Heartless December❄️ ZG versi...

By Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ

7 3 0
By Novella_1001

❄️❄️❄️

"ဘာလုပ်နေတာလဲ..."

"ကျွန်တော့်ပြောတာလား ကိုကို...
အိပ်ရာခင်းခင်းနေတာလေ၊ ဘာဖြစ်လို့လဲ..."

"ဘာဖြစ်လို့‌လဲ မေးရမှာမဟုတ်ဘူး
မင်းကဘာလို့ မပြန်သေးတာလဲ"

"အယ်... ဘာလို့ပြန်ရမှာလဲ..."

နေ့လည်ခင်းပြန်ရောက်ကတည်းက ကိုကို့ကို နားခိုင်းပြီး ‌ ညစာအတွက်ပြင်ရင်း ကျွန်တော်တစ်ယောက်တည်း အလုပ်ရှုပ်နေခဲ့တာ။ "‌စားကောင်းတယ်" ဆိုတဲ့ ချီးကျူးစကားလေးရလို့ အမြီးတနံ့နံ့နဲ့ ပန်းကန်ခွက်ယောက်တွေ ဆေးကြောပြီးတဲ့နောက် သူသွားတိုက်နေတုန်း သူ့အခန်းထဲဝင်လာခဲ့တော့ ည ၇ နာရီ။

"ကျွန်တော် ဒီမှာအိပ်မလို့လေ..."

"ဘာ..."

တံခါးဝက ၀င်လာတဲ့ကိုကိုက သူ့ကုတင်ဘေးမှာ အိပ်ရာခင်းပြင်နေတဲ့ ကျွန်တော့်ကို စူးစူးစိုက်စိုက်ကြည့်နေတယ်။ ပါဝါအားကောင်းတဲ့ သူ့မျက်မှန်ကိုသုံးပြီး ကျွန်တော်လုပ်နေတာကို လေ့လာလို့။

"ဪ... ဒီနေ့မှ ဆေးရုံဆင်းလာတဲ့သူကို တစ်ယောက်တည်း ဘယ်လိုစိတ်ချပြီး ထားခဲ့ရမှာလဲဗျ... မဖြစ်နိုင်တာတွေ..."

"အဲ့ဒါနဲ့ပဲ မင်းက ငါ့အခန်းထဲမှာ အိပ်ရာလာခင်းနေတာလား"

"အင်း... စောသေးလို့လား၊ ဒါပေမယ့် ကိုကိုလည်း  မနက်ကပင်ပန်းထားတော့ စောစောအိပ်ရမယ်လေ... စောစောအိပ်ရာခင်းထားလိုက်ပြီ၊ မကောင်းဘူးလား... ကိုကိုကြည့်ကြည့်၊ အိပ်ရာခင်းအဆင်လေးက မိုက်တယ်မလား... ကျွန်တော် ညနေက သွားဝယ်လာတာ၊ ရဲစိုနေတာပဲ"

"အိပ်ရာခင်းအကြောင်းမဟုတ်ဘူး"

"ဒါဆို ဘာအကြောင်းလဲ၊ ခေါင်းအုံးလား... စောင်လား...
ခေါင်းအုံးတော့ ၀ယ်လာတယ်၊ စောင်ကတော့ ကိုကို့မှာ အပိုရှိတဲ့ဟာနဲ့ပဲ ရပါတယ်၊ ကိုကို့ကိုယ်ငွေ့လေးနဲ့တင် နွေးနေမှာပဲ..."

"အိမ်ပြန်တော့..."

"အိမ်ကို ဒီမှာအိပ်မယ်လို့ပြောခဲ့တာ... ပြန်ရင် အိမ်ကလူတွေက ရိုက်ထုတ်လိမ့်မယ်၊ အစ်ကို့သူငယ်ချင်းကြီးကလည်း လကုန်ပိုင်းက မော်လမြိုင်ပြန်သွားတာ ဘယ်အချိန်မှ ပေါ်လာမယ်မသိဘူး၊ တစ်ခုခုဆို ဘေးမှာ ကျွန်တော်ပဲဖြစ်ဖြစ် ရှိနေရမှာပေါ့၊ ဆေးရုံမှာတုန်းကလည်း ကိုကို့ဘေးက လူနာစောင့်ကုတင်မှာ တစ်ချိန်လုံးအိပ်လာတာပဲဟာ..."

"ငါမှ လူနာမဟုတ်တော့တာ... ငါ့ကို ကြည့်ပေးစရာမလိုဘူး"

"ကိုကိုဆေးသောက်ပြီးပြီလား..."

"..."

ကျွန်တော့်အမေးမှာ တစ်စုံတစ်ယောက်ဟာ သူကိုယ့်သူ အဲ့မေးခွန်းပြန်မေးနေတဲ့ပုံပဲ။

"ကျွန်တော်မပြောရင် မေ့နေမှာမလား... ဒီအတောအတွင်း ကျွန်တော်ပဲ အချိန်အလိုက်လုပ်ကိုင်ပေးလာတာလေ... အပြည့်အ၀ နေမကောင်းသေးသရွေ့ အရင်က ကိုကိုတစ်ယောက်တည်းနေခဲ့သလို ပြန်နေဖို့ အဆင်ပြေသေးမှာ မဟုတ်ဘူး"

"..."

"ပြီးတော့ ကျွန်တော် အိမ်ပြန်အိပ်ရင် ကိုကို့ကို စိတ်ပူတာနဲ့ တစ်ညလုံးအိပ်ရမှာမဟုတ်ဘူး၊ ညလယ်ခေါင်ကျမှ ကိုကိုပေးတဲ့သော့အပိုနဲ့ ဝုန်းဆိုဝင်ချလာတာမျိုး ကိုကိုလည်း ကြိုက်မှာမဟုတ်ဘူးမလား..."

"..."

အဲ့ပုံစံကို မြင်ယောင်ကြည့်ရင်း မျက်မှန်ပါးလေးအထက်က မျက်ခုံးတန်းတွေကျုံ့သွားတာကို မြင်ရတယ်။ သူအဲ့လိုလုပ်လိုက်ရင် ကျွန်တော်တော့ ရယ်ချင်တာပဲ။ သူ့စိတ်တိုင်းမကျတဲ့ပုံစံက ချစ်စရာကောင်းနေတာကိုး။

"ဒီတစ်ရက်တော့ နှင်မထုတ်ပါနဲ့... ကျွန်တော် ဒီအောက်မှာပဲ ငြိမ်ငြိမ်လေးအိပ်မှာပါ... ခွေးပေါက်လေးတစ်ကောင် ကုတင်ခြေရင်းရောက်နေတယ်လို့ပဲ တွေးထားလိုက်..."

စဉ်းစားနေတယ်။ စဉ်းစားနေတယ်။ အဝေးမြင်ရဖို့ကူညီပေးတဲ့ သူ့မျက်မှန်ကို သေချာနေရာချ၊ သုံးလေးမီတာအကွာမှာရှိတဲ့ ကျွန်တော့်မျက်နှာ‌ပေါ်က အရိုးခံအနေအထားတွေကို လေ့လာရင်း စဉ်းစားနေပြီ။

"Mart မှာ ထောပတ်သီးတွေတွေ့တာနဲ့ အများကြီးဝယ်လာမိလို့ မနက်စောစောထပြီး ပေါင်မုန့်မီးကင်ထောပတ်သီးသုတ် လုပ်ပေးဖို့ရာတွေးနေတာ... မမမိုနိုပို့ပေးထားတဲ့ ရီဆီပီအသစ်နဲ့ ထောပတ်သီး cupcake ရယ်၊ ထောပတ်သီးပူတင်းနဲ့ တခြားဟာတွေလည်း လုပ်ကြည့်ရဦးမယ်၊ ကိုကိုက မရမကနှင်ထုတ်ရင်တော့ ထောပတ်သီးတွေ ပြန်ယူသွားမှပါပဲ"

"ငြိမ်ငြိမ်လေးအိပ်..."

"ဟုတ်... ဟဲဟဲ...
ကိုကိုသောက်ရမယ့်ဆေးတွေ ကျွန်တော်ထုတ်ပေးမယ်နော်"

အဲ့သလိုပဲ။ နောက်ဆုံးတော့ ဒီညအတွက် ကျွန်တော် ကိုကို့ကုတင်ဘေးမှာ အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပါပြီ။

* *

"ခန့်ငယ်..."

"ဗျာ..."

"ငါလုပ်ထားတဲ့ ကွတ်ကီးကို ကောင်းကောင်းစားပေးတာကိုတော့
ကျေးဇူးတင်ပါတယ်... ဒါပေမယ့် အိပ်ရာထဲ အစားထိုင်စားလို့ မရမှန်းတော့ မင်းသိတယ်မလား"

ဒီလောက်ဆို ခန့်မှန်းလို့ရမှာပါ။ မအိပ်ခင်စာအုပ်ဖတ်နေတဲ့ကိုကိုက
သူ့ကုတင်ဘေးအိပ်ရာခင်းပေါ်မှာ အကျအနတင်ပျဉ်ခွေထိုင်ရင်း ကွတ်ကီးဘူးပိုက်လျက် တစွတ်စွတ်ကိုက်ဝါးနေတဲ့ ကျွန်တော့်ကို လှမ်းဆုံးမနေတဲ့အသံ‌လေ။ ခွေးပေါက်စကိုင်တွယ်‌နည်းအတိုင်း နာမည်သေချာခေါ်ပြီး လေသံဖျော့ဖျော့နဲ့...။

"ဟီး... ဒါက နောက်ဆုံးကျန်တဲ့ တစ်ဝူးလေ... ခြွေတာစားမှဖြစ်မှာမို့ အများရီးမစားမိအောင် မအိပ်ခင်လေး ယူစားတာ... မတရား စားလို့ကောင်းနေတော့ မတတ်နိုင်ဝူး..."

"စားနေရင်း စကားပြောတာလည်း ကောင်းတဲ့အကျင့်မဟုတ်ဘူး၊ ပြီးတော့ ကွတ်ကီးက အချိန်မရွေးထပ်လုပ်လို့ရတယ်... ငါလည်း နေကောင်းနေပြီပဲ"

"ကိုကို တကယ်ပြောတာလား... ဒါဆို နောက်တစ်ခါ ချောကလက်စလေးတွေထည့်ပြီး လုပ်ပေး..."

"အင်း..."

ပျော်ရွှင်မြူးသွားတဲ့မျက်နှာနဲ့ ကွတ်ကီးဘူးသိမ်းဖို့ အခန်းအပြင်ထွက်သွားရင်း ထူးခြားတဲ့တစ်ခုခုကို ထောက်လှမ်းမိခဲ့တယ်။

"ကိုကိုရေ..."

"ဘာလဲ "

ကျွန်တော် လှမ်းအော်လိုက်တော့ စက္ကန့်ပိုင်းအတွင်း တုံ့ပြန်တာကြားရတာနဲ့ အစီရင်ခံဖို့ဆက်လုပ်လိုက်တယ်။

"မီးဖိုချောင်ထဲမှာ ပိုးဟပ်တွေ့တယ်ဗျ၊ ဘယ်လိုလုပ်လိုက်ရမလဲ..."

တော်တော်နဲ့အဖြေပြန်မရဘူး။ ကြည့်ရတာ သူ့အိမ်ထဲ ပိုးဟပ်ရှိ‌နေတယ်ပြောသံကြားလို့ အံ့အားသင့်နေတာ ဖြစ်လိမ့်မယ်။

"ကိုကို... ဘယ်လိုလုပ်လိုက်ရမလဲလို့..."

"မသတ်နဲ့ "

"အိုကေ... ကျွန်တော်သိတဲ့ ပိုးဟပ်ဖမ်းနည်း ၃၀ ထဲက ၂၁ ခုမြောက် စိတ်ရှည်ရှည်စောင့်ကြည့်၊ အငိုက်ဖမ်းပြီး ပြတင်းပေါက်အပြင် လွှင့်ပစ်တဲ့အကွက်ကို သုံးလိုက်မယ်"

ကျွန်တော် ပိုးဟပ်ရန်စွယ်ကို သတ္တိရှိရှိနှိမ်နှင်းပြီးတဲ့နောက်  သူရဲကောင်းတစ်ယောက်လို ပြည်တော်ဝင်လာခဲ့တော့ တံခါးဝမှာတင်ပဲ အစစ်အဆေးခံလိုက်ရတယ်။

"လက်ဆေးခဲ့လား..."

"ဟုတ်၊ ဆေးခဲ့ပါတယ်"

"ဆပ်ပြာနဲ့..."

"ဟုတ်၊ သုံးထပ်ပါ"

"၀င်ခဲ့..."

"ဟုတ်၊ ၀င်ခဲ့ပါပြီ"

အဲ့လိုလေးတော့ ရှိတာပေါ့။ OCD သမားနဲ့နေရင် အလိုက်သိရမယ်လေ။

*

အစက ကိုကိုရော ကျွန်တော်ပါ ဒီည စောစောအိပ်မယ်လို့ ဆုံးဖြတ်ထားတာချင်း အတူတူဖြစ်လောက်ပါရဲ့။ ဒါပေမယ့် နှစ်ယောက်ထဲက တစ်ယောက်ကတော့ လမ်းတစ်ဝက်မှာပဲ သမာဓိပျက်စီးသွားတယ်။ ဘယ်သူမှတ်လဲ...။ ကျွန်တော်ပဲပေါ့။

"ကိုကို..."

"ဘာလဲ..."

"ကိုကို မအိပ်ခင် နွားနို့ပူပူလေးသောက်ဦးမလား...
နွားနို့က ကောင်းကောင်းအိပ်ပျော်စေတယ်တဲ့၊ ကျွန်တော်သွားထည့်ခဲ့မယ်"

"မသောက်ဘူး၊ ရတယ်..."

"အိပ်ရာဝင်ပုံပြင်ပြောပြမယ်လေ... ကျွန်တော် ပုံပြင်တွေ အများကြီးသိတယ်၊ သခင်အစစ်အမှန်ဖြစ်သူက နမ်းလိုက်လို့ လူမင်းသားလေးဘ၀ပြန်ရောက်လာတဲ့ ကျိန်စာသင့်ရှီဘာခွေးလေး ဆိုတဲ့တစ်ခုဆို ဘယ်လိုလဲ..."

"မလိုဘူး၊ ပြီးတော့ အဲ့လိုပုံပြင်လည်း ရှိမနေဘူး"

"ဒါဆို သီချင်းဆိုပြရမလား... အဟမ်း... ခေါင်းလောင်းလေးတွေမြည်နေပြီ...
ငှက်ကလေးတွေလည်း တေးဆိုပြီ... နာရီစင်က..."

"သုံးချက်တီးတဲ့ထိ ငါ့ကိုအိပ်မရအောင်လုပ်မလို့မဟုတ်ဘူးဆိုရင် မင်းပါးစပ်လေးပိတ်ပြီး အိပ်တော့..."

တုံ့ပြန်မှုတွေကတော့ အမြဲလိုလို ရှယ်မှာဇွန်းတပ်ပါပဲ။

"ဟွန့်... ကိုကိုကလည်း... အခုမှ အစောကြီးရှိသေးတာ...
လှဲနေရင်း နည်းနည်းတော့ စကားပြောလို့ရပါတယ်"

"အိပ်ရာပေါ် လှဲနေတယ်ဆိုတာ အိပ်ဖို့...
ထွေရာလေးပါး စကားပြောဖို့မဟုတ်ဘူး"

‌ကျွန်တော် စောင်ပုံထဲက လူးလဲထပြီး ကုတင်ပေါ်ကလူကို ကြည့်လိုက်တယ်။

"ဒါဆို ထိုင်ပြောမယ်လေ...
ကိုကို ငယ်ငယ်က မအိပ်ခင် အိပ်ပျော်အောင်ဘယ်လိုလုပ်လဲ၊ သိုးကလေးတွေရေတာလား... မနက်ဖြန်စားရမယ့်မုန့်ကို စိတ်ကူးတာလား..."

"အိပ်ဖို့ စိတ်ကူးတယ်၊ မင်းလည်း အိပ်ဖို့စိတ်ကူးသင့်ပြီ ခန့်ငယ်... ဆယ်ကျော်သက်တွေက အိပ်ချိန်များများလိုတယ်၊ ဒါမှ အရပ်ရှည်လာမှာ..."

ထုံးစံအတိုင်း လေသံအေးအေးလေးနဲ့ ကျောချသွားတာကိုကြည့်။ အင်း...။ ဒီလိုလေးဆို နေကောင်းနေပြီလို့ ပြောလို့ရတယ်။

"နောက်နှစ်နည်းနည်းနေရင် ကျွန်တော်က ကိုကို့ထက် သိသိသာသာ အရပ်ရှည်လာမှာပါနော်... အခုတောင် မဆိုသလောက်လေးပဲ ကွာတဲ့ဟာ၊ အဲ့ကျရင် ကျွန်တော့်ကိုခေါင်းပုတ်ဖို့ရာ ကိုကိုခြေဖျားထောက်ရလိမ့်မယ်"

"ယုံကြည်ချက်ထားပြီး ဒီအတိုင်း စကားပဲများနေရင်တော့
မင်းအရိုးတွေ ရှည်လာဦးမယ်မထင်ဘူး၊ မင်းပဲ နွားနို့သွားသောက်ပြီး မြန်မြန်အိပ်တော့..."

ကိုယ်ကိုယ်တိုင်ပြင်ထားတဲ့ အိပ်ရာခင်းနီနီလေးပေါ် ကျွန်တော် ပြန်လှဲလိုက်တယ်။ အဖြူ‌ရောင်စောင်ပါးလေးကို နှာသီးဖျားထိဆွဲခြုံရင်းနဲ့...။

"စောင်က ကိုကို့ကိုယ်သင်းနံ့လေးရတယ်... ဒီတစ်ထည်က ကိုကိုအရင်က သုံးနေကျမလား..."

"..."

အဖြေမရပေမယ့် နောက်တစ်စက္ကန့်မှာတင် ကုတင်ပေါ်က ဖြူဖြူသဏ္ဌာန်လေးဆီ အကြည့်တွေရောက်သွားမိတဲ့နောက် ကိုယ့်အိပ်ရာကနေ ရွေ့သွားလိုက်ပြီး...။

"လင်းခန့်၊ ဘာလုပ်နေတာလဲ..."

ပခုံးနားကရလိုက်တဲ့ ခံစားမှုကြောင့် လှဲနေရာက
တွန့်ခနဲဖြစ်သွားတဲ့ကိုကိုက အထက်ကအတိုင်း ချက်ခနဲပြောလိုက်ရင်း မျက်လုံးတွေဆတ်ခနဲ ဖွင့်ကြည့်လာတယ်။

"ကိုကို့အနံ့ကို နမ်းကြည့်နေတာလေ... စောင်မှာကပ်နေတဲ့အနံ့လေးလည်း ကောင်းပေမယ့် ကိုကို့ကို လူကိုယ်တိုင်တိုက်ရိုက်နမ်းကြည့်တာက အကောင်းဆုံးပဲ"

"မင်းကတော့ တကယ်ခွေးစိတ်ပေါက်နေပြီပဲ..."

သူနားတိုးကပ်နေတဲ့ ကျွန်တော့်ခေါင်းကို တွန်းဖယ်လိုက်ရင်းနဲ့...။

"အိပ်တော့..."

"ဟင့်အင်း... ကိုကိုအိပ်ပျော်သွားတာကို ကြည့်ရဦးမယ်"

"ဒါဆိုလည်း ဟိုနမ်းဒီနမ်းမလုပ်ဘဲ ငြိမ်ငြိမ်ဆိမ်ဆိမ်နေ "

"ဟုတ်ကဲ့ပါ..."

ကျွန်တော် အိပ်ရာပေါ် ပြန်လှဲလိုက်‌ပြန်တယ်။

"ကိုကို... အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားချက်က စိတ်လှုပ်ရှားမှုမဖြစ်စေဘူးလား... အထူးသဖြင့် အဲ့တစ်ယောက်က stalker ဆိုရင်လေ..."

"မင်းမတိုင်ခင်ထိတော့ stalker ဆိုတာ ခိုးကြောင်ခိုးဝှက် နေတတ်တယ်လို့ပဲ အောက်မေ့ခဲ့တာ..."

"အဟွန်း... confidence ရှိတဲ့ stalker လည်းရှိတာပဲ၊ stalker ဘ၀နဲ့တင် ပြီးမသွားမယ့် အလားအလာရှိတဲ့ stalker မျိုးပေါ့... ဘယ်သူသိမလဲ၊ တစ်ရက်ရက်ကျရင် ဝုန်းခနဲ ဒိုင်းခနဲ level up ဖြစ်ချင်ဖြစ်သွားနိုင်တာပဲ"

"မင်းရဲ့ over-confident ဖြစ်တဲ့ရောဂါကိုတော့ တစ်ခုခုလုပ်ပေးဖို့ လိုနေပြီ..."

ပင့်သက်ရှိုက်သံတစ်ခု ကျွန်တော့်ဘက်က ထွက်လာတယ်။

"ဟုတ်တယ်... တစ်ခုခုလုပ်ပေးလိုက်ပါတော့ဗျာ၊
ဒီဇင်ဘာမကုန်ခင်..."

"..."

အတော်အတန်ရှည်ကြာတဲ့ တိတ်ဆိတ်မှုက နေရာယူသွားလေရဲ့။ ကျွန်တော်လည်း လက်နှစ်ဖက်ခေါင်းအောက်ထားရင်း မျက်နှာကြက်ကို မော့ကြည့်နေမိတယ်။ လေထုထဲ ၀င်ချည်ထွက်ချည်လုပ်နေတဲ့ အသက်ရှူသံနှစ်ခုကို ခွဲခြားရင်း...။

"အရမ်းတိတ်ဆိတ်နေတဲ့အခန်းထဲမှာ ကိုယ့်အနီးအနား အရင်အိပ်ပျော်သွားသူဆီက အသက်ရှူတဲ့အသံကိုကြားရတာ
ထူးခြားတဲ့ခံစားချက်တစ်မျိုးပဲတဲ့..."

"..."

"ကိုကို့အသက်ရှူသံက ဘာနဲ့တူလဲဆိုတာ ခဏအသက်အောင့်ပြီး စဉ်းစားလိုက်ဦးမယ်"

"..."

"အင်း... နှင်းကျသံနဲ့တူတယ်၊
ခပ်မှန်မှန်နဲ့ ငြိမ်ငြိမ်အေးအေးလေး..."

"..."

"ဒီနှစ်ဒီဇင်ဘာက ငြိမ်ငြိမ်အေးအေးလေးဆို ကောင်းမှာပဲ၊ နှင်းတွေလို ဖွေးဖွေးသန့်သန့် ကြည်ကြည်လင်လင်နဲ့ ကံကောင်းခြင်းတွေပြည့်နေတဲ့ ဆောင်းရာသီမျိုး...  ကိုကို့အတွက်ရော... ကျွန်တော့်အတွက်ရော..."

"..."

အိပ်ရာ‌ဘေးခွေနေတဲ့မြွေနီလေးကို လက်နဲ့အသာ စမ်းလိုက်မိတယ်။ အခန်းကျဉ်းလေးက ငြိမ်ဆိတ်နေတုန်းပဲ။ စာကြည့်စားပွဲပေါ်မှာတော့ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ အဖြူရောင်လက်ထိုးမာဖလာလေးတစ်ခု ရှိလိမ့်မယ်။ ပြတင်းပေါက်ဘောင်နားက snowdrop ပန်းအိုးလေးမှာ ပင်ရွက်လေးတွေချည်း စိမ်းနေဆဲ ဖြစ်လိမ့်မယ်။

အဲ့ဒီအချိန်တုန်းက နှင်းကျသံလို စည်းချက်ကျနေတဲ့ ကိုကို့အသက်ရှူသံအရ ကိုကိုတကယ်ပဲ အိပ်ပျော်သွားသလား မသိနိုင်ဘူး။ ကျွန်တော်တစ်ယောက်တည်း ပြောတဲ့စကားတွေက တစ်ကိုယ်တည်းပြုတဲ့တောင်းဆုလို လေထုထဲပြန့်သွားမလားလည်း မသိနိုင်ဘူး။ ဘာပဲပြောပြော ရေရေရာရာ မသိနိုင်တာကိုက စိတ်လှုပ်ရှားစရာတစ်ခုပဲမလား။

* * *

ဒီဇင်ဘာတစ်ရက်နေ့နောက်ပိုင်းမှာ ရေရေရာရာဖြစ်စဉ်ရယ်လို့ မရှိခဲ့ဘူးပြောရမယ်။ လဆန်းပိုင်းတစ်ခုလုံး ကျွန်တော်လည်း ကောလိပ်စတက်ပြီမို့ stalker အလုပ်ကို အချိန်ပိုင်းနဲ့ ပြောင်းလုပ်ဖို့ ပြင်ဆင်ရတယ်။ ကိုကိုလည်း အိမ်မှာနားရင်းနဲ့ သူဂိုက်ပြတဲ့ကလေးတွေကို သူပျက်ကွက်ထားတဲ့ရက်တွေအတွက် သင်ခန်းစာတွေခြုံငုံမိဖို့ ပြင်တယ်။ ကျွန်တော့်တုန်းကလို ၆ ဘာသာ ဆက်တိုက်စစ်တဲ့ pressure test မျိုးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဆောင်းတွင်းကတော့ ခက်ခဲဦးမှာပဲ။ စီနီယာတစ်ယောက်အနေနဲ့ ဆရာတစ်ယောက်တည်းဆီ သင်ရဖူးတဲ့အတွေ့အကြုံကို ကိုယ်ချင်းစာမိတဲ့ ခံစားချက်မျိုးလို့ ပြောရမလား။

ဆိုကာမှ လဆန်းရက်ထဲ စနေပိတ်ရက်တစ်ရက်ကတော့ မနက်အစော စက်ဘီးစီးဖို့သွားခဲ့တယ်။ ဘယ်သူပါတယ် အောက်မေ့လဲ...။ မှန်တာပေါ့။ မနှစ်က ကျွန်တော် စက်ဘီးနဲ့ဝင်တိုက်ခဲ့တဲ့လူလေ။

ကျွန်တော့်မှာ အစက စက်ဘီးစီးဖို့ အစီအစဉ်မရှိဘူး။ အားရက်ရလို့ စောစောစီးစီး သူ့အိမ်ကိုလာရှုပ်ရုံပဲ။ မနက်စာလေးဘာလေး ကပ်စားရင်း ဒီလထဲ စက်ဘီးစီးပြိုင်ပွဲတွေရှိတဲ့အကြောင်း ပြောမိတာ "စက်ဘီးစီးဖြစ်သေးလား" လို့ အမေးခံရတာနဲ့ "အဖော်ပါရင်တော့ အခုစီးမယ်ဆိုတောင် အချိန်ကောင်းပဲ" လို့ ပြောလိုက်တာပေါ့။ ကျွန်တော့်ကို အရင်လွှတ်လိုက်ပြီး သူ့ဆိုင်ကယ်ကို အရင်ကကျွန်တော်သူ့ကိုခေါ်သွားဖူးတဲ့ စက်ဘီးကလပ်ရှိတဲ့ဆီ မောင်းချလာမယ်လို့ ဘယ်သူကထင်မလဲ။ ရုတ်တရက်ကြီး စက်ဘီးစီးချင်စိတ်တွေ ထကြွလာတာမျိုးက ဒီဇင်ဘာလှုံ့ဆော်ချက်တွေထဲက တစ်ခုလားပဲ။ ထားပါတော့...။ ကျွန်တော်တို့ စက်ဘီးစီးဖြစ်ခဲ့ကြတယ်။ အရင်တစ်ခါလိုတော့ မပြိုင်ဖြစ်လိုက်ဘူး။ ဒါပေမယ့် ဒီတစ်ခေါက်လည်း ကိုကိုစက်ဘီးစီးတာက တကယ်စတိုင်လ်ကျတာကိုတော့ ပြောနိုင်တယ်။

"ငါက ပြိုင်ဘီးတော့ စီးနေကျမဟုတ်ဘူး...
ဒါပေမယ့် စက်ဘီးစီးရတာကို သဘောကျတယ်၊ အထူးသဖြင့် ဆောင်းတွင်းပေါ့... လေအေးထဲဖြတ်ရလို့ အပြင်ပိုင်းအရေပြားနဲ့ လက်တွေထုံကျင်လာပေမယ့် သွေးလည်ပတ်မှုကြောင့် ကိုယ်အတွင်းထဲမှာပူလာတာက လူ့ခန္ဓာကိုယ်က စက်တစ်ခုလိုပဲဆိုတဲ့ အတွေးမျိုးဖြစ်စေတယ်"

ကိုကိုရဲ့ စက်ဘီးအပေါ်ထားတဲ့လေးနက်မှုက ကျွန်တော့်ထက်မပိုရင်တောင် ကျွန်တော်နဲ့အတူတူလောက်ပဲလို့ ခံစားရတယ်။ ဒါမျိုးက ငယ်ငယ်ကတည်းက စက်ဘီးနဲ့ကြီးပြင်းလာပြီး ချမ်းချမ်းစီးစီးကြီးနဲ့လည်း စက်ဘီးတစ်စီးနဲ့ မြို့ထဲပတ်လာတဲ့သူတွေပဲသိနိုင်တဲ့ လော့ဂျစ်မျိုး။

စက်ဘီးစီးပြီးရင် နွေးတဲ့တစ်နေရာရာမှာ နွေးတဲ့စားစရာတစ်ခုခု စားရမယ်။ ပြီးတော့ နွေးနွေးထွေးထွေးစကားလေး‌တွေ ပြောရမယ်။ ပါးစပ်ကထွက်တဲ့ အငွေ့တွေကို ငေးရမယ်။ တစ်ဖက်စောင်းစုံမက်ရသူနဲ့ အတူထိုင်နေရင်း ဒီနေ့ဘယ်လောက်အေးသလဲသိချင်လို့ဆိုပြီး လက်ကိုင်ဖို့ ဂွင်ဖန်ရမယ်။ ဆောင်းရာသီမနက်ခင်းကို အပြည့်အ၀ခံစားဖူးမှ လူဖြစ်ရကျိုးနပ်တယ်ဆိုတာလေ။

ဒါပေါ့...။ ဘာကိုမှအလွတ်မခံနိုင်တဲ့ ဒီမန္တလေးသားလေးက အဲ့ဒါတွေ အကုန်လုပ်ဖြစ်ခဲ့တယ်။ စားခဲ့တာက တို့ဟူးနွေး...။ ပြောခဲ့တာက "ကိုကို့ကို ကျွန်တော်ချစ်တယ်"...။ လက်တွေရဲ့ဒီဂရီကိုပြောရရင် ထူးထူးဆန်းဆန်းပဲ တက်ကြွတဲ့လူငယ်လေးကျွန်တော့်ထက် အဲ့ဒီရေခဲလူသားက ပိုနွေးနေခဲ့တယ်။

"ကျွန်တော် ဒီနှစ် စက်ဘီးစီးပြိုင်ပွဲဝင်ရင် ကိုကိုလာအားပေးမှာလား..."

"မင်းနိုင်မယ်ဆိုရင်ပေါ့"

"ကျွန်တော်က အငယ်တန်းအဆင့်မှာ အမြဲတမ်း ပထမရတာနော်... ဒီနှစ်လည်း နိုင်မှာသေချာတယ်၊ ဘာဆုချမယ် စိတ်ကူးလဲ"

"မင်းက ဘာလိုချင်လို့လဲ..."

"တကယ်လိုချင်တာကို ပြောရမလား..."

"ပူတင်းဆို ရတယ်မလား..."

"ခွံ့ကျွေးမယ်ဆိုရင်..."

"..."

"အဟမ်း... ရတယ် ပူတင်းပဲ၊ ကျွန်တော် လိမ္မာပါတယ်"

အဲ့သလိုနဲ့ ပြိုင်ပွဲနေ့လည်းရောက်ရော... ။ ရှည်ရှည်ဝေးဝေး မပြောတော့ဘူး။ ကျွန်တော် နိုင်သွားတယ်ပေါ့။

စီးတော်ယာဉ်နဲ့တစ်သားတည်း ထိပ်ဆုံးကပန်းဝင်ခဲ့ပြီးတဲ့နောက် ချန်ပီယံဘာလုပ်မလဲ။ ခေါင်းအပုတ်ခံဖို့ ပြေးသွားရမှာပေါ့။

"ကိုကို... ကြည့်နေတယ်မလား... ဖြစ်နေကျကိစ္စဆိုပေမယ့်
ကျွန်တော်တစ်ယောက်တည်း ထိပ်ဆုံးက ၀င်လာတာနော်"

"အင်း..."

"တော်တယ်မလား"

"အင်း..."

"ခေါင်းပုတ်ဆုက..."

မျက်ခုံးပင့်ပြီးမေးလိုက်တော့ အရင်ဦးဆုံး အပြုံးတစ်ပွင့် ပြန်ရတယ်။ ကျွန်တော်ပူဆာလွန်းလို့ သူ့အတန်းချိန်ဖျက်ပြီး ပြိုင်ပွဲနေရာ အစောကြီးရောက်နေရတဲ့တစ်ယောက်က ရတဲ့ဆုသွားမယူဘဲ သူ့ဆီအရင်လာကြွားတဲ့ကျွန်တော့်ကို ခေါင်းလေးတစ်ချက်နှစ်ချက်ပုတ်ပေးဖို့ သဒ္ဓါရှာပါတယ်။

"ပူတင်းဆုရော..."

ဒီတစ်ခါကျတော့ လက်ထဲကစက္ကူအိတ်ကို မြှောက်ပြတယ်။

"ဟဲဟဲ... ကိုကိုက ကတိတည်သားပဲ..."

ကိုကိုဝတ်ထားတဲ့ နို့စိမ်းရောင်ဆွယ်တာနဲ့ မာဖလာအဖြူလေးရဲ့ ချည်သားအကွက်‌တွေက သဘာဝကျကျထွေးယှက်နေတယ်။ ထုံးစံအတိုင်းပဲ သူ့အသားအရောင်နဲ့ထင်ဟပ်ပြီး လိုက်ဖက်လို့။ ကွက်တိကွက်ကြား ခပ်ဖျဖျကျနေတဲ့ နေရောင်ထဲမှာ ဆံပင်နက်နက်တွေနဲ့ မျက်မှန်ပါးလေးက အလင်းပြန်နေရဲ့။

အိတ်ကို သူ့ဆီကယူလိုက်ပြီး ပူတင်းဘူးလေးကို ဖွင့်ကြည့်နေတုန်း ကိုကိုက ပြေကျနေတဲ့မြွေနီကောင်လေးကို ကျွန်တော့်လည်ပင်းတစ်ဝိုက် သေချာပြင်ပတ်ပေးနေတယ်။ ဒီနေ့ သူစိတ်ကြည်နေပုံပဲ။

ကိုကိုဆေးရုံဆင်းပြီးတဲ့နောက် ပထမဆုံးလုပ်ပေးတဲ့ treat လေးကို အရသာခံကြည့်လိုက်တော့...။

"ဒီအရသာပဲ... ကိုကို့ပူတင်းအရသာ...
နှစ်လလောက်နေမှ ပြန်စားရတယ်၊ လွမ်းစရာကြီး..."

"ကောင်းလား..."

"ကျွန်တော့်မျက်နှာကိုသာ ကြည့်လိုက်တော့..."

"မင်းကြိုက်ရင် ပြီးတာပဲ"

လျှာပေါ်မှာ ပျော်ဝင်သွားတဲ့ ချိုမြမြအရသာတွေ...။
လူတွေ အချိုစားတဲ့အခါ အချိုဓာတ်တွေက ဘယ်ကိုရောက်ကြသေးလဲ မှန်းကြည့်။ ဒါပေါ့။ သွေးထဲကနေတစ်ဆင့် နှလုံးဆီကို‌...။

"ကိုကို့ကို ကျွန်တော်ချစ်တယ်"

"..."

"ကိုကို့ကို ကျွန်တော်ချစ်တယ်"

"..."

"ကိုကို့ကို ကျွန်တော်ချစ်တယ်"

"ထောက်"

"အ..."

"တစ်ဇွန်းစားပြီးတိုင်း ပြောမနေနဲ့ " 

"ချိုတာကို... ကိုကိုကလည်း..."

နဖူးတောက်ခံလိုက်ရလို့ ရသာရုံထဲပျော်ဝင်နေမှုတွေ ခဏပျောက်သွားတုန်း  အဝေးရောအနီးရောအားကောင်းတဲ့ ကျွန်တော့်မျက်လုံးက ခပ်လှမ်းလှမ်းက မြင်ကွင်းတစ်ကွက်ကို မြင်ဖြစ်အောင်မြင်လိုက်မိသေးတယ်။

ကိုကိုအက်စီးဒင့်ဖြစ်တဲ့‌နေ့နောက်ပိုင်းကစပြီး ပေါ်မလာတာ အတော်တော့ကြာခဲ့ပါပြီ။ BMW အနီရယ် မဟော်ဂနီရောင်ခေါင်းနဲ့ သူ့ပိုင်ရှင်ရဲ့နောက်ကျောပြင်ရယ်။ လူအုပ်နဲ့ဝေးတဲ့ လမ်းထောင့်နားကနေ ဘယ်အချိန်ကတည်းက ကျွန်တော်တို့ကို လှမ်းကြည့်နေတာလဲတော့ မသိဘူး။ ကျွန်တော့်ရေဒါထဲ ဖြတ်ခနဲဝင်လာတော့ အဲ့လူက ကားထဲပြန်ဝင် မောင်းထွက်သွားပြီ။ ကျွန်တော်ပြိုင်ပွဲဝင်တဲ့အခါ ကျွန်တော့်ကို ခြေတခြားလက်တခြားဖြစ်အောင် လုပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့သူက ကျွန်တော့်ပြိုင်ပွဲကို လာကြည့်ပြီး ဒီအတိုင်းပြန်လှည့်သွားတယ်ဆိုတော့ စိတ်ထဲတစ်မျိုးပဲ။ အရင်တစ်ခါက ကျောက်ပတ်တီးစီးလိုက်ရတာ အတော်အီသွားပေမယ့် အခုထက်ထိတော့ ကျွန်တော်လည်း ဘယ်အရိုးမှ ကျိုးမသွားသေးပါလား။ ကျိုးချင်လို့ရယ်တော့ မဟုတ်ပေမယ့်...။

"ဘာတွေငေးနေတာလဲ..."

"ဗျာ... "

စိတ်ထဲတော့ ထည့်ထားလိုက်ပေမယ့် ကိုကို့ကိုပြောစရာတော့ မလိုပါဘူး။

"ဟိုနားလေးမှာ ကြောင်အကြီးကြီးဖြတ်သွားလို့..."

အမြဲမပြတ် လာအနှောက်အယှက်ပေးနေကျ ရည်းစားဟောင်းက သူလက်လွန်သွားတာသိပြီးတဲ့နောက် လပိုင်းလောက်ပျောက်နေခဲ့ပြီး အခုမှ ပြန်ကိုယ်ယောင်ပြလာပေမယ့် ဖြစ်ခဲ့သမျှကိစ္စမှာ အတော်အသိတရားရသွားပုံပေါက်တာမို့ ကျွန်တော့်အထင် ဘာပြဿနာမှ ထပ်မရှာလောက်ဘူးလို့တော့ အောက်မေ့ရတာပဲ။

"အရူးလေး... ကြောင်တောင်တောင်နဲ့..."

အဲ့လို မျက်ခုံးအသာကျုံ့ပြီး လေသံအေးအေးနဲ့ ပြောနေကျအတိုင်းပဲ ပြောပါ ကိုကို...။ ခင်ဗျားမှာ ကျွန်တော်ရှိနေပြီးသား။ အရူးလေး လို့အပြောခံရလည်း အဲ့ဒါအမှန်တရားမို့။ ကျွန်တော်ကတော့ အန္တရာယ်များရင်တောင် ခင်ဗျားကို ဆက်တစ်ဖက်စောင်းနေဦးမှာပဲ။ အဲ့ဒီစောင်းနေမှုကို ခင်ဗျားဘက်က balance ညှိပေးမလာခင်အထိ။

_____________________________________
To be continued...

💖💖💖

Novella : အိပ်ဖန်စောင့်တဲ့ခွေးကြောင့် အိပ်ရေးလုံးလုံးပျက်ဆိုတာ ဒါမျိုးလေ...

Shiba Khant : ကိုကိုကတောင်မငြိုငြင်တာကို ဘာတွေလာချက်နေတာလဲ...

Novella : ရှီဘာဂါ...

Novella ✒️

Continue Reading

You'll Also Like

2.9M 82.9K 25
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
9.4K 804 16
Love,Funny but not rated... story of a dracula prince Kris and his lover Channie
94.6K 3.1K 25
တစ်ချို့လူတွေက ချစ်တဲ့သူပျော်ရွှင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူကိုစွန့်လွှတ်တတ်ကြတယ်တဲ့ ကျွန်တော်ကတော့ ချစ်ရတဲ့အစ်ကို့ကိုပျော်ရွှင်အောင်ထားနိုင...
8.1K 285 44
မိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။