Heartless December❄️ ZG versi...

By Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ

10 1 0
By Novella_1001

❄️❄️❄️

"လင်းခန့်... နင်ကလည်း ကြာလိုက်တာဟာ...
အသွားတုန်းကဖြင့် ဆင်ခြေလျှော၊ အပြန်ကျမှ
တောင်စဉ်ခုနစ်ထပ် ပတ်ပြီးတက်လာရတာလား..."

စက်ဘီးကို အိမ်ရှေ့မှာ ဖြစ်ကတက်ဆန်းရပ်ထားခဲ့ပြီး ကျောပိုးအိတ်ကိုင်းကို လက်တစ်ဖက်နဲ့ ခပ်တင်းတင်းဆုပ်ကိုင်လို့ ကျွန်တော်အိမ်ထဲဝင်လာခဲ့တော့ မီးပူတိုက်လာပုံရတဲ့ လျှော်ပြီးခေါက်ပြီးသားသူ့အင်္ကျီတွေကို လက်ထဲပိုက်ရင်း သူနဲ့အငယ်မတူတူအိပ်တဲ့ အခန်းတံခါးကို ဆွဲဖွင့်နေရာက လှမ်းအော်တဲ့ အစ်မတော်ရဲ့အသံက နားထဲဆက်တိုက် လှိမ့်ဝင်လာတယ်။

ဝင်ဝင်ချင်းမှာလှမ်းမြင်ရတဲ့ ဧည့်ခန်းထဲက မတ်တပ်နာရီကြီးမှာ နာရီလက်တံနဲ့မိနစ်လက်တံ ညွှန်ပြနေတာက ငါးနာရီစွန်းစွန်း။

"မေမေက ကိုယ့်ပစ္စည်းကိုယ်သိမ်းစရာရှိတာသိမ်းထား၊ မနက်ဖြန်မနက်စောစောပြန်မယ်တဲ့... သွား... နင့်အခန်းသွားရှင်းချည်အုံး၊ အဲ... နေပါအုံး... ကြီးကြီးက နင်အပြင်ထွက်လို့ ပန်းမှာလိုက်တာမဟုတ်ဘူးလား၊ ဘယ်မလဲပန်း..."

ကျွန်တော်ကတော့ သူ့အမေးမှန်သမျှကို တစ်ခုမှမတုံ့ပြန်မိဘဲ ကိုယ့်အတွေးကိုယ်မေးဖို့ရာအတွက်ပဲ ပါးစပ်ဟလိုက်မိတယ်။

"မမ..."

"ဟင်..."

"မမက မမရည်းစားကို အဆက်ဖြတ်ပစ်လိုက်ပြီး သူ့ကို လုံးဝမေ့ပစ်ဖို့လုပ်နေရာက ၉လ လောက်အကြာမှာ ရုတ်တရက် သူခေါ်တဲ့နေရာကို အသာတကြည် လိုက်လာဖြစ်တယ်၊ သူပေးတဲ့ပန်းကို ပြန်လက်ခံဖြစ်သွားတယ် ဆိုရင်... အဲ့ဒါမျိုးကို ဘယ်လိုခေါ်လဲ..."

"နင်ကလည်း ဥပမာပြစရာက ငါနဲ့ငါ့ရည်းစားပဲ
ရှိတာလားဟယ်... ပါးစပ်ပုပ်ချက်ပဲ"

"မေးနေတာ အရင်ဖြေပေးပါလား..."

အသံငြိမ်ငြိမ်နဲ့ဖိပြောလိုက်ကာမှ ဖွင့်လက်စ ဟစိစိတံခါးကို ပြန်ပိတ်ထားလိုက်ပြီး ခံတွင်းရှင်းချောင်းဟန့်လို့ သူ့အမြင်ကို ပြောပြလာရဲ့။

"ငါကြားဖူးတာတော့ ချစ်သူနဲ့ လမ်းခွဲပြီးတဲ့နောက် ကာလအပိုင်းအခြားတစ်ခုရောက်တဲ့အခါ ရုတ်တရက်ကြီးဆိုသလို "ဖြစ်ခဲ့တာတွေ အကုန်မေ့ပစ်လိုက်ပြီး ဒီအတိုင်းသူ့ဆီကို ပြန်သွားချင်လိုက်တာ" ဆိုတဲ့အတွေးတွေ ပြင်းပြင်းပျပျ ပေါ်လာတတ်တယ်တဲ့... အချိန်တန်လို့ စိတ်ပြန်လည်တာ ခေါ်မှာပေါ့..."

"အချိန်တန်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ..."

"အင်း... ဘယ်နှယ့်ပြောရမလဲ...
ထားပါတော့... နင်ဆို ဘူးသီးဟင်းချိုကြိုက်တယ်မလား...
အရမ်းကြိုက်လို့ ပူပူလောင်လောင်နဲ့ဆိုရင်တောင် အားရပါးရ ခပ်သောက်ချင်တာလေ... တစ်နေ့ကျ အဲ့လိုခပ်သောက်ရင်း နင်လျှာကျက်သွားတယ်၊ လျှာကျက်သွားတာခံရခက်တာမို့ နင်က ဘူးသီးဟင်းချိုကို မသောက်တော့ဘူးဆိုပြီး ရှောင်လိုက်တယ်...
ဒါပေမယ့် ကိုယ်အကြိုက်ဆုံးဟင်းချိုကို ဘယ်အချိန်ထိ နင်မုန်းချင်ယောင်ဆောင်နိုင်မှာလဲ... လျှာကျက်တာ သက်သာသွားရင် ဘာရယ်ညာရယ်အကုန်မေ့ပြီး ဘူးသီးဟင်းချို သောက်ချင်စိတ်ထပ်ဖြစ်လာအုံးမှာပဲ... အချိန်တစ်ခုပဲလိုတယ်"

"ရည်းစားဟောင်းက ဘူသီးဟင်းချိုမှမဟုတ်တာ..."

တစ်ကိုယ်ကြားရေရွတ်လိုက်တဲ့စကားကို နားပါးတဲ့အစ်မက ကြားဖြစ်အောင်ကြားသွားလိုက်သေး။

"ဘာလဲ... ရည်းစားဟောင်းနဲ့ သံယောဇဉ်အမျှင်တန်းနေတဲ့ နင့်ရဲ့ crush က နောက်ဆုံး သူ့လူဆီပြန်ရောက်သွားလို့လား..."

"..."

"ဒါကြောင့် အစကတည်းက ငါမပြောဘူးလား... နင်ကြိုက်တဲ့သူက ရည်းစားဟောင်းနဲ့ ဇာတ်လမ်းမပြတ်သေးတဲ့သူဆိုရင် ကြိုလက်လျှော့ထားတာ ကောင်းတယ်လို့... လူတွေရဲ့စိတ်က ရေးတော့သာတစ်လုံးတည်း၊ တကယ်တမ်း ချဖြန့်ပြီးကြည့်ရင် ကမ္ဘာ့မြေပုံပေါ်မှာ မျဉ်းကွေးဘယ်နှစ်ကွေးရှိလဲရှာသလို ဟိုစမ်းစမ်းဒီစမ်းစမ်း ဘာမှန်းမသိ ဖြစ်နေရော..."

"ဒါပေမယ့် သေချာပေါက် နောက်ဆုံးတစ်ခေါက်တွေ့တုန်းကတောင် လက်သီးနဲ့ထိုးလိုက်၊ စကားစစ်ထိုးလိုက်နဲ့ အဆင်မပြေဆဲ အဆင်မပြေမြဲဖြစ်နေခဲ့ကြတာကို ဘယ်လိုလုပ်ပြီး ကောက်ခါငင်ခါ အဆင်ပြေသွားနိုင်မှာလဲ..."

"နင်မကြားဖူးဘူးလား... အချစ်ဆိုတာ စစ်ပဲ တဲ့...
ငါ့ဆရာတစ်ယောက်က ပြောဖူးတယ်၊ ချစ်မိပြီဆိုကတည်းက တစ်ခုမဟုတ်တစ်ခုနဲ့ တိုက်ခိုက်ထိုးနှက်နေရတော့တာပဲ... အချင်းချင်းစစ်ဖြစ်လိုက်၊ ပတ်ဝန်းကျင်နဲ့စစ်ဖြစ်လိုက်၊ ကိုယ်တစ်ယောက်တည်း အတွင်းထဲမှာ စစ်ဖြစ်လိုက်... အဲ... လူတွေကလည်း အဲ့လိုစစ်ဖြစ်နေရတဲ့ ခံစားချက်ကိုမှ သဘောတကျနဲ့လက်ခံပြီး "ငါချစ်နေပါတယ်၊ အချစ်ရဲ့အရသာကို ခံစားနေပါတယ်" လို့ဂုဏ်ယူပြီး ပြောချင်ကြတာတဲ့လေ... နင်ပြောတဲ့ စစ်ထိုးနေကြတယ် ဆိုတာကလည်း အချစ်အပေါ်မူတည်ပြီး ဖြစ်ကြတာနေမှာပေါ့..."

"နားမလည်တော့ဘူး..."

"အဲ့ဒါကြောင့် နင်ငယ်သေးတယ်လို့ ပြောတာပေါ့..."

"ငယ်သေးတယ်...
ငယ်သေးတာက အမြဲတမ်း အားနည်းချက်ပဲလားဗျာ..."

စိတ်ပျက်စွာရေရွတ်ရင်းနဲ့ပဲ အပေါ်ထပ်ကိုတက်လာခဲ့တယ်။
ခြေသံနဲ့အတူ သက်ပြင်းချသံတွေကို လှေကားထစ်ပေါ် ဖရိုဖရဲ ဖြန့်ချခဲ့ရင်း...။

* *

ကုတင်ခေါင်းရင်းမှာရှိနေတဲ့ နာရီသံတစ်ချက်ချက်က ကျွန်တော့်မျက်လုံးတွေကို ညသန်းခေါင်ကျော်ထိ ဖွင့်လျက်ဖြစ်နေအောင် နှိုးဆော်ထားခဲ့တယ်။

မျက်လုံးမှိတ်လိုက်တိုင်း ညနေကမြင်ခဲ့တဲ့ မြင်ကွင်းက အတွေးထဲမှာ အပြန်ပြန်လာနေတဲ့ ဖလင်ချပ်တစ်ခုလို ထင်ဟပ်နေရင်း...။

ကျွန်တော် ကိုကို့ကို ယုံပါတယ်။
ကိုကိုလုပ်သမျှကိစ္စမှာ အကြောင်းအရင်းတွေရှိမယ် ဆိုတာကို ကျွန်တော်သိတယ်။ ပြီးတော့ ကိုကို့ဘာသာ ဘာပဲလုပ်လုပ် လိုက်ဝေဖန်ပိုင်ခွင့်၊ မှားတယ်မှန်တယ် လိုက်ဆုံးဖြတ်ပိုင်ခွင့် ကျွန်တော့်မှာမရှိဘူးဆိုတာလည်းပဲ သိတယ်။

"ကိုကိုက ကျွန်တော့်အပိုင်" လို့ ဇာတ်ညွှန်းစာသားအရွတ်ကောင်းတဲ့ သရုပ်ဆောင်လို ဌာန်းကရိုဏ်းကျကျ ပြောနေခဲ့ပေမယ့် ကိုကို့ကို ကျွန်တော် တကယ်မပိုင်မှန်းကိုလည်း သိတယ်။

ဒီအတိုင်း... ကိုကို့ရဲ့ လက်ရှိချစ်သူနေရာမှာ အငှား မဟုတ်ဘဲ အပိုင် ဝင်ထိုင်နိုင်ဖို့ကို တစ်ချိန်လုံးလောဘတက်နေခဲ့တာမို့ ကျွန်တော်က ဇာတ်လိုက်ရောဂါဝင်သွားတဲ့သဘောပါပဲ။ ဇာတ်လိုက်နေရာကနေရင်း ဇာတ်လိုက်ရဲ့ခံစားချက်တွေကို ရင်ထဲထည့်ရင်း တစ်ခါတစ်ခါ ကိုယ်က တကယ်တမ်းမှာ ဇာတ်လိုက်မဟုတ်တဲ့သူပဲ ဆိုတာကို မေ့သွားတတ်တယ်။

အခြေအနေမှန်ကို ပြန်သတိရသွားတော့... နာကျင်ရတယ်။

အမှန်ဆို... ကျွန်တော်က သဝန်တိုဖို့ရော အခွင့်ရှိလို့လား...။
ကိုကို့ဟာကိုကို ရည်းစားဟောင်းနဲ့အတူ တစ်နေရာထွက်လာပြီး ရည်းစားဟောင်းပေးတဲ့ပန်းစည်းကို ယူရင်တောင် ကျွန်တော်က ဒီအတိုင်းရပ်ကြည့်နေရုံကလွဲ ဘာတတ်နိုင်မှာလဲ။ ဒီအတိုင်း ကိုကိုဘယ်လိုဆက်လုပ်မလဲကြည့်ဖို့ စောင့်နေရုံကလွဲပြီး ဘာလုပ်စရာရှိမှာလဲ။

ကျွန်တော်ကိုက ကိုကို့ကိုချစ်တာမို့ ကိုကို့ကိုချစ်ရင်း ဖြစ်လာရတဲ့ဒီနာကျင်မှုကို လက်ခံပြီးပွေ့ဖက်ထားရုံကလွဲ ဘာရွေးချယ်စရာရှိမှာလဲ။

"ချစ်မိပြီဆိုကတည်းက တစ်ခုမဟုတ်တစ်ခုနဲ့ တိုက်ခိုက်ထိုးနှက်နေရတော့တာပဲ... အချင်းချင်းစစ်ဖြစ်လိုက်၊ ပတ်ဝန်းကျင်နဲ့စစ်ဖြစ်လိုက်၊ ကိုယ်တစ်ယောက်တည်း အတွင်းထဲမှာ စစ်ဖြစ်လိုက်..."

အင်း...။
အဲ့ဒီစကားကို ထောက်ခံမဲထည့်လိုက်ရမယ်ဆို...
ကျွန်တော် ဖြစ်နေပုံက ကိုယ်တစ်ယောက်တည်း အတွင်းထဲမှာ စစ်ဖြစ်နေတာနဲ့ တူမနေဘူးလား။

အိပ်ရာကထလာခဲ့ပြီး လေသာဆောင်တံခါးကိုဖွင့်လို့ ညလေအေးထဲ အတွေးတွေကိုလွှတ်ထားခဲ့မိရဲ့။

အနောက်ကနေ လှမ်းပုတ်လိုက်တဲ့ တစ်ယောက်ယောက်ရဲ့လက်ကို မခံစားမိလိုက်ခင်ထိ...။

"လင်းခန့်... နင်ခုထိမအိပ်သေးဘူးလား... သန်းခေါင်သန်းနွဲကြီး ဒီမှာဘာထွက်လုပ်နေတာလဲ၊ လေအေးကအေးနဲ့..."

"မမကရော..."

"ငါက တစ်ရေးနိုးလို့ ရေထသောက်တာ..."

"အဲ့ဒါဆိုလည်း ပြန်အိပ်ချည်... ကျွန်တော်က အိပ်မပျော်လို့..."

"အချစ်နာကျရင်ကျတယ်ပေါ့၊ အိပ်မပျော်ဘူးလေး ဘာလေးနဲ့..."

ဆံပင်တွေကို ခေါင်းစည်းကြိုးနဲ့ချည်ရင်း အနားလျှောက်လာတဲ့ အစ်မတော်က အတတ်ပတပ်ဟောလာတာမို့ ကိုယ့်ဟာကိုယ်ပဲ ရယ်ရတော့မလို...။

"စဉ်းစားကြည့်တော့ဗျာ...
တစ်ယောက်ယောက်ကို ချစ်မိသွားတယ်ဆိုကတည်းက ဘရိတ်မပါတဲ့စက်ဘီးကို တက်စီးလိုက်မိသလိုပဲ.. ထိန်းချုပ်နိုင်စွမ်းက ကိုယ့်လက်ထဲမှာ မရှိတော့ဘူး၊ အရှိန်များများနဲ့ နင်းမသွားနိုင်ရင်လည်း သူများထက် နောက်ကျကျန်ခဲ့မယ်၊ အရှိန်များလွန်းပြန်ရင်လည်း ဘရိတ်မပါလို့ထိန်းမရတော့ မှောက်ပြီး သူများထက် နောက်ကျခဲ့အုံးမှာပဲ"

"မှောက်တော့ နင်ကပြန်မထတော့ဘူးလား၊ ပြန်ကျော်နိုင်မယ့် ယုံကြည်ချက်မရှိဘူးလား..."

"ယုံကြည်ချက်က တစ်လှေကြီးရှိတာပေါ့ဗျ၊
ကိုယ်က ဒီပြိုင်ပွဲကို သေမလိုနိုင်ချင်နေပေမယ့် ဆုဖလားက ကိုယ့်လက်ထဲ လာချင်စိတ်ရှိအုံးမှလေ..."

"ဆိုလိုချင်တာက... နင်မှန်းနေတဲ့ အဲ့ဒီဆုဖလားက အခုလောလောဆယ် တစ်ခြားသူလက်တစ်ကမ်းရောက်နေလို့ ရတက်မအေးဖြစ်နေရတယ်ပေါ့"

ငြိမ်ဆိတ်မှုနဲ့ အဖြေပေးလိုက်ရင်း လေသယ်ရာအတိုင်း ခြံထဲက ထင်းရှူးရွက်မျှင်မျှင်တွေ ထိပွတ်နေကြသံကို နားစွင့်နေလိုက်မိတယ်။

"လက်စသပ်တော့ နင့်ဆရာက နင့်ကို သင်မပေးချင်တဲ့ဘာသာရပ်ရှိနေသေးတာပဲ..."

"ဟမ်..."

"အချစ်ဘာသာရပ်လေ..."

"ဟာ..."

"ဟမ်တွေ ဟာတွေ လုပ်မနေနဲ့...
နင်တစ်ဖက်စောင်းကြွေနေတဲ့တစ်ယောက်က နင့်ရဲ့ သုံးလမ်းကျော်ကဂိုက်ဆရာမလား..."

အတတ်ပတပ်ဟောနေတဲ့တစ်ယောက်ဟာ တကယ်ပဲ နတ်ဝင်နေသလားမသိ ဒက်ခနဲပြောချလိုက်ပုံက...။
ဘယ်လိုတောင် တုံ့ပြန်ရမှန်း မသိတော့ဘူး။

"မမက ဘယ်လိုလုပ်သိတာလဲ..."

"မေးတတ်ပလေ... နင် အဲ့ကချင်လူမျိုးအစ်ကိုဆီမှာ ဂိုက်စတက်နေကတည်းက အမြီးတယမ်းယမ်းနဲ့ ထူးဆန်းနေတာ ငါသတိမထားမိရင် ငါညံ့လို့ပဲ... နင်လောက် ဖိဖိစီးစီးစာလုပ်ရမှာ ပျင်းတဲ့ငပျင်းက ကျားသားမိုးကြိုး ကိုယ့်သဘောနဲ့ကိုယ် ဂိုက်တက်ချင်ရတာနဲ့၊ စာသင်ချိန်မရှိဘဲနဲ့ အကြောင်းမရှိ အကြောင်းရှာပြီး စာသွားမေးရတာနဲ့၊ ဖုန်းပြောတဲ့အသံ ကြားမိတာကလည်း ကိုယ့်ဆရာကို ကိုကို... ကိုကိုနဲ့ ချွဲပျစ်လို့...
အခုထိလည်း အစ်ကိုအံ့ထူးနာမည်ပြပြီး အားနေ အဲ့လမ်းထဲ မြောင်းဖောက်နေတုန်း၊ ပြီးတော့ နင် ပြီးခဲ့တဲ့ တစ်နွေလုံးလည်း အဲ့အစ်ကိုနောက်ပဲ တကောက်ကောက်လိုက်နေတာ အပြင်သွားတုန်း ခဏခဏမြင်ခဲ့တဲ့ ငါ့မျက်စိနှစ်လုံးသက်သေ... ဘာငြင်းအုံးမလဲ..."

ဘယ်ငြင်းလို့ရမလဲ...။ ကျွန်တော့်မှာ ကိုယ်ဖုံးထားတဲ့အမှုကို
၁ ကနေ ၁၀ ထိ လိုက်ထားပြီးသား အမှုစစ်ရှေ့မှာ ချောင်ပိတ်မိပြီး ဖြောင့်ချက်ပေးရုံကလွဲရင်မရှိတော့တဲ့ တရားခံလိုပဲ။

"ဘာမှမငြင်းတော့ဘူး... မမလည်း အင်ဂျင်နီယာလိုင်းဆက်မတက်ဘဲ အကြားအမြင်တို့ အလွတ်စုံထောက်တို့ကိုသာ ကူးလိုက်တော့..."

"ဟားဟား... ငါသာ အလွတ်စုံထောက်ဆို နင်ဖြစ်ပျက်နေပုံကို documentary ရိုက်ထားပြီးကို အမှုတင်ချင်တာ၊ stalker မှုလေ..."

"တော်ပါတော့..."

လက်ကာပြမိတော့ သဘောတကျရယ်ရင်း ဆက်ပြောပုံက...။

"ဟားဟား... လင်းခန့်က သူ gay တာ လူသိမှာစိုးနေတာ..."

ပြန်ပြောဖို့ ပါးစပ်ပြင်နေတုန်း နောက်ကနေ လည်ပင်းကိုဆွဲချုပ်လိုက်တဲ့လက်တစ်ဖက်ကြောင့် ကျွန်တော့်မှာ နင်သွားရပြန်တယ်။

"ဟုတ်လား အာလူး... မင်းချိန်နေတဲ့သူက တကယ်ကြီး မင်းရဲ့ ၁၀တန်းတုန်းက ညဂိုက်ဆရာပေါ့..."

"အဟွတ်... ဖယ်စမ်းပါဗျာ...
ဘယ်တုန်းက ရောက်လာပြန်တာလဲ..."

"ငါလည်း တစ်ရေးနိုးလို့လေ..."

အဲ့လိုနဲ့ တစ်ရေးနိုးတဲ့သူနှစ်ယောက်နဲ့ တစ်ရေးမှမအိပ်ရသေးတဲ့ ကျွန်တော်ဟာ လေသာဆောင်မှာ တန်းစီလို့။ ဒီအစ်မတော်နှစ်ပါးက ကျွန်တော့်အတွင်းထဲ ဖြစ်နေတဲ့စစ်အတွက် နှလုံးအေးတရား လာဟောပေးကြတာတော့ ဟုတ်မနေဘူး။ ပေါက်ပေါက်ဆုပ်စားရင်း ဝေဖန်ရေးလုပ်ကြတာ။

"ဪ... ဒီတော့ အာလူးက အသက်ကြီးတဲ့သူကိုကြိုက်တဲ့ type မျိုးကိုး... ဒါဆိုရင်တော့ ဂန္တဝင်ဆန်ဆန် အဖုတ်ခံရမှာပဲ"

"မဟုတ်ဘူး... မမယောင်းယောင်း သူက အဲ့ထက်သာတယ် ဆရာကိုမှကြိုက်တဲ့ type၊ ဒါကြောင့် ဖင်လှန်အရိုက်ခံနေရတာ..."

ကျွန်တော်ရင်လည်း ဒီအမျိုးထဲက မြန်မြန်နုတ်ထွက်နိုင်မှပါပဲ။
အနောက်နိုင်ငံများလို ၁၈နှစ်ပြည့်ရင် အိမ်ပေါ်ကကန်ချပေးပါ လို့ ကျွေးသဖခင်ဆီ ဦးတိုက်လျှောက်ထားရမယ့်ကိန်း။

ဟိုဘက်ကလှော်၊ ဒီဘက်ကကြော်နဲ့ ဘယ်လိုမှအညှော် မခံနိုင်တော့လို့ လူစုမကွဲကွဲအောင် ခွဲတော့မှ ရေဘဝဲအစ်မက သူ့အခန်းထဲဝင်ခါနီး ဒီလိုပြောလာတယ်။

"အာလူး... ငါညနေက မင်းနဲ့နုယဉ်ပြောနေတာတွေ ကြားလိုက်သေးတယ်၊ အချစ်ဆိုတာက စစ်တော့ဟုတ်တယ်ကွာ... ဒါပေမယ့် ငါ့အထင် သေချာပေါက်ကြီး ရူးရူးမိုက်မိုက် တိုက်ခိုက်နေစရာတော့လည်း မလိုပါဘူး... ရှင်းရှင်းလေးတွေးလိုက်ပေါ့... ဘာအတွက် တိုက်ခိုက်နေတာလဲ၊ အဲ့လိုတိုက်ခိုက်လိုက်လို့ရော ဘာတွေရလာမှာလဲ... ဒါကိုသာ သေချာသိရင် တစ်ချို့စစ်တွေက ကိုယ့်ဘက်က အလံဖြူလေးထောင်ပြလိုက်ရုံနဲ့ အပျက်အစီးအနည်းဆုံးနဲ့ ပြေငြိမ်းသွားတတ်တာမျိုးလေ..."

"အရှုံးပေးခိုင်းတာလား..."

"ဟင့်အင်း... မဆုံးရှုံးရအောင် လုပ်ခိုင်းတာ...
တစ်ချို့လူတွေက အရှုံးမပေးချင်တာနဲ့ပဲ ဆုံးရှုံးသွားကြရတယ်
အဲ့ဒါက ဉာဏ်မရှိတာပဲ... တကယ်တမ်းဆို..."

အခန်းတံခါးဖွင့်လျက်တန်းလန်း အခန်းထဲအကြည့်ရောက်သွားရာက ပြောလက်စကို တန့်ထားရင်း...။

"ခဏလေး... မိုနိုစောင်လွတ်နေလို့ သွားခြုံပေးလိုက်အုံးမယ်..."

အဲ့သလိုပြောပြီး အခန်းထဲစွက်ခနဲဝင်သွားတာ စက္ကန့်အတော်ကြာမှ ပြန်ထွက်လာလေရဲ့။ ထပ်ခိုးပေါ်ဖြာကျနေတဲ့ လရောင်အောက်မှာ ပိုးထည်လိုအရောင်လွင်နေတဲ့ သူ့ရဲ့ရွှေရောင်ဆံပင်ရှည်တွေကို အဆစ်တိကျတဲ့လက်ချောင်းတွေနဲ့ထိုးဖွရင်း သက်ပြင်းချလို့...။

"ဒီဘဲပေါက်လေးကတော့ အိပ်နေတာတောင် ယက်ကန်ယက်ကန်နဲ့ အိပ်မက်ထဲမှာ ရေကူးနေတာလားမသိ..."

ပြောလို့ပြောတာမဟုတ်ဘူး။ အချစ်ရေးမှာ စံတင်စရာသိပ်မရှိတဲ့ အကြီးတွေထဲ ဒီ blondie ကတော့ သူ့ဟာလေးကို အတော်ချစ်ရှာတယ်။

"ငါပြောတာ ဘယ်ရောက်သွားပြီလဲ..."

"အချစ်မှာ အရှုံးမပေးချင်တာနဲ့ ဆုံးရှုံးသွားရတဲ့သူတွေကို ဉာဏ်မရှိဘူးလို့ ဝေဖန်နေတဲ့နေရာရောက်သွားပြီ..."

"အင်း... ပြောရရင် တကယ်တမ်းဖြစ်သင့်တာကကွာ...
ကိုယ့်အတွင်းထဲမှာဖြစ်တဲ့စစ်မျိုးဆိုရင်တောင် ထိချင်ရှချင်နေတဲ့ တစ်ချို့ခံစားချက်တွေကို အလံဖြူလုပ်ချည်ပြီး ချိုးနှိမ်ပစ်လိုက်မှ ရှေ့ဆက်သွားလို့ရမှာလေ... ငါ့ကို မညှာမတာပြောတယ်လို့ မပြောနဲ့... မင်းတို့ပြောသလိုဆို မင်းက အခုထက်ထိ တစ်ဖက်လူအတွက် ဘာရယ်လို့ သတ်သတ်မှတ်မှတ် ပြောမရသေးတဲ့သူပဲ၊ အဲ့အခြေအနေမှာ တစ်ယောက်တည်း စစ်ဖြစ်နေတာက အသုံးမဝင်ဘူး၊ ခံစားချက်တွေထဲ ကိုယ့်ကိုကိုယ် နှစ်ထားမယ့်အစား အဲ့ဒီခံစားချက်တွေနဲ့ အချစ်ကို ဖော်ပြရမှာ... သူကွဲကွဲပြားပြားမြင်လာတဲ့အထိ..."

"..."

ခံစားချက်တွေနဲ့ အချစ်ကိုဖော်ပြရမယ်...။
အမှန်တော့ ဒါက ကျွန်တော်တစ်ချိန်လုံးလုပ်ခဲ့တဲ့အရာပါပဲ။

"စကားလုံးတွေက မင်းအကျွမ်းကျင်ဆုံးအရာပဲမလား...
ဘောလီဘောလုံးကို အားထည့်ပြီး အရှိန်ပြင်းပြင်းရိုက်ချသလိုမျိုး စကားလုံးတွေထဲကို ခံစားချက်အပြည့်ထည့်ပြီး သူ့နှလုံးသားကို တည့်တည့်မှန်အောင်သာ ပစ်သွင်းလိုက်... ဒါဆို မင်းတစ်ယောက်တည်း စစ်ဖြစ်နေစရာ မလိုတော့ဘူး၊ သူပါ မင်းနဲ့ အချစ်အားပြိုင်တဲ့ စစ်ပွဲကို လာနွှဲပေးလိမ့်မယ်..."

ကိုကို့ရဲ့နှလုံးသားကို မှန်အောင် ပစ်ရမယ်တဲ့လား...။
ကျွန်တော် ဒီလိုလုပ်လိုက်လို့ အဲ့ဒီရေခဲတုံးကြီးရဲ့ မရှိတဲ့နှလုံးသားလေးနာသွားရင် ဘယ်လိုလုပ်မလဲ။

"ကဲ... ငါပြောပေးနိုင်တာ ဒါအကုန်ပဲ၊ ကျန်တာမင်းကိစ္စ...
ပစ်သမျှဘောလုံးတွေ ဖောင်းဖြစ်မသွားဘဲ
ကံကောင်းပါစေ အာလူး... ငါပြန်အိပ်ပြီ..."

"အင်း..."

"အာ... မိုနို ဒီကောင်မလေး စောင်တွေကို ကန်ထားပြန်ပြီ... ကျစ်... လှုပ်မရအောင် ငါပဲ သိမ်းကျုံးပြီး ဆွဲညစ်ထား လိုက်ချင်တယ်၊ လုပ်နေတော့ ဘဲလေးအကမယ်... အိပ်တော့ကျ ဗျိုင်းပျံနေတယ်... elegancy တွေ ရေမြောနေပြီ ဟူး..."

လက်ပြလို့ အခန်းထဲဝင်ရင်း ဆီမန်းမန်းသလို သူရေရွတ်သွားတဲ့ အသံဟာ အခန်းတံခါးပိတ်သံအောက် တိုးဖျော့ပျောက်ကွယ်သွားခဲ့တယ်။

ကောင်းကင်မှာတော့ ခုနစ်စဉ်ကြယ်က သူ့အလင်းအား အကောင်းဆုံးအချိန်ရဲ့ အလှအပကို ပြသနေလေရဲ့။
မြောက်လေဟာ သွေသွေညင်းညင်းကလေး တိုးကပ်လာပြီး ခန်းဆီးစတွေကို နမ်းရှိုက်သွားသယောင်...။

လေသာဆောင်ခန်းဆီးတွေနားမှာ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့ရင်း ကိုယ့်ရင်ဘတ်ကိုယ် စမ်းသပ်ကြည့်မိတယ်။

"ကျွန်တော့်ရင်ထဲက ခံစားချက်အလုံးအထည်တွေကို ကိုကိုမြင်နိုင်ပါ့မလား..."

ကြယ်တွေလောက်မလင်းတဲ့ မျှော်လင့်ချက်လေးကို ရင်ခုန်သံတွေနဲ့အတူ ကိုင်ဆုပ်ရင်း အေးမြမြ ၀င်သက်တစ်လှိုက်ကို ရှိုက်ယူလို့...။

"မြင်နိုင်လာအောင်လုပ်ဖို့ ကြိုးစားရမှာပေါ့လေ..."

____________________________________
To be contined...

💖💖💖

Novella ✒️

Continue Reading

You'll Also Like

2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
JUN By CottonHun

Fanfiction

860 104 15
' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '
895 119 5
သားသမီးဘဝကနေ မိဘဖြစ်လာကြပေမယ့် သားသမီးတွေအပေါ်နားလည်မပေးနိုင်တဲ့ မိဘတွေအားရည်စူးသည်။ အိမ်တွင်းအကြမ်းဖက်မှုကိုအများဆုံးခံနေရသူများသည် သားသမီးဟူသော ငါတ...
3.6M 290K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...