Heartless December❄️ ZG versi...

By Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်

10 3 0
By Novella_1001

❄️❄️❄️

ဒီဇင်ဘာ ၁၂ ရက်၊ ညနေခင်း။
ကျွန်တော်ကျောင်းကအပြန် ရေမိုးချိုးပြီးကာစမှာ ကိုကို့ဆီက ဖုန်းဆက်လာတာနဲ့ ခေါင်းမသုတ်ရသေးခင် ပြေးကိုင်လိုက်တော့...။

"ဟယ်လို... ကိုကို ဖုန်းတွေဘာတွေဆက်လို့ပါလား..."

"မင်း အခုဘာလုပ်နေလဲ..."

ခေါင်းပေါ်က တဘက်ရေစိုကိုဆွဲချလိုက်ရင်း...။

"ရေချိုးပြီးလို့ ခေါင်းသုတ်နေတယ်..."

"ခြောက်အောင်သုတ်ပြီး အနွေးထည်သေချာဝတ်ခဲ့...
မိုးမချုပ်ခင် ခဏလောက် အပြင်သွားရအောင်..."

ကျွန်တော်ဂျာစီတစ်ထည်နဲ့ မာဖလာနီလေးကို လှမ်းဆွဲယူလိုက်တယ်။

"အခုချက်ချင်းပြေးလာပါပြီ ကိုကို..."

"ခေါင်းခြောက်အောင်သုတ်ခဲ့..."

"ဟုတ်..."

* *

"ခေါင်းခြောက်အောင်သုတ်ခဲ့လို့ ‌သေချာပြောလိုက်တာကို..."

သူ့အိမ်ရှေ့တံခါးရှေ့မှာ မျက်စိစိုက်နေတဲ့ဆံပင်ရေစိုနဲ့ရပ်နေတဲ့ ကျွန်တော့်ကိုကြည့်ပြီး ကိုကိုက အထက်ကအတိုင်း ရေရွတ်လိုက်တယ်။

"၀င်ခဲ့... ငါမင်းကို လေမှုတ်ပေးမယ်..."

ကျွန်တော့် မျက်နှာဝင်းခနဲဖြစ်သွားတာပဲ။ ရခဲမျှအခွင့်အရေးကို လက်အလွှတ်မခံနိုင်တဲ့အတွက် နှစ်ခါမပြောရဘဲ အထဲဝင်လာခဲ့တာပေါ့။

ကော်ဇောပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ရင်း ကိုကိုလေမှုတ်စက်သွားယူတာကို စောင့်လိုက်တယ်။ 

"ကိုကို့ဦးလေးရော..."

"ပြန်သွားပြီ..."

"ဗျာ... ဩစတြေးလျနဲ့ဒီကို တစ်ညအိပ်ပဲလား... ရောက်ပြန်ကြီး..."

"အလုပ်ကိစ္စရှိသေးပေမယ့် သုံးရက်နေမယ်လို့ပြောတယ်... သူဒီမှာနေလည်း ငါမအားလို့ ဘယ်မှလိုက်မပို့နိုင်ဘူးဆိုပြီး ပြန်ဖို့ပြောလိုက်တာ..."

ခင်ဗျားကလည်းဗျာ။ တူတစ်မျက်နှာနဲ့ လာခဲ့ရတဲ့ အန်ကယ်ခေါန်မြတ် သနားဖို့ကောင်းနေပြီ။

"လူတစ်ယောက်ကို တကယ်ချစ်ပေးနိုင်ဖို့ဆို သူ့ရဲ့အတွင်းစိတ်ကိုမြင်နိုင်ရမယ်၊ အဲ့ဒီအတွင်းစိတ်သဏ္ဌာန်ရဲ့ အရှိပုံစံအတိုင်းကို လက်ခံနိုင်ရမယ်၊ လက်ခံပြီးတဲ့နောက်မှာလည်း မလျော့တဲ့အချစ်မျိုး ရှိနေရမယ်... မင်းဆိုရင်တော့ လုပ်နိုင်မှာပါ..."

ကျွန်တော်တို့ ကော်ဖီဆိုင်မှာ စကားပြောဖြစ်တဲ့နေ့က
သူမပြန်ခင် ကျွန်တော်နားကပ်ပြီး အဲ့လိုပြောသွားသေးတာ။ တကယ် အေးအေးဆေးဆေး ထပ်တွေ့ပြီး စကား‌ကောင်းကောင်း ပြောချင်သေးတာကို။

"ကျွန်တော် ဟိုဟိုဒီဒီ လိုက်ပို့ပေးလို့ရတာပဲဟာ... အန်ကယ်က ရုပ်ကလည်းဖြောင့်၊ ဟာသဉာဏ်လည်းရှိပြီး ခင်ဖို့ကောင်းပါတယ်..."

"မင်းလည်း ကျောင်းနဲ့လေ... ပြီးတော့ သူက အပျော်ခရီးလာတာမဟုတ်ဘူး၊ အလုပ်ကိစ္စနဲ့ ပေကျင်းကိုလာရင်း ခဏ၀င်တာ..."

"အဲ့တော့ ကိုကို့စကားနားထောင်ပြီး ပြန်သွားရရောပေါ့..."

"အဖက်မခံရင် မပြန်ဘူးဆိုပြီး ဇွတ်တင်းခံနေလို့ လေဆိပ်မှာ ငါဒုက္ခခံလိုက်‌ရသေးတယ်..."

"ဟောဗျာ... တစ်ယောက်ယောက်ဆီက အဖက်ခံရတာက ဒုက္ခခံတာမဟုတ်ဘူးလေ ကိုကိုရဲ့... အဲ့ဒါအချစ်ခံရတာလို့ ခေါ်တယ်..."

"လူမြင်ကွင်းမှာ ငါ့ကိုဖက်ပြီး မျက်ရည်တစမ်းစမ်းလုပ်နေတာ ရှက်စရာကောင်းတယ်... ဟိုဘက်လှည့်... မင်းဆံပင်ကသိပ်မထူဘူး... medium heat ဆိုရလား..."

"ကိုကို့သဘော..."

ကိုကိုက နောက်မှာရပ်လျက်နဲ့ ကျွန်တော့်ဆံပင်တွေကို လေမှုတ်ပေးနေတော့ ကျောထဲမှာကြက်သီးတဖြန်းဖြန်းပဲ။ သူ့လက်ချောင်းသွယ်သွယ်တွေ ကျွန်တော့်ဆံစတွေကြား တိုးဝင်လာတိုင်း နှလုံးသားထဲ ယားကျိကျိနဲ့။ နားရွက်နောက်နားကို ထိသွားလိုက်တိုင်း ကျွန်တော်တွန့်ခနဲဖြစ်ဖြစ်သွားတယ်။

"ဘာဖြစ်တာလဲ... ပူလို့လား..."

"အသည်းယားလို့... အဟွန်း..."

"ငြိမ်ငြိမ်နေ..."

တစ်ယောက်ယောက်က ကိုယ့်ဆံပင်ကိုကိုင်ရင် အိပ်ချင်လာတယ်တဲ့။ ကျွန်တော်တော့ ဒီအတိုင်း မျက်လုံးမှိတ်ထားရင် အိပ်ပျော်သွားမယ်လို့ ခံစားရတယ်။

ဆံပင်လေမှုတ်ပြီးသွားတော့ ကိုကိုက လေမှုတ်စက်ကိုသွားသိမ်းပြီး လက်ဆေးရင်း လှမ်းမေးတယ်။

"ညနေစာစားခဲ့လား..."

"ဟင့်အင်း... အမေဘာဟင်းချက်မှန်းတောင် မမေးခဲ့ရဘူး..."

"ဒါစားထား... အပြင်ကျမှ တစ်ခုခုဝယ်ကျွေးမယ်..."

စားပွဲပုလေးပေါ်ချပေးလိုက်တဲ့ Choco pie လေးတစ်ထုတ်။ ကျွန်တော် အဲ့ဒါလေးစားပြီး ကိုကိုတံခါးတွေပိတ်တာ စောင့်နေလိုက်တယ်။

ကိုကိုလက်တစ်ခါပြန်ဆေးပြီး သူ့အခန်းထဲကိုဝင်သွားရာက ပြန်ထွက်လာတော့ အရောင်ဖျော့ဖျော့ဂျင်းဘောင်းဘီ ဆွယ်တာဖြူလေးနဲ့။ သူ့လည်ပင်းမယ် အဖြူရောင်မာဖလာလေး ရစ်ခွေလို့။ မာဖလာအစွန်းဖျားမှာတော့ L.K ဆိုတဲ့ စာလုံးနီလေး။

"ဘာကို တစ်ယောက်တည်း ပြုံးနေတာလဲ..."

"ဘာမှမဟုတ်ပါဘူး... အဖြူရောင်က ကိုကိုနဲ့တကယ်လိုက်တယ်လို့ တွေးမိလို့..."

ကျွန်တော်တို့ ထွက်လာတော့ ကျောပိုးအိတ်အပြင် အထုတ်ကြီးအထုတ်ငယ်တွေနဲ့ လှေကားကတက်လာတဲ့ တစ်စုံတစ်ယောက်ကိုတွေ့ရတယ်။

"အစ်ကို လာပြန်ပြီလား..."

"ပြန်လာပြီလားလုပ်ပါ"

"စာတမ်းလည်းထပ်ပြီးနေပြီမလား၊ ဘာလို့ မန္တလေးပြန်လာတာလဲ...
အောင်လိမ့်မယ်လို့ ယုံကြည်ချက်မရှိလို့လား..."

"လင်းတလေး... ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းမနေနဲ့... ငါဟာငါ အိမ်မှာမနေချင်လို့ ပြန်လာတာ..."

"ဘာလဲ... အိမ်က မိန်းမပေးစားဖို့စီစဉ်နေကြလို့လား..."

"ဟုတ်တယ်..."

"ဟမ်..."

စ‌နောက်ပြီးပြောလိုက်တဲ့စကားက တကယ်ကြီးဖြစ်နေတဲ့အခါခံစားရတဲ့ အူချာချာခံစားချက်မျိုး အခုရလိုက်တယ်။

"တကယ်ကြီးလား..."

"နှစ်ကယ်ကြီးဟေ့... အဲ့ဒါကြောင့် မန္တလေးကိုပြန်ပြေးလာတာ..."

"အစ်ကို့မှာ ဟဆုနဲ မိခု ရှိတယ်လို့ မပြောလိုက်ဘူးလား..."

"အဲ့အကွက်က ဟောင်းသွားပြီကွ... သားအဆင်ပြေရင် သူတို့စီစဉ်တဲ့မိန်းကလေးရော... ဟဆုနဲ(နည်း) မိခု ဖြစ်ဖြစ် ဟဆုများ မိခု ဖြစ်ဖြစ်ကိုရော နှစ်ယောက်လုံးယူနိုင်ပါတယ်၊ ဟိုကောင်မလေးက သဘောထားကြီးတယ်တဲ့..."

[A/N* ဟဆုနဲ မိခု : Hatsune Miku - ဂျပန်အခြေစိုက် Yamaha Corporation မှပံ့ပိုးထားသော Crypton Future Media INC မှ ပထမဆုံးထုတ်လုပ်သည့် vocaloid တဖြစ်လည်း ကမ္ဘာကျော် pop icon။

Vocaloid : အသံမျိုးစုံပေါင်းစပ်ဖန်တီးနိုင်သော အီလက်ထရောနစ်ဆော့ဖ်ဝဲ။ လူသား voice actor/ actress ၏ အသံနမူနာကို အခြေခံယူ၍ computer အသိဉာဏ်ဖြင့် tone အဆင့်ဆင့်ပြောင်းလဲ၊ စာသားနှင့် တေးဂီတထည့်သွင်းကာ music creator များစိတ်ကြိုက် သီချင်းဖန်တီးနိုင်ရန် ပြုလုပ်ပေးထားသည့် virtual idol။ ]

"ကြီးကြီး ၁ တို့က အတည်ကြီးတွေ လုပ်နေကြတာပဲ..."

"အေး... ဟို‌ရေဘဝဲအစ်မရဲ့မယ်တော်နဲ့ဖုန်းဆက်ပြီး သားသမီးတွေအကြောင်း အတင်းချပြီးကတည်းက အမေကငါ့ကို ကြင်ဖက်တွေ့ကြည့်ဖို့ တတွတ်တွတ်ပြောနေတာ၊ အဖေကပါ အဟုတ်ကြီးတွေ လုပ်လာမယ်လို့ မထင်ဘူးလေ..."

ဘယ်တော့မှသေချာဖြီးမထားလို့ ရှုပ်ယှက်ခပ်နေတဲ့ဆံပင်နဲ့ ဂျာကင်အပြာဝတ်ထားတဲ့ တစ်စုံတစ်ယောက်ဟာ ခေါင်းတဗျင်းဗျင်းကုတ်ပြီးပြောတယ်။ သူဒီလောက် စိတ်အိုက်နေတဲ့ပုံစံမျိုး အခုမှတွေ့ဖူးတာပဲ။ ဒီလူက ပုံမှန်ဆို စာမေးပွဲရက်နဲ့ ‌ရင်နဲ့ကျောလောက်‌နီးပါးကပ်နေတောင် anime ကြည့်မပျက်တဲ့ "flow လေးနဲ့သွားပါ" ဆောင်ပုဒ်ကို ကိုင်စွဲထားသူလေ။

"MA ပြီးပြီမို့ ပလစ်ထားတဲ့ငါ့ channel လေးဖုန်ခါပြီး streamer life ပြန်စတော့မလားစဉ်းစားနေပါတယ်၊ spouse simulator ads နဲ့ဝင်တိုးနေတယ်..."

ဒီကြွက်ကိုယ်တော်က အရင်တုန်းက YouTube မှာ channel တစ်ခုဖွင့်ပြီး streamer လုပ်ခဲ့သေးတယ်။ ဘာ channel မှန်းတော့မသိပေမယ့် gaming field ပဲ နေမှာပါ။ သူ့အပြောအရတော့ တော်တော်လည်း အောင်မြင်ခဲ့တယ်ဆိုပဲ။ နောက်တော့ ကျောင်းကိစ္စတွေအတွက် မအားတာကြောင့် နားလိုက်ရတာလို့ ပြောတာကြားဖူးတယ်။

"အဲ့တော့လည်း install ပြီး level လေးဘာလေးတင်ကြည့်ပေါ့..."

"Sorry... skip ads နှိပ်ပြီး ချက်ချင်းထွက်ပြေးလာတာတောင်
ဘယ်တော့ထပ်လာအုံးမလဲမသိတာ... ဖြစ်နိုင်ရင်လည်း ဘုန်းကြီးသာဝတ်လိုက်ချင်တယ်၊ လောကီရေးရာတွေထဲ အချစ်ရေးကိုတော့ စိတ်ကုန်လွန်းလို့..."

"အယ်... ဒီလိုတောင်ပြောနေမှတော့ နှမလက်လျှော့နေလေတော့ ၂၁ ရာစုဗားရှင်းများ ထွက်လာတော့မှာလား ဝါး..."

မိန်းမပေးစားမှာကြောက်လို့ မော်လမြိုင်ကနေ ဒီပြန်ရောက်လာတယ်ဆိုတဲ့ အဲ့ဒီအိမ်ပြေးဝမ်းကွဲအစ်ကိုဟာ သက်ပြင်းအရှည်ကြီးချပြီး လက်ကိုယမ်းရင်း ဖယ်ခိုင်းလိုက်တယ်။

"ဝါးရောမျှစ်ရောမဝယ်သေးဘူးကွာ... ဖယ်စမ်း... အထုတ်ချပြီးရင် convenience store သွားပြီး တိုင်ပင်ရဦးမယ်..."

"ဘယ်သူနဲ့လဲ..."

"ခေါက်ဆွဲပြုတ်နှမနဲ့..."

"ခွီး..."

"Good luck!"

ပါးစပ်ပိတ်ခွီနေတဲ့ကျွန်တော့်ကို လျစ်လျူရှုလို့ သူ့ရေခဲတုံးသူငယ်ချင်းရဲ့ဆုတောင်းပေးသံအေးအေးကို လက်ခါပြရင်း အထုတ်တွေဆွဲလျက် အခန်းထဲဝင်သွားလေရဲ့။

* * *

ကိုကို့ဆိုင်ကယ်နောက်ကနေ ကိုကို့ကို ကိုအားလားလိုဖက်ရင်း ကပ်ပါလာရတာပေမယ့် ကိုကိုက ဘယ်ကိုသွားမယ်မှန်းမပြောတော့ ကျွန်တော်လည်း ဘာမှတော့မသိဘူး။ ဒါပေမယ့် ကိုကိုခေါ်ရာဆို မားစ်နဲ့ ဂျူပီတာအထိလည်း တွယ်ဖက်ပြီးလိုက်မယ့်ကျွန်တော်ပဲမို့ အထူးတလည်တော့ မေးမနေတော့ပါဘူး။

ကိုကိုက သူ့ Scoopy အနက်လေးကို ရှော့ပင်းမော်လ်တစ်ခုရှေ့မှာ ရပ်လိုက်တယ်။

"ကိုကိုဝယ်စရာရှိလို့လား..."

ဆိုင်ကယ်ဦးထုတ်ချွတ်ပြီးတဲ့နောက် ကျွန်တော့်မေးခွန်းကို ‌အဖြေမပေးဘဲ...။

"လိုက်ခဲ့..."

ပြောပြောဆိုဆိုပဲ ခြေလှမ်းကျဲကျဲနဲ့ ခပ်မြန်မြန်လျှောက်သွားပြီမို့ ကျွန်တော်လည်း နောက်ကပြေးလိုက်ခဲ့ရတယ်။

အထဲဝင်လာခဲ့တော့ လျှောက်လာရင်လျှောက်လာသလောက် မြေညီထပ်မှာ လူစည်စည်ကားကားပဲ။ ကျွန်တော်သူ့လက်ကို လှမ်းဆွဲလိုက်တော့ ကိုကိုက လှည့်ကြည့်တယ်။

"..."

"ကျွန်တော်မရောက်ဖူးတဲ့နေရာလေ... လမ်းပျောက်သွားမှာစိုးလို့ ကိုကို့ကိုကိုင်ထားမယ်"

'သဘောပဲ' ဆိုတဲ့အကြည့်တစ်ချက် လက်ခံရရှိပြီးတဲ့နောက် သူ့ဘေးကကျွန်တော်နဲ့ညှိဖို့ ခြေလှမ်းတွေရဲ့အရှိန်ကို လျှော့ချလိုက်တယ်။

"ဒီနေ့က ပွဲတစ်ခုခုရှိတာလား ကိုကို... လူတွေအများကြီးပဲ..."

"ဟုတ်မှာပေါ့..."

"ဆောင်းရာသီ ဈေးရောင်းပွဲတော်... ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၂၂ ရက်အထိ... Live show နဲ့ events တွေရောပါတဲ့ပုံပဲ၊ အဲ ကိုကို... စာအုပ်အရောင်းပွဲတော်ကလည်း မြေညီထပ်မှာတဲ့ဗျ...
ပိတ်ချိန်မရောက်သေးဘူး"

ပိုစတာတစ်ခုရှေ့ခဏရပ်လို့ဖတ်ရင်း ဘေးမှာရပ်နေသူကို လက်တို့လိုက်တော့...။

"အင်း..."

မှန်ပါးလေးရဲ့အောက်ကမျက်ဝန်းနက်တွေမှာ စိတ်ဝင်စားသွားသလို အရောင်လေးဖြတ်သွားပေမယ့် ကိုကိုက ဒုတိယထပ်ကိုသွားမယ့် စက်လှေကားဆီကိုပဲ ဦးတည်လိုက်တယ်။

"ကိုကို စာအုပ်ဝယ်ဖို့ ဒီလာတာမဟုတ်ဘူးလား..."

"ဒါဆို မင်းကို ခေါ်နေမလား၊
ငါတစ်ယောက်တည်း လာမှာပေါ့"

အင်းပေါ့လေ။ ကျွန်တော်က သူ့အရှုပ်ထုပ်လေးပဲဟာ။
လက်ဆွဲထားတာကိုမလွှတ်ဘဲ ဘေးနားက ကောက်ကောက်ကောက်ကောက်နဲ့ လိုက်လာခဲ့ရာက...။

"ဒါဆို ကိုကိုဘာဝယ်မလို့လဲ..."

အဖြေမပြန်ဘဲ ‌သူ့ခြေလှမ်းတွေရပ်သွားတဲ့နားမှာ ကျွန်တော်ဘရိတ်အုပ်လိုက်တော့ ဆောင်းရာသီဖက်ရှင်တွေ စီစဉ်ပြသထားတဲ့ ဆိုင်ခန်းတစ်ခု။ ကိုကိုကဘာမှမပြောဘဲ ဆွယ်တာရောင်စုံတွေ တိမ်လိုထပ်နေတဲ့ စင်တွေဘက် ကျွန်တော့်ကိုခေါ်သွားတယ်။

"Size ပြော..."

"ဗျာ..."

"မင်းဝတ်နေကျ size..."

"ကိုကို ကျွန်တော့်ကိုဆွယ်တာဝယ်ပေးမလို့လား..."

"မလိုချင်ဘူးလား..."

"တကယ်ကြီးလား..."

"ဘယ်လိုပုံစံကြိုက်လဲ..."

ပြဿနာပဲ။ ဒီကြင်နာမှုကြီးကဘာလဲ။
ဒီနေ့ဘာနေ့မို့ ကိုကိုဒီလောက် ကောင်းပေးနေရတာလဲ။ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဟူးနေ့လည်း မဟုတ်ပါဘူး။ ရုတ်တရက်ကြီး ဖုန်းဆက်ပြီးလှမ်းခေါ်တာက ကျွန်တော့်ကို ဆွယ်တာဝယ်ပေးဖို့တဲ့လား။

"ကိုကို..."

"ဘာလို့ ငိုတော့မယ်ပုံစံဖြစ်နေတာလဲ..."

"ကိုကို ကျွန်တော့်ကိုနှင်ထုတ်မလို့တော့ မဟုတ်ပါဘူးနော်..."

"ဘာဆိုင်လို့လဲ..."

"ကိုကိုက ရုတ်တရက်ကြီး ကြင်ကြင်နာနာဆက်ဆံနေလို့လေ...
မုန်တိုင်းမလာခင် လေပြည်သွေးတာရဲ့ အချက်ပြလို..."

"ထောက်..."

"အ..."

"လျှောက်တွေးမနေဘဲ မေးနေတာကိုအရင်ဖြေ၊
မင်းက M လား..."

"ဟုတ်လောက်မယ်... ကြည့်ရတာ ကျွန်တော်က M ပဲ ထင်ပါတယ်... အကန်ခံရလည်း ပိုပိုရင်ခုန်သံမြန်လာပြီး ခဏခဏနဖူးတောက်ခံရတာကိုလည်း သဘောကျနေသေးတယ်"

"ဘာတွေပြောနေတာလဲ "

"ကိုကိုပဲ မင်းက M လားဆို..."

"အရူးလေး... အင်္ကျီ size ကို ပြောနေတာ..."

"ဪ... ဆွယ်တာကိုပြောတာဆို fit ပဲဝတ်ရင် M ပဲ..."

"အူကြောင်ကြောင်နဲ့..."

ခေါင်းတယမ်းယမ်းနဲ့ မှတ်ချက်ပေးလိုက်ပြီး အနားက ဆိုင်ဝန်ထမ်းအစ်မကို medium size ယောက်ျားလေးဝတ်ဆွယ်တာတွေ ထုတ်ပြပေးဖို့ ပြောနေတယ်။

[A/N* M - short term for masochist : ရက်စက်တာကိုကြိုက်သူ၊ (ချစ်ရသော)တစ်ဖက်လူက မိမိကို နာကျင်ခံစားရအောင် ပြုလုပ်ခြင်းအပေါ် သာယာတတ်သည့်ညဉ်ရှိပြီး နှိပ်စက်ညှင်းပန်းခံရခြင်းကိုမှ အတင်းအရမ်းလိုလားတတ်သူ။ အစပိုင်းမှာ note ပါဖူးပေမယ့် ပြန်ထည့်ပေးတာပါ *-* ]

"အနီရောင်တွေများတာပဲ..."

"ဟုတ်ပါတယ်ရှင့်၊ ခရစ်စမတ်လည်း နီးပြီဆိုတော့လေ..."

ထုတ်ပြလာတဲ့ ဆွယ်တာတွေကို ကိုကိုက ကျွန်တော့်ဘက်တွန်းပေးရင်း...။ 

"မင်းကြိုက်တဲ့တစ်ထည်ရွေး..."

"တကယ် ရတယ်ပေါ့..."

"ငါညာပြောနေတယ် ထင်လို့လား..."

ဟွန့်... မေးတတ်လိုက်တာ။ ခင်ဗျားက တစ်ချိန်လုံး လူလိမ်ကြီးပဲဟာ။

"ဒါဆို ဒီဟာဆိုရင်ရော... အဲ... ဒါပေမယ့် ဒီအရောင်က ပိုစိုပြီး ကျွန်တော်နဲ့လိုက်မလားမသိဘူး"

"မောင်လေးက ညိုချောလေးပဲ... အနီရင့်ဖြစ်ဖြစ် အနီရဲဖြစ်ဖြစ် လိုက်မှာပါ... ရွေးမရရင် ဘယ်ဟာပိုအဆင်ပြေလဲ စမ်းဝတ်ကြည့်လို့လည်း ရတယ်နော်"

ကိုကို့ကိုလှည့်ကြည့်လိုက်တော့ '၀တ်ကြည့်ပေါ့' ဆိုတဲ့သဘောနဲ့ မေးငေါ့ပြတယ်။

ကျွန်တော် ဆွယ်တာနှစ်ထည်ကို ယူပြီး တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်လိုက်၊ ကိုကို့ကိုပြလိုက်နဲ့။
Shopping  ထွက်ရတာက treat ရတာထက် ပျော်ဖို့ကောင်းမှန်း မသိခဲ့ဘူး။

"ကိုကို... ဘယ်ဟာက ကျွန်တော်နဲ့လိုက်တယ်လို့ထင်လဲ..."

"မင်းကြိုက်တဲ့ဟာက လိုက်မှာပေါ့"

"..."

ကိုကို fact နောက်တစ်ခု သိလိုက်ရပြန်ပြီ။
ကိုကိုက သူများကမရွေးတတ်လို့ ကိုယ့်ကိုရွေးခိုင်းတာကို ပြန်‌ဖြေပေးတဲ့နေရာမှာလည်း တယ်‌ skill နည်းတာကိုး။

"ကိုကိုကလည်း... အဲ့လို ပစ်စလက်ခပ်မဖြေရဘူးလေဗျာ၊
သေချာလေး ကိုယ့်အမြင်ကိုပြောမှပေါ့..."

"ငါ့အမြင်ကတော့ မင်းနဲ့အကုန်လိုက်တယ်လေ...
မင်းက အရိုးဖွဲ့စည်းပုံကောင်းပြီး ခန္ဓာကိုယ်အနေအထားလည်း အဆင်ပြေတာပဲ၊ ဘာနဲ့ဖြစ်ဖြစ် ကြည့်ကောင်းတာမို့ သိပ်ရွေးစရာမလိုပါဘူး"

"..."

အဲ့‌တော့... ဒါက တစ်နည်းအားဖြင့် သူ့မျက်စိထဲမှာ ကျွန်တော်က ဘယ်အ၀တ်အစားနဲ့ဖြစ်ဖြစ် ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ သဘောလား...။
ကိုယ့်ကိုယ်ကိုယ်‌ကြည့်ကောင်းမှန်းသိပေမယ့် အဲ့ဒီကိုကိုကပါ compliment ပေးလာတော့ ဒါကြီးက universal truth ဖြစ်လာပြီဆိုတဲ့ သဘောပေါ့။

"Oh my god... my heart can't take this..."

ကျွန်တော် တိုးတိုးရေရွတ်ရင်း မျက်နှာကိုလက်နှစ်ဖက်နဲ့ ကွယ်လိုက်တယ်။

"ဘာလို့ရှက်နေတာလဲ... ရှက်နေတာက မင်းနဲ့မလိုက်ဘူး"

သူကအဲ့လိုပြောတော့ ကျွန်တော်လည်း လက်ပြန်ဖယ်လိုက်ပြီး အတည်ပေါက်မျက်နှာနဲ့...။

"ရှက်နေတာမဟုတ်ဘူး ကိုကို...
ကျွန်တော်က အနာဂတ်ကိုကြိုတွေးပြီး စိတ်လှုပ်ရှားနေတာ..."

"အနာဂတ်..."

"ကိုကိုကျွန်တော့်ကို ကြည့်ကောင်းတယ်လို့မြင်မှန်း မသိခဲ့ဘူး၊ ပြီးတော့ ကျွန်တော်က အခုမှ ၁၇ နှစ်ပဲရှိသေးတာ... ဒီ့ထက်အရွယ်ရောက်လာရင် ဆတိုးကိန်းများစွာထပ်ပြီး အပြတ်အသတ်ကြည့်ကောင်းလာမှာနဲ့ အဲ့လိုအတောင်အလက်စုံလာတဲ့ ကျွန်တော့်ရဲ့ charisma တွေကို ကိုကိုဘယ်လိုရင်ဆိုင်မလဲ... ကျွန်တော့်ကိုတည့်တည့်ကြည့်ပြီး ငြင်းဖို့ရာက ကိုကို့အတွက် တော်တော်ခက်သွားမှာပဲ... ဟုတ်တယ်မလား..."

ဆိုင်ဝန်ထမ်းအစ်မက ပြုံးတုံ့တုံ့မျက်နှာနဲ့အသံတိတ်ရယ်နေပြီး တစ်ယောက်ယောက်ကတော့ စကားလုံးမဲ့စွာ ကျွန်တော့်ကိုကြည့်နေရဲ့။ ပြီးမှ 'ပြောမိတာ မှားပါတယ်' ဆိုတဲ့ပုံစံနဲ့ အကြည့်လွှဲ ခေါင်းယမ်းလိုက်ရင်း...။

"Jesus Christ... I can't with this kid..."

နောက်ဆုံးတော့ ကိုကိုရွေးပေးတဲ့တစ်ထည်ကိုပဲ ယူဖြစ်သွားပြီး ကျွန်တော်တို့ မြေညီထပ်ကို ပြန်ဆင်းလာကြတယ်။

"ဘာလို့ တန်းဝတ်လာတာလဲ..."

"ကြိုက်လို့ပေါ့ဗျ... အဟွန်း..."

အိမ်ကပါလာတဲ့ ဂျာစီအ‌နွေးထည်ကို လက်ထဲကိုင်လျက် လောလောလတ်လတ်ဝယ်လာတဲ့ ခေါင်းစွပ်ဆွယ်တာအနီလေးကို ၀တ်ထားတော့ မာဖလာနဲ့အရောင်ကိုက်သွားရော။ ဆွယ်တာကလည်း ထိုးကွက်ဆင်ခပ်ဆင်ဆင်၊ L.K မာဖလာကလည်းဆင်တူ မသိရင် ကိုကိုနဲ့ကျွန်တော်က ဈေးရောင်းပွဲတော်က  အထိမ်းအမှတ်လာဘ်ကောင်လေးတွေလိုပဲ။ (L.K)² pairing up just so fair.

"ကိုကို... ကျွန်တော့်ကို မုန့်ဝယ်ကျွေးမယ်ဆို..."

"ဆောရီး... ငါမေ့နေတာ...
ဗိုက်ဆာနေပြီလား၊ ဘာစားချင်လဲ..."

"အချို..."

"ညဘက်ကို အချိုစားရင်..."

"ကျွန်တော်က အိပ်ခါနီး သေချာသွားတိုက်ပါတယ်၊ သွားပိုးစားမယ့် တရားဟောရလောက်အောင်လည်း မငယ်တော့ဘူးလေ..."

"ဒါ‌ဆို ခဏစောင့်..."

"ကိုကို... ခွေးလေးတွေက ကြာကြာထားခဲ့ရင် လမ်းပျောက်တတ်တယ်နော်၊ မြန်မြန်ပြန်လာခဲ့..."

"အရူးလေး..."

အဲ့လိုပြောရင်း လှည့်ထွက်သွားပြီးမှ...။

"အဲ့မှာပဲစောင့်နေ၊ ငါမြန်မြန်ပြန်ခဲ့မယ်..."

"ဟုတ်ကဲ့ပါ..."

ကိုကိုကိတ်ဆိုင်ရှိတဲ့ဘက်ထွက်သွားတုန်း ကျွန်တော်လည်း ‌သူပြောသွားတဲ့အတိုင်းစောင့်ရင်း မတ်တပ်ကျန်ခဲ့တယ်။ ဖုန်းဖွင့်ပြီး ထုတ်ကြည့်လိုက်မိတာက သူနဲ့ကျွန်တော် ဖက်ရှင်ချင်း match သွားပုံကို မှတ်တမ်းတင်ထားတဲ့ ဆယ်လ်ဖီဓာတ်ပုံ။ သူငွေရှင်းနေတုန်း ခိုးရိုက်ထားတာလေ။

ဖုန်းပြန်သိမ်းပြီးဟိုကြည့်ဒီကြည့်လုပ်လိုက်တော့ မြေညီထပ်မှာ event တစ်ခုခု ရှိလို့ထင်ရဲ့။ တစ်နေရာမှာ လူတွေစုရုံးနေကြတယ်။ ကျွန်တော်လည်း စပ်စုကြည့်ချင်တာနဲ့ သွားကြည့်လိုက်တော့ အဲ့နေရာမှာ stage တစ်ခု၊ event ကို တာဝန်ယူတင်ဆက်နေတဲ့ host တစ်ယောက်။ ပရိတ်သတ်တွေကြားထဲ တိုးခွေ့ပြီးမေးလိုက်တာ...

"အစပ်စားပြိုင်ပွဲတဲ့... spicy noodles အမြန်စားခိုင်းပြီး နိုင်တဲ့သူကိုဆုပေးတာ၊ မောင်လေးပြိုင်ချင်လို့လား..."

လို့ ဈေးဝယ်လာသူတစ်ယောက်က ပြောလာတဲ့အတွက် 'ကျွန်တော်နဲ့မအပ်စပ်ပါဘူး၊ ကန်တော့ပါသေးရဲ့' လို့တွေးရင်း အမြီးခါလှည့်ထွက်ဖို့ လုပ်လိုက်တုန်း ဒုတိယတစ်ယောက်ဆီက ပိုလို့ detail ကျတဲ့ သတင်းအချက်အလက်ကို ကြားလိုက်ရတယ်။

"အစပ်စားရုံတင်မဟုတ်ပါဘူး... spicy စားပြီး ချက်ချင်းသီချင်းဆိုခိုင်းရင်း ကောင်းကောင်းဆိုနိုင်တဲ့သူကို ဆုပေးတာ... အပျော်ပေါ့၊ အမြင့်ဆုံးဆုက oven ထင်တယ်... ဒုတိယက mixer ရယ်၊ တတိယက ဆင်တူ mug ခွက်တွေ၊ နှစ်သိမ့်ဆုက ခြေအိတ်... spicy ကြိုက်တဲ့သူကတော့ ဆုရရမရရ အလကားစားရတော့ ကောင်းတာပဲ..."

ဆိုတော့ ဒါက အစပ်စားပြီးဒုက္ခခံရုံနဲ့ ပြီးသွားတာမဟုတ်ဘူး။
တကယ်လို့ အစပ်ကို handle လုပ်နိုင်ရင် talent ပါပြနိုင်မယ့် အခွင့်အရေးပါရှိတယ်ဆိုတော့ ကျွန်တော်တွေးရပြီ။

"သီချင်းဆိုနိုင်ရင် ဖြစ်တယ်ပေါ့...
ဒါပေမယ့် spicy က..."

"အာ... spicy လောက်များ... ခက်ခက်ခဲခဲကြိုးစားပြီး ကိုကို့ကို oven အသစ်ပေးထားနိုင်ရင် အဲ့ဒီမျက်နှာနဲ့ ဘယ်အချိန်မဆို မုန့်လုပ်ခိုင်းပြီး တောင်းစားလို့ရမယ့် အခွင့်အရေးမဟုတ်လား... ကိစ္စမရှိဘူး၊ အနီရောင်ဝတ်ရဲတဲ့သူက နောက်မတွန့်စတမ်း တိုက်ပွဲဝင်ရဲရမှာပေါ့..."

ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော် သတ္တိအပြည့်နဲ့ စင်ပေါ်ရောက်လာပါပြီ။

"ဟုတ်ကဲ့ခင်ဗျာ... စိန်ခေါ်သူပြိုင်ပွဲဝင်တွေလည်း stage ပေါ်မှာ နေရာယူပြီးပြီဆိုတော့ ပြိုင်ပွဲစည်းကမ်းလေးကို နည်းနည်းရှင်းပြပါ့မယ်... ပြိုင်ပွဲဝင်တို့မြင်ရတဲ့အတိုင်း ရှေ့က စားပွဲကိုယ်စီမှာ spicy 2x တစ်ပွဲစီကို မူလအရသာအတိုင်း ပြင်ဆင်ထားပါတယ်၊ အစပ်ပြေသောက်ဖို့ရာကတော့ အသံလည်းမထိခိုက်အောင် အပူချိန်မျှတတဲ့ရေနွေးတစ်ခွက် စီစဉ်ပေးထားပါတယ်ဗျ... စည်းကမ်းချက်ကတော့ ပြိုင်ပွဲဝင်တွေဟာ ပထမဆုံး spicy ramen ကို ကုန်အောင်စားရပါမယ်၊ ပြီးရင်တော့ စက္ကန့်သိပ်မခြားပဲ  ကိုယ်ကြိုက်တဲ့သီချင်းကို တစ်ပိုဒ်ဖြစ်စေ သီဆိုပေးရပါမယ်၊ spicy ကိုလည်း မြန်မြန်ဆန်ဆန် ကုန်အောင်စားနိုင်ပြီး သီချင်းကိုလည်း ကောင်းကောင်းမွန်မွန်ဆက်လက်သီဆိုနိုင်တဲ့ပြိုင်ပွဲဝင်တွေကိုတော့ ပရိသတ်ရဲ့ voting စနစ်နဲ့ ပ၊ဒု၊တ နှစ်သိမ့်ဆုတွေ ချီးမြှင့်သွားမှာဖြစ်ပါတယ်... ဆက်မစားနိုင်တော့လို့ လက်လျှော့ပါမယ်ဆိုရင်တော့ ပြိုင်ပွဲကထွက်ရပါမယ်၊ voting လည်း ရရှိမှာမဟုတ်ပါဘူးခင်ဗျ... ဒါဆိုရင်တော့ ပြိုင်ပွဲဝင်တွေ အသင့်ဖြစ်တာနဲ့ အချိန်စမှတ်ပါမယ်ဗျ..."

စားရမယ့်အရာကိုငုံ့ကြည့်လိုက်တော့ အနံ့အသက်နဲ့တင် နှာ‌၀မှာစူးခနဲ။ ဒီတိုက်ပွဲမှာ spicy ramen ရဲ့အစပ်ပမာဏက ကျွန်တော့်ခံနိုင်ရည်အားထက် များနေမယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော်က စင်ပေါ်တက်လာကတည်းက ဖောင်ဖျက်ခဲ့ပြီ။
သေချာပေါက်နိုင်မယ်ဆိုတာ ၁၅၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်။

"ရွှီ... စိန်ခေါ်သူများ စစားလို့ရပါပြီခင်ဗျာ..."

ဝီစီမှုတ်သံကြားတာနဲ့ ကိုကိုသရဏံဂစ္ဆာမိ သုံးခေါက်ရွတ်ပြီး ကျွန်တော့်ရှေ့က နီနီရဲရဲမိစ္ဆာကောင်ကို ရင်ဆိုင်လိုက်တယ်။

အား... စပ်လိုက်တာ...။ ဒါကြီးက level မတင်ရသေးတဲ့ စွန့်စားသူအသစ်လေးကို fire magic သုံးတဲ့ dark lord နဲ့ ရင်ဆိုင်ခိုင်းသလိုပဲ။ ကျွန်တော်ဘေးက လူတွေကတော့  လူသားဖုန်စုပ်စက်တွေအလား တရှူးရှူးနဲ့ဆွဲစုပ်စားလိုက်ကြတာ။ ဒီလောက်စပ်တာကိုဗျာ။ သူတို့ လူတွေမဟုတ်ကြတော့ဘူးထင်ရဲ့။

ယုံကြည်ချက်တွေက ရှိတာတော့ရှိတယ်ရယ်။ ရှေ့ဆက်နိုင်ဖို့ တစ်ခုခုလိုနေတာ။ ကျွန်တော်ဒီမှာ တိုက်ခိုက်နေရတဲ့ အကြောင်းအရင်းလေး...။ 

"ကိုကို..."

ကျွန်တော်တို့ စိတ်ချင်းဆက်နေတာဖြစ်ရမယ်။ တလိုက်‌တုန်းမှာတင် စင်နားတစ်ဝိုက်ကပရိသတ်တွေရဲ့ ထောင့်စွန်းတစ်နေရာမှာ‌ပေါ်လာတဲ့ ဆွယ်တာအဖြူလေး...။ စောင့်ခိုင်းတဲ့နေရာမှာမရှိ‌တော့တဲ့ ကျွန်တော့်ကိုလိုက်ရှာရင်း ဒီဘက်ရောက်လာပုံပဲ။ ဘယ်လို‌လှမ်းခေါ်ရမှန်းမသိ ဖြစ်နေတုန်းမှာပဲ သူ့အကြည့်တွေက ဒီဘက်ကိုရောက်လာရင်း ကျွန်တော့်ကိုမြင်သွားတယ်။ အချိန်မီလေးပဲ
ရလိုက်ပြီ ကိုကို buff...။

[A/N *buff : ဂိမ်းနယ်ပယ်အသုံးအနှုန်း။ မိမိကိုယ်ကိုယ် သို့ အခြားကစားသူအပေါ်သုံးလိုက်လျှင် လက်ခံရရှိသူ၏ သက်လုံ၊ တိုက်ခိုက်ရေးစွမ်းအင်၊ မှော်စွမ်းအင်စသဖြင့် တိုးပွား‌လာစေသည့် effect တစ်မျိုး။ ]

စားလို့မကုန်သေးပေမယ့် ဆောင်းတွင်းကြီး ချွေးတပြိုက်ပြိုက်နဲ့ လျှာပေါ်မှာ ငရဲမီးဂါလံ‌လိုက်လောင်နေပြီ။ ကျွန်တော့်ထက်အရင် စားလို့ကုန်ပြီး သီချင်းစဆိုနေတဲ့သူတွေလည်း ရှိလာပြီ။ ဒါပေမယ့် ကိုကိုပါရောက်လာပြီဆိုတော့ ကျွန်တော်သူ့ကိုစိတ်ပျက်စေလို့ ဘယ်ဖြစ်မလဲ။ ဆက်တိုက်ခိုက်စမ်း လင်းခန့်...။

အစွမ်းကုန်ထုတ်ပြီး စားလို့ကုန်သွားတော့ မျက်စိတွေတောင်ဝေလာပြီ။ ဒါပေမယ့် ရေနွေးသောက် ခံတွင်းရှင်းပြီး မိုက်ကိုချက်ချင်း ကောက်ကိုင်ရတယ်။ တရှူးရှူးတရှဲရှဲအသက်ရှူသံတွေ ငြိမ်ကျသွားတဲ့ထိ လေကိုအဆုပ်ထဲရှိုက်လိုက်ရင်း လူထုထဲက ဆွယ်တာအဖြူလေးကို ရှာလိုက်ရင်း...။

"လေမတိုးတဲ့အနွေးထည်ချည် နေရာခဏလဲချင်သည်၊
ကြင်နာသူတစ်ယောက်နွေးထွေးဖို့ ကျွန်တော်ကြိုးစားမည်...
ရင်မှာသည်လောက်ချစ်ပါသည်၊
ဒါကို သူလည်းသိနေပြီ၊
တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်...
သူမြတ်နိုးတဲ့ပန်းနီနီ ကျွန်တော်ခဏဖြစ်ချင်သည်၊
တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်..."

ဒီသီချင်းကြားဖူးတယ်လို့ တွေးနေသလား။ ဒါပေါ့... 
'တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်' ရဲ့ အပြီးသတ်အပိုဒ်ပါ။
ကျွန်တော်ဗားရှင်းနဲ့ပေါ့။ သီချင်းကောင်းတွေဆိုခဲ့တဲ့ ဆရာထူးအိမ်သင်ကို ဦးထိပ်တင်ပါတယ်။
စာသားလေးနည်းနည်းတော့ ပြောင်းပါရစေခင်ဗျာ။

သီချင်းဆိုနေရင်း ရည်ရွယ်သူကိုဆက်တိုက်ကြည့်နေခဲ့တော့ မှန်ပါးလေးကာထားတဲ့ သူ့မျက်ဝန်းနက်တွေကလည်း ကျွန်တော့်ကိုစူးစိုက်ကြည့်တဲ့အမှုအပြင် တခြားဘာတစ်ခုကိုမှ မပြုခဲ့ကြဘူး။

ဂီတဟာ အကောင်းဆုံးသော ခံစားချက်သယ်ယူပို့ဆောင်သူဆိုရင် အခုပို့လိုက်တဲ့ ကျွန်တော့်ခံစားချက်တွေကို သူသေချာ လက်ခံရရှိမယ်မလား။

ခံစားချက်အဟုန်တွေ မီးတောက်ကလေးလိုပေါက်ဖွားဖို့ spicy 2x တောင် ကျွန်တော်စားခဲ့ပြီးပြီလေ။ တစ်နေ့နေ့တော့ ရင်းရကျိုးတွေ နပ်မှာပါ။ ဟုတ်တယ်မလား။

"ပြိုင်ပွဲဝင်အားလုံးရဲ့ voting ကို ရေတွက်နေပါပြီခင်ဗျ...
ပရိသတ်ရဲ့ vote အများဆုံးနဲ့ ပထမနေရာကို အနိုင်ရရှိသွားသူကတော့..."

ကျွန်တော်... မဟုတ်ပါဘူး။ တခြားသူပါ။
ဒုတိယလည်း ကျွန်တော်မဟုတ်ဘူး။ တခြားတစ်ယောက်ပဲ။
ကံကောင်းထောက်မလို့ တတိယနေရာလေးတော့ ရလိုက်တယ်။

မတတ်နိုင်ဘူးလေ။ ရှုံးပွဲမရှိတဲ့စစ်သူကြီးလည်း ဓားထိနိုင်သေးတာပဲ။ ကျွန်တော်က အစပ်မစားနိုင်တော့ နည်းနည်းနောက်ကျမှပြီးတာရယ်၊
လူတိုင်းသိတဲ့နာမည်ကြီးသီချင်းကို စာသားတလွဲတွေဆိုလိုက်လို့ သဘောမကျကြတာလည်း ပါကောင်းပါနိုင်တယ်။ ဒါမှမဟုတ် ကျွန်တော်အစပ်လွန်ပြီး စာသားမေ့သွားလို့ပဲ ‌ပါးစပ်ထဲရှိရာ လျှောက်ဆိုသလားတွေးတဲ့သူလည်း ရှိချင်ရှိမှာပေါ့။ ကိုယ့်စုတ်သားဘယ်လောက်လှလှ voting စနစ်ဆိုတာ အစကတည်းက အများကြိုက်တဲ့ပန်းချီ masterpiece ဖြစ်စတမ်းပဲလေ။ လက်ခံပါတယ်။ နိုင်ခြင်းရှုံးခြင်းထက် ကိုယ့်ယှဉ်ပြိုင်မှုအပေါ် ကိုယ်ကျေနပ်ဖို့ပဲ လိုတာပဲဟာ။

ဆိုလိုချင်တာက နိုင်ခဲ့ရင်ကိုယ့်ဘုန်းကံကိုယ် ဆက်ကြွားလုံးထုတ်ပြီး hype ရမှာပေမယ့် မနိုင်တော့လည်း ကိုယ့်ကိုကိုယ်ပြန် ရောင့်ရဲခြင်းတရားဟောပြီး အကောင်းမြင်သမားလုပ်ရတာပေါ့။

"ကိုကိုရေ... အချို အချို... အချိုဘယ်မှာလဲ...
အား ကယ်ပါဦး... အရမ်းစပ်နေပြီ"

လူတွေကြားကထွက်လာပြီး ခပ်လှမ်းလှမ်းမှာရပ်နေတဲ့သူဆီ ကမူးရှူးထိုးပြေးလာခဲ့တော့ ဟိုက တစ်ရှူးတစ်ထုတ်လက်ထဲထည့်ပေးပြီး toilet ဘက် လက်ညိုးညွှန်ပြရင်း...။

"နှာရည်တွေ သွားညစ်ချည်..."

ကျွန်တော် မျက်နှာသစ်၊ လက်သန့်ရှင်းပြီး ပြန်လာတော့ လက်ကိုင်ပဝါတစ်ထည်ထုတ်ပေးတယ်။

"ကိုကို ကိတ်မုန့်ဝယ်လာတယ်မလား... မြန်မြန် မြန်မြန်...
ကျွန်တော် စပ်လို့သေတော့မယ်..."

"အဲ့ဒါကြောင့် ဘာအရူးထပြီး အစပ်စားပြိုင်ပွဲကို ၀င်ပြိုင်ရတာလဲ... အစပ်လည်းမစားနိုင်ဘဲနဲ့..."

"ကိုကို့ကို oven အသစ်ပေးပြီး မုန့်လုပ်ကျွေးခိုင်းမလို့လေ...
ရှူး... ဟား..."

"Oven ငါ့မှာရှိပြီးသားပဲ အသစ်မလိုပါဘူး၊ ပြီးတော့ မင်းမုန့်စားချင်တယ်ဆို ငါဘယ်တုန်းက လုပ်မကျွေးဘဲနေလို့လဲ...
အဲ့လောက် ဒုက္ခခံစရာမလိုဘဲနဲ့..."

"ကိုကို့အတွက်ဆို မီးပင်လယ်ကိုတောင် ဖြတ်နိုင်ကြောင်း သက်သေပြတာလေ... ရှူး..."

"မီးပင်လယ်ကို spicy 2x လို့ခေါ်တာလား..."

"အင်း... ပိုးစိုးပက်စက်ပူတယ်...
လုပ်ပါ၊ ကိတ်မုန့်လေး မြန်မြန်..."

ကိုကိုကသက်ပြင်းတစ်ချက်ချလို့ ကိတ်မုန့်ဘူးလေးကို အမြန်ဖောက်ပြီး သူကိုယ်တိုင်ကော်ကျွေးတယ်။ တစ်ဇွန်းပြီးတစ်ဇွန်းနဲ့ စတော်ဘယ်ရီအရသာအချိုဓာတ်လေး လျှာပေါ်အတော်ပြန့်နှံ့သွားကာမှ အပူဓာတ်တွေငြိမ်းတော့တာပဲ။

"ဗိုက်အောင့်နေဦးမယ်၊ ဆေးကြိုသောက်ထားမလား..."

"ရတယ်၊ ကိုကို ပြုစုပေးမယ်ဆို ဆေးမလိုဘူး..."

"ထောက်..."

"အ..."

"အရူးလေး... နောက်တစ်ခါ အဲ့လိုအဓိပ္ပာယ်မရှိတဲ့ပြိုင်ပွဲမျိုးတွေမှာ ၀င်မပြိုင်နဲ့... အဲ့ဒါတွေက marketing အတွက် လူစိတ်ဝင်စားအောင် လုပ်ကြတာ..."

"Marketing strategies တွေမှန်းတော့သိပေမယ့် ဒီတစ်ခုက အဓိပ္ပာယ်နည်းနည်းရှိတယ်လို့ ကိုကိုမထင်ဘူးလား..."

"ဘယ်နားကလဲ..."

"အစပ်စားပြီး သီချင်းဆိုခိုင်းတာလေ... အနုပညာဆိုတာ နာကျင်မှုကနေ ဖြစ်တည်တယ်တဲ့... စပ်တဲ့ဒဏ်ကိုခံစားရင်း သီချင်းဆိုဖို့ ကြိုးစားရတာက အဲ့အချက်နဲ့ကိုက်နေတယ်မလား..."

"မင်းပဲ တွေးနေလိုက်..."

"အဟဲ... ကျွန်တော်အသံကောင်းလား"

"ကိတ်မုန့်အရင်ကုန်အောင်စား "

"ကျွန်တော်က အစပ်ပြေသွားပြီ၊ ကိုကိုလည်းစားလေ..."

"ငါမဆာဘူး..."

ကျွန်တော်တို့ Mall ထဲက ပြန်ထွက်လာခဲ့ကြတော့ အပြင်မှာမှောင်နေပြီ။ ကိုကို့ဆိုင်ကယ်ကနောက်ကပဲ လာတုန်းကအတိုင်း ငြိမ်ငြိမ်လေးပြန်ပါသွားခဲ့တယ်။ လေတိုးသံကြားကလွင့်လာတဲ့ နာမည်ခေါ်သံကို မကြားရခင်ထိ...။

"ခန့်ငယ်..."

"ဗျာ..."

"မင်းတကယ် အဆင်ပြေလား..."

"ပြေပါကြောင်း..."

တစ်စုံတစ်ယောက်ဟာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ သက်ပြင်းချလိုက်ပြန်ရင်း...။

"ငါတော့ ကြာလေ Shiba Inu တွေကို နားမလည်လေပဲ... ပင်ကိုဉာဏ်ကောင်းရက်နဲ့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် jinx ရတာ ဝါသနာပါကြတာလဲ..."

"အဟွန်း... အဲ့ဒါက စွန့်စားတတ်တဲ့ဉာဉ်ကြောင့်လေ..."

[A/N *jinx : ဂြိုလ်ဆိုးမွှေသည်၊ ဒုက္ခဖြစ်စေသည် ]

သူ့ခါးကိုဖက်လိုက်လာရင်း ကြားနေရာလပ်ထဲမှာ နေရာယူထားတဲ့ ပလတ်စတစ်အကြည်ဘူးထဲက နီရဲရဲပစ္စည်းလေးတွေကို ငုံ့ကြည့်မိတယ်။

"ဘာပဲပြောပြော မီးပင်လယ်ဖြတ်ကူးခဲ့ရတာ အလဟဿတော့မဖြစ်ပါဘူး ကိုကိုရာ... နာကျင်မှုတွေကြားကနေ ဆင်တူ mug ခွက်တစ်စုံတော့ ရခဲ့တယ်လေ... ပြန်ရောက်ရင် ကိုကို ကျွန်တော့်ကို ခေါင်းပုတ်ပေးဖို့ မမေ့နဲ့ဦး..."

တုံပြန်မှုမရဘဲ စက္ကန့်အတော်ကြာကာမှ...။

"မင်း အသံကောင်းတယ်..."

"ဗျာ..."

"အချိန်တိုအတွင်း သီချင်းစာသားကို အံဝင်ခွင်ကျပြောင်းဆိုနိုင်တာ ပါရမီပဲလေ... ပြီးတော့ မင်းဆိုတာ ချောချောမောမောနဲ့ နားထောင်လို့ကောင်းပါတယ်"

"အာ... ဒါမှ တကယ်ဒုက္ခပဲ..."

"ဘာလဲ..."

"ကျွန်တော်အစပ်စားပြီး panic ဖြစ်နေတဲ့အခြေအနေနဲ့ ဆိုလိုက်တဲ့သီချင်းကတောင် ဒီလောက်ကောင်းနေတယ်ဆိုရင် ဒီထက်ကောင်းတဲ့အသံအခြေအနေမှာ acostic ဂီတာလေးနဲ့ မိုက်ကောင်းကောင်းလေးနဲ့ သေချာစီစဉ်ပြီးများ သီချင်းဆိုပြလိုက်ရင် ကျွန်တော့်အသံရဲ့ဖမ်းစားနိုင်စွမ်းကို ကိုကိုဘယ်လိုများ ရင်ဆိုင်မလဲ..."

ကျွန်တော့်စကားအဆုံးမှာ တစ်နေ့တာအတွင်းကြားခဲ့ရသမျှထဲ အရှည်ဆုံးသက်ပြင်းချသံကို ရှေ့ကနေ ကြားလိုက်ရတယ်။ ရေရွတ်သံတစ်ခုပါ နောက်ကလိုက်လာလို့။

"ငါ Jesus ကိုတောင် မတနိုင်တော့ဘူး..."

____________________________________
To be continued...

💖💖💖

တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည် - ထူးအိမ်သင်

Alert ⚠️ spicy စားပြီး သီချင်းမဆိုကြပါနဲ့။
အသံ quality ကို ထိခိုက်နိုင်ပါတယ်။ ခန့်ခန့်လို confidence ရှိရင်တော့ မပြောတတ်ပေမယ့် နားထောင်ကောင်းချင်မှ ကောင်းပါလိမ့်မယ်။

Novella ✒️

Continue Reading

You'll Also Like

112K 1.9K 63
Follow the adventures of Merlin, Arthur and Kira as they become even closer revealing secrets, faced with difficult decisions and friendships put to...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
JUN By CottonHun

Fanfiction

860 104 15
' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '
9.4K 804 16
Love,Funny but not rated... story of a dracula prince Kris and his lover Channie