းကျမ်းရဲ့ ပထမဆုံးအကွက်ဖြစ်တဲ့ သူငရဲမုန်တိုင်းဓားကွက်ကိုလေ့ကျင့်တုံးကလို နည်းလမ်းမျိုးဖြင့် အခု ငရဲမင်းဒေါသသိုင်းကွက်ကို ထပ်ခါထပ်ခါလေ့ကျင့်နေ၏ ။ရှောင်လုံက မိနစ်သုံးဆယ်တခါ သိုင်းကွက်ကိုတကြိမ်လေ့ကျင့်နေရင်း သိုင်းကွက်ထဲမှာ တိမ်မြှပ်လျှို့ဝှက်ထားတဲ့ သိုင်းအဆီအနှစ်တွေက စုပ်ယူဖို့ ကြိုးစားနေ၏ ။

စာအုပ်ထဲက ရေးသားထားချက်အရ ငရဲမင်းရဲ့ ဒေါသ သိုင်းကွက်ကို ကျွမ်းကျင်ပိုင်နိုင်သူအဆင့်ထိရောက်အောင် လေ့ကျင့်နိုင်ပြီဆိုရင် ဓားတချက်မွေ့ယမ်းလိုက်တာနဲ့ မီးတောင်ပေါင်းတသိန်းလောက်ပြိုင်တူပေါက်ကွဲထွက်လာသလိုမျိုး ၊ မိစ္ဆာသားရဲကြီးတွေ အကောင်တသန်းလောက် မြေကြီးကိုပြိုင်တူ ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သလိုမျိုး
အနေအထားတွေကို ဖြစ်ပေါ်လာစေသည်။ သူ့ရဲ့ ထွက်ခွာနှုန်းအရှိန်အဟုန်ကလဲ ရုတ်တရက် မယုံကြည်နိုင်လောက်တဲ့ လျင်မြန်မှုမျိုးဖြင့်ရောက်ရှိလာကာ  ပြိုင်ဘက်ကို တုန့်ပြန်ဖို့အချိန်မပေးတော့ပဲ အလစ်အငိုက်မိသွားစေပြီး နောက်ဆုံးမှာတော့ ငရဲမင်းဒေါသအောက်မှာ သေဆုံးသွားဖို့နည်းလမ်းတခုကိုပဲ ပြိုင်ဘက်သိုင်းသမားကရွေးချယ်နိုင်သည်။

   ရှောင်လုံငရဲမင်းရဲဒေါသသိုင်းကွက်ထဲမှာ စိတ်ရောကိုယ်ပါနစ်မြှပ်လေ့ကျင့်နေရင်းဖြင့် အချိန်သုံးရက်က ကုန်မှန်းမသိ ကုန်ဆုံးသွားလေသည်။ ရှောင်လုံက ဒိသုံးရက်အတောအတွင်းမှာ သူ့ပုံမှန်လေ့ကျင့်နေကျ နတ်အတွင်းအားနည်းစနစ် နဲ့ ကိုယ်ခန္ဓာအသွင်ပြောင်းသိုင်းကလွဲပြီး ငရဲမင်းဒေါသသိုင်းကွက်ထဲကိုပဲ စိတ်ရောကိုယ်ပါနှစ်မြှပ်လေ့ကျင့်နေခဲ့၏။

ရံဖန်ရံခါတော့ သူ့ကြယ်စကြာဝဠာကျောင်းရဲ့ ပထမနှစ် ချန်ပီယံဖြစ်ခဲ့
တုံးက ဆုရခဲ့သော မြေကြီးအဆင့်  တောင်ဖြိုလက်သီး သိုင်းကျမ်းကို
ခနလောက် လေ့ကျင့်လေသည်။ ရှောင်လုံရဲ့ အခုလက်ရှိ အတွင်းအားကီစွမ်းအင်တွေအရ  တောင်ဖြိုလက်သီးကို အသုံးပြုပြီးထိုးလိုက်တဲ့ သူ့ရဲ့လက်သီးချက်က မီတာအနဲငယ်အကွာမှာရှိမယ့် ဆယ်မီတာလောက်ကြီးမားတဲ့ ကျောက်တုံးကြီးကို ကျောက်စရစ်ခဲ အမှုန့်လေးတွေဖြစ်သွားစေနိုင်လောက်တဲ့အထိ ပြင်းထန်လေသည်။

အဲ့လိုနဲ့ နောက်ထပ်အချိန်သုံးရက် ကုန်ဆုံးသွားပြန်သည်။
သိုင်းပညာတွေထဲ နစ်မြှပ်နေတဲ့ ရှောင်လုံတယောက် နောက်ဆုံးတော့ သူ့ခြံဝန်းထဲကနေ ထွက်လာလေသည်။
ဒီနေ့က ကြယ်စကြာဝဠာကျောင်းက ကျောင်းပြန်ဖွင့်မယ့်ရက်ပဲဖြစ်၏။ ဒါကြောင့်မို့ ရှောင်လုံက ကျောင်းကိုတချက်လောက်သွားကြည့်ဖို
စိတ်ကူးထားလေသည်။

သူမိန်းခန်းမဆောင်ထဲကိုရောက်တော့ သူ့အဖေ ၊ အမေ ၊ သူ့ညီမနဲ့
သူ့ညီလေးတို့ က ဧည့်ခန်းမထဲမှာ ရယ်ရယ်မောမောစကားပြောနေကျတာကိုမြင်လိုက်လေသည်။ ဟောင်မင်း နဲ့ ဟောင်ရှောင်ဟိုင်တို့နှစ်ယောက်က ရှောင်လုံကိုလဲ မြင်ရော ပျော်ရွှင်စွာနဲ့ သူ့ဆီကိုပြေးလာပြီး သူ့ကိုဝိုင်းပတ်ကာ
"..... အကိုကြီး.... အကိုကြီး..... "
ဟုခေါ်ကာ သူတို့တယောက်ချင်းဆီက ရှောင်လုံ လက်နှစ်ဖက်ကိုကိုင်ပြီး ပျော်ရွှင်စွာခုန်ပေါက်နေကျ၏ ။

ရှောင်လုံက ပြုံးလိုက်ရင်းနဲ့ မေးလိုက်သည်
".... ဒီမှာနေရတာပျော်ကျရဲ့လားကွ.... "

"....အကိုကြီး နန်တွင်းမြို့တော်က အရမ်းကိုပျော်စရာကောင်းတာပဲ.. ကစားစရာနေရာတွေလဲ တပုံကြီးပဲ..... !"
ရှောင်လုံမေးခွန်းဆုံးတာနဲ့ ဟောင်မင်းတို့နှစ်ယောက်က အလုအယက်တယောက်ကိုတယောက် ပြိုင်ကာ ပြန်ဖြေကျလေသည်။

"....ကစားတာက ကစားတာပဲနော်.... မင်းတို့ သိုင်းပညာကိုလဲ
ကြိုးကြိုးစားစားလေ့ကျင့်ရမယ် သိပြီလား.... "
ရှောင်လုံက သူ့ညီနဲ့ ညီမကိုကြည့်ရင်းပြောလိုက်သည်။

သူ့ညီနဲ့ ညီမကို ခနလောက် ဆုံးမစကားပြောပြီးတော့ ရှောင်လုံကသူ့အဖေနဲ့ အမေဆီနားကိုလာလိုက်ကာ ထျန်ယွမ်အိမ်တော်မှာ
နေရထိုင်ရတာ အဆင်ပြေရဲ့လားဆိုတာကို မေးမြန်းလိုက်၏ ။

ဟောင်ပန်က ရယ်မောရင်းနဲ့
".....ဒီလောက်အကုန်လုံးပြည့်စုံနေမှတော့ ဘာအဆင်မပြေစရာများရှိမှာလဲကွာ..  အကုန်လုံး အဆင်ပြေပါတယ်.... "

ရှောင်လုံအဖေ ဟောင်ပန်က ရှောင်လုံပေးထားတဲ့ အဆင့်မြင့်အဆင့်
၄ ရှင်းယောင်ဆေးလုံးကို သောက်သုံးထားပြီး စုရန်က အဆင့်မြင့် အဆင့်၅ ကီပင်လယ် ဝိညဉ်ဆေးလုံးကို ကိုယ်ဆီသောက်သုံးထားကျသည်။ ဒါကြောင့်မို့ သူတို့လဲ အတွင်းအားအဆင့်တွေက အရင်ကထက်
စာရင် တဆင့်အထိကိုပိုပြီး မြင့်တက်လာကျသည်။ အရင်က မြေကြီးအဆင့်၆ နောက်ဆုံးအဆင့်ပဲရှိသေးတဲ့ ဟောင်ပန်က အခု မြေကြီးအဆင့် ၇ စဦးအဆင့်ကိုရောက်ရှိလာကာ  စုရန်ကလဲ မြေကြီးအဆင့်၆ အလယ်အဆင့်ကိုရောက်ရှိလာသည်။

"....အိုး... ဟုတ်သားပဲ.... ရှောင်လုံရေ.... လီလူလေးက သားကိုမနေ့ကလာရှာသေးတယ်... " ပြောနေရင်းနဲ့ စုကန်က ပြုံးလိုက်ပြီး
"....ဒါပေမယ့် သားက သိုင်းလေ့ကျင့်နေတာမို့ လီလူက တနာရီလောက်ပဲနေပြီး ပြန်သွားတာ.... "

"...လီလူ လာတယ်ဟုတ်လား.... "
ရှောင်လုံလဲ နဲနဲတော့အံသြသွား၏ ။

"....ရှောင်လုံ ..... လီလူလေးက မိန်းမကောင်းလေးပါသားရယ်..."
စုရန်က ထပ်ပြောလိုက်သည်
".....အမေကတော့ သားတို့ကို...... "

"....အာ... အမေရာ ဒီကိစ္စကိုမပြောပါနဲ့အုံး.... "
ရှောင်လုံက မချိပြုံးပြုံးလိုက်ကာ သူ့မျက်နှာမှာ ကူရာကယ်ရာမဲ့နေတဲ့ အရိပ်အယောင်တွေ ပေါ်လာလေသည်။ ရှောင်လုံက သူ့အမေဘာပြောချင်တယ်ဆိုတာကို သိပေမယ့် သူတို့ကအခုမှ အသက်ဆယ်တစ်နှစ်ပဲ ရှိကျသေးတာမဟုတ်လား..... ။

အဲ့နောက် ရှောင်လုံက သူအမေစုရန် က လက်မလျော့သေးပဲ စကားဆက်ပြောဖို့ ဟန်ပြင်နေတာကိုမြင်တော့ ရုတ်တရက် စကားဖြတ်ပြောလိုက်သည်
".... အာ.... ဟုတ်သားပဲ အမေရေ သားမေ့နေတာ....ဒီနေ့ကျောင်းစဖွင့်ပြီးပဲ ကျောင်းကိုတခေါက်လောက်သွားကြည့်လိုက်အုံးမယ်နော်...."
စကားဆုံးတာနဲ့ ရှောင်လုံက သူ့အသက်အန္တာရယ်ကြုံနေသလိုမျိုး ဧည့်ခန်းကနေ သုတ်ခြေတင်ပြေးတော့လေသည်။

မိန်းခန်းမဆောင်ထ့ကြနေ ထွက်လာတာနဲ့ ရှောင်လုံက ကြယ်စကြာဝဠာကျောင်းဆီကို ဦးတည်သွားလိုက်၏ ။ ရှောင်လုံ ကျောင်းကိုရောက်လာတော့ သူကိုမြင်လိုက်တဲ့ ကျောင်းသားတွေအကုန်လုံးက သူသွားဖို့ လမ်းဖယ်ပေးကျလေသည်။ သူတို့အကြည့်တွေထဲမှာ ချစ်ခင်နှစ်သက်မှု ကြည်ညိုလေးစားမှုတွေ အထင်းသား ပေါ်နေ၏ ။
ကြယ်စကြာဝဠာကျောင်းမှာ အခုဆိုရင် ရှောင်လုံကို အိုက်ဒေါ စံ အဖြစ် သတ်မှတ်ထားတဲ့ ကျောင်းသားကျောင်းသူတွေတောင်
အများအပြားရှိနေကျပြီ ဖြစ်သည်။

ရှောင်လုံကတော့ သူဘေးနားက သူ့အကြောင်းတီးတိုးပြောနေတာတွေကို ဂရုမစိုက်တော့ပဲ သူ့အခန်းရှိရာ ကိုပဲ သွားလိုက်သည်။ သူ့အခန်းဝကနေ အခန်းထဲကိုဝင်ဖို့ ဟန်ပြင်လိုက်တာနဲ့ ဆူညံပွက်လောရိုက်နေတဲ့ အခန်းကြီးတခုလုံးက မီးကိုရေနဲ့ ငြိမ်းချလိုက်သလို ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ရှောင်လုံလဲ နဲနဲတော့ အံသြသွားပေမယ့် အခန်းထဲကိုဝင်လာလိုက်၏ ။ သူ့အခန်းထဲကိုစဝင်တာနဲ့ ထိုင်ခုံမှာထိုင်နေကျတဲ့ ကျောင်းသားကျောင်းသူတွေအကုန်လုံး တပြိုင်နက် မတ်တပ်ထရပ်လိုက်ကျ၏ ။

မတ်တပ်ရပ်လိုက်တဲ့သူတွေထဲမှာ ဂျန်းတန်လဲ တယောက်အပါအဝင်ဖြစ်သည်။ ရှောင်လုံလဲ အခန်းထဲကိုဆက်ဝင်လာလိုက်တော့ မတ်တပ်ရပ်နေတဲ့ ဂျန်းတန်က ကြောက်လန့်တကြား အတန်းအနောက်ဘက်ကိုထွက်ပြေးကာ အတန်းအနောက်ဘက်မှာ ရှောင်လုံကို ကြည့်ရင်း သူကိုယ်က တုန်ယင်နေ၏
".... ဟောင်.... ဟောင်ရှောင်လုံ..  ..မင်းဘာလုပ်မလို့လဲ.... ?"
့ကြည့်ရတာဂျန်းတန်တယောက် ရှောင်လုံ လက်သီးစာကို တဝကြီး
စားသုံးပြီးတာမို့ ရှောင်လုံကို မြင်တာနဲ့ သူစိတ်ထဲမှာ အလိုလိုကြောက်လန့်နေတဲ့ ရောဂါဖြစ်နေလေသည်။

ရှောင်လုံလဲ ဂျန်းတန်ဖြစ်ပျက်နေတာကိုမြင်တော့ ကူရာကယ်ရာမဲ့နေသလိုပြုံးလိုက်ကာ ခေါင်းကိုခါရင်း သူစိတ်ထဲမှာတွေးလိုက်သည်
"... ငါက အဲ့လောက်များ ကြောက်စရာကောင်းနေလို့လားမသိပါဘူး...? "
အဲ့နောက် ရှောင်လုံကို ဂျန်းတန်ကို အာရုံမထားတော့ပဲ သူ့နေရာမှာပဲ ဝင်ထိုင်လိုက်၏ ။

ရှောင်လုံက ပထမနှစ်အတန်းကို လာတက်ခဲပေမယ့် သူနေရာကိုဘယ်သူမှ မထိုင်ရဲကျပဲ သူ့နေရာက အလွတ်အတိုင်းကျန်နေလေသည်။

"....ရှောင်လုံ နင်ရောက်လာပြ်ိလား.... " ရှောင်လုံ သူ့မဘေးကိုလာထိုင်တာမြင်တော့ လီလူက အရမ်းပျော်ရွှင်သွားကာ သူမရဲ့ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင်ပြုံးရင်း မေးလိုက်သည်။

ရှောင်လုံလဲ လီလူကိုခေါင်းညိတ်ပြကာ ပြန်နှုတ်ဆက်လိုက်၏ ။
အဲ့နောက် သူလီလူကို အကဲခတ်ကြည့်တော့ လီလူက ဒီနှစ်လအတော့အတွင်း ကိုယ်ရေစစ်သွားကာ ပါးချိုင့်လေးနှစ်ခုနဲ့ အရမ်းကို လှပလာလေသည်။

ရှောင်လုံ ထိုင်ခုံမှာ ဝင်ထိုင်ပြီးတာ နဲနဲကြာသွားပေမယ့် အတန်းအနေုက်ဆုံးကို ထွက်ပြေးသွားတဲ့ ဂျန်းတန်ကတော့ သူ့နေရာကိုလာမထိုင်ရဲပေ..... ။ နောက်ဆုံး သူတို့ရဲ့ ဆရာမ ရှောင်းမေကွီ ဝင်လာမှ
ဂျန်းတန်လဲ သူ့နေရာသူ ပြန်လာထိုင်ရဲ၏ ။

ရှောင်လုံ အတန်းထဲမှာရှိနေတာကိုမြင်လိုက်တော့ ရှောင်းမေကွီက အနဲငယ်အံသြသွားသလို တော်တော်လေး ရှိုးတိုးရှုန်တန့် ဖြစ်နေ၏ ။
အတန်းစာသင်ချိန်အတွင်းမှာလဲ သူမက စာသင်နေရင်း မကြာခနငူငူငေါင်ငေါင်ကြီး ဖြစ်သွားကာ ခနခန စာသင်နေတဲ့ အကြောင်းအရာရဲ့တဝက်တပျက်မှာ ရပ်တန့်သွားသလို တခါတလေ စာရှင်းပြနေရင်း သူမဘာပြောလိုက်တယ်ဆိုတာကိုလဲ မေ့လျော့သွားကာ အကြောင်းအရာတခုထဲကိုပဲ ထပ်ခါထပ်ခါပြောချင်ပြောနေလေသည်။

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

21.3K 446 42
What If Chloe lukasiak has a twin sister who is the favorite?
168K 25.8K 106
"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျေ...
19.3K 780 12
In the starlit festivities of Penacony, she meets Caelus, a figure shrouded in mystery who shines as a beacon into her enduring night. He was her lig...
27.4K 593 42
A student from the Paldea region took an interest in traveling to other regions to learn new things.