Heartless December❄️ ZG versi...

By Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ

28 5 1
By Novella_1001

❄️❄️❄️

အဲ့ဒီညက တစ်လက်စတည်း သူကိုယ်တိုင်ဖန်တီးထားပြီး သူ့အဘိဓာန်ထဲကပျောက်နေတဲ့ စကားလုံးတစ်ချို့ကိုပါ ကိုကိုသိအောင် ကျွန်တော်ပြောပြလိုက်တယ်။ "ကံကြမ္မာချည်တဲ့ကြိုးနီလေး" တို့
"သံယောဇဉ်သေးသေးလေး" တို့ စသဖြင့်...။

မှတ်ဉာဏ်ထဲကလပ်နေတဲ့ဇာတ်ဝင်ခန်းတစ်ချို့ကို ပြန်မှတ်မိသွားပြီးကတည်းက နောက်ရက်တွေမှာ
ကိုကိုတစ်ယောက် ကျွန်တော့်ကို စေ့စေ့မကြည့်တော့ဘူး။ ကျွန်တော်သူ့မျက်လုံးကိုကြည့်ဖို့လုပ်ရင် ချက်ချင်းမျက်နှာလွှဲပြီး တစ်နေရာရာကို လှစ်ခနဲရောက်သွားတယ်။

အခုလည်း သူအိမ်ကစားပွဲပုလေးအနားမှာ မျက်နှာချင်းဆိုင်ဝင်ထိုင်ရင်း သူစာဖတ်တာကိုကြည့်ဖို့လုပ်လိုက်တုန်း ထသွားဖို့ပြင်တာနဲ့ မတတ်နိုင်ဘဲ ချက်ချင်းလမ်းကိုဝင်ပိတ်လိုက်ရတာ။

"ကိုကိုအဲ့လို ကျွန်တော့်ကိုရှောင်နေလိုက်လို့ ဖြစ်ပြီးသားကိစ္စတွေက reset ပြန်ဖြစ်သွားမှာ မဟုတ်ဘူးနော်... လက်မခံချင်ရင်တောင် ကိုကို့ဘက်က ကျွန်တော့်ကိုအရင်အသားယူခဲ့တယ်ဆိုတာက ရေမရောတဲ့အမှန်တရားပဲ"

မျက်ဆံနက်ကလေးလည်သွားပုံအရ ကျွန်တော်ပြောတဲ့စကားအပေါ် သူငြင်းမရတာကို ဖုံးကွယ်ဖို့ကြိုးစားပေမယ့် ခက်ခဲနေတဲ့ပုံပဲ။

"ငါဘယ်မှာရှောင်နေလို့လဲ"

"ဒါဆို ကျွန်တော့်မျက်လုံးကို သေချာကြည့်လေ..."

"..."

ကျွန်တော်သူ့ပခုံးကိုရုတ်တရက်ကိုင်လိုက်တဲ့အတွက် ကိုကို့လက်ထဲကစာအုပ် ပြုတ်ကျသွားတယ်။

"ကိုကို စာအုပ်ပြန်မကောက်နဲ့အုံး၊ ကျွန်တော်မေးတာဖြေ..."

"ဘာကိုလဲ..."

"မနှစ်ဒီဇင်ဘာတုန်းက အဲ့ဒီည... ကိုကိုကျွန်တော့်ခံစားချက်တွေကို နှိုးဆွခဲ့တဲ့ကိစ္စအတွက် ဘယ်လိုတာဝန်ယူပေးမှာလဲ..."

"အဲ့ဒါက ငါရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ဘူးလေ၊ အသိစိတ်မရှိတော့..."

"မသိစိတ်ကနေ ကျွန်တော့်ကို အာကာဝေယံလို့မြင်ပြီး ထင်သလိုပြုမူခဲ့တာမလား"

"..."

"ကိုကိုပြောကြည့်... ကျွန်တော်အပြစ်တင်ရမှာက red spy ကိုလား... အာကာဝေယံ့ကိုလား... ဒါမှမဟုတ် ကိုကို့ကိုလား..."

ကျွန်တော့်မျက်လုံးတွေအကြည့်ရောက်သွားတဲ့နေရာကို သတိထားမိပုံပဲ။ ကိုကိုက သူ့လည်ပင်းကအမာရွတ်ကို ဆွယ်တာလည်‌ထောင်စနဲ့ ဆွဲအုပ်လိုက်တယ်။ ၂၁ ရက်နေ့တုန်းက ချုပ်ရိုးသွားဖြည်လာခဲ့တာမို့ ပတ်တီးစတွေမမြင်ရတော့ပေမယ့် အဲ့ဒီအစား သွေးကြောစိမ်းတွေယှက်သွယ်နေတဲ့လည်တိုင်ဖြူနုနုမှာ ၂လက်မခွဲသာသာ ဓားဒဏ်ရာအမာရွတ်က လှဲလျောင်းလို့...။

"မင်းအနေနဲ့ကတော့ ငါ့ကို အပြစ်တင်တာ ဖြစ်သင့်တယ်"

ကြားခံနယ်ထဲတိုးလာတာက ပုံမှန်‌ထက်တိုးညင်းတဲ့ မဝဲတဝဲလေသံလေး။

"ဘာကြောင့်လဲ..."

"မင်းသိပါတယ်"

"ကျွန်တော်မသိဘူး ကိုကို..."

"..."

ကိုကို့ကြည့်ရတာ စကားလုံးသုံးရတဲ့နေရာမှာ သိပ်အခက်တွေ့နေပုံပဲ။ သူ့ရဲ့မြန်မာစာဂုဏ်ထူးနဲ့ အင်္ဂလိပ်စာ skill တွေက ရိုးရိုးရှင်းရှင်း ရင်ထဲကခံစားချက်ကို ဖော်ပြတဲ့နေရာမှာတော့ အသုံးမကျဘူးထင်တယ်။

"ငါ... ငါမင်းအပေါ် မလုပ်သင့်တာတွေ လုပ်ခဲ့တယ်၊
ခုမှတွေ့ဖူးကာစ သူစိမ်းတစ်ယောက်အနေနဲ့တုန်းကရော...
ဆရာတစ်ယောက်အနေနဲ့တုန်းကရော..."

ကိုကိုက ကျွန်တော်လက်တွေကို အသာဖယ်ချလိုက်ပြီး သူ့မျက်မှန်ကိုင်းအကြည်လေးကိုပင့်တင်ရင်း နေရာချတယ်။

"အဲဒီပထမဆုံးအနမ်းဆိုတဲ့ကိစ္စက ငါသတိလက်လွတ် ဖြစ်သွားမိလို့ဆိုပေမယ့် ငါသာမင်းနေရာမှာဆိုလည်း ကျေနပ်နိုင်မှာမဟုတ်ဘူး၊ ပြီးတော့... မင်းကိုလက်ရှိချစ်သူအဖြစ် ဆွဲသုံးခဲ့တဲ့ကိစ္စကလည်း ငါဟာငါ ဘယ်လောက်ပဲ တောင်းပန်ပြီးပြီး ကိုယ်ဂိုက်ပြပေးနေခဲ့တဲ့တပည့်အပေါ် ဒီလိုလုပ်တာက ရှက်စရာပဲ... ဒါ့အပြင် အဲဒီနောက်ပိုင်း တခြားကိစ္စတွေမှာလည်း မင်းကိုယ်တိုင် ကျေနပ်လို့ဝင်ပါခဲ့တာပါ... သဘောကျလို့ လုပ်ပေးခဲ့တာပါပြောပေမယ့် တကယ်တမ်းမင်းက အသက် ၁၇ နှစ်အရွယ် ကလေးတစ်ယောက်ပဲ၊ မင်းရဲ့ဖြူစင်တဲ့ခံစားချက်ကို တစ်လျှောက်လုံး အသုံးချနေခဲ့တာက အရမ်းရှက်စရာကောင်းတယ်"

"ကိုကို အဲ့လောက်ရှက်နေရင် ကျွန်တော့်ကိုလက်ခံလိုက်ပါလား..."

"..."

ကျွန်တော်ပိတ်မေးလိုက်တဲ့စကားမှာ ကိုကို့ရဲ့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ချက်စာစီစာကုံးက တုံးတိရပ်ချသွားပါရဲ့။

"ကျွန်တော်ကတော့ မရှက်ဘူး၊
ကိုကိုလို့ခေါ်ရတာရော... ဆရာလုပ်ခိုင်းပြီးမှ ဖွင့်ပြောရတာရော... လက်ရှိချစ်သူ mode မှာ ဝင်နေပြီး ပိုင်စိုးပိုင်နင်းလုပ်ပြရတာရော... ကိုကို့ကို လိုက် stalk ရတာရော... ခွေးပေါက်စ character နဲ့ ကပ်ချွဲပြရတာရော... အားလုံးက ကိုကို့အချစ်ကိုရဖို့ ယုံကြည်ချက်ရှိရှိနဲ့လုပ်နေတာမို့ ရှက်ဖို့ရာတောင် အာရုံမရတော့ဘူးပြောရမယ်၊ ဘာလို့လဲဆို ကျွန်တော်တို့က..."

ကျွန်တော် စကားကိုတန့်ထားလိုက်တယ်။ မျက်စိရှေ့ကလူသားရဲ့ မဟူရာရောင်လက်နေတဲ့ မျက်လုံးအစုံက ကျွန်တော့်ဆီ ဆုံချက်ချလာမှ...။

"ကျွန်တော်တို့က အတူရှိမှဖြစ်မှာကိုကို..."

ကျွန်တော်မြင်တာမမှားရင် သူ့မျက်လုံးတွေ ရေပြင်လိုလှုပ်ရှားသွားတယ်။ လူတစ်ယောက်ဟာ စိတ်ထဲကအတွေးတွေကို ဖုံးကွယ်လို့ရချင်ရမယ်။ ခံစားချက်အရ အလိုအလျောက်ဖြစ်သွားတဲ့ အပြုအမူတွေကိုတော့ ဖုံးကွယ်ထားလို့ ရရိုးထုံးစံမရှိဘူး။

"ကိုကိုက ကိုယ့်ခံစားချက်ကိုယ် နားလည်အောင်လုပ်တဲ့နေရာမှာ မကျွမ်းကျင်တော့ ဖြစ်နေတဲ့အခြေအနေကို ကျွန်တော်ပဲပြောပြပေးမယ်... ကိုကိုနဲ့ကျွန်တော် တစ်ယောက်ကိုတစ်ယောက်မသိကြခင်က ကိုယ့်ဘဝနဲ့ကိုယ် တစ်‌ယောက်တည်းရှေ့ဆက်လို့လည်း အဆင်ပြေချင်ပြေခဲ့ကြလိမ့်မယ်... ဒါပေမယ့် ကျွန်တော်တို့အချင်းချင်း ဝင်တိုက်မိပြီးကတည်းက၊ ကိုကိုကျွန်တော့်ကို ဒီမာဖလာပေးလိုက်ပြီးကတည်းက ကိုကိုနဲ့ ကျွန်တော်က တစ်လမ်းစီခွဲသွားလို့မရတဲ့သူတွေ ဖြစ်လာတာ..."

ရှောင်ဖို့လုပ်နေတဲ့ ကိုကို့အကြည့်တွေဝဲကျသွားတာက ကျွန်တော့်လည်ပင်းက မာဖလာအနီလေးဆီ...။

"ကိုကို ကျွန်တော်မရှိဘဲ အဆင်မပြေဘူးဆိုတာကို ကျွန်တော်သိတယ်၊ ကျွန်တော်လည်း ကိုကို့နားမနေရရင် အဆင်မပြေဘူး... ကျွန်တော်တို့က သူစိမ်းလည်းမဟုတ်ဘူး၊ ဆရာတပည့်အဆင့်မှာတင်လည်း ရပ်မနေဘူး၊
တစ်ယောက်မရှိရင် တစ်ယောက်မနေနိုင်တဲ့ သခင်နဲ့ခွေးပေါက်စလိုမျိုး ပက်သက်မှုမို့လို့..."

"..."

တေမိကိုကိုဟာ သူ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့ထားဆဲ...။ သူရှက်တာမရှက်တာအပထား ကျွန်တော်ကတော့ ပြောစရာရှိတာဆက်ပြောရမှာပဲ။

"အခုဆို... ကိုကို့ရဲ့ သံယောဇဉ်သေးသေးလေးက ဘယ်လောက်အရွယ်အစားဖြစ်နေပြီလဲဆိုတာ ကိုကိုသိရဲ့လား..."

"မင်းဘာလို့ အနားကပ်လာတာလဲ"

ကျွန်တော်လှုပ်ရှားလိုက်မှ ‌အသံထွက်လာသူဟာ နောက်ကိုခြေတစ်လှမ်းဆုတ်သွားလေရဲ့။

"ခွေးကလေးတွေ သူတို့သခင်အပေါ် ခုန်တက်ချင်တာကသဘာဝပဲ ကိုကို..."

"ငါ မင်းသခင်မဟုတ်..."

"ဘုန်း..."

ပြောရင်းပဲ ကိုကိုက နောက်တစ်လှမ်းထပ်ဆုတ်လိုက်တော့ ဟန်ချက်ပျက်ပြီးယိုင်သွားတဲ့သူကိုလှမ်းဖမ်းရင်းကျွန်တော်ပါ ဆိုဖာပေါ်ကို ပြုတ်ကျသွားတယ်။

"လင်းခန့်... မင်း ငါ့အပေါ်က ဖယ်မပေးသေးဘူးလား"

"ဟင့်အင်း..."

"ဖယ်စမ်း... မဖယ်ရင် မင်းကိုငါ..."

"ကိုကို့ကို ကျွန်တော်ချစ်တယ်"

က်ုကိုဟာ ကျွန်တော့်ကို ဒီအတိုင်းကြည့်နေတယ်။
အဲ့ဒီနောက် သုံးစက္ကန့်အကြာမှာ ပွင့်ဟလာတဲ့ သူ့နှုတ်ခမ်းတွေ...။

"ငါသိပြီ..."

"ငါသိပြီဆိုတာက ဘာလဲ..."

"အဲ့ဒီကိစ္စကို သေချာပြန်စဉ်းစားပေးမယ်၊
အဲ့ဒါကြောင့် လောလောဆယ် ငါ့အပေါ်က ဖယ်ပေး..."

"ဖယ်မပေးရင် နဖူးတောက်မှာလား..."

"မေးစရာလိုသေးလို့လား..."

"မလိုပါဘူးခင်ဗျာ..."

ကျွန်တော် ဖယ်ပေးလိုက်ပါတယ်။
ဆက်ပြီးသူ့ကိုတွယ်ကပ်နေရင် တစ်စုံတစ်ယောက်မှာ ရှက်တဲ့စိတ်နဲ့ နတ်သက်ကြွေရတော့မယ့်နတ်သားလို ဖြစ်သွားမလား စိုးရိမ်မိလာတာမို့။

"ကိုကို နားရွက်ဖျားလေးတွေနီနေသလိုပဲ"

"အေးလို့..."

"ဪ... အဟွန်း..."

"ဘာရယ်နေတာလဲ..."

"ကိုကိုနားလည်ပြီလား... ကိုကို အရင်ကိစ္စတွေအပေါ်မှာ ရှက်နေတာက မာနတွေသိက္ခာတွေနဲ့မဆိုင်ဘဲ ဒီအတိုင်း ကိုကို့ရဲ့ခံစားချက်အစစ်အမှန်ကို ကိုကိုကိုယ်တိုင်က လက်မခံနိုင်သေးလို့ဆိုတာ..."

သက်ပြင်းချသံတိုးညင်းညင်းနဲ့အတူ မှန်ပါစလေးအောက်က မျက်ဝန်းတစ်စုံက 'ငါ့ကို အနားပေးပါအုံး' ဆိုတဲ့အကြည့်နဲ့ ကြည့်လာတဲ့အတွက် ရယ်ပြီး ကိုယ့်စကားကိုယ်အနားသတ်လိုက်ရတယ်။

"လက်မခံနိုင်သေးတဲ့ ကိုကို့ပုံစံက ချစ်စရာကောင်းတာမို့ ကိစ္စတော့မရှိပါဘူး"

"အိမ်ပြန်တော့..."

"မပြန်ရင် ကိုကိုကျွန်တော့်ကို ကန်ထုတ်မှာလား..."

"၁... ၂..."

"ဟုတ်ပါပြီဗျာ... ပြန်ပါ့မယ်...
ဟွန့်... မွေးမထားတဲ့ခွေးပေါက်စမို့ဆိုပြီး စိတ်ရှိသလို bully တာက တစ်နှစ်ကြာတဲ့အထိ မပြောင်းလဲဘူးနော်၊ တကယ်ပါပဲ... ဘယ်မလဲ မိုင်လို..."

"ရော့... မြန်မြန်ပြန်..."

"ဒီနေ့လည်း လာရှုပ်ခွင့်ပေးလို့ ကျေးဇူးပါ၊
Goodnight ကိုကို..."

မိုင်လိုဘူးလက်ထဲထိုးထည့်ပြီး ကျွန်တော့်ကိုအပြင်ထုတ်လိုက်တဲ့နောက် အကြားအလပ်မရှိပိတ်သွားတဲ့ အဖြူရောင်တံခါး။

ခင်ဗျားလည်းခင်ဗျားဆိုပေမယ့် ကိုကိုရာ...
အခေါက်တိုင်းအတင်းတိုးတိုးဝင်လာတဲ့ ခွေးပေါက်စကျွန်တော့်ကို နှလုံးသားတံခါးထဲက ကန်ကန်ထုတ်နေရတာ တယ်ပင်ပန်းမှာပဲ။

"ပြန်စဉ်းစားပေးမယ်လုပ်နေသေးတယ်...
လက်ခံလိုက်ရင် ပိုလွယ်ပိုသက်သာမှာကို..."

ထားပါလေ...။
နောက်တစ်ခါကျရင်တော့ သုံးစက္ကန့်အတွင်းရတဲ့အဖြေက တစ်ချိန်လုံးမျှော်လင့်ထားတဲ့တစ်ခုခုအဖြစ် ပြောင်းလဲလာမလား မသိရတာမို့...။ To be continued ပေါ့။

* * *

"ညောင်..." "ညောင်..."

ဒီအသံကြားရင် ကျွန်တော်ဘယ်နေရာရောက်နေတာလဲဆိုတာ ခန့်မှန်းလို့ရနိုင်လောက်မယ်။ ဟုတ်တယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ရည်းစားဖြစ်သူ‌နေတဲ့နေရာ ကြောင်ဂေဟာပါပဲ။

"မင်းက ဘာလို့ ဒီလာထိုင်နေတာလဲ..."

"မရဘူးလား၊ လာထိုင်လို့..."

"ရတာကရတာပေါ့၊ ဒါပေမယ့် ငါက ဒီနေ့ မင်းခါတိုင်းထက်မအားဖြစ်နေမယ်လို့ ထင်ထားတာ... ဒီနေ့ Christmas Eve မဟုတ်လား... ပြီးတော့ မင်းကိုကိုက christian လေ..."

တကယ်ပဲ ဘာလိုလိုနဲ့ ခရစ္စမတ်နေ့ကိုကပ်လာပြီ။
မြို့ထဲမှာအပြင်အဆင်တွေနဲ့ ဈေးရောင်းပွဲတော်တွေ၊ နေရာတစ်ချို့မှာတော့ မီးရောင်စုံတန်ဆာဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်တွေ၊ အဖြူလိုင်းအနီလိုင်းတွေရစ်ပတ်နေတဲ့ ချိုချဉ်ချောင်းလေးတွေနဲ့ လက်ဆောင်ခြင်းတွေ၊ ပို့စကတ်တွေ...။ လူတွေအတော်များများ နေ့ကြီးရက်ကြီးအတွက် ပျော်ပျော်ရွှင်ရွှင် ပြင်ဆင်နေကြတယ်။

"အင်းနော်... ငါဒီမှာ ဘာလာလုပ်နေတာပါလိမ့်..."

"ကိုယ့်ကိုယ်ကိုယ်ထိုင်မေးခွန်းထုတ်မနေဘဲ အစ်ကိုအယ်လ်ခွန်းအနား သွားကပ်နေရမှာမဟုတ်ဘူးလား... တော်ကြာ သူ့ Ex က ပြတ်သွားတဲ့နှစ်ပတ်လည်အဖြစ် ပြန်လာဝိုက်နေရင် ဘယ်လိုလုပ်မလဲ..."

"အင်းနော်... ဘယ်လိုလုပ်မလဲ..."

"လင်းခန့်... မင်းဖျားနေတာလား"

"မဖျားပါဘူး"

"ဒါဆိုဘာလို့ ဒီလိုနေ့မှာ ဒီအိမ်လာပြီး ကယောင်ကတမ်းတွေ ထိုင်ပြောနေတာလဲ..."

လက်ထဲမှာ သူ့ရဲ့မြေအောင်းဥသားလေးတွေထဲက နံပါတ်စဉ်ဘယ်လောက်မှန်းမသိတဲ့တစ်ကောင်ကို ပိုက်ထားပြီး ဟိုကုတ်ဒီကုတ်နဲ့လုပ်နေတဲ့တစ်ယောက်က ကျွန်တော့်ပုံစံကို အားမရတဲ့လေသံနဲ့ ဘေးနားဝင်ထိုင်ပြီး ဝေဖန်‌တယ်။

"ဟိန်းသူရ..."

"အင်း..."

"မင်းအစ်ကိုပိုင်သုကို ချစ်လား"

"ဟာ... အစမရှိအဆုံးမရှိ..."

ဟိန်းသူရက ခပ်ကျယ်ကျယ်တုံ့ပြန်လိုက်ပြီးမှ ခပ်လှမ်းလှမ်းကဝရန်တာမှာထိုင်ပြီး PC တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ သူ့ရည်းစားကို လှမ်းကြည့်လိုက်ရင်း...။

"ဘာလို့ငါ့ကိုလာမေးနေတာလဲ"

"မင်း ကြောင်တွေကိုချစ်တယ်မလား..."

"ချစ်လို့ ရင်ထဲထည့်ထားတာမမြင်ဘူးလား... ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးကကြောင်တွေကို အိမ်ပေါ်ခေါ်တင်ထားချင်တာ..."

ဟုတ်ပါပြီ ailurophile ကောင်ရာ...။ မျက်လုံးထဲကထွက်နေတဲ့ စိတ်ပြင်းပြမှုအရောင်တွေကို နည်းနည်းထိန်းပါဦး။ သက်သေခံပုံက နည်းနည်း လန့်စရာကောင်းနေတယ်။

"ငါသိချင်တာက... မင်းအစ်ကိုပိုင်သုကို ရည်းစားတော်ထားတာက သူ့အိမ်ကို ကြောင်ဂေဟာလုပ်ခွင့်ပေးထားလို့လား ဒါမှမဟုတ် ဒီအတိုင်းသူ့ကိုချစ်လို့လား..."

"မင်းက ဘယ်တုန်းက ငါ့အချစ်ရေးကို ဒီလောက်စိတ်ဝင်စားလာတာလဲ"

"အခုလေးတင်ပဲ... ဖြေမှာလားမဖြေဘူးလား၊
မဖြေလည်း အစ်ကိုပိုင်သုကို မင်းကသူ့ကိုတကယ်မချစ်ဘဲ မင်းကြောင်တွေကိုအိမ်ပေါ်ခေါ်တင်ပေးထားလို့ အားနာလို့ ရည်းစားတော်ပေးထားတာလို့ သွားပြောလိုက်မယ်"

"ဓားပြလားဟ! သူများအိမ်လာပြီး ခြိမ်းခြိမ်းခြောက်ခြောက်နဲ့!"

"အဲ့ဒါကြောင့် ငါသိချင်တာဖြေလိုက်ရင် ရတာပဲဟာ..."

သူ့အသံကို နားတစ်ဖက်ပိတ်ရှောင်လိုက်ပြီး ပခုံးတွန့်ပြရင်းပြောလိုက်တော့ ဟိန်းသူရက ခေါင်းယမ်းတယ်။ နောက်ထပ်ကြောင်တစ်ကောင်ကို ရင်ထဲထည့်လိုက်ရင်းနဲ့...။

"ဟိုအမြွှာက ငါ့ကို လင်းခန့်က gaslighter အကြီးစားပါလို့ လာပြောတုန်းက မယုံခဲ့ဘူး၊ ပြောမယုံကြုံဖူးမှသိပဲ..."

"အခုသိပြီမလား ဖြေ..."

"..."

အစ်ကိုပိုင်သုတစ်ယောက်ကတော့ ကျွန်တော်တို့ပြောတာတွေကို နားစွင့်နိုင်ပုံမပေါ်ဘဲ mentoes မြုံ့လိုက်သီချင်းညည်းလိုက်နဲ့ လုပ်လက်စအလုပ်တစ်ခုတည်းမှာဘဲ အာရုံထည့်လို့ စူးစူးစိုက်စိုက် PC နှိုက်နေလေရဲ့။ အဲ့ဒီဘက်ကို ဟိန်းသူရက ဒုတိယတစ်ခေါက် ထပ်လှမ်းကြည့်လိုက်ရင်း...။

"သူကိုယ်တိုင်က အဲ့လောက်ကြောင်မချစ်တတ်ဘဲနဲ့ ငါ့ကြောင်တွေကို မငြိုမငြင်အိမ်ပေါ်ခေါ်တင်ပေးထားတာကို ကျေးဇူးတင်တာတော့ အမှန်ပဲ၊ ဒါပေမယ့် အဲ့တစ်ခုတည်းနဲ့ ရည်းစားတော်ထားရအောင်ထိတော့ မဟုတ်ဘူးပေါ့ကွ... အသိသာကြီးပဲဟာ... ချစ်လို့ပေါ့..."

တတိယတစ်ခေါက် ထပ်လှမ်းကြည့်ပြန်ပြီ။ အဲ့လောက် ကြားမှာစိုးနေရင်လည်း မင်းလေသံကို နည်းနည်းလျှော့ပြောရင် ဖြစ်တယ် မဟုတ်လား။ ဒီကြေးစည်ဒကာကတစ်မျိုး။

[AN *ကြေးစည်ဒကာ ဆိုတာ အသံအောင်အသံကောင်းတဲ့သူတွေက အရင်ဘဝကကြေးစည်လှူထားခဲ့လို့ အခုဘဝမှာ ပီပြင်ပြတ်သားတဲ့အသံရတာလို့ လူကြီးသူမတွေ ပြောလေ့ရှိတဲ့စကားပါ။]

"ငါအလယ်တန်းနှစ်တုန်းက ကောင်မလေးတစ်ယောက်ကို ကြိုက်ဖူးတယ်... အချစ်ဦးလို့ပြောရမလား မင်းလိုတစ်ဖက်စောင်းခဲ့ရတာမျိုးတော့ မဟုတ်ဘူး၊ ငါသူ့ကိုဖွင့်‌ပြောပြီး မကြာခင်ပဲ တွဲခဲ့ကြတာ... ဒါပေမယ့် အဖြတ်ခံလိုက်ရတယ်၊ တွဲကြည့်ပြီးမှ ငါက သူ့ type မဟုတ်လို့တဲ့... အဲ့ကတည်းက ငါလည်း ကြောင်တွေကိုချစ်နေရာကနေ လူကိုသွားချစ်မိလို့ နောင်မှတ်အောင် အပြစ်ပေးခံရတာလို့ တွေးထားလိုက်တာ..."

မမေးရဘဲနဲ့ ပြောလာတဲ့အကြောင်းတွေက အစကတော့ ဒီအတိုင်း နားထဲဝင်လာရုံပဲ။ ကြားရတဲ့ အချက်အလက်အသစ်တွေကို ဆန်းစစ်မိတော့မှ တစ်ချိန်လုံးထင်ထားတာနဲ့ လွဲနေပါရော။

"ခဏလေး... မင်းက အလယ်တန်းတုန်းက မိန်းကလေးတစ်ယောက်နဲ့ တွဲဖူးတယ်ဆိုတော့ မင်းအချစ်ဦးက အစ်ကိုပိုင်သုမဟုတ်ဘူးပေါ့"

"မဟုတ်ဘူးလေ... ဘာလဲ လူတိုင်းကို မင်းလို တစ်ခါမှရည်းစားမထားဖူးဘဲ မတော်တဆဝင်တိုက်မိတဲ့ အထူးလူသားနဲ့ကျမှ အရူးအမူးဖြစ်ကြတယ်လို့ ‌ထင်နေတာလား..."

"မဟုတ်ပါဘူး၊ ဒါပေမယ့် မင်းက bi မှန်းတော့ လုံးလုံးထင်မထားတာ"

"မင်းမသိတာ မထူးဆန်းပါဘူး၊ ငါမှအထူးတလည်ပြောမပြတာ...
ငါ့ identity ကို ဘယ်သူသိသိမသိသိ ကိစ္စမရှိတာမို့... ပြီးတော့ ပိုင်သုလည်း ငါ့လိုပဲမို့..."

"ဟမ်..."

ကျွန်တော် အာမေဋိတ်ပြုနေတုန်း ဟိန်းသူရက စကားစပြီးသားကိစ္စမို့ ဆက်ပြောပြတယ်။

"သူလည်း ငါ့လိုပဲ အချစ်ဦးနဲ့တွဲခွင့်ရပြီး သိပ်မကြာဘဲ အပစ်ခံလိုက်ရတာ‌လေ... အထက်တန်းတုန်းက အတန်းဖော်မိန်းကလေးပေမယ့် အဲ့တုန်းကသူက သူ့အချစ်ဦးထက် အရပ်ပုခဲ့လို့တဲ့... အဲ့ဒါကိုစိတ်နာပြီး နောက်ပိုင်းအရပ်ရှည်အောင် လေ့ကျင့်ခန်းဇွတ်လုပ်လိုက်လို့ သူ့ဆီပြန်လာသေးတယ် သူကပြန်ငြင်းလိုက်တာလို့တော့ ပြောတာပဲ... ပီနိုကီယိုလို နှာတံရှည်ထွက်လာမလာတော့ ငါလည်းမမြင်ရဘူး"

"နေအုံး... အဲ့တော့ မင်းတို့က နှစ်ယောက်လုံး bisexual တွေပေါ့"

"bi တော့ ဘာဖြစ်လို့လဲ... ဘာတွေထူးဆန်း..."

"bi တာက ထူးဆန်းတာမဟုတ်ဘူး... မင်းတို့နှစ်ယောက် လာတူနေတာကို ထူးဆန်းနေတာ"

"အဲ့ဒါကတော့... အင်းပေါ့၊ ငါတို့ကတခြားတူတာမှ မရှိတာ..."

"မေးလက်စနဲ့ ဆက်မေးအုံးမယ်... မင်းတို့နှစ်ယောက်လုံးအတွက် အရင်ကအချစ်က နာကျင်ရပြီးအဆုံးသတ်သွားတာဆိုရင် အခု အဲ့နာကျင်မှုကို အစားထိုးဖို့ရာ ချစ်နေကြတဲ့သဘောမျိုးလို့ ခံစားဖူးလား..."

မေးခွန်းအဆုံးမှာ ဟိန်းသူရက ကြောင်တွေကိုပွတ်သပ်ပေးနေတာ ရပ်လိုက်ပြီး ဘာမှပြန်မဖြေဘဲ ကျွန်တော့်ကို စိုက်ကြည့်‌လာတယ်။

"ဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေတာတုန်း... နေအုံး... မင်းကြောင်တွေကပါ မင်းကြည့်သလို လိုက်ကြည့်နေကြပြီဟ"

"လင်းခန့်... မင်းငါ့ကိုအမှန်အတိုင်းပြော...
အစ်ကိုအယ်လ်ခွန်းနဲ့က အခြေအနေမကောင်းလို့လား... တစ်နှစ်ပြည့်တဲ့ထိ ဟိုကမင်းကို ကြိုးရှည်ရှည်နဲ့ လှန်ထားတုန်းမို့ စိတ်ဓာတ်ကျပြီး ငါ့ကို လျှောက်မေးနေတာလား"

"မဟုတ်ပါဘူးကွာ... အခြေအနေကကောင်းတယ်၊
ကောင်းပေမယ့် ဒီအတိုင်း..."

"မင်းက ဘာစိတ်ကူးနဲ့ငါ့ကိုဘာလို့ လာမေးခွန်းထုတ်နေလဲ ငါမသိဘူး၊ ဒါပေမယ့် အချစ်ပုံစံတွေက အမျိုးမျိုးရှိတယ်ဆိုတာ မင်းလည်းသိတယ်မလား... မင်းမေးချင်တဲ့သူကမဖြေတတ်လို့ သူများကိုလိုက်မေးကြည့်ရုံနဲ့ သူ့ရင်ထဲကဟာနဲ့ တူညီလောက်မယ့်အဖြေမျိုး ရလာမှာမဟုတ်ဘူးလေ"

သူငယ်ချင်းတစ်ယောက်အနေနဲ့ ဟိန်းသူရက ကျွန်တော့်ကိစ္စတွေကို သိပ်စိတ်မဝင်စားပုံမပြသလို ဘာမှသိပ်မသိတာကိုပဲ တကယ်ဝမ်းသာရမလို။ ဟိုအမြွှာကို ထိန်းသိမ်းနိုင်မယ့်လူလို့ ယုံကြည်လို့ ကျွန်တော်ကိုယ်တိုင် squad ထဲ ဆွဲသွင်းခဲ့ရတဲ့သူတဖြစ်လည်း ကျွန်တော်တို့ငယ်သူငယ်ချင်းသုံးယောက်ထက် လပိုင်းလေး အသက်ကြီးတဲ့သူမို့လားတော့မသိ တော်ရုံတန်ရုံဝင်မပါပေမယ့် သူဝင်ပါပြီး ပြောလိုက်တဲ့စကားကျရင် ရှောင်မရတာများနေတယ်။ အတူတူမကြီးခဲ့ရပေမယ့် အတွင်းသိသူငယ်ချင်းဆန်တဲ့ လေသံမျိုး။

"ငါသိပါတယ်... လူတိုင်းတစ်ယောက်စီမတူကြသလိုပဲ ကိုကို့ရဲ့အချစ်ပုံစံကလည်း တမူထူးခြားပြီးသားဆိုတာ၊
အဲ့ဒီထူးခြားမှုကို သဘောကျလို့ပဲ ဒီလူကိုချစ်တာဆိုတာ...
ဒါပေမယ့် ဒီရက်ပိုင်း အလကားနေရင်း အတွေးပေါက်နေလို့... တကယ်လို့များ ငါသာသူ့ဆီကလက်ခံမှုရခဲ့ရင် ဘယ်သူနဲ့မှမတူတဲ့ပုံစံနဲ့ အချစ်ခံရပါ့မလားလို့ တွေးနေမိတာ"

"မင်းက အာကာဝေယံရဲ့ အစားထိုးထပ်ဖြစ်မှာကို ကြောက်နေတာလား..."

"အဲ့လို တည့်ကြီးမမေးနဲ့လေကွာ..."

"ဆောရီး..."

ကျွန်တော် ပါးစပ်ထပ်ဟမှာကို စောင့်ရင်း ဟိန်းသူရက သူ့ကြောင်တွေလက်ထဲ ဆော့စရာသိုးမွှေးအရုပ်လေးတွေ တစ်ခုစီထည့်ပေးနေတယ်။

"အစားထိုးထပ်ဖြစ်မှာကြောက်တာထက်...
ငါကအကောင်းဆုံးကို ကျော်လွန်နိုင်ပါ့မလားဆိုတာကို စိုးရိမ်တာလို့ ပြောရမယ်၊ ကိုကိုက အာကာဝေယံ့ကို ဘယ်သူနဲ့မှမတူအောင် အကောင်းဆုံးချစ်ခဲ့တာမို့ ငါက အကောင်းဆုံးထက်သာတဲ့ အကောင်းတကာ့အကောင်းဆုံးအချစ်မျိုးကို သူ့ဆီကရနိုင်ပါ့မလား ဆိုတဲ့အတွေး..."

"လင်းခန့်... မင်းက သောက်ရူးပဲ"

အင်း...။ အဆဲခံလိုက်ရလို့ ဘယ်လိုမှတော့မနေဘူး။
ခဏလောက် ကိုယ့်ကိုယ်ကိုယ် ရယ်ချင်စိတ်ပေါက်လာတာတစ်ခုပဲ။

"ကိုကိုလည်း ငါ့ကိုခဏခဏအဲ့လိုပြောတယ်ရယ်...
ငါက အရူးလေးတဲ့..."

"အမှန်ပဲဟာ... မင်းခေါင်းထဲမှာ အမဲရိုးတစ်ချောင်း ကန့်လန့်ဝင်နေတာ ဖြစ်လိမ့်မယ်"

"အင်း... T bone ဖြစ်ရင်ဖြစ်မှာ၊
သုံးနေရာထောက်နေသလိုပဲ... ဟဟ..."

ကိုယ့်ကိုယ်ကိုယ်ဒေါက်ဖြုတ်ပြီးတဲ့နောက် ရယ်လိုက်ရင်း လှည့်ကြည့်လိုက်‌တော့ ကျွန်တော့်နားကတစ်ယောက်က မျက်နှာတည်နဲ့။

"ဘာလို့လိုက်မရယ်တာလဲ..."

"လင်းခန့်..."

"အင်း..."

"မင်းသိထားရမှာက အာကာဝေယံက အာကာဝေယံ၊ မင်းကမင်းပဲ ဆိုတဲ့ကိစ္စ... အဲ့ဒါကို အစ်ကိုအယ်လ်ခွန်းလည်း သိမယ်လို့ထင်တယ်"

"အင်း... ကိုကိုသိမှာပါ"

ကြောင်မွှေးတွေကပ်နေတဲ့လက်နဲ့ ကျွန်တော့်ပခုံးကိုလှမ်းပုတ်လိုက်တဲ့ ဟိန်းသူရက ဝရန်တာဘက်ကို စတုတ္ထအခေါက် လှမ်းကြည့်ရင်း ပြောတယ်။

"ငါ့အနေနဲ့ကတော့ ပိုင်သုက ငါ့အတွက်အကောင်းဆုံးချစ်သူပဲ၊
ရွေးချယ်စရာထပ်ရှိမနေတော့ လောလောဆယ်မှာ သူ့ rank က အမြင့်ဆုံးဆိုတာကလွဲပြီး မပြောတတ်ဘူး"

ကျွန်တော် ပြုံးလိုက်မိတယ်။

"အစ်ကိုပိုင်သုရေ! ဟိန်းသူရက အစ်ကို့ကို သူ့ကြောင်တွေထက်ချစ်တယ်လို့ ပြောနေတယ်ဗျ!!"

"ဟေ့ကောင်! ငါ့အဲ့ဒါမပြောဘူး!"

"ဘာလဲ... rank အမြင့်ဆုံးဆို အစ်ကိုပိုင်သုရဲ့အဆင့်က
ကြောင်တွေအထက်မှာရှိတယ်‌ဆိုတဲ့သဘောမလား"

"လူအနေနဲ့ပြောတာကွ၊ လူအနေနဲ့..."

အသံသဲ့သဲ့ကြားမှ ယောင်တိယောင်တောင်နဲ့ ခေါင်းထောင်ပြီး လှည့်ကြည့်လာတဲ့ကာယကံရှင်ကတော့ သူ့အကြောင်းပြောနေမှန်း သိရှာပုံမရ။

"ဟိန်းလေး... ခုဏက ဘာပြောတာလဲ..."

"ဘာမှမဟုတ်ဘူး!"

လှမ်းမေးသံအကြားမှာ ကျွန်တော့်ပါးစပ်ကိုဆွဲပိတ်ထားတဲ့ ဟိန်းသူရကတော့ သူ့ဝမ်းမနာသားလေးတွေ လန့်ပြေးသွားတာကိုတောင် ဂရုမစိုက်နိုင်ပုံပါပဲ။

"ခုဏက ငါ့နာမည် ခေါ်လိုက်သလားလို့..."

"နားကြားမှားတာ၊ ခင်ဗျားဟာခင်ဗျား လုပ်စရာရှိတာဆက်လုပ်..."

"ဒါနဲ့ ဟိန်းလေး... ငါ ဗိုက်ဆာလို့ လင်းခန့်ကိုလည်းကျွေးဖို့ရာ တစ်ခုခု deli မှာရင် ကောင်းမလား..."

"ထားလိုက်... အိမ်မှာရှိတဲ့ဟာနဲ့ ကျွန်တော်လုပ်ပေးမယ်"

"တကယ်လား... အဲ့ဒါကြောင့် ဟိန်းလေးက အကောင်းဆုံးဖြစ်နေတာ"

"တော်စမ်းပါ၊ ဘာစားမှာလဲ..."

"ဟိန်းသူရ၊ ငါအာလူးချောင်းကြော်စားမယ်..."

"မင်းက ပါးစပ်ပိတ်ထား..."

* * *

ခရစ္စမတ်ရာသီမှာ လက်ညိုးထိုးမလွဲမြင်ရတတ်တဲ့ အနီရောင်က နှင်းရဲ့အဖြူရောင်နဲ့အတူတွဲလျက် မြို့ထဲလမ်းကဆိုင်တွေထဲမှာ ပစ္စည်းလက်ဆောင်အမျိုးမျိုးအဖြစ် ပွဲဦးထွက်နေကြတယ်။ ခရစ်ယာန်မဟုတ်တာမို့ ခရစ္စမတ်နဲ့သိပ်မရင်းနှီးပေမယ့် ဒီလိုအချိန်ဆို လေထဲလွင့်လာတတ်တဲ့ ခရစ္စမတ်သီချင်းတွေကိုတော့ နားယဉ်နေပါရဲ့။

Mariah Carey ရူးရူးနေတဲ့ အိမ်ကအငယ်မကတော့ သူ့ရဲ့ loyal fan အစ်မတော်နဲ့ နေ့ခင်းကတည်းက အိမ်မှာ တစ်ကိုယ်တော်ရှိုးလုပ်နေတယ်။ သီချင်းကိုအာခေါင်ခြစ်အော်ရင်း whistle notes hit သလားတော့ မသိဘူး... အိမ်မှာနေရင်း စာကလေးသံနဲ့ နားပွင့်တော့မလို ခံစားလာရတာကြောင့် ကိုယ့်စီးတော်ယာဉ်ကိုယ်ဆွဲပြီး ခပ်သုတ်သုတ်ထွက်ခဲ့ရတာပဲ။

[A/N *whistle notes - လူတစ်ယောက်သီဆိုနိုင်သည့် အမြင့်ဆုံးအသံဖြစ်ပြီး ခရစ္စမတ်သီချင်းများနှင့်နာမည်ကြီးသည့် အဆိုရှင် Mariah Carey မှာ whistle register ကို လှလှပပသီဆိုနိုင်သည့် vocalist အဖြစ် နာမည်ကျော်သည်။]

သွားချင်တဲ့နေရာက အိမ်ကထွက်လာပြီးကတည်းက သတ်မှတ်ပြီးသားပါ ဒါပေမယ့် သုံးလမ်းကျော်ကိုတန်းမသွားဘဲ ဘာလို့ မြို့ထဲလမ်းပေါ်‌ရောက်နေတာလဲဆိုတာတော့ ကိုယ့်ကိုယ်ကိုယ်လည်း မသိဘူး။ ဒီအတိုင်း မီးရောင်စုံတွေကြား လျှောက်ကြည့်နေမိတာပဲ။
ဆိုင်းခန်းတွေရဲ့ရှေ့မှာရပ်ပြီး စန်တာအဝတ်အစားဝတ်ထားလျက် လက်ကမ်းစာစောင်ဝေနေတဲ့သူတစ်ချို့ကိုလည်း တွေ့ရတယ်။

🎶 I lay my love on you...
It's all I wanna do... Every time I breathe I feel brand new... You open up my heart... Show me all your love and walk right through 🎶

ဟိုဒီငေးနေတုန်း အိပ်ကပ်ထဲကမြည်လာတဲ့ဖုန်း။
အင်း... ringtone အဟောင်းအတိုင်း အခုထိ ထားထားတဲ့ကိစ္စက‌တော့ ကျွန်တော်က အပြောင်းအလဲတွေ သိပ်မကြိုက်ဘူးလေ။ တစ်နှစ်လုံး တစ်ယောက်တည်းနောက်ကိုပဲ တကောက်ကောက်လိုက်နေတာကိုကြည့်ရင် သိမှာပါ။ ကျွန်တော် စက်ဘီးကိုလမ်းဘေးထိုးရပ်ပြီး ဖွင့်ကြည့်လိုက်တော့...။

"ကိုကိုပဲ..."

မြို့ထဲလမ်းမပေါ်က သီချင်းသံ လူသံတွေ သူနားထဲလျှံကျမသွားအောင် လက်နဲ့အရင်အုပ်ကာပြီးမှ ဖုန်းကိုကိုင်လိုက်တယ်။

"ဟယ်လို... Christmas Eve မှာ ကျွန်တော့်ကိုလွမ်းလို့ ဖုန်းဆက်လိုက်တာလား ကိုကို..."

"မင်းဘယ်မှာလဲ..."

သေချာကွယ်ကာထားလျက်နဲ့တောင် ဆူညံသံတစ်ချို့က ကျွန်တော့်အသံကိုဝန်းရံပြီး သူ့ဘက်မှာ သွားကြားရတယ်ထင်ရဲ့။ လေလှိုင်းတစ်ဖက်ကသူဟာ မဝဲတဝဲအသံလေသံနဲ့ စပြီးမေးခွန်းထုတ်လာပါရော။ ညာစရာတော့ အကြောင်းမရှိပါဘူး ကျွန်တော်ခြေဗွေပါတာ သူလည်းသိပြီးသားပဲ။

"မြို့ထဲမှာ စက်ဘီးတစ်စီးနဲ့ရောက်နေပါကြောင်း..."

"ည ၆ နာရီခွဲနေပြီ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်နေတာလား..."

"ဘက်တီးရီးယားအမြွှာက night out ထွက်ရင်း မုန့်လိုက်စားဖို့ခေါ်တယ်၊ ကျွန်တော်က သွားစရာရှိလို့ဆိုပြီး ငြင်းလိုက်တာ"

"သွားစရာက ဘယ်ကိုလဲ..."

"ဘယ်ရမှာလဲ ကိုကို့အိမ်ပေါ့... အခုပဲ အဲ့ဒီကိုလာမလို့၊
ကိုကို ဘာမုန့်လုပ်ထားလဲ..."

"မင်းက ဘာစားချင်လို့လဲ..."

"ကိုကိုလုပ်ပေးတာ အကုန်စားမယ်"

"ဒီနေ့ နေရာစုံမှာလူရှုပ်တယ်၊ စက်ဘီးသတိထားပြီးနင်းခဲ့..."

"အဟွန်း... ကိုကိုပြောနေတာ ဘယ်သူလို့ထင်လဲ... pro biker လင်းခန့်လေ... စိတ်ချထားလိုက်ပါ၊ ကျွန်တော်က မျက်စိမှိတ်ပြီးနင်းလာရင်တောင် ကိုကို့အိမ်ကို အခက်အခဲမရှိရောက်တယ်"

"ဆေးရုံမရောက်ရင် အကောင်းဆုံးပေါ့"

"အဲ့တော့လည်း ကိုကိုလာပြုစုပေးပေါ့၊ အဆင်ပြေတယ်မလား"

"အရူးလေး..."

"အရူးလေးက အခု ကိုကို့ဆီလာနေပြီမို့
ကိုကိုက တံခါးဖွင့်ပေးဖို့ ပြင်ထားလိုက်ပါ..."

အဲသလိုနဲ့... ကျွန်တော်ပြိုင်ဘီးနီလေး ကိုကိုတို့တိုက်ခန်းရှေ့ကို ရောက်လာခဲ့တယ်။

"ဒေါက် ဒေါက် ဒေါက်..."

တံခါးခေါက်လိုက်ပြီးမကြာခင် ပွင့်သွားတဲ့တံခါးချပ်ရဲ့တစ်ဖက်မှာ ပေါ်လာတဲ့ အဖြူရောင်သဏ္ဌာန်တစ်ခု။

"Merry Christmas!"

"..."

"အဟဲ... ဒီနေ့ ၂၄ ရက်ပေမယ့် ဒီအချိန်မှာကြိုပြောလို့ရတယ်မလား...
ကျွန်တော်က လူကိုယ်တိုင်လာပြီး ကိုကို့ကို တကူးတကလာဆုတောင်းပေးတာ..."

ကိုကိုကဘာမှမပြောသေးခင် သူ့မျက်မှန်ကိုင်းအကြည်လေးကိုပင့်ပြီး လူကိုအရင်အကဲခတ်လိုက်ရင်း...။

"မင်း... ဒီဆွယ်တာ နေ့တိုင်းဝတ်နေတာလား"

"ဒီဇင်ဘာတစ်လလုံးဝတ်မလို့ စိတ်ကူးထားတာ၊ ကိုကိုဝယ်ပေးထားတဲ့ဆွယ်တာနဲ့ ကိုကို့မာဖလာလေ...
အဟဲ... ကျွန်တော်က ဆန်တာတော့မဟုတ်ပေမယ့် အနီရောင်နဲ့လိုက်တယ်မလား..."

"မင်းလည်း အနွေးထည်တစ်ထည်ကို တစ်လလုံးဝတ်တတ်တဲ့သူပဲလား..."

မဟုတ်သေးပါဘူး။ ပြောပုံအရ‌ဆို သူ့သူငယ်ချင်း ကျွန်တော့်အစ်ကိုဝမ်းကွဲရဲ့ impression ကြီးက ကျွန်တော့်ဆီ ရောက်လာနေပြီ။

"ကျွန်တော်က အစ်ကိုအံ့ထူးမြတ်မှမဟုတ်တာ
လျှော်ပြီးပြန်ဝတ်တာပါ ကိုကိုရဲ့... အခြောက်ခံစက်သေချာသုံးပြီးမှ
ကောက်ဝတ်လာတာ..."

"အဝင်ဝကတည်းက ငါ့အတင်းချမနေနဲ့ ငခန့်..."

"ဟာ... ဘာလို့ အစ်ကိုက ကိုယ့်အခန်းမှာကိုယ်မနေဘဲ ဒီရောက်နေတာတုန်း... ကိုကို့ကိုတွေ့ချင်လို့ လာပါတယ်ဆို... "

မညာဘူး...။ ဝင်ဝင်ချင်းမှာပဲ စားပွဲပုလေးနားထိုင်ပြီး ဖုန်းသုံးနေတဲ့ ဟိုဘက်ကြွက်သိုက်ကအစ်ကိုကိုမြင်လိုက်ရတာ အတည်ကို စိတ်ဓာတ်ကျသွားတယ်။ Christmas Eve မှာ ကိုကိုကျွေးတဲ့မုန့်စားရင်း pick up lines တွေ ဆက်တိုက်ရွတ်ပြရင်း နှစ်ယောက်တည်းအချိန်ကုန်ပစ်မယ်လို့ စိတ်ကူးထားတာကို။ ဘာလို့ ဒီအဖျက်သမားကာရိုက်တာက ဒီမှာအချိန်ကိုက်ရှိနေရတာလဲ။

"မင်းနှင်မထုတ်လည်း ငါကငါ့အခန်းငါပြန်တော့မှာ...
အခန်းထဲကနံရံတွေ ဆေးအသစ်သုတ်ထားလို့ မွှန်ထူနေလို့ ဒီဘက်ခဏလာထိုင်နေတာ..."

"မြန်မြန်ကြွရင် ကျွန်တော်ကတော့ကျေနပ်တာပေါ့"

"ခွေးကောင်လေး... ငါ့ညီတစ်ဝမ်းကွဲဖြစ်နေလို့ ငါ့သူငယ်ချင်းနဲ့တွေ့ရတာကိုများ ဟောင်လွှတ်နေတယ်"

"အံ့ထူးမြတ်၊ ကလေးကို ခွေးလို့မပြောနဲ့"

အဲ့စကားကို ကိုကို့ဆီကကြားရတာ နည်းနည်းတော့ အံ့ဩမိတယ်ရယ်။ ကျွန်တော့်ကို ခွေးနဲ့တူတယ်ပြောတာလည်း သူပဲ... ခွေးပေါက်စလိုဆက်ဆံနေတာလည်း သူပဲဟာကို ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲလည်းဖြစ်တဲ့ သူ့သူငယ်ချင်းကိုကျ နှိမ်လုံးသုံးခွင့်မပေးဘဲ အခုလိုပိတ်ပင်ဆုံးမနေတယ်။

"ဟုတ်ကဲ့ပါခင်ဗျာ... ဒီ side character က ခေါက်ဆွဲဘူးသွားဝယ်တော့မှာမို့ မင်းတို့ဟာမင်းတို့ပဲ နေခဲ့ကြပါ"

အရင်ရက်တွေတုန်းကတောက်ပြောင်နေသမျှ ဒီရက်မှာ ထုံးစံအတိုင်း သူ့ဂျာကင်အပြာကြီးကို ပြန်ထုတ်ဝတ်ထားတဲ့တစ်ယောက်ဟာ ဂျာကင်ဇစ်ဆွဲရင်း လက်ပြပြီး ထွက်သွားရဲ့။

"ညနေစာစားခဲ့ပြီလား..."

"အင်း... စားခဲ့ပြီကိုကို၊
ကျွန်တော် အခုလို‌နေတာက အချို..."

"ခဏစောင့်..."

ကျွန်တော့်ကိုစောင့်ခိုင်းပြီး မီးဖိုချောင်ထဲဝင်သွားတော့ ကျွန်တော်လည်း နောက်ကနေ အမြီးတလှုပ်လှုပ်နဲ့ ပါလာခဲ့တာပေါ့။ ရပ်စောင့်ရင်း သူလုပ်တာကိုကြည့်ရင်း မျှော်နေတုန်း ကိုကိုက လက်အိတ်ဝတ်ရင်း oven ထဲကနေ မုန့်ဗန်းကိုထုတ်လာတယ်။

"Wow! gingerbread man cookie တွေ ကိုကိုကိုယ်တိုင်လုပ်ထားတာလား..."

"မလုပ်တာကြာလို့ စမ်းလုပ်ကြည့်တာ၊ ဖြစ်သွားသားပဲ..."

ပန်းကန်ပြားလေးထဲကို ပြောင်းထည့်ခံလိုက်ရတဲ့ ချောကလက်ရောင်ကွတ်ကီးလေးတွေက ခရစ္စမတ်ရာသီမှာ မြင်ရနေကျ လူရုပ်ပုံကွတ်ကီးလေးတွေပါပဲ။

"အား... ချစ်စရာလေးတွေ... မြို့ထဲမှာမြင်ခဲ့တာတွေထက် ကိုးဆယ်ဆသာတယ်၊ ကိုကို့လက်နဲ့လုပ်ထားတာက အကောင်းဆုံးပဲ"

"‌မြှောက်ပြောနေတာက အလကားပဲနော်၊
နောက်တစ်မျိုး ထပ်လုပ်ပေးမှာမဟုတ်ဘူး"

"ဘယ်သူက မြှောက်ပြောလို့လဲ၊ အမှန်တရားတွေပဲဟာ...
ကိုကို ကိုကို... ကျွန်တော် စားကြည့်လို့ရလား..."

"မင်းပဲစားမယ့်သူရှိတာလေ၊ ရတာပေါ့..."

အခွင့်ရရချင်း ပန်းကန်ထဲထည့်ပေးထားတဲ့ cookie တွေထဲက တစ်ချပ်ကို ကောက်ကိုင်လိုက်တာ ကျွန်တော့်လက်ထိပ်ကလေးမှာ ခံစားသွားရရှာတယ်။

"အ... ပူတယ်"

"အအေးခံပြီးမှ ကိုင်လေ၊ အခုမှ oven ထဲက ထုတ်ထားတာကို... ဘာတွေလောနေတာလဲ..."

"ဟဲဟဲ... gingerbread man လေးက ပုံပြင်ထဲကလို ထွက်ပြေးသွားမှာစိုးလို့..."

"အရူးလေး..."

ကိုကိုက ခေါင်းယမ်းရင်းနဲ့ သန့်ရှင်းပြီးသားသူ့မီးဖိုချောင်စင်ကို အဝတ်ဖြူနဲ့ ထပ်သုတ်နေတုန်း လေထုကြားတုန်ခါလာတဲ့ system ringtone သံတစ်ခု။

"ကိုကို... ဖုန်းလာနေတယ်"

ကျွန်တော်သတိပေးနေတုန်းမှာပဲ သူ့ဖုန်းကို သွားယူကြည့်လျက်သားဖြစ်နေတဲ့ကိုကိုက ချက်ချင်းပဲ ဖုန်းချလိုက်ပြီး ရေခဲသေတ္တာထဲက မိုင်လိုဘူးသွားနှိုက်နေတယ်။

မိနစ်ဘယ်လောက်မှ မခြားလိုက်ဘူး။ စင်ထောင့်မှာတင်ထားတဲ့ ဖုန်းကထပ်တုန်ခါလာတာမို့ ကျွန်တော် မတ်တပ်ရပ်ပြီး screen မှာပေါ်နေတဲ့ contact ကို‌ လှမ်းကြည့်လိုက်တော့...။

"အာကာဝေယံ..."

ကျွန်တော့်မျက်စိရှေ့ကို မိုင်လိုဘူးချပေးလာတဲ့ကိုကိုက မြည်နေတဲ့ဖုန်းကို လုံးဝလစ်လျူရှုထားလို့။

"ကိုကို ဖုန်းမကိုင်ဘူးလား..."

"ဂရုမစိုက်နဲ့၊ စားစရာရှိတာစား..."

"တီ... တီ..."

အဲ့လိုပြောပြီးမကြာခင်မှာပဲ တိုက်ခန်းရှေ့ကကြားလိုက်ရတဲ့
ကားဟွန်းတီးသံ...။ ကိုကို ဖုန်း screen မှာလည်း message တစ်‌စောင်ဝင်လာတဲ့ notification လေးက ကလောင်ခနဲ။ ကိုကိုက ဖုန်းကိုယူကြည့်ရင်း မျက်မှောင်ကြုံ့လိုက်တယ်။

"တီ... တီ..."

"ကွတ်ကီးစားရင်း ခဏစောင့်နေ... ငါချက်ချင်းပြန်လာခဲ့မယ်"

ကျွန်တော် ကိုကို့လက်ကိုလှမ်းဆွဲလိုက်ပြီး...။

"ကျွန်တော် လိုက်ခဲ့မယ်"

"..."

ကိုကိုနဲ့ကျွန်တော် လှေကားကနေဆင်းလာခဲ့ကြတော့ တိုက်ခန်းရှေ့မှာ ရပ်ထားတဲ့ BMW အနက်နဲ့အတူ သူ့ပိုင်ရှင်အာကာဝေယံ့ကိုမြင်ရတယ်။
အင်း... ကိုကိုနောက်ကနေ ကျွန်တော်ပါပါလာတယ်။ သူငြင်းရင်လည်း ဇွတ်ဆင်းလိုက်လာမှာပဲဆိုပေမယ့် ခေါင်းညိတ်ပြတဲ့ ခွင့်ပြုချက်ကို ရခဲ့တာကြောင့်...။

"ဘာကိစ္စရှိရှိ ငါ့ကိုလာမရှာပါနဲ့လို့ ပြောထားပြီးသားထင်တယ်"

"မင်းထွက်လာသားပဲ ခွန်း..."

ညလေနဲ့ရောနေတဲ့ အေးစက်စက်လေသံကိုအကြားမှာ ကားကိုမှီရပ်နေတဲ့အာကာဝေယံက ကိုကိုရပ်နေတဲ့ဆီ လျှောက်လာတယ်။ ကိုကို့နောက်မှာပါလာတဲ့ ကျွန်တော့်ကို လှမ်းကြည့်ရင်းနဲ့ အကွာအဝေးချိန်ဆနေတဲ့ သူ့ခြေလှမ်းတွေက ကိုကိုနဲ့တစ်မီတာအကွာမှာ ရပ်သွားတယ်။

လမ်းဘေးမီးတိုင်အလင်းအောက်မှာ သူ့ဆံပင်က မဟော်ဂနီရောင်အရိပ်ပြေးလို့။ ကုတ်အင်္ကျီအနက်နဲ့လိုက်ဖက်စွာပဲ မြင့်မားတဲ့အရပ်နဲ့ ခန္ဓာကိုယ်က လမ်းမပေါ်မှာ အရိပ်ရှည်ကျလျက်။ အဖြတ်ခံထားရတဲ့ ကိုကို့ချစ်သူဟောင်းတဖြစ်လည်း ကျွန်တော်ကြည့်မရတဲ့အဲ့လူဟာ အမြင်ကပ်စရာကောင်းအောင် စတိုင်လ်ကျနေတုန်းပဲ။

ဘာစကားမှမဆိုသေးဘဲ စက္ကန့်အတော်ကြာရပ်နေခဲ့တဲ့ အာကာဝေယံက အကြည့်ဆုံချက်တွေကို ကိုကို့လည်တိုင်တစ်ဝိုက်မှာ နေရာချနေရင်း...။

"နေကောင်းရဲ့လား..."

"..."

တုံ့ပြန်ချက်မဲ့သွားတာတော့ ကိုကိုတင်မက ကျွန်တော်ရောပဲ။
တကယ်ပဲ အဲ့ဒါမေးဖို့ရာအတွက် ဒီရောက်လာတာလား။ နေကောင်းလားမေးဖို့ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ကာဟွန်းသေအောင် တီးနေခဲ့တာလား။ ကပ်သီးကပ်သပ်နိုင်ပေမယ့် သေချာပေါက် ဒီအချိန်က အချင်းချင်းကြည့်ပြီး How are you? Fine, thank you. ပြောရမယ့်အခြေအနေ မဟုတ်ဘူးမလား။ ဘယ်နှယ့်ဖြစ်တာလဲ။ ဒီပုံစံဆို သူ့ကိုပဲ နေကောင်းရဲ့လား ပြန်မေးရမယ့်ပုံပဲ။

"ငါ့ဆီက Merry Christmas ဆိုတဲ့စကားတော့ ကြားချင်မှာမဟုတ်ဘူးထင်တယ်..."

"..."

သေချာပေါက် ကျွန်တော်ပြောပြီးပြီမို့ မလိုတော့ဘူးပေါ့။ ခင်ဗျားဆီကထပ်ကြားရရင် ကိုကို့အတွက် ကျွန်တော်ဆုတောင်းပေးထားတဲ့ ကံကောင်းခြင်းတွေပါ လမ်းခုလတ်မှာပျောက်သွားမလို ခံစားရမယ်အောက်မေ့ရဲ့။

ကိုကိုဆိတ်ဆိတ်နေပုံကြောင့် အဖြေရပြီးသားဖြစ်သွားတဲ့ မေးခွန်းထုတ်သူဟာ စက္ကန့်အတော်ကြာ ဒီအတိုင်းရပ်နေပြီးမှ...။

"လင်းခန့်... ခွန်းကိုခဏလောက်ငှားပေးမလား..."

"ဘာတွေပြောနေတာလဲ အာကာဝေယံ... ခင်ဗျားက အခုထိ ကိုကို့ကို ဒီအတိုင်းကောက်ယူသွားလိုက်လို့ရတဲ့ ပစ္စည်းတစ်ခုလို သဘောထားနေတုန်းလား၊ ခင်ဗျားဘာလုပ်နေတာလဲဆိုတာ ခင်ဗျားသိရဲ့လား..."

"ငါသိတယ်၊ အဲ့ဒါကြောင့်..."

"အဲ့ဒါကြောင့် ငါခွင့်တောင်းနေတာပေါ့..."

မျက်လုံးတွေနဲ့ လေသံအရတော့ သူပြောတဲ့စကားအပေါ်မှာ အလေးအနက်ရှိပုံရတယ်။ ပုံမှန်ဆို ဆွဲခေါ်သွားနေကျဆိုတော့လည်း သူခွင့်တောင်းတာကို ကြားရတာက အထူးအဆန်းပဲ။

"နာရီဝက်တစ်နာရီထက် မကြာစေရဘူး၊ ငါကိုယ်တိုင် ပြန်လိုက်ပို့မယ်၊ ဒီတစ်ခါပဲ ခွန်းကို ငါ့ဆီငှားပေးလို့ မရဘူးလား..."

အမှန်တော့ အာကာဝေယံသိတယ်။ သူ့နည်းတူပဲ ကျွန်တော်လည်းကိုကို့ကို မပိုင်ဘူးဆိုတာ။ ဒီလူဘာတွေကြံနေပြန်တာလဲ ‌ခန့်မှန်းလို့မရပေမယ့် ကျွန်တော်နဲ့ကိုကိုက သူ့ကိုလိမ်ထားသလို ဆက်ဆံရေးမျိုးမဟုတ်တာ သူသိထားပြီးသားဆိုတဲ့အကြောင်း အခုထိကိုကို့ကို ထုတ်မပြောသေးတာကတော့ သူမဆန်သလိုပဲ။

"အဖြေပေးစရာမလိုဘူး ခန့်ငယ်... ငါ့မှာသူနဲ့လိုက်ဖို့ အစီအစဉ်မရှိဘူး"

"ခွန်း..."

"Christmas Eve မှာ ငါနဲ့အချိန်ကုန်မယ့်သူကို ငါပဲရွေးချယ်မယ်၊ အဲ့ဒါက ခန့်ငယ်ပဲ..."

"..."

တစ်ဖက်ကကြားရင်ပန်း နောက်တစ်ဖက်ကကြားရင် လေကြမ်းဆန်တဲ့စကားမျိုး ကိုကို့နှုတ်ခမ်းကြားက ထွက်လာတယ်။ ကျွန်တော့်ရင်ထဲ ရုတ်တရက်ကြီးနွေးသွားပေမယ့် တစ်ယောက်ယောက်အတွက်တော့ ဆန့်ကျင်ဘက်ပဲထင်ရဲ့။

"မင်းနားလည်ရင် ပြန်လို့ရပြီ၊ အာကာဝေယံ...
ငါ့ဘက်က မင်းကို ဒီထက်ပိုပြီး စကားလက်ခံပြောချင်စိတ် ရှိမနေဘူး"

"..."

ကိုကိုက ကျွန်တော့်ပခုံးကိုပုတ်ခေါ်ရင်း လှည့်ထွက်ဖို့ရာ လုပ်လိုက်တဲ့အခိုက်မှာ မထင်မှတ်ထားတဲ့ကိစ္စတစ်ခု ဖြစ်သွားတယ်။ အာကာဝေယံလုပ်လိုက်တဲ့လှုပ်ရှားမှုက ကိုကိုရောကျွန်တော့်ကိုပါ မှင်သက်‌သွားစေလို့...။ ကိုကိုက နောက်ကျောဘက်ကို လှည့်ကြည့်ရင်း ပြောလိုက်တယ်။

"မင်းဘာလုပ်နေတာလဲ..."

_____________________________________
To be continued...

💖💖💖

cliff hanger လုပ်တာအကျင့်ပါနေလို့ပါ ^^။
အာကာဝေယံ ဘာလုပ်တယ်ထင်လဲ... *side eye*။

💬 ကျွန်တော် စာမေးပွဲရှိပေမယ့် တစ်ပတ်တစ်ခါတော့ မှန်အောင်တင်ပေးပါ့မယ်။ ဒီလအတွင်းပြီးနိုင်မယ်တော့ မထင်ဘူး။ စာလည်းလုပ်ရ၊ စာလည်းရေးရ၊ တခြားဝါသနာပါတာလေးတွေလည်း လုပ်လက်စနဲ့မို့။ အချိန်ဆွဲတတ်တဲ့ကျွန်တော့်ကို စိတ်ရှည်ပေးပြီး ဒီအထိလိုက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။ 💛

multitask နေတဲ့
Novella✒️

Continue Reading

You'll Also Like

3.5K 96 10
ရုပ်သေးကြိုးဆွဲ စေတန်ကကြိုးသွယ်
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
9.4K 804 16
Love,Funny but not rated... story of a dracula prince Kris and his lover Channie
1.4M 34.5K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...