Heartless December❄️ ZG versi...

By Novella_1001

2.7K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day

အပိုင်း ၉၆ : နှလုံးသားလက်ဆောင်

35 6 3
By Novella_1001

❄️❄️❄️

နောက်တစ်ရက်မနက်။ နှိုးစက်မြည်သံတညံညံဟာ အခန်းထဲမှာ စည်းချက်ကျကျထွက်လို့။ အိပ်ရာဘေးကပ်လျက်ကစားပွဲဆီ ကိုကို့လက်ချောင်းတွေ လမ်းလျှောက်လာပြီး off button ကို မနှိပ်လိုက်ခင်ထိ အသိုက်ထဲက ငှက်ပေါက်စလို ခပ်စူးစူးအော်နေခဲ့တယ်။

"Merry Christmas ပါ ကိုကို..."

"Merry Christmas...
အဲ့ဒါကိုခဏထား၊ မင်းကဘာလို့ ငါ့အိပ်ရာပေါ် ရောက်နေတာလဲ..."

သူ့ဖုန်းမှာပေးထားတဲ့နှိုးစက်ကိုပိတ်ပြီးတဲ့နောက် သူ့ကုတင်ပေါ်ဝင်ထိုင်နေတဲ့ ကျွန်တော့်ကို မျက်ခုံးတန်းတွေကျုံ့လျက်ကြည့်နေတဲ့ တစ်စုံတစ်ယောက်။ ကျွန်တော် သူ့မျက်မှန်လေးကို ကောက်ယူပေးလိုက်တော့ လှမ်းယူပြီး စားပွဲပေါ်ကနာရီရဲ့လက်တံတွေကို လှမ်းစစ်နေတယ်။

"နိုးလာလာချင်း မနေ့ညတုန်းကစန်တာက ကျွန်တော့်အတွက်ရော လက်ဆောင်ထားခဲ့လားလို့ ဟိုလှန်ဒီလှန်ရှာရင်းနဲ့ ကိုကို့ကိုတွေ့လို့..."

"ဆောရီး... ငါက ခရစ္စမတ်လက်ဆောင်မဟုတ်ဘူး"

"ခရစ္စမတ်လက်‌ဆောင် ဟုတ်ဟုတ်မဟုတ်ဟုတ်၊ ကိုကိုက ကျွန်တော့်ရဖူးသမျှထဲ အကောင်းဆုံးလက်ဆောင်ဆိုတာ သေချာတယ်"

"မင်းက ဘယ်တုန်းကငါ့ကိုရသွားတာလဲ..."

"ရတော့မှာမဟုတ်ဘူးလား... ဒီဇင်ဘာမကုန်ခင်လေ..."

"Over confident ဖြစ်တဲ့က‌လေးက လက်ဆောင်ကောင်းကောင်းရတတ်တယ်လို့တော့ မကြားဖူးဘူး၊ ကုတင်ပေါ်ကဖယ်... ငါအိပ်ရာသိမ်းရဦးမယ်"

အဲ့ဒါနဲ့သူကန်မချခင်ဖယ်ပေးလိုက်ရတာပေါ့။

"ကိုကို... ကျွန်တော်အိပ်ရာသိမ်းတာကူပေးမယ်လေ"

"မလိုဘူး"

"ကိုကိုက ကျွန်တော့်ကို ၃နှစ်ကလေးဆိုပြီး အထင်သေးနေတာပဲ၊ ကျွန်တော်က ကိုယ့်အိပ်ရာကိုယ်တော့ သိမ်းနိုင်ပါတယ်နော်"

ကျွန်တော်‌ ဘေးကရပ်ပြီးစကားပြောနေတုန်း မြန်မြန်ဆန်ဆန်ပဲ သူ့အိပ်ရာကို သေချာသိမ်းခေါက်ပြီးသွားတဲ့တစ်ယောက်ဟာ အခန်းထဲကမထွက်ခင် ဒီလိုပြောသွားတယ်။

"ဒါဆို ငါမျက်နှာသွားသစ်တော့မယ်၊ အိပ်ရာခင်းနဲ့စောင်တွေကို ဗီရိုအောက်ဆင့်က နဂိုနေရာကို သေချာပြန်ထည့်ခဲ့"

"Roger that!!"

မနေ့ညကတော့ စွပ်ဖားလှည်းထောင့်ကခိုလိုက်သွားရင်း မြောက်ဝင်ရိုးစွန်းကအိမ်တံခါးကိုသွားခေါက်ပြီး ကိုကို့ကိုအလှူခံဖို့ ပလန်ချထားတာပဲ။ ဒါပေမယ့် အဲ့လောက်ထိမလိုဘူးထင်လို့ ဒီနှစ်တော့ စန်တာကို ဒီအတိုင်း လွှတ်ပေးလိုက်တယ်။ မကြာခင် ခင်ဗျားက ကျွန်တော်ရမယ့် လက်ဆောင်ထုပ်ကြီးဖြစ်လာမယ်ဆိုတာကို ၂၀၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိနေတယ်လေ။

*

ဒီဇင်ဘာ ၂၅ ရက်၊ ခရစ်စ္စမတ်နေ့။ တစ်ဖက်မှာလည်း ကိုကိုနဲ့သူ့ရဲ့ပြဿနာအိုးရည်းစားဟောင်းတို့ လမ်းခွဲခဲ့ကြတာ တစ်နှစ်ပြည့်တဲ့နေ့။

ကိုယ့်အိပ်ရာခင်းကိုယ်သိမ်းခေါက်ခဲ့ပြီးတဲ့နောက်
ရေချိုးခန်းထဲမှာကျွန်တော် သွားကိုဇိမ်ခံတိုက်နေမိတယ်။
မနက်စာကပ်စားပြီးရင် နှင်အထုတ်ခံရမလား မသေချာတာကြောင့် နည်းနည်းပဲဖြစ်ဖြစ် သူ့အိမ်ထဲခြေရာကြာကြာချနိုင်အောင်လို့။ ပြီးတဲ့နောက် မနေ့ညက စတိုးသွားရင်း အသစ်ကောက်ဝယ်လာတဲ့ သွားတိုက်တံကို သေချာရေဆေးပြီး ကိုကို့သွားတိုက်တံထည့်ထားတဲ့ခွက်နဲ့မတူတဲ့ တခြားခွက်ထဲမှာ ထည့်လိုက်တယ်။ OCD အထာလေ။ အခြေခံလောက်မှသိမထားရင် သူ့အိမ်ပေါ် ခြေသန်းလေးတောင် တင်ခွင့်ပေးမယ့်သူမဟုတ်ဘူး။

နောက်တော့ မှန်ထဲထင်ဟပ်နေတဲ့ ကိုယ့်သွင်ပြင်ကိုယ် တစ်ချက်‌လေ့လာလိုက်တယ်။ ခန့်လိုက်တာခင်ဗျာ။ မနက်နေရောင်လို လင်းနေရော။ အဟားဟား။

"ခန့်ငယ်..."

မင်္ဂလာရှိတဲ့မနက်ခင်းလေးပဲ ဆိုတာဘယ်လိုသိနိုင်လဲဆို အဲ့ဒီသာယာနာပျော်ဖွယ်ကောင်းတဲ့နာမည်ခေါ်သံက အဖြေပဲ။

"ကျွန်တော်ခဏလေးပျောက်သွားလိုက်တာ မနေတတ်တော့ဘူးလားကိုကို... အဲ့ဒါကြောင့်ပြောပါတယ်၊
စဉ်းစားနေတာကြာတယ်၊ အဖြေပေးလိုက်တော့လို့..."

"ထောက်..."

"အ..."

အခန်းဝရောက်ရောက်ချင်း နဖူးတောက်ကြိုဆိုတာ ခံလိုက်ရတဲ့နောက်...။

"မင်းအရင်ရက်က သန့်ရှင်းရေးလုပ်တဲ့ထဲမှာ ငါ့အံဆွဲရောပါလား"

"ကိုကိုက ကျွန်တော့်ကို သူများအံဆွဲလျှောက်မွှေတတ်တဲ့သူလို့များ အောက်မေ့နေတာလား..."

"မအောက်မေ့ဘူး၊ လက်တွေ့ဖြစ်ရပ်အရ သိထားတာ"

"အဲ့ဒါက... တော့ အဲ့ဒါပေါ့၊ ကျွန်တော်က အမြဲတမ်းတော့ လျှောက်မွှေမနေပါဘူးနော်... အယုံအကြည်မရှိချက်ပဲ"

"ဒါဆို အဲ့ဒါက ဘယ်ရောက်သွားတာများလဲ"

ကိုကိုကအဲ့ဒီမေးခွန်းကို အသံနိမ့်နိမ့်နဲ့ ရွတ်လိုက်တယ်။ ‌အခြေအနေကိုလေ့လာကြည့်လိုက်တော့ ကိုကို့စာကြည့်စားပွဲက အံဆွဲဟာ သူ့‌နေရာကနေထုတ်လို့ ကုတင်ပေါ်အတင်ခံထားရပြီး... အကန့်တွေထဲက ပစ္စည်းတွေဟာ တစ်ခုချင်းအစစ်ခံထားသလို ပုံစံမျိုးဖြစ်နေတယ်။

"တစ်ခုခုပျောက်နေလို့လား ကိုကို... ဘယ်လိုဟာလဲ"

ကျွန်တော်မေးတာကို ဖြေတော့မလိုလုပ်လိုက်တဲ့သူဟာ ဒုတိယအတွေးဝင်သွားတဲ့ပုံပဲ။

"ဘာမှမဟုတ်ဘူး၊ ဒီအတိုင်းပစ်ဖို့မေ့နေတဲ့ဟာ..."

"ကျွန်တော်မှန်းကြည့်မယ်၊ အဲ့ဒါက စာရေးကိရိယာလား..."

"မဟုတ်ဘူး..."

"မသုံးရသေးတဲ့ပစ္စည်းလား"

"ဟုတ်တယ်"

"အနီရောင်လား..."

"ဟုတ်တယ်"

"အဲ့ပစ္စည်းနဲ့တွဲပြီး စာရေးထားတာမျိုးပါလား"

"ဘာလို့ yes, no guessing game လို လာမေးနေတာလဲ"

[A/N *yes no guessing game - ပထမဦးစွာ ဖြေသူဘက်တွင် မေးခွန်းမေးသူမသိသော လျို့ဝှက်ထားသည့် အကြောင်းအရာတစ်ခု (သက်ရှိ၊ သက်မဲ့ပစ္စည်း စသည်...) ရှိရသည်။
၎င်းကိုခန့်မှန်းရန်အတွက် မေးခွန်းမေးသူဘက်မှ တိုက်ရိုက်ခန့်မှန်းချက်မဟုတ်သော မေးခွန်းများမေးရသည်။
မေးခွန်းမေးသူမှာ မေးခွန်း ၃ခု၊ ၅ခု စသော အကန့်အသတ်အတွင်း ထိုအရာကိုခန့်မှန်းပြီး ဖြေသူဘက်မှပြန်ပေးသည့် yes or no အဖြေများအပေါ်သုံးသပ်ကာ နောက်ဆုံးတွင် ‌ခိုင်မာသော ခန့်မှန်းချက်အဖြေကို ထုတ်ပြောရသည်။ မှန်ပါလျှင် ခန့်မှန်းသူဘက်က အမှတ်ရမည်ဖြစ်သည်။]

"နောက်ဆုံးတစ်ခုပဲ ဟုတ်မဟုတ်ဖြေပေးကိုကို... ကျွန်တော်မှန်းလို့ရနေပြီ၊ အဲ့ပစ္စည်းမှာ စာတစ်ခုခုတွဲရေးထားလား"

ကိုကို့မျက်လုံးက 'ငါမင်းနဲ့ guessing game ကစားချင်စိတ်မရှိဘူး' လို့ ပြောနေရင်းပဲ သူ့နှုတ်ခမ်းဝကနေထွက်လာတဲ့ ဖြေသံ။

"ဟုတ်တယ်"

"ရပြီ... ကိုကို ပျောက်နေတယ်ဆိုတာက လက်ဆောင်အိတ်အနီရောင်နဲ့ထည့်ထားတဲ့ အနီရောင်ဘူးတစ်ခုမလား၊ အနီရောင်ပို့စကတ်လေးတွဲပါပြီး အဲ့ပို့စကတ်မှာက 'Merry Christmas' လို့ရေးထားတယ်"

ကျွန်တော် ပထမဆုံးအကြိမ် ကိုကို့အံ‌ဆွဲကို စူးစမ်းကြည့်ခဲ့စဉ်ကအကြောင်းကို ကောင်းကောင်းမှတ်မိသေးတာပေါ့။
ဖွင့်ဖွင့်ချင်းအံဆွဲအဝမှာရှိနေခဲ့တဲ့ အဲ့ဒီအနီရောင်။ တစ်နည်းအားဖြင့်
အရစ်နှစ်က ကိုကို အာကာဝေယံ့အတွက်ရည်ရွယ်ပြီး ပြင်ထားခဲ့တဲ့ ခရစ္စမတ်လက်ဆောင်။

"မင်း... ဘယ်တုန်းကမြင်ခဲ့တာလဲ၊ ငါ့ဒိုင်ယာရီခိုးဖတ်တုန်းကလား"

"တကယ်က အဲ့ထက်စောတယ်ပြောရမလား... အဲ့ဒါက အရေးမကြီးပါဘူး၊ လက်ဆောင်အိတ်အနီဆိုရင် ကျွန်တော်ကိုကို့ဒိုင်ယာရီ ခိုးဖတ်တုန်းကထိတော့ ရှိနေသေးတယ်၊ အခု မရှိတော့လို့လား"

"ငါ လွှင့်ပစ်ဖို့မေ့နေရင်း နောက်ထဲရောက်သွားတာ၊ သတိရလို့ရှာလိုက်တော့ မရှိတော့ဘူး၊ မင်းလည်း မသိဘူးဆိုရင်..."

"နေဦး ကိုကို... ကျွန်တော်သိနေမလားမသိဘူး"

"မင်းငါ့အံဆွဲကို ထပ်မွှေခဲ့တာလား"

"အဲ့လိုမဟုတ်ဘူး"

သေချာပေါက် ကျွန်တော်ကိုကို့ဒိုင်ယာရီခိုးဖတ်တုန်းကထိ အဲ့ဒီလက်ဆောင်အိတ် အံဆွဲထဲမှာရှိ‌နေခဲ့တုန်းပဲ။ အဲ့ဒီနောက်ပိုင်း အံဆွဲကိုဖွင့်မွှေတာမျိုးမလုပ်ခဲ့ဘူးဆိုပေမယ့် ဟိုတစ်ခေါက်က... မှတ်မှတ်ရရတစ်ခေါက်ပဲ ကျွန်တော် အံဆွဲကိုဖွင့်ကြည့်မိသေးတယ်။ ကိုကိုမရှိတုန်း ကိုကို့အိမ်ကို အာကာဝေယံလာသွားခဲ့တဲ့တစ်ခေါက်။ အဲ့တုန်းက တစ်ခုခုအနံ့ရလို့ဆိုပြီး ကျွန်တော်လိုက်စစ်လိုက်‌တာ တခြား‌ပစ္စည်းတွေ ပုံစံမပျက်ပေမယ့် အံဆွဲဖွင့်ကြည့်တော့ အထဲမှာ လက်ဆောင်အိတ်ရှိမနေဘူး။ သေချာပြန်စဉ်းစားကြည့်မှ ဟုတ်တယ်...။ ကျွန်တော်ကလည်း ကိုကို့ဒိုင်ယာရီစာအုပ်အကြောင်းကို ခေါင်းထဲပိုအာရုံရောက်နေတာမို့ သိပ်သတိမထားမိလိုက်တာ အဲ့အချိန်တုန်းက အံဆွဲထဲမှာ အနီရောင်လက်ဆောင်အိတ်ကို မမြင်ဘူး။

"ကျွန်တော်အထင်မမှားရင် ကိုကိုဆေးရုံတက်နေတဲ့ရက်က
အာကာဝေယံ လာယူသွားတာဖြစ်နိုင်တယ်"

"ငါဆေးရုံတက်နေတုန်းက..."

‌သံရှည်ဆွဲနေတဲ့ ကိုကို့‌စကားက မသဲကွဲတဲ့အနေအထားနဲ့။ အင်း...။ ဒီနှစ်အတွင်း သူ့မှာဆေးရုံနဲ့အိမ်ဦးကပြင်လို ဖြစ်နေခဲ့ရတာဆိုတော့လည်း ဘယ်အခေါက်မှန်းမသိတာ မဆန်းပါဘူး။

"အခုတစ်ခေါက်မဟုတ်ဘူး၊ အက်စီးဒင့်ဖြစ်တဲ့အခေါက်တုန်းက..."

"အဲ့တုန်းက အာကာဝေယံလာသွားသေးတာလား"

ဘယ်လိုလုပ်ရမလဲ။ လာသွားတဲ့အပြင် အဲ့ဒီလူဟာ ကျွန်တော့်ခြေရာကိုနင်းပြီး ကိုကိုဖွက်ထားတဲ့ ဒိုင်ယာရီစာအုပ်ကိုပါ စိတ်ဝင်တစား ထိုင်ဖတ်သွားသေးတယ်ဆိုတာကို ပြောပြသင့်လား။

"အင်း... ကျွန်တော်ပန်းပင်အခြေအနေကြည့်ဖို့လာရင်း
သူ့ကား လမ်းထဲကထွက်သွားတာကို တွေ့လိုက်တာ"

"ဒါပေမယ့် သူ့မှာ ‌‌အခန်းသော့မရှိဘူး၊ ငါတို့လမ်းမခွဲခင် ပြဿနာဖြစ်တုန်းက သူငါ့ကိုသော့ပြန်ပေးခဲ့တာ သေချာတယ်... အဲ့ဒီသော့က အခုမင်းကိုပေးထားတဲ့ သော့အပိုပဲ"

"ကိုကို... အာကာဝေယံ့ကိုသိရဲ့သားနဲ့... အဲ့လူက သော့အပိုတစ်ချောင်းမရှိရုံနဲ့ အခက်တွေ့နေပါ့မလား၊ သူကိုကို့အိမ်ထဲဝင်ချင်ရင် ရတဲ့နည်းနဲ့ရအောင်ဝင်မှာပဲလေ"

ကိုကိုက မျက်တောင်တစ်ဝက်ချပြီး စဉ်းစားနေတယ်။

"ဒါဆို အဲ့ပစ္စည်းက တကယ် သူ့လက်ထဲရောက်သွားတာလား..."

"ကိုကို သူ့ကိုပေးဖို့စီစဉ်ထားခဲ့တာပဲမဟုတ်လား၊ခရစ္စမတ်လက်ဆောင်အဖြစ်လေ..."

"ဟုတ်တယ်ဆို‌ပေမယ့်..."

"ကိုကိုလွှင့်မပစ်ခင် သူလာယူသွားတော့လည်း ရှင်းသွားတာပေါ့..."

အပြည့်ချလိုက်တဲ့မျက်တောင်တွေနဲ့အတူ လေထုလေးထဲ ခပ်ညင်းညင်းလွင့်လာတဲ့ သက်ပြင်းတစ်ချက်။

"ဒါနဲ့ကိုကို... အဲ့ဒီဘူးအနီထဲမှာ ဘာပါတာလဲ"

"မင်းမြင်ပြီးပြီမဟုတ်ဘူးလား..."

"ဟင့်အင်း... အဲ့တုန်းက ကိုကိုနဲ့မိသွားရင် နဖူးစုတ်မှာကြောက်လို့ လမ်းတစ်ဝက်နဲ့ရပ်ထားခဲ့တာ၊ ဘာပစ္စည်းလဲမကြည့်လိုက်ရဘူး... ကိုကိုသူ့ကို ဘာလက်ဆောင်ပေးဖို့လုပ်ခဲ့တာလဲ"

"..."

ကိုကိုက ကုတင်ပေါ်တင်ထားတဲ့ အံဆွဲအဆင့်လေးနားကို ပြန်လျှောက်သွားတယ်။ နောက်... အံဆွဲထဲကပစ္စည်းတွေကို အသေအချာအကျအနစီရီပြီး အံဆွဲကိုလည်း မူလနေရာဆီ ပြန်ထည့်လိုက်တယ်။ သူ့လက်ချောင်းတွေရဲ့ ငြိမ်ဆိတ်တဲ့ လှုပ်ရှားမှုနဲ့အတူ အံဆွဲပိတ်သံဟာ ညင်ညင်သာသာပဲ။

"necktie clip အနီရောင်တစ်ချောင်း..."

အခန်းတံခါးဟာ တစ်ဖက်ပွင့်နေတယ်။ လေငြိမ်နေတဲ့အတွက် ခန်းဆီးလိုက်ကာတွေက မလှုပ်ရှားဘူး။ အဲ့ဒီအစား မနက်နေဖျဖျလေးကတော့ လစ်လပ်နေတဲ့အကြိုအကြားကနေ စားပွဲပေါ်ကိုကျလာရဲ့။ ဖန်လုံးလေးတစ်လုံး အလင်းပြန်သွားတယ်။

"ပြန်ရောင်းမစားလိုက်ရတာတော့ နှမြောစရာပဲ၊
necktie clip တွေက ဈေးကြီးတယ်မလား..."

တအားငြိမ်နေတဲ့အခန်းထဲ တမင်တကာမြှင့်ပြောလိုက်တဲ့ ကျွန်တော့်အသံပျံ့နှံ့သွားတော့ ကိုကိုက ရဲစိုနေတဲ့ အံဆွဲလက်ကိုင်ဘုလေးကို ကြည့်ရင်း ခပ်တိုးတိုးဖြေတယ်။

"အင်း..."

"ကြည့်ရတာ ခရစ္စမတ်လက်ဆောင်မရသေးတဲ့သူက ကျွန်တော်တစ်ယောက်တည်းထင်တယ်"

သူ့နောက်ကျောကိုကြည့်နေရင်း ကျွန်တော်အဲ့လိုရေရွတ်လိုက်တော့ ကိုကိုက ကျွန်တော့်ဘက်ကိုလှည့်လာပြီး...။

"မင်းက ဘာလိုချင်လို့လဲ"

"ကိုကို့ကိုလို့ပြောရင် အခုပေးမှာလား..."

"..."

ရေခဲရုပ်ရဲ့အ‌ဖြေကိုစောင့်ရင်း စက္ကန့်ရေတာ အတော်ကြာသွားပေါ့။ သိပါတယ်။ ခင်ဗျားက ခင်ဗျားပါပဲ။ ကျွန်တော်ကလည်း အဲ့ဒီလက်ပေါက်ကပ်တဲ့ခင်ဗျားဆီမှာမှ ခြေချုပ်မိနေတာလေ။

"အဲ့ဒါကြောင့်မို့ ပေးဖို့အစီအစဉ်မရှိသေးရင် ဘာလိုချင်လဲမမေးနဲ့လို့ ပြောတာပေါ့..."

"တခြားဟာ ပြောကြည့်..."

"တကယ်ပေးမှာမို့လို့လား"

"ငါပေးနိုင်ရင် ပေးမယ်"

"ကိုကိုစကားတည်ပါစေလို့ မျှော်လင့်တာပဲ... ခရစ္စမတ်နေ့မှာညာတာ ကောင်းတဲ့အကျင့်မဟုတ်ဘူးမလား"

"ငါ့ကိုပြန်ဆုံးမမနေဘဲ လိုချင်တာကို အရင်ပြောစမ်းပါ"

ကျွန်တော် သူ့အနားထိရောက်အောင် ခြေလှမ်းလှမ်းသွားလိုက်တယ်။ လက်မအနည်းငယ်ခွာပြီး ရပ်လိုက်တယ်။ ခန္ဓာကိုယ်ကို ရှေ့ကိုကိုင်းလိုက်တယ်။

တစ်စုံတစ်ယောက်ဟာ နောက်ကိုခြေတစ်လှမ်းဆုတ်ရင်း ကျောမှာကပ်သွားတဲ့စားပွဲကိုမှီလျက်။ လေအလာကြောင့် ခန်းဆီးလေးလှပ်ခနဲလွင့်သွားတဲ့နောက် အခန်းထဲဖိတ်ဝင်လာတဲ့ အလင်းတစ်ချို့က သူ့နောက်ကျောဘက်မှာ။ အခန်းတွင်းက ခပ်မှိန်မှိန်လေထုဘက်ကို ‌မျက်နှာမူထားပေမယ့် သူ့ပုံစံက သိပ်ရှင်းလင်းနေတယ်။ နှင်းရည်သောက်ထားတဲ့ ဆောင်းပန်းပွင့်လေးအတိုင်း...။

ကြည်လင်နေတဲ့မှန်ပါးလေးအောက်က မျက်ဝန်းတွေဟာ စာရွက်ဖြူပေါ်ကမှင်အမည်းထက်နက်နဲသ‌ယောင်။ သူ့နှာတံ တစ်နည်းအားဖြင့် စင်းဖြောင့်ဖြောင့် ဆင်ခြေလျှောလေးတစ်လျှောက် နိမ့်ဆင်းပြီး ကြည့်လိုက်တော့ လေးကိုင်းကြိုးပေါ်တင်နေတဲ့ ကကြီးပုံချိုင့်ဝှမ်းလေး။ အဲ့ဒီအောက်မှာဆိုရင် မာဖလာချည်သားစလို နွေးနေလောက်မယ့် နှုတ်ခမ်းလွှာနှစ်ချပ်ရှိတယ်။

"ကိုကိုက လှလိုက်တာ..."

"အဲ့ဒါပြောဖို့ ငါ့အနားကိုဒီလောက်ကပ်ကြည့်နေတာလား..."

"ကျွန်တော် ကိုကို့ကို နမ်းချင်တယ်"

"ဘာ..."

"လိုချင်တာပြောဆိုလို့လေ..."

"အဲ့ဒါက..."

"ကျွန်တော် သေချာသွားတိုက်ခဲ့တယ် ကိုကို... ကိုကိုသုံးတဲ့သွားတိုက်ဆေးနဲ့တိုက်ခဲ့တာဆိုတော့ အခုနေ ခံတွင်းနံ့ချင်းတူမတူ စမ်းသပ်ကြည့်ရင်ဖြစ်သားပဲ"

ကျွန်တော်သူ့မျက်နှာကို ပိုအနီးကပ်မြင်ရအောင် တိုးသွားလိုက်တယ်။ သူအသက်ရှူထုတ်နေတဲ့လေတွေရဲ့ အပူချိန်ကိုခံစားလို့ရနိုင်မယ့် နေရာအထိ။ အမှန်တော့ စစ်ဆေးကြည့်ချင်တာ။ သူ့မျက်နှာကသွေးကြောတွေရဲ့ လှုပ်ရှားမှုကတစ်ဆင့် သူ့ခံစားချက်ကိုများ မြင်ရမလားလို့။

မြင်ရခါနီးဖြစ်ခဲ့ပုံရတယ်။ အင်း... သူ့ရေခဲတုံးမျက်နှာဖုံး ကွာကျလာတာကို မြင်ရခါနီးလေးပဲ။

"မင်းအိပ်မက်ကောင်း‌တွေ မက်တတ်လား..."

"ဗျာ..."

အဲ့ဒီဘယ်ကရောက်လာမှန်းမသိတဲ့မေးခွန်းက ကျွန်တော့်အပြုအမူကို pause button နှိပ်ပေးလိုက်တယ်။ ကျွန်တော့်ပခုံးပေါ်မှာ သွယ်လျတဲ့လက်တစ်စုံရဲ့ တွန်းအားတစ်ခု ကျလာပြီးတဲ့နောက် ကိုကိုဟာကျွန်တော့်ရှေ့က ရှောင်ထွက်သွားလိုက်ရင်း...။

"မင်းက ငါ့ဆီကခရစ္စမတ်လက်ဆောင်လိုချင်တာမလား...
ဒီတစ်ခုဆိုရင် ဘယ်လိုလဲ..."

အဲ့ဒီလေသံဝဲဝဲလေးရောက်သွားတဲ့ အခန်းထောင့်ဆီ လှည့်ကြည့်လိုက်တဲ့အချိန် သူ့လက်ထဲမှာကိုင်ထားတာက အနီရောင်ပစ္စည်းတစ်ခု။ သွယ်တန်းနေတဲ့ ကြိုးကွန်ယက်ကြားက ဖန်လုံးဖြူလေးတွေကလွဲရင် တွဲလောင်းကျနေတဲ့ ငှက်မွှေးတွေအထိ စိုရဲလို့။ တစ်စုံတစ်ယောက်ရဲ့ ဆွယ်တာအဖြူနောက်ခံပိတ်ကားမှာ ပိုပြီးရဲပဒေါင်းခတ်နေတဲ့ အနီရောင် dream catcher လေး။ အစကတည်းက ချိတ်ဆွဲထားတာသတိထားမိပေမယ့်
အဲ့ဒီဘက်အခန်းထောင့်ကို သိပ်ပြီးအကြည့်မရောက်ဖြစ်လို့ သေချာမလေ့လာဖြစ်ခဲ့တာ။ အခုကြည့်လိုက်တော့မှ တယ်လှပါရဲ့။

"ကိုကိုက ကျွန်တော့်ကို အိပ်မက်ကောင်းမက်စေချင်လို့ dream catcher ပေးတာလား..."

"အင်း... မင်း အနီရောင်ကြိုက်တယ်မလား..."

'ငါ့ကိုနမ်းချင်ရင် အပြင်မှာတော့မရဘူး၊ အိပ်မက်ထဲမှာနမ်း' ဆိုတဲ့ သဘောပေါ့လေ။ ခင်ဗျားဟာ ကျွန်တော့်ဆရာလို့မပြောရဘူး။ တယ်ဉာဏ်ကောင်းတာပဲ။

ကျွန်တော် အခန်းထောင့်ဆီလာပြီး သူ့လက်ထဲက dream catcher ကို ယူလိုက်ရတယ်။

"မဟုတ်မှလွဲ ဒီတစ်ခုကလည်း အာကာဝေယံနဲ့ဆိုင်နေတယ်လို့တော့ မပြောပါနဲ့..."

"စိတ်မပူနဲ့၊ ဒီတစ်ခုက ငါ့ဟာငါ စိတ်ကူးပေါက်လို့ဝယ်ထားတာ"

dream catcher ဆိုတာ ကိုယ့်ဆီလာတဲ့အိပ်မက်ဆိုးတွေကို ဖမ်းယူစားသုံးပြီး အိပ်မက်ကောင်းတွေပဲမက်ရအောင် ပြုလုပ်ပေးတဲ့ အဆောင်ပစ္စည်းတဲ့။ အဲ့ဒါဘယ်လိုအလုပ်လုပ်လဲဆိုတာတော့ သေချာမသိပေမယ့် dream catcher တိုင်းက သူ့ပုံစံနဲ့သူ လှကြတာတော့အမှန်ပဲ။

"ဆိုကာမှ ကိုကို... dream catcher က ကုတင်အထက်မှာ ချိတ်ထားရတာမဟုတ်လား... ဘာလို့ အခန်းထောင့်‌ရောက်နေတာလဲ"

"အလုပ်မဖြစ်လို့..."

"..."

အဲ့တော့ အိပ်မက်ထဲတောင် မရဘူးပေါ့လေ။ ရက်စက်လှချည်လား။ သူသုံးကြည့်ပြီး အဆင်မပြေလို့ပစ်ထားတဲ့ dream catcher ကို ကျွန်တော့်ဆီစွန့်ပြီး ဘာလုပ်စေချင်တာလဲ။ ငှက်မွှေးထိုင်ရေပြီး အိပ်ရမှာလား။

"ငါ့အပေါ်မှာအလုပ်မဖြစ်ပေမယ့် မင်းအတွက်အလုပ်ဖြစ်ရင် သူလည်းအသုံးကျလာမလားလို့..."

ကျွန်တော် အဲ့ဒီအနီရောင်အိပ်မက်ဖမ်းသမားကို စေ့စေ့ကြည့်ရင်း...။

"တကယ်လို့ကျွန်တော် အိပ်မက်ကောင်းမက်ရရင် ကိုကို့ဆီကို တစ်ဝက်ခွဲပြီးပို့လိုက်မယ်"

ကိုယ်စကားနဲ့ကိုယ် အထူးအဆန်းလို အကြည့်ခံလိုက်ရတယ်ဆိုပေမယ့် ကိစ္စမရှိပါဘူး။ ဖြေရှင်းချက်ရှိပြီးသား။

"ကောင်းတဲ့မုန့်ဆိုတာ မျှစားရတယ်မလား"

"အိပ်မက်ကမုန့်လား..."

"၃နှစ်ကလေးအတွေးအခေါ်ဟာ father of philosophy ပဲဆိုတာ မကြားဖူးဘူးလား ကိုကို..."

"ဒီနေ့ပထမဆုံးကြားဖူးတာ"

"ဗဟုသုတတိုးတယ်မှတ်ပါ၊ Congrats ကိုကို..."

တစ်စုံတစ်ယောက်ဟာခေါင်းယမ်းပြီး သူ့ဆွယ်တာလက်ကို အသာဆွဲတင်ရင်း မီးဖိုချောင်ဘက်ထွက်သွားရဲ့။

"မနက်စာစားပြီးရင်ပြန်တော့..."

"မနေ့ညက ginger bread man ကွတ်ကီးတွေ ဘယ်နှစ်ခုထွက်ပြေးသွားသေးလဲ စစ်ကြည့်ပြီးမှ ပြောကြတာပေါ့"

"အရူးလေး..."

"အရူးတွေရဲ့ချစ်နိုင်စွမ်းဟာ လူသာမန်တွေထက် ဆကဲထူးခြားတယ်ဆိုတာရော ကိုကိုကြားဖူးလား"

"ဟင့်အင်း၊ ဒါပေမယ့် မင်းကတော့ တကယ်ထူးခြားတာပဲ"

ဒါဟာ ချီးမွမ်းတာလား၊ ယဉ်ယဉ်ကျေးကျေးဖဲ့တာလား တကယ်ကိုပြောမရဘူး။

"ကျွန်တော့်ကိုယ်ကျွန်တော်သိပါတယ် ကိုကို..."

"ကောင်းတာပေါ့... နှစ်သစ်မကူးခင် pro တစ်ယောက်ယောက်နဲ့ တွေ့ဖို့စီစဉ်ရင် ပိုကောင်းတယ်"

[A/N* pro တစ်ယောက်ယောက် - pro therapist ကို ဆိုလိုခြင်း]

"ကိုကို့ကြောင့်ဖြစ်တာမို့ ကိုကိုတာဝန်ယူပေးရင် ပိုအဆင်ပြေမှာရယ်..."

"ဆောရီး... ငါ pro မဟုတ်ဘူး"

ဟားဟား... သိပ်ဟုတ်တာပေါ့ခင်ဗျာ။
ခင်ဗျားကလိမ်တဲ့နေရာမှာ pro ဆိုတာ ကျွန်တော်မသိရင်ခက်မယ်။ နောက်တစ်ခုကတော့ အရှောင်အတိမ်းမှာ။

"ကိုကို ကျွန်တော့်ကိုစောင့်ဦး..."

ကျွန်တော် သူပေးသွားတဲ့ dream catcher ကို ကိုင်ရင်းနဲ့ပဲ သူရှိတဲ့ မီးဖိုချောင်ထဲလိုက်ရှုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

*

"ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူးရှင့်..."

"..."

အိမ်ရှေ့စက်ဘီးထိုးရပ်ပြီးဘဲလ်တီးလိုက်တော့ ထွက်လာတဲ့အငယ်မက တံခါးနောက်ကနေ လူကိုလာပြောင်နေ‌တယ်။

"ဒါ ဦးသက်ထူးခန့်၊ ဒေါ်ခင်မေချိုတို့ရဲ့အိမ်မဟုတ်လားဗျ၊ သူ့တို့ရဲ့ တစ်ယောက်တည်းသောသားကလေး ပြန်ရောက်လာပြီလို့ ပြောလိုက်ပါ"

အပြုံးလေးနဲ့ ပြန်ငေါ့လိုက်မိတော့ စာကလေးမဟာ မျက်ကလဲဆန်ပြာနဲ့ အကူလှမ်းခေါ်တယ်။

"မမရေ ခဏလာပါဦး... ဒီကအစ်ကိုကလေ သူ့ကိုယ်သူ ဖေဖေနဲ့မေမေရဲ့သားလို့ ပြောနေတယ်"

"အယ်... ဖေဖေနဲ့မေမေက ဘယ်တုန်းကသားမွေးထားလို့လဲ၊ ဒီအိမ်ကကလေးဆို ပြေးကြည့်မှ မမနဲ့အစုလေးပဲရှိတာလေ... မမတော့ ကိုယ့်အောက်မှာအစုလေးဆိုတဲ့ ချစ်ညီမလေးကလွဲရင် မောင်ဆိုတာမရှိဘူးရယ်၊ အစုလေးမှာရော အစ်ကိုရှိဖူးသလို မှတ်ဉာဏ်တစ်စတစ်လေများရှိလို့လား"

"ဟင့်အင်း၊ မရှိလို့ ထူးဆန်းနေတာပေါ့ မမရဲ့..."

အေး... အဲ့မှာ လုပ်နေလိုက်ကြ။ အဲ့ဒါတွေကြောင့်ပဲ အိမ်ပြန်မလာချင်တာ။

"မမရေ... ကြည့်ရတာ ဒီအစ်ကိုက နည်းနည်း ဒါလားမသိဘူးနော်"

"ဟုတ်လောက်မယ် အစုလေး... တံခါးဖွင့်‌မပေးနဲ့၊ အန္တရာယ်များတယ်"

လူကိုမျက်လုံးထောင့်ကနေ အကဲခတ်သလိုကြည့်ပြရင်း အငယ်မက နားထင်ကိုတို့ပြတော့ ဟိုတစ်ယောက်ကပါ ကလေးနဲ့ပေါင်းပြီး လိုက်ထောက်ခံလို့။

"နင်တို့ပြီးကြပြီလား..."

သူတို့ညီအစ်မနဲ့ဂွကျနေတုန်းမှာ နောက်ကနေကယ်တင်ရှင်ပေါ်လာလို့သာ ကျွန်တော်အိမ်ထဲဝင်ရတော့တာပဲ။

"တော်သေးတာပေါ့၊ ရဲကိုလှမ်းခေါ်တဲ့ဇာတ်ကွက်မစခင် ဦးနွေးရောက်လာလို့..."

"ဘာတွေစိတ်ဆိုးနေတာလဲ၊ ကိုကိုမှ အိမ်မကပ်တာ... တစ်ချိန်လုံး သုံးလမ်းကျော်ကိုပဲ သွားနေပြီးတော့..."

"အေးလေ... အေးလေ..."

ခြံစောင့်ဦးနွေးက ကျွန်တော့်ကိုတံခါးလာဖွင့်ပေးသွားပြီး ပြုံးတုံးတုံးနဲ့ ပန်းပင်ရေဆက်လောင်းနေတယ်။

"ငါဟာငါသွားချင်တဲ့ဆီသွားနေတာ ဝေဖန်စရာဘာအကြောင်းရှိလဲ"

"အဲ့လိုသွားနေတာတောင် အဖြေပြန်မရသေးရင်တော့ အကြောင်းရှိပြီမလား..."

"အေးလေ... အေးလေ..."

ဝေဖန်တဲ့သူရော ထောက်ခံတဲ့သူရော ဒုံးကျည်ထဲထည့်ပြီး အာကာသအပြင်ပစ်လိုက်ချင်စိတ်ကို ချွန်းအုပ်လို့ စက်ဘီးသွားသိမ်းဖို့ပဲ လုပ်လိုက်ပေမယ့်...။

"နေပါအုံး၊ ကိုကို့လက်ထဲက ဘာလဲ... လှလိုက်တာ..."

"ဟုတ်သားပဲ၊ လင်းခန့် နင်ဒါဘယ်ကဝယ်လာတာလဲ"

"ဪ... ဒါလား... အဟွန်း... ကျွန်တော့်ကို အိပ်မက်ကောင်းကောင်းမက်စေချင်လို့ဆိုပြီး ကျွန်တော့် VVIP လူသားက ပေးလိုက်တဲ့ special dream catcher လေ... ဒီကအမိတို့က ခရစ္စမတ်လက်ဆောင် မရကြဘူးမလား..."

စသုံးလုံးစာကလေးက မနေနိုင်မထိုင်နိုင် ကျွန်တော့်ကိုင်လာတဲ့ ပစ္စည်းနီလေးကို လက်ညိုးထိုးပြီး မေးလာတာနဲ့ ယဉ်ယဉ်ကျေးကျေး အဖြေပေးပြီး ကျွန်တော်အိမ်ပေါ်ကို တက်သွားလိုက်တယ်။ ဘူလီချင်သူဟာ သူလုပ်တာနဲ့ထိုက်တန်တာပဲ ပြန်ရတယ်ဆိုတာ အဲ့ဒီဘူလီညီအစ်မသိကြဖို့ မျှော်လင့်ရဲ့။

*

အဲ့ဒီနေ့နေ့လည်ပိုင်းဖြစ်ပါရဲ့။ ကျွန်တော်ဟာ တစ်ရက်လောက်အိမ်မှာ ကပ်ကြည့်မယ်လို့ ကြိုးစားအားထုတ်နေရင်းပဲ ခြေထောက်တွေက သုံးလမ်းကျော်က တစ်စုံတစ်ယောက်ရှိတဲ့အရပ်ကို အလိုလိုလှည့်ချင်နေကြတယ်။ ဂနာမငြိမ်နေတဲ့အတွက် ဟိုညီအစ်မရဲ့ တွတ်ထိုးအတင်းပြောခြင်းကိုလည်း ခံရပြီးပြီ။ အီတလီစာချက်နည်း သင်နေတဲ့အမေက ညနေပိုင်း spaghetti လုပ်ကျွေးမယ်ဆိုပြီး ကျွန်တော့်လက်ထဲ ဝယ်စရာစာရင်းထည့်ပေးလိုက်လို့ mart ကိုလည်း အဝယ်တော်သွားလိုက်ရပြီးပြီ။ အခုလည်း အသားလုံးလုပ်တာ ကူပေးနေရတယ်။

"သားကိုမေးမလို့ ဆရာလေးက လက်ပတ်သေချာဝတ်ထားသေးလား...
ဟိုတလောကလည်း ခိုက်မိပြန်တယ်ဆိုလို့...
အမေကတော့ အကူအညီဖြစ်မလားလို့ ပေးလိုက်တာပဲ၊ အယုံအကြည်မရှိဘူးဆိုရင်တော့ မပြောတတ်ပေမယ့်..."

"ဝတ်ထားပါတယ်၊ အယုံအကြည်ရှိတာမရှိတာထက် တစ်ဖက်လူရဲ့စိတ်ရင်းကို ဦးစားပေးတဲ့သူမျိုးမို့... ပြီးတော့ ဟို..."

"ဘာပြောမလို့လဲ သား၊ ပြောလေ..."

"‌အဟဲ ဘာမှမဟုတ်ပါဘူး၊ အမေ့တူကို ညနေ spaghetti လာယူဖို့ ဖုန်းဆက်လိုက်ရမလားလို့... သူလည်း စားစရာရှိမှာမဟုတ်ဘူးလေ"

"ဟုတ်သားပဲ... ကြုံတုန်း ဆရာလေးဖို့ပါထည့်ပေးလိုက်မယ်"

"ဒါပေါ့ဒါပေါ့... ကျွန်တော် အစအဆုံးကူပေးမယ်၊ ဒါမှမဟုတ် ကျွန်တော်ပဲ ချက်လိုက်ရမလား..."

"အမလေး... ကူပေးရင်ရပါပြီ ကိုတက်ကြွလေးရယ်"

*

အမေ့မီးဖိုချောင်မှာ ဝင်လုပ်အားပေးတာပြီးသွားတော့ ဟိုကြွက်မင်းသားကိုအရင် ဖုန်းဆက်လိုက်တယ်။ ရေမိုးချိုးပြီး နောက်တစ်ခါ ဖုန်းပြန်ကိုင်တဲ့အချိန် ခေါ်မိတဲ့နံပါတ်ကတော့...။

"ဟယ်လို ကိုကို... ညနေကျရင် ကိုကို့သူငယ်ချင်းအိမ်ဘက်လာမှာ... အပြန်ကျွန်တော်လိုက်လာခဲ့ရမလား၊ အမေက ကိုကို့အတွက်ပါ စားစရာထည့်ပေးချင်လို့တဲ့..."

"မလိုက်လာခဲ့နဲ့..."

"ကိုကို ကျွန်တော်နဲ့ ခရစ္စမတ်နေ့ကို ဆက်ဖြတ်သန်းချင်ဘူးလား"

"ထပ်မလာခဲ့နဲ့တော့၊ ပိတ်ရက်ပြီးရင် test စစ်ဖို့ရာ မေးခွန်းပြင်နေလို့ ငါမအားဘူး"

ဖုန်းတစ်ဘက်က လေသံမဝဲတဝဲဟာ ထုံးစံအတိုင်းလို ဘူးနွယ်ပင်ဒိုင်ယာလော့နဲ့။

"ကိုကိုမအားလည်းရပါတယ်၊ ဒီအတိုင်းမုန့်စားရင်းထိုင်နေမှာမို့ ကျွန်တော့်ကို ခွေးပေါက်စလို့ သဘောထား..."

"ခွေးပေါက်စတွေ နားညီးတယ်၊ ငါအာရုံစိုက်လို့မရဘူး"

"ဒါဆိုလည်း ဆိုဖာပေါ်က ဖက်ခေါင်းအုံးလေးလိုသဘောထား..."

"ဖက်ခေါင်းအုံးက ငါ့ကို ဆက်တိုက်ကြည့်နေတယ်ဆိုတဲ့ခံစားချက်မျိုး မလိုချင်လို့ sorry... အိမ်မှာပဲ နေလိုက်တော့"

"ဟွန့်... ဒါဆိုလည်း Merry Christmas ကိုကို..."

"Merry Christmas"

"I love you!"

"..."

စကားလုံးနှမြောလိုက်တာ အင်း အဲတောင် ပြန်မဖြေဘဲ အလောတကြီး ဖုန်းချသွားပြီ ကြည့်...။

ဖုန်းအားသွင်းကြိုးရှာရင်း မနက်က စားပွဲပေါ်တင်ထားခဲ့တဲ့ တွဲလဲတွဲလဲပစ္စည်းနီနီလေးကို ငုံ့ကြည့်မိတော့...။

"သူ့အတွက်အလုပ်မဖြစ်လို့ ငါ့ကိုစမ်းသုံးခိုင်းတယ်တဲ့လား...
တကယ့်ဉာဏ်ကြီးရှင်..."

နောက်ဆုံးတော့ ဟိုမွှေဒီ‌မွှေလုပ်ရင်းထွက်လာတဲ့ နံရံကပ်ချိတ်တစ်ခုနဲ့ ကုတင်ခေါင်းရင်းထက်နံရံမှာ တန်ဆာဆင်ခံလိုက်ရတဲ့ အိပ်မက်ဖမ်းသမားအနီကောင်။ တိမ်နီရောင်သမ်းနေတဲ့ ကြိုးမျှင်တွေကြား ညနေခင်းကြယ်လိုလက်လက်ထနေတဲ့ ‌အဖြူရောင်ကျောက်လေးတွေနဲ့ ရဲထွေးထွေးငှက်မွှေးတွေကို ငေးလိုက်မိတော့လည်း မျက်စိပသာဒတစ်ခုလိုလို။

"လှတာတော့တော်တော်လှသားပဲ... ကိုကိုကပစ္စည်းဝယ်တဲ့မျက်စိတော့ တကယ်ရှိတယ်"

အဲ့ဒီခရစ္စမတ်လက်ဆောင်လေးကို ဓာတ်ပုံရိုက်ပြီး ကိုကို့ဆီလှမ်းပို့လိုက်တယ်။

'Can't wait to send you a half of my sweet dreams! (^^)7'

"ကဲ... ကျန်တာက အခုညကစပြီး မက်သမျှအိပ်မက်ထဲ ကိုကို့ကို ခွေးကလေးအရောဝင် ပါးလျက်နားလျက်လုပ်ဖို့ပဲ၊ တာဝန်ကျေပါစေ ကိုယ့်လူ..."

နေအလင်းကြောင့် လက်ခနဲဖြစ်သွားတဲ့ ကျောက်ရောင်တွေဟာ ကျွန်တော့်စကားကို အလေးပြုလိုက်နာကြောင်း ပြနေသယောင်။

ဟုတ်ကဲ့။ စိတ်မရှိကြပါနဲ့။ သိနေပြီးသားဖြစ်လောက်ပေမယ့် ပစ္စည်းတွေနဲ့စကားပြောတာဟာ ကျွန်တော့်အတွက်တော့ ပုံမှန်ပါပဲ။

*

"လင်းခန့်... ပြဿနာပဲ ကောင်မလေးတစ်ယောက်က
ငါ့ကိုကြိုက်နေတယ်"

"မဟုတ်ဘူး... ငါ့ကိုကွ"

"ငါ့ကိုပါ... စာထဲမှာရေးထားတာ အစ်ကိုထက်ဆိုပြီး..."

" 'သက်'ကွ အဲ့ဒါလက်ရေးဆက်နေတာ... ရေးပုံကိုကြည့်လေ..."

" 'ထက်' ပါဆိုကွာ..."

"မဟုတ်ဘူး 'သက်' "

"အာ... နားညီးတယ်၊ စာလုံးကွဲကွဲပြားပြားမသိရင် မြန်မာစာလက်ရေးမူကြမ်းကျွမ်းကျင်သူဆီ သွားကြ၊ ငါကအဆုံးအဖြတ်မပေးနိုင်ဘူး၊ အလကားဆွဲခေါ်လာပြီး လူရှေ့မှာပြိုင်ငြင်းမနေကြနဲ့..."

"အလကားမဟုတ်ပါဘူး၊ မင်းခုဏလေးတင် Lotteria ကြက်ကြော်နှစ်တုံးစားပြီးသွားပြီ"

"ငါဝယ်ကျွေးခိုင်းမိလို့လား၊ မင်းတို့ပဲ အလုအယက်မှာပေးကြတာလေ..."

ကျန်နေတဲ့ဒီဇင်ဘာရက်လေးတွေကို အေးအေးချမ်းချမ်း ဖြတ်သန်းမယ်ဆိုမှ သင်းတို့ ချိန်ပါအမွှာက အမှုလာအပ်ကြပြန်တယ်။
ဖြစ်စဉ်က သူတို့နှစ်ယောက် ကျောင်းကိုလာတော့ စာသင်ခုံအောက်မှာ စာတစ်‌စောင်တွေ့လို့တဲ့။ ယောက်ယပ်တွေခပ်ပြီး ဖတ်ကြည့်ကြတော့ တခြားမေဂျာက ကောင်မလေးရဲ့ ဝန်ခံတဲ့စာဖြစ်နေတယ်... လို့ ပြောတာပဲ။ စာပါအကြောင်းအရာက များများစားစားမဟုတ်ဘူး။

'ညီမက ‌တစ်နေရာကနေ ကြည့်နေမိတဲ့သူပါ... မနက်ဖြန်ညနေအတန်းပြီးရင် ကျောင်းရှေ့ကိုလာခဲ့ပေးနိုင်မလား... ပြောစရာရှိလို့ပါ...'

အဲ့ဒီအောက်မှာတော့ သူတို့ငြင်းနေတဲ့ 'ထက်'လိုလို 'သက်' လိုလိုကို အစ်ကိုဆိုတဲ့နာမ်စားနဲ့တွဲသုံးထားရင်း 'လာတဲ့အထိ စောင့်နေပါ့မယ်' လို့
ရေးထားတယ်။

ချိန်ပါရောဂါပိုးက ဆင့်ကဲဗီဇ‌ပြောင်းသွားတာလားတော့ မပြောတတ်ဘူး။ သူတို့ကိုယ်တိုင် အချိန်ခံနေရပါတယ်ဆိုတဲ့ကိစ္စကတော့ ယုံချင်စရာမကောင်းဘူးမလား။ နေမျက်နှာပြင်ပေါ်မှာနှင်းကျနေပါတယ် လို့ ပြောနေသလိုပဲ။

"စာတင်မကဘူး၊ ပစ္စည်းလေးရောပါသေးတာ... အခုရက်ပိုင်းခေတ်စားနေတဲ့ keychain အနီရောင်လေး... ကြားဖူးတယ်မလား၊ အနီရောင်ပစ္စည်း လက်ဆောင်ပေးတယ်ဆိုတာ နှလုံးသားကိုပေးတာပဲတဲ့... ကောင်မလေးက ငါ့ကို အဲ့လောက်ထိတောင် သဘောကျတာလား၊ ငါသတိမပြုမိခဲ့တာ သူ့ခံစားချက်တွေကို ထိခိုက်စေမှာပဲ... ချစ်သူတွေဖြစ်မှ သေချာတောင်းပန်ရအုံးမယ်"

ကျွန်တော် စစ်မင်းထက်ပခုံးကို လှမ်းဆွဲလိုက်တယ်။

"နေဦး... စစ်မင်းထက် မင်းခုဏကဘာပြောတာ..."

"ဘာထဖြစ်တာတုန်း၊ လန့်တာကွာ... ကောင်မလေးက ငါ့ကို တအားသဘောကျတဲ့ပုံပဲလို့ ပြောနေတာ..."

"မဟုတ်ဘူး၊ အဲ့ရှေ့ကဟာ..."

"အနီရောင်ပစ္စည်းကို လက်ဆောင်ပေးတာက နှလုံးသားလက်‌‌ဆောင်ဆိုတဲ့ အဓိပ္ပာယ်လို့..."

"ဘယ်သူပြောတာလဲ..."

"ဘယ်သိမှာလဲ၊ google သွားပြီး source ရှာကြည့်ပေါ့... အရေးကြီးတာက ငါရည်းစားရတော့မယ့်ကိစ္စ၊ ပြီးတော့ ပိုးပန်းပြီးတောင်မဟုတ်ဘဲ ဖွင့်ပြောခံရမှာ... ဒီလိုစာမျိုးက အဲ့ဟာကလွဲရင် တခြားမရှိဘူးမလား၊ လက်ဆောင်ကလည်း ပါလိုက်သေး... နောက်ဆုံးမှာ နတ်တစ်ပါးပါးကတော့ ဒီစစ်မင်းထက်ရဲ့ ဆုတောင်းတွေကို ကြားသွားပြီပဲ"

"မင်းနာမည်လည်းမဟုတ်ဘဲနဲ့ ဘာတွေမျှော်လင့်နေတာလဲ၊ ဖွင့်ပြောခံရမယ့်သူကငါ... keychain ကလည်း ငါ့အတွက်ရည်ရွယ်တာ"

"ဟမ့်... မင်းကရော ဘာတွေသေချာနေလို့လဲ၊ ၆ မိနစ်ငယ်တဲ့ညီလေးရဲ့"

"ငါသေချာတယ်ဆိုရင်သေချာလို့ပေါ့၊ ၆မိနစ်ကြီးတဲ့ မုန်လာဥနီရဲ့"

ဘက်တီးရီးယားနှစ်ကောင် ရန်စောင်နေကြတုန်း ကျွန်တော်ကတော့ အတွေးထဲညီမျှခြင်းတွေ ချနေမိတယ်။

အနီရောင်ပစ္စည်းပေးခြင်း = နှလုံးသားလက်ဆောင် eq 1
အနီရောင်ပစ္စည်း = မြွေနီလေးနှင့်အိပ်မက်ဖမ်းသမား eq 2
by eq 1 & 2,
မြွေနီလေးနှင့်အိပ်မက်ဖမ်းသမားပေးခြင်း = နှလုံးသားလက်ဆောင်

ကိုယ့်သီအိုရီနဲ့ကိုယ်ဆိုရင်တော့ ကိုကိုက သူ့နှလုံးသားကို ကျွန်တော့်အတွက် တစ်ခါမှာတဝက်စီ လက်‌ဆောင်အဖြစ်နဲ့ ပေးလိုက်တာလိုလို...။ ဒါတောင် ကျွန်တော့်ကိုခေါ်သွားပြီး သူကိုယ်တိုင် တကူးတကဝယ်ပေးတဲ့ ဆွယ်တာအနီမပါသေးဘူး။ ရယ်ချင်တဲ့သူရှိရင် ရယ်လိုက်ကြပါ။ dream catcher ကပဲ တကယ်အလုပ်ဖြစ်နေတာလားတော့မသိ ကျွန်တော်တော့ မျက်လုံးဖွင့်လျက်ကြီး အိပ်မက်ကောင်းမက်နေပြီ။

"လင်းခန့်... မင်းကိုအားကိုးလို့ လာဆွေးနွေးတာကို... အဲ့လိုကြီးထိုင်ငေးမနေနဲ့လေကွာ..."

"အေးလေ... ငယ်သူငယ်ချင်းမပီသချက်ပဲ"

ခဏလေးငြိမ်ပြီး စိတ်ထဲသင်္ချာတွက်လိုက်မိတာ သူကောင်းသားလေးများက တစ်ယောက်တစ်လှည့် complain တက်လာကြပါပြီ။ ခုဏကစားထားတဲ့ ကြက်ကြော်ကြောင့်သာမဟုတ်ရင် အကြီးရောအငယ်ပါ ၆မီတာလောက်ရောက်အောင် ကန်ထုတ်ပစ်ချင်တယ်။

"မင်းတို့ဘာလို့ ဟိန်းသူရဆီမသွားနားမပူကြတာလဲ"

"သူ့ဆီသွားရှုပ်ရင် ‌ဆော်အလွှတ်ခံရမှာပေါ့ဟ..."

ဒါမျိုးကျ တစ်သံတည်းထွက်လို့ သိနေကြတယ်။

"အဲ့တော့ ငါကဘာလုပ်ပေးရမှာလဲ... မင်းတို့က အသံကလွဲရင် ပရင့်ထုတ်ထားတဲ့ copy နှစ်ရွက်‌ဖြစ်နေတာပဲ၊ စာရေးတဲ့တစ်ယောက်တောင် ဘယ်သူကဘယ်သူမှန်း ကွဲချင်မှကွဲမှာလေ... စာထဲရေးထားတာက 'ထက်' လို 'သက်'လိုလိုဖြစ်နေရင် နှစ်ယောက်လုံးသွားကြည့်ကြပေါ့"

အမြွှာနှစ်ကောင်က စားပွဲကို ပြိုင်တူထုလိုက်ကြတယ်။

"ဟုတ်သား... အဲ့ကျမှတိုက်ရိုက်မေးလိုက်ရင်ဖြစ်တာပဲ၊
လက်ညိုးအညွှန်မခံရတဲ့ကောင်က အရှုံးကို လက်ခံပြီးရှောင်ပေးကြေး"

"စိန်လိုက်လေ၊ အရှက်မကွဲချင်ရင် အခုကတည်းက ကြိုရှောင်ပေးလည်းရပြီ ၆မိနစ်ငယ်တဲ့ညီလေး‌ရေ..."

"အဲ့ဒါငါပြောရမယ့်စကားမဟုတ်လား ၆မိနစ်ကလွဲ ငါ့ထက်ဘာမှပိုမကြီးတဲ့ မုန်လာဥရဲ့..."

အဲ့သလိုနဲ့ ချိန်ပါညီနောင်နှစ်ကောင်သား နောက်ဆုံးမှာ အချစ်ဇာတ်လမ်းရိုက်နိုင်တော့မလားဆိုတာ အဆုံးအဖြတ်ပေးမယ့်ရက် ရောက်လာတယ်။ ကျွန်တော်ကတော့ အများကြီးမျှော်လင့်မထားပါဘူး။
မုန်လာဥနီဟာသကို အပြန်ပြန်ပြက်ရင်းလုံးသတ်နေတဲ့ ဒီအမြွှာကို တကူးတကလာကြိုက်တဲ့မိန်းကလေး တကယ်ရှိရင်တော့ မြင်ဖူးတယ်ရှိအောင် သွားကြည့်ထားရမယ်အောက်မေ့တယ်။ ရိုးရိုး လူအကြည့်မှားတဲ့ သာမန်လူလား။ လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာပန်းချီကားထဲကလိုအပြုံးရှိတဲ့ မေတ္တာရှင်မလား ဆိုတာ...။

"လင်းခန့်ရေ..."

ဖုန်းကိုင်လိုက်တုန်း အရင်လွင့်ထွက်လာတာက စစ်မင်းထက်အသံ။

"သွားတွေ့ခဲ့ပြီလား စာပိုင်ရှင်နဲ့က..."

"အင်း..."

အသံကတော့ လေးလေးပင်ပင်နဲ့ပဲ။ ကြည့်ရတာ မိုနာလီဇာမဟုတ်ဘူး ထင်တယ်။

"သူကဘာရေးတာတဲ့လဲ... 'သက်' လား 'ထက်' လား..."

" 'ထက်' တဲ့..."

"ဪ... စစ်မင်းသက်အတွက် စိတ်မကောင်းစရာပဲ"

"ဒါပေမယ့် ငါလည်းစကားစပြောရော မဟုတ်ဘူးတဲ့...
အသံခပ်ရှရှနဲ့အစ်ကိုတဲ့"

"ဪ... အမြွှာတွေကြုံရလေ့ရှိတဲ့ လူနဲ့နာမည်မှားတာမျိုး... ဘာပဲပြောပြော တစ်ယောက်တော့ ကျိန်စာလွတ်သွားပြီပဲ၊ အဲ့လိုတွေးပြီး မင်းညီကို ဂုဏ်ပြုပေးလိုက်..."

"စစ်မင်းသက် အခုငိုနေတယ်"

"ဘာလို့လဲ... ကောင်မလေးက ထင်သလောက်မလှလို့လား"

"လှတယ်ကွ၊ ပိုးစိုးပက်စက်လှတယ်... အသက်နည်းနည်းပဲကွာတဲ့ freshers ချင်းကို သူ့ကိုယ်သူ ညီမညီမနဲ့ သုံးတာလေးကလည်း ချစ်စရာလေး..."

"အဲ့လိုကောင်မလေးဆီက ဖွင့်ပြောခံရတာကို သင်းကဘာလို့ငိုရတာလဲ"

"ကောင်မလေးကပြောတာ ဒီ keychain လေးက gamer တွေ ကြိုက်လောက်မယ့် style မလားတဲ့... ငသက်က 'အင်း' ဆိုတော့ တခြားပစ္စည်းတွေပါထုတ်ပြတယ်၊ headphones တို့... controller တို့ ရေဗူးလေးတွေ ဘာညာစုံနေတာပဲ"

အဲ့ဒါတွေရော လက်ဆောင်ပေးတယ်ဆို‌တော့ သေချာပေါက် မိုနာလီဇာပဲ။ မတန်တရာဆိုပေမယ့် စစ်မင်းသက်တစ်ယောက် ထီဆုကြီးပေါက်ပြီပေါ့။ ကျွန်တော်မှတ်ချက်ချနေတုန်း တစ်ဖက်က ဆက်ပြောတယ်။

"ဆံညှပ်တွေတောင်ပါသေးတယ်... အရောင်စုံ..."

"တွယ်ပေးလိုက်လေကွာ... ကြုံတောင့်ကြုံခဲ မိုနာလီဇာကိုရထားမှတော့"

"သူ့အတွက်မှ မဟုတ်တာဟ... စာကတော့ သူ့ကိုပေးတာဟုတ်တယ်၊ ရည်ရွယ်ချက်က တခြားဖြစ်နေတာ"

"ဘယ်လို..."

"ဖြစ်ပုံကိုပြောပြမယ် နားထောင်... ကောင်မလေးက သူ့ရည်းစား gamer ကို လက်ဆောင်ပေးချင်တာ... ဘာပေးရမလဲမသိတာနဲ့ အကြံအိုက်နေတုန်း RPG တစ်ခုမှာ ငါ့ကိုလိုက်မှီအောင် အတန်းလစ်ပြီး ကျောင်းလှေကားသွား skill ခိုးတင်နေကျ စစ်မင်းသက်ကို သတိထားမိလို့ အကူအညီတောင်းဖို့လုပ်တာတဲ့... အငယ်ကောင်က ငိုချင်စိတ်ကိုထိန်းပြီး ဆံညှပ်ကတော့ မပြောတတ်ပေမယ့် အဲ့ပစ္စည်းတွေ အကုန်ကောင်းပါတယ် လို့ပြောလိုက်တော့ ဟိုကရယ်ပြီးပြန်ပြောတယ်... ‌သူ့မမက ရှေ့ဆံပင်ရှည်လို့ပါတဲ့လေ..."

ဪ... လက်စသတ်တော့ မိုနာလီဇာက lesbian ပဲ။

"ဒါဆို ဟို keychain အနီရောင် ကရော..."

"အဲ့ဒါတော့ ယူလိုက်ပါတဲ့... ဒီအတိုင်းခေါ်မေးရမှာ မကောင်းတတ်လို့ အားနာတဲ့အနေနဲ့ လက်ဆောင်ပေးတာတဲ့လေ..."

ဪ... ကံဆိုးချင်တော့ မိုနာလီဇာက နှလုံးသားမရှိဘူးပဲ။

_____________________________________
To be continued...

💖💖💖

Exam ပြီးလို့ ကျွန်တော်ပျံလာပါပြီ။ 🕊️
စောင့်နေတဲ့သူတွေရှိတယ်မလား...။

💬 HD က‌ မကြာခင်ပြီးတော့မှာဆိုတော့ အခုထိဖတ်ခဲ့သမျှထဲ အဆင်မပြေတာရှိမရှိ၊ လက်ရှိအမြင်ဘာညာ ပြောသွားလို့ရပါတယ်။
Ending ကို ဘယ်လိုဖြစ်စေချင်လဲ။

Novella✒️

Continue Reading

You'll Also Like

984K 30.5K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
6.3K 117 5
Robin, Bruce, Vance, Griffin, and Billy. What happens when kids get caught, but escape the grabber in the end?
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
207K 10K 63
အမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ