Heartless December❄️ ZG versi...

By Novella_1001

2.7K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day

အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂

18 5 2
By Novella_1001

❄️❄️❄️

အချိန်အတော်ကြာအားသွင်းထားလိုက်လို့ ပြည့်သွားပြီဖြစ်တဲ့ သူ့ laptop ကို နေရာတကျပြန်ထားရင်း ကိုကိုပြန်မလာခင် အပြင်ထွက်၊ တိုက်ခန်းတံခါးကို သော့ပြန်ခတ်ပြီး ကော်ရစ်ဒါမှာ ရပ်မျှော်နေလိုက်တယ်။ သိပ်တော့ကြာကြာမစောင့်လိုက်ရပါဘူး။ ၁၅ မိနစ်လောက်နေတော့ ပြန်ရောက်လာတယ်။

"ဘယ်တုန်းကတည်းက ရောက်နေတာလဲ..."

"ကိုကိုဖုန်းမဆက်ခင်ကမှ..."

"အင်္ကျီတွေက မနက်ကအတိုင်းပဲ"

ထင်တဲ့အတိုင်း ကိုကိုပီသချက်ပဲ။ ရောက်လာတာနဲ့ သူ့မျက်မှန်‌ပါးလေးကိုပင့် လူကိုခေါင်းအစခြေအဆုံးကြည့်ပြီး တကယ်အိမ်ပြန်လား... သူ့အိမ်ထဲပဲ တစ်နေကုန်ဝင်နေတာလား... စစ်ဆေးနေတာ။

"ဪ... အဲဒါက ကိုကိုကလည်း ဒီနေ့ချမ်းတယ်လေ...
တစ်ရက်တလေ ရေမချိုးဘဲနေလည်းရပါတယ်၊ ကျွန်တော်က အနံ့အသက်ကောင်းပြီး သန့်ရှင်းပြီးသားပဲဟာ..."

"နေ့လည်က ဘာလုပ်နေလဲ..."

"အိမ်ပြန်ပြီး ဂိမ်းဆော့လိုက်၊ အိပ်လိုက် လုပ်နေခဲ့ပါတယ်ခင်ဗျ"

အပြုံးလေးတစ်ပွင့်နဲ့ကျွန်တော် သူ့အိတ်နဲ့ ကိတ်မုန့်ဘူးတွေကို ဆွဲယူသယ်လိုက်ရင်း...။

"ကဲပါ... ကျွန်တော့်ကို စစ်ချင်ရင်နောက်မှစစ်ပါ၊ အထဲဝင်ရအောင်... ကိုကိုလည်း ပင်ပန်းလာတာမလား..."

မျက်မှန်လေးနဲ့တစ်စုံတစ်ယောက်ဟာ မယုံသင်္ကာအကြည့်တွေကို ကျွန်တော့်ကိုယ်ပေါ်ကရုတ်ပြီး တံခါးသော့ဖွင့်လိုက်တယ်။

"အခန်းမီးတွေပွင့်နေတယ်၊ ငါမနက်က ခလုပ်ပိတ်ခဲ့တာ သေချာပါတယ်"

"အယ်... ကိုကို လက်ကိုနှစ်ခါလှုပ်မိသွားတာ မဖြစ်နိုင်ဘူးလား..."

သေပြီဆရာ။ အပြင်ပြန်ထွက်တုန်းက မီးပိတ်ခဲ့ဖို့ မေ့သွားတယ်။

"မင်းမာဖလာက အိမ်မှာထားခဲ့တာလား..."

"ဗျာ... အင်း... ဟုတ်တယ်...
ထားခဲ့မိတယ်ထင်တယ်"

မရဘူး။ မရဘူး။ ဘယ်လိုမှလိမ်လို့မရဘူး။
ရသလောက် မုန်လာဥလုပ်ကြည့်ဖို့ကြံနေတာကို နေ့လည်က ဂိမ်းမကစားခင်ချွတ်ထားခဲ့မိတဲ့ မာဖလာအကြောင်း လုံးလုံးမေ့သွားတယ်။ ဟော... ဗြောင်လိမ်နေတုန်းမှာပဲ မြင်သွားပါပြီ ဆိုဖာပေါ်က သက်သေခံပစ္စည်းကို...။

"မင်းပြောတဲ့အိမ်က ငါ့အိမ်လား..."

"အဟဲ... ကိုကို့အိမ်က ကျွန်တော့်အိမ်ပဲလေ၊ ဟုတ်ဘူးလား..."

"ဘာတွေလုပ်ထားသေးလဲ"

"ဘာမှမလုပ်ပါဘူး"

"ဪ..."

"ဘာလို့ အဲဒီလိုကြည့်နေတာလဲ... သန့်ရှင်းရေးလေးလုပ်ပေးထားချင်လို့ အိမ်ထဲခိုးဝင်တာကလွဲရင် ဘာမှမလုပ်ပါဘူးဆို၊ ကိုကိုကလည်း ယုံကြည်မှုမထားနိုင်ချက်ပဲ"

"သန့်ရှင်းရေးက အိမ်ထဲခိုးဝင်တာမိသွားရင် အဆူမခံရအောင်လို့ လုပ်ထားတာမလား"

"အဲ့ဒါက... အင်း... အဲ့လိုပေါ့...
ဘာပဲပြောပြော သော့ပြန်မသိမ်းဘူးမလား... သိမ်းမယ်ဆိုလည်း ပြန်ပေးဖို့အစီအစဉ်တော့ မရှိဘူးဗျနော်"

"အရူးလေး..."

"ဒေါက် ဒေါက် ဒေါက်..."

ရုတ်တရက်ကြီး အခန်းရှေ့ကတံခါးခေါက်သံထွက်လာတာမို့ ကိုကိုက ကျွန်တော့်ကိုတရားချမယ့်အစီအစဉ်ကို နောက်ရွေ့ပြီး တံခါးသွားဖွင့်တယ်။ ကျွန်တော်လည်း လက်ထဲကအိတ်တွေ စားပွဲပုလေးပေါ်ချပြီး သူ့နောက်ကလိုက်လာခဲ့တယ်။

ကိုကို့ဘေးကယိမ်းပြီး တံခါးရှေ့ကဧည့်သည်ကိုကြည့်လိုက်တော့ တခြားအခန်းကချာတိတ်လေး...။

"ဟိုလေ... ကျွန်တော့်ကီကီးကို တွေ့မိသေးလားဟင်...
ရေချိုးပေးဖို့လုပ်နေကြရင်း ထွက်ပြေးသွားလို့"

ကောင်လေးက စိုးရိမ်နေတဲ့လေသံနဲ့ ကိုကို့ကိုမေးနေတယ်။
အမြဲလိုလို ကျွန်တော် ကော်ရစ်ဒါမှာ ကိုကို့ကိုစောင့်ဖြစ်ရင်း ဒီကောင်လေးနဲ့သူ့‌ခွေးလေးကို ခဏခဏမြင်ရလို့ သတိထားမိနေတာ။ အဲ့ဒီချောကလက်လုံးလေးလို တယ်ရီယာခွေးလေးက သူပြောတဲ့ကီကီးဖြစ်ရမယ်။ တစ်ခါတလေ ကျွန်တော်ရပ်နေတဲ့နားလာပြီး မော့ကြည့်နေတတ်လို့ သူ့သခင်ပေါက်စက လာပြီးချီခေါ်သွားရတာ မှတ်မိတယ်။

"အခုလေးတင်လား..."

"ဟုတ်၊ အခုလေးတင်..."

"အစ်ကိုလည်း ခုဏကမှ ပြန်ရောက်တာဆိုပေမယ့်
ဒီအခန်းထဲတော့ ဝင်မလာဘူးထင်တယ်၊ တွေ့မိရင်တော့ ပြောမှာပါ"

"ဘယ်ဘက်ကို ပြေးသွားတာလဲ သိလိုက်လား..."

ပြန်ဖြေပေးနေတဲ့ကိုကို့နောက်ကနေ ဝင်မေးလိုက်တဲ့ ကျွန်တော့်အသံကိုအကြား ကောင်လေးက ကျွန်တော့်ဆီ အကြည့်ရောက်လာပြီး အားကိုးတကြီးတုံ့ပြန်တယ်။

"ဒီဘက်ကော်ရစ်ဒါတစ်လျှောက်ကို ပြေးသွားတယ်လို့ထင်တာပဲ... အောက်ထိများ ဆင်းသွားလားမသိဘူး"

"လမ်းပေါ်ထိတော့ တက်မသွားလောက်ပါဘူး၊
ဆင်းရှာပေးမယ်လေ..."

ပေမှာစိုးလို့ ဆွယ်တာကိုချွတ်ထားခဲ့ဖို့ပြင်ရင်း ကျွန်တော်အဲ့လိုပြောလိုက်တော့ ကောင်လေးမျက်လုံးက အရည်လဲ့သွားလိုက်တာ ငိုတော့မလိုပဲ။

အဲသလိုနဲ့ ဘာရယ်တော့မဟုတ် ခွေးပျောက်ရှာပေးတဲ့လုပ်ငန်းစဉ်ကို ရောက်သွားလေရဲ့။ ကိုကိုက သူလိုက်လာပေးရမလားမေးပေမယ့် ညနေစာချက်ရအုံးမယ့်ကိစ္စကို သတိပေးပြီး ကျွန်တော်ပဲ ချာတိတ်နဲ့အတူ တိုက်ခန်းပတ်လည်ကို ရှာဖွေရေးဆင်းလိုက်တော့တယ်။

"ကီကီးရေ... ဘယ်တွေလျှောက်သွားနေတာလဲ..."

"ဒီနားမှာက တခြားခွေးတွေမရှိတော့ အကိုက်တော့မခံရလောက်ပါဘူး၊ လန့်ပြီးဒီအတိုင်းပြေးသွားတာမို့ ချောင်တစ်နေရာရာမှာ လာခေါ်တာစောင့်နေလိမ့်မယ်"

"ဟုတ်... လိုက်ရှာပေးတာ ကျေးဇူးပါ၊ stalker အစ်ကို..."

ထင်မထားဘူးရယ်။ ကျေးဇူးတင်စကားထဲ ချာတိတ်သုံးချလိုက်တဲ့နာမ်စားက တံတွေးတောင်နင်လောက်တယ်။

"ဘာရယ်! ငါ stalker မှန်း မင်းက ဘယ်လိုလုပ်သိတာလဲ"

"ကျွန်တော်တို့ဒီကိုပြောင်းလာကတည်းက နေ့တိုင်း အစ်ကို့ကို ဟိုဆွယ်တာအမြဲဝတ်တဲ့အစ်ကိုကြီးအခန်းရှေ့မှာ အမြဲရစ်သီရစ်သီလုပ်နေတာတွေ့ရတယ်လေ၊ တစ်ခါတလေ လမ်းရှေ့က ချောင်းတယ်၊ တစ်ခါတလေ ခွေးတိုးပေါက်နားက ချောင်းနေတယ်"

အစောကြီးထတတ်တဲ့မိသားစုက ကလေးနဲ့လာတွေ့နေပြီ။ နှင်ထုတ်ခံထားရတုန်းက ဝေလီဝေလင်းမှာ ကိုကိုမမြင်အောင် ခွေးတိုးပေါက်နားက တစ်ခါ‌လေးချောင်းမိတာကိုပါ မြင်ဖြစ်အောင် မြင်သွားတယ်။

"အမြဲနောက်ကနေလိုက်ပြီး မသိအောင်ချောင်းတဲ့သူတွေ၊ အိမ်ရှင်မရှိတုန်း အိမ်ရှေ့မှာလာလာရပ်နေတဲ့သူတွေကို stalker လို့ ခေါ်တယ်တဲ့၊ မေမေကပြောပြဖူးတယ်... အဲ့လိုဆို အစ်ကိုက stalker ပေါ့... ဒါပေမယ့်..."

"ဒါပေမယ့် ဘာလဲ..."

"ဒါပေမယ့် ဟိုအစ်ကိုကြီးက ဘာလို့အစ်ကို့ကို သူ့အိမ်ထဲပေးဝင်တာလဲမသိဘူး၊ stalker ပဲဟာကို..."

အဲဒီစကားကြားပြီး နည်းနည်းတော့ ရယ်ချင်သွားတယ်။

"အဲဒါက မင်းနားမလည်ဘူး၊ ငါက stalker ဆိုတာ မှန်ပေမယ့် အထူးအခွင့်အရေးရထားတဲ့ stalker လေ..."

"အဲလိုမျိုး ရှိတာလား..."

"ရှိတယ်... နောက်ပြီးတော့ ငါက ဒီနှစ်မကုန်ခင်မှာတောင် stalker အဆင့်ကနေ level တက်သွားမယ့် အလကားအလာရှိနေပြီ"

"အစ်ကို! ဟိုဘက်နားက ကီကီးအသံထင်တယ်...
သွားကြည့်ရအောင်..."

တအီအီအော်သံကြားလို့ဆိုပြီးပြောလာတာနဲ့ ကျွန်တော်လည်း ‌စကားပြောတာရပ်ပြီး ချာတိတ်ညွှန်ပြတဲ့ဘက်ဆီ။
မှောင်စပျိုးနေတဲ့ပတ်ဝန်းကျင်ကို မျက်စိရှင်ရှင်ထားပြီး
ရှာလိုက်တော့ တိုက်ခန်းနောက်ကျောက ပန်းအိုးတွေနားမှာ အဲ့ဒီကီကီးဆိုတဲ့ ညိုလုံးလုံးခွေးလေးကိုတွေ့လိုက်ရတယ်။ ပန်းအိုးတွေကြားထဲဝင်ပုန်းရာက ညပ်ပြီး ပြန်ထွက်မရဖြစ်နေပုံပဲ။ ကျွန်တော် အနားကပ်သွားပြီး ပန်းအိုးကိုဖယ်လိုက်တော့ ဝှစ်ခနဲပြေးသွားပြန်လို့ တစ်ခါလိုက်ဖမ်းရသေးတယ်။ နောက်ဆုံးတော့ ချောချောမောမောနဲ့ သူ့သခင်ပေါက်စ လက်ထဲပြန်ပါသွားပါတယ်။

"ကီကီးကို ပြန်ရှာတွေ့အောင်ကူညီပေးလို့ ကျေးဇူးတင်ပါတယ်၊ အထူး stalker အစ်ကို..."

ကိုကို့ရှေ့မှာ ချာတိတ်ကအဲ့လိုပြောပြီးထွက်သွားတာမို့ ကျွန်တော့်မှာ အထူးအဆန်းလို အကြည့်ခံလိုက်ရသေးတယ်။

"အဟဲ... ပင်ပန်းသွားလို့ ဗိုက်ဆာလာပြီ၊ တစ်နေကုန်လည်း ဘာမှ ဟုတ်တိပတ်တိမစားရသေးဘူးရယ်၊ ကိုကို... ကျွန်တော့်ကို ညနေစာအရင်ကျွေးမှာလား... ကိတ်မုန့်အရင်စားရမှာလား..."

ကိုကိုက ချုံတိုးလာတဲ့ကျွန်တော့်ပုံစံကိုကြည့်၊ ခေါင်းပေါ်က သစ်ရွက်ခြောက်ကို လက်နှစ်ချောင်းနဲ့ညပ်ဖယ်ရင်း ဖြေတယ်။

"ရေအရင်သွားချိုး..."

"ဗျာ... ရေချိုးဖို့ရာ အိမ်တစ်ခေါက်ပြန်ရမှာလား...
ကိုကိုကတော့ ရက်စက်ပြီ"

"ငါ့ဆီမှာ ချိုးလို့ရတယ်"

"တကယ်လား... ဒါဆို ကိုကိုရောအတူတူ..."

"ငါ ခုဏက ချိုးပြီးပြီ"

တကယ့် ခင်ဗျားပဲ။ ဘာလို့ လုပ်တာကိုင်တာတွေက အရမ်းမြန်ရတာလဲ။

* *

ကျွန်တော်ရေချိုးနေတုန်း ကိုကိုကညနေစာပြင်နေတယ်ထင်တယ်။ ထွက်လာတော့ အနံ့ကမွှေးနေတာပဲ။

"ရေချိုးပြီး ကျွန်တော့်အင်္ကျီတွေပြန်ဝတ်ရင် ယားမယ်ထင်တယ်
ကိုကို... ကျွန်တော့်ကို ကိုကို့အင်္ကျီပေးဝတ်မှာလား..."

"မင်းအဆင်ပြေရင် ဝတ်ပေါ့၊ မင်းက ငါ့ထက်ခန္ဓာကိုယ်ထွားတော့ နည်းနည်းကြီးတာ ရှာရမယ်ထင်တယ်"

ဒီနေ့ကဘာလဲ။ ကိုကိုပဲ ဆေးမှားသောက်ထားတာလား။
ကျွန်တော်ပဲ ကံထူးရှင်ဆုကို ထပ်ဆင့်ပေါက်နေတာလား။
သူ့အိမ်ထဲခိုးဝင်တယ်။ အဆူမခံရဘူး။ သူ့ရေချိုးခန်းသုံးခွင့်ရတယ်။ လဲဝတ်စရာအင်္ကျီပါ ငှားပေးတယ်။ သူပြင်ပေးညနေစာနဲ့ သူဝယ်လာတဲ့ကိတ်မုန့်ကလည်း စားရအုံးမယ်။ ဘာတွေလဲ...။

"ဟပ်ချိုး..."

သူရှာပေးထားတဲ့ ခပ်ပွပွခေါင်းစွပ်အင်္ကျီအနီရောင်နဲ့ lounge pant အနက်ကို ဝတ်လိုက်ပြီး ဆံပင်လေမှုတ်နေတုန်း နှာချေမိသွားတယ်။
ကံကောင်းမှုနံပါတ်စဉ်တွေ မထင်မှတ်ဘဲများနေလို့ ဖျားတောင်ဖျားတော့မယ်ထင်ရဲ့။

"အအေးမိတာလား..."

"မဟုတ်လောက်ပါဘူး၊ စိတ်လှုပ်ရှားလို့ထင်တယ်"

"ခေါင်းခြောက်ရင် စားလို့ရပြီ၊ လက်ဆေးခဲ့..."

အကြာကြီးနေမှ ကိုကို့လက်ရာညနေစာစားရတာ တကယ်နတ်သုဒ္ဓါအလားပဲ။ ဒီအတောအတွင်း ဒဏ်ရာချုပ်ရိုးမဖြေရသေးတာကို အကြောင်းပြပြီး သူ့မီးဖိုချောင်ကို ကျွန်တော်က ဝင်လက်ဝါးကြီးအုပ်ထားတာကိုး။ ဆရာဝန်က အစပ်စားလို့မရဘူးဆိုလို့ သူ့ကချင်ဟင်းရီဆီပီတွေကို တစ်နေရာသိမ်းပြီး ကြက်သားကတ်တလိပ်၊ အာလူးထောင်းနဲ့ အရွက်ကြော်လောက်ပဲ‌ လုပ်ထားပေမယ့် တစ်နေကုန်ထမင်းသေချာမစားရသေးတော့  နှစ်ပွဲတောင်ကုန်သွားတယ်။

"ထမင်းဒီလောက်စားထားတာ ကိတ်မုန့်ကစားနိုင်သေးရဲ့လား..."

"မစားနိုင်စရာလား... ကိုကိုမသိလို့နော်၊ ကျွန်တော်က ထမင်းသုံးနပ်ထဲ ညနေစာကို အဓိကများများစားတဲ့သူလေ... အေးဆေးပဲ၊ ဒါနဲ့ ဘာကိတ်မုန့်ဝယ်လာလဲ"

"Chocolate cake..."

"ကိုကိုကတော့ ခွေးပေါက်စကို ချောကလက်ကျွေးပြန်ပြီ"

"ခွေး‌တွေက ချောကလက်စားရင် သေတတ်တယ်တဲ့၊ မစားချင်မစားနဲ့"

ရေခဲတုံးလေသံနဲ့ ကျွန်တော့်ကိုရွဲ့ပြောရင်း စားပွဲပေါ်တင်ဖို့လုပ်နေတဲ့ကိတ်မုန့်ကို ရေခဲသေတ္တာထဲ ပြန်သိမ်းဖို့လုပ်လိုက်လို့ လက်နှစ်ဖက်နဲ့ ပြန်ဆွဲယူလိုက်‌ရသေးတယ်။

"တစ်နှစ်တာအတွေ့အကြုံအရတော့ မသေပါဘူး၊
သေတောင် ကျွန်တော်ကစားမှာ..."

"အရူးလေး..."

ခက်ရင်းယူပြီး ချက်ချင်းထိုးကော်စားနေတဲ့ ကျွန်တော့်ကိုကြည့်ရင်း ခေါင်းယမ်းနေတဲ့အနာဂတ်သခင်။

"ကိုကိုမစားဘူးလား..."

"ညဘက် အချိုသိပ်မစားချင်ဘူး၊ မင်းပဲစား..."

အဲဒီအတိုင်းပြောပြီး ပန်းကန်တွေဆေးဖို့ထသွားတယ်။

"ကောင်းလား..."

"အင်း... ကိုကိုကိုယ်တိုင်လုပ်ပေးတာလောက် အာနိသင်မပြည့်ဝပေမယ့် ကိုကိုဝယ်လာပေးတဲ့ဟာမို့ အရသာရှိတယ်၊ အကုန်စားပေးမယ်"

"စားနိုင်သလောက်ပဲစား... ရင်ပြည့်နေလိမ့်မယ်"

ကျွန်တော်မျက်ခုံးပင့်ပြီး ပြုံးပြုံးလေး သူ့ကိုကြည့်လိုက်တယ်။

"ကိုကိုကျွန်တော့်ကို အရမ်းဂရုစိုက်နေတယ်၊ အဲ့ဒါ မကြာခင် တရားဝင်မွေးစားတော့မယ့် လက္ခဏာမလား"

"ကယောင်ကတမ်းတွေ ပြောမနေနဲ့...
စားပြီးရင် ပန်းကန်လာကူဆေး"

"ပန်းကန်ဆေးခက ဘာဆုချမှာလဲ"

"မင်းပါးစပ်ကို လှလှလေးချုပ်ပေးမယ်"

"Wow... ကိုကိုက အချုပ်အလုပ်လည်း ကျွမ်းတာပဲလား... မိုက်တယ်ကွာ၊ Koko is a versatile being!! Woo!!!"

"Jesus Christ! Keep your voice down!"

*

ပန်းကန်ကူဆေးပြီးသွားတော့ ကျွန်တော်ကော်ရစ်ဒါဘက်ကို သွားရပ်နေလိုက်တယ်။ ညလေကအေးပေမယ့် စိတ်လန်းဆန်းလာအောင် ကူညီပေးတယ်လေ။

"ဟာ... ငခန့်... အခုထိမပြန်ရသေးဘူးလား"

အသံလွင့်လာတဲ့ဆီ လှည့်ကြည့်လိုက်တော့ မနက်ကအဝတ်အစားအတိုင်း သန့်သန့်ပြန့်ပြန့်ကိုမှ သူဆွဲဖွလိုက်လို့ ပွသွားတဲ့ဆံပင်ဖရိုဖရဲနဲ့ လူတစ်ယောက်။ လူကတော့ ခြေတစ်လှမ်း စကားတစ်လုံးကစ အကောင်းအတိုင်းပေမယ့် အနံ့အသက်အရ မေးခွန်းထုတ်လိုက်မိတယ်။

"သောက်လာတာလား..."

"အင်း... သူငယ်ချင်းတွေစုံသွားလို့ နည်းနည်း... ဆိုပေမယ့် ငါပဲ ပတ်ထိန်းနေရတာပါကွာ... ဒီကောင်တွေကလည်း ရည်းစားရှိတဲ့ကောင်က ရည်းစားရှိလို့တစ်မျိုး၊ ရည်းစားနဲ့ပြတ်ထားတဲ့ကောင်က ပြတ်ထားလို့တစ်မျိုးနဲ့ ညည်းလိုက်ကြတာ အရက်မူးနေတဲ့ခိုအုပ်ကြားထဲ ဝင်ထိုင်နေရသလိုပဲ၊ အာရုံနောက်လို့ ရေချိုးပြီး အိပ်တော့မယ်၊ ဟမ့်... ဒါများ ငါ့အိမ်က ငါ့ကိုရည်းစားရှာပေးဖို့ ဇွတ်စီစဉ်နေသေး..."

ပွစိပွစိရွတ်ပြီး သူ့အခန်းထဲဝင်သွားလေရဲ့။
မချစ်ရသေးဘဲနဲ့ အချစ်ကိုစိတ်ကုန်နေတဲ့ ဒီတစ်ဝမ်းကွဲအစ်ကိုအတွက်ကတော့ မမနုယဉ်ပြောသလို ငှက်ပျောတုံးကြိုဝယ်ပေးထားရမယ်နဲ့တူပါတယ်။

"ဘာထွက်လုပ်နေတာလဲ၊ မအေးဘူးလား..."

တစ်ယောက်တည်းစုပ်သပ်နေတုန်း မဝဲတဝဲလေသံလေးနဲ့အတူ တစ်ယောက်ယောက် ကျွန်‌တော့်ဘေးကိုရောက်လာတယ်။

"အေးတယ်... ဒါပေမယ့် ကျွန်တော့်မှာ ကိုကိုပေးထားတဲ့မာဖလာရှိတယ်လေ..."

"ကြော်ငြာထဲက လေသံနဲ့တူတယ်"

"ဟုတ်လား... အဟဲ...
skip ads တော့ မလုပ်လိုက်နဲ့နော် "

ညရဲ့အနက်ရောင်နောက်ခံထဲမှာ ဘေးပတ်ဝန်းကျင်ကအလင်းမျိုးစုံက အရောင်တစ်မျိုးစီနဲ့ တောက်ပနေကြတယ်။ သေချာပေါက် ကျွန်တော့်ဘေးမှာရပ်နေတဲ့သူရဲ့ အဖြူရောင်အလင်းကိုတော့ မှီမှာမဟုတ်ဘူးပေါ့။ ကြည့်နေရင်းတောင် မျက်စိစူးစေလောက်တဲ့ ဖြာထွက်အားမျိုးနဲ့ သူကိုယ်တိုင်တောင်သတိမထားမိဘဲ ပတ်ဝန်းကျင်ကို လွှမ်းမိုးပစ်လိုက်တာမျိုး။

"ကိုကို..."

"အင်း..."

"Do you know how photoflash bombs work?"

"photoflash bombs ဆိုရင် ငါသိသလောက်ကတော့ သတ္တုပြားနဲ့ပိတ်ထားတဲ့ ဆလင်ဒါပုံပြွန်ထဲမှာ flash powder အပြည့်ထည့်၊ စနက်တံနဲ့ wire ကိုသုံးပြီး..."

"they expose an extreme light energy and blind the enemy's vision like you're doing to me right now."

"..."

ရုတ်တရက်ကြီး ခုဏကထိလင်းနေတဲ့ အဖြူရောင်အလင်းက နည်းနည်းမှောင်သွားသလိုပဲ။ သူက သူ့ရဲ့ဆရာအကျင့်အတိုင်း သိချင်လို့မေးတာမှတ်ပြီး အချက်နဲ့အလက်နဲ့ ကောင်းကောင်းပြန်ဖြေပေးနေတာကို ကျွန်တော့်မေးခွန်းက pick up line ကြီး ဖြစ်နေတော့...။

"မင်းက သိပ်တတ်နေတာပဲ..."

"ဒါပေါ့၊ ကိုကို့တပည့်ပဲဟာ..."

ကိုကို့ကိုကြောက်ပေမယ့် တစ်နှစ်တာအတွေ့အကြုံအရတော့ ဒီလောက်ကလေးစိတ်ရှုပ်အောင်လုပ်တာက
နဖူးများအတောက်ခံရရုံကလွဲ တခြားဘာမှမဖြစ်နိုင်ပါဘူး။

"ခန့်ငယ်..."

"ဗျာ..."

"ငါ..."

"ဟပ်ချိုး..."

အရေးထဲမှာ တိုက်တိုက်ဆိုင်ဆိုင်နှာချေလိုက်မိတော့ ကိုကိုက သူပြောမယ့်စကားကိုရပ်ပြီး ကျွန်တော့်ကိုအာရုံစိုက်လာရော...။ 

"အအေးမိတာမဟုတ်ဘူးဆိုတာ သေချာလား...
မင်းရေချိုးတာကြာတယ်နော်"

"ကိုကိုကလည်း ကျွန်တော့်ကို ဒီလောက်လွယ်လွယ်လေးနဲ့ အအေးမိတတ်တဲ့သူလို့များထင်... ဟပ်ချိုး..."

မှန်ပါးလေးအောက်အကြည့်တွေ ကျွန်တော့်ဆီရောက်လာတော့ သွားလေးပေါ်ရုံ ရယ်ပြလိုက်မိတယ်။

"အထဲဝင်... အပြင်မှာရပ်နေရင် ပိုဆိုးလာလိမ့်မယ်"

"ဟုတ်..."

အမြီးလေးကုပ်ပြီး အထဲဝင်လိုက်ရတဲ့နောက် ကိုကိုက ကျွန်တော်ဝင်ထိုင်လိုက်တဲ့ဆိုဖာအနားကို လာရပ်ပြီး...။

"ဆွယ်တာတစ်ထည်တည်းနဲ့အေးနေရင် ငါ့အနွေးထည်ယူဝတ်ထားမလား..."

"ဟင့်အင်း၊ ရတယ်"

"ဘာလို့ ခေါင်းငုံ့ထားတာလဲ..."

"ကိုကို..."

"အင်း..."

"ကျွန်တော်... နေလို့မကောင်းဘူး"

"အဲ့ဒါကြောင့် အဖျားရှိလား စမ်းကြည့်ပေးမလို့လေ..."

"အဲ့လိုမဟုတ်ဘူး..."

ကိုကိုက ကျွန်တော့်ရှေ့ ကော်ဇောပေါ်ဝင်ထိုင်လိုက်တယ်။ ပြီးတော့ ကျွန်တော့်မျက်နှာကို သေချာကြည့်ရင်း...။

"ဘာဖြစ်တာလဲ၊ ငါ့‌ကိုပြောပြလေ..."

"အဲ့ဒါက... ဟို... ပုံမှန်ဆို ကျွန်တော့်အစာအိမ်က အစာခြေတာမြန်ပါတယ်... ဒီနေ့ကျမှ ဘာဖြစ်လို့လဲမသိဘူး ခုဏကစားထားတာတွေက ရင်ထဲမှာဆို့နေသလိုပဲ... နေလို့မကောင်းဘူး... အန်ချင်သလိုကြီး..."

"ဒါကြောင့် ငါပြောသားပဲ ကုန်သလောက်ပဲစားပါလို့...
ခုဏက အပြင်ထွက်ပြီးရပ်နေတာ အဲ့ဒါကြောင့်လား..."

"အင်း... ညလေလေးရှူပြီး စိတ်လန်းသွားရင် နေလို့ကောင်းလာမလားလို့... အအေးပတ်တာ အဖတ်တင်သွားတယ်"

"နေမကောင်းရင် စော‌စောက ငါ့ကိုပြောတာမဟုတ်ဘူး၊ ဘာလို့အောင့်ထားတာလဲ..."

"အဲ့ဒါက ကိုကို့နားတစ်နှစ်လောက်နေလိုက်လို့ အကျင့်ကူးသွားတာဖြစ်မှာပေါ့"

သူ့ကိုပြန်ချေပလိုက်လို့ ဆက်ပြီးအဆူမခံရတော့ပေမယ့် အဲဒီအစား
ကျွန်တော်လက်မောင်းကိုဆွဲကိုင်လိုက်တဲ့ ညင်သာတဲ့အားတစ်ခု...။

"ထနိုင်လား..."

"ဘာလို့လဲ..."

"နေလို့မကောင်းရင် toilet သွားပြီး အန်လိုက်..."

"အာ... အဲ့ဒါတော့ မဖြစ်ဘူး၊ လုံးဝမဖြစ်ဘူး..."

"ဘာလို့မဖြစ်တာလဲ"

"ကိုကို့လက်ရာညနေစာနဲ့ ကိုကိုတကူးတကဝယ်ပေးလာတဲ့ ချောကလက်ကိတ်ကို ဒီအတိုင်းပြန်ထုတ်ပစ်လိုက်လို့ ဘယ်ဖြစ်မလဲ...
သေချာအစာချေပြီး အာဟာရအဖြစ် ကိုယ်ထဲသိမ်းထားရမှာပေါ့"

သက်ပြင်းချသံတစ်ခု ပီပီပြင်ပြင်ကြားလိုက်ရတယ်။

"အရူးလေး..."

အဲ့လိုရေရွတ်ပြီးတဲ့နောက် ကိုကိုက ကျွန်တော့်ကို toilet ဆီ ဆွဲခေါ်သွားတော့တာပဲ။ မရှိဘူးထင်ရတဲ့အားတွေကို မထင်ရင်မထင်သလို အသုံးချပြတတ်တဲ့သူရယ်။

"နောက်ကျောကိုထုပေးမယ်၊ နေလို့ကောင်းတဲ့ထိအန်လိုက်..."

"မအန်ပါဘူး"

"အန်လိုက်မှ သက်သာမှာပေါ့၊ ဟိုဘက်လှည့်..."

"မအန်ပါဘူးဆိုဗျာ... အား...
ကိုကို ဘာလို့ ကျွန်တော့်ကို အနိုင်ကျင့်နေတာလဲ..."

"မင်းက ဘာလို့ခေါင်းမာနေတာလဲ၊ Shiba Inu တွေက အဲ့လိုပဲလား"

"အဲ့လိုဆိုတော့ ဘာဖြစ်လဲ... အု..."

နောက်ကျောကို စည်းချက်မှန်မှန်နဲ့ ညင်ညင်သာသာကျနေတဲ့ ဖိအားက ရင်ထဲကဆို့နေတဲ့အရာတွေကို ဆန်တက်လာစေတယ်။ ဒုက္ခပဲ...။
အရမ်းအသန့်ကြိုက်တဲ့သူရှေ့မှာ ဒီလို impression မျိုးပြလို့ မဖြစ်တာကို...။

"ကိုကို နောက်ကျောကိုဆက်ထုနေရင် ကျွန်တော်တကယ် အန်မိတော့မှာနော်၊ လုံးဝမဖြစ်ဘူး... ကိုကိုကျွေးတဲ့ညနေစာကို ဒီလိုပုံစံ... အ..."

ဒီတစ်ခါအထုခံလိုက်ရတာ နောက်ကျောမဟုတ်ဘူး ဒီအတိုင်း ခေါင်းပေါ်ကို အသာလေးကျလာတဲ့တစ်ချက်။ လုံးဝမနာလောက်မယ့်အားဆိုပေမယ့် အကျင့်ပါနေလို့ အော်လိုက်မိတယ်။

"အရူးလေး... မင်းစားချင်ရင် နောက်ရက်လည်း ငါထပ်ကျွေးနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် နေမကောင်းအဖြစ်ခံပြီး ဒီလိုလုပ်နေရင် ငါမင်းကို နောက်ထပ် ချောကလက်ဝယ်ကျွေးဖြစ်ဖို့ မသေချာတော့ဘူး၊ နားလည်လား..."

"..."

ခင်ဗျားကလေဗျာ... တကယ်တော့ ကျွန်တော့်ကို ဂရုစိုက်ရဲ့သားနဲ့...။

"အင်း... နားလည်ပြီ၊ ဒါပေမယ့် မသန့်ရှင်းတဲ့ပုံစံပြရမှာကြီးက  ရုပ်ပဲ့တယ်လေ... အသန့်ကြိုက်တဲ့ကိုကိုက အပြင်ထွက်နေ..."

"ဘာမှမဖြစ်ဘူး"

"တကယ်လား... ပြီးတော့မှ ကျွန်တော့်ကို ညစ်ပတ်တယ်ဆိုပြီး အိမ်ထဲကကန်မထုတ်ပါဘူးနော်"

"စကားများလိုက်တဲ့ ခွေးပေါက်စပဲ...
ချောကလက်စားထားပြီး မသေချင်ရင် အန်မှာအန်စမ်း"

"အာ... ကိုကို... နေအုံးလို့...
အု! အဟွတ်!"

ပြောပြောဆိုဆိုနဲ့ နောက်ကျောကိုထုချလိုက်တာနဲ့...
အာဟာရဖြစ်ရမယ့်ညနေစာလေးတွေဟာ တစ်သုတ်ချင်း အကုန်ပြန်ထွက်ပြီး ပလုံသွားရရှာတယ်။ ဘာပဲပြောပြော ကျွန်တော်ပြီးတဲ့အထိ ကိုကိုက အနားမှာနေပေးခဲ့ပါတယ်။ သန့်ရှင်းရေးအထိ သူဟာသူလုပ်နေလို့ အားတောင်နာလာမိတယ်။

"အာ... ကိုကိုက နောက်ကျောထုပေးတာအရမ်းကျွမ်းလို့ အကုန်အန်လိုက်မိတယ်၊ အခု ကျွန်တော့်ဗိုက်ထဲ လဟာပြင်ဖြစ်သွားပြီ"

သူလက်ဆေးနေတုန်း နောက်နားကနေ ဝင်ပြောလိုက်တော့ ကိုကိုက ကျွန်တော့်ဘက်လှည့်ပြီး စာရင်းစစ်အလုပ်ကို ဆက်လုပ်လာတယ်။

"မနက်ကငါနဲ့မနက်စာစားပြီးတော့ အိမ်မပြန်ဘဲ ဒီမှာပဲနေနေတာမလား နေ့လည်စာကဘာစားလဲ"

"ပန်းသီးတစ်လုံးစားထားတယ်..."

"မင်းပုံမှန်စားတဲ့ပုံစံနဲ့ ပန်းသီးတစ်လုံးလား...
အဆာလွန်သွားလို့ ဖြစ်တာ၊ အိမ်မပြန်လည်း တစ်ခုခုသေချာစားမှပေါ့"

"ဟဲဟဲ... ကျွန်တော်အိပ်ပျော်သွားတာ..."

ကိုကိုက ထပ်ပြီးသက်ပြင်းချလိုက်ပြန်တယ်။
နောက်ပြီး ခံစားလိုက်မိတာက ကျွန်တော့်နဖူးကိုကပ်လာတဲ့ သူ့လက်ဖဝါးပြင်။

"ကိုကို့လက်တွေ အေးနေတယ်"

"အရူးလေး... မင်းနဖူးကပူနေတာ၊ အဖျားနည်းနည်းရှိတယ်"

"ကိုကို ဒီနေ့ကျွန်တော့်ကို ဘယ်နှစ်ခါတောင် အရူးလေးလို့ ခေါ်နေတာလဲ"

"မင်းက အရူးလေးမဟုတ်လို့လား... မနက်အစောကြီးထလာတာက အအေးပတ်တဲ့ အစအကြောင်းအရင်းပဲကို ငါနဲ့လိုက်လာပြီး ဘုရားကျောင်းအပြင်မှာ စောင့်နေတာရော... ငါမသိဘဲအိမ်ထဲခိုးဝင်တာ အဆူခံရမှာစိုးလို့ သန့်ရှင်းရေးလျှောက်လုပ်တာရော... အဆာခံပြီးမှ ဇွတ်စားမိလို့ အန်တဲ့အထိ... မင်းမှမဟုတ်ရင် ဘယ်သူ့ကို အရူးလေးလို့ ခေါ်ရတော့မှာလဲ"

"ကိုကို ကျွန်တော့်ကိုစိတ်ဆိုးနေတာလား...
ဒါမှမဟုတ် စိတ်ပူနေတာလား..."

"အရူးလေး... နှစ်ခုလုံးပဲ"

"ဆိုကာမှ သတိရလာပြီ၊ ကိုကိုမှတ်မိလား... ဟိုးအရင်တစ်ခါ
ကျွန်တော်အအေးမိထားလျက်နဲ့ ကိုကို့ဆီစာလာသင်တုန်းကလည်း ကိုကို အခုလိုပဲ စိတ်ပူနေတာလေ... ကိုကို စိတ်ပူနေတဲ့ပုံစံက အရမ်းချစ်စရာကောင်းတာပဲ"

သူ့အနားခြေတစ်လှမ်းကပ်သွားလိုက်တော့ မျက်စိရှေ့က ရေခဲကျွန်းမြောကြီးဟာ နောက်တစ်လှမ်းဆုတ်ပြီး ချောင်းဟန့်လိုက်တယ်။

"အဟမ်း... တော်ပြီ၊ မင်းဖျားသွားတာ ရေချိုးခိုင်းလိုက်တဲ့ ငါ့အပြစ်လည်းပါတယ်... အခု ဆေးခန်းသွားရအောင်..."

"ဆေးခန်းသွားစရာမလိုပါဘူး... ဒီလောက်အအေးမိတာလေးများ ဆေးသောက်၊ တစ်ညအိပ်ပြီးရင် ပျောက်သွားမှာ..."

"တကယ်ဖြစ်လို့လား..."

"အင်း... ဖြစ်တယ်၊ ကိုကိုသာ ကျွန်တော့်ကို ဒီမှာအိပ်ခွင့်ပေးရင်..."

"ဘာ..."

ဘူးသီးပိုက်ရတော့မှာ ကြိုမြင်နေတဲ့ကျွန်တော်ဟာ ချက်ချင်းပဲ အားနည်းသွားသယောင်နဲ့ ကိုကို့ပခုံးကို တွဲခိုထားလိုက်တယ်။

"အား... အန်လိုက်ရတာ အားမရှိတော့လို့ မတ်တပ်တောင်မရပ်နိုင်တော့ဘူး၊ အအေးမိတာနဲ့ဆိုင်လားမသိပေမယ့် ခေါင်းလည်းနည်းနည်းမူးတယ်... ဒီလိုပုံစံနဲ့ အိမ်ပြန်လို့ ဘယ်ဖြစ်မှာလဲ... ကိုကို လိုက်ပို့ပေးမယ်ဆိုရင်တောင် အိမ်ကလူတွေဆီကနေ ကိုကို့ဆီသွားနေရင်း နေမကောင်းဖြစ်လာတယ်လို့ အထင်မခံရချင်ပါဘူး"

သူ့ကို မျော့လိုတွယ်ကပ်နေတဲ့ကျွန်တော့်ကိုဖယ်ထုတ်ဖို့ရာ ကိုကိုတစ်ယောက် နှစ်ခါပြန်စဉ်းစားနေရပုံပဲ။

"တစ်ရက်တလေပဲ ကိုကိုရာ... ကျွန်တော် ဒီမှာအိပ်ပါ‌ရစေနော်..."

"..."

*

ရလဒ်ကတော့ ကျွန်တော်အောင်မြင်သွားပါတယ်။
ပုံမှန်ဆို အိမ်ရောက်တဲ့အထိကန်ထုတ်မှာဆိုပေမယ့် ဒီတစ်ခါတော့ နေမကောင်းလို့လားမသိ အများကြီးမပြောလိုက်ရဘူး။ ဘယ်နှစ်ခါမြောက်မှန်းမသိတဲ့ သက်ပြင်းချ၊ ကျွန်တော့်ကို ဆိုဖာပေါ်ထိုင်ခိုင်းပြီး ဆေးသွားယူနေတယ်။ ကျွန်တော်ဆေးသောက်ပြီးတဲ့နောက် သူပြောလာတဲ့စကားက...။

"ဒီည မင်း ကုတင်ပေါ်မှာအိပ်လိုက်..."

"ဗျာ... ကိုကိုနဲ့လား..."

ချက်ချင်းဆိုသလို ကျယ်နေတဲ့မျက်ဝန်းအိမ်လေးပိတ်သွားအောင် နဖူးတောက်တာ ခံလိုက်ရရဲ့။

"ထောက်..."

"အ..."

"အရူးလေး၊ ငါကအောက်မှာ အိပ်ရာခင်းခင်းအိပ်မှာ..."

"ဟာ... မလုပ်ပါနဲ့ ကိုကိုကလည်း...
ကျွန်တော် ငရဲကြီးကုန်လိမ့်မယ်"

"ဘာဆိုင်လို့လဲ... မင်းကနေမကောင်းတဲ့သူမို့ နွေးနွေးထွေးထွေး သက်သောင့်သက်သာအိပ်ရအောင် ကုတင်ပေါ်မှာအိပ်ခိုင်းတာလေ"

"အာ... အဲဒါက အဲ့လိုပေမယ့် ကျွန်တော်ကဗုဒ္ဓဘာသာမို့ အယူရှိတယ်၊ ကိုကိုက ကျွန်တော့်ထက်အသက်ကြီးသလို ကျွန်တော်ဆရာလည်း ဖြစ်သေးတယ်လေ... အသက်ဂုဏ်ဝါကြီးတဲ့သူကို ကိုယ့်ထက်နိမ့်ကျတဲ့နေရာမှာနေခိုင်းရင် မသင့်လျော်ဘူးလို့ လူကြီးတွေက ဆုံးမကြတယ်ဗျ"

"ဪ... မင်းက လူလိမ္မာလေးပဲ"

"ဒါပေါ့... ကိုကို အခုမှသိတာလား..."

"မင်းပြောတာနားလည်ပေမယ့် ဗုဒ္ဓဘာသာမှာ အခြေအနေအရ အားနည်းတဲ့သူကို ဦးစားပေးရမယ်ဆိုတဲ့ အဆုံးအမမျိုးလည်းရှိတယ်လို့ ငါကြားဖူးထားတယ်၊ ငါက ကိစ္စမရှိလို့ ဒီနေ့တော့ ငရဲကြီးတဲ့ကိစ္စ ခေါင်းထဲကထုတ်ထားလိုက်..."

"ဒါပေမယ့် ကိုကိုလည်း အပြည့်အဝနေကောင်းတဲ့သူမဟုတ်ဘူးလေ၊
လည်ပင်းကဒဏ်ရာကလည်း သန်ဘက်ခါကျမှ ချုပ်ရိုးဖြည်ရမှာ..."

"ရတယ်... ငါနေ‌မကောင်းတိုင်း မင်းပဲ တစ်ချိန်လုံး လိုက်ဂရုစိုက်ပေးနေခဲ့တာ၊ တစ်ခါတလေတော့ ငါလည်း မင်းကိုပြန်ကြည့်ပေးရမှာပေါ့"

"..."

"ဘာကြည့်နေတာလဲ..."

"ကိုကို... ကျွန်တော် ငိုမိတော့မယ်ထင်တယ်..."

အရည်လဲ့နေတဲ့မျက်လုံးဝိုင်းတွေနဲ့ သူ့ကိုကြည့်ရင်း အဲ့လိုပြောမိတော့ ဂရုစိုက်တတ်လွန်းတဲ့လူသားဟာ ကျွန်တော့်လက်ထဲ tissue box ထည့်ပေးလာပါတယ်။

*

ဒီညအစ်ကို့အခန်းမှာအိပ်မယ်လို့ အိမ်ကိုဖုန်းဆက်ထားလိုက်ပြီး  တကယ်တမ်း အစ်ကို့သူငယ်ချင်းအခန်းထဲရောက်နေတဲ့ကျွန်တော်ဟာ
အိမ်ရှင်ဖြစ်သူအိပ်ရာခင်းနေတာကို သူ့ကုတင်ပေါ်ကကြည့်ရင်း ဘာစကားစရမှန်းမသိဖြစ်နေတယ်။

"ကိုကို... ကိုကိုကျွန်တော့်ကို ပြောစရာအများကြီးရှိတယ်ဆို၊
ကျွန်တော်က နေသာမကောင်းပေမယ့် စကားလည်းပြောနိုင်သလို နားလည်းထောင်နိုင်တယ်နော်၊ ကျွန်တော်တို့ ဘာကစပြောကြမလဲ..."

"မင်းပြောတာ အရင်နားထောင်တာပေါ့၊ ဘာပြောမှာလဲ..."

"ကိုကိုကျွန်တော်မရှိဘဲ အဆင်မပြေဘူးမလား..."

"..."

စောင်အနားသတ်ကိုညီအောင်ညှိနေတဲ့ကိုကို့လက်က လေထဲမှာတန့်သွားတယ်။

"ဒီရက်မှာမေးမယ်လို့ လုပ်ထားတဲ့မေးခွန်းဆိုပေမယ့် ဒီကြားထဲဖြစ်ခဲ့သမျှသုံးသပ်လိုက်ရင် ကျွန်တော်တော့ အဲ့လိုပဲကောက်ချက်ချလို့ရတယ်၊ ကိုကို့အဖြေကဘယ်လိုလဲ"

"ငါ..."

ကိုကိုက ခေါက်ထားတဲ့စောင်ကို အိပ်ရာခင်းခြေရင်းမှာ နေရာတကျချလိုက်တယ်။ ပြီးတော့ ကုတင်ပေါ်ထိုင်နေတဲ့ကျွန်တော့်ကို ကျောခိုင်းထားလျက်နဲ့ ဆက်ပြောတာက...။

"ငါအရမ်းထူးဆန်း‌လာတယ်"

"ဘယ်လိုမျိုးလဲ..."

"ပြန်စဉ်းစားကြည့်ရင် မနှစ်က ဒီဇင်ဘာ ၁၉ ရက်ပဲ...
အဲ့ဒီအချိန်ကစပြီး ငါ့ရင်ထဲမှာဘာမှမရှိတော့သလိုမျိုး ခံစားမိလာတာ၊ နောက် တဖြည်းဖြည်းနဲ့ အဲ့ဒါက ပိုပိုပြီးသေချာလာတယ်၊ လစ်ဟာနေတဲ့ခံစားချက်ကလွဲရင် တခြားဘာမှခံစားလို့မရခဲ့ဘူး... လှုံ့ဆော်မှုတစ်ခုအရသာ အသက်ရှင်နေတဲ့ လူသေကောင်လိုပဲ"

"လှုံ့ဆော်မှုဆိုတာက..."

"သေသူတွေရဲ့မျှော်လင့်ချက်နဲ့ ငါ့ရဲ့သီးသန့်အိပ်မက်..."

အချိန်တိုင်းပဲ။ စကားမပြောတဲ့ကိုကို သူ့ရင်ထဲကစကားတွေ ထုတ်ပြောပြီဆို အမျိုးအမည်မသိတဲ့ဘာသာစကားနဲ့ ရေးသားသိမ်းဆည်းထားတဲ့ စာအုပ်တစ်အုပ်ပွင့်လာသလို ဖတ်နေရင်းပဲ အဓိပ္ပာယ်ကို တန်းပြီးနားမလည်နိုင်ဘူး။ ဒါပေမယ့် စာလုံးတိုင်းမှာ နုညံ့တဲ့ပြင်းအားတွေရှိမှန်းကိုတော့ ခံစားလို့ရတယ်။

"ငါ့မိဘတွေရဲ့နောက်‌ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့နဲ့ ငါ့ဘဝငါနောင်တမရအောင်နေဖို့ကလွဲရင် ငါအသက်ရှင်နေတာက တခြားဘာအကြောင်းကြောင့်မှ မဟုတ်သလို ဘယ်သူ့အတွက်မှလည်း မဟုတ်တော့ဘူးလို့ တွေးခဲ့တယ်၊ တကယ်လည်း အဲ့အတိုင်းရှေ့ဆက်ဖို့ လုပ်ခဲ့တယ်၊ မထူးဆန်းတဲ့ပုံစံခွက်ထဲကနေ့ရက်တွေနဲ့ မထူးဆန်းတဲ့ငါ ဒီအတိုင်းဆက်သွားနေခဲ့ရာက... စပြီးရှုပ်ထွေးလာတာ ဘယ်အချိန်ကမှန်း စဉ်းစားလို့မရဘူး၊ ဒီအတိုင်း ရုတ်တရက်ကြီးငါက ထူးဆန်းလာတယ်"

"ဥပမာ..."

သတိထားမိတယ်မလား။ ကျွန်တော်ဘာမှမလုပ်ဘဲ ဒီအတိုင်း စကားဝင်ထောက်ပေးနေတာ။ ကိုကိုက သူ့ကိုယ်သူဖော်ပြတဲ့နေရာမှာ ကျွမ်းကျင်တဲ့သူမဟုတ်ဘူး။ သူ့ကိုစာတစ်အုပ်လိုဖတ်လို့ရရင်တောင် ကျွန်တော်တော့ သူကိုယ်တိုင်ပြောမယ့်စကားတွေထဲကသူ့ကို မြင်အောင်ကြည့်ချင်သေးတယ်။ 

"ဥပမာ... ငါ့ကိုယ်ငါနားမလည်‌နိုင်တဲ့အရာမျိုးတွေ ထပ်ခါထပ်ခါလုပ်မိတာမျိုး၊ ငါမသိလိုက်ခင်မှာ ပြုံးရယ်လိုက်မိတာမျိုး၊ အရာတွေအများကြီးကို ခေါင်းထဲထည့်ပြီး ပူပန်နေမိတာမျိုး"

"ဥပမာ... sticky notes တွေ သိမ်းထားမိတာမျိုး...
ကပ်သီးကပ်သပ်နိုင်တဲ့ တပည့်တစ်ယောက်ကြောင့် ဒိုင်ယာရီ‌ထဲစာအရှည်ကြီး ချရေးနေမိတာမျိုး... ကိုယ်တိုင်မစားဘဲ ကွတ်ကီးတွေဖုတ်ထားတာမျိုး..."

သူ့စကားတစ်ဝက်မှာ အစားဝင်ပြီးဆက်ပြောလိုက်တော့ တစ်စုံတစ်ယောက်ဟာ ဒီအတိုင်းငြိမ်ဆိတ်နေရဲ့။

"stalker ကို အခန်းသော့အပိုပေးထားတာမျိုး... ပြီးတော့ 'မချစ်ဘူး' လို့ တစ်လျှောက်လုံးပြောနေပေမယ့် ကိုယ့်စကားအပေါ် သေချာမှုမရှိတော့တာမျိုး"

"နောက်ဆုံးစကားကို ပြောတဲ့လေသံက ယုံကြည်မှုအတော်ပြည့်ဝနေတာပဲ"

ကျွန်တော့်စကားဆုံးမှ မှတ်ချက်ပြုသံလေးကြားရတယ်။

"အဲ့ဒီယုံကြည်မှုက ကိုကိုအတည်ပြုပေးမှ လက်တွေ့အမှန်တရားဖြစ်လာမှာလေ..."

"မင်းငါ့ကိုစပြီးဖွင့်ပြောတုန်းကတော့ ငါမင်းကို လုံးဝမချစ်ဘူးဆိုတာ သေချာတယ်"

"အဲ့ဒီနောက် ကျွန်တော်ဆက်တိုက်ဖွင့်ပြောခဲ့တော့ရော..."

"မချစ်သေးဘူး"

"ကိုကို့ကို ကျွန်တော်ချစ်တယ်"

"..."

"ကျွန်တော်အခုပဲ ထပ်ပြီးပြောလိုက်ပြီ...
အခုကရော..."

"..."

"ကိုကိုဖြေလေ... အခုရောလို့..."

"ငါမသိဘူး"

ရှောင်စရာအဖြေမရှိတဲ့သူဟာ ဘူးတစ်လုံးဆောင်ရင်း ထရပ်လိုက်ပြီး အခန်း‌အပြင်ထွက်သွားဖို့ ခြေလှမ်းပြင်လိုက်တယ်။ ကျွန်တော်လှမ်းပြောလိုက်တဲ့စကားကို မကြားခင်ထိ။

"မသိလို့မရဘူးလေ... ကျွန်တော့်ပထမဆုံးအနမ်းကို ယူသွားတုန်းကကျတော့ ဒီလိုပုံစံမဟုတ်ဘဲနဲ့"

သူဦးနှောက်ရဲ့ မှတ်ဉာဏ်အကန့်ထဲရှိမနေတဲ့ information ကို ကျွန်တော့်ဆီကကြားလိုက်ရတဲ့အတွက် လည်ပြန်လှည့်ကြည့်လာတဲ့ ကိုကို့တုံ့ပြန်မှုက ခပ်မြန်မြန်ပဲ။

"ဘာတွေပြောနေတာလဲ...
ငါ့မွေးနေ့မှာငါ့ကို ဇွတ်နမ်းခဲ့တာက မင်းလေ..."

"ဘာတွေပြောနေတာလဲ... မနှစ်ဒီဇင်ဘာကတည်းက
ကိုကိုကအရင် ကျွန်တော့်ကိုလာနမ်းခဲ့တာလေ..."

"ဘာ..."

"အဟွန်း... ကိုကို မမှတ်မိဘူးမလား..."

ကျွန်တော်ငါးခူပြုံးပြုံးလို့ ကုတင်ဘေးကခြေချဆင်းလိုက်ပြီး
ခေါင်းအုံးဘေးမှာခွေနေတဲ့ မာဖလာနီလေးကို ကောက်ယူလိုက်တယ်။ စကားဆက်မပြောသေးဘဲ မာဖလာကိုလည်ပင်းမှာ ရစ်ခွေစေလိုက်တော့ လက်တစ်လှမ်းသာသာအကွာမှာရပ်နေတဲ့ ကိုကိုက ကျွန်တော့်ကို အထူးအဆန်းကြည့်နေရဲ့။

"မနှစ်က ဒီလိုရက်မနက်ခင်းမှာ ကိုကိုကျွန်တော့်ကို ဒီမာဖလာပေးခဲ့တာ... အဲ့ဒီနောက်တစ်ရက် ညဘက်ကျတော့ ကိုကို spy RED တွေဝယ်ပြီးအိမ်ပြန်လာခဲ့တယ်၊ ကိုကို့သူငယ်ချင်းက ဆွဲခေါ်လာလို့ကျွန်တော်ပါ ကိုကို့အခန်းကို ရောက်လာခဲ့ကြတယ်၊ ကိုကို spy တစ်ပုလင်းသောက်ပြီးတဲ့အချိန် အစ်ကိုအံ့ထူးမြတ်လည်း အနားမရှိတုန်းမှာ ကိုကိုကျွန်တော့်ကို ဘာလုပ်ခဲ့တယ်ထင်လဲ..."

"ငါ... ဘာလုပ်ခဲ့မိလို့လဲ..."

"တကယ်ပြောပြရမှာလား...
အဲ့ဒီညက အိမ်ရှေ့ခန်းက စားပွဲပုလေးနားမှာ ကိုကိုကျွန်တော့်ကို ဆဲတယ်၊ ဆံပင်ဆောင့်ဆွဲတယ်၊ လက်ကိုဆွဲယူပြီး ရင်ဘတ်ကိုစမ်းခိုင်းတယ်၊ နားနားလေးကိုကပ်ပြီး ချစ်တယ် လို့ ပြောတယ်"

"ငါကလေ..."

ကျွန်တော်ခေါင်းညိတ်ပြရင်း သူ့လက်ကိုလှမ်းဆွဲယူလိုက်တယ်။ နောက်အဲ့ဒီညက သူလုပ်သလိုအတိုင်း ကျွန်တော့်မာဖလာပေါ်ကို တင်လိုက်တယ်။

"ပြီးတော့ မာဖလာကိုပါဒီလိုဆွဲပြီး...
ကျွန်တော့်ကိုနမ်းခဲ့တာလေ..."

"ငါ... ငါက..."

"အင်း... ကိုကိုက..."

နားမလည်နိုင်ဖြစ်နေသူဟာ သူ့မျက်စိအောက်က ကျွန်တော့်ကိုတစ်လှည့် မာဖလာကိုတစ်လှည့်ကြည့်နေတယ်။ သူ့ပခုံးကို အသာလှမ်းကိုင်လိုက်တော့ တွန့်ခနဲဖြစ်သွားတဲ့တုံ့ပြန်မှု။ ကျွန်တော် နှုတ်ခမ်းကွေးဒီဂရီတွေကိုထိန်းထားရင်းပဲ လေသံနိမ့်နိမ့်နဲ့ မေးလိုက်တယ်။

"Do you feel any deja vu?"

"..."

အဲ့ဒီအခိုက်အတန့်မှာ ကိုကို့ဦးနှောက်က အရေးပေါ် မှတ်ဉာဏ်စစ်ဆေးမှုတစ်ခု လုပ်ဆောင်နေပုံရရဲ့။ နှာတံရိုးစင်းစင်းပေါ်က မှန်ပါးလေးရဲ့မှန်သားပြင်မှာ ဒေတာတွေပြေးလွှားနေတာကိုတောင် မြင်ရသလိုပဲ။

"မနှစ်ဒီဇင်ဘာတုန်းက ကိုကိုကျွန်တော့်ကို အများကြီးသင်ပေးခဲ့တာ..."

"..."

"အခု နည်းနည်းမှတ်မိလာပြီလား..."

သူ့မျက်လုံးထဲကို စိုက်ကြည့်ပြီးမေးလိုက်တော့ ကိုကိုကမှင်သက်နေတဲ့မျက်နှာထားနဲ့ ကျွန်တော့်ကိုပြန်ကြည့်တယ်။

"ငါဘာလို့... အဲ့လိုလုပ်ခဲ့တာလဲ..."

တော်ပါသေးရဲ့။ နောက်ဆုံးတော့ သူအရက်မူးပြီး ရမ်းကားခဲ့တဲ့ညအကြောင်း ပြန်မှတ်မိသွားပြီ။ ဒါလေး အသိပေးနိုင်ဖို့ရာ ကျွန်တော့်မယ် တစ်နှစ်အချိန်ယူလိုက်ရတယ်ဗျာ။ တကယ်...။

"ငါဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ..."

တစ်မိနစ်အတွင်း အကြိမ်ပေါင်းများစွာ။ ကိုကိုက အဲ့မေးခွန်းကိုပဲ ဆက်တိုက် နှုတ်ခမ်းလှုပ်ရုံအသံတိုးတိုးနဲ့ ရွတ်နေတယ်။

"ကျွန်တော့်အထင်အရ ကိုကိုဘာလို့အဲ့လိုလုပ်ခဲ့တာလဲဆိုတာ အချက်သုံးချက်ရှိတယ်... ပထမအချက်က အာကာဝေယံကြောင့် ဒုတိယအချက်က alcohol ကြောင့်၊ တတိယအချက်က ဒီလိုဖြစ်ဖို့ဖန်လာတဲ့ ကံကြမ္မာကြောင့်..."

တစ်နှစ်တာလုံးကို မှန်ထောင်ကြည့်လိုက်ရင် ထပ်တလဲလဲဖလင်ချပ်တွေ တဖျပ်ဖျပ်၊ ဆောင်းနှင်းတွေနဲ့လွင့်ပါမသွားတာသေချာအောင် သေချာပြောခဲ့တဲ့စကား‌တွေက အထပ်ထပ်အခါခါ။ ၃၆၅ ရက်လုံး ပြေးတမ်းလိုက်တမ်းကစားရင်း ကျွန်တော်တို့က ဒီတစ်နေရာတည်းမှာ တဝဲလည်လည်ရပ်နေကြတုန်းပဲလား။ ဒါမှမဟုတ် တစ်ခုခုကို အဆုံးအဖြတ်ပေးမယ့် မှတ်တိုင်တစ်ခုခုဆီထိ ခရီးပေါက်လာခဲ့ကြပြီလား။

မျက်ဝန်းနက်တစ်စုံထဲကအကြည့်တွေဟာ ကျွန်တော့်လည်ပင်းက မာဖလာဆီကို ပြန်ကျသွားတယ်။ ခေါင်းငုံ့လျက်ရပ်‌နေတဲ့တစ်ယောက်ရဲ့ မျက်နှာကို ကျွန်တော် အသာလေးချောင်းလိုက်ရင်း...။

"ကဲ... ကိုကို... အခု အားလုံးမှတ်မိပြီဆိုတော့...
ကျွန်တော့်ကို ဘယ်လိုတာဝန်ယူပေးဖို့ စိတ်ကူးထားလဲ..."

"..."

____________________________________
To be continued...

💖💖💖

HD တစ်ပိုင်းတစ်ပိုင်းအရှည်ကြီးတွေဖတ်ရတာ အဆင်ပြေကြရဲ့လားဗျ။ နောက်ပိုင်းရောက်လေလေ တစ်ပိုင်းစာက အစကထက်များလာလို့ အီမနေဘူးလား။ ကျွန်တော်ကလည်း plot သိပ်ချလေ့မရှိဘဲ စိတ်သွားရာရေးတာမို့။ but I truly hope it worths the wait!

💬 နောက်လထဲ ကျွန်တော် exam ရှိလို့ update ကြာနေတာပါ။ ရေးပြီးသားအကုန်တင်ပြီး လက်ထဲဘာမှမရှိတော့ရင်လည်း မနေတတ်လို့ တစ်ပိုင်းနှစ်ပိုင်း ချန်ချန်ထားရင်း ကပ်စေးကုပ်နေမိတာ။
hope you will understand and always thank you for your patience! 💛

Novella✒️

Continue Reading

You'll Also Like

10.2M 639K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
10.9K 223 28
အချို့သောဆက်ဆံရေးတွေကခေါင်းစဉ်တပ်ပြီးဖော်ပြတာထက်ပိုပြီးလေးနက်တာကြောင့် အန္တရာယ်များတဲ့လူတွေကိုထုတ်ပြောပြတာထက် ကိုယ်တို့၂ဦးပဲသိနေရင်လုံလောက်တယ်မဟုတ်လာ...
4K 64 9
Genre:BL,Toxic Warming:18+,Adult စိတ်ကူးယဉ်သက်သက်ရေးထားတဲ့အတွက် အပြင်လောကနဲ့ကွာခြားပါလိမ့်မည်
397K 28.3K 106
After loosing his parents All Arhan Ahmed khan had was his baby sister. Can he fall in love with tons of responsibilities on his young shoulders? Fol...