အပိုင်း (၂၀၁) ချိုချဥ်ဝယ်ကျွေးတာက ထောင်ချောက်တစ်ခုများလား
ဖူကျို့သည် ဤနတ်ဘုရား ဝိုင်သောက်ထားမှန်း သိလိုက်သည်။ အကြောင်းမှာ ချင်မော့က သူမအနားကပ်လာသည့်ခဏတွင် သူ့ ရှူထုတ်လိုက်သောလေသည် သူမမျက်နှာကိုလာရိုက်ကာ တဆက်ထဲတွင် ဝိုင်နံ့သင်းသင်းကို ရလိုက်သောကြောင့်ဖြစ်သည်။ သူသည် ထူးထူးဆန်းဆန်း စာတစ်ကြောင်းကို ရွတ်လိုက်လေသည်။
“ အကောင်းဆုံးဖုန်းတစ်လုံးတောင်မှ မင်းလက်ထဲတစ်ခါရောက်သွားရင် အဆင်တန်ဆာတစ်ခုသာသာပဲရှိတော့တယ်”
ဖူကျို့သည် ပဟေဠိဆန်သောအမူအရာဖြင့် ကြည့်လိုက်မိသည်။
“ ဟင်”
မူလရည်ရွယ်ချက်မှာ ချင်မော့သည် ထိုကောင်လေးကို ထိန်းကွပ်ရန် နည်းလမ်းတစ်ခုပြင်ထားရာ ဖူကျို့မျက်နှာကို မြင်လိုက်ရပြီးနောက် သူ့ဆုံးဖြတ်ချက်မှာ ပို၍အားနည်းသွားလေသည်။
သူက အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့အစ်ကိုကြီးတစ်ယောက်လေ။
ဒီကောင်ကကျတော့ ဆန့်ကျန်အာခံတတ်တဲ့ မြီးကောင်ပေါက်အရွယ်မှာ အထူးဂရုစိုက်ပေးဖို့လိုနေတာ။
တစ်နေ့ထဲမှာ သူ့အမှားတွေကို အပြစ်ထပ်ပြောနေတာလဲ သေချာပေါက် မသင့်တော်လှဘူး
ထိုသို့တွေးပြီး ချင်မော့သည် သူ့အကြည့်ကို ရုပ်သိမ်းလိုက်ကာ ဒရိုင်ဘာကို အမိန့်ပေးလိုက်လေသည်။
“ နဂါးငွေ့တန်း SOHO ကို”
နဂါးငွေ့တန်း SOHOတဲ့လား
စျေးဝယ်စင်တာ ကိုလား
သူတို့အဲကိုဘာသွားလုပ်မှာလဲ
ဖူကျို့သည် လူကြီး၏အတွေးရထားကို နည်းနည်းကလေးမှ လိုက်မမှီနိုင်ဖြစ်နေလေသည်။
ဒီနတ်ဘုရားက သူမကို စျေးဝယ်ထွက်စေချင်လို့လား
ဒီနတ်ဘုရားရဲ့ ဝါသနာတွေထဲမှာ ဘယ်တုန်းက စျေဝယ်ထွက်တာပါ ပြောင်းသွားတာလဲ
ဖူကျို့သည် နဂါးငွေ့တန်းSOHO သို့ သံသယများ ရင်၌အပြည့်ပိုက်ကာ ရောက်သွားတော့သည်။
ချောမောခံ့ညားသော လူနှစ်ယောက်သည် စျေးဝယ်စင်တာအတွင်းတွင် အတူတူ ထွက်ပေါ်လာလေသည်။ ထိုနေရာသို့ ရောက်နေခြင်းသည် ပုံမှန်အတိုင်းပင် သူတို့၏မျှော်လင့်မထားသော ကျော်ကြားမှုနှင့်အတူ ပတ်ဝန်းကျင်မှလူအားလုံးကို ဆွဲဆောင်နေတော့သည်။
ထိုကောင်လေးနှစ်ယောက်ထဲမှ တစ်ယောက်သည် ပြုံးရသည်ကို နှစ်သက်လေသည်။ သူ့ပုံကိုရိုက်လိုက်သည့် မိန်းကလေးများကို ပြန်ကြည့်ပြီး မျက်လုံးမှိတ်ပြကာ နှုတ်ခမ်းပါးများဖြင့် ပြုံးပြတတ်သည်။
ချောလိုက်တာဟယ်
ဒါတင်မကသေး ဒီထက်ပိုအရေးကြီးတာက...... fujoshiတို့၏မျက်လုံးထဲတွင် ကောင်လေး၏လက်ကောက်ဝတ်ကို ဆွဲလာသော လှပသော ဘေးတိုက်ပုံရိပ်နှင့်လူ ရှိရာမြင်ကွင်း တစ်ခုထဲက သူတို့၏စိတ်ထဲတွင် မရေမတွက်နိုင်သောရုပ်ပုံများကို မြင်ယောင်ရန်လုံလောက်လေသည်။
ချင်မော့သည် အော်ဟစ်သံများကို နေသားကျနေပြီ ဖြစ်သောကြောင့် ထို fujoshi များ၏ အမှန်စင်စစ် အော်သံကို ဒီထက်ပို၍ မစဥ်းစားမိချေ။
ဖူကျို့သည် အမှန်ပင်ကြားလိုက်ပါသည်။ သို့သော်ငြား သူမသည် ချင်မော့ကို လက်ညှိုးမထိုးပြမှီ သူမကိုယ်သူညွှန်ပြပြီး ပါးစပ်ကို လှုပ်ပြလိုက်လေသည်။
“ ငါတို့လိုက်လား”
“အရမ်းလိုက်တာပဲ”
မိန်းကလေးများမှာ စိတ်လှုပ်ရှားနေကြသည်။
ဖူကျို့က ပြုံးကာ လူကြီး၏နက်မှောင်တဲ့ ဆံသားများကိုကြည့်ရင်း စိတ်ဝင်စားစရာပဲ လို့တွေးလိုက်တယ်။ တခြားလူတွေ သူ့ကို ဂေးတစ်ယောက်လို ဆက်ဆံတာသာ သူသိသွားရင် သူ့အမူအရာက သိပ်ရီစရာကောင်းနေမှာပဲ
ချင်မော့သည် သကြားလုံးများကို အဓိကရောင်းသောဆိုင်တစ်ဆိုင် ရှေ့တွင်ရပ်လိုက်သည်။ ဝတ်စုံပြည့်ဝတ်ထားရာ သူသည် ထိုနေရာနှင့် လုံးဝမအပ်စပ် ပုံပေါ်နေသည်။
ဧည့်သည်များကို နှုတ်ဆက်နေသော အရောင်းစာရေးမလေးသည် တစ်ခဏ ငြိမ်သက်သွားပြီးနောက် ပြုံးကာ နှုတ်ဆက်လိုက်သည်။
“ လူကြီးမင်း ဘာအလိုရှိပါသလဲရှင်”
စာရေးမလေး၏အသံကို ကြားလိုက်သော ဆိုင်ထဲမှ ကလေးအချို့သည် သူတို့၏ ဝိုင်းစက်နေသာမျက်လုံးများနှင့် ချင်မော့၏မျက်နှာတခြမ်းကို တည့်တည့်ကြည့် လိုက်ကြသည်။ သူတို့၏ကြီးမားသော မျက်လုံးများထဲတွင် ကလေးသဘာဝ သိလိုစိတ်များ ပြည့်နေလေသည်။
“ လူကြီးတစ်ယောက်ပဲ”
ဒီလူကြီးကလဲ သကြားလုံးဝယ်ဖို့လာတာလား”
သူ့ကလေးလေးအတွက် လာဝယ်ပေးတာနေမှာပေါ့”
“ ဟင်း ဖြစ်ရမယ်၊ ဟေ့ နောက်ထပ်ကလေးတစ်ယောက်တော့ လူကြီးတစ်ယောက်ရဲ့ သကာရည်လောင်းထားတဲ့ ကျည်ဆန်နဲ့ ပစ်ခံရတော့မှာပဲ၊ ငါ့လိုပေါ့၊ တစ်ခါက ငါစကားနားမထောင်လို့ဆိုပြီး ငါ့အဖေက ငါ့အမေကို ငါ သကြားလုံးစားတဲ့အကြောင်း တိုင်ပြောမယ် လို့ပြောတာလေ၊ အရင်ဆုံးသူက ငါ့အတွက်သကြားလုံးတွေ ဝယ်လာပေးပြီး ငါ့အမေကိုလဲ မပြောဖို့မှာထားတာ၊ ပြီးတော့ သူကပြောတာ ဒါက ယောက်ျားတွေကြားက လျှိုဝှက်ချက်တဲ့၊ နောက်ဆုံးတော့ ဘာဖြစ်သွားလဲ.... ငါ ထောင်ချောက်တစ်ခု ထဲကျသွားတာပေါ့”
“ငါရောပဲလေ၊ ကိုယ့်အစ်ကိုကြီးရဲ့ ထောင်ချောက် ဆင်ခံရလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ”
ကလေးများအကြားဆွေးနွေးပွဲသည် အမြဲလိုလိုချစ်စဖွယ်ပင်။ သည့်အပြင် ချင်မော့ကဲ့သို့ သကြားလုံးလာဝယ်သော ထူမခြားနားပုံနှင့် အစ်ကိုကြီးမျိုးကို ပထမဆုံး မြင်ဖူးကြခြင်းဖြစ်ရာ ထိုမြင်ကွင်းကို သိလိုစိတ်ဖြင့် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေကြတော့သည်။
“သွားရော”
ကလေးများသည် သူတို့၏ခေါင်းများကိုပြန်လှည့်လိုက်ပြီး ပြောလိုက်ပြန်သည်။
“ လက်ကို ဆွဲခေါ်ခံလာရတဲ့ အဲဒီချောချောအစ်ကိုကြီး ငါတို့ပြောတာကြားသွားပြီတော့”
ဖူကျို့ : “ ....” နင်တို့လေးတွေအဲလောက်အကျယ်ကြီးပြောနေတာလေ မကြားဘဲ နေဖို့ကမှ မလွယ်တာကိုလို့။
စာရေးမလေးသည် ကြားသွားပြီး အလွန်ရှက်သွားကာ သူမသည် နောက်တစ်ကြိမ် ထပ်မေးလိုက်လေသည်။
“ ဆရာ...”
ချင်မော့၏အသံမှာ အလွန်ပေါ့ပါးကာ ခံစားချက်များကို လွတ်ထားသောလေသံဖြင့် ပြောလိုက်လေသည်။
“ ချောကလက်တုတ်ထိုးချိုချဥ် အားလုံးယူမယ်”
...
Zawgyi
အပိုင္း (၂၀၁) ခ်ိဳခ်ဥ္ဝယ္ေကြၽးတာက ေထာင္ေခ်ာက္တစ္ခုမ်ားလား
ဖူက်ိဳ႕သည္ ဤနတ္ဘုရား ဝိုင္ေသာက္ထားမွန္း သိလိုက္သည္။ အေၾကာင္းမွာ ခ်င္ေမာ့က သူမအနားကပ္လာသည့္ခဏတြင္ သူ႕ ရႉထုတ္လိုက္ေသာေလသည္ သူမမ်က္ႏွာကိုလာရိုက္ကာ တဆက္ထဲတြင္ ဝိုင္နံ႕သင္းသင္းကို ရလိုက္ေသာေၾကာင့္ျဖစ္သည္။ သူသည္ ထူးထူးဆန္းဆန္း စာတစ္ေၾကာင္းကို ႐ြတ္လိုက္ေလသည္။
“ အေကာင္းဆုံးဖုန္းတစ္လုံးေတာင္မွ မင္းလက္ထဲတစ္ခါေရာက္သြားရင္ အဆင္တန္ဆာတစ္ခုသာသာပဲရွိေတာ့တယ္”
ဖူက်ိဳ႕သည္ ပေဟဠိဆန္ေသာအမူအရာျဖင့္ ၾကည့္လိုက္မိသည္။
“ ဟင္”
မူလရည္႐ြယ္ခ်က္မွာ ခ်င္ေမာ့သည္ ထိုေကာင္ေလးကို ထိန္းကြပ္ရန္ နည္းလမ္းတစ္ခုျပင္ထားရာ ဖူက်ိဳ႕မ်က္ႏွာကို ျမင္လိုက္ရၿပီးေနာက္ သူ႕ဆုံးျဖတ္ခ်က္မွာ ပို၍အားနည္းသြားေလသည္။
သူက အသိဉာဏ္ပညာနဲ႕ျပည့္စုံတဲ့အစ္ကိုႀကီးတစ္ေယာက္ေလ။
ဒီေကာင္ကက်ေတာ့ ဆန့္က်န္အာခံတတ္တဲ့ ၿမီးေကာင္ေပါက္အ႐ြယ္မွာ အထူးဂ႐ုစိုက္ေပးဖို႔လိုေနတာ။
တစ္ေန႕ထဲမွာ သူ႕အမွားေတြကို အျပစ္ထပ္ေျပာေနတာလဲ ေသခ်ာေပါက္ မသင့္ေတာ္လွဘူး
ထိုသို႔ေတြးၿပီး ခ်င္ေမာ့သည္ သူ႕အၾကည့္ကို ႐ုပ္သိမ္းလိုက္ကာ ဒရိုင္ဘာကို အမိန့္ေပးလိုက္ေလသည္။
“ နဂါးေငြ႕တန္း SOHO ကို”
နဂါးေငြ႕တန္း SOHOတဲ့လား
ေစ်းဝယ္စင္တာ ကိုလား
သူတို႔အဲကိုဘာသြားလုပ္မွာလဲ
ဖူက်ိဳ႕သည္ လူႀကီး၏အေတြးရထားကို နည္းနည္းကေလးမွ လိုက္မမွီနိုင္ျဖစ္ေနေလသည္။
ဒီနတ္ဘုရားက သူမကို ေစ်းဝယ္ထြက္ေစခ်င္လို႔လား
ဒီနတ္ဘုရားရဲ႕ ဝါသနာေတြထဲမွာ ဘယ္တုန္းက ေစ်ဝယ္ထြက္တာပါ ေျပာင္းသြားတာလဲ
ဖူက်ိဳ႕သည္ နဂါးေငြ႕တန္းSOHO သို႔ သံသယမ်ား ရင္၌အျပည့္ပိုက္ကာ ေရာက္သြားေတာ့သည္။
ေခ်ာေမာခံ့ညားေသာ လူႏွစ္ေယာက္သည္ ေစ်းဝယ္စင္တာအတြင္းတြင္ အတူတူ ထြက္ေပၚလာေလသည္။ ထိုေနရာသို႔ ေရာက္ေနျခင္းသည္ ပုံမွန္အတိုင္းပင္ သူတို႔၏ေမွ်ာ္လင့္မထားေသာ ေက်ာ္ၾကားမႈႏွင့္အတူ ပတ္ဝန္းက်င္မွလူအားလုံးကို ဆြဲေဆာင္ေနေတာ့သည္။
ထိုေကာင္ေလးႏွစ္ေယာက္ထဲမွ တစ္ေယာက္သည္ ၿပဳံးရသည္ကို ႏွစ္သက္ေလသည္။ သူ႕ပုံကိုရိုက္လိုက္သည့္ မိန္းကေလးမ်ားကို ျပန္ၾကည့္ၿပီး မ်က္လုံးမွိတ္ျပကာ ႏႈတ္ခမ္းပါးမ်ားျဖင့္ ၿပဳံးျပတတ္သည္။
ေခ်ာလိုက္တာဟယ္
ဒါတင္မကေသး ဒီထက္ပိုအေရးႀကီးတာက...... fujoshiတို႔၏မ်က္လုံးထဲတြင္ ေကာင္ေလး၏လက္ေကာက္ဝတ္ကို ဆြဲလာေသာ လွပေသာ ေဘးတိုက္ပုံရိပ္ႏွင့္လူ ရွိရာျမင္ကြင္း တစ္ခုထဲက သူတို႔၏စိတ္ထဲတြင္ မေရမတြက္နိုင္ေသာ႐ုပ္ပုံမ်ားကို ျမင္ေယာင္ရန္လုံေလာက္ေလသည္။
ခ်င္ေမာ့သည္ ေအာ္ဟစ္သံမ်ားကို ေနသားက်ေနၿပီ ျဖစ္ေသာေၾကာင့္ ထို fujoshi မ်ား၏ အမွန္စင္စစ္ ေအာ္သံကို ဒီထက္ပို၍ မစဥ္းစားမိေခ်။
ဖူက်ိဳ႕သည္ အမွန္ပင္ၾကားလိုက္ပါသည္။ သို႔ေသာ္ျငား သူမသည္ ခ်င္ေမာ့ကို လက္ညွိုးမထိုးျပမွီ သူမကိုယ္သူၫႊန္ျပၿပီး ပါးစပ္ကို လႈပ္ျပလိုက္ေလသည္။
“ ငါတို႔လိုက္လား”
“အရမ္းလိုက္တာပဲ”
မိန္းကေလးမ်ားမွာ စိတ္လႈပ္ရွားေနၾကသည္။
ဖူက်ိဳ႕က ၿပဳံးကာ လူႀကီး၏နက္ေမွာင္တဲ့ ဆံသားမ်ားကိုၾကည့္ရင္း စိတ္ဝင္စားစရာပဲ လို႔ေတြးလိုက္တယ္။ တျခားလူေတြ သူ႕ကို ေဂးတစ္ေယာက္လို ဆက္ဆံတာသာ သူသိသြားရင္ သူ႕အမူအရာက သိပ္ရီစရာေကာင္းေနမွာပဲ
ခ်င္ေမာ့သည္ သၾကားလုံးမ်ားကို အဓိကေရာင္းေသာဆိုင္တစ္ဆိုင္ ေရွ႕တြင္ရပ္လိုက္သည္။ ဝတ္စုံျပည့္ဝတ္ထားရာ သူသည္ ထိုေနရာႏွင့္ လုံးဝမအပ္စပ္ ပုံေပၚေနသည္။
ဧည့္သည္မ်ားကို ႏႈတ္ဆက္ေနေသာ အေရာင္းစာေရးမေလးသည္ တစ္ခဏ ၿငိမ္သက္သြားၿပီးေနာက္ ၿပဳံးကာ ႏႈတ္ဆက္လိုက္သည္။
“ လူႀကီးမင္း ဘာအလိုရွိပါသလဲရွင္”
စာေရးမေလး၏အသံကို ၾကားလိုက္ေသာ ဆိုင္ထဲမွ ကေလးအခ်ိဳ႕သည္ သူတို႔၏ ဝိုင္းစက္ေနသာမ်က္လုံးမ်ားႏွင့္ ခ်င္ေမာ့၏မ်က္ႏွာတျခမ္းကို တည့္တည့္ၾကည့္ လိုက္ၾကသည္။ သူတို႔၏ႀကီးမားေသာ မ်က္လုံးမ်ားထဲတြင္ ကေလးသဘာဝ သိလိုစိတ္မ်ား ျပည့္ေနေလသည္။
“ လူႀကီးတစ္ေယာက္ပဲ”
ဒီလူႀကီးကလဲ သၾကားလုံးဝယ္ဖို႔လာတာလား”
သူ႕ကေလးေလးအတြက္ လာဝယ္ေပးတာေနမွာေပါ့”
“ ဟင္း ျဖစ္ရမယ္၊ ေဟ့ ေနာက္ထပ္ကေလးတစ္ေယာက္ေတာ့ လူႀကီးတစ္ေယာက္ရဲ႕ သကာရည္ေလာင္းထားတဲ့ က်ည္ဆန္နဲ႕ ပစ္ခံရေတာ့မွာပဲ၊ ငါ့လိုေပါ့၊ တစ္ခါက ငါစကားနားမေထာင္လို႔ဆိုၿပီး ငါ့အေဖက ငါ့အေမကို ငါ သၾကားလုံးစားတဲ့အေၾကာင္း တိုင္ေျပာမယ္ လို႔ေျပာတာေလ၊ အရင္ဆုံးသူက ငါ့အတြက္သၾကားလုံးေတြ ဝယ္လာေပးၿပီး ငါ့အေမကိုလဲ မေျပာဖို႔မွာထားတာ၊ ၿပီးေတာ့ သူကေျပာတာ ဒါက ေယာက္်ားေတြၾကားက လွ်ိုဝွက္ခ်က္တဲ့၊ ေနာက္ဆုံးေတာ့ ဘာျဖစ္သြားလဲ.... ငါ ေထာင္ေခ်ာက္တစ္ခု ထဲက်သြားတာေပါ့”
“ငါေရာပဲေလ၊ ကိုယ့္အစ္ကိုႀကီးရဲ႕ ေထာင္ေခ်ာက္ ဆင္ခံရလိမ့္မယ္လို႔ ဘယ္သူကထင္ထားမွာလဲ”
ကေလးမ်ားအၾကားေဆြးေႏြးပြဲသည္ အၿမဲလိုလိုခ်စ္စဖြယ္ပင္။ သည့္အျပင္ ခ်င္ေမာ့ကဲ့သို႔ သၾကားလုံးလာဝယ္ေသာ ထူမျခားနားပုံႏွင့္ အစ္ကိုႀကီးမ်ိဳးကို ပထမဆုံး ျမင္ဖူးၾကျခင္းျဖစ္ရာ ထိုျမင္ကြင္းကို သိလိုစိတ္ျဖင့္ မၾကည့္ဘဲ မေနနိုင္ေအာင္ ျဖစ္ေနၾကေတာ့သည္။
“သြားေရာ”
ကေလးမ်ားသည္ သူတို႔၏ေခါင္းမ်ားကိုျပန္လွည့္လိုက္ၿပီး ေျပာလိုက္ျပန္သည္။
“ လက္ကို ဆြဲေခၚခံလာရတဲ့ အဲဒီေခ်ာေခ်ာအစ္ကိုႀကီး ငါတို႔ေျပာတာၾကားသြားၿပီေတာ့”
ဖူက်ိဳ႕ : “ ....” နင္တို႔ေလးေတြအဲေလာက္အက်ယ္ႀကီးေျပာေနတာေလ မၾကားဘဲ ေနဖို႔ကမွ မလြယ္တာကိုလို႔။
စာေရးမေလးသည္ ၾကားသြားၿပီး အလြန္ရွက္သြားကာ သူမသည္ ေနာက္တစ္ႀကိမ္ ထပ္ေမးလိုက္ေလသည္။
“ ဆရာ...”
ခ်င္ေမာ့၏အသံမွာ အလြန္ေပါ့ပါးကာ ခံစားခ်က္မ်ားကို လြတ္ထားေသာေလသံျဖင့္ ေျပာလိုက္ေလသည္။
“ ေခ်ာကလက္တုတ္ထိုးခ်ိဳခ်ဥ္ အားလုံးယူမယ္”
...