အပိုင်း (၂၀၃) ကြီးမြတ်လှတဲ့သခင်လေးက ဖူကျို့ကို အတွင်းခံဝယ်ပေးဖို့ခေါ်သွားတယ်.......
“ ဒါက ထောင်ချောက်ပါလို့ ငါပြောသားပဲ”
“အဲအစ်ကိုကြီးက ငါ့အဖေထက်တောင် ပိုဆိုးသေးတယ်၊ သူက အဲအစ်ကိုချောချောလေးကို သကြားလုံး ဝယ်ပေးတာမဟုတ်ဘူး၊ ကြောက်ဖို့ကောင်းလိုက်တာ”
“ အဲအစ်ကိုချောချောလေးကတော့ သူ့ကလေးလေး ဖြစ်ရတာ အရမ်းသနားစရာကောင်းတာပဲ”
“ အမှန်ပဲ သနားစရာအစ်ကိုချောချောလေး”
ကလေးအားလုံး ခေါင်းညိတ် လိုက်ကြသည်။
အရောင်းစာရေးမလေးမှာ အားလုံးကို ကြားလိုက်သည်ဖြစ်ရာ ရှက်စိတ်ဖြင့် နှလုံးရောဂါ ရလုနီးပါး ဖြစ်သွားတော့သည်။
ဖူကျို့သည် သကြားလုံးများကို ယူလိုက်ပြီး လက်တစ်ဖက်ကို အားယူကာ ဆိုင်အတွင်းသို့ ခုန်ဝင်လိုက်လေသည်။ ထိုလက်ဟန်ခြေဟန်အမူအရာသည် အလွန်ချောမောနေတော့သည်။ သူမသည် ရှည်သွယ်သောခြေထောက်များဖြင့် ရပ်နေရင်း ကောင်မလေးများကို မျက်စိတဖက်မှိတ်ပြလိုက်ကာ ကိုယ်ကိုညွှတ်ပြီး ညင်သာစွာပြောလိုက်လေသည်။
“ ငါလေး နင်လေးတို့ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ် သိလား____ အဲဒီအစ်ကိုကြီးက မူးနေတာ၊ ငါလုပ်နေတာတွေက သူပျော်လာအောင်လို့လေ၊ ပြီးတော့ စကားမစပ် ငါလေးက သူ့ကလေးလေးလုပ်ဖို့ အရွယ်လွန်နေပါပြီဟယ်”
“သူ မူးနေတာ ဟုတ်လား”
ထိုကလေးငယ်များ၏ ခေါင်းများအားလုံး တဖန်စုဝေးသွားပြီး ကြီးမြတ်လှသောသခင်လေးချင်ကို လူသားမဟုတ်သလို ကြည့်နေကြတော့သည်။
ချင်မော့သည် သူ့မျက်ခုံးများကို ပင့်လိုက်လေသည်။ သူသည် ဖူကျို့စကားကို မကြားလိုက်သော်လဲ ထိုကောင်လေး တစ်ခုခု ဉာဏ်ဆင်နေသည်ကို သိလိုက်ပြီးဖြစ်ရာ “သူ့ကို” ဘယ်ဖက်လက်ဖြင့် ဆွဲသွားလိုက်သည်။
ထိုအရောင်းစာရေးမလေး၏ ပါးစပ်မှာ ထိုဖြစ်စဥ်တလျှောက်လုံး အဝိုင်းသား ဖြစ်နေတော့သည်။ သို့ရာတွင် သူမကို အံ့ဩရစေသည်မှာ ထိုငွေရောင်ဆံပင်နှင့် ကောင်လေး၏လှုပ်ရှားမှုများပင် ဖြစ်တော့သည်။
သူ သိပ်ကိုချောတာပဲ။
သူက ရဲတပ်ဖွဲ့ဝင်တယောက်လား ဒါမှမဟုတ်တခုခုပဲ။
“ မင်းဟာလေ တကယ်ကိုပဲ မင်းလက်ခုပ်ထဲကနေ ကလေးတွေကိုတောင် အလွတ် မပေးတော့ဘူးလား”
ချင်မော့သည် ထိုကလက်တက်တက် ကောင်လေးကို အေးတိအေးစက် ပြောလိုက်တော့သည်။
ဖူကျို့သည် မကျေမနပ်နှင့် ပြန်လိုက်လေသည်။
“ အစ်ကိုမော့က အဲကလေးလေးတွေ သိပ်ချစ်ဖို့ကောင်းတာ မမြင်လိုက်ဘူးလား”
ချင်မော့သည် ဘာမှပြန်မပြောချေ။ သူသည် သူ၏နတ်ဘုရားနှင့်တူသော မျက်နှာလှလှလေးကို အဝေးသို့ လှည့်ထားကာ ကောင်လေးနှင့်အတူ အပေါ်ထပ်ကို တက်သွားလိုက်သည်။
ပထမတွင် ဖူကျို့သည် ထိုနတ်ဘုရားက သူမကို ပထမအလွှာသို့ ခေါ်သွားသည်ထင်ခဲ့လေသည်။
ဒုတိယအလွှာ..... ကလေးတွေရဲ့အခြမ်းလေ
တတိယအလွှာသည် ပိုစည်ကားနေပြီး အကောင်းစားတံဆိပ် အားလုံးရှိသည်။
ဒါက....ဒီတံဆိပ်တွေအားလုံးကိုကျော်သွားပြီး ဒီနတ်ဘုရားက ဘာလို့များ CK မှာစျေးလာဝယ်တာလဲ
အကုန်လုံးက အတွင်းခံတွေလေ ပြီးတော့ သူ့မျက်လုံးထဲမှာ ကြည့်ရတာ အရမ်းထူးဆန်းနေ သလိုလို....
“ နှစ်ထည် ရွေးလိုက်”
ချင်မော့သည် မျက်ခုံးများကိုပင့်လျက် ဖူကျို့ဘက်လှည့်ကာ အလွန်စိတ်ဆိုးနေဟန်ဖြင့် ကြည့်နေလေသည်။
ဖူကျို့ : “....” ငါလေးကမိန်းကလေးလေဟယ် ယောကျ်ားလေးအတွင်းခံကို ဘာလုပ်ရမှာလဲလို့။
“ဒါတွေမလိုပါဘူး”
ဖူကျို့သည် လက်ထဲတွင် ကိုင်ထားသောသကြားလုံးထုပ်ကို ဟန်ပါပါ မြှောက်ပြလိုက်ပြီး ပြောလိုက်သည်။
“ ဒီချစ်စရာလေးတွေနဲ့တင် ငါလေးအတွက် လုံလောက်ပါပြီ”
သူသာ ငြင်းပယ်ချက်တွေကို လက်ခံလိုက်ရင် ကြီးမြတ်တဲ့သခင်လေးချင်က ကြီးမြတ်လှတဲ့သခင်လေးချင် ဘယ်ဟုတ်တော့မလဲ။
“သွားရွေး၊ မင်းကိုယ်မင်း မိန်းမဆန်တဲ့ပုံစံတွေနဲ့ပဲ ဝတ်မနေနဲ့ ကြည့်လိုက်ရင် အဖြူရောင်ဝတ်ထားတာချည်းပဲ”
ဖူကျို့ : “....” ဒီနတ်ဘုရားက အခု စာမေးပွဲရမှတ်တွေအစား သူမရဲ့ “အတွင်းပိုင်း” ကိုပါတိုက်ခိုက်နေတာလား။
“ အဖြူရောင်က ဘာဖြစ်နေလို့လဲ”
ဖူကျို့သည် အဖြူရောင်ကို အအေးရောင်ဟု ထင်ပြီး ထိုအသန့် အလွန်ကြိုက်တဲ့ နတ်ဘုရားက ဒါကို ပိုလက်ခံရမှာလေ။
ချင်မော့သည် ဘေးဘက်ကို ကြည့်လိုက်ပြီး ကောင်လေးကို တစ်ချက်ပြန်ကြည့်လိုက်သည်။
“ စိတ်ပညာအဆင့်တစ်ခုအရဆိုရင် အောက်ခြေမှာနေတဲ့သူတွေပဲ အဖြူရောင်ဝတ်ကြတာ”
ဖူကျို့ : “ ....”
အရောင်းစာရေးမလေးသည် ထိုအခြေအနေကြားတွင် စကားပြောရန် တွေဝေသွားလေသည်။
ချင်မော့သည် သူ၏ရှည်သွယ်သောလက်ချောင်းများကို ထောင်ပြီးဖြစ်နေသည်။ သူသည် ညာဘက်အစွန်ဆုံးတွင် ချိတ်ထားသော အနက်ရောင်အတွင်းခံကို လက်ညှိုးထိုးလိုက်ပြလိုက်သည်။
“ အဲလိုပုံစံထဲက တစ်ထည်လိုချင်တယ်.....”
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူသည် ဖူကျို့ဘက်လှည့်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းပါးလေးများ ကွေးတက်သွားအောင်ပြုံးကာ လှောင်ရယ်ကာ ပြောလိုက်ပြန်သည်။
“ သူ့ကို အသေးဆုံးဆိုဒ်ပေးလိုက်”
“ ဟုတ်ကဲ့ပါ ဆရာ”
အရောင်းစာရေးလေးသည် နောက်ဆုံးတွင် ပုံမှန်စကား ပြန်ပြောလာနိုင်ပြီး ဝယ်ယူသည့်ပစ္စည်းကို ထုတ်ပိုးရန် မြန်မြန် လှည့်ထွက်သွားလေသည်။
ဖူကျို့သည် ထိုနတ်ဘုရား သူမကိုကြည့်နေသည့်ပုံစံမှာ လူသားတယောက်ကို စင်စစ် စော်ကားနေသယောင် ခံစားလိုက်မိသည်။
“ ငါလေးက အလတ်ဆိုဒ်ပါ”
အရောင်းစာရေးမလေးသည် ပြန်လှည့်ကြည့်လိုက်ရာ ကောင်လေးက သူမကိုညင်သာစွာ ပြုံးပြနေသည်ကို မြင်သွားလေသည်။
“ ကျေးဇူးပြုပြီး ငါလေးအတွက် အလတ်ဆိုဒ်တစ်ထည် ထည့်ပေးပါနော်”
“ ဒါပေမဲ့.....”
အရောင်းစာရေးမလေးမှာ မည်သူ၏စကားကို နားထောင်ရမည်မသိဘဲ ဖြစ်နေတာ့သည်။
ချင်မော့၏မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ ရှိနေပြီး ဘာမှထပ်မပြောပေ။
အရောင်းစာရေးလေးသည် အခြေအနေကိုမြင်သွားပြီး သူမခေါင်းကို ကောင်လေးဘက်သို့ အလိုအလျောက် စောင်းကြည့်လိုက်လေသည်။
“ ဟုတ်ကဲ့ ခဏလေးစောင့်နော်”
ဖူကျို့သည် ခေါင်းညိတ်ကာ ပြုံးပြလိုက်ပြီး သူမ၏လက်မောင်းကို ထိုလူကြီး၏ပုခုံးပေါ်သို့ သက်သောင့်သက်သာ တင်လိုက်လေသည်။ သူမ၏မျက်နှာကို သူ့မျက်နှာနှင့် တစ်လက်မ အလိုအထိ တိုးလိုက်ပြီး အသံနိမ့်ကာ ဖြည်းညင်းစွာပြောလိုက်သည်။
“ အစ်ကိုမော့ ငါလေးကလေ တကယ်တော့ နင်ထင်ထားသလောက်လဲ မသေးပါဘူး.....”
...
ဒီနေ့promotionနောက်ဆုံးရက်ပါရှင့်
Zawgyi
အပိုင္း (၂၀၃) ႀကီးျမတ္လွတဲ့သခင္ေလးက ဖူက်ိဳ႕ကို အတြင္းခံဝယ္ေပးဖို႔ေခၚသြားတယ္.......
“ ဒါက ေထာင္ေခ်ာက္ပါလို႔ ငါေျပာသားပဲ”
“အဲအစ္ကိုႀကီးက ငါ့အေဖထက္ေတာင္ ပိုဆိုးေသးတယ္၊ သူက အဲအစ္ကိုေခ်ာေခ်ာေလးကို သၾကားလုံး ဝယ္ေပးတာမဟုတ္ဘူး၊ ေၾကာက္ဖို႔ေကာင္းလိုက္တာ”
“ အဲအစ္ကိုေခ်ာေခ်ာေလးကေတာ့ သူ႕ကေလးေလး ျဖစ္ရတာ အရမ္းသနားစရာေကာင္းတာပဲ”
“ အမွန္ပဲ သနားစရာအစ္ကိုေခ်ာေခ်ာေလး”
ကေလးအားလုံး ေခါင္းညိတ္ လိုက္ၾကသည္။
အေရာင္းစာေရးမေလးမွာ အားလုံးကို ၾကားလိုက္သည္ျဖစ္ရာ ရွက္စိတ္ျဖင့္ ႏွလုံးေရာဂါ ရလုနီးပါး ျဖစ္သြားေတာ့သည္။
ဖူက်ိဳ႕သည္ သၾကားလုံးမ်ားကို ယူလိုက္ၿပီး လက္တစ္ဖက္ကို အားယူကာ ဆိုင္အတြင္းသို႔ ခုန္ဝင္လိုက္ေလသည္။ ထိုလက္ဟန္ေျခဟန္အမူအရာသည္ အလြန္ေခ်ာေမာေနေတာ့သည္။ သူမသည္ ရွည္သြယ္ေသာေျခေထာက္မ်ားျဖင့္ ရပ္ေနရင္း ေကာင္မေလးမ်ားကို မ်က္စိတဖက္မွိတ္ျပလိုက္ကာ ကိုယ္ကိုၫႊတ္ၿပီး ညင္သာစြာေျပာလိုက္ေလသည္။
“ ငါေလး နင္ေလးတို႔ကို လွ်ို႔ဝွက္ခ်က္တစ္ခုေျပာျပမယ္ သိလား____ အဲဒီအစ္ကိုႀကီးက မူးေနတာ၊ ငါလုပ္ေနတာေတြက သူေပ်ာ္လာေအာင္လို႔ေလ၊ ၿပီးေတာ့ စကားမစပ္ ငါေလးက သူ႕ကေလးေလးလုပ္ဖို႔ အ႐ြယ္လြန္ေနပါၿပီဟယ္”
“သူ မူးေနတာ ဟုတ္လား”
ထိုကေလးငယ္မ်ား၏ ေခါင္းမ်ားအားလုံး တဖန္စုေဝးသြားၿပီး ႀကီးျမတ္လွေသာသခင္ေလးခ်င္ကို လူသားမဟုတ္သလို ၾကည့္ေနၾကေတာ့သည္။
ခ်င္ေမာ့သည္ သူ႕မ်က္ခုံးမ်ားကို ပင့္လိုက္ေလသည္။ သူသည္ ဖူက်ိဳ႕စကားကို မၾကားလိုက္ေသာ္လဲ ထိုေကာင္ေလး တစ္ခုခု ဉာဏ္ဆင္ေနသည္ကို သိလိုက္ၿပီးျဖစ္ရာ “သူ႕ကို” ဘယ္ဖက္လက္ျဖင့္ ဆြဲသြားလိုက္သည္။
ထိုအေရာင္းစာေရးမေလး၏ ပါးစပ္မွာ ထိုျဖစ္စဥ္တေလွ်ာက္လုံး အဝိုင္းသား ျဖစ္ေနေတာ့သည္။ သို႔ရာတြင္ သူမကို အံ့ဩရေစသည္မွာ ထိုေငြေရာင္ဆံပင္ႏွင့္ ေကာင္ေလး၏လႈပ္ရွားမႈမ်ားပင္ ျဖစ္ေတာ့သည္။
သူ သိပ္ကိုေခ်ာတာပဲ။
သူက ရဲတပ္ဖြဲ႕ဝင္တေယာက္လား ဒါမွမဟုတ္တခုခုပဲ။
“ မင္းဟာေလ တကယ္ကိုပဲ မင္းလက္ခုပ္ထဲကေန ကေလးေတြကိုေတာင္ အလြတ္ မေပးေတာ့ဘူးလား”
ခ်င္ေမာ့သည္ ထိုကလက္တက္တက္ ေကာင္ေလးကို ေအးတိေအးစက္ ေျပာလိုက္ေတာ့သည္။
ဖူက်ိဳ႕သည္ မေက်မနပ္ႏွင့္ ျပန္လိုက္ေလသည္။
“ အစ္ကိုေမာ့က အဲကေလးေလးေတြ သိပ္ခ်စ္ဖို႔ေကာင္းတာ မျမင္လိုက္ဘူးလား”
ခ်င္ေမာ့သည္ ဘာမွျပန္မေျပာေခ်။ သူသည္ သူ၏နတ္ဘုရားႏွင့္တူေသာ မ်က္ႏွာလွလွေလးကို အေဝးသို႔ လွည့္ထားကာ ေကာင္ေလးႏွင့္အတူ အေပၚထပ္ကို တက္သြားလိုက္သည္။
ပထမတြင္ ဖူက်ိဳ႕သည္ ထိုနတ္ဘုရားက သူမကို ပထမအလႊာသို႔ ေခၚသြားသည္ထင္ခဲ့ေလသည္။
ဒုတိယအလႊာ..... ကေလးေတြရဲ႕အျခမ္းေလ
တတိယအလႊာသည္ ပိုစည္ကားေနၿပီး အေကာင္းစားတံဆိပ္ အားလုံးရွိသည္။
ဒါက....ဒီတံဆိပ္ေတြအားလုံးကိုေက်ာ္သြားၿပီး ဒီနတ္ဘုရားက ဘာလို႔မ်ား CK မွာေစ်းလာဝယ္တာလဲ
အကုန္လုံးက အတြင္းခံေတြေလ ၿပီးေတာ့ သူ႕မ်က္လုံးထဲမွာ ၾကည့္ရတာ အရမ္းထူးဆန္းေန သလိုလို....
“ ႏွစ္ထည္ ေ႐ြးလိုက္”
ခ်င္ေမာ့သည္ မ်က္ခုံးမ်ားကိုပင့္လ်က္ ဖူက်ိဳ႕ဘက္လွည့္ကာ အလြန္စိတ္ဆိုးေနဟန္ျဖင့္ ၾကည့္ေနေလသည္။
ဖူက်ိဳ႕ : “....” ငါေလးကမိန္းကေလးေလဟယ္ ေယာက်္ားေလးအတြင္းခံကို ဘာလုပ္ရမွာလဲလို႔။
“ဒါေတြမလိုပါဘူး”
ဖူက်ိဳ႕သည္ လက္ထဲတြင္ ကိုင္ထားေသာသၾကားလုံးထုပ္ကို ဟန္ပါပါ ျမႇောက္ျပလိုက္ၿပီး ေျပာလိုက္သည္။
“ ဒီခ်စ္စရာေလးေတြနဲ႕တင္ ငါေလးအတြက္ လုံေလာက္ပါၿပီ”
သူသာ ျငင္းပယ္ခ်က္ေတြကို လက္ခံလိုက္ရင္ ႀကီးျမတ္တဲ့သခင္ေလးခ်င္က ႀကီးျမတ္လွတဲ့သခင္ေလးခ်င္ ဘယ္ဟုတ္ေတာ့မလဲ။
“သြားေ႐ြး၊ မင္းကိုယ္မင္း မိန္းမဆန္တဲ့ပုံစံေတြနဲ႕ပဲ ဝတ္မေနနဲ႕ ၾကည့္လိုက္ရင္ အျဖဴေရာင္ဝတ္ထားတာခ်ည္းပဲ”
ဖူက်ိဳ႕ : “....” ဒီနတ္ဘုရားက အခု စာေမးပြဲရမွတ္ေတြအစား သူမရဲ႕ “အတြင္းပိုင္း” ကိုပါတိုက္ခိုက္ေနတာလား။
“ အျဖဴေရာင္က ဘာျဖစ္ေနလို႔လဲ”
ဖူက်ိဳ႕သည္ အျဖဴေရာင္ကို အေအးေရာင္ဟု ထင္ၿပီး ထိုအသန့္ အလြန္ႀကိဳက္တဲ့ နတ္ဘုရားက ဒါကို ပိုလက္ခံရမွာေလ။
ခ်င္ေမာ့သည္ ေဘးဘက္ကို ၾကည့္လိုက္ၿပီး ေကာင္ေလးကို တစ္ခ်က္ျပန္ၾကည့္လိုက္သည္။
“ စိတ္ပညာအဆင့္တစ္ခုအရဆိုရင္ ေအာက္ေျခမွာေနတဲ့သူေတြပဲ အျဖဴေရာင္ဝတ္ၾကတာ”
ဖူက်ိဳ႕ : “ ....”
အေရာင္းစာေရးမေလးသည္ ထိုအေျခအေနၾကားတြင္ စကားေျပာရန္ ေတြေဝသြားေလသည္။
ခ်င္ေမာ့သည္ သူ၏ရွည္သြယ္ေသာလက္ေခ်ာင္းမ်ားကို ေထာင္ၿပီးျဖစ္ေနသည္။ သူသည္ ညာဘက္အစြန္ဆုံးတြင္ ခ်ိတ္ထားေသာ အနက္ေရာင္အတြင္းခံကို လက္ညွိုးထိုးလိုက္ျပလိုက္သည္။
“ အဲလိုပုံစံထဲက တစ္ထည္လိုခ်င္တယ္.....”
ထိုသို႔ေျပာလိုက္ၿပီးေနာက္တြင္ သူသည္ ဖူက်ိဳ႕ဘက္လွည့္ၾကည့္လိုက္ၿပီး သူ၏ႏႈတ္ခမ္းပါးေလးမ်ား ေကြးတက္သြားေအာင္ၿပဳံးကာ ေလွာင္ရယ္ကာ ေျပာလိုက္ျပန္သည္။
“ သူ႕ကို အေသးဆုံးဆိုဒ္ေပးလိုက္”
“ ဟုတ္ကဲ့ပါ ဆရာ”
အေရာင္းစာေရးေလးသည္ ေနာက္ဆုံးတြင္ ပုံမွန္စကား ျပန္ေျပာလာနိုင္ၿပီး ဝယ္ယူသည့္ပစၥည္းကို ထုတ္ပိုးရန္ ျမန္ျမန္ လွည့္ထြက္သြားေလသည္။
ဖူက်ိဳ႕သည္ ထိုနတ္ဘုရား သူမကိုၾကည့္ေနသည့္ပုံစံမွာ လူသားတေယာက္ကို စင္စစ္ ေစာ္ကားေနသေယာင္ ခံစားလိုက္မိသည္။
“ ငါေလးက အလတ္ဆိုဒ္ပါ”
အေရာင္းစာေရးမေလးသည္ ျပန္လွည့္ၾကည့္လိုက္ရာ ေကာင္ေလးက သူမကိုညင္သာစြာ ၿပဳံးျပေနသည္ကို ျမင္သြားေလသည္။
“ ေက်းဇူးျပဳၿပီး ငါေလးအတြက္ အလတ္ဆိုဒ္တစ္ထည္ ထည့္ေပးပါေနာ္”
“ ဒါေပမဲ့.....”
အေရာင္းစာေရးမေလးမွာ မည္သူ၏စကားကို နားေထာင္ရမည္မသိဘဲ ျဖစ္ေနတာ့သည္။
ခ်င္ေမာ့၏မ်က္ႏွာအမူအရာမွာ မေျပာင္းလဲဘဲ ရွိေနၿပီး ဘာမွထပ္မေျပာေပ။
အေရာင္းစာေရးေလးသည္ အေျခအေနကိုျမင္သြားၿပီး သူမေခါင္းကို ေကာင္ေလးဘက္သို႔ အလိုအေလ်ာက္ ေစာင္းၾကည့္လိုက္ေလသည္။
“ ဟုတ္ကဲ့ ခဏေလးေစာင့္ေနာ္”
ဖူက်ိဳ႕သည္ ေခါင္းညိတ္ကာ ၿပဳံးျပလိုက္ၿပီး သူမ၏လက္ေမာင္းကို ထိုလူႀကီး၏ပုခုံးေပၚသို႔ သက္ေသာင့္သက္သာ တင္လိုက္ေလသည္။ သူမ၏မ်က္ႏွာကို သူ႕မ်က္ႏွာႏွင့္ တစ္လက္မ အလိုအထိ တိုးလိုက္ၿပီး အသံနိမ့္ကာ ျဖည္းညင္းစြာေျပာလိုက္သည္။
“ အစ္ကိုေမာ့ ငါေလးကေလ တကယ္ေတာ့ နင္ထင္ထားသေလာက္လဲ မေသးပါဘူး.....”
...
ဒီေန႕promotionေနာက္ဆုံးရက္ပါရွင့္