[Unicode]
လမ်းမပေါ်မှာ ကားက ဖြေးညှင်းစွာ ရွေ့လျားနေ၏။
ကြောက်နေတဲ့ ကြောင်ပေါက်လေးလို ကျန်းရှန့်မေကတော့ ထိုင်ခုံပေါ်မှာ အကြောတစ်ခုတောင် မလှုပ်ရှားပဲ တိတ်ဆိတ်စွာ ထိုင်နေလေသည်။
ဟော်ပေ့ချန်ရဲ့ ဖုန်းမှာ ဖြည်းညှင်းစွာ installလုပ်နေတဲ့ Weibo appကို နင်မုန့် ကြည့်လိုက်သည်။ ပြီးနောက်မှာတော့ လည်နေတဲ့ စက်ဝိုင်းလေးက ရပ်သွားပြီ ဖြစ်သလို installလုပ်လို့ ပြီးသွားလေပြီ။ ထိုအရာကို မြင်လိုက်ရတဲ့အခါ နင်မုန့်လည်း စိတ်လှုပ်ရှားစွာ တံတွေးမြိုချမိသွားသည်။
ထက်မြက် သိမ်မွေ့တဲ့ မျက်လုံးတွေနဲ့ ဟော်ပေ့ချန်က ဖုန်းကို ကြည့်နေ၏။ ရှည်သွယ်တဲ့ လက်ချောင်းတွေက Weibo appကို ဖွင့်ဖို့ ဖြည်းဖြည်းချင်း ရွေ့လျားလာသည်....
နင်မုန့်က အလျင်အမြန်ပဲ သူ့လက်တွေကို ဆုပ်ကိုင်လိုက်ပြီး "ယောက်ျား ရှင် အနံ့ရလား? ကားထဲမှာ တစ်ခုခု လောင်နေတဲ့ အနံ့နဲ့ တူတယ်"
"?"
ဟော်ပေ့ချန်က ရှုပ်ထွေးသလို သူမကို ကြည့်လာသည်။
တဖက်မှ ကျန်းရှန့်မေက တုန်လှုပ်စွာနဲ့ ကားမောင်းသူကို အောပြောလိုက်သည် "ကား အင်ဂျင်များ လောင်နေတာလား?! မြန်မြန်! မြန်မြန် ရပ်လိုက်တော့လေ!!"
"??"
လူတိုင်းက သူမကို ပဟေဠိဆန်စွာ ကြည့်လာကြ၏။
ချောင်းတုဆိုးလိုက်ရင်းသာ နင်မုန့်က သူ့စကားတွေကို ဆက်ပြောလိုက်သည် "ဘာလို့ဆို ကျွန်မ နှလုံးသားလေးက ရှင့်ကို စွဲလမ်းစိတ်နဲ့ လောင်ကျွမ်းနေလို့လေ~"
"??"
"..."
ဟော်ပေ့ချန်ကို ပြောလိုက်တဲ့ သူမ သူငယ်ချင်းဖြစ်သူရဲ့ စကားကြောင့် ကျန်းရှန့်မေက ဝေခွဲမရ ဖြစ်နေပေမယ့် နင်မုန့်ရဲ့ အဓိပ္ပာယ်မရှိတဲ့ အီစီကလီတွေကြား ကြောနပ်နေသူတွေကတော့ တိတ်ဆိတ်ကျန်ခဲ့၏။
ကြည်လင်နေတဲ့ မျက်ဝန်းနက်တွေက နင်မုန့်မျက်နှာကို မော့ကြည့်လာသည်။
အမျိုးသမီးလေးက ဆံပင်ကို ဒီည ponytailပုံစံ စည်းထားတာဖြစ်၏။ အစောက VIPထိုင်ခုံဆီမှ ပြေးထွက်လာရတဲ့ အရှိန်ကြောင့် ဆံပင်တွေက အနည်းငယ် ရှုပ်ပွလို့နေသည်။ သူမ ချည်ထားတဲ့ ponytailဆီမှ ဆံပင် အနည်းငယ် ဟိုတစ ဒီတစ ထွက်နေပုံက တစ်စုံတယောက် ပြုပြင်လာပေးဖို့ လက်ယက်ခေါ်နေသည့်အလား။
ဒါကြောင့်ပဲ သူ့ဖုန်းကို ချလိုက်ပြီး သူမ ခေါင်းပေါ် ဟော်ပေ့ချန်က သူ့ လက်ကို တင်လိုက်သည်။ မိန်းကလေးရဲ့ မျက်နှာက ချက်ချင်းဆိုသလို တောင့်တင်းသွားပြီး ဖြူလျော့သွား၏။ လှပတဲ့ သူမ မျက်ဝန်းတွေထဲမှ ကြောက်ရွံ့မှုတွေကို သူ မြင်နေရသည်။
သူမ အနေနဲ့ ဘယ်လိုလုပ်ပြီး မကြောက်ဘဲလဲ နေနိုင်မှာလဲ?
hot searchပေါ်က အကြောင်းတွေ ပြန်စဉ်းစားလိုက်တာနှင့် ထိုကြီးမားပြီး အားကောင်းတဲ့ လက်က သူမရဲ့ ခေါင်းသေးသေးလေးကို ချိုးပြီး အဆုံးသတ်ပေးလိုက်မှာကို နင်မုန့် ကြောက်လာ၏။
အကြောက်တရားတို့နှင့် ထိုင်နေရင်းမှ အမျိုးသားက သူမရဲ့ ခေါင်းကို နူးညံ့စွာ ထိတွေ့လာတာကို ခံစားလိုက်ရသည်။
ကားအမှောင်အတွင်းမှာ အေးစက်ပြီး ကြင်နာပုံမပေါ်တဲ့ သူ့ မျက်နှာပေါ်မှ နူးညံ့မှုတွေကို သူမ မြင်နေရသည်။
သူ့နှုတ်ခမ်းတွေက အနည်းငယ် ကွေးတက်နေပြီး "ဒီတော့ မင်းကိုယ်ထဲက မီးတောက်ကို ငါ ထုတ်ပေးဖို့ ဆုတောင်းနေတာလား?"
"!?"
ဖိတ်ခေါ်လာတဲ့ နက်ရှိုင်းသော အသံက သူမ နား နားမှာ တုန်ခါလာရင်း အသက်ရှူရ လေးလံလာခြင်းနဲ့ အတူ နှလုံးသားက လျင်မြန်စွာ ရွေ့လျားလာ၏။ ကတိုက်ကရိုက်နှင့်ပဲ သူမ ပြန်ပြောလိုက်သည် "ဟအင်း...ဟင့်အင်း...အဲ့လို လုပ်ဖို့ မလိုပါဘူး"
အမျိုးသားက စနောက်တဲ့ အပြုံးနဲ့ သူမကို ရီဝေစွာ ကြည့်လာပြီး "အိုး တကယ်လား? တော်တော် ဆိုးတာပဲ"
"..."
တော်တော် ဆိုးတယ်? ဘာက တော်တော် ဆိုးတာလဲ!? ဘာလို့များ ဒီနေ့ညမှ သူ့စကားတွေက အရမ်း....မြှူဆွယ်နေရတာလဲ? သူမ သိခဲ့တဲ့ ဘုရင်ကြီးချန်မှ ဟုတ်ရဲ့လား? မဟုတ်ဘူး မဖြစ်နိုင်လောက်ဘူး။ သူမဘာသာ လျှောက်ထင်နေတာပဲ ဖြစ်မှာပါ!
မတ်မတ် ထိုင်လိုက်ပြီး အနေအထားကို ပြန်ထိန်းလိုက်ရင်း နင်မုန့်က မရည်ရွယ်စွာပဲ ပတ်ကြည့်လိုက်သည်။ ဟော်ပေ့ချန်က သူ့ဖုန်းကို နောက်တကြိမ် ကိုင်တာ မြင်တဲ့အခါ သူမက အလျင်အမြန်ပဲ ပါးစပ်ကို ဖွင့်လိုက်ပြီး အာရုံ ပြောင်းအောင် ကြိုးစားလိုက်သည်။ "ယောက်ျား ကျွန်မတို့ ရက်အနည်းငယ်လောက် ခွဲနေခဲ့ရတာဆိုတော့ ရှင် ကျွန်မကို မလွမ်းဘူးလား?"
သူ့ဖုန်းကို နောက်တကြိမ် ပြန်ချလိုက်ပြီး ဟော်ပေ့ချန်က သူမဘက်သို့ လှည့်ကြည့်လာ၏။
သူမရဲ့ အဓိပ္ပာယ်မရှိတဲ့ မေးခွန်းကို မဖြေလောက်ဘူးဟု နင်မုန့် ထင်လိုက်သည်။ သို့သော်လည်း....
"အင်း လွမ်းတယ်"
"..."
အိုးး! ကားထဲမှ အပူချိန်က ထပ်မံ မြင့်တက်လို့သွားသည်။
မျက်နှာက နီမြန်း လောင်ကျွမ်းလာတာကို နင်မုန့် ခံစားလို့ရနေ၏။ သူ့အကြည့်တွေကို ရှောင်ရင်းပဲ ကတိုက်ကရိုက် မေးလိုက်သည် "ဘယ်...ဘယ်လောက်လဲ?"
ထိုသို့ ပြောပြီးတဲ့အခါ သူမကိုယ်သူမ တစ်စစီသာ လုပ်ပစ်ချင်သွားသည်။ သူ့ကို ဘယ်လို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းကြီး မေးမိသွားရတာလဲ?
ထို့တိုင်အောင် အမျိုးသားရဲ့ အပူချိန် မြင့်တက်နေမှုကို သူမ ခံစားလို့ရနေသည်။ သူမကို လွမ်းတဲ့အကြောင်း ရှည်ကြာစွာ တွေးတောလျက် ခံစားချက်ကို ဖိနှိပ်ထားရင်း သူ့မျက်ဝန်းတွေက တောက်ပလို့နေ၏။ ထို့နောက်မှာတော့ နက်ရှိုင်းတဲ့ အသံနဲ့ ပြန်ပြောလာသည် "အရမ်းပဲ"
နှစ်တွေ ကြာခဲ့ပေပြီ။
သူမ ပြန်လာတာကို စောင့်ရင်း ဘာမှ မလုပ်ဘဲ နှစ်တွေအများကြီး သူတစ်ယောက်တည်း ရှိခဲ့ရတာ ဖြစ်သည်။
သူမကို ပျောက်သွားပြီးတည်းက....သူ တစ်ယောက်တည်း ရှိလာခဲ့တာ အရမ်း ကြာနေခဲ့ပြီ ဖြစ်သည်။
ရုတ်တရက် ဆန်လှတဲ့ သူ့ပုံစံကို နင်မုန့် နားမလည်တော့ သူမ ထပ်ပြီး သက်သေယူကြည့်ဖို့ လုပ်လိုက်ချိန်မှာပဲ....
ဒင်!
သူမ နဲ့ ကျန်းရှန့်မေရဲ့ ဖုန်းက တချိန်တည်း မြည်လာ၏။
နင်မုန့်ကတော့ လစ်လျူရှူလိုက်သည်။ သို့သော်လည်း ကျန်းရှန့်မေကတော့ ထိုသို့ မဟုတ်။
ကျန်းရှန့်မေက ချီရှန်ပို့လာတဲ့ voice messageကို နှိပ်လိုက်တဲ့အခါ သူ့ရဲ့ ကျယ်လောင်သည့် အသံကို ကားထဲမှာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
"နင်မုန့်! ငါကတော့ နင့်ကို လူသစ်တစ်ယောက် အနေနဲ့ ပြန်လာပြီ မှတ်လိုက်တာ! အဲ့တာတောင်မှ အခုလို အမျိုးသား အနုပညာရှင် တစ်ယောက်နဲ့ သတင်းထွက်အောင်ထိ နေနေမယ် မထင်ခဲ့ဘူး! ဟမ့် နင့်အကြောင်းက အခုဆို hot searchတောင် ဖြစ်နေပြီ! ငါ့ဘော့စ် အပေါ်ကိုများ ဖောက်ပြန်ရဲတယ်! ငါပြောမယ် နင်က ဂြိုလ်ဆိုးမပဲ! နင်က တကယ်ကို ဂြိုလ်ဆိုးမပဲ!!"
[၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
-------
[Zawgyi]
လမ္းမေပၚမွာ ကားက ေျဖးၫွင္းစြာ ေရြ့လ်ားေန၏။
ေၾကာက္ေနတဲ့ ေၾကာင္ေပါက္ေလးလို က်န္းရွန႔္ေမကေတာ့ ထိုင္ခံုေပၚမွာ အေၾကာတစ္ခုေတာင္ မလႈပ္ရွားပဲ တိတ္ဆိတ္စြာ ထိုင္ေနေလသည္။
ေဟာ္ေပ့ခ်န္ရဲ့ ဖုန္းမွာ ျဖည္းၫွင္းစြာ installလုပ္ေနတဲ့ Weibo appကို နင္မုန႔္ ၾကၫ့္လိုက္သည္။ ၿပီးေနာက္မွာေတာ့ လည္ေနတဲ့ စက္ဝိုင္းေလးက ရပ္သြားၿပီ ျဖစ္သလို installလုပ္လို႔ ၿပီးသြားေလၿပီ။ ထိုအရာကို ျမင္လိုက္ရတဲ့အခါ နင္မုန႔္လည္း စိတ္လႈပ္ရွားစြာ တံေတြးၿမိဳခ်မိသြားသည္။
ထက္ျမက္ သိမ္ေမြ့တဲ့ မ်က္လံုးေတြနဲ႔ ေဟာ္ေပ့ခ်န္က ဖုန္းကို ၾကၫ့္ေန၏။ ရွည္သြယ္တဲ့ လက္ေခ်ာင္းေတြက Weibo appကို ဖြင့္ဖို႔ ျဖည္းျဖည္းခ်င္း ေရြ့လ်ားလာသည္....
နင္မုန႔္က အလ်င္အျမန္ပဲ သူ႔လက္ေတြကို ဆုပ္ကိုင္လိုက္ၿပီး "ေယာက္်ား ရွင္ အနံ႔ရလား? ကားထဲမွာ တစ္ခုခု ေလာင္ေနတဲ့ အနံ႔နဲ႔ တူတယ္"
"?"
ေဟာ္ေပ့ခ်န္က ရႈပ္ေထြးသလို သူမကို ၾကၫ့္လာသည္။
တဖက္မွ က်န္းရွန႔္ေမက တုန္လႈပ္စြာနဲ႔ ကားေမာင္းသူကို ေအာေျပာလိုက္သည္ "ကား အင္ဂ်င္မ်ား ေလာင္ေနတာလား?! ျမန္ျမန္! ျမန္ျမန္ ရပ္လိုက္ေတာ့ေလ!!"
"??"
လူတိုင္းက သူမကို ပေဟဠိဆန္စြာ ၾကၫ့္လာၾက၏။
ေခ်ာင္းတုဆိုးလိုက္ရင္းသာ နင္မုန႔္က သူ႔စကားေတြကို ဆက္ေျပာလိုက္သည္ "ဘာလို႔ဆို ကြၽန္မ ႏွလံုးသားေလးက ရွင့္ကို စြဲလမ္းစိတ္နဲ႔ ေလာင္ကြၽမ္းေနလို႔ေလ~"
"??"
"..."
ေဟာ္ေပ့ခ်န္ကို ေျပာလိုက္တဲ့ သူမ သူငယ္ခ်င္းျဖစ္သူရဲ့ စကားေၾကာင့္ က်န္းရွန႔္ေမက ေဝခြဲမရ ျဖစ္ေနေပမယ့္ နင္မုန႔္ရဲ့ အဓိပၸာယ္မရိွတဲ့ အီစီကလီေတြၾကား ေၾကာနပ္ေနသူေတြကေတာ့ တိတ္ဆိတ္က်န္ခဲ့၏။
ၾကည္လင္ေနတဲ့ မ်က္၀န္းနက္ေတြက နင္မုန႔္မ်က္ႏွာကို ေမာ့ၾကၫ့္လာသည္။
အမ်ိဳးသမီးေလးက ဆံပင္ကို ဒီည ponytailပံုစံ စည္းထားတာျဖစ္၏။ အေစာက VIPထိုင္ခံုဆီမွ ေျပးထြက္လာရတဲ့ အရိွန္ေၾကာင့္ ဆံပင္ေတြက အနည္းငယ္ ရႈပ္ပြလို႔ေနသည္။ သူမ ခ်ည္ထားတဲ့ ponytailဆီမွ ဆံပင္ အနည္းငယ္ ဟိုတစ ဒီတစ ထြက္ေနပံုက တစ္စံုတေယာက္ ျပဳျပင္လာေပးဖို႔ လက္ယက္ေခၚေနသၫ့္အလား။
ဒါေၾကာင့္ပဲ သူ႔ဖုန္းကို ခ်လိုက္ၿပီး သူမ ေခါင္းေပၚ ေဟာ္ေပ့ခ်န္က သူ႔ လက္ကို တင္လိုက္သည္။ မိန္းကေလးရဲ့ မ်က္ႏွာက ခ်က္ခ်င္းဆိုသလို ေတာင့္တင္းသြားၿပီး ျဖဴေလ်ာ့သြား၏။ လွပတဲ့ သူမ မ်က္၀န္းေတြထဲမွ ေၾကာက္ရြံ႔မႈေတြကို သူ ျမင္ေနရသည္။
သူမ အေနနဲ႔ ဘယ္လိုလုပ္ၿပီး မေၾကာက္ဘဲလဲ ေနႏိုင္မွာလဲ?
hot searchေပၚက အေၾကာင္းေတြ ျပန္စဉ္းစားလိုက္တာႏွင့္ ထိုႀကီးမားၿပီး အားေကာင္းတဲ့ လက္က သူမရဲ့ ေခါင္းေသးေသးေလးကို ခ်ိဳးၿပီး အဆံုးသတ္ေပးလိုက္မွာကို နင္မုန႔္ ေၾကာက္လာ၏။
အေၾကာက္တရားတို႔ႏွင့္ ထိုင္ေနရင္းမွ အမ်ိဳးသားက သူမရဲ့ ေခါင္းကို ႏူးညံ့စြာ ထိေတြ့လာတာကို ခံစားလိုက္ရသည္။
ကားအေမွာင္အတြင္းမွာ ေအးစက္ၿပီး ၾကင္နာပံုမေပၚတဲ့ သူ႔ မ်က္ႏွာေပၚမွ ႏူးညံ့မႈေတြကို သူမ ျမင္ေနရသည္။
သူ႔ႏႈတ္ခမ္းေတြက အနည္းငယ္ ေကြးတက္ေနၿပီး "ဒီေတာ့ မင္းကိုယ္ထဲက မီးေတာက္ကို ငါ ထုတ္ေပးဖို႔ ဆုေတာင္းေနတာလား?"
"!?"
ဖိတ္ေခၚလာတဲ့ နက္ရိႈင္းေသာ အသံက သူမ နား နားမွာ တုန္ခါလာရင္း အသက္ရႉရ ေလးလံလာျခင္းနဲ႔ အတူ ႏွလံုးသားက လ်င္ျမန္စြာ ေရြ့လ်ားလာ၏။ ကတိုက္ကရိုက္ႏွင့္ပဲ သူမ ျပန္ေျပာလိုက္သည္ "ဟအင္း...ဟင့္အင္း...အဲ့လို လုပ္ဖို႔ မလိုပါဘူး"
အမ်ိဳးသားက စေနာက္တဲ့ အၿပံဳးနဲ႔ သူမကို ရီေဝစြာ ၾကၫ့္လာၿပီး "အိုး တကယ္လား? ေတာ္ေတာ္ ဆိုးတာပဲ"
"..."
ေတာ္ေတာ္ ဆိုးတယ္? ဘာက ေတာ္ေတာ္ ဆိုးတာလဲ!? ဘာလို႔မ်ား ဒီေန့ညမွ သူ႔စကားေတြက အရမ္း....ျမႇဴဆြယ္ေနရတာလဲ? သူမ သိခဲ့တဲ့ ဘုရင္ႀကီးခ်န္မွ ဟုတ္ရဲ့လား? မဟုတ္ဘူး မျဖစ္ႏိုင္ေလာက္ဘူး။ သူမဘာသာ ေလ်ွာက္ထင္ေနတာပဲ ျဖစ္မွာပါ!
မတ္မတ္ ထိုင္လိုက္ၿပီး အေနအထားကို ျပန္ထိန္းလိုက္ရင္း နင္မုန႔္က မရည္ရြယ္စြာပဲ ပတ္ၾကၫ့္လိုက္သည္။ ေဟာ္ေပ့ခ်န္က သူ႔ဖုန္းကို ေနာက္တႀကိမ္ ကိုင္တာ ျမင္တဲ့အခါ သူမက အလ်င္အျမန္ပဲ ပါးစပ္ကို ဖြင့္လိုက္ၿပီး အာရံု ေျပာင္းေအာင္ ႀကိဳးစားလိုက္သည္။ "ေယာက္်ား ကြၽန္မတို႔ ရက္အနည္းငယ္ေလာက္ ခြဲေနခဲ့ရတာဆိုေတာ့ ရွင္ ကြၽန္မကို မလြမ္းဘူးလား?"
သူ႔ဖုန္းကို ေနာက္တႀကိမ္ ျပန္ခ်လိုက္ၿပီး ေဟာ္ေပ့ခ်န္က သူမဘက္သို႔ လွၫ့္ၾကၫ့္လာ၏။
သူမရဲ့ အဓိပၸာယ္မရိွတဲ့ ေမးခြန္းကို မေျဖေလာက္ဘူးဟု နင္မုန႔္ ထင္လိုက္သည္။ သို႔ေသာ္လည္း....
"အင္း လြမ္းတယ္"
"..."
အိုးး! ကားထဲမွ အပူခ်ိန္က ထပ္မံ ျမင့္တက္လို႔သြားသည္။
မ်က္ႏွာက နီျမန္း ေလာင္ကြၽမ္းလာတာကို နင္မုန႔္ ခံစားလို႔ရေန၏။ သူ႔အၾကၫ့္ေတြကို ေရွာင္ရင္းပဲ ကတိုက္ကရိုက္ ေမးလိုက္သည္ "ဘယ္...ဘယ္ေလာက္လဲ?"
ထိုသို႔ ေျပာၿပီးတဲ့အခါ သူမကိုယ္သူမ တစ္စစီသာ လုပ္ပစ္ခ်င္သြားသည္။ သူ႔ကို ဘယ္လို အဓိပၸာယ္မရိွတဲ့ ေမးခြန္းႀကီး ေမးမိသြားရတာလဲ?
ထို႔တိုင္ေအာင္ အမ်ိဳးသားရဲ့ အပူခ်ိန္ ျမင့္တက္ေနမႈကို သူမ ခံစားလို႔ရေနသည္။ သူမကို လြမ္းတဲ့အေၾကာင္း ရွည္ၾကာစြာ ေတြးေတာလ်က္ ခံစားခ်က္ကို ဖိႏိွပ္ထားရင္း သူ႔မ်က္၀န္းေတြက ေတာက္ပလို႔ေန၏။ ထို႔ေနာက္မွာေတာ့ နက္ရိႈင္းတဲ့ အသံနဲ႔ ျပန္ေျပာလာသည္ "အရမ္းပဲ"
ႏွစ္ေတြ ၾကာခဲ့ေပၿပီ။
သူမ ျပန္လာတာကို ေစာင့္ရင္း ဘာမွ မလုပ္ဘဲ ႏွစ္ေတြအမ်ားႀကီး သူတစ္ေယာက္တည္း ရိွခဲ့ရတာ ျဖစ္သည္။
သူမကို ေပ်ာက္သြားၿပီးတည္းက....သူ တစ္ေယာက္တည္း ရိွလာခဲ့တာ အရမ္း ၾကာေနခဲ့ၿပီ ျဖစ္သည္။
ရုတ္တရက္ ဆန္လွတဲ့ သူ႔ပံုစံကို နင္မုန႔္ နားမလည္ေတာ့ သူမ ထပ္ၿပီး သက္ေသယူၾကၫ့္ဖို႔ လုပ္လိုက္ခ်ိန္မွာပဲ....
ဒင္!
သူမ နဲ႔ က်န္းရွန႔္ေမရဲ့ ဖုန္းက တခ်ိန္တည္း ျမည္လာ၏။
နင္မုန႔္ကေတာ့ လစ္လ်ူရႉလိုက္သည္။ သို႔ေသာ္လည္း က်န္းရွန႔္ေမကေတာ့ ထိုသို႔ မဟုတ္။
က်န္းရွန႔္ေမက ခ်ီရွန္ပို႔လာတဲ့ voice messageကို ႏိွပ္လိုက္တဲ့အခါ သူ႔ရဲ့ က်ယ္ေလာင္သၫ့္ အသံကို ကားထဲမွာ ရွင္းရွင္းလင္းလင္း ၾကားလိုက္ရ၏။
"နင္မုန႔္! ငါကေတာ့ နင့္ကို လူသစ္တစ္ေယာက္ အေနနဲ႔ ျပန္လာၿပီ မွတ္လိုက္တာ! အဲ့တာေတာင္မွ အခုလို အမ်ိဳးသား အႏုပညာရွင္ တစ္ေယာက္နဲ႔ သတင္းထြက္ေအာင္ထိ ေနေနမယ္ မထင္ခဲ့ဘူး! ဟမ့္ နင့္အေၾကာင္းက အခုဆို hot searchေတာင္ ျဖစ္ေနၿပီ! ငါ့ေဘာ့စ္ အေပၚကိုမ်ား ေဖာက္ျပန္ရဲတယ္! ငါေျပာမယ္ နင္က ၿဂိဳလ္ဆိုးမပဲ! နင္က တကယ္ကို ၿဂိဳလ္ဆိုးမပဲ!!"
[၂၅ပိုင္းစီပါတဲ့ pdf စာစဉ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာဝယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဉ္ေတြပါ စာစဉ္၇ [EP-165 to 189]၊ စာစဉ္၈ [EP-190 to 214]၊ စာစဉ္၉[ EP-215 to 239]၊ စာစဉ္၁၀ [EP-239 to 264]၊ စာစဉ္၁၁[EP-265 to 289]၊ စာစဉ္၁၂ [EP-290 to 314]၊ စာစဉ္၁၃ [EP-315 to 339]၊ စာစဉ္၁၄ [EP-340 to 364]၊ စာစဉ္၁၅ EP-365 to 389တို႔ပါ🥰]