Heartless December❄️ ZG versi...

By Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး

7 2 0
By Novella_1001

❄️❄️❄️

"ခွန်း..."

"ခွန်း... ဒီကိုကြည့်..."

ကင်မရာရိုက်ကွက်ထဲမှာ နေရောင်မကျတကျနဲ့ မြူဆိုင်းနေတဲ့ လမ်းသွယ်လေး...။ ရှေ့ကနေခပ်သွက်သွက် လမ်းလျှောက်နေတဲ့ ကိုကိုဟာ ခေါ်သံကြောင့် နောက်ကိုလှည့်ကြည့်လာရဲ့။ ကိုကို့လည်ပင်းတစ်ဝိုက်မှာတော့ မာဖလာနီလေးတစ်ထည်...။

"မင်း ငါ့ကိုချစ်လား "

"အင်း..."

"တိုလိုက်တာ... ရှည်ရှည်လေးဖြေ...
ငါ့ကိုချစ်လား..."

"ချစ်တယ် "

"တိုသေးတယ်၊ သေချာဖြေစမ်းပါ...
ငါ့ကို ချစ်လား..."

"ငါ မင်းကို ချစ်တယ် ဝေယံ..."

"ဘယ်လောက်ချစ်တာလဲ "

ကင်မရာကိုင်ထားတဲ့သူ ကိုကိုနဲ့နီးအောင်လျှောက်လာသရွေ့ ကိုကို့မျက်နှာက ပိုပြီးကြည်ရှင်းလာတယ်။

"ဘယ်လောက်ချစ်တာလဲလို့..."

"အေးတယ်... မြန်မြန်လာ..."

လေသံအေးအေးလေးနဲ့ အထက်ပါအတိုင်းပြောလို့
ရပ်ပြီးကြည့်နေရာက ပြန်လှည့်သွားရင်း မြူမှုန်လေးတွေကြား ဆက်လျှောက်သွားလိုက်တဲ့ကိုကို။ အဲ့မတိုင်ခင် မြင်လိုက်ရသမျှကတော့ ကိုကို့ရဲ့ ကွေးနေတဲ့နှုတ်ခမ်းထောင့်တွေနဲ့ ပြုံးနေတဲ့မျက်လုံးတွေပါပဲ။

"ဘယ်လောက်ချစ်တာလဲလို့ မေးနေတယ်လေကွာ...
လှည့်ပြီး ပြန်ဖြေအုံး..."

"အတန်းချိန်နောက်ကျနေပြီ..."

"မင်းက အဲ့ဒါတွေပဲ..."

"အဟွန်း..."

"ရယ်မနေနဲ့..."

မာဖလာအနီလေးလျှောကျနေတဲ့ အဲ့ဒီနောက်ကျောပြင်တစ်ခုဟာ
လမ်းဆက်လျှောက်နေတဲ့တိုင်အောင် ကင်မရာဆုံချက်ကနေတော့ ဝေးမသွားခဲ့ဘူး။

ကိုကိုနဲ့သူရဲ့ အမှတ်တရတွေကို... တစ် file ပြီး file ကျွန်တော်ဖွင့်ကြည့်ခဲ့တယ်။ ရုပ်သေဓာတ်ပုံတွေရော... လှုပ်ရှားမှုဗီဒီယိုတွေရော...။

ဟိုဟိုဒီဒီ လျှောက်လည်ရင်းရိုက်ထားတဲ့ပုံတွေထဲမှာ
မှတ်မှတ်ရရ ကျွန်တော်တွေ့ခဲ့သေးတယ်။

ပြင်ဦးလွင်ဘက်ကလို အဆောက်အဦးပုံစံမျိုးနဲ့ အပန်းဖြေအိမ်တစ်အိမ်၊ ကျူးလစ်အနီနဲ့အဖြူတွေ ရောယှက်စိုက်ထားတဲ့ ခြံဝန်းကျယ်တစ်ခု၊ အဲ့ဒီနေရာမှာရိုက်ထားခဲ့တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေထဲက သူတို့နှစ်ယောက်...။

"ဝေယံ... ထတော့...
ငါမနက်စာပြင်ပြီးပြီ"

"..."

"မင်း နိုးနေပြီဆိုတာ ငါသိတယ်...
အဲ့စောင်ကို ဖယ်လိုက်တော့..."

"..."

ရုပ်မမြင်ဘဲကြားနေရတဲ့ မဝဲတဝဲလေသံလေးတစ်ခုဟာ ခပ်သဲ့သဲ့။

အခန်းထဲ မနက်နေရောင်ထိုးကျလာသလိုမျိုး မှုန်ဝါးမှောင်မည်းနေတဲ့ မြင်ကွင်းထဲ ရုတ်တရက်တိုးဝင်လာတဲ့ အလင်းတွေ။ ကင်မရာဆုံချက်မှာတော့ တစ်စုံတစ်ယောက်ဟာ သူကိုယ်တိုင်ဆွဲဖယ်လိုက်တဲ့ စောင်ကိုကိုင်လို့ ခပ်ကြောင်ကြောင် ရပ်နေတယ်။ ပြီးကာမှ သက်မတစ်ချက်ချလိုက်ပြီး စိုက်ကြည့်ရင်း...။

"မင်း ဒီလုပ်နေတာကို မပျင်းသေးဘူးလား ဝေယံ..."

"ဟင့်အင်း... မင်းကိုတော့ တစ်ခါတစ်လေ ပျင်းမိပေမယ့်
မင်းမသိအောင် ကင်မရာဖွက်ပြီး ဗီဒီယိုရိုက်ရတာကိုတော့ ဘယ်တော့မှ မပျင်းဘူး..."

ကင်မရာလှုပ်ရှားသွားပုံအရ ကိုင်ထားသူဟာ ထထိုင်လိုက်ပုံပဲ။ ကိုကိုကတော့ စောင်ကို ထောင့်အချိုးညီညီခေါက်နေရင်း ဆက်ပြောတယ်။

"မင်းမှာ ငါ့ပုံတွေရော... ငါမသိအောင်ရိုက်ထားတဲ့ video တွေရော အများကြီးရှိနေပြီ... ငါ့ privacy ကို မလေးစားဘူးလား..."

"မင်းက ဘယ်သူ့အပိုင်လဲ ခွန်း..."

"..."

"ငါမေးတာဖြေ... ဘယ်သူ့အပိုင်လဲ..."

"မင်းအပိုင်..."

"အင်း... မင်းက ငါ့အပိုင်... အဲ့တော့ မင်း privacy ကိုလည်း ငါပိုင်တယ်၊ ဘာပြောအုံးမှာလဲ..."

မျက်မှန်ပါးလေးအောက်က မျက်ဝန်းနက်တွေဟာ မျက်တောင်တစ်ခတ်စာတောင် မရွေ့လျား။ ကိုကိုဟာ တုံ့ပြန်ချက်မရှိ ပြန်ကြည့်နေရာက စကားတစ်ခွန်း ရွတ်ပြပြီး အခန်းထဲက လှည့်ထွက်သွားတယ်။

"မျက်နှာသွားသစ်..."

* *

အိမ်ထဲမှာ... ခြံဝန်းထဲမှာ...
မှတ်တမ်းတွေဟာ နေရာတကာမှာ ထင်ထင်ရှားရှား။
သူတို့နှစ်ယောက်ပဲသိလောက်မယ့် ဒီမှတ်တမ်းတွေကို ရိုက်ထားတဲ့သူဟာ ခြံဝန်းထဲကန်တစ်ကန်ချလို့ အဆင်းအရောင်လှလှ ဘော်ဒီခပ်ထွားထွားနဲ့ German Shepherd မျိုးရိုးခွေးတစ်ကောင်ကို ရေချိုးပေးရင်း အလုပ်ရှုပ်နေတဲ့ကိုကို့ကို လှမ်းစနေခဲ့တယ်။ နောက်... ကင်မရာနောက်ပြန်လှည့်လို့ သူပါအတူပါအောင် ရိုက်ယူထားခဲ့သေးတယ်။

"ကိုကို အမှန်တော့ ခွေးချစ်တတ်တာပဲ..."

အဲ့ဒီအပန်းဖြေအိမ်မှာရိုက်ထားတဲ့ ပုံရိပ်တွေကိုကြည့်ရင်းနဲ့ပဲ အရင်လက ပြင်ဦးလွင်မှာမြင်ခဲ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ပုံစံက ကျွန်တော့်ခေါင်းထဲ တိုးဝင်လာပြန်ပါရော။

ပန်းဆိုင်ရှေ့မှာရပ်ထားတဲ့ သူ့ကားထဲက ဆင်းလာတဲ့ကိုကို...၊
ဆိုင်ရှေ့မှာ သူ့ကို ရပ်စောင့်နေတဲ့ကိုကို...၊ သူလှမ်းပေးတဲ့ ပန်းစည်းကို ယူနေတဲ့ကိုကို...။

အဲ့ဒီနေ့ကရော... ပန်းဆိုင်ကိုဝင်ပြီးနောက်ပိုင်း ဒီအပန်းဖြေအိမ်ကို သွားခဲ့ကြတာလား...။ ကျွန်တော်တွေ့လိုက်သမျှရဲ့ နောက်ပိုင်းမှာ ကိုကိုတို့ ဘာတွေဆက်ဖြစ်ခဲ့ကြသေးတာလဲ...။

ရှေ့ဆံပင်တွေကိုထိုးသပ်ရင်း ကျွန်တော် အသက်ပြင်းပြင်း ရှူထုတ်လိုက်မိတယ်။

"အာကာဝေယံ ငါ့ကို ဒီ memory stick ထုတ်ပေးပြီး mind game play နေတာပဲ... သူ့အကွက်ထဲအပါမခံနဲ့ လင်းခန့်... ဒါလောက်ကလေးနဲ့ အတွေးများပြီးခံစားမိရင် မင်းရှုံးတာပဲ... ကိုယ်လေကျယ်ထားခဲ့တာတွေကို အားနာပြီး အကြောဆက်တင်းထားစမ်း..."

ကိုယ့်ကိုကိုယ်သတိပေးရင်း ကျွန်တော်ဟာ စိတ်လန်းဆန်းစေမယ့် ဟော်မုန်းဓာတ်လေးဘာလေးဖြည့်မယ်အကြံနဲ့ အောက်ထပ်ကို မုန့်နဲ့သောက်စရာယူဖို့ ဆင်းလာခဲ့တယ်။

"မမ... အရင်ရက်ကဝယ်လာတဲ့ ပဲနို့နဲ့မိုင်လိုတွေ ဘယ်ရောက်ကုန်ပြီလဲ..."

"လွှင့်ပစ်လိုက်ပြီ... ငါ့အစာအိမ်ထဲ..."

"လည်ချောင်းက ဘေစင်ပိုက်လား... ဘယ်တော့မဆို ရှိသမျှသောက်စရာကို ဘယ်သူ့အတွက်မှမချန်ဘူး၊ သူ့ပါးစပ်ထဲ အကုန်သွန်ချတယ်"

"ဟဲ့... လင်းခန့်... ငါမကြားဘူးမှတ်နေလား... ရေခဲသေတ္တာထဲရှိနေမှတော့ ယူသောက်လိုက်ရင် ကုန်သွားမှာပဲလေ... နင်သောက်ချင်ရင် ကိုယ့်ဟာကိုယ် ထပ်သွားဝယ်လိုက်ပေါ့..."

အငယ်မကို စာကူကြည့်ပေးရင်း လှမ်းအော်နေတဲ့ နတ်ဆိုးအစ်မရဲ့အသံကို နားထဲကကော်ထုတ်ရင်း ပေါင်မုန့်တစ်ထုတ်၊ ချောကလက်တစ်တောင့်နဲ့ ရေတစ်ပုလင်းဆွဲပြီးသာ အပေါ်ပြန်တက်ခဲ့ရပြန်။

"ဟွန်း... ကွာလိုက်တာ... ကိုကို့ရေခဲသေတ္တာထဲကို ဖွင့်ကြည့်လိုက်ရင်များ အမြဲ ယူသောက်စရာမိုင်လိုတွေရှိတယ်..."

ရင်လေးစရာ ကောင်းလိုက်တာ...။
ခင်ဗျားနဲ့ဝေးပြီးနောက်ပိုင်းမှ ဘဝက မိုင်လိုလေးတစ်ဘူး သောက်ရဖို့တောင် ခက်ခဲလာပြီ။ ဒါတွေ သိရောသိရဲ့လား ကိုကို...။

မုန့်စားပြီး မျက်စဉ်းပါခတ်လို့ ကျွန်တော် laptop ရှေ့ဆက်ထိုင်ခဲ့ပြန်တယ်။

ဒီတူညီတဲ့လူနှစ်ယောက်ကိုပဲ မတူညီတဲ့နေရာတွေမှာ မြင်နေရတာကို ဘာလို့ သိချင်စိတ်တွေကလျော့မသွားဘဲ ပိုပိုတိုးလာရတာလဲ။ မသိရင် တိတ်တိတ်ပုန်းချိန်းတွေ့နေကြတဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတွေကို အထုတ်ဖြေချဖို့ရာ သူတို့ပါသမျှမှတ်တမ်းမှတ်ရာကို လိုက်စုံစမ်းတဲ့ အတွဲဖမ်းမီဒီယာက ဝန်ထမ်းကျနေတာပဲ။ မှန်ဘီလူးတစ်လက်ရှေ့ချပြီး ပြူးပြဲမကြည့်ရုံတမယ်ကို လေ့လာနေမိပါရောလား။

ကျွန်တော်ဆိုတဲ့ လူငယ်လေးက တကယ်တော့ သူများတွေကိစ္စကို သိပ်စပ်စပ်စုစုရှိတတ်တဲ့သူမဟုတ်ပါဘူး။ ပြဿနာက ဒီကာယကံရှင်နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့်အတွက် သူများဟုတ်မနေလို့။ သူများဟုတ်မနေတဲ့အတွက်ကြောင့် သူ့ရဲ့ရည်းစား‌ဟောင်းနဲ့ အတူဖြတ်သန်းခဲ့တဲ့ အတိတ်ပုံရိပ်တစ်ချို့ကစ အားလုံးက စိတ်ဝင်စားစရာဖြစ်နေတာပေါ့။

ကျွန်တော် ဒီ file တွေကို စစ်ဆေးရင်းပဲ ထပ်ပြီး ပုံရိပ်ချင်း ထပ်မိခဲ့ပြန်တယ်။

ဧရာဝတီမြစ်ဘေးမှာ... ရတနာပုံတံတားပေါ်မှာ...
မင်းကွန်းခေါင်းလောင်းကြီးနားမှာ... ဦးပိန်တံတားမှာ...
မကြာသေးခင်ကမှ မျက်လုံးထဲစိမ့်ဝင်အောင် ရှုစားခဲ့တဲ့
ရှုခင်းတွေနောက်ခံထားလို့ အဲ့ဒီနေရာတွေမှာ ကိုကိုနဲ့သူ ရှိနေခဲ့ကြတာ။

"Nothing's gonna change my love for you. You ought to know by now how much i love you. One thing you can be sure of i'll never ask for more than your love."

ပြီးတော့ ဒီသီချင်း...။
Video file လေးတစ်ခုထဲမှာ ကိုကိုက ရေဒီယိုကလွင့်လာတဲ့အသံအတိုင်း ဒီသီချင်းကို ခပ်တိုးတိုးလိုက်ညည်းနေခဲ့တယ်။ driver seat မှာ ထိုင်ပြီး ကားမောင်းနေရင်းနဲ့ပေါ့။ ဘေးက ဗီဒီယိုရိုက်နေတာကို သိသွားတဲ့အခါမှာတော့ သီချင်းညည်းတာကို ရပ်လိုက်တယ်။

"မင်းငါ့ကို တစ်ချက်လောက် အလွတ်မပေးချင်ဘူးလား ဝေယံ... ငါ့ကို ကားမောင်းခိုင်းတာက ဘေးကနေ မင်းလုပ်ချင်ရာလုပ်ဖို့လား..."

လက်တစ်ဖက်နဲ့ ကင်မရာရှေ့ကို ဖိအုပ်ကွယ်လိုက်ရင်း ဒီလိုပြောတော့ video ရိုက်နေတဲ့လူဟာ လေသံကြားရရုံရယ်လိုက်ရင်း ခပ်တည်တည်ပဲ ပြန်ဖြေပါရဲ့။

"ဟုတ်တယ်... ဆက်ဆိုလေ...
မင်းအသံက နားထောင်လို့ကောင်းတယ်၊ ကီးတော့ နည်းနည်းကြောင်ပေမယ့်..."

"ဝေယံ..."

"စိတ်မပူပါနဲ့... မင်းကီးချော်နေတာမသိသာအောင်
ငါ့အသံနဲ့ထိန်းပေးမယ်"

ပြောပြောဆိုဆို playlist ကို ပိတ်လိုက်တယ်ထင်ရဲ့။
ကားထဲလွင့်ပျံ့နေတဲ့ သီချင်းသံဟာ ပျောက်သွားခဲ့တယ်။

"playlist ဖွင့်စရာတောင်မလိုဘူး...
ငါက ဒီသီချင်းကို ကာရန်တစ်ချက်စီကစ စွဲနေအောင်ရပြီးသား... လုပ်... အစကပြန်ဆိုမယ်၊ ငါ့နောက်ကသာလိုက်ခဲ့..."

ကိုကိုတစ်ယောက်... လမ်းကိုကြည့်မောင်းလိုက် သူ့ကိုဗီဒီယိုရိုက်နေတဲ့သူကို လှည့်ကြည့်လိုက် ဖြစ်နေတုန်းမှာပဲ ဟိုကတော့ အေးအေးလူလူ သီချင်းစဆိုနေခဲ့ပြီ။

"If I had to live my life without you near me, the days would all be empty.
The nights would seems so long."

"..."

"ဆိုလေ..."

"With you I see forever oh so clearly.
I might have been in love before but it never felt this strong."

အာကာဝေယံလောက်တေးသွားကိုမပိုင်နိုင်ပေမယ့် ကိုကို့အသံက အေးဆေးချိုသာပြီး နားထောင်လို့ကောင်းတယ်။ အရင်က ကိုကိုသီချင်းဆိုတာကို တစ်ခါမှမကြားဖူးတဲ့ ကျွန်တော့်အတွက်တော့
ဒီ clip ကို ဖြတ်ပြီး ကူးယူထားချင်စိတ်ပေါက်စရာပဲ။ အေးဆေးကြည်လင်တဲ့မျက်နှာပိုင်ရှင်ရဲ့ သီချင်းဆိုသံအေးအေးလေး ကားထဲလွင့်နေတာကို နားထောင်နေမိတုန်းမှာပဲ ဆုံချက်ထဲဝင်လာတဲ့ တစ်စုံတစ်ယောက်ရဲ့လက်တစ်ဖက်က ကိုကို့လက်ဖ၀ါးကို ဆုပ်ကိုင်ထားလိုက်တယ်။ Pre-chorus ကို ကူဆိုနေတဲ့ သူ့အသံပါတိုးဝင်လာခဲ့လို့။

"Our dreams are young and we both know.
They take us where we want to go. Hold me know.
Touch me now.
I don't wanna live without you. Nothing's gonna change my love for you.
You ought to know by now how much I love you."

တီးလုံးသံစဉ်မပါဘဲ ကြားနေရရတဲ့ သီချင်းဆိုသံနှစ်သံက ကြည်ကြည်လင်လင်၊ သာသာယာယာရှိနေဆဲ။

ဒီလိုကိုး...။ ဒီလိုဖြစ်ခဲ့တာပဲ။
ဒါကြောင့် sightseeing သွားတုန်းက ကိုကို ကျွန်တော့်ကို သီချင်းပြောင်းခိုင်းခဲ့တာလား...။ ဒီသီချင်း အတူဆိုခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်ကို သတိရမိသွားလို့လေ...။

တကယ်ကြီးကို ကျွန်တော်က အလိုလိုနေရင်း သူ့ကိုသတိရမိစေတဲ့ ခလုပ်တစ်ခုဖြစ်နေခဲ့တာပဲ။

ကိုကိုက သူနဲ့အတူသွားခဲ့ဖူးတဲ့နေရာတွေကို ကျွန်တော့်ကို ခေါ်သွားခဲ့တယ်။ ကျွန်တော်က ကိုကိုသူနဲ့အတူ ဆိုခဲ့ဖူးတဲ့သီချင်းကို ဖွင့်ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်ထဲမှာ ဘယ်သူက လွဲချော်နေခဲ့တာများလဲ...။

စဉ်းစားကြည့်တော့ အဲ့ဒီခရီးတစ်လျှောက်လုံး ကိုကိုသူ့ကို သတိရမိလာအောင် ကျွန်တော်က ဆွထုတ်ပေးနေခဲ့တာပဲ။

ရင်းနှီးနေခဲ့တဲ့ သီချင်းသံကို ကြားရတုန်းက ကိုကိုသူ့ကို သတိရခဲ့တာလား...။ အဟောင်းနဲ့အသစ်ယှဉ်နေတဲ့ တံတားနှစ်စင်းကို ကြည့်ခဲ့တုန်းက ကိုကို ကျွန်တော်နဲ့သူ့ကြားမှာ အတွေးလွန်ဆွဲခဲ့ရသေးတာလား...။ ပြိုကျပျက်စီးနေတဲ့ ပုထိုးဟောင်းကြီးကို ကျွန်တော်မော့ကြည့်နေတုန်း ကိုကိုပြောခဲ့တဲ့စကားတွေက ထင်တဲ့အတိုင်းပဲ သူနဲ့ကိုကို့ကြားကအချစ်ကို ရည်ရွယ်ခဲ့တာလား။ ပြီးတော့...။

ပြီးတော့... မျက်စိရှေ့ဝင်လာတဲ့ ဓာတ်ပုံတစ်ပုံမှာက နီရဲစိုတောက်နေတဲ့ တောင်သမန်အင်းရဲ့ နေဝင်ဆည်းဆာ။

"တောက်ပတဲ့အရာတွေဆိုတာက အမြဲတမ်း ပျောက်ကွယ်ခါနီးအချိန်မှာ အလှဆုံး ဖြစ်နေတတ်တယ်လေ... နေဝင်ချိန်ဆိုရင် ကောင်းကင်က အလှဆုံးပဲ... ဒါပေမယ့် အလှဆုံးအရာတွေရဲ့ နောက်ကွယ်မှာက အရက်စက်ဆုံးလက်နက်တွေ ရှိနေတတ်သေးတယ်... အဆုံးသတ်အနားစွန်းကို မမြင်မိဘဲ နေဝင်ချိန်လို ရီဝေယစ်မူးစေတဲ့ လှပမှုမျိုးတွေထဲမှာ နစ်မြုပ်နေမိတာကြောင့် မှောင်သွားလို့သွားမှန်း မသိလိုက်ဘဲ အမှောင်ထုထဲ ငုပ်တုပ်ထိုင်လိုက်ရမယ့် မျက်ကန်းဘဝမျိုးဖြစ်ရမှာက ငါအကြောက်ဆုံးအရာပဲ... ဒါကြောင့်လည်း... ငါ့နှလုံးသားကိုငါ လွှတ်ချခဲ့တာ..."

ကိုကို အဲ့ဒီနေ့က နေဝင်ဆည်းဆာကို ငေးကြည့်ရင်း ဒီအတိုင်းပြောခဲ့တယ်။ အဲ့တုန်းက ကိုကို တကယ် သူ့အကြောင်းကို ပြောနေခဲ့တာပါလား။

တွေးရင်းနဲ့ပဲ အာရုံကြောတွေထဲဝင်လာတဲ့ အချက်အလက်ပို့ဆောင်မှုအရ ကျွန်တော်ဟာ ကြည့်ခဲ့ပြီးသား file တွေထဲက တစ်ခုခုကို သွားပြန်ရှာလိုက်မိတယ်။

mouse ကိုင်ထားတဲ့လက်ဟာ ပုံတစ်ပုံအရောက်မှာ ရပ်သွားခဲ့ရဲ့။ တက္ကသိုလ်လမ်းတွေထဲကဖြစ်ပုံရတဲ့ တံတားလေးရဲ့ တစ်ဖက်တစ်ချက်စီမှာ ကိုကိုနဲ့သူ မျက်နှာချင်းဆိုင် ထိုင်နေကြတဲ့ပုံတစ်ပုံ။ သူ့လက်ထဲမှာတော့ နီညိုရောင် ဂစ်တာတစ်လက်ရှိနေပြီး ကိုကို့လက်ထဲမှာတော့ စာအုပ်တစ်အုပ်ရှိနေခဲ့တယ်။

အဲ့ဒီနေ့က တောင်သမန်တံတားမှာတွေ့ခဲ့တဲ့ စုံတွဲရဲ့ပုံစံကို ကိုကို ခပ်တွေတွေကြည့်နေခဲ့တာက ကိုကိုနဲ့သူ့ရဲ့ပုံရိပ်ကို ပြန်မြင်ယောင်နေခဲ့တာလား...။

နောက်ဆုံးတော့ ကိုကို အမြဲတမ်း သူ့ကို သတိရနေခဲ့တာပဲ။
မနှစ်ဒီဇင်ဘာကတည်းက သူ့ကိုမေ့ဖို့ အသည်းအသန် ကြိုးစားနေခဲ့တာတောင် ကိုကို သူ့ကို ဘယ်တုန်းကမှ မေ့မရခဲ့ဘူးပဲ။

ကျွန်တော့်ရဲ့အပြုအမူတစ်ချို့က သူ့ကိုပြန်သတိရစေတယ် လို့ ကိုကိုကိုယ်တိုင် ပြောခဲ့ဖူးတယ်။ တိုက်ဆိုင်မှုရှိတဲ့အခါ သတိရလိုက်လို့လည်း ဖြစ်ပါတယ်လို့ ကျွန်တော် ပြန်ပြောခဲ့ဖူးတယ်။

ကိုကို ကျွန်တော့်အပေါ် ဘာအမှားမှလုပ်မထားပါဘဲနဲ့ "တောင်းပန်ပါတယ်" လို့ ကျွန်တော်သိအောင်ရော မသိအောင်ပါ ပြောခဲ့ဖူးတယ်။ ကျွန်တော်ကတော့ အသိစိတ်ကရော မသိစိတ်ကပါ အပြစ်မရှိတဲ့ကိုကို့ကို ခွင့်လွှတ်ရင်း "မှားနေတာက တစ်ခြားတစ်ခုခုဖြစ်မှာပါ" လို့ ပြန်ပြောခဲ့ဖူးတယ်။

အဲ့ဒီအချိန်တွေမှာ ကျွန်တော့်ရဲ့စိတ်က တကယ်ပဲ စကားတွေအတိုင်း ဖြူစင်ရှင်းသန့်နေခဲ့တာလား...။ ကျွန်တော့် နှလုံးသားကရော လေသံအတိုင်း တည်ငြိမ်နေခဲ့တာလား။

"ငါကတကယ်ပဲ အဲ့လောက် သဘောထားကြီးတဲ့သူ ဟုတ်ရဲ့လား..."

ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ရင်း ခေါင်းယမ်းလိုက်မိလို့...။
laptop ကိုပိတ် မှောက်လျက်အိပ်နေမိရင်းပဲ တစ်နေ့တာဟာ ကုန်ဆုံးသွားခဲ့ပြန်ပေါ့။

အဲ့ဒီနေ့ရဲ့နောက်နေ့... နောက်ထပ် တစ်နေ့...
ပြီးတော့ နောက်တစ်နေ့...။

သုံးရက်စလုံး ကျွန်တော် အချိန်တော်တော်များများ အခန်းထဲမှာပဲ အောင်းနေခဲ့တယ်။ ကျွန်တော့် laptop device က files တွေကို အခါခါ ဖတ်နေသလောက် ကျွန်တော်မျက်လုံးအစုံနဲ့ ဦးနှောက်ကလည်း ဒီပုံရိပ်တွေကို အထပ်ထပ်အခါခါ ပြန်လေ့လာနေခဲ့မိတယ်။

အိမ်ကလူတွေကတော့ ကျွန်တော်တစ်ယောက် နေ့နေ့ညည အာရုံစူးစိုက်နေပုံကိုကြည့်ရင်း အသက် ၁၇နှစ်မတိုင်ခင်မှာ ဘယ်လိုထူးခြားပြောင်မြောက်တဲ့ တီထွင်မှုမျိုးကိုများ ထုတ်ပြလာနိုင်တော့မလဲလို့ လွှတ်ထားပြီး စောင့်ကြည့်နေကြပုံပါပဲ။

အရင်ရက်က နက်ပြောင်နေတဲ့ bussiness card ကို ကြည့်ရင်း စိတ်တွေယားလာတာကြောင့် ကျွန်တော်အာကာဝေယံ့ကို မက်ဆေ့ခ်ျပို့ထားခဲ့တယ်။

'ကျွန်တော် လင်းခန့်... တစ်ခြားအကြောင်းမရှိဘူး၊ သူများဆီက ဖုန်းနံပါတ်ရထားရင် ကိုယ့်ဖုန်းနံပါတ်ကို ပြန်ပေးရတာ ယဉ်ကျေးမှုပဲမို့လို့...' ဆိုပြီး...။

သုံးရက်မြောက်တစ်ညနေမှာတော့ ကျွန်တော်မှေးခနဲ အိပ်ပျော်နေတုန်း ဖုန်းထဲကိုဝင်လာတဲ့ မက်ဆေ့ခ်ျတစ်စောင်...။

'memory stick က အပိုင်ပေးတာမဟုတ်ဘူး ချာတိတ်... မင်းစဉ်းစားကြည့်လို့ မပြီးသေးဘူးလား... ဒီလောက်ဆို ငါနဲ့ခွန်းကြား ချည်ထားတဲ့ကြိုးက ဘယ်သူဝင်ဖြတ်ဖြတ် မပြတ်နိုင်ဘူးဆိုတာ သဘောပေါက်သင့်ပြီထင်တာပဲ၊ နားလည်ပြီဆိုရင်လည်း ငါပိုင်တဲ့အရာကို ငါ့ဆီပြန်ပေးတော့... memory stick ရော... ခွန်းရော...'

အာကာဝေယံ့ဆီက အဲ့ဒီမက်ဆေ့ခ်ျက ညနေ ၆ နာရီကျော်ကျော်လောက်က ပို့ထားတာ။ ကျွန်တော်နိုးလို့ ဖွင့်ကြည့်မိတော့ ည ၇နာရီခွဲ။

'ခင်ဗျားဘယ်မှာလဲ... memory stick ကို
အခု လာပေးမှာမို့ ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာ တွေ့ကြရအောင်... ခင်ဗျားကို မေးစရာနဲ့ပြောစရာလည်း ရှိတယ်'

စက္ကန့်အနည်းငယ်အကြာမှာ ပြန်ဝင်လာတဲ့ မက်ဆေ့ခ်ျအသစ်။

'ငါ အခု ဟိုတယ်ရောက်နေပြီ...
အပြင်ပြန်မထွက်ချင်တော့ဘူး၊ မင်း ငါရှိတဲ့ဆီ လာခဲ့...'

နောက်တစ်စောင်မှာတော့ သူရှိနေတဲ့ဟိုတယ်ရဲ့ လိပ်စာ။

"Soar SKY လို funding group ကြီးရဲ့ CEO က ညနက်ထိ စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေရမယ့်အစား
ည ၇ နာရီခွဲကတည်းက ဟိုတယ်မှာ ရောက်နေတယ်... ဒီလူ ကုမ္ပဏီကို ဘယ်လို ဦးစီးနေလဲဆိုတာကို တကယ် မေးခွန်းထုတ်ချင်တာပဲ..."

စားပွဲပေါ်ကပ်နေတဲ့ bussiness card က ကုမ္ပဏီနာမည်ကို မျက်စလှမ်းပစ်ရင်း ကောက်ချက်ချလိုက်တဲ့နောက် ကျွန်တော် စားပွဲကထပြီး နီညိုရောင် သားရေဂျာကင်လေးကို ထပ်ဝတ်လိုက်တယ်။

"သွားကြည့်ကြည့်တာပေါ့... ပါးစပ်ကသာ ကိုကို့နာမည်ကို ရွတ်ပြနေပေမယ့် နောက်ကွယ်မှာ တစ်ခြားတစ်ယောက်ကို ဟိုတယ်အခန်းထဲ ခေါ်ထားတာမျိုးလည်းဖြစ်နိုင်တာပဲ... မိလို့ကတော့ ဖုန်းနဲ့ ဓာတ်ပုံပါရိုက်ထားလိုက်တာပေါ့... အင်း..."

memory stick ထည့်ထားတဲ့ ဘူးလေးကိုကောက်၊ ဂျက်ကတ်အိတ်ထောင်ထဲထည့်၊ ဇစ်ပိတ်လိုက်ပြီး ကျွန်တော့်အကြည့်တွေ ရောက်သွားမိတာက ရက်အတော်ကြာတဲ့အထိ စားပွဲထောင့်လေးမှာ ခေါက်လျက်သားအတိုင်းရှိနေခဲ့ရတဲ့ မာဖလာနီလေးဆီ။

လှမ်းယူလို့ L.K ဆိုတဲ့ အဖြူရောင်စာလုံးလေးကို ပွတ်သပ်လိုက်ရင်း လည်ပင်းတစ်ပတ်ရစ်ခွေခွင့်ကို ပြုခဲ့တယ်။

"ဝန်မခံချင်ပေမယ့် ဒီညအတွက် ပြိုင်ဘက်ကိုသွားတွေ့ဖို့ရာ နွေးထွေးမှုတွေ လိုအပ်နေသလိုပဲ... မင်းပဲဖြစ်ဖြစ် ငါ့ကိုအားပေးမယ်မလား..."

ဝင်သက်ထွက်သက်တွေနဲ့ စကားပြောပြီး ခွန်အားတွေတောင်းခံရင်း...။

* *

ကျွန်တော့်ဆိုင်ကယ်လေး အာကာဝေယံရှိနေတဲ့ဟိုတယ်ရှေ့ကို ထိုးဆိုက်လာခဲ့တော့ ဆိုင်ကယ်မောင်းလာခဲ့လို့လားမသိ ညအပူချိန် သိသိသာသာကျလာတာကို ခံစားမိတယ်။ မာဖလာနီလေးကို မေးဖျားထိပတ်မိအောင် ပြင်ပတ်လိုက်ရင်းပဲ ဟိုတယ်ထဲကို ဝင်လာခဲ့မိပါရဲ့။

မက်ဆေ့ခ်ျမှာပါတဲ့ အခန်းနံပတ်ရှေ့ကို ရပ်လိုက်တဲ့နောက် အသက်ရှူထုတ်ရင်း တံခါးကို သုံးချက်တိတိခေါက်လိုက်တယ်။ လေးငါးစက္ကန့်ကြာတဲ့အထိ တုံ့ပြန်မှုမရသေးတာမို့ နောက်ထပ် သုံးချက်...။

"ဘာလဲ... ငါလည်းအခန်းမမှားပါဘူး...
လာမယ်ပြောထားပြီးသားသူကို စောင့်မနေတောင် တံခါးတော့ မြန်မြန်ဖွင့်ပေးသင့်တယ်၊ အချိုးမပြေချက်ပဲ..."

သုံးချက်ထပ်ခေါက်လို့မှ တံခါးမဖွင့်ရင် ဖုန်းခေါ်လိုက်တော့မယ်ဆိုတဲ့အတွေးနဲ့ တံခါးပေါ်ကို လက်ဆစ်တွေ ရိုက်လိုက်ပြန်တယ်။

သုံးချက်မြောက်အဆုံးမှာပဲ အသာပွင့်လာခဲ့တဲ့ အခန်းတံခါး...။ တံခါးချပ်နောက်က ပေါ်လာတဲ့အရိပ်သဏ္ဌာန်ကို မြင်လိုက်မိတဲ့ ခဏမှာတော့ ကျွန်တော် ပြင်ဆင်လာသမျှ စကားလုံးတွေရော၊ သတ္တိခွန်အားနဲ့ မခံချင်စိတ်တွေရောဟာ မြောက်လေအသယ်ခံရတဲ့မြူတွေလို လွင့်ပါသွားကြတော့တာပါပဲ။

"ကိုကို..."

ဟုတ်တယ်...။ မယုံချင်ပေမယ့် ကျွန်တော်မျက်စိရှေ့မှာ ရပ်နေတဲ့ ဟိုတယ်အခန်းတံခါးဖွင့်ပေးလာသူဟာ ကိုကိုပါပဲ။

အခန်းထဲက အလင်းရောင်ဟာ အပြင်ကမီးပန်းဝိုင်းတွေထက် အဝါရောင်သမ်းပြီး မှိန်ဖျော့နေတယ်။ ဒါပေမယ့် ကိုကို့ဝတ်ထားတဲ့ ရှပ်အဖြူရောင်က ဖွေးသန့်နေဆဲ။ အဲ့ဒီရှပ်အဖြူလေးကို လေ့လာကြည့်လိုက်တော့ တွန့်ကြေနေတဲ့ အင်္ကျီလက်တွေနဲ့ တပ်မထားတဲ့ အထက်ကြယ်သီးနှစ်လုံး...။ ပြီးတော့ မသပ်မရပ်ဖြစ်နေတဲ့ ကော်လံစတွေရဲ့အထက်က လည်ပင်းပေါ်မှာတော့ နီမြန်းနေတဲ့ ကိုက်ရာတစ်ခုက အသားဖြူဖြူမှာ တံဆိပ်ရိုက်ထားသလို...။

ကျယ်သထက်ကျယ်သွားတဲ့ ကျွန်တော့်မျက်ဝန်းအိမ်တွေကြောင့်
ကိုကိုဟာ သူ့အင်္ကျီကော်လံစကို အမြန်ဆွဲလို့ ကိုက်ရာကိုဖုံးလိုက်ရင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့အကြည့်နဲ့ ကျွန်တော့်ကို ကြည့်တယ်။

ကျွန်တော်ကတော့ ကိုကို့ကိုလွန်ပြီး အခန်းတွင်းကို ဆက်ကြည့်နေမိတယ်။ ၄၅ ဒီဂရီလောက်မှာ တန်းမြင်နေရတဲ့ ကုတင်ပေါ်က လူတစ်ယောက်ဆီ။

အပေါ်ပိုင်းဗလာဖြစ်နေလျက်နဲ့ အောက်ပိုင်းကိုစောင်ခြုံထားတဲ့ အာကာဝေယံဟာ ခပ်မြင့်မြင့်ခေါင်းအုံးကိုမှီရင်း မျက်ခုံးပင့်ပြနေရဲ့။

ကျွန်တော်ကြားရတယ်။ "ဘယ်လိုလဲ ချာတိတ်..." လို့ ရယ်ချင်သံတစ်ဝက်နဲ့မေးနေတဲ့ သူ့အသံကို သူ့နှုတ်ခမ်းပေါ်မှာ တစ်ဖြည်းဖြည်းထင်လာတဲ့ လုပ်ပြုံးကနေတစ်ဆင့် ကြားနေရတယ်။

တစ်ဖြည်းဖြည်း ထောင့်ချိုးကျလာတဲ့ ကျွန်တော့်မျက်ခုံးတွေကို အကဲခတ်မိတဲ့ တစ်စုံတစ်ယောက်ဟာ ကျွန်တော်လက်မောင်းကို လှမ်းကိုင်လိုက်ရင်း...။

"ခန့်ငယ်... မင်းထင်သလို မဟုတ်ဘူး..."

"ဒီတစ်ခါလည်း ကိုကို့သဘောမပါဘဲ သူဆွဲခေါ်သွားတာ ခံလိုက်ရတာပဲလား ကိုကို... တကယ် အဲ့လိုပဲလား..."

အကြည့်တွေဟာ ကုတင်ပေါ်ကလူဆီကနေ မျက်စိရှေ့က ကိုကို့မျက်နှာဆီ ပြန်ရောက်သွားကြလို့...။

"သူ့ဟိုတယ်အခန်းတံခါးလာခေါက်တဲ့ တစ်ယောက်ယောက်ကို သူ့အစားတံခါးလာဖွင့်ပေးနိုင်တဲ့ အခြေအနေဆိုရင်တော့ အဲ့ဒီဆင်ခြေက အဓိပ္ပါယ်မရှိဘူးထင်တာပဲ..."

"မင်း အထင်လွဲနေပြီ၊ ငါရှင်းပြမယ်..."

"ဒီပုံစံနဲ့လား..."

"..."

"ကိုကို့ရဲ့ ဒီပုံစံကိုမြင်ရတိုင်း ကျွန်တော် အဲ့ဒီလူကိုပဲ ဒေါသထွက်ပြီး စိတ်ပျက်ခဲ့တယ်၊ အခုတော့... ကျွန်တော် ဘယ်သူ့ကို စိတ်ပျက်ရမလဲ တကယ်မသိတော့ဘူး..."

ကိုကို့ရဲ့ မျက်မှန်ပါးလေးဟာ စင်းဖြောင့်တဲ့နှာရိုးပေါ်ကနေ လျှောကျနေတယ်။ မသိလိုက်မသိဘာသာနဲ့ မျက်မှန်ကိုင်းကလေးကို ပင့်တင်ပေးလိုက်မိတဲ့ ကျွန်တော့်လက်ချောင်းတွေ တုန်နေသလားဆိုတာ ကိုကိုပဲ ခံစားမိလိမ့်မယ်။

"ကိုကို... ကျွန်တော့်ကို နှင်ထုတ်ဖို့ အကြောင်းပြချက်ရှာရတာ အတော်ခက်ခဲခဲ့မှာပဲ... သူ့ကြောင့်ပါလို့ တိုက်ရိုက်ပြောလိုက်ရင်ရပြီကို ဆင်ခြေတွေအများကြီး ရှာကြံပေးခဲ့သေးတယ်နော်...
ဘာကြောင့်လဲ... ဘာလို့များလဲဟင်..."

"ခန့်ငယ်..."

"ကျွန်တော် မေ့နေခဲ့တာ...
ခင်ဗျားက တကယ်နှလုံးသားမရှိတာလည်းဖြစ်နိုင်တာပဲ ဆိုတဲ့အချက်ကို ထည့်စဉ်းစားဖို့ မေ့နေခဲ့တယ်"

ပြောရင်းပဲ ကျွန်တော့်လက်က လက်မောင်းပေါ်ရောက်နေတဲ့ ကိုကို့လက်ချောင်းတွေကို ခွာချနေမိတယ်။ စကားတစ်စွန်းတစ်စမှ သယ်စရာမရှိတဲ့နောက် ကြားခံနယ်ဟာ ဇစ်ဆွဲဖွင့်သံကိုပဲ ခပ်သဲ့သဲ့ဖြန့်ကျက်လိုက်ရဲ့။

"ကိုကိုသိပ်ချစ်တဲ့ အဲ့ဒီလူကို ပေးလိုက်ပါ...
ကျေးဇူးတင်ပါတယ်လို့တော့ မပြောတော့ဘူး ဆိုတာလည်း ပြောပေး..."

"..."

ကျွန်တော်ထုတ်ပေးလာတဲ့ memory stick ဘူးကလေးကို လှမ်းယူရင်း ကိုကို့မျက်လုံးတွေက စကားလုံးမဲ့စွာ ကျွန်တော့်ကို ကြည့်နေကြတယ်။

"ကိုကို့ကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်...
အရင်ကအတွက်ရော... အခုအတွက်ရော..."

နှုတ်ခမ်းဝက အလိုလိုပွင့်ကျလာတဲ့စကားတွေကို ပြောအပြီးမှာတော့ ကျွန်တော် လှည့်ထွက်လာခဲ့တယ်။ ပိုတိတိကျကျပြောရရင် ထွက်ပြေးလာခဲ့တယ်။

နောက်ဆုံးတော့ ကျွန်တော်က သတ္တိမရှိတဲ့ ကလေးသာသာကောင်လေးပါပဲ။

အစကအဆုံး ကိုယ့်ကိုကိုယ်လှည့်စားနေရင်း...
ယုံကြည်ချက်တွေကို ကြိုးနဲ့သီရင်း... မရနိုင်တဲ့အရာကို မရသေးတာပဲရှိတာပါရယ်လို့ ငြင်းဆန်ရင်း... ထုထွင်းပြီး ဖောက်ဝင်လို့မရတဲ့ ရေခဲတံခါးတစ်ချပ်ရှေ့မှာ လှည့်မပြန်စတမ်းရပ်ပြီး ပလတ်စတစ်ဓားလေးတစ်ချောင်းကို တင်းတင်းကိုင်လို့ ကြိုးစားပြီးရင်း ထပ်ကြိုးစားရင်း...။

အခုတော့လည်း ထွက်ပြေးခဲ့ရပြန်ပြီ။
ကိုကို့ရှေ့ကနေ... အဲ့ဒီလူရှေ့ကနေ...
ကိုကိုနဲ့ အဲ့ဒီလူရှေ့ကနေ... ထွက်ပြေးခဲ့ရပြီ။

နေပါအုံး...။
ကျွန်တော်ဘာလို့ ကိုကို့ကို အပြစ်တင်စကားတွေ ပြောခဲ့မိသေးတာလဲ။ ကိုကို့ကို စိတ်ပျက်ဒေါသထွက်တယ်လို့ ပြောရအောင် ကျွန်တော့်မှာ စိတ်ပျက်ပိုင်ခွင့်ရော ရှိလို့လား...။

အလုခံလိုက်ရသလိုပဲလို့ ပြောရအောင်ကလည်း ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့တဲ့အရာမို့ စကားလုံးတွေ ကိုယ့်စိတ်ကြိုက် ယူသုံးပိုင်ခွင့်ရဖို့တောင် ခက်ခဲတဲ့အခြေအနေ။

ကြည့်ရတာ...။ ကျွန်တော်ပဲ မှားနေခဲ့တာ ဖြစ်လိမ့်မယ်။
မှားနေခဲ့လျက်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်လွန်ကဲပြီး လက်မခံနိုင်တာဖြစ်လိမ့်မယ်။ တကယ်ကို ခင်ဗျားပြောသလိုပါပဲကိုကို...။ ကိုယ့်ကိုကိုယ်ယုံကြည်ချက်လွန်ကဲတာက တော်တော်ကို မကောင်းတဲ့အကျင့်နေမယ်။

ခင်ဗျား အမြဲတမ်း မှန်ခဲ့တယ် ကိုကို...။
ကျွန်တော်က အရူးလေးတစ်ယောက်ပါ။
အရူးဖြစ်နေပြီဆိုတာ ကိုယ့်ကိုကိုယ်သိရက်နဲ့ ဆက်ရူးနေဖို့ရွေးချယ်ခဲ့တဲ့ အရူးတကာ့အရူးဆုံး အရူးလေးပါပဲ။

"ခန့်ငယ်... ခဏလေး... ငါရှင်းပြတာ နားထောင်အုံး..."

လှေကားထစ်တွေပေါ်က ဆင်းပြေးလာရာက အရှိန်သပ်ရင်း အတွေးနဲ့အတူ လေးလေးလာတဲ့ခြေလှမ်းတွေနဲ့ ဟိုတယ်အထွက်တံခါးဆီ လျှောက်သွားနေတုန်းမှာ နောက်ကျောဘက်ကလွင့်လာခဲ့တဲ့ ကိုကို့အသံ။

ကျွန်တော်ကတော့ ပြန်လှည့်ကြည့်ဖို့၊ ရပ်နေဖို့ထက်
ထွက်ပြေးဖို့ကို ဆက်ရွေးချယ်ခဲ့တယ်။

"ခန့်ငယ် !"

"..."

"ခန့်ငယ်... ခဏရပ်အုံး"

"..."

"ခန့်ငယ် !"

ဟိုတယ်ထဲကထွက်လို့ မာကျူရီမီးတိုင်တွေ စီရရီလင်းနေတဲ့ လူသွားလမ်းတစ်လျှောက် ဆက်ပြေးနေမိတဲ့အထိ ကိုကို့အသံဟာ ကျွန်တော့်နောက်က အတူတူပါလာနေတုန်းပဲ။

ဘာလို့ ကျွန်တော့်ကို အဲ့လိုခေါ်နေသေးတာလဲ ကိုကို...။
ခင်ဗျား အဲ့လိုခေါ်လိုက်ရင် ကျွန်တော်က အရူးလေးလို ပြန်လှည့်လာလိမ့်မယ်ထင်လို့လား...။

"ခန့်ငယ်..."

တော်ပါတော့...။ ကျေးဇူးပြုပြီး အဲ့ဒီနာမည်ကို ခေါ်နေတာ ရပ်လိုက်ပါတော့...။

တင်းတင်းကိုက်ထားမိတဲ့နှုတ်ခမ်းကိုလွှတ်ချ၊ အေးစိမ့်စိမ့်လေးတစ်သုတ် ရှိုက်သွင်းရင်း ကျွန်တော်ပြေးနိုင်တာထက် ပိုပြီးခပ်မြန်မြန်ပြေးခဲ့တယ်။ အဲ့ဒီခေါ်သံနဲ့ ဝေးတဲ့ဆီအထိ၊ အဲ့ဒီအသံကို လုံးဝမကြားရတော့လောက်တဲ့အထိ ပြေးသွားနိုင်ဖို့ ခြေလှမ်းတွေကို အရှိန်တင်ပြီးရင်း တင်ရင်း...။ ဆက်ကြားနေရလေ ဆက်ပြေးနေမိလေ...။

တစ်ဖြည်းဖြည်း ပြေလျော့လာတဲ့ မာဖလာအနီလေးရဲ့ အစွန်းတစ်ဖက်ဟာ လေထဲလွင့်လို့။

ဆိုင်ခန်းတွေ၊ အဆောက်အဦးတွေကိုဖြတ်ပြီး လူသွားလမ်းတစ်လျှောက် လမ်းတစ်ဖြောင့်အတိုင်း ဆက်တိုက်ပြေးလာရင်း လမ်းသွယ်တစ်ခုကို ဖြတ်အကူးမှာတော့ မျက်လုံးထဲ အပြည့်တိုးဝင်လာတဲ့ ကားရှေ့မီးအလင်းတစ်ခုက ကျွန်တော့်အမြင်အာရုံကို ပိတ်ကာပစ်လိုက်တယ်။

အလင်းတန်းတွေကလွဲရင် ဘာမှမမြင်ရတော့ဘဲ...
ဦးနှောက်ရော ခန္ဓာကိုယ်ကပါ လှုပ်ဆောင်မှုခဏရပ်တန့်သွားတဲ့နောက် လမ်းထောင့်မှာ ကျွန်တော်တစ်ယောက်တည်းရပ်လို့ နီးကပ်လာတဲ့
ကုန်တင်ကားကိုသာ ငေးစိုက်ကြည့်နေမိခဲ့ရင်း...။

အတွေးမှန်သမျှ ဗလာကျင်းဖြစ်သွားတဲ့ အရူးတစ်ယောက်လို မှင်သက်စွာ စောင့်နေမိခဲ့ရင်း...။

"ခန့်ငယ်!"

"တီတီ..."

"ခန့်ငယ်!! သတိထား!!!"

အာ...။ တကယ်ပါပဲ...။
အဲ့ဒီအသံဆီက ဝေးသင့်သလောက်ဝေးလာခဲ့ပြီ ထင်နေခဲ့တာကို...။

နောက်ဆုံးတော့လည်း ကျွန်တော်ဘယ်လိုပြေးပြေး ကိုကို့ဆီက မလွတ်မြောက်နိုင်ဘူးပဲ။

အဲ့ဒါကိုရော... ရက်စက်တယ် လို့ပြောပိုင်ခွင့်ရှိလား...။

_____________________________________
To be continued...

💖💖💖

*A/N မှုခင်းဇာတ်လမ်းတွေမှာဆို Hero တစ်နေရာရထားပြီး GSD ၊ အယ်ဇေးရှင်းလို့အသိများတဲ့ German Shepherd။ ခွန်းရေချိုးပေးနေတဲ့ အာကာဝေယံရဲ့ခွေးလေးက ဒီအမျိုးအစားပါ။

💬 ကျွန်တော်တစ်ချက်လောက် အကြံယူချင်လို့။
Fic ရေးတဲ့ထဲမှာ exclamation mark (!!) တွေကို ထည့်သုံးတာ အဆင်ပြေလားဗျ။ အော်ခေါ်မှန်း၊ အော်ပြောမှန်းသိသာအောင် ထည့်ကြတာတွေရှိပေမယ့် တကယ့်မြန်မာစာအရေးအသားမှာတော့ သုံးလေ့မရှိလို့ပါ။
မထည့်လည်း ဖြစ်နေတဲ့အခြေအနေ၊ လေသံပုံစံ၊ tempo ကို ကြားယောင်မြင်ယောင်နိုင်တယ်၊ ကြားသာမြင်သာတယ်ဆိုရင် ဖြုတ်ချင်လို့ပါ။

Novella ✒️

Continue Reading

You'll Also Like

437K 6.1K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
9.4K 804 16
Love,Funny but not rated... story of a dracula prince Kris and his lover Channie
1.3M 116K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.1M 60.4K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...