အပိုင်း (၂၁၂) ခံ့ခံ့ချောချောခေါင်းဆောင် ဖူကျို့
ဤစကားတို့သည် ရင်းဝူယောင်က <သူရဲကောင်း>တွင် စ ကစားသည့်နေ့ရက်များကို ပြန်သတိရသွားစေသည်။
ထိုအချိန်က လူများသည် အွန်လိုင်းဂိမ်းကစားသမားများကို သိပ်သဘောမကျကြချေ။
ယနေ့ခေတ်နှင့် လုံးဝကွာခြားသည်။ တစ်နေရာတွင် နတ်ဘုရားပုံရပ်တစ်ခု တစ်ခါပေါ်လာသည်နှင့် သူသည် နေရာတိုင်းတွင် စံပြပုဂ္ဂိုလ်ဖြစ်လာမည်။
လွန်ခဲ့သော ခြောက်နှစ်လောက်ကတော့ လူအများစုသည် အွန်လိုင်းဂိမ်းနှင့်ပတ်သက်သူများသည် သူ့ဘဝကို အလေးမထားကြသူများဟု ထင်ခဲ့ကြသည်။
အွန်လိုင်းဂိမ်းပြိုင်ပွဲများကို ဟွာရှတွင် ကြိုဆိုမှုမရှိခဲ့ချေ။
သူတို့သည် ဆွေမျိုးဖြစ်ဖြစ် အတန်းဖော်ဖြစ်ဖြစ် ဂိမ်းလောကတွင် အလုပ်လုပ်သူများအကြောင်း ပြောကြသည့်အခါတိုင်း သူတို့၏မျက်နှာပေါ်တွင် အထင်အမြင်သေးရိပ်များ မသိမသာ ပေါ်နေတတ်သည်။
“ အွန်လိုင်းဂိမ်းဆော့ပြိး ငွေရှာတယ်”
“ ပိုက်ဆံဖြုန်းနေတာနဲ့ ပိုတူနေသလိုပဲ”
“ဒီလိုပျင်းရိပြီး ဘဝရည်မှန်းချက်မရှိတဲ့လူမျိုးတွေက အနာဂတ်မှာအောင်မြင်မှာမဟုတ်ဘူး......”
ရင်းဝူယောင်သည် အင်တာနက်ဆိုင်အပြင်ဘက်ရှိ လက်ရမ်းပေါ်တွင် ထိုင်ချလိုက်ပြီး ခေါင်းကို အနည်းငယ်စောင်းကာ စီးကရက်မီးငြိ လိုက်သည်။
တော်တော်ကြာပြီဟု ထင်ရသော အတိတ်က ဖြစ်ပြီးသားဖြစ်ရပ်များကို ဘာကြောင့်များ သူအခုချိန်ထိ တွေးနေမိသည်ကိုတောင် မသိတော့ပေ။
လူတော်တော်များများက သူ့ကို လက်တွေ့မကျသူဟု ပြောကြသော်လည်း ထိုအခက်အခဲများကို အံကြိတ်၍ ဖြတ်ကျော်ခဲ့သည်။ တစ်နေ့မှာတော့ သူဟာ ဂိမ်းဆော့နေခြင်း သက်သက်မဟုတ်ဘဲ E-Sport ဟုခေါ်သောအရာကို လုပ်နေခြင်းဖြစ်ကြောင်း သက်သေပြမယ်ဟု သူတွေးခဲ့သည်။
နောက်ဆုံးတော့ သူ နိုင်ငံအဆင့်ကစားသမားတယောက်ဖြစ်လာပြီလေ။
ဒါက သူ တောက်ပခွင့်ရလာမဲ့ နောက်ဆုံးအခွင့်အရေးလို့ သူထင်တယ်လေ။
ဒါပေမဲ့ နှစ်တစ်ဝက်တာဆိုတဲ့အချိန်ကာတိုတိုလေးမှာ.....
နှစ်ဝက်အတွင်းမှာ သူ့အလုပ်ကို ချစ်မြတ်နိုးစိတ်များမှာ ပြင်းပြလာခဲ့တော့တယ်။
ဂိမ်းပြိုင်ပွဲက ဂိမ်းကောင်းကောင်း ကစားနိုင်ရုံမဟုတ်ဘဲ နောက်ပိုင်းမှာ နာမည်ကြီးလာအုံးမှာ။
မင်းက ကျော်ကြားအောင် လုပ်ဖို့လိုတယ်။ မင်းကိုထောက်ပံ့ပေးမဲ့ မန်နေဂျာတစ်ယောက် လိုတယ်။ မင်းက အချင်းချင်းတွေနဲ့ အမြဲယှဥ်ပြိုင်နေဖို့လိုတယ် ပြီးတော့ မင်းရဲ့အသင်းသားတွေကလဲ ဖန်ပိုရချင်လို့ အချိန်မရွေးမင်းကို ကျောခိုင်းသွားနိုင်သေးတယ်.....
ရင်းဝူယောင်သည် ထိုအကြောင်းကိုတွေးလိုက်ရင်း စီးကရက်ငွေ့ကို မှုတ်ထုတ်လိုက်သည်။ သူသည် အထဲဝင်မည် ပြင်လိုက်စဥ် သူ၏ဖုန်းစခရင် လင်းလာလေသည်။
သူတို့အသင်း WeChat အဖွဲ့မှ စာတစ်စောင်ဝင်လာခြင်း ဖြစ်သည်။
ကိုးသုံးလုံးတုတ်ထိုးချိုချဥ် : အိပ်နေကြပြီလား၊ ထွက်လာကြ အခုချက်ချင်းလူစုမယ်။ ဒီကခေါင်းဆောင်ကြီးမှာ လူတိုင်းအတွက် ပေးဖို့ လက်ဆောင်ရှိတယ်”
“ မင်းလို ကလေးကများ မင်းလို အထက်တန်းကျောင်းသားလေးကလေ”
ရင်းဝူယောင်သည် သဘောမကျသည့်တိုင် သူပြုံးလိုက်လေသည်။ သူသည် စီးကရက်နောက်တစ်လိပ်ကို မီးညှိလိုက်ပြီး ဦးထုပ်ဆောင်းကာ အဖွဲ့စကားဝိုင်းတွင် ပို့ထားသောလိပ်စာဆီသို့ ထွက်လာခဲ့လိုက်သည်။
ညပိုင်းတွင် အထူးသဖြင့် ကျန်းမြို့လို နေရာမျိုးတွင် လမ်းပေါ်မှာ ကားအများကြီးမရှိချေ။ အအေးပိုလာလေလေ လမ်းပေါ်တွင်ရှိသောလူ နည်းလေလေဖြစ်သည်။
သို့ရာတွင် သူ့ရင်ဘတ်နှင့် လက်များမှာ အကြောင်းမဲ့ ပူလောင်နေလေသည်။
ဖုန်းရှန်သည် သူ့ကုတ်အင်္ကျီကို ဝတ်ပြီးထွက်လာခဲ့သည်။ ရွှယ်ယောင်ယောင်သည်လည်း တစ်ချိန်တည်း ထွက်လာလေသည်။
ထိုအခိုက်အတန့်တွင် အပြင်ဘက်မှာ မည်မျှအေးနေ မှောင်နေစေကာမူ သူတို့၏မျက်လုံးများအားလုံးသည် တောက်ပ နေကြလေသည်။
ချန်အန်းလမ်းမကြီး၏ ရင်ပြင်ကြီးတွင် စောင့်နေသာ ထိုလူငယ်သည် သူတို့အားလုံးကိုစိတ်ခွန်အားပေးခဲ့သော အရေးကြီးဆုံးအရာလေး ဖြစ်လေသည်။
သူမ၏အနက်ရောင်သား ရေဂျာကင်အင်္ကျီနှင့် သူမ၏ငွေရောင်ဆံပင်တို့သည် လိုက်ဖက်လွန်းလှသည်။ သူမသည် လမ်းဘေးတွင်ရပ်ထားသော အနက်ရောင် လန်ရိုဗာကားကို မှီထားသည်။
ထိုအချိန်တွင် ည၁၁နာရီကျော်ပြီဖြစ်ရာ ချန်အန်းလမ်းမကြီးပေါ်တွင် ကားများမရှိတော့ သလောက်ပင်။ ထို့ကြောင့် ပြေးနေသောလူများ၏ အသက်ရှူသံကိုပင် ရှင်းရှင်းကြားနေရသည်။
ရွှယ်ယောင်ယောင်သည် နောက်ဆုံးဘတ်စ်ကားကို စီးလာသည်။ ဖုန်းရှန်မှာ ကားမောင်းလာ၍ ရင်းဝူယောင်မှာ အငှားကားစီးလာေလသည်။
ထိုသုံးယောက်သည် အရှေ့၊တောင် နှင့် မြောက် မတူညီသောအရပ်မျက်နှာမှလာကြခြင်းဖြစ်လေသည်။
သူတို့အားလုံးသည် အမြန်ပြေးလာသောကြာင့်လား ညကောင်းကင်အောက်တွင် ထိုလူ၏ တောက်ပသော ပုံရိပ်ကြောင့်လား မသိသော်လည်း သူတို့၏နှလုံးခုန်သံများမှာ မြန်ဆန်နေတော့သည်။
တစ်စုံတစ်ယောက်ကို ချစ်မိသွားခြင်း သို့မဟုတ် ဆိုးဆိုးဝါးဝါးလွမ်းနေရခြင်းထက် ပိုတိကျသော ခံစားချက်ဖြစ်ကြောင်း သူတို့သိလေသည်။
ယခုကဲ့သို့ပင်။ သူတို့၏အသင်းသားများကို တွေ့လိုက်ရသောအခါ အကြည့်ချင်းဖလှယ်မိသည့် တခဏအတွင်း လွန်စွာ စိတ်လှုပ်ရှား မိနေတော့သည်။
ဖူကျို့သည်လည်း ပြုံးနေလေသည်။ သူမသည် ကားနောက်ခန်းသို့ လျှောက်သွားလိုက်ပြီး သူမ၏လက်ကို မြှောက်လိုက်လေသည်။ ထရပ်ကားနှင့် ရှေ့မီးများတချိန်ထဲလင်းလာပြီး မှိတ်တုတ်မှိတ်တုတ် မီးရောင်အောက်တွင် ထရပ်ကားအတွင်း သိပ်ထည့်ထားသော နှင်းဆီပွင့်ဖတ်များအားလုံးသည် တချိန်ထဲလျှံကျလာရာ စိတ်ကူးယဥ်ကာတွန်းတစ်ခုထဲတွင် မြင်နေကျဖြစ်သော အခန်းနှင့် တူနေတော့သည်။
ရွှယ်ယောင်ယောင်နှင့် ဖုန်းရှန် နှစ်ယောက်လုံးသည် ထိုမြင်ကွင်းကြောင့် လုံးဝမင်သက်အံ့ဩနေကြတော့သည်။
ထိုအရာသည် သူတို့၏ဘဝတွင် မြင်ဖူးသမျှထဲတွင် အလှပဆုံးမြင်ကွင်းဖြစ်နိုင်လောက်သည်။
နှင်းဆီပွင့်ဖတ်များသည် ညကောင်းကင်တွင် လွင့်မျောနေပြီး လူငယ်လေးက ထရပ်ကားထဲမှာ တစုံတခုကို ဆွဲထုတ်လိုက်သည်။ သူသည် အဖြူ နှင့်အနက်ရောင်စပ်ထားသော ဂျာကင်များကို ပခုံးပေါ်တင်ကာ သူတို့သုံးယောက်ထံသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ သူ၏နှုတ်ခမ်းပါးများကို ကွေးထားကာ
“ မြင့်မြတ်တဲ့ ဟယ်မိသားစုကော်ပိုရေးရှင်းက အသင်းယူနီဖောင်းမပါဘဲ ဘယ်လိုသွားရမှာလဲ၊ ဝတ်ကြည့်လိုက် တော် မတော် သိရအောင်”
...
Free မစောင့်ချင်ရင်တော့ Paid group ကို page cb မှာ hi ပို့ပြီး မြန်မြန်သာလာဝင်လိုက်တော့နော်
Paid groupမှာ တစ်ပတ်ခြောက်ရက် ၊ တစ်နေ့ကို နှစ်ပိုင်း (ဒါမှမဟုတ်) သုံးပိုင်းနှုန်းနဲ့ တင်မှာပါဗျ
Gp2 (201-350)
Gp3 (351-500)
Gp4 (501-650)
(kpay,wave pay)3000 (ph bill)4000
25 ပိုင်းပါ paid doc တစ်ခုကို ၅၀၀ကျပ်ဖြင့် Erata Team Sale Channel page cbမှာ hi ပို့ပြီး ဝယ်ယူနိုင်ပါပြီ ခင်ဗျာ
Zawgyi
အပိုင္း (၂၁၂) ခံ့ခံ့ေခ်ာေခ်ာေခါင္းေဆာင္ ဖူက်ိဳ႕
ဤစကားတို႔သည္ ရင္းဝူေယာင္က <သူရဲေကာင္း>တြင္ စ ကစားသည့္ေန႕ရက္မ်ားကို ျပန္သတိရသြားေစသည္။
ထိုအခ်ိန္က လူမ်ားသည္ အြန္လိုင္းဂိမ္းကစားသမားမ်ားကို သိပ္သေဘာမက်ၾကေခ်။
ယေန႕ေခတ္ႏွင့္ လုံးဝကြာျခားသည္။ တစ္ေနရာတြင္ နတ္ဘုရားပုံရပ္တစ္ခု တစ္ခါေပၚလာသည္ႏွင့္ သူသည္ ေနရာတိုင္းတြင္ စံျပပုဂၢိဳလ္ျဖစ္လာမည္။
လြန္ခဲ့ေသာ ေျခာက္ႏွစ္ေလာက္ကေတာ့ လူအမ်ားစုသည္ အြန္လိုင္းဂိမ္းႏွင့္ပတ္သက္သူမ်ားသည္ သူ႕ဘဝကို အေလးမထားၾကသူမ်ားဟု ထင္ခဲ့ၾကသည္။
အြန္လိုင္းဂိမ္းၿပိဳင္ပြဲမ်ားကို ဟြာရွတြင္ ႀကိဳဆိုမႈမရွိခဲ့ေခ်။
သူတို႔သည္ ေဆြမ်ိဳးျဖစ္ျဖစ္ အတန္းေဖာ္ျဖစ္ျဖစ္ ဂိမ္းေလာကတြင္ အလုပ္လုပ္သူမ်ားအေၾကာင္း ေျပာၾကသည့္အခါတိုင္း သူတို႔၏မ်က္ႏွာေပၚတြင္ အထင္အျမင္ေသးရိပ္မ်ား မသိမသာ ေပၚေနတတ္သည္။
“ အြန္လိုင္းဂိမ္းေဆာ့ၿပိး ေငြရွာတယ္”
“ ပိုက္ဆံျဖဳန္းေနတာနဲ႕ ပိုတူေနသလိုပဲ”
“ဒီလိုပ်င္းရိၿပီး ဘဝရည္မွန္းခ်က္မရွိတဲ့လူမ်ိဳးေတြက အနာဂတ္မွာေအာင္ျမင္မွာမဟုတ္ဘူး......”
ရင္းဝူေယာင္သည္ အင္တာနက္ဆိုင္အျပင္ဘက္ရွိ လက္ရမ္းေပၚတြင္ ထိုင္ခ်လိဳက္ၿပီး ေခါင္းကို အနည္းငယ္ေစာင္းကာ စီးကရက္မီးၿငိ လိုက္သည္။
ေတာ္ေတာ္ၾကာၿပီဟု ထင္ရေသာ အတိတ္က ျဖစ္ၿပီးသားျဖစ္ရပ္မ်ားကို ဘာေၾကာင့္မ်ား သူအခုခ်ိန္ထိ ေတြးေနမိသည္ကိုေတာင္ မသိေတာ့ေပ။
လူေတာ္ေတာ္မ်ားမ်ားက သူ႕ကို လက္ေတြ႕မက်သဴဟု ေျပာၾကေသာ္လည္း ထိုအခက္အခဲမ်ားကို အံႀကိတ္၍ ျဖတ္ေက်ာ္ခဲ့သည္။ တစ္ေန႕မွာေတာ့ သူဟာ ဂိမ္းေဆာ့ေနျခင္း သက္သက္မဟုတ္ဘဲ E-Sport ဟုေခၚေသာအရာကို လုပ္ေနျခင္းျဖစ္ေၾကာင္း သက္ေသျပမယ္ဟု သူေတြးခဲ့သည္။
ေနာက္ဆုံးေတာ့ သူ နိုင္ငံအဆင့္ကစားသမားတေယာက္ျဖစ္လာၿပီေလ။
ဒါက သူ ေတာက္ပခြင့္ရလာမဲ့ ေနာက္ဆုံးအခြင့္အေရးလို႔ သူထင္တယ္ေလ။
ဒါေပမဲ့ ႏွစ္တစ္ဝက္တာဆိုတဲ့အခ်ိန္ကာတိုတိုေလးမွာ.....
ႏွစ္ဝက္အတြင္းမွာ သူ႕အလုပ္ကို ခ်စ္ျမတ္နိုးစိတ္မ်ားမွာ ျပင္းျပလာခဲ့ေတာ့တယ္။
ဂိမ္းၿပိဳင္ပြဲက ဂိမ္းေကာင္းေကာင္း ကစားနိုင္႐ုံမဟုတ္ဘဲ ေနာက္ပိုင္းမွာ နာမည္ႀကီးလာအုံးမွာ။
မင္းက ေက်ာ္ၾကားေအာင္ လုပ္ဖို႔လိုတယ္။ မင္းကိုေထာက္ပံ့ေပးမဲ့ မန္ေနဂ်ာတစ္ေယာက္ လိုတယ္။ မင္းက အခ်င္းခ်င္းေတြနဲ႕ အၿမဲယွဥ္ၿပိဳင္ေနဖို႔လိုတယ္ ၿပီးေတာ့ မင္းရဲ႕အသင္းသားေတြကလဲ ဖန္ပိုရခ်င္လို႔ အခ်ိန္မေ႐ြးမင္းကို ေက်ာခိုင္းသြားနိုင္ေသးတယ္.....
ရင္းဝူေယာင္သည္ ထိုအေၾကာင္းကိုေတြးလိုက္ရင္း စီးကရက္ေငြ႕ကို မႈတ္ထုတ္လိုက္သည္။ သူသည္ အထဲဝင္မည္ ျပင္လိုက္စဥ္ သူ၏ဖုန္းစခရင္ လင္းလာေလသည္။
သူတို႔အသင္း WeChat အဖြဲ႕မွ စာတစ္ေစာင္ဝင္လာျခင္း ျဖစ္သည္။
ကိုးသုံးလုံးတုတ္ထိုးခ်ိဳခ်ဥ္ : အိပ္ေနၾကၿပီလား၊ ထြက္လာၾက အခုခ်က္ခ်င္းလူစုမယ္။ ဒီကေခါင္းေဆာင္ႀကီးမွာ လူတိုင္းအတြက္ ေပးဖို႔ လက္ေဆာင္ရွိတယ္”
“ မင္းလို ကေလးကမ်ား မင္းလို အထက္တန္းေက်ာင္းသားေလးကေလ”
ရင္းဝူေယာင္သည္ သေဘာမက်သည့္တိုင္ သူၿပဳံးလိုက္ေလသည္။ သူသည္ စီးကရက္ေနာက္တစ္လိပ္ကို မီးညွိလိုက္ၿပီး ဦးထုပ္ေဆာင္းကာ အဖြဲ႕စကားဝိုင္းတြင္ ပို႔ထားေသာလိပ္စာဆီသို႔ ထြက္လာခဲ့လိုက္သည္။
ညပိုင္းတြင္ အထူးသျဖင့္ က်န္းၿမိဳ႕လို ေနရာမ်ိဳးတြင္ လမ္းေပၚမွာ ကားအမ်ားႀကီးမရွိေခ်။ အေအးပိုလာေလေလ လမ္းေပၚတြင္ရွိေသာလူ နည္းေလေလျဖစ္သည္။
သို႔ရာတြင္ သူ႕ရင္ဘတ္ႏွင့္ လက္မ်ားမွာ အေၾကာင္းမဲ့ ပူေလာင္ေနေလသည္။
ဖုန္းရွန္သည္ သူ႕ကုတ္အကၤ်ီကို ဝတ္ၿပီးထြက္လာခဲ့သည္။ ႐ႊယ္ေယာင္ေယာင္သည္လည္း တစ္ခ်ိန္တည္း ထြက္လာေလသည္။
ထိုအခိုက္အတန့္တြင္ အျပင္ဘက္မွာ မည္မွ်ေအးေန ေမွာင္ေနေစကာမူ သူတို႔၏မ်က္လုံးမ်ားအားလုံးသည္ ေတာက္ပ ေနၾကေလသည္။
ခ်န္အန္းလမ္းမႀကီး၏ ရင္ျပင္ႀကီးတြင္ ေစာင့္ေနသာ ထိုလူငယ္သည္ သူတို႔အားလုံးကိုစိတ္ခြန္အားေပးခဲ့ေသာ အေရးႀကီးဆုံးအရာေလး ျဖစ္ေလသည္။
သူမ၏အနက္ေရာင္သား ေရဂ်ာကင္အကၤ်ီႏွင့္ သူမ၏ေငြေရာင္ဆံပင္တို႔သည္ လိုက္ဖက္လြန္းလွသည္။ သူမသည္ လမ္းေဘးတြင္ရပ္ထားေသာ အနက္ေရာင္ လန္ရိုဗာကားကို မွီထားသည္။
ထိုအခ်ိန္တြင္ ည၁၁နာရီေက်ာ္ၿပီျဖစ္ရာ ခ်န္အန္းလမ္းမႀကီးေပၚတြင္ ကားမ်ားမရွိေတာ့ သေလာက္ပင္။ ထို႔ေၾကာင့္ ေျပးေနေသာလူမ်ား၏ အသက္ရႉသံကိုပင္ ရွင္းရွင္းၾကားေနရသည္။
႐ႊယ္ေယာင္ေယာင္သည္ ေနာက္ဆုံးဘတ္စ္ကားကို စီးလာသည္။ ဖုန္းရွန္မွာ ကားေမာင္းလာ၍ ရင္းဝူေယာင္မွာ အငွားကားစီးလာေလသည္။
ထိုသုံးေယာက္သည္ အေရွ႕၊ေတာင္ ႏွင့္ ေျမာက္ မတူညီေသာအရပ္မ်က္ႏွာမွလာၾကျခင္းျဖစ္ေလသည္။
သူတို႔အားလုံးသည္ အျမန္ေျပးလာေသာၾကာင့္လား ညေကာင္းကင္ေအာက္တြင္ ထိုလူ၏ ေတာက္ပေသာ ပုံရိပ္ေၾကာင့္လား မသိေသာ္လည္း သူတို႔၏ႏွလုံးခုန္သံမ်ားမွာ ျမန္ဆန္ေနေတာ့သည္။
တစ္စုံတစ္ေယာက္ကို ခ်စ္မိသြားျခင္း သို႔မဟုတ္ ဆိုးဆိုးဝါးဝါးလြမ္းေနရျခင္းထက္ ပိုတိက်ေသာ ခံစားခ်က္ျဖစ္ေၾကာင္း သူတို႔သိေလသည္။
ယခုကဲ့သို႔ပင္။ သူတို႔၏အသင္းသားမ်ားကို ေတြ႕လိုက္ရေသာအခါ အၾကည့္ခ်င္းဖလွယ္မိသည့္ တခဏအတြင္း လြန္စြာ စိတ္လႈပ္ရွား မိေနေတာ့သည္။
ဖူက်ိဳ႕သည္လည္း ၿပဳံးေနေလသည္။ သူမသည္ ကားေနာက္ခန္းသို႔ ေလွ်ာက္သြားလိုက္ၿပီး သူမ၏လက္ကို ျမႇောက္လိုက္ေလသည္။ ထရပ္ကားႏွင့္ ေရွ႕မီးမ်ားတခ်ိန္ထဲလင္းလာၿပီး မွိတ္တုတ္မွိတ္တုတ္ မီးေရာင္ေအာက္တြင္ ထရပ္ကားအတြင္း သိပ္ထည့္ထားေသာ ႏွင္းဆီပြင့္ဖတ္မ်ားအားလုံးသည္ တခ်ိန္ထဲလွ်ံက်လာရာ စိတ္ကူးယဥ္ကာတြန္းတစ္ခုထဲတြင္ ျမင္ေနက်ျဖစ္ေသာ အခန္းႏွင့္ တူေနေတာ့သည္။
႐ႊယ္ေယာင္ေယာင္ႏွင့္ ဖုန္းရွန္ ႏွစ္ေယာက္လုံးသည္ ထိုျမင္ကြင္းေၾကာင့္ လုံးဝမင္သက္အံ့ဩေနၾကေတာ့သည္။
ထိုအရာသည္ သူတို႔၏ဘဝတြင္ ျမင္ဖူးသမွ်ထဲတြင္ အလွပဆုံးျမင္ကြင္းျဖစ္နိုင္ေလာက္သည္။
ႏွင္းဆီပြင့္ဖတ္မ်ားသည္ ညေကာင္းကင္တြင္ လြင့္ေမ်ာေနၿပီး လူငယ္ေလးက ထရပ္ကားထဲမွာ တစုံတခုကို ဆြဲထုတ္လိုက္သည္။ သူသည္ အျဖဴ ႏွင့္အနက္ေရာင္စပ္ထားေသာ ဂ်ာကင္မ်ားကို ပခုံးေပၚတင္ကာ သူတို႔သုံးေယာက္ထံသို႔ ျဖည္းညင္းစြာ ေလွ်ာက္လာခဲ့သည္။ သူ၏ႏႈတ္ခမ္းပါးမ်ားကို ေကြးထားကာ
“ ျမင့္ျမတ္တဲ့ ဟယ္မိသားစုေကာ္ပိုေရးရွင္းက အသင္းယူနီေဖာင္းမပါဘဲ ဘယ္လိုသြားရမွာလဲ၊ ဝတ္ၾကည့္လိုက္ ေတာ္ မေတာ္ သိရေအာင္”
...
Free မေစာင့္ခ်င္ရင္ေတာ့ Paid group ကို page cb မွာ hi ပို႔ၿပီး ျမန္ျမန္သာလာဝင္လိုက္ေတာ့ေနာ္
Paid groupမွာ တစ္ပတ္ေျခာက္ရက္ ၊ တစ္ေန႕ကို ႏွစ္ပိုင္း (ဒါမွမဟုတ္) သုံးပိုင္းႏႈန္းနဲ႕ တင္မွာပါဗ်
Gp2 (201-350)
Gp3 (351-500)
Gp4 (501-650)
(kpay,wave pay)3000 (ph bill)4000
25 ပိုင္းပါ paid doc တစ္ခုကို ၅၀၀က်ပ္ျဖင့္ Erata Team Sale Channel page cbမွာ hi ပို႔ၿပီး ဝယ္ယူနိုင္ပါၿပီ ခင္ဗ်ာ