Heartless December❄️ ZG versi...

By Novella_1001

2.7K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု

8 2 0
By Novella_1001

❄️❄️❄️

ဒီဇင်ဘာ ၁ ရက်...။
ဖုန်းဖွင့်ဖွင့်ချင်းမြင်ရတဲ့ ရက်စွဲကို ကျွန်တော် ခဏငေးနေမိတယ်။ ဘာလိုလိုနဲ့ ဒီဇင်ဘာတောင် ရောက်ပြီတဲ့လား။ မနက် ၈ နာရီထိ
ပိတ်ထားတဲ့ ပြတင်းပေါက်အပြင်က မြင်ကွင်းတွေမှာ မှုန်ဝါးဝါး အရိပ်မြူတွေ နေရာယူထားတာ တွေ့ရတယ်။ ဒီအချိန်ထိ ဘာလို့ ပြတင်းပေါက်မဖွင့်သေးတာလဲဆိုတော့... အင်း... ဒီနေ့က ကိုကို ဆေးရုံဆင်းရတော့မယ့်နေ့ မို့လို့ပါ။

ပုံမှန်လှုပ်ရှားမှု‌တွေ အရင်လို ပြန်လုပ်နိုင်ဖို့ တစ်ပတ်ကျော် နှစ်ပတ်လောက် လေ့ကျင့်လိုက်ရပြီးတဲ့နောက် ပြန်စစ်ဆေးထားတဲ့ physical check up result တွေလည်း ကောင်းတာကြောင့် ဒီဇင်ဘာလထဲ ကူးကူးချင်းပဲ ဆေးရုံဆင်းခွင့်ရခဲ့တယ်။

ဆေးရုံခန်းလေးထဲမှာ ကျွန်တော်ရယ် ကိုကိုရယ်။ ကျွန်တော်က သိမ်းစရာရှိတာတွေ သိမ်းပြီး ဒီနေ့အပူချိန်သိချင်လို့ weather ကြည့်ဖို့ ဖုန်းဖွင့်နေတာ။ ကိုကိုကတော့ ကျွန်တော်ယူလာပေးတဲ့ အ၀တ်အစားတွေ ပြောင်းဝတ်ပြီးလို့ ကုတင်ဟိုဘက်ဘေးမှာရပ်ပြီး ဆွယ်တာအင်္ကျီလေး ထပ်ဝတ်နေတယ်။

"ကိုကို... ဒီနေ့ မနေ့ကထက် ၄ ဒီဂရီကျသွားတယ်"

"အင်း..."

"ကိုကို အဲ့ဒီတစ်ထည်တည်းနဲ့ နွေးရဲ့လား..."

"မင်းသုံးထည်လောက် ယူလာတာမလား... ကျေးဇူး...
နောက်တစ်ထည် ထပ်ဝတ်လိုက်မယ်"

"မဟုတ်ဘူး..."

လက်ထဲကဖုန်းကို စားပွဲပေါ်တင်ခဲ့ပြီး သူ့အနားသွားရပ်လိုက်တော့ အနွေးထည်နောက်တစ်ထပ်ကို မြန်မြန်ဆန်ဆန်ဝတ်ထားလိုက်ပြီးသား ကိုကိုက မာဖလာအဖြူလေးကိုင်လျက်နဲ့ လှည့်ကြည့်လာတယ်။

"ဘာလဲ..."

"အနွေးထည်ဘယ်နှစ်ထပ်လဲ ဆိုတာက အရေးမကြီးဘူးလေ... ဆောင်းတွင်းဆိုတာ တတ်နိုင်သလောက် တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေး ပူးပူးကပ်ကပ်နေရတယ်တဲ့..."

ဘာစကားမှမတုံ့ပြန်ခင် မျက်လုံးကို သုံးစက္ကန့်လောက် စိုက်ကြည့်တာ ခံလိုက်ရသေး။ 

"မင်းကို အဲ့ဒါဘယ်သူပြောတာလဲ..."

"ကိုကိုရဲ့ အတော်ဆုံးတပည့်လေးက သူများပြောတာကို လိုက်ပြောရတာ ဝါသနာမပါဘူး... ကိုယ့်ဟာကိုယ်ပဲ ဆိုရိုးထွင်တာ..."

"အဲ့တော့ ဘာပြောချင်တာလဲ..."

"အဲ့တော့ ကိုကိုနွေးသွားအောင် ကျွန်တော်ဖက်ထားချင်တယ်"

"မလိုဘူး "

"ကိုကိုသိလား... ကိုကို ဆေးရုံဆင်းတာ ကျွန်တော်တော့ တကယ်စိတ်လှုပ်ရှားတယ်"

"တစ်လခွဲလောက် လူနာလုပ်နေရရာကနေ ပုံမှန်ဘ၀ထဲ ပြန်ဝင်ရတာပါပဲ... စိတ်လှုပ်ရှားစရာ ဘာမှမပါဘူး"

ဒီစကားပြောလို့မကောင်းတဲ့သူကတော့...။

ကျွန်တော်ကသာ စိတ်လှုပ်ရှားမှုဖော်ပြနေပေမယ့် တစ်ဖက်စောင်းရန်ခုန်ရတဲ့ အဲ့ဒီလူကတော့ ကျွန်တော့်ကိုဂရုမပြုဘဲ တစ်ခုခုအာရုံစိုက်ပြီး လုပ်နေတယ်။ ဆေးရုံခန်းထဲ ထိုင်နေခဲ့ရတာကများတာမို့ အသစ်လုပ်ထားပေမယ့် အမြဲမတပ်ခဲ့ရတဲ့ မျက်မှန်ပါးလေးကိုထုတ်ပြီး မှန်ချွတ်ဆေးဖျန်းလို့ ကျကျနန တယုတယ သုတ်နေတာလေ။ အသစ်လုပ်ထားတာဆိုတော့ အရင်တစ်လက်ထက်တောင် ပိုယုယဦးမယ်။

မျက်မှန်လေးကိုတပ်၊ ညာဘက်ကိုင်းကလေးကို လက်နှစ်ချောင်းနဲ့ပင့်ပြီး နေရာညှိလိုက်တာမြင်ရတော့ အခုမှပဲ သူ့မျက်နှာကပြည့်စုံသွားတယ် အောက်မေ့မိသလို။ အခုမှ သူ့ပုံစံက သူ့ပုံစံအပြည့်အ၀ပြန်ဖြစ်သွားသလို။

"ကိုကို မျက်မှန်တပ်မထားတုန်းက ကျွန်တော့်ကိုဘယ်လိုမြင်ရလဲ..."

"နည်းနည်းဝါးပေမယ့် မင်းမှန်းသိတယ်
အဲ့လောက်တော့ ငါမြင်ရပါတယ်၊ ပြီးတော့...
မင်းက တစ်ချိန်လုံး ဒီလောက် အနားကပ်နေတာ"

"အဟဲ... ကိုကို အာရုံစိုက်ပြီး ကြည့်နေရမှာ စိုးလို့လေ...
အခုတော့ ပိုကပ်ရတော့မယ်"

'ဘာကိစ္စနဲ့လဲ' ဆိုတဲ့အကြည့်က မှန်ပါးလေးကိုဖြတ်ပြီး တန်းခနဲ ရောက်လာတယ်။ ပြန်ဖြေရတာပေါ့။

"လိမ္မာတဲ့ခွေးကလေးမှာက နေကောင်းတာနဲ့ လျှောက်သွားတော့မယ့်သခင်ကို လိုက်စောင့်ရှောက်ဖို့ရာ တာဝန်ရှိတယ်လေ..."

ပြောပြရင်း ပြုံးလိုက်မိတော့ ကျွန်တော့်သွားတန်းကလေးက လက်ခနဲ။

"ဒါနဲ့ မင်းကလူနော်..."

"ကျွန်တော် လူပါ..."

"မေ့သွားမှာစိုးလို့..."

"ဟုတ်ကဲ့..."

သွားဖြဲလျက်ပဲ ပြန်ဖြေတော့ ကြောင်တိကြောင်တောင်နဲ့ရယ်လို့ စိတ်ထဲကရွတ်ရင်း ခေါင်းယမ်းပြီးလှည့်သွားတဲ့ တစ်စုံတစ်ယောက်။

"‌ဘာကြောင့်မှန်းမသိပေမယ့် ကျွန်တော်တော့ ဒီဇင်ဘာရောက်လာတာ စိတ်လှုပ်ရှားမိတယ်"

"မင်းက အကုန်လုံးကို စိတ်လှုပ်ရှားနေတာပဲ...
ခံစားမှုများတဲ့အရွယ်မို့လား၊ ဟော်မုန်းတွေကြောင့်လား..."

ချောကလက်ရောင်ခေါင်းစွပ်ဆွယ်တာအပေါ်မှာ ရင်စေ့လည်ဟိုက် ဆွယ်တာအဖြူရောင်ထပ်ဝတ်ထားတဲ့ ကိုကိုက ကျွန်တော်ပေးထားတဲ့ မာဖလာအဖြူလေးကို လည်ပင်းတစ်ဝိုက်နေရာချရင်း သုံးသပ်တယ်။

"အင်း... ကိုကို ကောက်ချက်ချတာ မဆိုးပါဘူး၊
တကယ်တော့ အချစ်ကြောင့်..."

"ရပြီ... ဆက်မပြောလည်း..."

လေသံမဝဲတဝဲနဲ့ အဝါကဒ်ပြလာတာမို့ ပါးစပ်ထဲက ဆက်ထွက်လာမယ့် ကြုံရာကျပန်းပလိစိချောက်ချက်များကို လမ်းတစ်ဝက်မှာ ဘရိတ်အုပ်ထားလိုက်ပါတယ်။ အဲ့ဒီအစား...။

"ဒါနဲ့... လူတစ်ယောက် ဘယ်လောက်စိတ်လှုပ်ရှားနေလဲ ဆိုတာကို အလွယ်တကူစမ်းသပ်လို့ရတဲ့နည်း ရှိတယ်လေ..."

"စိတ်ပညာရှုထောင့်ကလား..."

"မဟုတ်ဘူး... အဲ့ထက်ပိုတိကျတယ်၊
ကျွန်တော် လက်တွေ့သရုပ်ဖော်စမ်းသပ်မှု လုပ်ပြရမလား...
အဟွန်း... လုပ်ပြမယ်နော်"

"..."

"ဒီလိုလေ..."

အခုလေးတင် ခင်‌ဗျားတို့စိတ်ထဲ တစ်ခုခု တွေးထားပြီးပြီမလား။ ဟုတ်ပါပေ့။ သူကိုယ်တိုင် ကျွန်တော့်ကိုသင်ပေးထားတဲ့ အဲ့ဒီသမိုင်းဝင် စစ်ဆေးနည်းကိုလုပ်ဖို့ သူ့လက်ကို အသာကိုင်ပြီး ကျွန်တော့်ညာဘက်ရင်အုံပေါ် တင်ပေးလိုက်မိတာ။ ဒီလိုဆို အသားယူရာမကျတော့ဘူးမလား။ အသားယူတဲ့သူက သူဖြစ်သွားပြီလေ။ အဟား... လင်းခန့်တို့က မနှစ်ဒီဇင်ဘာကတည်းက ပညာတွေရခဲ့တာ...။ ပညာတွေ...။ သင်ပေးခဲ့တဲ့ ဆရာဖြစ်သူကိုယ်တိုင်ကတော့ လုံးဝမှတ်မိမှာ မဟုတ်ပေမယ့်ပေါ့။

"လူမဟုတ်တော့ဘူး..."

"‌ဗျာ..."

ရုတ်တရက်ကြီး ပြန်ရတဲ့တုံ့ပြန်မှုက သူ့လက်ကိုဆွဲထုတ်ပြီး
နဖူးဗျင်းအပြစ်‌ပေးတာလည်းမဟုတ်ဘူး... ပြန်ပြည့်လာတဲ့အားတွေနဲ့ ကန်လွှတ်တာလည်းမဟုတ်ဘူး။ တစ်မျိုးတစ်ဘာသာဆန်တဲ့ သုံးသပ်ချက်တစ်ခုပဲ။

"မင်းက လမ်းလျှောက်ထွက်ဖို့ စိတ်လှုပ်ရှားနေတဲ့ အိမ်မွေးခွေးလို ဖြစ်နေတယ်"

အဲ့ဒါက ကျွန်တော့်မှာ အမြီးသာရှိရင် ဖမ်းမရအောင် တယမ်းယမ်း ဖြစ်နေလိမ့်မယ်လို့ ဆိုလိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

"အယ်... ဒါဆို အဲ့လိုအချိန်မှာ Shiba Inu တွေ ဘာလုပ်တတ်ကြလဲ ကိုကိုသိလား..."

"မပြောတတ်ဘူး... တံခါးဝမှာ သုံးပတ်လှည့်ရင်း ပြန်ပြေးလာပြီး လူနားမှာ ထပ်ပြီး သုံးပတ်လှည့်တာလား... အဲ့လိုမဟုတ်ရင် အကြားအာရုံထိခိုက်စေနိုင်တဲ့အသံနဲ့အော်ပြီး စိတ်လှုပ်ရှားမှုကို ဖော်ပြတာလား... ငါ့လက်ကို လွှတ်တော့..."

"တစ်ခုမှ မဟုတ်ဘူး၊ သခင့်အပေါ်ကို ခုန်တက်ပြီး လည်ပတ်ဝတ်ခိုင်းတာ... ကိုကို ကျွန်တော့်ကို မာဖလာကူပတ်ပေးမယ်ဆိုရင် လွှတ်မယ်"

စားပွဲပေါ်က မြွေနီကောင်လေးကို လှမ်းမျက်စပစ်ပြရင်း သူ့လက်ကို ပိုတိုးဆုပ်ကိုင်လိုက်တော့...။

"ဖယ်စမ်း..."

ထင်သလိုမဖြစ်ဘဲ သုံးစက္ကန့်အတွင်းမှာ လေသံအေးအေးလေးနဲ့ အဟောက်ခံရလိုက်ရ‌တာမို့ cool ဖြစ်ဖို့ကြိုးစားမှု ကျဆုံးပြီး လွှတ်ပေးလိုက်ရတာပေါ့လေ။ ကြေကွဲဖွယ်။

"ဒီဘက်လှည့်..."

အဲ... ကြေကွဲခန်းဖွင့်ချိန်‌တော့ ကြာကြာမရလိုက်ဘူး။ ဆရာသမားက မာဖလာသွားယူပြီး ပြန်လှည့်လာတာကို တွေ့လိုက်ရတာမို့။ အံ့ဩတစ်ဝက်ဖြစ်သွားပေမယ့် မျက်နှာ‌ထားလေးတော့ ထိန်းရတာပေါ့။ Shiba Inu တွေက အိ‌နြေ္ဒမဆည်နိုင်တဲ့ထိတော့ သခင်ကို မ simp ကြပါဘူး။

ခဏလေး...။ အဲ့ဒီ "အင်းပါ... အင်းပါ..." ဆိုတဲ့ တုံ့ပြန်ချက်တွေက ဘာကိုဆိုလိုတာလဲ။ တကယ်ပြောနေတာ။

[A/N *simp : အင်တာနက်ဗန်းစကား - မိမိသဘောကျသော တစ်စုံတစ်ယောက်အတွက် အလွန်အမင်းပြုမူသည်/ ထိုသို့ပြုမူတတ်သူ]

လိမ်လိမ်မာမာပဲ လှည့်လာပြီး ခေါင်းငုံ့ပေးလိုက်တော့ ကိုကိုက အနားကို နီးကပ်လာတယ်။ ပြီးတော့ သူ့ထက် မဆိုသလောက်လေးနိမ့်ပေမယ့် ဆယ်ကျော်သက်အရွယ်အတွက် အတော်အတန် အရပ်ရှည်တဲ့အုပ်စုဝင်တဲ့ ကျွန်တော့်ကို အခက်အခဲမရှိ မာဖလာပတ်ပေးတယ်။ ကျွန်တော့်‌အကြည့်တွေကတော့ လက်မစိတ်အနည်းငယ်အကွာမှာရှိနေတဲ့ သူ့လည်ပင်းက ဖြူဖြူအထည်ဆီ ရောက်သွားလို့။

"ကိုကို ကျွန်တော်ပေးထားတဲ့မာဖလာကို ကြိုက်လား..."

"..."

"ကျွန်တော်တော့ ကိုကိုပေးထားတဲ့ မာဖလာကို တအားကြိုက်တာ"

ဒီမာဖလာ ရလိုက်တဲ့နေ့ကတည်းက ခွေးလည်ပတ်ကြိုးအစွပ်ခံရသလို မချွတ်ချင်တော့တဲ့အထိပဲ ဆိုတာကိုတော့ ထည့်မပြောလိုက်တော့ပါဘူး။

"ငါကြိုက်ပါတယ်..."

တိုတိုတိတိအဖြေပေးလိုက်တဲ့ တစ်စုံတစ်ယောက်ဟာ ကျွန်တော့်လည်ဂုတ်ပေါက်နေ ရင်ဘတ်ရှေ့ချလိုက်တဲ့ အနီရောင် မာဖလာစအစွန်းနှစ်ဖက်ကို တစ်ချက်ကြည့်ပြီး အတိုအရှည် ကြည့်ကောင်းအောင် ညှိပေးဖို့ အာရုံစိုက်နေလေရဲ့။ ကျွန်တော့်လည်ပင်းသား လစ်လပ်နေတဲ့နေရာကို သူ့လက်ချောင်းသွယ်သွယ်တွေ မတော်တဆထိသွားတိုင်း တိတိကျကျခံစားရတာက ညံ့နုတဲ့နွေးထွေးမှု။ ကျွန်တော် သူ့လက်ကို ထပ်ပြီး အသေအချာဆုပ်ကိုင်လိုက်မိတယ်။

"ကိုကို့ကို ကျွန်တော်ချစ်တယ်..."

"..."

"ဒီနှစ် ဒီဇင်ဘာလရဲ့ ပထမဆုံးအခေါက်အနေနဲ့ ပြောတာ..."

ကြည်လင်နေတဲ့ မှန်ပါးလေးထဲမှာ၊ နက်ရွှန်းနေတဲ့ မျက်ဝန်းနက်တွေထဲမှာ ကျွန်တော့်ပုံရိပ်ကို ပြန်မြင်နေရတယ်။ အကြည့်ချင်းဆုံတဲ့အခါ တရစပ်ခုန်ရတဲ့နှလုံးသားမျိုးက ကျွန်တော့်တစ်ဖက်တည်းမှာပဲ ရှိနေလည်း ဒါဟာမျှတတယ်။ သူ့မျက်လုံးတွေထဲကို ကြည့်လိုက်ရင် အရာရာက ညီမျှသွားတာပါပဲ။

ဒါပေမယ် ကြာကြာတော့ မညီမျှလိုက်ရဘူး။
ဝုန်းခနဲ ပွင့်လာတဲ့တံခါးနဲ့အတူ အသံပေးဝင်လာတာက  ဒါရိုင်ဘာတာဝန်ရပြီး အိမ်ကကားနဲ့ ဆေးရုံကိုအကြိုရောက်လာတဲ့ ကျွန်တော့် တစ်ဝမ်းကွဲနောင်တော်။

"ဟေ့... ငါရောက်... အာ...
ငခန့်... မင်းတော့ နာလန်ထကာစ ငါ့သူငယ်ချင်းလေးကို အသားယူနေပြန်ပြီလား"

တစ်ဆိတ်ကလေး... ဒီလူကဘာလို့ အမြဲတမ်း အံ့ဩစရာကောင်းလောက်အောင် အချိန်ကိုက်‌ဖြစ်လွန်းနေတာလဲ။ မေတ္တာတွေလည်းတုံးပါတယ် တကယ်...။

* * *

ကျွန်တော်တို့ အိမ်ကိုရောက်လာကြတော့ ကိုကိုနေရခက်မှာစိုးလို့ ဆေးရုံကိုလာမမေးတာဆိုတဲ့ အိမ်က အမျိုးသမီးများဟာ ဆေးရုံကလူ အိမ်ကိုရောက်လာတော့ ကော်ဇောနီချခင်းမပေးရုံတမယ် လိုတာထက်ပိုနေကြလေရဲ့။ စားပွဲအပြည့် စားစရာပြင်ထားတဲ့သူရယ်၊ ရွေးပေးခိုင်းဖို့ စာအုပ်အထပ်လိုက်နဲ့ စောင့်နေတဲ့သူရယ်၊ ဆေးရုံမှာ ကျွန်တော့်ကို လူနာစောင့်လုပ်ခွင့် ပေးထားရတာက သာလိကာကို အိမ်စောင့်ခိုင်းမိတာနဲ့ တူတယ်မလား လို့ ရာနှုန်းပြည့်သေချာတဲ့လေသံနဲ့ မေးပြီး ဟိုဟိုဒီဒီ အင်တာဗျူးဖို့ ကြိုးစားနေတဲ့သူရယ်။ ဒီအတိုင်း ဆက်ပြီးကြည့်နေရင် သူတို့လက်ထဲမှာ ကိုကိုတစ်ယောက် သုံးပိုင်းကွဲသွားတော့မယ်လို့ ခံစားလာရတယ်။ သူတို့ ဆွဲလားယမ်းလားလုပ်နေတဲ့ သုံးလမ်းကျော်က ကျွန်တော့်ဂိုက်ဆရာက ဒါမျိုးတွေနဲ့ လုံးဝ လုံးဝ မရင်းနှီးကြောင်း လက်ကုတ်ပြီး သတိ‌ပေးရတော့ ကျွန်တော်မကောင်းရာမကျဘူးလားခင်ဗျာ။ ခက်ပါပေ့။ ကွက်စိပ်ဆရာအဖေက အလုပ်ကိစ္စနဲ့ အားမနေလို့ အိမ်မှာမရှိတာပဲ တော်လှပါသေးတယ် ပြောရမယ်။

"ငခန့်..."

"ဘာလဲ..."

"မင်း မလိမ်နဲ့နော်...
ငါရောက်လာတုန်းက မင်း အယ်လ်ခွန်းကို တစ်ခုခု..."

"ပြန်လိုက်တော့ အခုပဲ"

အရေးထဲ ဘေးနားကပ်လာပြီး တကျွီကျွီမြည်နေတဲ့ ဂျာကင်အပြာရောင်နဲ့ ကြွက်ကိုတော့ ဒိန်ခဲတစ်ခဲပေး တာဝေးဒုံးထဲထည့်ပြီး သူ့အသိုက်အရောက် ပစ်လွှတ်ပေးလိုက်ပါတယ်။

[A/N* အသစ်ထွက်တဲ့ခေါက်ဆွဲထုပ်ပါကင်လိုက်ပေး၊ သူ့ပြိုင်ဘီးပေးစီးပြီး တိုက်ခန်းပြန်လွှတ်လိုက်ခြင်းကို ဆိုလိုပါသည်။]

"ကိုကို့ဆရာကိုကို့ကို မေးချင်လို့စောင့်နေတာ ဒီစာအုပ်ထဲက ဒီစာလုံးက ဘယ်လိုအသံထွက်တာလဲဟင်..."

"Bon voyage... ခရီးလမ်း သာယာဖြောင့်ဖြူးပါစေ လို့ ဆုတောင်းပေးတဲ့စကား... အဲ့ဒီအသုံးအနှုန်းက ပြင်သစ်ဘာသာကနေ မွေးစားယူထားတာ"

ကျွန်တော် ခဏမအားလိုက်တုန်းမှာပဲ အငယ်မက စာ addict သမား ကိုကို့ကို အင်္ဂလိပ်မဂ္ဂဇင်းတစ်ထပ်နဲ့ ငါးစာချလိုက်ပြီ။

"ဒါလေးကရောဟင်... "

"Scenario... ရုပ်ရှင် ၀တ္ထုတွေရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကို အကြမ်းဖျင်းရေးသားဖော်ပြထားချက်လို့ အဓိပ္ပာယ်ရတယ်၊ အတိုပြောရင် ဇာတ်ညွှန်းပေါ့... အီတလီစကားတစ်ခုပဲ...
၁၉ ရာစု နှောင်းပိုင်းကမှ အင်္ဂလိပ်စာမှာ သုံးလာကြတယ်"

"ကိုကို့ဆရာ ကိုကိုက လူသား dictionary ဖြစ်ရမယ်... မေးသမျှ ဘယ်လိုတောင် အပြည့်အစုံရွတ်ပြနိုင်တာလဲ... ခေါင်းထိထားတာက  ဘာပြဿနာမှမရှိတာ သေချာတယ်" 

ငါ့အဖိုးတန်ဆရာရဲ့ ဦးနှောက်လုပ်‌ဆောင်မှုအခြေအနေကို နင့်ကလေးအကွက်တွေနဲ့ မစမ်းသပ်နဲ့ဟ။

"အင်း... လင်းခန့်ပြောတာတော့ အခု ဘာပြဿနာမှ မရှိတော့တဲ့ပုံပဲ... ကြည့်ရသလောက်လည်း လူကောင်းအတိုင်းပါပဲ၊ ကို့ရဲ့ ဟို ၇၃ လမ်းထောင့်သူငယ်ချင်းကိုလည်း လှမ်းပြောလိုက်ဦး... စကားထစ်တာ ပျောက်လို‌ပျောက်ငြား..."

ဒီတစ်ခါအသံက ခြံထဲမှာ သူ့ရည်းစားနဲ့ဖုန်းပြောနေတဲ့ အစ်မဆီက...။ အတွဲတွေဆိုတာကလည်း တစ်ခုခုဆိုတာနဲ့ ရည်းစားကို လှမ်းအကြောင်းကြားရပြီ။ ဘာပဲပြောပြော ဒီတစ်ခါ အစ်မလုပ်နေတာမှန်ပါတယ်။ အဲ့ဒီ ၇၃ လမ်း‌ထောင့်ကိုတော့ ကျွန်တော်လည်း သတင်းကောင်းသိသွားရှာစေချင်ပါရဲ့။

ကိုကိုတို့ကတော့ တခြားကိုအာရုံမလာနိုင်။ ရောက်တုန်းရောက်ခိုက် မနေနိုင်မထိုင်နိုင်နဲ့ ကျွန်တော့်ညီမကို စာကြည့်ပေးနေတုန်း။ ဟိုကဖြင့် အလကားလျှောက်မေးနေတာကို အပင်ပန်းခံလို့။ အဲ့လောက်တောင် စာပြန်သင်ချင်နေခဲ့တာလား။ တစ်လခွဲလောက်လေးပဲ နားရသေးတာကို။

သူအာရုံစူးစိုက်နေတဲ့ပုံကို ခပ်လှမ်းလှမ်းက ကျွန်တော်ရပ်ကြည့်နေမိတုန်း ဆိုးဆေးစိမ်းနုရောင်နဲ့ လက်သည်းချွန်တွေက ပခုံးကိုလာကုတ်ပါရော။ ပြီးတော့ အလေးအနက်ဖြစ်နေတဲ့ လေသံနဲ့...။

" လင်းခန့်... နင့်ရဲ့တစ်ဖက်စောင်းကြွေ... အဲ...  ဆရာကို သေချာကြည့်လိုက်စမ်း..."

"ဘာဖြစ်တာလဲ... ဘာထူးခြားတာရှိလို့လဲ...""

"အသားအရည်ကောင်းလိုက်တာဟယ်... နင်ပြောသလိုဆို
ဘာ skin care မှလည်း များများစားစား သိပ်မသုံးဘူးဆို... သူ့အသားအ‌ရောင်က ဆွယ်တာအင်္ကျီအဖြူထက်တောင် ကြည်နေသေးတယ်၊ နေမကောင်းထားတော့ ဖြူဖတ်ဖြူလျော် ဖြစ်နေတာကပါ pale skin filter လို ဖြစ်သွား‌တာနေမှာ... အထက်ပိုင်းက လူတွေ အသားဖြူကြပေမယ့် ဒီလောက် အသားအရည်ကောင်းတာမျိုးကတော့ ပြိုင်ဘက်ကင်းပဲ၊ အင်း... ငါလည်း ဘယ်လိုလုပ်ရင် အဲ့လိုအသားဖြူမှာလဲဟာ..."

တကယ်ပါပဲ။ ဘာများလဲလို့...။

"လွယ်သားပဲ၊ အရေခွံလဲလိုက် "

"ဒေါက်..."

"ငါကမြွေမှ မဟုတ်တာဟဲ့..."

"ခေါင်းကို မခေါက်နဲ့ဆိုဗျာ"

...

"ကဲ... ထမင်းပွဲအသင့်ဖြစ်ပြီ၊
သမီးငယ် အခုမှ ဆေးရုံကဆင်းလာတဲ့ ဆရာလေးကို အလုပ်မပေးနဲ့တော့..."

ကျွန်တော်တို့မောင်နှမ ရန်ပွဲဖြစ်နေတုန်းမှာပဲ သူ့သားရဲ့ အသက်သခင်ကျေးဇူးရှင်ကို မနက်စာဖိတ်ကျွေးဖို့ရာ အတွင်းအားအကုန်သုံးထားတဲ့ စူပါအိမ်ရှင်မ၀င်လာတယ်။
အစ်မက သူမီးဖို‌ချောင်ဝင်ကူမထားလို့ အပြောခံမထိခင် သူ့ညီမနား ပြေးကပ်သွား‌ပြီး ကိုကို့ကို ထမင်းစားခန်းဆီ ဦးဆောင်ခေါ်သွားလေရဲ့။ ဟမ့်... ကျွန်တော်အလယ်တန်း သူအထက်တန်းကတည်းက စာလုပ်ဖို့အကြောင်းပြပြီး မီးဖိုချောင်ကိစ္စဆို ကျွန်တော့်တွန်းလွှတ်လွန်းလို့ ကျွန်တော်သာ ဟင်းချက်တတ်သွားတယ် သူက အခုထိ အမေမခိုင်းရင်မခိုင်းသလို ယောင်ခြောက်ဆယ်။ မဝေဖန်ချင်ပါဘူးဗျာ။ မနေတတ်လို့ ဖြစ်နေတဲ့ကိစ္စကို တစ်ချက်ပြောကြည့်တာ။

"ဒီကောင်လေးက ရောက်ကတည်းက ဟိုရပ်ဒီရပ်၊ နှုတ်ခမ်းလှုပ်မျက်ခုံးပင့်နဲ့ ဘာဖြစ်နေတာလဲ၊ လိုက်ခဲ့..."

"ဒုတ်..."

"အာ... အမေ့... ခေါင်းကို ထုမသွားနဲ့လေဗျာ..."

တကယ်ပဲ။ ကျွန်တော်တို့အမျိုးက အရွယ်ရောက်ပြီးသား မိန်းကလေးတွေက နူးနူးညံ့ညံ့ ညင်ညင်သာသာ ဘယ်လိုနေရမယ်ဆိုတာ မသိကြတာလား။ ဘာလို့ အားလုံး စကားလေးနဲ့ပဲ မပြောတတ်ကြတာလဲ။ စကားလေးနဲ့တင်လေ...။

* *

အဲ့ဒီနေ့က ထမင်းဝိုင်းအကြောင်းကတော့ အထူးတလှယ်မရှိပါဘူး။ လောကွပ်အပြည့်နဲ့ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးနေတဲ့ အမေရယ်၊ ဟင်းခွက်တွေသူ့ရှေ့မှာဝိုင်းနေလို့ အားနာနေတဲ့ကိုကိုရယ်၊ ဇွန်းလေးတွေကိုင်ပြီးငေးနေတဲ့ ကျွန်တော်တို့ မောင်နှမသုံးယောက်ရယ်။ အဲ့သလို အဲ့သလိုပဲ။

"ဆရာလေးထည့်စားနော်... အကုန် အိမ်ချက်လက်ရာတွေချည်းပဲ၊
ဒါလေးက ငါးပေါင်း... အရိုးနွှင်ပြီးသား"

"ဟုတ်ကဲ့..."

"ဒါက ဗမာကြက်အချိုချက်လေး အိနေအောင်ချက်ထားတာ... အန်တီအချိန်ရလို့ ၁၂ မျိုးဟင်းချိုလည်း လုပ်ထားသေးတယ်၊ ပူပူလေး သောက်ကြည့်နော်... ခံတွင်းရှင်းပြီး စားချင်စိတ်ဖြစ်စေတယ်ရယ်"

"ဟုတ်..."

"ပြီးတော့ ဒါက မျှစ်နဲ့ခဝဲသီးကြော်ထားတာလေး..."

"အမေ့... ကိုကို့ပန်းကန်လျှံကျတော့မယ်"

"ပါးစပ်ပိတ်ပြီးစား... ငါသိတယ်..."

"..."

တိုးတိုးလေးလှည့်ပြောရုံပေမယ့် အာဏာပြင်းတဲ့ အကြည့်တွေကြောင့် တကယ် ပါးစပ်ကိုဇစ်ပိတ်ရော။ အစ်မနဲ့ အငယ်မလည်း ကျွန်တော့်ကို လှမ်းခွီပြီး သူတို့အချင်းချင်း ဟင်းထည့်ပေးရင်း ငြိမ်ငြိမ်ဆိတ်ဆိတ်ပဲ ကိုယ့်ထမင်းကိုယ် ငုံ့စားကြတော့တယ်။

အဲ... ခဏနေပါဦး...။ ကိုကို့ကို အမေက စေတနာအပြည့် ဟင်းထည့်ပေးနေတယ်။ ဟိုညီအစ်မက ထုံးစံအတိုင်း အပြန်အလှန် ဇွန်းချင်းတိုက်လို့။ ကျွန်တော့်ကျ ဘယ်သူ ဟင်းထည့်ပေးမှာလဲ။ ကိုယ့်ဟာကိုယ် ထည့်စားရမှာက ကျွန်တော်တစ်‌ယောက်တည်းတဲ့...။ ဒါကြီးက အရမ်းလွန်တာပေါ့။

ကိုယ့်ကိုကိုယ်သနားစိတ်တွေ တရိပ်ရိပ်တက်လာတုန်း ကျွန်တော့်ပန်းကန်ထဲ ရောက်လာတာက အရောင်လှလှနဲ့ဖူးနေတဲ့ ကြက်ရင်အုပ်လေးတစ်ခြမ်း။ မျက်လုံးအဝိုင်းသားနဲ့ ထည့်ပေးတဲ့သူကို လှည့်ကြည့်လိုက်တော့...။

"မင်း ကြက်သားကြိုက်တယ်မလား..."

"..."

ကိုကိုပဲရှိတယ်။ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ခံစားချက်ကို ဂရုစိုက်ပေးတာ ကိုကိုပဲရှိတယ်ဗျာ။ ကိုကို... ခင်ဗျားက တကယ် ကျွန်တော့်နတ်သားလေး။ ကြာကြာစိုက်ကြည့်မရအောင် အဖြူ‌ရောင်အလင်းတွေ ဖြာထွက်နေတဲ့ နတ်သားလေး။

"ကိုကို ကျွန်တော့်ကို တစ်ရှူးလေး နည်းနည်းလောက်...
မျက်စိစူးသွားလို့..."

"ရော့... "

အခုမှ ဝိုင်းကြည့်နေကြတဲ့ အမျိုးသမီးတစ်စု ခင်ဗျာ။ 
တွေ့ကြသလား...။ ကိုကိုက ဒီအိမ်ကလူတွေလို ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘူး။ ကြည့်ပြီး သင်ယူကြစမ်းပါ။

စားသောက်ပြီးတဲ့နောက်တော့ အမေက ကိုကို့ကို များများမစားလို့ဆိုပြီး မေးခွန်းထုတ်နေလေရဲ့။ သူ့အိမ်ထမင်းဟင်း ဘယ်လောက် ကောင်းကောင်း အခုမှဆေးရုံဆင်းတဲ့သူက ဘယ်လောက်စားနိုင်မှာတဲ့လဲ။ ပြီးတော့ သူထည့်ပေးတာတွေက ရှမ်းထမင်းဆိုင်အချိုးကျကြီးနဲ့ဟာ။ အစကတည်းက ဟင်းစားနည်းတဲ့ကိုကိုက ဘယ်ကုန်မလဲ။ တစ်အိုးလုံးချပေးတောင် ကုန်အောင်စားမယ့် သူ့သားသမီးတွေလိုများ မှတ်နေလားမသိ။

"နောက်များ စားချင်တာရှိရင် ဆရာလေးသူငယ်ချင်းကိုသာ ပြောလိုက်နော်၊ သူက အိမ်ကိုဟင်းလာယူနေကျ..."

"ရပါတယ် အန်တီ၊ ကျေးဇူးပါ"

ကိုကိုလား... ပြောနေဦးမှာ။ ဘယ်သူ့မှ ဒုက္ခမပေးချင်လို့ သူဟာသူ ချက်စားတဲ့သူ‌လေ။ အလကားရရင် ချိုင့်ပါဆွဲတဲ့ သူ့တူလိုများ မှတ်နေလားမသိ။

နှစ်ယောက်သား စကားပြောနေတာ လှမ်းကြားရသလောက်
ဝေဖန်လိုက်ရင်း ထမင်းမစားခင်က ဧည့်ခန်းစားပွဲမှာ ချွတ်ထားခဲ့တဲ့ ဆွယ်တာနှစ်ထည်ကို သွားယူပြီး ပြန်လှည့်လာတော့ အမေက ကိုကို့လက်ထဲ တစ်ခုခုထည့်ပေးလိုက်တာ ဖြတ်ခနဲ မြင်လိုက်ရတယ်။ ဘာလဲတော့ မသိဘူး။ ကိုကိုကလည်း ငြင်းတော့မငြင်းဘူး။ ခေါင်းငြိမ့်ပြုံးပြပြီး သူ့အိတ်ကပ်ထဲ ထည့်လိုက်တာပဲ။

အဲ့ဒီနောက်တော့ ကြွက်မင်းသားအစ်ကိုလည်း မရှိတော့တာမို့ အမေက သူကိုယ်တိုင် ကားမောင်းပြီး ကိုကို့ကို ပြန်လိုက်ပို့ပေးမယ် လုပ်နေပါသေး။ ကျွန်တော်တို့ သက်သက်သွားစရာ ရှိသေးတယ်လို့ ပြောပြီး တားလိုက်ရတယ်။ ကျွန်တော် ဆိုင်ကယ်သွားထုတ်လာခဲ့တော့ ကိုကိုက ခြံဝကနေ ကျွန်တော့်ကို စောင့်နေတယ်။

"ကိုကို..."

"အင်း..."

"ခုဏက အမေ ကိုကို့ကို ဘာတွေပြောနေတာလဲ..."

"ဒီလိုပါပဲ... မင်းကိုကယ်ပေးခဲ့တာ ကျေးဇူးတင်တဲ့အကြောင်းနဲ့ ငါနေကောင်းလာလို့ စိတ်အေးသွားတဲ့အကြောင်း..."

"တခြားရော..."

"ဘယ်သူမှ ဟင်းမထည့်ပေးလေလေ ကိုယ်ကြိုက်သလောက် အများကြီးခပ်စားတတ်တဲ့က‌လေးမို့ နောက်ဆို မင်းကို ဟင်းထည့်ပေးစရာမလိုတဲ့အကြောင်း..."

ဒီဒေါ်ခင်မေချိုတော့...။

ချဉ်စုပ်စုပ်ဖြစ်သွားတဲ့ မျက်နှာကိုပြန်ထိန်းပြီး အသက်၀၀ရှူလိုက်ရင်း...။

"ထားလိုက်ပါတော့... တက်... ကိုကို..."

"ဘယ်သွားမလို့လဲ..."

"ကိုကိုမေ့သွားပြီလား... ကိုကိုဆေးရုံဆင်းရင် တစ်နေရာခေါ်သွားမယ်လို့ ကျွန်တော်ပြောခဲ့ဖူးတယ်လေ..."

_____________________________________
To be continued...

💖💖💖

(⁠θ⁠‿⁠θ⁠) gn 🌃 💤

Novella ✒️

Continue Reading

You'll Also Like

207K 10K 63
အမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ
15.9K 633 18
ဒီfic​လေးcocoရဲ့ပထမဆုံး​သောfic​လေးတစ်ခုပါ​နော် sweetတာပဲ​ရေးမယ်roဆန်ဆန်​လေး​ကြည့်နူးရမဲ့ fic​လေးဆစ်ခုပါ​နော်အား​ပေးကြပါအုုံးရှင့်😘😘
10.9K 223 28
အချို့သောဆက်ဆံရေးတွေကခေါင်းစဉ်တပ်ပြီးဖော်ပြတာထက်ပိုပြီးလေးနက်တာကြောင့် အန္တရာယ်များတဲ့လူတွေကိုထုတ်ပြောပြတာထက် ကိုယ်တို့၂ဦးပဲသိနေရင်လုံလောက်တယ်မဟုတ်လာ...
681K 97.8K 37
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...