အပိုင်း (၂၀၈) ဖူကျို့ ဂိမ်းပြိုင်ပွဲတက်ရောက်ခွင့်ရခြင်း
ဖူကျို့သည် ဆိုဖာပေါ်တွင်ထိုင်ချလိုက်သည်။ သူမသည် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လက်တဖက်ကို ဆိုဖာလက်ရမ်းပေါ်တွင် သက်သာစွာ တင်လိုက်ပြီး ချောမောကောက်ကျစ်ပုံ အတိုင်းသားဖြင့် ပြောလိုက်သည်။
“ ငါလေးက အမေ့ကို ငါ့ရလဒ်ပြရမှာ စိတ်ပူနေတယ်လို့ ဘယ်သူက နင့်ကိုပြောလိုက်လို့လဲ”
ချန်ရှောင်တုံး၏မျက်နှာသည် ထိုစကားကိုကြားလိုက်သည့်နှင့် ဝင်းပသွားလေသည်။
“ သခင်လေး အဆင့်တစ်ခုတက်လာလို့လား ဒါ က အံ့ဖွယ်ဖြစ်ရပ်ပဲ”
“ အဆင့်တစ်ခု တက်လာတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”
ဟယ်ဟုန်ဟွာဝင်လာသည်။ သူမ၏မျက်နှာမှာပြည့်ဖောင်းနေပြီး သူမ၏မျက်လုံးများမှာ ပျော်ရွှင်မှုကို ဖုံးမထားနိုင် ဖြစ်နေလေသည်။ “ ငါတို့ဖူကျို့လေးက တစ်ကျောင်းလုံးမှာ ပထမ ဟဲ့”
ပထမ.... တစ်ကျောင်းလုံးမှာ
ချန်ရှောင်တုံး ကြက်သေသေသွားတော့သည်။
ဒီတော့ ဘာသာရပ်ငါးခုမှာ အမှတ်ပြည့်ရပြီး ကျောင်းမှာ လူတိုင်းအားတက်သရော ပြောနေတဲ့သူက ငါ့သခင်လေးတဲ့လား။
သူဘာတွေစားလိုက်လို့ ရုတ်တရက်ကြီး အဲလောက်တော်သွားတာလဲ။
သခင်လေးချင်..... ကြောင့်များလား
ဒါဆို အချစ်က ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးအရာဆိုတာ အမှန်ပဲပေါ့။
သူက ဒီလိုအရာတွေကို သိပ်အယုံအကြည် ရှိတာမဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ သူ့သခင်လေးကို မြင်လိုက်ရပြီးနောက်မှာတော့ သူ ဒါကို အပြည့်အဝယုံကြည်သွားပြီလေ
အရင်တုန်းက ကွန်ပျူတာကို တခါမှ မထိဖူးတဲ့ အဲဒီသခင်လေးက အခုဆို တနေကုန်လုံး ဂိမ်းဆော့ဖို့ပဲ သူ့ဟာသူ ပိတ်လှောင်ထားတယ်လေ
ဒါတင် ဘယ်ဟုတ်သေးမလဲ ရူပဗေဒမေးခွန်းတွေလဲရှိသေးတယ်၊ သခင်လေးက ဘယ်တုန်းကမှ စာလုပ်ဖို့ ဒီလောက်ဝီရီယ ရှိခဲ့တာမဟုတ်ဘူး။
ဒီပြောင်းလဲမှုတွေအားလုံးက သခင်လေးချင်ကြောင့်တဲ့လေ။
သူ့အမေ ဘယ်လောက်တောင် ပျော်နေလဲဆိုတာမြင်လိုက်ရတော့ ဒီလျှို့ဝှက်ချက်ကို သူ့စိတ်ထဲမှာပဲ ထားလိုက်ရတော့မှာပဲ....
ဟယ်ဟုန်ဟွာသည် ဤအကြောင်းအရာအားလုံးကို စဥ်းစားမနေပါ။
“ ကျို့လေး အမေ သမီးရဲ့နာမည်ကို အမည်စာရင်းမှာ တွေ့လိုက်တယ်။ အသင်းသားတွေကို သမီးဘယ်ကရှာခဲ့တာလဲ သူတို့ တကယ်ရောဆော့တတ်ရဲ့လား”
ဖူကျို့တွင် “ဂိမ်းကိုကောင်းစွာကစားခြင်း” ဆိုသည့် သီခြားအဓိပ္ပာယ်ဖွင့်ဆိုချက်ရှိသည်ဆိုတာကို ဟယ်ဟုန်ဟွာ ယုံကြည်သည်။ သူမသတ်မှတ်ထားသည်မှာ ပရော်ဖက်ရှင်နယ်တစ်ယောက်သည် အသင်းကြီးတခု၏ အသင်းသားမဟုတ်လျှင်တောင် အနည်းဆုံးတော့ ကျွမ်းကျင်အဆင့်ကစားသမားဖြစ်သင့်သည်။
သို့သော် ဖူကျို့ပျော်ရွှင်နေသ၍ သူမဘာလုပ်လုပ် ခွင့်ပြုထားမည် ဖြစ်သည်။ ဟယ်ဟုန်ဟွာ၏ အကြီးမားဆုံးဆန္ဒမှာ သူမဘာလုပ်နေနေ သူမ၏ကလေး ပျော်နေဖို့ပင်.....
ထိုအချိန်တွင် မြို့အနောက်ဘက်ရှိ ဟိုတယ်တစ်ခုအတွင်းတွင် ဖူကျုံးရီသည် ဖူရှီမင် အောင်မြင်မှုအတွက် အရှိန်အဟုန်ဖြင့် တည်ဆောက်နေလေသည်။ သူသည် သူ့အတွက် ပါတီငယ်လေးတစ်ခုပင် ကျင်းပပေးထားသည်။
ကျောင်း၏အရာရှိတချို့နှင့် ဖူမိသား၏စီးပွားဘက်များမှလွဲလျှင် ဖူရှီမင်၏အသင်းသားများနှင့် သူငယ်ချင်းများလည်း ရှိနေကြသည်။ ဤနည်းဖြင့် မီဒီယာများသည် သူတို့နောက်ကို သဘာဝကျကျ လိုက်လာပေလိမ့်မည်။
“သခင်လေးဖူ ကျွန်တော်တို့ ကြားထားတာတော့ ဒီဂိမ်းပြိုင်ပွဲနဲ့ပတ်သက်ပြီး သခင်လေးမှာ ယုံကြည်ချက်အပြည့် ရှိတယ်ဆို”
သတင်းထောက်သည် ပြုံးကာ ဖူရှီမင်ကိုအင်တာဗျူးလိုက်သည်၊ သူသည် ဖူရှိမင်ကို မိန့်ခွန်းစင်မြင့်ပေါ် တင်ပေးလိုက်မှန်း ပြောနိုင်ပါသည်။
ဖူရှီမင်သည် အဖြူသန့်သန့်ဝတ်စုံကို ဝတ်ထားပြီး ထိုမျက်နှာသေးသေးလေးတွင် သူမတူသော ထောင်လွှားသော ခံစားချက်တစ်ခုရှိနေသည်။
“ ဒါပေါ့ ကျွန်တော်က ကိုယ့်အရည်အချင်းကို ကိုယ်ယုံတယ်ဆိုပေမဲ့ ကျွန်တော့်အသင်းသားတွေကို ပိုယုံတယ်။ ဒီအီလက်ထရွန်နစ်ဂိမ်းပြိုင်ပွဲက အခြေခံပြိုင်ပွဲတစ်ခုလောက်ပါပဲ ဒီတော့ ကျွန်တော်တို့ သေချာပေါက်နိုင်မှာ”
“ ကျွန်တာ်လဲ ဒါကိုယုံပါတယ်”
သတင်းထောက်သည် စိတ်အားထက်သန်စွာပြောလိုက်လေသည်။
“ ဒီတခေါက် ဖူကော်ပိုရေးရှင်းက အသင်းထဲကို နိုင်ငံအဆင့်ကစားသမားအချို့လဲ ထပ်ခေါ်ထားတယ်။ ဖူသခင်လေးကိုယ်တိုင်ကလဲ ဂိမ်းလောကရဲ့ ကျော်ကြားတဲ့သခင်လေးတစ်ယောက်နော်။ နာမည်တွေကိုတော့ ကျွန်တော်အခု ကြေညာလို့မရသေးလို့။ ဘာပဲဖြစ်ဖြစ်ပါ ဒါက စောင့်ကြည့်ရတာတန်တဲ့ ဂိမ်းပြိုင်ပွဲကြီးတခုဖြစ်လာလိမ့်မယ်”
ဤလောကသည် ထိုကဲ့သို့ပင်။ လူများသည် ပါရမီနှင့်အရည်အချင်း ရှိရန်လိုသည်သာမက သူတို့ကိုယ်သူတို့ တံဆိပ်တပ်ပြီး ချပြရန်လဲလိုပါသည်။
ဖူရှီမင်သည် သူ့အမေ၏ လွှမ်းမိုးမှုအောက်တွင် နေရသောကြောင့် လိုအပ်သည့်လှည့်ကွက်အလုံးစုံကိုလဲ သူသိထားလေသည်။
ဖူကျုံးရီသည် သူ့ကိုဂုဏ်ယူရစေသော သူ့သားငယ်ကို ကြည့်လိုက်သည်။ သူသည် ဘာမှမလုပ်နိုင်သော်လည်း လူတိုင်းကို လောက၏ဘုရင်တပါးကဲ့သို့ တောက်ပစွာဖြင့် ပျော်ပျော်ရွှင်ရွှင် လိုက်လံနှုတ်ဆက်လိုက်သည်။
ထိုနောက်တွင် အမှတ် (၁)အလယ်တန်းကျောင်း၏ လူကြီးတစ်ယောက်လည်း ရောက်လာတော့သည်။
ဖူကျုံးရီသည် ပညာဗဟုသုတကြွယ်ဝသောသူများကို အလေးစားဆုံးဖြစ်ရာ သူသည် ဖူရှီမင်ကိုခေါ်လိုက်ပြီး ထိုလူကို ကြိုဆိုလိုက်လေသည်။
...
Zawgyi
အပိုင္း (၂၀၈) ဖူက်ိဳ႕ ဂိမ္းၿပိဳင္ပြဲတက္ေရာက္ခြင့္ရျခင္း
ဖူက်ိဳ႕သည္ ဆိုဖာေပၚတြင္ထိုင္ခ်လိဳက္သည္။ သူမသည္ ေက်ာင္းဝတ္စုံကို ဝတ္ဆင္ထားၿပီး လက္တဖက္ကို ဆိုဖာလက္ရမ္းေပၚတြင္ သက္သာစြာ တင္လိုက္ၿပီး ေခ်ာေမာေကာက္က်စ္ပုံ အတိုင္းသားျဖင့္ ေျပာလိုက္သည္။
“ ငါေလးက အေမ့ကို ငါ့ရလဒ္ျပရမွာ စိတ္ပူေနတယ္လို႔ ဘယ္သူက နင့္ကိုေျပာလိုက္လို႔လဲ”
ခ်န္ေရွာင္တုံး၏မ်က္ႏွာသည္ ထိုစကားကိုၾကားလိုက္သည့္ႏွင့္ ဝင္းပသြားေလသည္။
“ သခင္ေလး အဆင့္တစ္ခုတက္လာလို႔လား ဒါ က အံ့ဖြယ္ျဖစ္ရပ္ပဲ”
“ အဆင့္တစ္ခု တက္လာတယ္ဆိုတာ ဘာကိုဆိုလိုတာလဲ”
ဟယ္ဟုန္ဟြာဝင္လာသည္။ သူမ၏မ်က္ႏွာမွာျပည့္ေဖာင္းေနၿပီး သူမ၏မ်က္လုံးမ်ားမွာ ေပ်ာ္႐ႊင္မႈကို ဖုံးမထားနိုင္ ျဖစ္ေနေလသည္။ “ ငါတို႔ဖူက်ိဳ႕ေလးက တစ္ေက်ာင္းလုံးမွာ ပထမ ဟဲ့”
ပထမ.... တစ္ေက်ာင္းလုံးမွာ
ခ်န္ေရွာင္တုံး ၾကက္ေသေသသြားေတာ့သည္။
ဒီေတာ့ ဘာသာရပ္ငါးခုမွာ အမွတ္ျပည့္ရၿပီး ေက်ာင္းမွာ လူတိုင္းအားတက္သေရာ ေျပာေနတဲ့သူက ငါ့သခင္ေလးတဲ့လား။
သူဘာေတြစားလိုက္လို႔ ႐ုတ္တရက္ႀကီး အဲေလာက္ေတာ္သြားတာလဲ။
သခင္ေလးခ်င္..... ေၾကာင့္မ်ားလား
ဒါဆို အခ်စ္က ကမာၻေပၚမွာ အင္အားအႀကီးဆုံးအရာဆိုတာ အမွန္ပဲေပါ့။
သူက ဒီလိုအရာေတြကို သိပ္အယုံအၾကည္ ရွိတာမဟုတ္ဘူး။ ဒါေပမဲ့ အခုေတာ့ သူ႕သခင္ေလးကို ျမင္လိုက္ရၿပီးေနာက္မွာေတာ့ သူ ဒါကို အျပည့္အဝယုံၾကည္သြားၿပီေလ
အရင္တုန္းက ကြန္ပ်ဴတာကို တခါမွ မထိဖူးတဲ့ အဲဒီသခင္ေလးက အခုဆို တေနကုန္လုံး ဂိမ္းေဆာ့ဖို႔ပဲ သူ႕ဟာသူ ပိတ္ေလွာင္ထားတယ္ေလ
ဒါတင္ ဘယ္ဟုတ္ေသးမလဲ ႐ူပေဗဒေမးခြန္းေတြလဲရွိေသးတယ္၊ သခင္ေလးက ဘယ္တုန္းကမွ စာလုပ္ဖို႔ ဒီေလာက္ဝီရီယ ရွိခဲ့တာမဟုတ္ဘူး။
ဒီေျပာင္းလဲမႈေတြအားလုံးက သခင္ေလးခ်င္ေၾကာင့္တဲ့ေလ။
သူ႕အေမ ဘယ္ေလာက္ေတာင္ ေပ်ာ္ေနလဲဆိုတာျမင္လိုက္ရေတာ့ ဒီလွ်ို႔ဝွက္ခ်က္ကို သူ႕စိတ္ထဲမွာပဲ ထားလိုက္ရေတာ့မွာပဲ....
ဟယ္ဟုန္ဟြာသည္ ဤအေၾကာင္းအရာအားလုံးကို စဥ္းစားမေနပါ။
“ က်ိဳ႕ေလး အေမ သမီးရဲ႕နာမည္ကို အမည္စာရင္းမွာ ေတြ႕လိုက္တယ္။ အသင္းသားေတြကို သမီးဘယ္ကရွာခဲ့တာလဲ သူတို႔ တကယ္ေရာေဆာ့တတ္ရဲ႕လား”
ဖူက်ိဳ႕တြင္ “ဂိမ္းကိုေကာင္းစြာကစားျခင္း” ဆိုသည့္ သီျခားအဓိပၸာယ္ဖြင့္ဆိုခ်က္ရွိသည္ဆိုတာကို ဟယ္ဟုန္ဟြာ ယုံၾကည္သည္။ သူမသတ္မွတ္ထားသည္မွာ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္သည္ အသင္းႀကီးတခု၏ အသင္းသားမဟုတ္လွ်င္ေတာင္ အနည္းဆုံးေတာ့ ကြၽမ္းက်င္အဆင့္ကစားသမားျဖစ္သင့္သည္။
သို႔ေသာ္ ဖူက်ိဳ႕ေပ်ာ္႐ႊင္ေနသ၍ သူမဘာလုပ္လုပ္ ခြင့္ျပဳထားမည္ ျဖစ္သည္။ ဟယ္ဟုန္ဟြာ၏ အႀကီးမားဆုံးဆႏၵမွာ သူမဘာလုပ္ေနေန သူမ၏ကေလး ေပ်ာ္ေနဖို႔ပင္.....
ထိုအခ်ိန္တြင္ ၿမိဳ႕အေနာက္ဘက္ရွိ ဟိုတယ္တစ္ခုအတြင္းတြင္ ဖူက်ဳံးရီသည္ ဖူရွီမင္ ေအာင္ျမင္မႈအတြက္ အရွိန္အဟုန္ျဖင့္ တည္ေဆာက္ေနေလသည္။ သူသည္ သူ႕အတြက္ ပါတီငယ္ေလးတစ္ခုပင္ က်င္းပေပးထားသည္။
ေက်ာင္း၏အရာရွိတခ်ိဳ႕ႏွင့္ ဖူမိသား၏စီးပြားဘက္မ်ားမွလြဲလွ်င္ ဖူရွီမင္၏အသင္းသားမ်ားႏွင့္ သူငယ္ခ်င္းမ်ားလည္း ရွိေနၾကသည္။ ဤနည္းျဖင့္ မီဒီယာမ်ားသည္ သူတို႔ေနာက္ကို သဘာဝက်က် လိုက္လာေပလိမ့္မည္။
“သခင္ေလးဖူ ကြၽန္ေတာ္တို႔ ၾကားထားတာေတာ့ ဒီဂိမ္းၿပိဳင္ပြဲနဲ႕ပတ္သက္ၿပီး သခင္ေလးမွာ ယုံၾကည္ခ်က္အျပည့္ ရွိတယ္ဆို”
သတင္းေထာက္သည္ ၿပဳံးကာ ဖူရွီမင္ကိုအင္တာဗ်ဴးလိုက္သည္၊ သူသည္ ဖူရွိမင္ကို မိန့္ခြန္းစင္ျမင့္ေပၚ တင္ေပးလိုက္မွန္း ေျပာနိုင္ပါသည္။
ဖူရွီမင္သည္ အျဖဴသန့္သန့္ဝတ္စုံကို ဝတ္ထားၿပီး ထိုမ်က္ႏွာေသးေသးေလးတြင္ သူမတူေသာ ေထာင္လႊားေသာ ခံစားခ်က္တစ္ခုရွိေနသည္။
“ ဒါေပါ့ ကြၽန္ေတာ္က ကိုယ့္အရည္အခ်င္းကို ကိုယ္ယုံတယ္ဆိုေပမဲ့ ကြၽန္ေတာ့္အသင္းသားေတြကို ပိုယုံတယ္။ ဒီအီလက္ထ႐ြန္နစ္ဂိမ္းၿပိဳင္ပြဲက အေျခခံၿပိဳင္ပြဲတစ္ခုေလာက္ပါပဲ ဒီေတာ့ ကြၽန္ေတာ္တို႔ ေသခ်ာေပါက္နိုင္မွာ”
“ ကြၽန္တာ္လဲ ဒါကိုယုံပါတယ္”
သတင္းေထာက္သည္ စိတ္အားထက္သန္စြာေျပာလိုက္ေလသည္။
“ ဒီတေခါက္ ဖူေကာ္ပိုေရးရွင္းက အသင္းထဲကို နိုင္ငံအဆင့္ကစားသမားအခ်ိဳ႕လဲ ထပ္ေခၚထားတယ္။ ဖူသခင္ေလးကိုယ္တိုင္ကလဲ ဂိမ္းေလာကရဲ႕ ေက်ာ္ၾကားတဲ့သခင္ေလးတစ္ေယာက္ေနာ္။ နာမည္ေတြကိုေတာ့ ကြၽန္ေတာ္အခု ေၾကညာလို႔မရေသးလို႔။ ဘာပဲျဖစ္ျဖစ္ပါ ဒါက ေစာင့္ၾကည့္ရတာတန္တဲ့ ဂိမ္းၿပိဳင္ပြဲႀကီးတခုျဖစ္လာလိမ့္မယ္”
ဤေလာကသည္ ထိုကဲ့သို႔ပင္။ လူမ်ားသည္ ပါရမီႏွင့္အရည္အခ်င္း ရွိရန္လိုသည္သာမက သူတို႔ကိုယ္သူတို႔ တံဆိပ္တပ္ၿပီး ခ်ျပရန္လဲလိုပါသည္။
ဖူရွီမင္သည္ သူ႕အေမ၏ လႊမ္းမိုးမႈေအာက္တြင္ ေနရေသာေၾကာင့္ လိုအပ္သည့္လွည့္ကြက္အလုံးစုံကိုလဲ သူသိထားေလသည္။
ဖူက်ဳံးရီသည္ သူ႕ကိုဂုဏ္ယူရေစေသာ သူ႕သားငယ္ကို ၾကည့္လိုက္သည္။ သူသည္ ဘာမွမလုပ္နိုင္ေသာ္လည္း လူတိုင္းကို ေလာက၏ဘုရင္တပါးကဲ့သို႔ ေတာက္ပစြာျဖင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ လိုက္လံႏႈတ္ဆက္လိုက္သည္။
ထိုေနာက္တြင္ အမွတ္ (၁)အလယ္တန္းေက်ာင္း၏ လူႀကီးတစ္ေယာက္လည္း ေရာက္လာေတာ့သည္။
ဖူက်ဳံးရီသည္ ပညာဗဟုသုတႂကြယ္ဝေသာသူမ်ားကို အေလးစားဆုံးျဖစ္ရာ သူသည္ ဖူရွီမင္ကိုေခၚလိုက္ၿပီး ထိုလူကို ႀကိဳဆိုလိုက္ေလသည္။
...