Heartless December❄️ ZG versi...
By Novella_1001
2.7K 275 40
HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More
Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
11 2 0
By Novella_1001
❄️❄️❄️
"ကိုကို!!!"
ကျွန်တော်‌‌ပုန်းနေရာက ပြေးသွားပြီး သူ့လုပ်ရပ်ကိုတားဆီးလိုက်ပေမယ့် သွေးထွက်သံယိုတွေကို မကာကွယ်လိုက်နိုင်ဘူး။ ကိုကို့လည်တိုင်မှာ ဓားရာက ရဲခနဲဖြာလာတဲ့သွေးစီးကြောင်းနဲ့အတူ ပေါ်လာတယ်။ ဓားသွားဟာ လည်တိုင်မှာကန့်လန့်ဖြတ်အနေအထားနဲ့ ရပ်တန့်နေဆဲ။
"ခွန်း!! ဓားကို ချလိုက်! ငါတောင်းပန်ပါတယ်!"
"..."
ကျွန်တော်ဆုပ်ဖမ်းထားတဲ့ ကိုကို့လက်က ရေခဲကိုထိရသလို အေးစက်နေပြီး သွေးစက်တွေကတော့ မီးစ‌လိုပူနွေးလို့။
"ငါတကယ် တောင်းပန်ပါတယ် ခွန်းရာ...
အဲ့ဒါကြောင့် စိတ်အေးအေးထားပြီး ခဏလေး..."
မျှော်လင့်မထားတဲ့အရာဖြစ်သွားတာကို မြင်လိုက်ရလို့ မှင်သက်နေရာက သတိဝင်လာတဲ့အာကာဝေယံက ခြောက်ကပ်နေတဲ့အသံနဲ့နားချရင်း အနားကိုတိုးကပ်လာဖို့ ပြင်လိုက်တယ်။
"မလာနဲ့!!!"
"..."
ကိုကို့ရဲ့ ခေါင်းငုံ့ပြီးအော်လိုက်သံက နှစ်မီတာအကွာကလူရဲ့ခြေလှမ်းတွေကို တန့်ခနဲရပ်သွားစေတယ်။
"ခွန်း..."
"ငါ့နာမည်ကို မခေါ်နဲ့!!"
"..."
အသံကိုကျယ်ကျယ်ထုတ်လိုက်တဲ့အလျောက် လည်တိုင်ကသွေးတွေဟာ ရဲရဲသည်းသည်းစိမ့်ထွက်လာလို့။
"ရှေ့ထပ်တိုးလာရင် ငါ့အလောင်းကောက်ဖို့ကိုပဲ တွေးထားလိုက်!"
"ငါ... ငါတောင်းပန်ပါတယ်... မင်းအနားမလာစေချင်ရင် မလာပါဘူး၊ အဲ့ဒါကြောင့် ဓားကိုအရင်ချပြီး..."
"ငါ မင်းကို မုန်းတယ် အာကာဝေယံ!"
"..."
"ဒီစကားပြောထွက်ဖို့ရာ အချိန်အကြာကြီးဆွံ့အနေခဲ့တဲ့ ‌ငါ့ကိုယ်ငါလည်း မုန်းတယ်! မင်းကိုချစ်ခဲ့မိတဲ့အတွက်မုန်းသလို မင်းအချစ်တွေကို ယူခဲ့မိတဲ့အတွက်လည်းမုန်းတယ်! မုန်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ် ရွံရှာလာတဲ့အထိပဲ..."
"..."
"ငါနောင်တရတယ်...
မင်းနဲ့ချစ်ခဲ့မိတာကို... မင်းကိုယုံကြည်ခဲ့မိတာ၊ ပုံအပ်ခဲ့မိတာ၊ မင်းနဲ့ငါ့အချစ်ရေးမပျက်ပြားဖို့သက်သက်အတွက် တခြားသူတွေကိုပါ ထိခိုက်စေခဲ့မိတာ၊ လမ်းခွဲပြီးတဲ့နောက်ထိ စောက်ရူးလို မင်းကိုမမေ့ဖျောက်နိုင်ခဲ့တာ... အားလုံးကို ငါတကယ်ကို နောင်တရတယ်... အဓိပ္ပာယ်လုံးလုံးမရှိတဲ့ မင်းရဲ့ကစားပွဲထဲမှာ အကြာကြီးလူးလှိမ့်နေပြီး မင်းပြောင်းလဲလာဖို့ မျှော်လင့်ခဲ့တာက... ငါ့ဘ၀ရဲ့အကြီးမားဆုံးအမှားပဲ... ဒီအစား ငါတို့မတွေ့ခဲ့တာမှ ကောင်းဦးမယ်၊ ဒါဆို... ဘယ်သူမှနစ်နာစရာမရှိဘူး... ဒီလို စိတ်ပျက်စရာအခြေအနေမျိုးနဲ့လည်း အဆုံးသတ်စရာ... မလိုဘူး..."
မူမမှန်တဲ့အသက်ရှူသံတွေနဲ့အတူ စကားလုံးတွေဟာ ဆောင့်ကန်အားတစ်ခုရထားသလို လွင့်ထွက်လာကြတယ်။ တစိမ့်စိမ့်စီးကျသွားတဲ့ သွေးစက်တွေကတော့ ဆွယ်တာအဖြူလေး‌ကို ဆေးအရဲဆိုးပြီး စွန်းပေစေရင်း...။
ကိုကို့စကားတွေကို အာကာဝေယံဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်နေလဲဆိုတာ ကျွန်တော်ဂရုမစိုက်အားနိုင်တော့ဘူး။ ကျွန်တော့်လက်ဖမိုးတစ်ခုလုံး အနီရောင်သမ်းနေပြီ။ တင်ထားရုံလေးမဟုတ်ဘဲ ဓားသွားတစ်ခြမ်းစာလုံး သွေးရဲရဲနီနေပြီး ကိုကိုဓားကိုင်ထားပုံက တင်းကြပ်နေတာမို့ ဓားကိုဖယ်ဖို့ အရမ်းလှုပ်ရှားလိုက်ရင်လည်း အန္တရာယ်ပိုများသွားမှာကို စိုးရိမ်ရတယ်။ သူ့ရှေ့ဆက်မတိုးအောင် ဒီအတိုင်းထိန်းထားရုံလေးနဲ့ ရပ်နေရင်လည်း သွေးထွက်လွန်လာလိမ့်မယ်။ ကိုကို့ကိုထပ်မနာကျင်စေဘဲ သူ့လည်တိုင်ထဲနစ်နေတဲ့ဓားကို ဘယ်လို‌ဆွဲဖယ်ရမလဲတွေးရင်း အခြေအနေကြည့်ရင်း နှလုံးသားက နာကျင်လာရင်း...။
"မလုပ်ပါနဲ့ ကိုကို...
ကျွန်တော် တောင်းပန်ပါတယ်... ဓားကို ဖယ်လိုက်ပါ..."
တိမ်ဝင်နေတဲ့ ကျွန်တော့်အသံက သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲစေနိုင်ပါ့မလား မသေချာဘူး။
"လွှတ်ပေးပါတော့..."
"..."
ကျွန်တော် မဝံ့မရဲဖြစ်သွားပေမယ့် လမ်းပေါ်ကျ‌နေတဲ့အကြည့်တွေကို ကောက်ယူလို့ ပြန်ခေါင်းမော့လျက် သူပြောလိုက်တဲ့စကားက ရှေ့တူရူကလူအတွက် ဖြစ်နေခဲ့ပါတယ်။
"ဒီလောက်နဲ့... ငါ့ကို လွှတ်ပေးပါတော့... အာကာဝေယံ..."
ဒီလူသားဆီက ကြားဖူးသမျှထဲမှာ အားအနည်းဆုံး အတိုးဖျော့ဆုံးအနေအထားနဲ့ လွင့်လာတဲ့လေသံက အသနားခံနေသယောင်။ မှိန်ဖျော့ရီမှောင်နေတဲ့ မျက်ဝန်းထောင့်ကနေ လျှံကျလာတဲ့မျက်ရည်တွေက မြစ်လိုသွယ်ဖြာလာလို့။
ကိုကို့လက်တွေအားပျော့သွားတာကို အခွင့်ကောင်းယူပြီး ကျွန်တော် သတိကြီးကြီးနဲ့ သူ့ကိုင်ထားတဲ့ဓားကို ဆွဲယူလွှင့်ပစ်လိုက်တယ်။ လမ်းဘေးမြက်ခင်းကြားက မြေကပ်ပန်းတစ်ချို့ အနီရောင်တွေခြယ်ရင်း ပြတ်ထွက်သွားကြရဲ့။
ပြင်းထန်တဲ့ ၀င်သက်ထွက်သက်ရှူရှိုက်သံတွေကလွဲရင် လမ်းကြားထဲမှာ တိတ်ဆိတ်မှုကပဲ လမ်းလျှောက်နေတော့တယ်။ တစ်အောင့်လောက် ကြာကာမှ...။
"ငါတောင်းပန်ပါတယ် ခွန်း...
မင်းမှန်တယ်၊ အားလုံးငါ့ကြောင့်ပါ"
ရီဝေသွားတဲ့မျက်လုံးတွေနဲ့ အာကာဝေယံက တစ်လှမ်းချင်းနောက်ဆုတ်သွားပြီး ကားတံခါးကိုဖွင့်လိုက်တယ်။
"Video clips တွေနဲ့ပက်သက်ပြီး ငါဖြေရှင်းလိုက်မှာမို့ စိတ်ချပါ၊ ထပ်ပြီး... ငါ့ကြောင့် မင်းမထိခိုက်‌စေရဘူး"
သွေး‌စွန်းနေတဲ့ဆွယ်တာအဖြူလေးကို တစ်ချက်လှည့်ကြည့်လို့...။
"လင်းခန့်... မင်း ခွန်းကို ဂရုစိုက်ပေးပါ..."
"ဘာမှမှာနေစရာမလိုဘူး အာကာဝေယံ... ကျွန်တော်ခင်ဗျားကို လာမထိုးမိခင် အရင်ဆုံးသွားလိုက်တာကောင်းလိမ့်မယ်"
ကျွန်တော့်သတိပေးသံကို ဘာမှမတုံ့ပြန်တော့ဘဲ အာကာဝေယံ ကားပေါ်တက်သွားတဲ့နောက် သူ့ရဲ့အနက်ရောင် BMW ဟာ လမ်းထောင့်ကအရိပ်တွေထဲ ကွေ့ဝင်ပျောက်ကွယ်သွားတယ်။
ထွက်သွားတဲ့ကားကို‌ သမင်လည်ပြန်လှည့်ကြည့်ရင်း လမ်းထောင့်ကနေလျှောက်လာတဲ့ လူအရိပ်သဏ္ဌာန်တစ်ခု။ ပုံစံကိုကြည့်ရသလောက် convenience store ကိုရောက်နေတဲ့ အစ်ကိုပြန်လာတာဖြစ်ရမယ်။ ကြောင်အမ်းအမ်းလှမ်းကြည့်နေရာက လမ်းဘေးမီးရောင်အောက်ကသူ့သူငယ်ချင်းရဲ့ ဖြူဖျော့ဖျော့အဆင်းမှာ စွန်းထင်းနေတဲ့အနီရောင်တွေကို မြင်သွားပုံပဲ။ အဝေးကလှမ်းအော်ရင်း ပြေးလာတယ်။
"အယ်လ်ခွန်း!! ဟေ့ဟေ့... ဘာဖြစ်ကြတာလဲ!!
ငါခဏပဲ ခေါက်ဆွဲပြုတ်သွားစားလိုက်တာကို..."
ဒီလူဟာ ပွဲဖျက်မယ်ဆို အမြဲ အချိန်မှန်တယ်။
လိုအပ်ရင်ကျ ဘယ်တော့မှ ရှိမနေဘူး။
အစ်ကိုမေးနေတာကိုမဖြေရသေးခင် ကျွန်တော်ထိန်းကိုင်ပေးထားတဲ့ ကိုကို့ခန္ဓာကိုယ်က ပိုးစလေးတစ်စလို လမ်းပေါ်ကို ထိုင်လျက်ပြိုကျသွားလို့...။
"ကိုကို!"
"..."
ခြောက်သွေ့ဖျော့တော့နေတဲ့နှုတ်ခမ်းဝကနေ အ၀င်အထွက်ပြုလို့ ပြင်းထန်သထက်ပြင်းထန်လာတဲ့ အသက်ရှူသံတွေက သူ့အသက်ရှူမ၀တော့မှန်း ပြသနေတယ်။ ငိုရှိုက်သံလုံးဝမကြားရပေမယ့် ပါးပြင်ကမျက်ရည်စီးကြောင်းတွေကတော့ လည်တိုင်တစ်လျှောက် စီးဆင်းပြီး သွေးနဲ့ရောနှောသွားကြမယ့်အတိုင်း။
"ဒုက္ခပါပဲ... ဒါက ဘယ်လိုဖြစ်ရပြန်တာလဲ အယ်လ်ခွန်းရာ... အာကာဝေယံ မင်းနဲ့ ထပ်ရန်ဖြစ်ရင်း လက်ပါပြန်တာလား... ဘယ်လောက်စိတ်တိုတို သွေးထွက်သံယိုဖြစ်တဲ့ထိကတော့... ကျစ်... ဒီသေချင်းဆိုးကတော့ကွာ..."
"ကိုကိုက သူ့ကိုယ်သူဓားနဲ့မွှန်းလိုက်တာ..."
"..."
ကျွန်တော် သူ့ကို info ခပ်တိုတိုပြောပြရင်း လည်ပင်းကမာဖလာနီလေး‌ကို အမြန်ဖြည်ပြီး ကိုကို့လည်ပင်းကဒဏ်ရာကို ဖိကပ်ပေးထားလို့...။
"ကိုကို... သတိကပ်ထား...
အသက်ဖြည်းဖြည်းရှူကြည့်..."
ဘာလုပ်ပေးရမှန်းမသိဘဲ အနားရောက်လာတဲ့သူဟာ  မာဖလာနီလေးပေါ်စိမ့်ဝင်နေတဲ့ အရောင်ဆင်တူသွေးရည်ကြည်တွေ  လမ်းဘေးမှာ ပိုးလိုးပက်လက်ကျနေတဲ့အဆစ်ဖြုတ်ဓား၊ ဗလာဖြစ်နေတဲ့မျက်လုံးတွေနဲ့ ကိုကို့ရဲ့အခြေအနေကို တစ်ခုပြီးတစ်ခု လေ့လာနေတယ်။
"အာကာဝေယံက... ကိုကို့ကို သူ့ဆီပြန်မလာရင် ကိုကို့မျက်နှာပါအောင် record ယူထားတဲ့ sex tapes တွေ အွန်လိုင်း‌ပေါ်ဖြန့်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ပုံပဲ..."
"ဘာ!!! အဲ့ကောင် စိတ်လွတ်သွားပြီလား... အယ်လ်ခွန်းအကြောင်းသိရက်နဲ့ ဒီလိုမျိုးထိ လုပ်ရတယ်လို့... d**n this f**king a***hole!"
"နောက်မှဆဲပြီး ဆေးရုံကားခေါ်ပေးစမ်းပါ... မြန်မြန်!!"
"အင်း အင်း... အခုခေါ်နေပြီ"
လောင်နေတဲ့သူကိုသတိပေးပြီးတဲ့နောက် ကိုကို့ဆီပြန်အာရုံစိုက်လိုက်တယ်။ သိပ်ပြီး ခေါင်းအေးနေလို့တော့မဟုတ်ပေမယ့် ကျွန်တော်ပါလိုက်ပြီး သွေးပျက်နေရင် ဘာမှအကူအညီပေးနိုင်မှာမဟုတ်ဘူး။
ရှေးဦးသူနာပြုသင်တန်းတက်ခဲ့တုန်းကအသိလေးနဲ့ အလိုအလျောက်တုံ့ပြန်စနစ် အလုပ်လုပ်နေသေးတာကို ထပ်ပြီးကျေးဇူးတင်ရမှာပဲ။
"ကိုကို... အသက်ပြင်းပြင်းရှူတာများလာရင် ခိုက်မိထားတဲ့
လည်ပင်းတစ်ဝိုက်ကသွေးကြောတွေက ဝန်ပိလာလိမ့်မယ်... သွေးထွက်မလွန်အောင် အသက်ကိုထိန်းရှူရအောင်နော်...  ခဏလေး စိတ်အေးအေးထားပြီးတော့..."
အစ်ကို emergency ကိုဖုန်းဆက်နေတုန်း ကျွန်တော်ကိုကို့ကို သွေးထွက်မလွန်အောင် လုပ်ပေးထားမလို့ပဲ။ ဒါပေမယ့် ကိုကို့ပုံစံက အခု‌ကျွန်တော်ပြောတာတွေကို ကြားနိုင်မယ့်အနေအထားမှာ ရှိမနေဘူး။
"နာနေတယ်မလား ကိုကို...
ဆေးရုံကားမလာခင်ထိ ခဏလေးတောင့်ခံထားရအောင်... အောက်ဆီဂျင်မပြတ်အောင် ဖြည်းဖြည်းအသက်ရှူရင်ရတယ်..."
"..."
"သွေးထွက်တာများများလာပြီ ကိုကို... ကျွန်တော်တောင်းပန်ပါတယ်ဗျာ... သတိလေးကပ်ပြီး အသက်ထိန်းရှူပေးပါ၊ ခဏလေးပဲ စိတ်လျှော့ပြီး..."
"..."
သူ့ကိုဖြောင်းဖြနေရင်းပဲ ကျွန်တော့်အသံပါ တိမ်ဝင်လာတယ်။ တကယ်ကို ချွေးပြန်စရာပဲ။ သွေးထွက်မလွန်အောင် ဖိပေးထားတဲ့ မာဖလာချည်သားလေးကလည်း စိုသထက်စိုလာပြီ။ အပြင်ပိုင်းနာကျင်မှုနဲ့ သူ့စိတ်အခြေအနေကြောင့် ဒီလိုဖြစ်နေတာက မဆန်းပေမယ့် ဒီအတိုင်းဆို ပိုဆိုးလာရုံကလွဲပြီးမရှိဘူး။ လူနာတင်ကားမလာခင် သူသတိလစ်မသွားအောင် ထိန်းထားဖို့
ကျွန်တော် တစ်ခုခုဆုံးဖြတ်မှရတော့မယ်။
"ဒါဆိုလည်း ဒီလိုလုပ်မှရတော့မှာမို့ မတတ်နိုင်တော့ဘူး...
နဖူးတောက်ဖို့ အကြွေးမှတ်ထားလိုက်တော့ ကိုကို..."
လက်တစ်ဖက်က သူ့လည်တိုင်ပေါ်ကမာဖလာကို ဖိအားမလျော့စေဘဲ ကပ်ထားရင်း ကျန်တစ်ဖက်ကနောက်ကျောဘက်ကို အသာထိန်းကိုင်လို့ ပြောပြောဆိုဆိုပဲ လေကိုပြင်းပြင်းဟရှူနေတဲ့ သူ့နှုတ်ခမ်းတွေကို ကျွန်တော့်နှုတ်ခမ်းနဲ့သိမ်းယူပြီး ပိတ်ကပ်စေလိုက်တယ်။ အသားယူတယ် မထင်ပါနဲ့တော့ ကိုကို...။ အခုအရေးကြီးတာက ခင်ဗျားကို ကယ်ဖို့ပဲ။
"ဟာ... ဟေ့ ငခန့်! မင်းကပါ သေရေးရှင်ရေးဖြစ်နေတဲ့သူကို ဘာလုပ်နေတာတုန်းကွာ... ဒီအချိန်က နမ်းရမယ့်အချိန်လားဟ... CPR လည်း မလိုသေးတာကို..."
ကျွန်တော်ဘာလုပ်နေလဲ ကျွန်တော်သေချာသိတယ်။
လျစ်လျူရှူလိုက်လို့ရတဲ့အရာကို လျစ်လျူရှုလိုက်ပြီး လက်ရှိလုပ်နေတဲ့ကိစ္စကိုပဲ အာရုံစိုက်ရမယ်။ လောလောဆယ်မှာ ကိုကို့အသက်ရှူသံငြိမ်ကျပြီး စည်းချက်မှန်လာတဲ့အထိ သူ့နှုတ်ခမ်းလွှာ‌တွေကို အသာလေးပိတ်ထားဖို့ပဲ လိုတာ။
ပါးစပ်ကနေ အတန်ကြာအသက်ရှူခဲ့တဲ့အတွက် နှုတ်ခမ်းသားလေးနှစ်ချပ်က အေးစက်ခြောက်သွေ့လို့။ ၀င်သွက်ထွက်သက်လေတွေက ကျွန်တော့်မျက်နှာကို အရှိန်ပြင်းပြင်းနဲ့ ဖရိုဖရဲရိုက်ခတ်‌နေတယ်။ မျက်လုံးမှိတ်ထားလျက်နဲ့ပဲ ပိုတင်းတင်းကပ်ကပ် စေ့ပိတ်ပေးထားလိုက်တော့ ဟိုတစ်ဒီတစ်စတိုက်ခတ်နေရာက တဖြည်းဖြည်းချင်းညင်းပြောင်းလာတဲ့ အသက်ရှူသံတွေ။
အသက်ရှူနှုန်းမှန်ပြီးငြိမ်လာတာကို အတည်ပြုပြီး
စက္ကန့်အတော်ကြာသွားတဲ့နောက်မှ ပြန်ခွာပေးလိုက်တော့
မျက်ရည်စီးကြောင်းအသစ်တစ်ခုခုန်ချသွားတဲ့ သူ့မျက်နှာမှာ ရှင်သန်လိုစိတ်နဲ့တူတဲ့ အရိပ်အယောင်တွေ ခပ်ပါးပါးပြန်ရောက်လာသယောင်။ ဝေဝါးနေတဲ့မှန်ပါးလေးအောက်က မျက်ဝန်းနက်တွေမှာလည်း အသိသတိတစ်ချို့ ပြန်ကပ်လာတာကိုတွေ့မှ ကျွန်တော့်လက်‌တွေတုန်နေတာကို သတိထားမိတော့တာပဲ။
ဆေးရုံကားလာတာနဲ့ အစ်ကို့ကို ကျန်တဲ့ကိစ္စတွေရှင်းလင်းဖို့ရာ တာဝန်ပေးခဲ့ပြီး ကိုကိုနဲ့အတူလိုက်သွားခဲ့တယ်။ ဖြစ်စဉ်ကိုချန်လှပ်လို့ ဒဏ်ရာရထားတဲ့ကြာချိန်၊ ကိုကို့ရဲ့သွေးအမျိုးအစားနဲ့ တခြားကျန်းမာ‌ရေးအချက်အလက်တစ်ချို့ ပြောပြရင်း၊
သူ့လက်ကို တစ်စက္ကန့်မှမလွှတ်ပဲ ဆုပ်ကိုင်ထားရင်း...။
"ဘာမှမဖြစ်ဘူး ကိုကို...
အားလုံး အဆင်ပြေသွားမှာပါ"
"ဒီဇင်ဘာကိုမယုံရင်တောင် ကျွန်တော့်ကိုတော့ယုံလို့ရတယ်... အဆင်ပြေသွားမှာပါ..."
ကိုကို့လက်ချောင်းလေးတွေက ကျွန်တော့်လက်ကိုပြန်ဖျစ်ညစ်လာတဲ့ ဖိအားကိုလည်း ခံစားမိတယ်။ မှုန်မွှားမွှားနှင်းလေးတွေကြောင့် ဝေဝါးချမ်းစိမ့်နေတဲ့မြို့လယ်မှာ လူနာတင်ယာဉ်ကို နေရာဖယ်ပေးနေတဲ့ကားတွေနဲ့။ ညနေကမိုးကြောင့် စိုစွတ်ဖုန်သိပ်နေတဲ့ လမ်းမကြီးပေါ်မှာတော့ ကျွန်တော့်ဆုတောင်းတွေကြဲပြန့်ပြီး ကျန်ခဲ့သလိုပါပဲ။
* * *
အရေးပေါ်ကုသမှုတွေပြီးဆုံးလို့ ဆရာဝန်တွေ မှာစရာရှိတာမှာရင်း ထွက်သွားကြတဲ့နောက် ကျွန်တော်တံခါးကို ပြန်ပိတ်လိုက်တယ်။
ဆေးရုံဝတ်စုံလေးထက် ဆယ်ဆမကအရောင်ဖျော့တဲ့မျက်နှာနဲ့ကိုကိုက ကုတင်မှာ မှီထိုင်လျက်ရှိ‌နေတယ်။ အကြည့်တွေကတော့ ဘာမှမရှိတဲ့ အခန်းထောင့်မယ်။
အချိန်မီတားနိုင်လိုက်လို့ လည်ပင်းကဓားဒဏ်ရာက အသက်အန္တရာယ်ရှိလောက်တဲ့ထိ ဆိုးဆိုးရွားရွားဖြစ်မသွားပေမယ့် သွေးနှစ်အိတ်သွင်းလိုက်ရပြီး အခုတော့ သူ့လည်တိုင်မှာ ပတ်တီးစဖွေးဖွေးတွေ နေရာယူထားတယ်။ ဆေးရုံရောက်ကတည်းက ဒဏ်ရာကိုချုပ်တဲ့အချိန်‌မှာရော တစ်လျှောက်လုံး ကိုကိုက သတိရှိနေခဲ့တာ။ ထုံဆေးတွေကြောင့်ပဲလား... နာကျင်မှုကို ဘာမှမတုံ့ပြန်ဘဲ သူ့မျက်လုံးတွေမှာ ဘာကိုမှဖတ်လို့မရဖြစ်နေရုံတစ်ခုပဲ။
နာရီကိုကြည့်လိုက်တော့ ၈နာရီခွဲ။ ကဲ... ကျွန်တော်တစ်ယောက်တော့ လ၀က်မပြည့်သေးခင်မှာပဲ ထပ်ပြီး လူနာစောင့်ဂျူတီဝင်ဖြစ်ပြန်ပြီ။ အိမ်ကိုတော့ များများမပြောချင်တာမို့ အစ်ကို့ကိုပဲ ဒီညကျွန်တော် သူ့အခန်းမှာအိပ်မယ်လို့ ဖုန်းဆက်လိမ်ခိုင်းထားတယ်။
တစ်ကိုယ်ကြားစာ သက်ပြင်းလေးချလို့ လူနာကုတင်ပေါ်ကသူဆီ လျှောက်သွားလိုက်တယ်။ ကုတင်ဘေးနေရာလပ်လေးမှာ ၀င်ထိုင်၊ ခေါင်းလေးပုပြီး သူ့မျက်နှာကိုမော့ကြည့်ရင်း...။
"ကိုကို... ခဏလောက်နေရင် အိပ်ပြီးနားလိုက်ပါလား...
ဒီနေ့ အရမ်းပင်ပန်းသွားပြီမလား..."
"..."
"ဒဏ်ရာက နာနေသေးလားဟင်..."
"..."
ဘာမှပြန်ဖြေမှာမဟုတ်မှန်း ထင်ထားပြီးသားပါ။ ညနေကကိစ္စကြောင့် အရမ်းရှော့ခ်ရထားတဲ့အပြင် လည်ပင်းဒဏ်ရာကြောင့် စကားပြောဖို့ကလည်း ပင်ပန်းနေမှာ။ အထိန်းကောင်းပြီး ဒဏ်ရာက သိပ်နက်မသွားခဲ့လို့ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ အသံကြိုးတွေဘာမှထိခိုက်မသွားတာကိုပဲ ကျေးဇူးတင်ရမယ်။ အကောင်းဘက်ကလှည့်တွေးရင်ပေါ့။
အဆိုးဘက်ကကြည့်ရင်လည်း စိတ်ညစ်မကုန်နိုင်စရာတွေက ပြာမှုန်တွေလိုပြန့်ကျဲနေတယ်။ တစ်လောကလုံးနဲ့ ကိုယ်ဘယ်သူဆိုတာတွေပါ ခဏမေ့ပစ်ချင်လောက်စရာ။ အတိအကျမခံစားရလည်း ဖမ်းမိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကိုကို့ကို ဒီလိုခံစားချက်ကင်းမဲ့နေတဲ့ပုံစံနဲ့ မမြင်ချင်တာတော့ အမှန်ပဲ။
တကယ်တမ်းမှာ ကိုကိုက ခံစားချက်မဲ့နေတာမှမဟုတ်ဘဲ...။ ဖွင့်ချစရာနေရာမရှိတဲ့ ခံစားချက်တွေကို ဒီအတိုင်းသိမ်းထုပ်နေတာ။ အခန်းရှင်းရင်း ပလစ်စတစ်အိတ်ထဲစုထည့်လိုက်တဲ့စာရွက်လုံးတွေလိုမျိုး ပိတ်မိရင်းမွန်းကြပ်လာပြီး သစ်ရွက်ခြောက်တွေနဲ့အတူ လောင်ကျွမ်းသွားကြတယ်။ အောက်ဆီဂျင်ကို‌ရွေးပြီး ရှူရှိုက်လို့တောင်မ၀ရတဲ့လေထုထဲ အဆိပ်တွေစုလာတယ်။ ကြာလေကြာလေ... ပိုပိုပြီးခံစားရခက်လာတဲ့အထိလည်း သူ့စက္ကူလုံးတွေက အိတ်ထဲမှာပဲ။
"ကျွန်တော်... ဘာလုပ်ပေးရမလဲ..."
"..."
"နည်းနည်းလေးဖြစ်ဖြစ် ကိုကိုနေရတာအဆင်ပြေသွားအောင် ကျွန်တော်ဘယ်လိုလုပ်ပေးရင်ရမလဲဟင်... ကိုကိုစကားပြောရတာ အခက်အခဲရှိရင် စာရေးပြီးပြောလည်းဖြစ်တာမို့..."
"ငါ့ကို... တစ်ယောက်တည်းလွှတ်ထားပေးပါ..."
ကျွန်တော်ပြောမပြီးခင် ကြားသာရုံလေး တိုးညင်းစွာတုံ့ပြန်လာတဲ့ သူ့စကားသံကို ကြားရတယ်။
ဒုတိယအကြိမ်...။ ကိုကို အဲ့လိုပြောလာပြန်ပြီ။
ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းက အာကာဝေယံနဲ့ သိန်းနှစ်ရာကိစ္စဖြစ်ပြီး ဘဏ်ကပြန်လာတဲ့ကိုကိုက ကျွန်တော့်ကို အဲ့ဒီစကားနဲ့အော်လွှတ်ပြီး တံခါးချပ်လေးနောက်ကို ၀င်ပုန်းခဲ့တာ။ အခုလည်း သူ... တံခါးချပ်လေးနောက်မှာ တစ်ယောက်တည်းပုန်းနေချင်တဲ့ပုံပါပဲ။
"ဒါဆို... ဒီတစ်ခါ ကျွန်တော် တံခါးလုပ်ပေးမယ်...
ကျွန်တော်နောက်မှာဝင်ပုန်းပြီး ကိုကိုငိုလို့ရအောင်..."
"..."
မော့ကြည့်လာတဲ့ တစ်စုံတစ်ယောက်ရဲ့မျက်နှာဆီ တိုးကပ်သွားတဲ့ ကျွန်တော့်လက်တစ်စုံက သူ့ရဲ့ကိုင်းအကြည်ရောင်မျက်မှန်ပါးလေးကို အသာချွတ်ပေးလိုက်ပြီး စားပွဲပေါ်မှာ ခဏတင်လိုက်ရင်း...။
"ဟိုဘက်လှည့်ပေးထားမှာမို့ ကျွန်တော့်ကို ကိုကို့အခန်းတံခါးလိုသ‌ဘောထားပြီး မှီပြီးငိုလိုက်နော်..."
"..."
ဒီနေ့ည ဖုန်းထဲက weather forecast မှာ မန္တလေးအတွက်က raining လို့ပြနေတယ်။ ညနေကမိုးက မတင်းတိမ်သေးပုံပဲ။ ဆောင်းတွင်းဖြစ်‌လျက်နဲ့ မကြည်လင်တဲ့ညကောင်းကင်က ဘယ်လိုများဖြစ်နေမလဲ။
အာကာသဟင်းလင်းပြင်လို နက်မှောင်တဲ့ သူ့မျက်ဝန်းအိမ်ထဲမှာတော့ ဒီညကြယ်မစုံဘူး။ တိမ်ညိုတွေကြောင့်လို့ လက်ညိုးထိုးရမယ်ဆို မိုးလေးတစ်ဖြိုက်ရွာပြီးရင်တော့ ကြည်လင်သွား‌နိုင်ကောင်းရဲ့။
ကျွန်တော် တစ်ဖက်ကိုအပြည့်အ၀လှည့်ထိုင်ပြီး ကျောပြင်ကို သူ့ဘက်ပေးထားလိုက်တယ်။ တစ်ခါတလေမှာ ရင်ခွင်တစ်ခုထက် နောက်ကျောတစ်ပြင်ကလည်း ပိုပြီးသက်တောင့်သက်သာ ရှိနေနိုင်တာပဲ။ 'မလိုဘူး' ဆိုတဲ့ ပယ်ချချက်ပဲပြန်ရဦးမလား မသေချာပေမယ့် ‌လက်ရှိအချိန်မှာ သူ့အတွက် သက်သာရာရစေမယ့်ပစ္စည်းလေးတစ်ခု ထပ်ဖြစ်ခွင့်ရရင် ဆိုတဲ့အ‌‌တွေးနဲ့...။
"..."
စက္ကန့်နည်းနည်းအကြာမှာ နောက်ကျောဘက်ကိုမှီလာတဲ့ အားလေးတစ်ခုကို ခံစားမိတယ်။ နူးညံ့တဲ့အထိအတွေ့လေး တည်နေတဲ့တစ်ဝိုက်မှာ ကျွန်တော့်ဆွယ်တာချည်သားလေး တဖြည်းဖြည်းစွတ်စိုလာတယ်။ သူငိုနေပြီ။
အပြင်မှာလည်း မိုးခြိမ်းသံမကြားရဘဲ မိုးစရွာလာတယ်ထင်ရဲ့။ ပြတင်းပေါက်မှန်ကိုလာကပ်တဲ့ မိုးဖွားလေးတွေကို မြင်ရတယ်။ ကျွန်တော့်ကျောပြင်မှာလည်း တစ်ယောက်ယောက်ရဲ့မျက်ရည်စတွေ လွင့်စင်နေကြလို့။ ရေကျသံကောင်းကောင်းမကြားရဘဲ ရွာနေတဲ့မိုးဖွဲလေးက ချောင်းတစ်ခုအဖြစ်နဲ့ သွေးကြောမျှင်တွေထဲကို စီးဆင်းလာကြတယ်။ ဒါက သူခံစား‌နေရတဲ့ နာကျင်မှုလား...။
"လိုအပ်နေခဲ့တာပဲကို... လူသားတံခါးတစ်ချပ်လေ..."
"..."
"အရမ်းမွန်းကြပ်တယ်မလား...
တံခါးလေးကနားမပါတာမို့ အသံထွက်ငိုလို့ရပါတယ် ကိုကို..."
ပြောစကားနဲ့တူညီအောင် နားနှစ်ဖက်ကိုသေချာပိတ်ထားလိုက်ရင်း...။
"ကျွီ... စေ့စေ့ပိတ်လိုက်ပါပြီ"
"..."
အဲ့ဒီကြောင်တောင်တောင် တံခါး role play ရဲ့နောက် ကျွန်တော့်နောက်ကျောကဆွယ်တာစလေး ကိုင်ဆုပ်ခံလိုက်ရတယ်။ ပိုပြန့်လာတဲ့စိုစွတ်မှုတွေနဲ့အတူ ခပ်သဲ့သဲ့ထွက်လာတဲ့ ရှိုက်သံတွေ၊ တိုးတိတ်တဲ့ ငိုညည်းသံလေး။
အလုံပိတ်အခန်းထဲက အော်ဟစ်သံလိုပဲ။
ဘာမှမကြားရပေမယ့် အကျယ်ကြီးကြားနေရတယ်။
နာကျင်မှုကို ကောင်းကောင်းမဖော်ပြတတ်တာကြောင့် အသံထွက်ရွတ်ဆိုဖို့ရာ တားမြစ်ပိတ်ပင်ခံလိုက်ရတဲ့ ဘာသာစကားနဲ့။
[A/N *role play - တိကျသောဇာတ်ကောင်တစ်ခု၏ စရိုက်ဟန်ပန်လေသံကိုယူ၍ သရုပ်ပြကစားခြင်း။
(များသောအားဖြင့် နာမည်ကြီးဝတ္ထု၊ ဇာတ်လမ်းများထဲမှ ဇာတ်ကောင်အဖြစ်ဖြစ်စေ မိမိကိုယ်ပိုင်ဇာတ်ကောင်စရိုက်ကို ဖန်တီး၍ဖြစ်စေ role play တတ်ကြသော်ငြား ရှီဘာခန့်မှာမူ သက်မဲ့ပစ္စည်းအဖြစ် role play ခြင်းကို စိတ်ဝင်စားသူများထဲမှ တစ်ဦးအပါအ၀င် ဖြစ်ပုံရသည်။) ]
တောင့်တောင့်ကြီးဖြစ်မနေဘဲ အဆင်ပြေစေလောက်မယ့်အနေအထားကို ထိန်းထားပေးတဲ့ကျွန်တော့်ကျောပြင်တံခါးချပ်မှာ ကိုကိုက အချိန်အတန်ကြာ မှီပြီးငိုနေခဲ့ပါတယ်။ အပြင်မှာ မိုးစဲသွားတဲ့အထိ။
ကျွန်တော့်ဆွယ်တာကိုဆုပ်ကိုင်ထားတဲ့လက်နဲ့အတူ နောက်ကျောပြင်ကဖိအားလေး ဖယ်ခွာသွားတော့ လှည့်မကြည့်သေးဘဲ အရင်ဆုံး တစ်ရှူးနဲ့ရေကို တစ်လှည့်ဆီလှမ်းပေးလိုက်တယ်။ အတန်ကြာငိုလိုက်တဲ့အတွက် လည်ပင်းကဒဏ်ရာက နာလာသလား၊ အသက်ရှူရတာအဆင်ပြေရဲ့လား ဆက်မေးခဲ့တယ်။ ကိုကိုက "ဘာမှမဖြစ်ဘူး" ကို ခါတိုင်း‌လောက် မုသားမဆန်‌အောင် ပြန်ပြောခဲ့တယ်။ နောက်... ကျွန်တော် ကျောပေးလျက်ပဲနေပေးခဲ့ပြီး ဒီအတိုင်း စကားဆက်ပြောခဲ့ကြတယ်။
"ငါ တောင်းပန်ပါတယ်..."
"ဘာအတွက်လဲ ကိုကို..."
"အမြဲတမ်းမင်းကို စိတ်ပျက်စရာကောင်းတဲ့ပုံစံတွေ ပြမိတဲ့အတွက်..."
"ကျွန်တော်က စိတ်ပျက်စရာကောင်းတယ်လို့မထင်ရင်
ကိုကိုကျွန်တော့်ကို တောင်းပန်စရာမလိုဘူးမလား..."
"ငါက စိတ်ပျက်စရာကောင်းပါတယ်"
"ကိုကိုက ကိုယ့်ကိုယ်ကိုယ်အဲ့လိုထင်ရင်တောင် အဲ့ဒီကိစ္စအတွက် ကိုကို့ကိုအထင်သေးတာမျိုး ကျွန်တော်ဘယ်တုန်းကမှမလုပ်ခဲ့ဘူးဆိုတဲ့ ယုံကြည်ချက်ရှိတယ်... အဲ့ဒ့ါကြောင့် မစိုးရိမ်ပါနဲ့..."
"ကျေးဇူး..."
"ဒါကရော ဘာအတွက်လဲ..."
"ထပ်ပြီးကိုယ်လွတ်ရုန်းပြေးဖို့ပဲလုပ်ခဲ့တဲ့ သူရဲဘောကြောင်တဲ့ငါ့ကို ကယ်ပေးခဲ့တဲ့အတွက်..."
"ဒါ‌ဆိုရင်တော့... တံခါးလုပ်ပေးတဲ့အတွက် ကျေးဇူးတင်တာကို ပိုလိုချင်တယ်ဗျာ၊ ဆက်ပြီးအသက်ရှင်ဖို့က ကိုကိုရွေးချယ်ခဲ့တာပါ၊
သတ္တိရှိရှိနဲ့လေ..."
ကျွန်တော် ကိုကို့ကိုလှမ်းအော်ခေါ်ပြီး ပြေးသွားလိုက်ချိန်တုန်းက ဓားကိုင်ထားတဲ့သူ့လက်က တန့်ခနဲဖြစ်သွားတာကို သတိထားခဲ့မိတယ်။ ဘ၀ထဲကကြိုးမှန်သမျှ အသက်နဲ့အတူ တဆုံးဖြတ်တောက်လိုက်တာပေါ့လို့ တွေးထားရာက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသလိုမျိုး။
"၆ ကြိမ်မြောက်ပဲ..."
"ဘာကလဲ ကိုကို..."
"suicide လုပ်ဖို့ကြိုးစားတာ...
ငါ့ဘ၀မှာ ဒီတစ်ခါနဲ့ဆို ၆ ကြိမ်မြောက်..."
"..."
အခုသိလိုက်ရတဲ့ အချက်အလက်အသစ်အတွက် ကျွန်တော် တုန့်ပြန်ချက်ရှာမ‌တွေ့ဘူးဖြစ်သွားတယ်။ ကိုကို့လိုစိတ်မာတဲ့သူမှာလည်း ဒါမျိုးအတွေးတွေရှိဖူးမှာပဲဆိုတာ ခန့်မှန်းနိုင်ပေမယ့် အရေအတွက်အပေါ်မှာ နည်းနည်းအံ့ဩမိရုံပါပဲ။
"အနူးဆုံးသွားတဲ့နောက် တစ်နှစ်‌ကျော်ကြာတဲ့အထိ...
ဒီအတွေးက ငါ့ခေါင်းထဲကို ၀င်လိုက်ထွက်လိုက်လုပ်နေခဲ့တာ၊ ငါတစ်ရက်ပြီးတစ်ရက် အသက်ရှူနေတာက တကယ်ပဲ အဓိပ္ပာယ်ရှိရဲ့လားလို့ တွေးရင်းနဲ့..."
"စာမေးပွဲအောင်ဖို့ နေမကောင်းတဲ့အမေကိုပစ်ထားပြီး ဆေးရုံအပြင်ထွက်သွားခဲ့လို့ နောက်ဆုံးအချိန်ကိုတောင် မမှီလိုက်ဘူး... တက္ကသိုလ်တက်ဖို့ မိသားစုအတူနေခဲ့တဲ့ အိမ်ကိုရောင်းပစ်ခဲ့လို့ ကျောင်းပိတ်ရက်မှာ ပြန်စရာနေရာမရှိဘူး... ငါဟာငါ အမြင့်ကိုရောက်ချင်လို့ ဘာမှဂရုမစိုက်ခဲ့တာကိုပဲ အနူးနဲ့အ၀ါးရဲ့ဆန္ဒအတွက် ကြိုးစားနေတာပါလို့ ဆင်ခြေပေးပြီး အသက်ရှင်နေတာလား တွေးလိုက်မိရင် အသက်ရှူမဝတော့သလိုပဲ... ဒီအတိုင်းအရှုံးပေးလိုက်လည်း တမလွန်ကငါ့မိဘတွေကငါ့ကို ပြုံးပြီးလက်ခံပေးကြမှာပါဆိုတဲ့ အတွေးတွေနဲ့... "
"ကြိုး၊ အိပ်ဆေး၊ ရေ၊ ကား၊ carbon monoxide အထိ... အမျိုးစုံလုပ်ကြည့်ပြီး လွတ်လမ်းရှာခဲ့ဖူးတယ်... စိတ်ပျက်စရာကောင်းအောင် ရူးရူးမိုက်မိုက်နဲ့..."
နောက်ဆုံးတော့ ဆက်စပ်မိပြီ။ ကိုကို့ဒိုင်ယာရီခိုးဖတ်တုန်းက ကိုကို့အမေဆုံးတဲ့နေ့မှာ ဘုရားကျောင်းသွားခဲ့တဲ့အကြောင်းရေးထားရင်း 'လွန်ခဲ့တဲ့ ၇ နှစ်က လုပ်ခဲ့တဲ့ကိစ္စလိုဟာမျိုး ဘယ်တော့မှ ထပ်မလုပ်တော့ဘူး' ဆိုတဲ့နေရာမှာ...။ အဲ့ဒါက ဒီကိစ္စကိုဆိုလိုခဲ့တာပဲ။
"ခြေလက်တွေကို ခံစားလို့မရတော့တဲ့အထိ ထုံကျင်နေပေမယ့် ဘယ်အအေးဓာတ်ကြောင့်မှန်း မသဲကွဲဘူး... အသက်ရှူလိုက်ရင် အဆုပ်ကွဲသွားတော့မယ်လို့ ထင်ရတဲ့အထိနာနေပေမယ့် အလိုအလျောက်ဖြစ်နေတဲ့အသက်ရှူချင်စိတ်ကို ရပ်လို့မရဘူး... ဒီအတိုင်းသေသွားလိုက်ရင် ဒီဝေဒနာတွေအဆုံးသတ်သွားတော့မှာပါလို့ အောက်မေ့ထားပေမယ့် ဒါကအဆုံးသတ်ဆိုရင် ငါတကယ်ပဲ ကျေနပ်နိုင်မှာလားလို့တွေးမိတော့ ဆက်ပြီး တစ်ကိုယ်ကောင်းဆန်ချင်လာပြန်တယ်... နောက်ဆုံး လက်လျှော့ဖို့ကြိုးစားတာကို လက်လျှော့လိုက်ပြီး အဲ့ဒီလို အကူအညီမဲ့နေတဲ့ပုံစံမျိုး ထပ်ပြီးမဖြစ်အောင်နေဖို့ ကျိန်ဆိုခဲ့ပေမယ့် နောက်ငါးနှစ်အကြာ ဒီဇင်ဘာတစ်ခုမှာ တူညီတဲ့နာကျင်မှုမျိုးကို ငါထပ်ရခဲ့ပြန်တယ်... ထပ်ပြီးနာကျင်ရမှာကြောက်လာလို့ နှလုံးသားကို ဖယ်ထုတ်ဖို့ကြိုးစားခဲ့‌ပေမယ့် အခုဒီဇင်ဘာကလည်း...
ငါ့အတွက် အသက်ရှူရခက်ခဲလာပြန်ပြီ..."
ကျွန်တော် သူပြောသမျှကို ဘာမှတ်ချက်မှဝင်မပေးဘဲ ငြိမ်ငြိမ်နားထောင်နေခဲ့တယ်။ ကျောပေးထားတာမို့ မျက်ရည်တွေခြောက်လက်စ သူ့မျက်နှာက ဘယ်လိုပုံစံဖြစ်နေမလဲမသိပေမယ့် ခါတိုင်းထက် အဆများစွာတိုးဖျော့နေပြီး တစ်ချက်တစ်ချက်အက်ရှသွားတဲ့ အသံလှိုင်းတွေကိုတော့ သေချာခံစားမိပါရဲ့။ နှလုံးသားကို ရိုက်ခတ်သွားတဲ့ ခပ်စူးစူးနာကျင်မှုနဲ့အတူ‌ပေါ့။
"ဆောရီး... ငါမင်းကို ဘာတွေပြောနေမိတာလဲ..."
"ကိုကိုသိမ်းထားခဲ့တဲ့ ခံစားချက်တွေပါ..."
ကျွန်တော် ခန္ဓာကိုယ်ကို သူရှိတဲ့ဘက်ဆီ ၄၅ ဒီဂရီ ပြန်လှည့်လာလိုက်တော့ ခုဏကထက် ငြိမ်သက်လာသယောင်ရှိတဲ့ သူ့မျက်လုံးတွေကို မြင်ရတယ်။
"ကိုကို အခုဘယ်လိုနေသေးလဲ..."
ကိုကိုက သူ့လည်တိုင်က ပတ်တီးစဖွေးဖွေးတွေကို ထိကိုင်လိုက်တယ်။
"စကားပြောလိုက်လို့... လည်ပင်းက နည်းနည်းနာနေတယ်"
"စိတ်အခြေအနေကရော..."
ကိုကိုက ခဏစဉ်းစားလိုက်ပြီး...။
"မနက်ဖြန်ဆက်အသက်ရှင်ကြည့်ရင် ဘာဖြစ်လာမလဲမသိဘူးဆိုတဲ့ မသေချာတဲ့ခံစားချက်မျိုးလို့ ထင်တာပဲ..."
"အနည်းဆုံးတော့ ကိုကိုဒီနေ့ အသက်ရှူနေတယ်မလား...
အခုလောလောဆယ်မှာ ကောင်းကောင်းအသက်ရှူနေတယ်လေ...
ဒါဆို မနက်ဖြန်လည်း တစ်နည်းနည်းနဲ့ ‌‌အသက်ရှူနိုင်လာမှာပါ"
ကိုကိုက ကျွန်တော့်ကို ကြည့်တယ်။ အောက်ပါစကားကို ရွတ်ရင်း...။
"တစ်ခါတလေ... ငါမင်းရဲ့ အကောင်းမြင်စိတ်ကို ငှားယူချင်တယ်..."
"အကောင်းမြင်စိတ်ရှိတဲ့ကျွန်တော့်ကို ယူရင်ရော..."
"..."
"စတာပါ... ကျွန်တော်တော့ အသက်ရှူဖို့နဲ့အသက်ရှင်ဖို့ရာအတွက် အကောင်းမြင်စိတ်ဆိုတာတွေ အဲ့လောက်မလိုဘူးထင်တယ်၊ ဆိုးဆိုးရွားရွားခံစားလိုက်ရလျက်နဲ့ ဇွတ်အတင်းအကောင်းမြင်ဖို့ ကြိုးစားနေရရင် အသက်ရှင်ရတာ ပိုခက်ခဲလာမယ်မလား...
ဒီအတိုင်း အဆင်ပြေသလိုစိတ်ထားရင်းပဲ အသက်ရှူနိုင်သရွေ့ အသက်ရှင်သွားရင်လည်း ဖြစ်ပါတယ်..."
"အင်း..."
"ကိုကိုနှစ်သိမ့်မှုလို‌နေရင် ကျွန်တော်ဖက်ထားပေးရမလား..."
"မလိုဘူး"
တုံ့ပြန်ချက်မြန်မြန်လေးပြန်ရလာလို့ ကျွန်တော်ပြုံးလိုက်မိတယ်။
"ဒါဆို ကိုကို ခဏလောက်အိပ်လိုက်နော်..."
ကျွန်တော် ထသွားဖို့ပြင်လိုက်တော့...။
"ခန့်ငယ်..."
"ဗျာ..."
"ငါ..."
"ပြောလေကိုကို... ဘာဖြစ်လို့လဲ..."
"..."
ဟဖို့ပြင်နေတဲ့နှုတ်ခမ်းလွှာတွေက တစ်ခုခုကြောင့် တုံ့ဆိုင်းနေပုံရတာမို့ ကျွန်တော် ထပ်အသံပြုလိုက်တယ်။
"ကိုကို..."
"ဘာမှမဟုတ်ဘူး...
ငါအိပ်တော့မယ်၊ မင်းအိမ်ပြန်ချင်ပြန်ပါ"
"အိမ်မပြန်ပါဘူး... ကျွန်တော်တစ်ညလုံး ကိုကို့ဘေးနားမှာပဲနေမှာ... ကိုကို့ကို စိတ်မချဘူး..."
"ငါထပ်ပြီး အဲ့လိုလုပ်ဖို့ရာ မတွေးတော့ပါဘူး... အဲ့ဒါကြောင့်..."
"ဟင့်အင်း... ဒီအတိုင်းစိတ်မချတာ..."
"မင်းက ငါ့အုပ်ထိန်းသူလား..."
"တစ်ချိန်ချိန်မှာ တရားဝင်ဖြစ်လာမလားတော့ ပြောမရဘူးပေါ့... လောလောဆယ်တော့ ကျွန်တော်က ကိုကို့ကိုလိုက်‌‌စောင့်ရှောက်ချင်တဲ့ ခွေးပေါက်လေးပါပဲ၊ အခုက ကိုကိုပေးထားတဲ့လည်ပတ်... အဟမ်း...  မာဖလာကို မနက်ဖြန်မနက်အစောလောက်ဖြစ်ဖြစ် အလျှော်အပ်ချင်လို့ ဆေးရုံဝန်ထမ်းတွေကို အနားတစ်ဝိုက်မှာ ပင်မင်းဆိုင်ရှိလား သွားမေးထားမလို့..."
မှန်ပါးလေးနောက်ကကိုကို့မျက်လုံးတွေက ကျွန်တော်မြှောက်ပြလိုက်တဲ့ မာဖလာနီလေးပေါ်က သွေးစွန်းကွက်တွေဆီ ဆုံချက်ချလို့။
"ဆောရီး... အမြဲတမ်းငါ့ကြောင့် အစွန်းထင်ကုန်တာ၊ ကြည့်မလှတော့ရင် ငါအသစ်တစ်ခုဖြစ်ဖြစ် ထပ်ဝယ်ပေးမယ်လေ..."
သူကြည့်နေတဲ့ ကျွန်တော့်လက်ထဲကအရာကို ကျွန်တော်ပါလိုက်ကြည့်လိုက်တယ်။
"မလိုပါဘူးဗျာ... လှပသည်ဖြစ်စေ မလှပသည်ဖြစ်စေ အမှတ်တရတွေထက် တန်ဖိုးရှိတာ ဘယ်ရှိမလဲ"
"..."
"ပြီးတော့ အလကားရတဲ့မာဖလာအဟောင်းလောက်တောင် အသစ်ဝယ်တဲ့တစ်ထည်ကကောင်းမနေရင် ကျွန်တော်တော့ အဲ့ဒီအစား မိုင်လိုသာဆို ဘယ်နှစ်ဘူးရဦးမယ်ဆိုပြီး တွက်နေမိမှာ..."
"အရူးလေး..."
"ကျွန်တော် ခဏနေ ပြန်လာခဲ့မယ်..."
ပြုံးကာလက်ပြကာနဲ့ တံခါးကိုအသာပိတ်လို့ ထွက်လာခဲ့ပြီးမှ လက်ထဲကမြွေနီကလေးကို ငုံ့ကြည့်မိတယ်။
"ဒီလောက်ဆိုရပြီမလား... ထပ်ပြီး ကိုကို့သွေးတွေ မင်းအပေါ်မှာ မစွန်းစေချင်တော့ဘူး..."
ည ၁၀ နာရီ...။ တစ်စုံတစ်ယောက် အသက်ရှူနေတာကိုစောင့်ကြည့်ဖို့ရာ ကျွန်တော်ကုတင်ဘေးနားမှာ ထိုင်လိုက်တယ်။ ကျွန်တော်သူ့ကို အသေအချာကြည့်နေတုန်းမှာပဲ ယှက်ပိတ်ထားတဲ့မျက်လုံးတွေက ပွင့်လာလို့...။
"ကိုကို အိပ်လို့မရဘူးလား..."
"အိပ်လို့ရတယ်ဆိုရင် ပိုထူးဆန်းနေမှာ မဟုတ်လား..."
"ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
"ဘာမှလုပ်ချင်စိတ်မရှိဘူး... မင်းလည်း ငါ့ကြောင့် ဆေးရုံမှာအိပ်နေရပြန်ပြီ၊ အိပ်ရေးမပျက်ချင်ရင် စောစောအိပ်တော့..."
"အာကာဝေယံက... video clips တွေကို online ပေါ် တကယ်ပဲဖြန့်ပစ်မယ်လို့ထင်လား..."
"သူလုပ်ချင်ရင် အလွယ်လေးပဲ...
သူကမ်းလှမ်းတာကို ငါငြင်းလိုက်တော့ ဘာဖြစ်လာမလဲက အားလုံးသူ့အပေါ်မှာပဲ မူတည်တယ်"
ကျွန်တော် သက်ပြင်းတိုတစ်ခုကို တစ်ကိုယ်ကြားစာ မှုတ်ထုတ်ရင်း...။
"ကိုကို ဒီညလုံးလုံးမအိပ်တော့ဘူးလား..."
"မျက်လုံးမှိတ်ပြီး အသက်ရှူနေလိုက်ရင် အိပ်တာနဲ့သိပ်မကွာပါဘူး၊ အိပ်ပျော်နိုင်ရင်တော့... ကောင်းတာပေါ့..."
"ကျွန်တော် ကိုကို့အသက်ရှူသံနားထောင်ပြီး အိပ်ကြည့်မယ်...
ကိုကိုလည်း အိပ်ဖို့ကြိုးစားကြည့်ပါ"
ဒါက ဒီနေ့ညအတွက်ပြောခဲ့ကြတဲ့ စကားအကုန်ပဲ။ အဲ့ဒီနောက်မှာ မီးမှိတ်လိုက်တဲ့ ဆေးရုံခန်းထဲက လေထုဟာ ငြိမ်သက်သွားတယ်။ အသက်ရှူသံတွေကလွဲရင်ပေါ့။
တကယ်လို့ မနက်ဖြန်က...
အသက်ရှူလို့ရရုံလေးပဲ ဖြစ်လာမယ်ဆိုရင်လည်း
ကိုကို့အနားမှာ ကျွန်တော်ရှိနေမယ်။
ဘာမှကြိုမမြင်ရပေမယ့် မပြီးသေးတဲ့ဒီဇင်ဘာက
အခုထိတော့ အသက်ရှူနေပါသေးတယ်။
_____________________________________
To be continued...
💖💖💖
What to do when you wanna keep living?
Me : Breathe.
What to do when you wanna quit living?
Me : Breathe.
What to do when you don't wanna breathe anymore?
Me : Breathe again and say it back.
suicide attempts တွေ mention ထားတဲ့ကိစ္စနဲ့ပက်သက်ပြီး ပြောချင်တာက ခွန်းပြောသလိုအတိုင်းပါပဲ။ "ဒီအတိုင်းေ-သွားလိုက်ရင် ဒီဝေဒနာတွေအဆုံးသတ်သွားတော့မှာပါလို့ အောက်မေ့ထားပေမယ့် ဒါကအဆုံးသတ်ဆိုရင် ငါတကယ်ပဲ ကျေနပ်နိုင်မှာလား" ဆိုတဲ့ကိစ္စ။ 
ဒါကအဆုံးသတ်ဖြစ်ချင်လည်းဖြစ်နိုင်တာပဲဆိုပေမယ့် တကယ်ပဲဒီ‌ထက်ကောင်းတဲ့အဆုံးသတ်မျိုး မရှိတော့ဘူးလားလို့ တွေးလိုက်ရင် ဆင်ခြေတစ်ခုမဟုတ်တစ်ခုပေါ်လာပြီး ကျွန်တော်တို့ကလည်း အဲ့ဒီဆင်ခြေတွေနဲ့ အသက်ရှင်နေကြတာပါပဲ။ တကယ်လို့များ readers တွေထဲ ကျွန်တော်ပြောတာကို relate လုပ်မိတဲ့သူရှိရင် let me tell you...
Darling, you are worthy!
You deserve a better life!
The stinging pain in your heart won't easily go away. It'll make you weak, weep and will lead you to wreck yourself. BUT... even though you live with those traumas, you are living and you WILL live through it and I believe that 100+%. So, you who's reading this short note, believe me. Things will work out somehow!
Let's take a deep breath and SURVIVE!
(fic နဲ့မဆိုင်ဘဲ ဒီအတိုင်း ပင်ပန်းနေတဲ့အချိန် လမ်းမှာဖြတ်သွားတဲ့သူကပြောတဲ့အားပေးစကားလို့ အောက်မေ့ပါဗျ။)
အသက်ရှူနေတဲ့
Novella ✒️
Continue Reading
You'll Also Like
1.6M 92.6K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...
6.1K 823 20
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
15.6K 1.6K 49
သွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...