Heartless December❄️ ZG versi...
By Novella_1001
2.7K 275 40
HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More
Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
10 1 0
By Novella_1001
❄️❄️❄️
ထူးခြားချက်ဖြစ်စဉ် ၃ ကိုပြောရမယ်ဆိုရင်...
စက်တင်ဘာ ၁၆ ရက်၊ မနက် ၁၀ နာရီလောက်ပေါ့။ ကျွန်တော် ကွန်ပြူတာသင်တန်းက သင်တန်းချိန်ပြီးလို့ ထွက်လာတုန်း သင်တန်းအဆောက်အဦးအရှေ့မှာ ကျွန်တော့်ကိုရပ်စောင့်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ပုံရိပ်ကြောင့် မျက်စိနာနာပွတ်ပြီး သေချာပြန်ကြည့်လိုက်ရတယ်။
"ကိုကို... ဘယ်လိုလုပ်ဒီကို..."
"ဟိုနေ့က မင်းပြောတဲ့ဟာ..."
ကိုကိုက ကျွန်တော်စကားမဆုံးခင်မှာပဲ သူ့လက်ထဲက စာအုပ်တစ်ထပ် ကျွန်တော့်ဆီကမ်းပေးတယ်။
ကာတွန်းပေါင်းချုပ်စာအုပ်တွေပေါ့။
စိန်မျောက်မျောက်တို့၊ ပြာဂလောင်ပြာလချောင်တို့ မောင်တီထွင်တို့လေ...။
အဲ... ကျွန်တော်ဖတ်ဖို့မဟုတ်ဘူးနော်။ အိမ်က အရှုပ်ထုပ်ညီမပေါ့။ သူ့သူငယ်ချင်းကောင်မလေးက ကာတွန်းစာအုပ်တစ်အုပ် သူ့ကိုငှားလွှတ်လိုက်တာ ဓာတ်ကူးလာပြီး တပူပူတဂျီဂျီနဲ့ အိမ်ရှိလူကုန်လိုက်ကပ်ပြီး ကာတွန်းစာအုပ်ဝယ်ခိုင်းတော့တာပဲ။ တောက်တိုမယ်ရအလုပ်ဆိုတာနဲ့ ကျွန်တော့်မျက်နှာလေးပြေးမြင်ကြတဲ့ အိမ်က အထက်လူကြီးများကလည်း ”လင်းခန့်ရေ... ရော့ဟဲ့” ဆိုပြီး ကျွန်တော့်ပဲဝိုင်းဘော်လီဘောပုတ်လိုက်ကြရောလေ။
ဘယ်တတ်နိုင်မလဲ။ ခြောက်တန်းရောက်နေတဲ့ညီမကို ရည်းစားထားမထားလိုက်မကြည့်ရ၊ ငါ့ညီမကြောင်နေတာဘယ်ကောင်လဲ လိုက်မအော်ရဘဲ ကာတွန်းစာအုပ်ရှာဝယ်ပေးနေရတယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် အစ်ကိုတစ်ယောက်အနေနဲ့ ဗီလိန်ရိုးလ်လျော့တာပေါ့။
"ကျွန်တော်က ဒီအတိုင်း ဘယ်မှာရလဲသိလားပဲ မေးကြည့်တာကို... ကိုကိုကဝယ်ချလာတာလား... အားနာစရာကြီး..."
ကျွန်တော် ကိုကို့ဆီကစာအုပ်တွေ လှမ်းယူလိုက်တယ်။
"ခဏလေး... ဒါတွေ ဘယ်လောက်လဲကိုကို..."
"မပေးနဲ့... ငါကလေးကို လက်ဆောင်ပေးတာ..."
"ဗျာ..."
"စာဖတ်ကျင့်ဆိုတာ ကလေးစာပေကစတာ...
ဘယ်အရွယ်ကစဖတ်ဖတ် ကလေးစာပေတွေက စိတ်ပျော်စေတယ်၊ စိတ်ကူးယဉ်မှုအားကောင်းစေတယ်၊ အခြေခံအမူအကျင့်နဲ့  လောကရဲ့အကောင်းအဆိုးတွေကို ဟာသနှောပြီး သင်ပြပေးတယ်၊ တဖြည်းဖြည်းနဲ့မှ ပိုကျယ်ပြန့်တဲ့စာပေလောကထဲကို ဝင်လေ့လာချင်စိတ်ပေါက်လာမှာပေါ့... ဒီခေတ်ကလေးတွေ စာအုပ်ကိုင်ချင်စိတ်ရှိတာ ကောင်းတဲ့အကျင့်ပဲ၊ ဖုန်းထဲကအကုန်ဖတ်လို့ရတယ်ဆိုရင်တောင် စာအုပ်ကိုင်ဖတ်ရတာနဲ့က အရသာမတူဘူး... စာအုပ်တွေက ခေတ်ပေါ်ပစ္စည်းမှန်သမျှနဲ့ ပခုံးချင်းယှဉ်ပြီး စိတ်ကျေနပ်မှုပေးနိုင်တဲ့ ခေတ်နောက်ကျကျန်မနေခဲ့တဲ့ တစ်ခုတည်းသောအရာလေ..."
ခင်ဗျားကတော့ ခင်ဗျားပါပဲ။
စာကြမ်းပိုး mood အမြဲ ပွင့်နေနိုင်တာကို မချီးကျူးဘဲမနေနိုင်တော့ဘူး။
"ကိုကိုက မတရားဘူး..."
"ဘာ..."
"ကျွန်တော့်ကိုတောင် စာတိုက်ကနေ စာအုပ်တစ်အုပ်မှ စိုက်ဝယ်မပေးဖူးဘဲနဲ့... သူ့ကျသုံးအုပ်ကြီးများတောင် ဝယ်ပေးတယ်"
"မင်းက ကာတွန်းစာအုပ်ဖတ်ချင်သေးတာလား..."
"အာ... မဟုတ်ဘူးလေ...
တခြားစာအုပ်ပေါ့"
"တစ်အုပ်ပဲရမယ်... လိုချင်ရင်လိုက်ခဲ့..."
အဲ့သလိုပြောပြီး သူ့ဆိုင်ကယ်ရပ်ထားတဲ့ဆီလှည့်ထွက်သွားတော့ ကျွန်တော်လည်း ပြာပြာသလဲ သူ့နောက်ကလိုက်ဖို့ ပြင်ရတာပေါ့။
"မင်းဆိုင်ကယ်က ဘာဖြစ်နေလို့လဲ..."
"အပူရှပ်ပြီးဖျားနေလို့..."
"..."
မျက်ခုံးကျုံ့ပြီးစိုက်အကြည့်ခံလိုက်ရသော်လည်း
ဒီတစ်ခါတော့ ဘူးသီးကြော်အကျွေးမခံရတဲ့အတွက်
မောင်လင်းခန့်တစ်ယောက် ယူကလစ်ပင်ကိုဖက်ပြီး ပါသွားပြန်ပါပြီ။
စာတိုက်ကိုရောက်တော့ ကိုကိုဆိုင်ကယ်ရပ်နေတုန်းမှာ ကျွန်တော်က လက်ထဲကကာတွန်းစာအုပ်တွေ ဟိုလှန်ဒီလှန်လှန်လိုက်ရင်းတွေ့တဲ့ စိန်မျောက်မျောက်အပိုင်းတိုလေးကိုခွီလို့ လမ်းဘေးက ရပ်စောင့်နေလိုက်တယ်။
တွတ်ပီမှာ အမှတ်မိဆုံးစကားက "ဒီနေ့ကံမကောင်းပါလား" ဆိုရင် စိန်မျောက်မျောက်ထဲ အမှတ်မိဆုံးစကားက "အီမေ့မေ့..." ဖြစ်လိမ့်မယ်။ ဘယ်လိုစဖွင့်ဖွင့် အပေါက်အရှများတဲ့ဒီကောင်က အဆုံးကျရင် အီပြီးမေ့သွားအောင်ခံလိုက်ရတာချည်းပဲမလား...။
ဪ... ဒီဇာတ်ကောင်တွေနဲ့ကြီးလာတဲ့ ငယ်ဘဝလေးတောင် ပြန်သတိရလာပြီ။
ကိုယ့်အာရုံနဲ့ကိုယ်ဖြစ်နေတဲ့ကျွန်တော်တစ်ယောက် ဘေးဘီဝဲယာမကြည့်ဘဲ ကိုယ်ကိုလှည့်ပြီး ခြေလှမ်းလှမ်းလိုက်တုန်းမှာ...
"တီ တီ..."
"လင်းခန့်၊ သတိထား..."
နောက်ကလှမ်းအော်သံနဲ့အတူ လက်တစ်စုံရဲ့ဆွဲယူသွားမှုကို ခံလိုက်ရတယ်။ ဂျိုင်းကြားညှပ်ထားတဲ့ စာအုပ်နှစ်အုပ်ဟာ ခြေနင်းဘေးနားကို ပြုတ်ကျသွားကြပြီး ကိုင်ထားမိတဲ့တစ်အုပ်ကတော့ လက်ထဲပါလာရဲ့။
အရှိန်နဲ့လာတဲ့ ဆိုင်ကယ်တစ်စီးက ကျွန်တော့်နားကနေ ပွတ်သီကပ်သီလေးဖြတ်သွားတယ်။
တော်သေးတာပေါ့... အီပြီးမေ့သွားတော့မလို့...။
၁၈၀ ဒီဂရီလည်သွားပြီး ရှေ့ကိုကိုင်းညွှတ်နေတဲ့ ကျွန်တော်ခန္ဓာကိုယ်က နွေးထွေးတဲ့ရင်ခွင်တစ်ခုထဲမှာ မှီလျက်သား။ မျက်လုံးအသာဖွင့်လို့ မော့ကြည့်လိုက်ချိန် ဆုံချက်ထဲ ကွက်တိဝင်ချလာတာက တစ်စုံတစ်ယောက်ရဲ့ ရဲဖျော့ဖျော့နှုတ်ခမ်းတွေ။ သူရှူထုတ်လိုက်တဲ့ လေတစ်သုတ်နှစ်သုတ်ဟာ ကျွန်တော့်မျက်ခုံးဖျားလေးကနေ ဖြတ်သွားကြတယ်။
အနီးကပ်ဆုံးမြင်နေရတဲ့ ကိုကို့မျက်နှာဟာ မျက်မှောင်ကျုံ့လျက်နဲ့ ကျွန်တော့်မျက်နှာကိုကျော်ပြီး လမ်းမတစ်လျှောက်ကို လှမ်းကြည့်နေလေရဲ့။
ဒါက... စင်တီမီတာ ဘယ်နှစ်စိတ်များလဲ။
နီးကပ်နေလွန်းလို့ ကိုကို့နှလုံးခုန်သံတွေတောင် ကျွန်တော်ရင်အုံမှာ လာရိုက်ခတ်နေသယောင်ပဲ။
ကိုကို့ကိုယ်ပိုင်ကိုယ်သင်းနံ့လေးဟာ ခပ်သင်းသင်းရေမွှေးနံ့နဲ့ရစ်ခွေရင်း နှာသီးဖျားလေးမှာ လာခိုတွဲလို့။ နည်းနည်းငုံ့ကြည့်လိုက်မယ်ဆို သွေးကြောစိမ်းတွေယှက်ဖြာနေတဲ့လည်တိုင်မှာ ကျကျနနရှိပြီး တည်ငြိမ်နေတဲ့လည်စေ့လေးကို မြင်ရတယ်။
မွေးကတည်းကခပ်မြင့်မြင့်ကလေးရှိတဲ့ ကျွန်တော့်နှာတံထိပ်ဖျားကလေးနဲ့ ကိုကို့ရဲ့လည်စေ့ကလေးကိုထိကြည့်ဖို့ တိုးကပ်လိုက်တုန်းမှာပဲ ကိုကိုက ကျွန်တော့်ပခုံးကိုကိုင်ထားရာက ပြန်တွန်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကိုယ်ပေါ်မှီထားတဲ့ကျွန်တော့်ကို ကိုယ့်ဟာကိုယ်သေချာပြန်ရပ်စေလိုက်တယ်။
လမ်းမတစ်လျှောက်ကိုရောက်နေတဲ့အကြည့်တွေ ကျွန်တော့်ဆီပြန်ကပ်လာတော့ ကျုံ့ထားတဲ့မျက်ခုံးတန်းတွေကို ဖြေချရင်း...။
"ဘာဖြစ်သွားသေးလဲ..."
"ဟင်..."
"ငါလှမ်းမဆွဲရင် မင်းဆိုင်ကယ်နဲ့ညိပြီးပါသွားတော့မှာ...
ခိုက်မိတဲ့နေရာရှိလားပြော..."
"ကိုကို..."
"အင်း..."
"ကိုကို အခုကျွန်တော့်ကို စိုးရိမ်ပေးနေတာလား..."
"..."
"အယ်... ဟုတ်တယ်ထင်တယ်နော်..."
အနားတိုးလို့ ကိုကို့မျက်ဝန်းအိမ်တွေကို စူးစိုက်ကြည့်လိုက်ရင်း  အသံရှည်ဆွဲပြောလိုက်တော့ ကိုကိုဟာနီးကပ်လာတဲ့ ကျွန်တော့်မျက်နှာကိုရှောင်ဖို့ ခေါင်းကိုတစ်ဖက်လှည့်လိုက်တယ်။ သူ့မျက်လုံးတွေကိုဖတ်တာ မကြိုက်တဲ့ပုံပဲ။
"အဟွန်း... နောက်ကျရင် လမ်းမပေါ်ပဲတက်ပြေးနေတော့မယ်၊
ဒါမှကိုကိုလှမ်းဆွဲပြီး ဖက်ထားပေးတာခံရမှာ..."
"လင်းခန့်၊ ဟာသလုပ်စရာမဟုတ်ဘူး"
"သဘောပြောတာလေ... ကိုကိုကလည်းဆူဖို့ချည်းပဲ"
"တော်ပြီ..."
အထွန့်တက်နေတဲ့ကျွန်တော်တစ်ခန်းရပ်သွားအောင် ပိတ်ပြောရင်း စာတိုက်အဝင်ဝဘက်ကို လျှောက်သွားလေရဲ့။
ကျွန်တော်လည်း ကျနေတဲ့စာအုပ်တွေကောက်ပြီး မှုန်တေတေမျက်နှာပေးနဲ့ ကိုကို့နောက်ကလိုက်လာရင်း...။
"ကိုကို... တကယ်လို့ ကျွန်တော်လမ်းပေါ်လျှောက်ပြေးနေရင် ကိုကိုက လိုက်ခေါ်ပြီး လာဖမ်းပေးမှာလား..."
"မင်းက ငါမွေးထားတဲ့ခွေးပေါက်စမဟုတ်ဘူး"
"ဟွန့်..."
ခေါင်းငုံ့လို့ နှုတ်ခမ်းတစူစူနဲ့ အသံတိတ်ပွတ်တွတ်ပွတ်တွတ်ရွတ်ပြီးပါလာခဲ့ရင်း ရုတ်တရက် ရှေ့ကသွားနေတဲ့သူရဲ့ခြေလှမ်းတွေ ရပ်သွားတာကိုမြင်တာနဲ့ 'ဘာဖြစ်လို့လဲ' လို့ လှမ်းမေးဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ကိုကို့ကိုကျော်ပြီး လှမ်းကြည့်လိုက်ချိန်မြင်လိုက်ရတဲ့ မျက်နှာကြောင့် မေးစရာမေးခွန်းပျောက်ရှလို့ ဦးနှောက်ပုံနှိပ်စက်ထဲ  အော်တိုပေါ်လာတာက 'အာ... ချီးလိုပဲ၊ လာပြန်ပြီဟေ့...'။
အခုလို ပေါ်ချင်တဲ့နေရာမှာ ဝုန်းခနဲပေါ်လာပြီး ဝင်နှောင့်ယှက်ချင်သလိုနှောင့်ယှက်တတ်တာ ဘယ်သူများရှိအုံးမလဲ။ တစ်မိုးအောက်တစ်ယောက် ဘယ်သူမှသူ့လောက် အမြင်ကပ်စရာမကောင်းတဲ့ ကိုမိုးကောင်းကင်ပေါ့။
နေရောင်အောက်မှာမို့ ပိုလို့မဟော်ဂနီရောင်တောက်နေတဲ့ သူ့ဆံပင်တွေကို ထိုးသပ်လိုက်ပြီး ကိုကို့နောက်ကကျွန်တော့်ကို ခနဲ့ပြုံးတစ်ခုနဲ့လှမ်းကြည့်ရင်း ရေရွတ်လာပုံက...။
"ချာတိတ်... ခွန်းကို မင်းအမေလိုလိုက်ကပ်နေတာ မပျင်းသေးဘူးလား"
"အဲ့ဒါက ဘယ်သူမေးရမယ့်မေးခွန်းလဲ...
ခင်ဗျားကမှ အခုလိုပေါ်ချင်တဲ့အချိန်ပေါ်ပေါ်ချလာပြီး ကိုကို့ကိုလိုက်နှောင့်ယှက်နေတာတွေ ရပ်လိုက်သင့်တာ၊
ကိုကိုက ကျွန်တော့်ချစ်သူ... ကျွန်တော့်ချစ်သူနောက်မှာ ကျွန်တော်ပါတာ ခင်ဗျားလိုအပြင်လူ လာဝေဖန်စရာကိစ္စမဟုတ်ဘူး"
ကျွန်တော့်စကားက သူ့နားထဲသေချာဝင်သွားပုံပဲ။
အဲ့ဒီအာကာဝေယံဆိုတဲ့ ဂွကျကျလူဟာ သဘောမကျဘဲနဲ့ သဘောကျသလိုပုံစံလုပ်ရယ်လိုက်တယ်။
"အပြင်လူဆိုပဲ... ဟားဟား..."
နှုတ်ခမ်းထောင့်တွေကွေးချိတ်ထားလျက်နဲ့ပဲ မျက်ခုံးပင့်လို့  အဲ့သလိုရေရွတ်လိုက်ပြီးတဲ့နောက် အကြည့်တွေကို ကိုကို့ဆီကိုရွေ့ယူသွားပြန်ရဲ့။
"ဘယ်လိုလဲ ခွန်း...
မင်းပြောကြည့်ပေးပါလား... ငါကအပြင်လူလား..."
ကိုကိုကတော့ ဘာစကားမှပြန်မပြောချင်တဲ့ပုံစံနဲ့  နှုတ်ဆိတ်ငြိမ်သက်နေဆဲ။
သုံးလေးစက္ကန့်စာ ငြိမ်သက်နေတဲ့လေထုထဲ စောင့်ရတာစိတ်မရှည်တော့ပုံပေါ်တဲ့ အဲ့ဒီလူဟာ မျက်ဆံတွေကိုအထက်ပင့်လိုက်ရင်း နှုတ်ခမ်းလွှာတွေဟလို့  လေတစ်ချက်မှုတ်ထုတ်တယ်။
နောက်ပြီး ဘာမပြောညာမပြောနဲ့ ဆတ်ခနဲကိုကို့လက်ကိုလှမ်းဆွဲပြီး ခေါ်သွားဖို့လုပ်ပါရော။ အဲ့အချိန် ကျွန်တော်သာ ကြားထဲကနေ ကိုကို့လက်ကိုပြန်ဆွဲပြီး "လွှတ်လိုက်..." လို့ပြောရင်
ဒါရုပ်ရှင်တွေထဲက သုံးပွင့်ဆိုင်ဇာတ်ဝင်ခန်းဖြစ်ပြီ။
ဒါပေမယ့်... ဘယ်နှစ်ပွင့်ဘဲဆိုင်ဆိုင်
ရုပ်ရှင်က ရုပ်ရှင်၊ လက်တွေ့ဘဝက လက်တွေ့ဘဝကိုး။
ဟိုလူက speed up လုပ်ထားတဲ့ game hero လိုပဲ သောက်ကျိုးနည်းလက်မြန်ခြေမြန်ရှိတယ်။ ကျွန်တော့်မှာ ကိုကို့ကိုလှမ်းတောင်မဆွဲလိုက်ရဘူး။ သူကဆွဲခေါ်သွားတာ လေးငါးမီတာရောက်နေပြီ။
ရုတ်တရက်ကြီးမို့ဘာဖြစ်သွားမှန်းမသိဘဲ ပါသွားရာကနေ သတိဝင်လာတဲ့ကိုကိုက ရပ်ထားတဲ့ကားနားမရောက်ခင်မှာပဲ အာကာဝေယံ့လက်ကို ဆောင့်ဖြုတ်ပစ်လိုက်တယ်။ ပြီးတော့ ဟိုကပြန်လှည့်ကြည့်လာတုန်းမှာပဲ အင်္ကျီစကိုလှမ်းဆွဲပြီး မျက်နှာကိုညာလက်နဲ့ ခွပ်ခနဲထိုးလိုက်တယ်။ ဟိုလူ ခေါင်းပါစောင်းကျသွားပုံကြည့်ရတာ ကိုကို့လက်သီးက အားပါပုံပဲ။
ကျွန်တော်တောင် ဆက်တိုက်ဆိုသလိုဖြစ်သွားတဲ့ အဲ့ scene နှစ်ခုကို ယောင်ပြီးငေးနေမိတယ်။ ရုပ်ရှင်လည်းမဟုတ်ဘဲနဲ့လေ...။
ကိုကို့အပြုအမူကို ခဏအံ့ဩသွားရုံပါပဲ။ အရင်ကတော့ အဲ့ဒီညာဘက်လက်နဲ့ပဲ ကိုယ့်ကိုကိုယ်အထိခိုက်ခံပြီးတောင် သူ့ကိုကာကွယ်ပေးခဲ့တာမဟုတ်လား။
အာ... နေပါအုံး ငလင်းခန့်။
မင်းက အရေးထဲ လိုက်စရာရှိတာလိုက်မသွားဘဲ ပွဲကြည့်ပရိသတ်လုပ်နေသေးတာလား။ သောက်ကျိုးနည်း... ဒါကြောင့်ခဏခဏ ငါးကြော်အခိုးခံနေရတာ။
သတိဝင်လာတာနဲ့ပဲ အံ့ဩတာနောက်ထားပြီး...
အမှတ်မရှိတဲ့ ကိုယ့်ကိုယ်ကိုယ်သတိပေးရင်း ပြေးလိုက်လာခဲ့ရတယ်။
"ခဏပဲလိုက်ခဲ့ ခွန်း... မကြာဘူး"
"ရူးမနေနဲ့... ဘယ်အချိန်မဆို လူကြားသူကြားထဲ ကြိုက်သလိုဆွဲခေါ်သွားလို့ရရအောင်
ငါက မင်းအပိုင်မဟုတ်ဘူး အာကာဝေယံ..."
ကျွန်တော်အနားရောက်လာတော့ သူအခုဏလေးကထိုးလိုက်တဲ့ တစ်ဖက်လူဆီမှာ ရိုက်ခတ်နေတဲ့ ကိုကိုရဲ့မာဆတ်ဆတ်လေသံမဝဲတဝဲလေး။
အဲ့ဒီလေသံနဲ့အပြောခံလိုက်ရတဲ့သူဟာ မျက်မှောင်ကျုံ့လို့  မျက်လုံးအိမ်တွေကျဉ်းမြောင်းသွားတဲ့အထိ ကိုကို့ကိုစိုက်ကြည့်လိုက်ရင်း...။
"ဒါဆို ဘယ်သူ့အပိုင်လဲ...
ငါ့အပိုင်မဟုတ်ရင် မင်းကဘယ်သူ့အပိုင်လဲ..."
"..."
ဒီလူမေးတဲ့မေးခွန်းဆို ဘယ်သင်းမှ ရှည်ရှည်ဝေးဝေးနားထောင်မနေဘဲ ကိုယ်လုပ်စရာရှိတာလုပ်တာကကောင်းပေမယ့် ဒီတစ်ခါတော့...။ ဒီမေးခွန်းကိုတော့ ကျွန်တော်လည်းစိတ်ဝင်စားသား...။
"ဘာလဲ ခွန်း... မင်းကိုယ်မင်းဘယ်သူ့ဆီပေးထားမိလဲတောင် မသိတော့ဘူးလား..."
"..."
အာကာဝေယံက ကိုကို့ကိုဆွလိုက်ရင်း ငြိမ်သက်နေတဲ့သုံးလေးစက္ကန့်စာကို ထပ်မစောင့်ချင်တဲ့ပုံစံနဲ့ ဒုတိယတစ်ကြိမ် လက်ကိုထပ်ဆွဲကိုင်လိုက်ပြန်တယ်။
"ခဏပဲ စကားပြောမယ်... လိုက်ခဲ့ ခွန်း...
ငါအတင်းမလုပ်ချင်ဘူး"
နေပါအုံး...။ အခုကရော အတင်းလုပ်နေတာမဟုတ်လို့ ဘာလဲ...။
"အာကာဝေယံ... ခင်ဗျား..."
ကျွန်တော်ကြားဝင်ပြီး ကိုကို့ကိုပြန်ဆွဲခေါ်ဖို့ လုပ်လိုက်ချိန်မှာပဲ ပခုံးပေါ်ကိုအုပ်ကိုင်လာတဲ့ လက်ဖဝါးတစ်ဖက်က ကျွန်တော့်စကားလုံးတွေကို အရှိန်သတ်စေလိုက်လို့။
"ကိုကို..."
မျက်နှာကိုလှမ်းကြည့်လိုက်တော့ "ကိစ္စမရှိဘူး" ဆိုတဲ့ပုံစံနဲ့ ခေါင်းအသာငြိမ့်ပြလာတာကြောင့် ကျွန်တော်  အနောက်ကိုခြေတစ်လှမ်းဆုတ်ပေးလိုက်ရတယ်။
"ဒီအနီးအနားတစ်နေရာမှာပဲ စကားပြောမယ်...
အချိန်အများကြီးမရဘူး၊ ခဏပဲ"
"ကောင်းပြီလေ..."
သဘောတူညီချက်ယူပြီးတဲ့နောက် ကိုကိုက ဘေးနားမှာရပ်နေတဲ့ ကျွန်တော့်ဘက်ကို ပြန်လှည့်ကြည့်လာရင်း...။
"ခဏလောက် စောင့်နေပေးမယ်မလား..."
အဲ့ဒီလေသံနဲ့ အဲ့ဒီမျက်ဝန်းတွေရဲ့ တောင်းဆိုမှုကို ခေါင်းငြိမ့်ပြရုံကလွဲလို့  တခြားဘယ်နည်းနဲ့ ကျွန်တော်ကတုံ့ပြန်နိုင်အုံးမှာလဲ။
ကိုကိုဟာ 'လိမ္မာတယ်...' ဆိုတဲ့အဓိပ္ပါယ်နဲ့ ပခုံးကိုသာသာပုတ်ပေးရင်း မထင်မရှားအပြုံးလေးတစ်ခု ကျွန်တော့်ကိုပြန်ပေးလာရဲ့။
အဲ့ဒီနောက်... သူတို့နှစ်ယောက် တစ်နေရာကို ထွက်သွားကြတယ်။
ကျွန်တော်ကတော့ လက်ထဲကကာတွန်းစာအုပ်တွေကို ဖျစ်ညစ်ကိုင်ထားရင်း အဲ့ဒီနေရာမှာ မတ်တပ်။
"စောင့်နေရမယ်..."
"စောင့်နေရမှာလား..."
လိမ္မာတဲ့ခွေးကလေးတွေဟာ သခင့်စကားကို တစ်သွေမတိမ်းနာခံကြသတဲ့။ ဥပမာ သခင်ကစောင့်နေဆိုရင် ငြိမ်ငြိမ်ကလေး စောင့်နေကြတာမျိုးပေါ့။
အလုပ်မှာသေသွားတဲ့သခင်ပြန်အလာကို သူမသေခင်အထိ ဘူတာရုံမှာနေ့တိုင်းအချိန်မှန်လာစောင့်တဲ့ ဂျပန်က Akita မျိုးရိုးခွေးကလေး ဟာချီကိုလိုမျိုး။
ဒါပေမယ့်... လိမ္မာတယ် လို့ချီးကျူးခံရဖို့ ဘာမှမသိလိုက်ဘဲ ဒီအတိုင်းစောင့်နေတာက တကယ်ပဲကောင်းလား။
ကိုကိုရာ...။ ကျွန်တော်က ကိုကို့စကားကို ဆယ်ခါ့တစ်ခါပဲ မြေဝယ်မကျနားထောင်ဖူးတာပါ။ အခုမှလာပြီး လိမ္မာပြနေရင် OOC ရာကျတာပေါ့။ ဒါမျိုးက လင်းခန့်မဆန်ဘူး။
[A/N *OOC: Out of Character -
မိမိစရိုက်နှင့်ကွဲပြားစွာပြုမူခြင်း ၊ role playing game များတွင် သုံးသောအသုံးအနှုန်း]
"မစောင့်ဘူးကွာ..."
ရုပ်တုလုပ်ပြီး ဂုဏ်အပြုမခံရလည်းနေပါစေတော့။
ကျွန်တော်က နာခံတတ်တဲ့ Akita မျိုးမဟုတ်ဘူး၊ ကိုယ်ကြိုက်တာကိုယ်လုပ်တဲ့ Shiba...။
အဲ့သလိုဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်ဟာ ကွန်ဖီးဒန့်အပြည့်နဲ့ အမြီးကလေးမြှောက်ပြီး ကိုကိုပါသွားတဲ့ လမ်းကြားထဲကို လျှောက်လာခဲ့ပါတော့တယ်။
ဟိုကြည့်ဒီကြည့်နဲ့ဝင်လာခဲ့ရင်း ကွေ့ကလေးတစ်ခုနားရောက်တော့
မလှမ်းမကမ်းက အပြန်အလှန်ပြောနေတဲ့ အသံနှစ်ခုကို လှမ်းကြားလိုက်ရရဲ့။ ကျွန်တော်လည်း ခန္ဓာကိုယ်ကို ဓာတ်တိုင်နားမှာကပ်လို့ ကွယ်လိုက်ပြီး နားရွက်ကလေးထောင်ထားလိုက်တယ်။
အဖြစ်ကတော့မနှစ်ကနဲ့ဘာမှမခြားဘူး ဆိုတာလိုပဲ
တစ်နှစ်သာပြည့်တော့မယ် အခုထက်ထိ crush နဲ့ သူ့ချစ်သူဟောင်း စကားအချေအတင်ပြောနေတာကို ကွယ်ရာကခိုးနားထောင်ရတုန်း။ အောက်လိုက်တာ...။
ကိုယ့်အဖြစ်ကိုယ် လက်နှစ်ဆစ်လောက်သနားမိပေမယ့် ဘာတတ်နိုင်မှာလဲ...။ လေညာဘက်ကိုပဲ နားစွင့်ထားလိုက်ရတာပေါ့။
တစ်ဝက်တစ်ပျက် စကြားရတာက အေးအေးငြိမ်ငြိမ်ပြောနေတဲ့ ကိုကို့လေသဲမဝဲတဝဲလေး။
"မင်းရဲ့နည်းလမ်းတွေမှားနေတဲ့အကြောင်း ဘယ်သူ့ကိုရှင်းပြခိုင်းရမလဲဆိုတာ ငါတကယ်မသိတော့ဘူး၊
ငါရှင်းပြတာဆိုရင်လည်း မင်းကနားထဲထည့်တာမဟုတ်ဘူး"
"ရှင်းပြစရာမလိုဘူး၊ မှားတာတွေမှန်တာတွေလည်းမလိုဘူး၊
ငါလိုချင်တာက ရလဒ်ပဲ... ရလဒ်သာလိုချင်သလိုရမယ်ဆို ဘယ်နည်းလမ်းသုံးသုံးကိစ္စမရှိဘူး"
"ရလဒ်... မင်းပြောတဲ့ အဲ့ဒီရလဒ်က မင်းထက်၆နှစ်ကျော်ငယ်တဲ့ အပြစ်မရှိတဲ့ကလေးကို ထိခိုက်ဒဏ်ရာရအောင် အကြိမ်ကြိမ်လုပ်ပြီးမှ ရလာမယ့်ရလဒ်လား..."
"အဟွန်း... မင်းငါ့ကိုထိုးတာ အဲ့ဒါကြောင့်လား..."
မီတာအနည်းငယ်အကွာကနေ ကြားခံနယ်လေထုကိုဖြတ်လို့ နားထဲဝင်ရိုက်ခတ်လာတဲ့ စကားသံတစ်ချို့က ကျွန်တော့်ဦးနှောက်ထဲကို အတွေးစတစ်ခုထည့်ပေးလိုက်တယ်။
နေပါအုံး...။ ကိုကိုပြောသလိုဆို... အရင်လကတည်းက ကျွန်တော့်ဆီမှာဖြစ်နေတဲ့ ကံဆိုးမှုတွေက ဒီအတိုင်းသက်သက်ကံဆိုးမှု မဟုတ်ခဲ့ဘူးပေါ့။ အဲ့ဒီမတော်တဆဖြစ်ရပ်တွေအားလုံးက ကျွန်တော့်ကိုဦးတည်ပြီး သေချာဖန်တီးခဲ့တာပေါ့။ ပြီးတော့ ဒီကိစ္စတွေရဲ့ နောက်ကွယ်ကလူက မစ္စတာအသင်လောကမဟုတ်ဘဲ အဲ့ဒီမစ္စတာမိုးကောင်းကင်ကြီးပေါ့။ ဝှက်သယ်...။
"ဒီနည်းလမ်းအတိုင်းဆိုရင် မင်းအတွက် ရလဒ်ဆိုတာ မရှိတော့ဘူး အာကာဝေယံ..."
ကျွန်တော်တစ်ယောက်တည်း ဆက်တိုက်တွေအဖြေပေါ်နေမိတုန်း
ကိုကို့အသံကိုဆက်ကြားရတာနဲ့ နားရွက်ကလေးကို ပိုလို့ခပ်မြင့်မြင့်ထောင်ထားလိုက်မိတယ်။
"ဟက်... ဘာလို့မရှိရမှာလဲ၊ ငါမင်းနဲ့ လေးနှစ်ကျော်တွဲလာတာ... မင်းအကြောင်းကို ကောင်းကောင်းသိတယ် ခွန်း... မင်းဆိုတဲ့သူက ကိုယ့်ကိုအကြောင်းပြုပြီး သူများထိခိုက်နာကျင်ရမှာ တစ်ခုခုဆုံးရှုံးရမှာကို နည်းနည်းလေးတောင်မလိုလားတဲ့သူ၊ သိပ်ကို ဖြောင့်မတ်မှန်ကန်ပြီး အကျင့်ကောင်းလွန်းလို့ မင်းကြောင့် ဆိုတဲ့ အဖြစ်မျိုးဖြစ်မှာကို ခါးခါးသီးသီးမုန်းတဲ့သူ... ဘာမှမဟုတ်တဲ့ ဂျူနီယာလေးတစ်ယောက် စာပေကလပ်က ထွက်ရတာကစလို့... ငါ့ကိုအနားကပ်မရအောင် အကြောင်းပြဖို့ အနားထားထားတဲ့ချာတိတ်လေးတစ်ယောက် ပွန်းမှာပဲ့မှာအဆုံး အကုန်လုံးကို တာဝန်ယူချင်တာလေ..."
"..."
"ဘယ်လိုလဲ... အကုန်လိုက်တာဝန်ယူနေရတာ အခုထိ မပင်ပန်းသေးဘူးလား၊ မင်းက ပင်ပန်းမယ့်လမ်းကို တုံးတုံးအအနဲ့ အမြဲရွေးတာပဲ... မင်းတစ်ယောက်ပဲ မာနလေးနည်းနည်းချိုးနှိမ်လိုက်ရုံနဲ့ မင်းနဲ့ငါ့အတွက်ရော အားလုံးအတွက်ပါ အဆင်ပြေသွားမယ့် win-win situation မျိုးကို ဘာလို့မစဉ်းစားတာလဲ..."
"မာနလေးနည်းနည်းချိုးနှိမ်ရမယ်... ဟုတ်လား... ဒီ့ထက်ချိုးနှိမ်ရရင်လည်း ငါကမာနတစက်မှမရှိတဲ့သူဖြစ်ဖို့ပဲ ကျန်တော့တယ်... မင်းကရော မင်းရဲ့အတ္တတွေကို တစ်ခါလောက်ချိုးနှိမ်ကြည့်ဖို့ ဘာလို့မစဉ်းစားတာလဲ...
အရင်တုန်းကလည်း ဒီလိုပဲ၊ အခုထိလည်း ဒီအတိုင်းပဲ
မင်းက မင်းလိုချင်တာ၊ မင်းဖြစ်ချင်တာကိုပဲသိတယ်၊ ဘယ်သူ့အတွက်မှ ထည့်မစဉ်းစားဘဲ မင်းစိတ်ကျေနပ်မှုရဖို့အတွက် လုပ်ချင်ရာအကုန်လုပ်တယ်... အဲ့ဒါကြောင့်ပဲ အပြစ်မရှိတဲ့သူတွေ ထိခိုက်ရတော့ ငါ့ကိုအလွယ်လေး လက်ညိုးထိုးပြီး အကြောင်းပြလိုက်တယ်"
"မင်းကြောင့် လုပ်ရတာပဲလေ...
ငါက ဘယ်သူ့ကိုလက်ညိုးထိုးရမှာလဲ"
"အာကာဝေယံ "
"အဲ့လိုမခေါ်နဲ့... အဲ့ဒါမင်းငါ့ကို ခေါ်တဲ့ပုံစံမဟုတ်ဘူး၊
မေ့သွားပြီလား... 'ဝေယံ' လို့ပဲခေါ်..."
"ဟင့်အင်း... ငါက ငါသဘောကျခဲ့ဖူးတဲ့သူကိုပဲ အဲ့လိုခေါ်ချင်စိတ်ရှိတယ်၊ မင်းက အဲ့ဒီသူမဟုတ်တော့ဘူး ငါနဲ့မဆိုင်တော့တဲ့သူသက်သက်ပဲ"
"အဲ့ဒီလေသံနဲ့ ငါ့ကိုမပြောနဲ့ ခွန်း..."
ခပ်သဲ့သဲ့ကြားနေရတဲ့ စကားစစ်ပွဲက တဖြည်းဖြည်း ပြင်းထန်လာသယောင်။ ချောင်ကပ်ပြီး နားထောင်နေရတာဆိုပေမယ့် တကယ်လို့ လိုအပ်လာရင် ကျွန်တော်ဝင်သင့်ရင်ဝင်ရမှာပဲ။
"မင်းအကွက်တွေကို ငါအလွတ်ရနေပြီ အာကာဝေယံ...
မင်းကငါ့ကို ကြောက်တတ်လာအောင်လုပ်နေတာ၊ ငါ့ကိုချည်းကပ်တဲ့သူမှန်သမျှကို ရှိသမျှနည်းနဲ့ပညာပြပြီး ငါ့အနားကထွက်သွားကြအောင် ဒါမှမဟုတ် ငါကိုယ်တိုင်ကိုက ဘယ်သူ့မှအနားအကပ်မခံတော့အောင် လုပ်ရင်း ငါ့ကိုလှောင်အိမ်ထဲသွင်းနေတာ... မင်းတစ်ယောက်တည်း အလှကြည့်လို့ရမယ့် လှောင်အိမ်ထဲမှာ ငါ့ကိုတစ်သက်လုံး တောင်ပံဖြန့်ပျံခွင့်မရမယ့် ငှက်တစ်ကောင်လို သော့ခတ်ပိတ်ထားချင်တာ..."
"အဟွန်း... မင်းနားလည်သားပဲ ခွန်း...
ဒါနဲ့များဘာလို့ ဇွတ်အတင်းငါ့ဆီကပျံထွက်ချင်နေတာလဲ...
ငါမင်းကို လွှတ်မပေးမှန်းသိရက်နဲ့၊ ခဏလွှတ်ပေးထားရင်တောင် နောက်ဆုံးပြန်ဖမ်းမိမှာကို သိရက်နဲ့ ဘာလို့အပင်ပန်းခံပြီး
ထွက်ပြေးနေသေးတာလဲ..."
"မင်းကိုသိစေချင်လို့..."
"..."
"မင်းဖမ်းထားတာ ငှက်အရုပ်မဟုတ်ဘူး၊ ငှက်...
မင်းကမပျံစေချင်ရုံနဲ့ သူ့ရဲ့ပျံသန်းတတ်တဲ့သဘာဝက ပျောက်မသွားဘူး..."
လူသွားလူလာမရှိတဲ့ ချောင်ကျကျလမ်းကြားထဲမှာ စက္ကန့်အတော်ကုန်သွားတဲ့အထိ ဘာသံမှမကြားရဘဲ တိတ်ဆိတ်သွားခဲ့တယ်။ အတန်ကြာမှ...။
"အဲ့တော့ မင်းကဘာလုပ်ချင်တာလဲ ခွန်း...
မဟုတ်ဘူး ဘာလုပ်နိုင်မှာလဲ၊ ငါ့ဆီကို အေးအေးဆေးဆေး ပြန်လာလိုက်ပြီး ချာတိတ်ကိုဆက်ဒုက္ခမပေးဖို့ တောင်းဆိုဖို့ရာကလွဲရင် မင်းမှာ တခြားဘာနည်းလမ်းရှိသေးလို့လဲ"
"ရှိတာပေါ့..."
တစ်ချိန်လုံး ငြိမ်ငြိမ်ပုန်းလျိုးနေခဲ့တဲ့ ကျွန်တော်ဟာ ခေါင်းလေးနည်းနည်းပြူထွက်ရင်း ကိုကို့မျက်နှာကို လှမ်းဆုံချက်ချကြည့်လိုက်တယ်။ နေရောင်လေး မဖျိုးမဖျကျနေတဲ့ လမ်းကြားလေးထဲ ကိုကို့မျက်မှန်ကိုင်းအကြည်လေးက လဲ့လက်လို့။
တစ်စုံတစ်ယောက်ကို တည့်တည့်ကြည့်နေတဲ့ အဲ့ဒီမျက်ဝန်းနက်တွေကတော့ စူးရှလေးနက်နေခဲ့တယ်။
"ခန့်ငယ်ကို ငါကာကွယ်မှာ..."
"..."
"သူ့ကိုယ်ပေါ်မှာခြစ်ရာလေးတစ်ကြောင်းတောင် မင်းလာမလုပ်နိုင်အောင် ငါသေချာပေါက် ကာကွယ်မှာ..."
____________________________________
To be contined...
💖💖💖
A/N* ဟာချီကို (Hachiko) ကိုတော့ သိကြမယ်ထင်ပါတယ်။
ဂျပန်က ပါမောက္ခကြီးတစ်ဦးနဲ့ သူ့ခွေးလေး ဟာချီရဲ့ မသိသူမရှိတဲ့ နာမည်ကြီးဖြစ်ရပ်မှန်ဇာတ်လမ်းလေးလေ...။ ပြန်ပြောပြရရင်တော့... အဟမ်း...
ဟီဒဲဆာဘူရို အူအဲနို (Hidesaburo Ueno) ဆိုတဲ့ တက္ကသိုလ်ပါမောက္ခကြီးမှာ ဟာချီကိုဆိုတဲ့ အာခိတ(Akita) မျိုးရိုးခွေးလေးရှိပါတယ်။ မနက်မနက် အူအဲနို-စံ အလုပ်ကိုသွားတိုင်း ဟာချီက ဘူတာရုံထိလိုက်ပို့ပေးပြီး ညနေခင်းအလုပ်ဆင်းချိန်ဆို ဘူတာရုံမှာပဲ အချိန်မှန်လာစောင့်ပြီး သခင်ကိုကြိုနေလေ့ရှိတယ်။ အဲ့ဒါကသူ့ရဲ့ နေ့စဉ်အလုပ်ပေါ့။
တစ်နေ့ကျတော့ အူအဲနို စံက အလုပ်မှာရှိနေတုန်း ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားခဲ့တယ်။
အဲ့ဒီအဖြစ်အပျက်ကိုမသိရှာတဲ့ ဟာချီလေးက ပုံမှန်အတိုင်းအချိန်မှန်  ဘူတာရုံမှာ သခင်ကိုလာစောင့်နေခဲ့ပေမယ့် သူ့သခင်ကတော့ ဘယ်တော့မှပြန်မလာနိုင်တော့ဘူး။
ဒါပေမယ့် အာခိတမျိုးရိုးတွေရဲ့ သစ္စာရှိမှု၊ သခင်အပေါ် အလွန်အမင်းခင်တွယ်မှု၊ အကြွင်းမဲ့နာခံမှုက ဟာချီမှာရှိနေတော့ သူဟာ အကြာကြီးစောင့်တာတောင် သခင်ပေါ်မလာတဲ့ အဲ့နေ့အတွက် အိမ်ကိုတစ်ယောက်တည်း ပြန်သွားခဲ့ပေမယ့် နောက်ရက်ကျတော့ အချိန်မှန် ဘူတာရုံကို ရောက်လာပြန်တယ်။ သူ့သခင်ကို စောင့်နေပြန်တယ်။
နောက်ရက် နောက်ရက်တွေလည်း လာစောင့်နေတုန်းပဲ...
သူ့အော်သံ ဟောင်သံကို အမြဲကြားနေရတဲ့ ဘူတာရုံအနားက လူတစ်ချို့က သူ့ကိုနှင်ထုတ်ကြတယ်။ ဒါလည်း ပြန်လာတာပဲ။ အူအဲနို-စံဆုံးပြီဆိုတာ သူမှမသိတာ။ သူ့အတွေးမှာ သခင်က အလုပ်ပြီးရင် သေချာပေါက်ပြန်လာမယ် သူ့ကိုပွေ့ဖက်နှုတ်ဆက်မယ်ပဲ ယုံထားတယ်လေ...။
အဲ့သလို နေ့စဉ်ရက်ဆက် စောင့်ရင်း ကြာလာတော့
ဟာချီလေးကိုသနားတဲ့ ဘူတာရုံနားမှာနေသူတစ်ယောက်က သူ့အိမ်ကို ခေါ်သွားတယ်။ ဟာချီကလည်း အိမ်မပြန်တော့ဘဲ အဲ့မှာမြဲသွားတယ်။  ဒါပေမယ့် သခင်ကို ဆက်စောင့်နိုင်ဖို့ အစာစားပြီး အိပ်စရာနေရာတစ်ခုအဖြစ် သတ်မှတ်လိုက်ရုံပဲ ဖြစ်ပုံရရဲ့။ နေနေတဲ့အိမ်ပြောင်းသွားတာတောင် ဟာချီက အချိန်တန်ရင် ဘူတာရုံနားထွက်လာပြီး စောင့်တဲ့အလုပ်ကို မပျက်မကွက်လုပ်နေတုန်း...။
အဲ့ဒီအတိုင်းပဲ ရက်ပေါင်းများစွာ ခွေးကလေးဟာချီဟာ အချိန်မှန် သူ့သခင်ကို ကြိုးစားပမ်းစားစောင့်နေခဲ့တာ ဓမ္မတာအလျောက် သူသေသွားတဲ့နေ့အထိ တစ်ရက်မှမပျက်ခဲ့ဘူးတဲ့...။ အစက ဒီဇာတ်လမ်းက လူသိပ်မသိပါဘူး။ စာရေးဆရာတစ်ယောက်က ဟာချီရဲ့အကြောင်းကြားမိရင်း စိတ်ဝင်စားပြီး လိုက်စုံစမ်းရင်း ဝတ္ထုတစ်ပုဒ်ရေးမထုတ်လိုက်ခင်ထိပေါ့။
အဲ့ဝတ္ထုက အရမ်းပေါက်သွားခဲ့ပြီး ဂျပန်တစ်နိုင်ငံလုံး မသိသူမရှိဖြစ်သွားခဲ့တယ်။ ဟာချီ့ ကိုလည်း ချစ်စနိုးနဲ့ ဟာချီကိုလို့ တမြတ်တနိုးခေါ်ကြပြီး သူ့ရဲ့ပန်းပုရုပ်ကိုထုလို့ သူ့သစ္စာရှိမှုကို ဂုဏ်ပြုကြတယ်။ ဟာချီအကြောင်းရေးတဲ့ဝတ္ထုကလည်း inter မှာ remake movie တွေ ver အစုံပြန်ရိုက်ရတဲ့အထိ နာမည်ကြီးပြီး ဒီဇာတ်လမ်းက  ကမ္ဘာကျော်လာတယ်။
ဒါကတော့ ခွေးကလေးဟာချီကိုရဲ့ စောင့်စားခြင်းနေ့ရက်ရှည်များ ဇာတ်လမ်းပေါ့လေ...
(oh... သိရအောင် note ရေးရင်း စိတ်တွေပါပြီး ရှည်သွားတယ် 👀)။
တိုင်းသိပြည်သိဖြစ်လာပြီးတဲ့နောက် ဟာချီကိုရဲ့ဓာတ်ပုံလေးတွေ...။ 
ဒါကတော့ ဂျပန်နိုင်ငံ၊ တိုကျို၊ ရှီဘူယမှာရှိတဲ့ ဟာချီကိုရဲ့ရုပ်ထုပါ။
*
Shiba နဲ့ Akita က ဂျပန်မျိုးရိုးခွေးချင်းတူပေမယ့်
trait ချင်းရော appearance ရော ကွာပါတယ်။
⚪ Akita က အကောင်ကြီးပြီး အမွှေးပိုဖွာတဲ့ဘက်
⚫ Shiba က အကောင်သေးပြီး Akita လောက် shubby မဖြစ်တဲ့ဘက်
⚪ Akita က နာခံတတ် ရိုသေတတ်ပြီး သခင်ကို affectionate သိပ်ဖြစ်တဲ့ဘက်
⚫ Shiba က ခေါင်းမာပြီး မာနကြီးတဲ့ ကိုယ်လုပ်ချင်ရာလုပ်တဲ့ independent ဖြစ်တဲ့ဘက်ပါ။
တောင်တခြားမြောက်တခြား မွေးချင်းတွေလို့ ပြောရမလား...။ 
ဒါကြောင့် ခန့်ခန့်က နှစ်မျိုးယှဉ်ပြောပြီး သူ Shiba ပီသကြောင်း ပြသွားတာပါ။ (⁠~⁠ ̄▽ ̄⁠)⁠~
Novella ✒️
နေရတယ်ဆိုတော့လည်း ဘာပဲဖြစ်ဖြစ် အစ်ကိုတစ်ယောက်အနေနဲ့ ဗီလိန်ရိုးလ်လျော့တာပေါ့။
"ကျွန်တော်က ဒီအတိုင်း ဘယ်မှာရလဲသိလားပဲ မေးကြည့်တာကို... ကိုကိုကဝယ်ချလာတာလား... အားနာစရာကြီး..."
ကျွန်တော် ကိုကို့ဆီကစာအုပ်တွေ လှမ်းယူလိုက်တယ်။
"ခဏလေး... ဒါတွေ ဘယ်လောက်လဲကိုကို..."
"မပေးနဲ့... ငါကလေးကို လက်ဆောင်ပေးတာ..."
"ဗျာ..."
"စာဖတ်ကျင့်ဆိုတာ ကလေးစာပေကစတာ...
ဘယ်အရွယ်ကစဖတ်ဖတ် ကလေးစာပေတွေက စိတ်ပျော်စေတယ်၊ စိတ်ကူးယဉ်မှုအားကောင်းစေတယ်၊ အခြေခံအမူအကျင့်နဲ့  လောကရဲ့အကောင်းအဆိုးတွေကို ဟာသနှောပြီး သင်ပြပေးတယ်၊ တဖြည်းဖြည်းနဲ့မှ ပိုကျယ်ပြန့်တဲ့စာပေလောကထဲကို ဝင်လေ့လာချင်စိတ်ပေါက်လာမှာပေါ့... ဒီခေတ်ကလေးတွေ စာအုပ်ကိုင်ချင်စိတ်ရှိတာ ကောင်းတဲ့အကျင့်ပဲ၊ ဖုန်းထဲကအကုန်ဖတ်လို့ရတယ်ဆိုရင်တောင် စာအုပ်ကိုင်ဖတ်ရတာနဲ့က အရသာမတူဘူး... စာအုပ်တွေက ခေတ်ပေါ်ပစ္စည်းမှန်သမျှနဲ့ ပခုံးချင်းယှဉ်ပြီး စိတ်ကျေနပ်မှုပေးနိုင်တဲ့ ခေတ်နောက်ကျကျန်မနေခဲ့တဲ့ တစ်ခုတည်းသောအရာလေ..."
ခင်ဗျားကတော့ ခင်ဗျားပါပဲ။
စာကြမ်းပိုး mood အမြဲ ပွင့်နေနိုင်တာကို မချီးကျူးဘဲမနေနိုင်တော့ဘူး။
"ကိုကိုက မတရားဘူး..."
"ဘာ..."
"ကျွန်တော့်ကိုတောင် စာတိုက်ကနေ စာအုပ်တစ်အုပ်မှ စိုက်ဝယ်မပေးဖူးဘဲနဲ့... သူ့ကျသုံးအုပ်ကြီးများတောင် ဝယ်ပေးတယ်"
"မင်းက ကာတွန်းစာအုပ်ဖတ်ချင်သေးတာလား..."
"အာ... မဟုတ်ဘူးလေ...
တခြားစာအုပ်ပေါ့"
"တစ်အုပ်ပဲရမယ်... လိုချင်ရင်လိုက်ခဲ့..."
အဲ့သလိုပြောပြီး သူ့ဆိုင်ကယ်ရပ်ထားတဲ့ဆီလှည့်ထွက်သွားတော့ ကျွန်တော်လည်း ပြာပြာသလဲ သူ့နောက်ကလိုက်ဖို့ ပြင်ရတာပေါ့။
"မင်းဆိုင်ကယ်က ဘာဖြစ်နေလို့လဲ..."
"အပူရှပ်ပြီးဖျားနေလို့..."
"..."
မျက်ခုံးကျုံ့ပြီးစိုက်အကြည့်ခံလိုက်ရသော်လည်း
ဒီတစ်ခါတော့ ဘူးသီးကြော်အကျွေးမခံရတဲ့အတွက်
မောင်လင်းခန့်တစ်ယောက် ယူကလစ်ပင်ကိုဖက်ပြီး ပါသွားပြန်ပါပြီ။
စာတိုက်ကိုရောက်တော့ ကိုကိုဆိုင်ကယ်ရပ်နေတုန်းမှာ ကျွန်တော်က လက်ထဲကကာတွန်းစာအုပ်တွေ ဟိုလှန်ဒီလှန်လှန်လိုက်ရင်းတွေ့တဲ့ စိန်မျောက်မျောက်အပိုင်းတိုလေးကိုခွီလို့ လမ်းဘေးက ရပ်စောင့်နေလိုက်တယ်။
တွတ်ပီမှာ အမှတ်မိဆုံးစကားက "ဒီနေ့ကံမကောင်းပါလား" ဆိုရင် စိန်မျောက်မျောက်ထဲ အမှတ်မိဆုံးစကားက "အီမေ့မေ့..." ဖြစ်လိမ့်မယ်။ ဘယ်လိုစဖွင့်ဖွင့် အပေါက်အရှများတဲ့ဒီကောင်က အဆုံးကျရင် အီပြီးမေ့သွားအောင်ခံလိုက်ရတာချည်းပဲမလား...။
ဪ... ဒီဇာတ်ကောင်တွေနဲ့ကြီးလာတဲ့ ငယ်ဘဝလေးတောင် ပြန်သတိရလာပြီ။
ကိုယ့်အာရုံနဲ့ကိုယ်ဖြစ်နေတဲ့ကျွန်တော်တစ်ယောက် ဘေးဘီဝဲယာမကြည့်ဘဲ ကိုယ်ကိုလှည့်ပြီး ခြေလှမ်းလှမ်းလိုက်တုန်းမှာ...
"တီ တီ..."
"လင်းခန့်၊ သတိထား..."
နောက်ကလှမ်းအော်သံနဲ့အတူ လက်တစ်စုံရဲ့ဆွဲယူသွားမှုကို ခံလိုက်ရတယ်။ ဂျိုင်းကြားညှပ်ထားတဲ့ စာအုပ်နှစ်အုပ်ဟာ ခြေနင်းဘေးနားကို ပြုတ်ကျသွားကြပြီး ကိုင်ထားမိတဲ့တစ်အုပ်ကတော့ လက်ထဲပါလာရဲ့။
အရှိန်နဲ့လာတဲ့ ဆိုင်ကယ်တစ်စီးက ကျွန်တော့်နားကနေ ပွတ်သီကပ်သီလေးဖြတ်သွားတယ်။
တော်သေးတာပေါ့... အီပြီးမေ့သွားတော့မလို့...။
၁၈၀ ဒီဂရီလည်သွားပြီး ရှေ့ကိုကိုင်းညွှတ်နေတဲ့ ကျွန်တော်ခန္ဓာကိုယ်က နွေးထွေးတဲ့ရင်ခွင်တစ်ခုထဲမှာ မှီလျက်သား။ မျက်လုံးအသာဖွင့်လို့ မော့ကြည့်လိုက်ချိန် ဆုံချက်ထဲ ကွက်တိဝင်ချလာတာက တစ်စုံတစ်ယောက်ရဲ့ ရဲဖျော့ဖျော့နှုတ်ခမ်းတွေ။ သူရှူထုတ်လိုက်တဲ့ လေတစ်သုတ်နှစ်သုတ်ဟာ ကျွန်တော့်မျက်ခုံးဖျားလေးကနေ ဖြတ်သွားကြတယ်။
အနီးကပ်ဆုံးမြင်နေရတဲ့ ကိုကို့မျက်နှာဟာ မျက်မှောင်ကျုံ့လျက်နဲ့ ကျွန်တော့်မျက်နှာကိုကျော်ပြီး လမ်းမတစ်လျှောက်ကို လှမ်းကြည့်နေလေရဲ့။
ဒါက... စင်တီမီတာ ဘယ်နှစ်စိတ်များလဲ။
နီးကပ်နေလွန်းလို့ ကိုကို့နှလုံးခုန်သံတွေတောင် ကျွန်တော်ရင်အုံမှာ လာရိုက်ခတ်နေသယောင်ပဲ။
ကိုကို့ကိုယ်ပိုင်ကိုယ်သင်းနံ့လေးဟာ ခပ်သင်းသင်းရေမွှေးနံ့နဲ့ရစ်ခွေရင်း နှာသီးဖျားလေးမှာ လာခိုတွဲလို့။ နည်းနည်းငုံ့ကြည့်လိုက်မယ်ဆို သွေးကြောစိမ်းတွေယှက်ဖြာနေတဲ့လည်တိုင်မှာ ကျကျနနရှိပြီး တည်ငြိမ်နေတဲ့လည်စေ့လေးကို မြင်ရတယ်။
မွေးကတည်းကခပ်မြင့်မြင့်ကလေးရှိတဲ့ ကျွန်တော့်နှာတံထိပ်ဖျားကလေးနဲ့ ကိုကို့ရဲ့လည်စေ့ကလေးကိုထိကြည့်ဖို့ တိုးကပ်လိုက်တုန်းမှာပဲ ကိုကိုက ကျွန်တော့်ပခုံးကိုကိုင်ထားရာက ပြန်တွန်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကိုယ်ပေါ်မှီထားတဲ့ကျွန်တော့်ကို ကိုယ့်ဟာကိုယ်သေချာပြန်ရပ်စေလိုက်တယ်။
လမ်းမတစ်လျှောက်ကိုရောက်နေတဲ့အကြည့်တွေ ကျွန်တော့်ဆီပြန်ကပ်လာတော့ ကျုံ့ထားတဲ့မျက်ခုံးတန်းတွေကို ဖြေချရင်း...။
"ဘာဖြစ်သွားသေးလဲ..."
"ဟင်..."
"ငါလှမ်းမဆွဲရင် မင်းဆိုင်ကယ်နဲ့ညိပြီးပါသွားတော့မှာ...
ခိုက်မိတဲ့နေရာရှိလားပြော..."
"ကိုကို..."
"အင်း..."
"ကိုကို အခုကျွန်တော့်ကို စိုးရိမ်ပေးနေတာလား..."
"..."
"အယ်... ဟုတ်တယ်ထင်တယ်နော်..."
အနားတိုးလို့ ကိုကို့မျက်ဝန်းအိမ်တွေကို စူးစိုက်ကြည့်လိုက်ရင်း  အသံရှည်ဆွဲပြောလိုက်တော့ ကိုကိုဟာနီးကပ်လာတဲ့ ကျွန်တော့်မျက်နှာကိုရှောင်ဖို့ ခေါင်းကိုတစ်ဖက်လှည့်လိုက်တယ်။ သူ့မျက်လုံးတွေကိုဖတ်တာ မကြိုက်တဲ့ပုံပဲ။
"အဟွန်း... နောက်ကျရင် လမ်းမပေါ်ပဲတက်ပြေးနေတော့မယ်၊
ဒါမှကိုကိုလှမ်းဆွဲပြီး ဖက်ထားပေးတာခံရမှာ..."
"လင်းခန့်၊ ဟာသလုပ်စရာမဟုတ်ဘူး"
"သဘောပြောတာလေ... ကိုကိုကလည်းဆူဖို့ချည်းပဲ"
"တော်ပြီ..."
အထွန့်တက်နေတဲ့ကျွန်တော်တစ်ခန်းရပ်သွားအောင် ပိတ်ပြောရင်း စာတိုက်အဝင်ဝဘက်ကို လျှောက်သွားလေရဲ့။
ကျွန်တော်လည်း ကျနေတဲ့စာအုပ်တွေကောက်ပြီး မှုန်တေတေမျက်နှာပေးနဲ့ ကိုကို့နောက်ကလိုက်လာရင်း...။
"ကိုကို... တကယ်လို့ ကျွန်တော်လမ်းပေါ်လျှောက်ပြေးနေရင် ကိုကိုက လိုက်ခေါ်ပြီး လာဖမ်းပေးမှာလား..."
"မင်းက ငါမွေးထားတဲ့ခွေးပေါက်စမဟုတ်ဘူး"
"ဟွန့်..."
ခေါင်းငုံ့လို့ နှုတ်ခမ်းတစူစူနဲ့ အသံတိတ်ပွတ်တွတ်ပွတ်တွတ်ရွတ်ပြီးပါလာခဲ့ရင်း ရုတ်တရက် ရှေ့ကသွားနေတဲ့သူရဲ့ခြေလှမ်းတွေ ရပ်သွားတာကိုမြင်တာနဲ့ 'ဘာဖြစ်လို့လဲ' လို့ လှမ်းမေးဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ကိုကို့ကိုကျော်ပြီး လှမ်းကြည့်လိုက်ချိန်မြင်လိုက်ရတဲ့ မျက်နှာကြောင့် မေးစရာမေးခွန်းပျောက်ရှလို့ ဦးနှောက်ပုံနှိပ်စက်ထဲ  အော်တိုပေါ်လာတာက 'အာ... ချီးလိုပဲ၊ လာပြန်ပြီဟေ့...'။
အခုလို ပေါ်ချင်တဲ့နေရာမှာ ဝုန်းခနဲပေါ်လာပြီး ဝင်နှောင့်ယှက်ချင်သလိုနှောင့်ယှက်တတ်တာ ဘယ်သူများရှိအုံးမလဲ။ တစ်မိုးအောက်တစ်ယောက် ဘယ်သူမှသူ့လောက် အမြင်ကပ်စရာမကောင်းတဲ့ ကိုမိုးကောင်းကင်ပေါ့။
နေရောင်အောက်မှာမို့ ပိုလို့နီညိုရောင်တောက်နေတဲ့သူ့ဆံပင်တွေကို ထိုးသပ်လိုက်ပြီး ကိုကို့နောက်ကကျွန်တော့်ကို ခနဲ့ပြုံးတစ်ခုနဲ့လှမ်းကြည့်ရင်း ရေရွတ်လာပုံက...။
"ချာတိတ်... ခွန်းကို မင်းအမေလိုလိုက်ကပ်နေတာ မပျင်းသေးဘူးလား"
"အဲ့ဒါက ဘယ်သူမေးရမယ့်မေးခွန်းလဲ...
ခင်ဗျားကမှ အခုလိုပေါ်ချင်တဲ့အချိန်ပေါ်ပေါ်ချလာပြီး ကိုကို့ကိုလိုက်နှောင့်ယှက်နေတာတွေ ရပ်လိုက်သင့်တာ၊
ကိုကိုက ကျွန်တော့်ချစ်သူ... ကျွန်တော့်ချစ်သူနောက်မှာ ကျွန်တော်ပါတာ ခင်ဗျားလိုအပြင်လူ လာဝေဖန်စရာကိစ္စမဟုတ်ဘူး"
ကျွန်တော့်စကားက သူ့နားထဲသေချာဝင်သွားပုံပဲ။
အဲ့ဒီအာကာဝေယံဆိုတဲ့ ဂွကျကျလူဟာ သဘောမကျဘဲနဲ့ သဘောကျသလိုပုံစံလုပ်ရယ်လိုက်တယ်။
"အပြင်လူဆိုပဲ... ဟားဟား..."
နှုတ်ခမ်းထောင့်တွေကွေးချိတ်ထားလျက်နဲ့ပဲ မျက်ခုံးပင့်လို့  အဲ့သလိုရေရွတ်လိုက်ပြီးတဲ့နောက် အကြည့်တွေကို ကိုကို့ဆီကိုရွေ့ယူသွားပြန်ရဲ့။
"ဘယ်လိုလဲ ခွန်း...
မင်းပြောကြည့်ပေးပါလား... ငါကအပြင်လူလား..."
ကိုကိုကတော့ ဘာစကားမှပြန်မပြောချင်တဲ့ပုံစံနဲ့  နှုတ်ဆိတ်ငြိမ်သက်နေဆဲ။
သုံးလေးစက္ကန့်စာ ငြိမ်သက်နေတဲ့လေထုထဲ စောင့်ရတာစိတ်မရှည်တော့ပုံပေါ်တဲ့ အဲ့ဒီလူဟာ မျက်ဆံတွေကိုအထက်ပင့်လိုက်ရင်း နှုတ်ခမ်းလွှာတွေဟလို့  လေတစ်ချက်မှုတ်ထုတ်တယ်။
နောက်ပြီး ဘာမပြောညာမပြောနဲ့ ဆတ်ခနဲကိုကို့လက်ကိုလှမ်းဆွဲပြီး ခေါ်သွားဖို့လုပ်ပါရော။ အဲ့အချိန် ကျွန်တော်သာ ကြားထဲကနေ ကိုကို့လက်ကိုပြန်ဆွဲပြီး "လွှတ်လိုက်..." လို့ပြောရင်
ဒါရုပ်ရှင်တွေထဲက သုံးပွင့်ဆိုင်ဇာတ်ဝင်ခန်းဖြစ်ပြီ။
ဒါပေမယ့်... ဘယ်နှစ်ပွင့်ဘဲဆိုင်ဆိုင်
ရုပ်ရှင်က ရုပ်ရှင်၊ လက်တွေ့ဘဝက လက်တွေ့ဘဝကိုး။
ဟိုလူက speed up လုပ်ထားတဲ့ game hero လိုပဲ သောက်ကျိုးနည်းလက်မြန်ခြေမြန်ရှိတယ်။ ကျွန်တော့်မှာ ကိုကို့ကိုလှမ်းတောင်မဆွဲလိုက်ရဘူး။ သူကဆွဲခေါ်သွားတာ လေးငါးမီတာရောက်နေပြီ။
ရုတ်တရက်ကြီးမို့ဘာဖြစ်သွားမှန်းမသိဘဲ ပါသွားရာကနေ သတိဝင်လာတဲ့ကိုကိုက ရပ်ထားတဲ့ကားနားမရောက်ခင်မှာပဲ အာကာဝေယံ့လက်ကို ဆောင့်ဖြုတ်ပစ်လိုက်တယ်။ ပြီးတော့ ဟိုကပြန်လှည့်ကြည့်လာတုန်းမှာပဲ အင်္ကျီစကိုလှမ်းဆွဲပြီး မျက်နှာကိုညာလက်နဲ့ ခွပ်ခနဲထိုးလိုက်တယ်။ ဟိုလူ ခေါင်းပါစောင်းကျသွားပုံကြည့်ရတာ ကိုကို့လက်သီးက အားပါပုံပဲ။
ကျွန်တော်တောင် ဆက်တိုက်ဆိုသလိုဖြစ်သွားတဲ့ အဲ့ scene နှစ်ခုကို ယောင်ပြီးငေးနေမိတယ်။ ရုပ်ရှင်လည်းမဟုတ်ဘဲနဲ့လေ...။
ကိုကို့အပြုအမူကို ခဏအံ့ဩသွားရုံပါပဲ။ အရင်ကတော့ အဲ့ဒီညာဘက်လက်နဲ့ပဲ ကိုယ့်ကိုကိုယ်အထိခိုက်ခံပြီးတောင် သူ့ကိုကာကွယ်ပေးခဲ့တာမဟုတ်လား။
အာ... နေပါအုံး ငလင်းခန့်။
မင်းက အရေးထဲ လိုက်စရာရှိတာလိုက်မသွားဘဲ ပွဲကြည့်ပရိသတ်လုပ်နေသေးတာလား။ သောက်ကျိုးနည်း... ဒါကြောင့်ခဏခဏ ငါးကြော်အခိုးခံနေရတာ။
သတိဝင်လာတာနဲ့ပဲ အံ့ဩတာနောက်ထားပြီး...
အမှတ်မရှိတဲ့ ကိုယ့်ကိုယ်ကိုယ်သတိပေးရင်း ပြေးလိုက်လာခဲ့ရတယ်။
"ခဏပဲလိုက်ခဲ့ ခွန်း... မကြာဘူး"
"ရူးမနေနဲ့... ဘယ်အချိန်မဆို လူကြားသူကြားထဲ ကြိုက်သလိုဆွဲခေါ်သွားလို့ရရအောင်
ငါက မင်းအပိုင်မဟုတ်ဘူး အာကာဝေယံ..."
ကျွန်တော်အနားရောက်လာတော့ သူအခုဏလေးကထိုးလိုက်တဲ့ တစ်ဖက်လူဆီမှာ ရိုက်ခတ်နေတဲ့ ကိုကိုရဲ့မာဆတ်ဆတ်လေသံမဝဲတဝဲလေး။
အဲ့ဒီလေသံနဲ့အပြောခံလိုက်ရတဲ့သူဟာ မျက်မှောင်ကျုံ့လို့  မျက်လုံးအိမ်တွေကျဉ်းမြောင်းသွားတဲ့အထိ ကိုကို့ကိုစိုက်ကြည့်လိုက်ရင်း...။
"ဒါဆို ဘယ်သူ့အပိုင်လဲ...
ငါ့အပိုင်မဟုတ်ရင် မင်းကဘယ်သူ့အပိုင်လဲ..."
"..."
ဒီလူမေးတဲ့မေးခွန်းဆို ဘယ်သင်းမှ ရှည်ရှည်ဝေးဝေးနားထောင်မနေဘဲ ကိုယ်လုပ်စရာရှိတာလုပ်တာကကောင်းပေမယ့် ဒီတစ်ခါတော့...။ ဒီမေးခွန်းကိုတော့ ကျွန်တော်လည်းစိတ်ဝင်စားသား...။
"ဘာလဲ ခွန်း... မင်းကိုယ်မင်းဘယ်သူ့ဆီပေးထားမိလဲတောင် မသိတော့ဘူးလား..."
"..."
အာကာဝေယံက ကိုကို့ကိုဆွလိုက်ရင်း ငြိမ်သက်နေတဲ့သုံးလေးစက္ကန့်စာကို ထပ်မစောင့်ချင်တဲ့ပုံစံနဲ့ ဒုတိယတစ်ကြိမ် လက်ကိုထပ်ဆွဲကိုင်လိုက်ပြန်တယ်။
"ခဏပဲ စကားပြောမယ်... လိုက်ခဲ့ ခွန်း...
ငါအတင်းမလုပ်ချင်ဘူး"
နေပါအုံး...။ အခုကရော အတင်းလုပ်နေတာမဟုတ်လို့ ဘာလဲ...။
"အာကာဝေယံ... ခင်ဗျား..."
ကျွန်တော်ကြားဝင်ပြီး ကိုကို့ကိုပြန်ဆွဲခေါ်ဖို့ လုပ်လိုက်ချိန်မှာပဲ ပခုံးပေါ်ကိုအုပ်ကိုင်လာတဲ့ လက်ဖဝါးတစ်ဖက်က ကျွန်တော့်စကားလုံးတွေကို အရှိန်သတ်စေလိုက်လို့။
"ကိုကို..."
မျက်နှာကိုလှမ်းကြည့်လိုက်တော့ "ကိစ္စမရှိဘူး" ဆိုတဲ့ပုံစံနဲ့ ခေါင်းအသာငြိမ့်ပြလာတာကြောင့် ကျွန်တော်  အနောက်ကိုခြေတစ်လှမ်းဆုတ်ပေးလိုက်ရတယ်။
"ဒီအနီးအနားတစ်နေရာမှာပဲ စကားပြောမယ်...
အချိန်အများကြီးမရဘူး၊ ခဏပဲ"
"ကောင်းပြီလေ..."
သဘောတူညီချက်ယူပြီးတဲ့နောက် ကိုကိုက ဘေးနားမှာရပ်နေတဲ့ ကျွန်တော့်ဘက်ကို ပြန်လှည့်ကြည့်လာရင်း...။
"ခဏလောက် စောင့်နေပေးမယ်မလား..."
အဲ့ဒီလေသံနဲ့ အဲ့ဒီမျက်ဝန်းတွေရဲ့ တောင်းဆိုမှုကို ခေါင်းငြိမ့်ပြရုံကလွဲလို့  တခြားဘယ်နည်းနဲ့ ကျွန်တော်ကတုံ့ပြန်နိုင်အုံးမှာလဲ။
ကိုကိုဟာ 'လိမ္မာတယ်...' ဆိုတဲ့အဓိပ္ပါယ်နဲ့ ပခုံးကိုသာသာပုတ်ပေးရင်း မထင်မရှားအပြုံးလေးတစ်ခု ကျွန်တော့်ကိုပြန်ပေးလာရဲ့။
အဲ့ဒီနောက်... သူတို့နှစ်ယောက် တစ်နေရာကို ထွက်သွားကြတယ်။
ကျွန်တော်ကတော့ လက်ထဲကကာတွန်းစာအုပ်တွေကို ဖျစ်ညစ်ကိုင်ထားရင်း အဲ့ဒီနေရာမှာ မတ်တပ်။
"စောင့်နေရမယ်..."
"စောင့်နေရမှာလား..."
လိမ္မာတဲ့ခွေးကလေးတွေဟာ သခင့်စကားကို တစ်သွေမတိမ်းနာခံကြသတဲ့။ ဥပမာ သခင်ကစောင့်နေဆိုရင် ငြိမ်ငြိမ်ကလေး စောင့်နေကြတာမျိုးပေါ့။
အလုပ်မှာသေသွားတဲ့သခင်ပြန်အလာကို သူမသေခင်အထိ ဘူတာရုံမှာနေ့တိုင်းအချိန်မှန်လာစောင့်တဲ့ ဂျပန်က Akita မျိုးရိုးခွေးကလေး ဟာချီကိုလိုမျိုး။
ဒါပေမယ့်... လိမ္မာတယ် လို့ချီးကျူးခံရဖို့ ဘာမှမသိလိုက်ဘဲ ဒီအတိုင်းစောင့်နေတာက တကယ်ပဲကောင်းလား။
ကိုကိုရာ...။ ကျွန်တော်က ကိုကို့စကားကို ဆယ်ခါ့တစ်ခါပဲ မြေဝယ်မကျနားထောင်ဖူးတာပါ။ အခုမှလာပြီး လိမ္မာပြနေရင် OOC ရာကျတာပေါ့။ ဒါမျိုးက လင်းခန့်မဆန်ဘူး။
[A/N *OOC: Out of Character -
မိမိစရိုက်နှင့်ကွဲပြားစွာပြုမူခြင်း ၊ role playing game များတွင် သုံးသောအသုံးအနှုန်း]
"မစောင့်ဘူးကွာ..."
ရုပ်တုလုပ်ပြီး ဂုဏ်အပြုမခံရလည်းနေပါစေတော့။
ကျွန်တော်က နာခံတတ်တဲ့ Akita မျိုးမဟုတ်ဘူး၊ ကိုယ်ကြိုက်တာကိုယ်လုပ်တဲ့ Shiba...။
အဲ့သလိုဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော်ဟာ ကွန်ဖီးဒန့်အပြည့်နဲ့ အမြီးကလေးမြှောက်ပြီး ကိုကိုပါသွားတဲ့ လမ်းကြားထဲကို လျှောက်လာခဲ့ပါတော့တယ်။
ဟိုကြည့်ဒီကြည့်နဲ့ဝင်လာခဲ့ရင်း ကွေ့ကလေးတစ်ခုနားရောက်တော့
မလှမ်းမကမ်းက အပြန်အလှန်ပြောနေတဲ့ အသံနှစ်ခုကို လှမ်းကြားလိုက်ရရဲ့။ ကျွန်တော်လည်း ခန္ဓာကိုယ်ကို ဓာတ်တိုင်နားမှာကပ်လို့ ကွယ်လိုက်ပြီး နားရွက်ကလေးထောင်ထားလိုက်တယ်။
အဖြစ်ကတော့မနှစ်ကနဲ့ဘာမှမခြားဘူး ဆိုတာလိုပဲ
တစ်နှစ်သာပြည့်တော့မယ် အခုထက်ထိ crush နဲ့ သူ့ချစ်သူဟောင်း စကားအချေအတင်ပြောနေတာကို ကွယ်ရာကခိုးနားထောင်ရတုန်း။ အောက်လိုက်တာ...။
ကိုယ့်အဖြစ်ကိုယ် လက်နှစ်ဆစ်လောက်သနားမိပေမယ့် ဘာတတ်နိုင်မှာလဲ...။ လေညာဘက်ကိုပဲ နားစွင့်ထားလိုက်ရတာပေါ့။
တစ်ဝက်တစ်ပျက် စကြားရတာက အေးအေးငြိမ်ငြိမ်ပြောနေတဲ့ ကိုကို့လေသဲမဝဲတဝဲလေး။
"မင်းရဲ့နည်းလမ်းတွေမှားနေတဲ့အကြောင်း ဘယ်သူ့ကိုရှင်းပြခိုင်းရမလဲဆိုတာ ငါတကယ်မသိတော့ဘူး၊
ငါရှင်းပြတာဆိုရင်လည်း မင်းကနားထဲထည့်တာမဟုတ်ဘူး"
"ရှင်းပြစရာမလိုဘူး၊ မှားတာတွေမှန်တာတွေလည်းမလိုဘူး၊
ငါလိုချင်တာက ရလဒ်ပဲ... ရလဒ်သာလိုချင်သလိုရမယ်ဆို ဘယ်နည်းလမ်းသုံးသုံးကိစ္စမရှိဘူး"
"ရလဒ်... မင်းပြောတဲ့ အဲ့ဒီရလဒ်က မင်းထက်၆နှစ်ကျော်ငယ်တဲ့ အပြစ်မရှိတဲ့ကလေးကို ထိခိုက်ဒဏ်ရာရအောင် အကြိမ်ကြိမ်လုပ်ပြီးမှ ရလာမယ့်ရလဒ်လား..."
"အဟွန်း... မင်းငါ့ကိုထိုးတာ အဲ့ဒါကြောင့်လား..."
မီတာအနည်းငယ်အကွာကနေ ကြားခံနယ်လေထုကိုဖြတ်လို့ နားထဲဝင်ရိုက်ခတ်လာတဲ့ စကားသံတစ်ချို့က ကျွန်တော့်ဦးနှောက်ထဲကို အတွေးစတစ်ခုထည့်ပေးလိုက်တယ်။
နေပါအုံး...။ ကိုကိုပြောသလိုဆို... အရင်လကတည်းက ကျွန်တော့်ဆီမှာဖြစ်နေတဲ့ ကံဆိုးမှုတွေက ဒီအတိုင်းသက်သက်ကံဆိုးမှု မဟုတ်ခဲ့ဘူးပေါ့။ အဲ့ဒီမတော်တဆဖြစ်ရပ်တွေအားလုံးက ကျွန်တော့်ကိုဦးတည်ပြီး သေချာဖန်တီးခဲ့တာပေါ့။ ပြီးတော့ ဒီကိစ္စတွေရဲ့ နောက်ကွယ်ကလူက မစ္စတာအသင်လောကမဟုတ်ဘဲ အဲ့ဒီမစ္စတာမိုးကောင်းကင်ကြီးပေါ့။ ဝှက်သယ်...။
"ဒီနည်းလမ်းအတိုင်းဆိုရင် မင်းအတွက် ရလဒ်ဆိုတာ မရှိတော့ဘူး အာကာဝေယံ..."
ကျွန်တော်တစ်ယောက်တည်း ဆက်တိုက်တွေအဖြေပေါ်နေမိတုန်း
ကိုကို့အသံကိုဆက်ကြားရတာနဲ့ နားရွက်ကလေးကို ပိုလို့ခပ်မြင့်မြင့်ထောင်ထားလိုက်မိတယ်။
"ဟက်... ဘာလို့မရှိရမှာလဲ၊ ငါမင်းနဲ့ လေးနှစ်ကျော်တွဲလာတာ... မင်းအကြောင်းကို ကောင်းကောင်းသိတယ် ခွန်း... မင်းဆိုတဲ့သူက ကိုယ့်ကိုအကြောင်းပြုပြီး သူများထိခိုက်နာကျင်ရမှာ တစ်ခုခုဆုံးရှုံးရမှာကို နည်းနည်းလေးတောင်မလိုလားတဲ့သူ၊ သိပ်ကို ဖြောင့်မတ်မှန်ကန်ပြီး အကျင့်ကောင်းလွန်းလို့ မင်းကြောင့် ဆိုတဲ့ အဖြစ်မျိုးဖြစ်မှာကို ခါးခါးသီးသီးမုန်းတဲ့သူ... ဘာမှမဟုတ်တဲ့ ဂျူနီယာလေးတစ်ယောက် စာပေကလပ်က ထွက်ရတာကစလို့... ငါ့ကိုအနားကပ်မရအောင် အကြောင်းပြဖို့ အနားထားထားတဲ့ချာတိတ်လေးတစ်ယောက် ပွန်းမှာပဲ့မှာအဆုံး အကုန်လုံးကို တာဝန်ယူချင်တာလေ..."
"..."
"ဘယ်လိုလဲ... အကုန်လိုက်တာဝန်ယူနေရတာ အခုထိ မပင်ပန်းသေးဘူးလား၊ မင်းက ပင်ပန်းမယ့်လမ်းကို တုံးတုံးအအနဲ့ အမြဲရွေးတာပဲ... မင်းတစ်ယောက်ပဲ မာနလေးနည်းနည်းချိုးနှိမ်လိုက်ရုံနဲ့ မင်းနဲ့ငါ့အတွက်ရော အားလုံးအတွက်ပါ အဆင်ပြေသွားမယ့် win-win situation မျိုးကို ဘာလို့မစဉ်းစားတာလဲ..."
"မာနလေးနည်းနည်းချိုးနှိမ်ရမယ်... ဟုတ်လား... ဒီ့ထက်ချိုးနှိမ်ရရင်လည်း ငါကမာနတစက်မှမရှိတဲ့သူဖြစ်ဖို့ပဲ ကျန်တော့တယ်... မင်းကရော မင်းရဲ့အတ္တတွေကို တစ်ခါလောက်ချိုးနှိမ်ကြည့်ဖို့ ဘာလို့မစဉ်းစားတာလဲ...
အရင်တုန်းကလည်း ဒီလိုပဲ၊ အခုထိလည်း ဒီအတိုင်းပဲ
မင်းက မင်းလိုချင်တာ၊ မင်းဖြစ်ချင်တာကိုပဲသိတယ်၊ ဘယ်သူ့အတွက်မှ ထည့်မစဉ်းစားဘဲ မင်းစိတ်ကျေနပ်မှုရဖို့အတွက် လုပ်ချင်ရာအကုန်လုပ်တယ်... အဲ့ဒါကြောင့်ပဲ အပြစ်မရှိတဲ့သူတွေ ထိခိုက်ရတော့ ငါ့ကိုအလွယ်လေး လက်ညိုးထိုးပြီး အကြောင်းပြလိုက်တယ်"
"မင်းကြောင့် လုပ်ရတာပဲလေ...
ငါက ဘယ်သူ့ကိုလက်ညိုးထိုးရမှာလဲ"
"အာကာဝေယံ "
"အဲ့လိုမခေါ်နဲ့... အဲ့ဒါမင်းငါ့ကို ခေါ်တဲ့ပုံစံမဟုတ်ဘူး၊
မေ့သွားပြီလား... 'ဝေယံ' လို့ပဲခေါ်..."
"ဟင့်အင်း... ငါက ငါသဘောကျခဲ့ဖူးတဲ့သူကိုပဲ အဲ့လိုခေါ်ချင်စိတ်ရှိတယ်၊ မင်းက အဲ့ဒီသူမဟုတ်တော့ဘူး ငါနဲ့မဆိုင်တော့တဲ့သူသက်သက်ပဲ"
"အဲ့ဒီလေသံနဲ့ ငါ့ကိုမပြောနဲ့ ခွန်း..."
ခပ်သဲ့သဲ့ကြားနေရတဲ့ စကားစစ်ပွဲက တဖြည်းဖြည်း ပြင်းထန်လာသယောင်။ ချောင်ကပ်ပြီး နားထောင်နေရတာဆိုပေမယ့် တကယ်လို့ လိုအပ်လာရင် ကျွန်တော်ဝင်သင့်ရင်ဝင်ရမှာပဲ။
"မင်းအကွက်တွေကို ငါအလွတ်ရနေပြီ အာကာဝေယံ...
မင်းကငါ့ကို ကြောက်တတ်လာအောင်လုပ်နေတာ၊ ငါ့ကိုချည်းကပ်တဲ့သူမှန်သမျှကို ရှိသမျှနည်းနဲ့ပညာပြပြီး ငါ့အနားကထွက်သွားကြအောင် ဒါမှမဟုတ် ငါကိုယ်တိုင်ကိုက ဘယ်သူ့မှအနားအကပ်မခံတော့အောင် လုပ်ရင်း ငါ့ကိုလှောင်အိမ်ထဲသွင်းနေတာ... မင်းတစ်ယောက်တည်း အလှကြည့်လို့ရမယ့် လှောင်အိမ်ထဲမှာ ငါ့ကိုတစ်သက်လုံး တောင်ပံဖြန့်ပျံခွင့်မရမယ့် ငှက်တစ်ကောင်လို သော့ခတ်ပိတ်ထားချင်တာ..."
"အဟွန်း... မင်းနားလည်သားပဲ ခွန်း...
ဒါနဲ့များဘာလို့ ဇွတ်အတင်းငါ့ဆီကပျံထွက်ချင်နေတာလဲ...
ငါမင်းကို လွှတ်မပေးမှန်းသိရက်နဲ့၊ ခဏလွှတ်ပေးထားရင်တောင် နောက်ဆုံးပြန်ဖမ်းမိမှာကို သိရက်နဲ့ ဘာလို့အပင်ပန်းခံပြီး
ထွက်ပြေးနေသေးတာလဲ..."
"မင်းကိုသိစေချင်လို့..."
"..."
"မင်းဖမ်းထားတာ ငှက်အရုပ်မဟုတ်ဘူး၊ ငှက်...
မင်းကမပျံစေချင်ရုံနဲ့ သူ့ရဲ့ပျံသန်းတတ်တဲ့သဘာဝက ပျောက်မသွားဘူး..."
လူသွားလူလာမရှိတဲ့ ချောင်ကျကျလမ်းကြားထဲမှာ စက္ကန့်အတော်ကုန်သွားတဲ့အထိ ဘာသံမှမကြားရဘဲ တိတ်ဆိတ်သွားခဲ့တယ်။ အတန်ကြာမှ...။
"အဲ့တော့ မင်းကဘာလုပ်ချင်တာလဲ ခွန်း...
မဟုတ်ဘူး ဘာလုပ်နိုင်မှာလဲ၊ ငါ့ဆီကို အေးအေးဆေးဆေး ပြန်လာလိုက်ပြီး ချာတိတ်ကိုဆက်ဒုက္ခမပေးဖို့ တောင်းဆိုဖို့ရာကလွဲရင် မင်းမှာ တခြားဘာနည်းလမ်းရှိသေးလို့လဲ"
"ရှိတာပေါ့..."
တစ်ချိန်လုံး ငြိမ်ငြိမ်ပုန်းလျိုးနေခဲ့တဲ့ ကျွန်တော်ဟာ ခေါင်းလေးနည်းနည်းပြူထွက်ရင်း ကိုကို့မျက်နှာကို လှမ်းဆုံချက်ချကြည့်လိုက်တယ်။ နေရောင်လေး မဖျိုးမဖျကျနေတဲ့ လမ်းကြားလေးထဲ ကိုကို့မျက်မှန်ကိုင်းအကြည်လေးက လဲ့လက်လို့။
တစ်စုံတစ်ယောက်ကို တည့်တည့်ကြည့်နေတဲ့ အဲ့ဒီမျက်ဝန်းနက်တွေကတော့ စူးရှလေးနက်နေခဲ့တယ်။
"ခန့်ငယ်ကို ငါကာကွယ်မှာ..."
"..."
"သူ့ကိုယ်ပေါ်မှာခြစ်ရာလေးတစ်ကြောင်းတောင် မင်းလာမလုပ်နိုင်အောင် ငါသေချာပေါက် ကာကွယ်မှာ..."
____________________________________
To be contined...
💖💖💖
A/N* ဟာချီကို (Hachiko) ကိုတော့ သိကြမယ်ထင်ပါတယ်။
ဂျပန်က ပါမောက္ခကြီးတစ်ဦးနဲ့ သူ့ခွေးလေး ဟာချီရဲ့ မသိသူမရှိတဲ့ နာမည်ကြီးဖြစ်ရပ်မှန်ဇာတ်လမ်းလေးလေ...။ ပြန်ပြောပြရရင်တော့... အဟမ်း...
ဟီဒဲဆာဘူရို အူအဲနို (Hidesaburo Ueno) ဆိုတဲ့ တက္ကသိုလ်ပါမောက္ခကြီးမှာ ဟာချီဆိုတဲ့ အာခိတ(Akita) မျိုးရိုးခွေးလေးရှိပါတယ်။ မနက်မနက် အူအဲနို-စံ အလုပ်ကိုသွားတိုင်း ဟာချီက ဘူတာရုံထိလိုက်ပို့ပေးပြီး ညနေခင်းအလုပ်ဆင်းချိန်ဆို ဘူတာရုံမှာပဲ အချိန်မှန်လာစောင့်ပြီး သခင်ကိုကြိုနေလေ့ရှိတယ်။ အဲ့ဒါကသူ့ရဲ့ နေ့စဉ်အလုပ်ပေါ့။
တစ်နေ့ကျတော့ အူအဲနို စံက အလုပ်မှာရှိနေတုန်း ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားခဲ့တယ်။
အဲ့ဒီအဖြစ်အပျက်ကိုမသိရှာတဲ့ ဟာချီလေးက ပုံမှန်အတိုင်းအချိန်မှန်  ဘူတာရုံမှာ သခင်ကိုလာစောင့်နေခဲ့ပေမယ့် သူ့သခင်ကတော့ ဘယ်တော့မှပြန်မလာနိုင်တော့ဘူး။
ဒါပေမယ့် အာခိတမျိုးရိုးတွေရဲ့ သစ္စာရှိမှု၊ သခင်အပေါ် အလွန်အမင်းခင်တွယ်မှု၊ အကြွင်းမဲ့နာခံမှုက ဟာချီမှာရှိနေတော့ သူဟာ အကြာကြီးစောင့်တာတောင် သခင်ပေါ်မလာတဲ့ အဲ့နေ့အတွက် အိမ်ကိုတစ်ယောက်တည်း ပြန်သွားခဲ့ပေမယ့် နောက်ရက်ကျတော့ အချိန်မှန် ဘူတာရုံကို ရောက်လာပြန်တယ်။ သူ့သခင်ကို စောင့်နေပြန်တယ်။
နောက်ရက် နောက်ရက်တွေလည်း လာစောင့်နေတုန်းပဲ...
သူ့အော်သံ ဟောင်သံကို အမြဲကြားနေရတဲ့ ဘူတာရုံအနားက လူတစ်ချို့က သူ့ကိုနှင်ထုတ်ကြတယ်။ ဒါလည်း ပြန်လာတာပဲ။ အူအဲနို-စံဆုံးပြီဆိုတာ သူမှမသိတာ။ သူ့အတွေးမှာ သခင်က အလုပ်ပြီးရင် သေချာပေါက်ပြန်လာမယ် သူ့ကိုပွေ့ဖက်နှုတ်ဆက်မယ်ပဲ ယုံထားတယ်လေ...။
အဲ့သလို နေ့စဉ်ရက်ဆက် စောင့်ရင်း ကြာလာတော့
ဟာချီလေးကိုသနားတဲ့ ဘူတာရုံနားမှာနေသူတစ်ယောက်က သူ့အိမ်ကို ခေါ်သွားတယ်။ ဟာချီကလည်း အိမ်မပြန်တော့ဘဲ အဲ့မှာမြဲသွားတယ်။  ဒါပေမယ့် သခင်ကို ဆက်စောင့်နိုင်ဖို့ အစာစားပြီး အိပ်စရာနေရာတစ်ခုအဖြစ် သတ်မှတ်လိုက်ရုံပဲ ဖြစ်ပုံရရဲ့။ နေနေတဲ့အိမ်ပြောင်းသွားတာတောင် ဟာချီက အချိန်တန်ရင် ဘူတာရုံနားထွက်လာပြီး စောင့်တဲ့အလုပ်ကို မပျက်မကွက်လုပ်နေတုန်း...။
အဲ့ဒီအတိုင်းပဲ ရက်ပေါင်းများစွာ ခွေးကလေးဟာချီဟာ အချိန်မှန် သူ့သခင်ကို ကြိုးစားပမ်းစားစောင့်နေခဲ့တာ ဓမ္မတာအလျောက် သူသေသွားတဲ့နေ့အထိ တစ်ရက်မှမပျက်ခဲ့ဘူးတဲ့...။ အစက ဒီဇာတ်လမ်းက လူသိပ်မသိပါဘူး။ စာရေးဆရာတစ်ယောက်က ဟာချီရဲ့အကြောင်းကြားမိရင်း စိတ်ဝင်စားပြီး လိုက်စုံစမ်းရင်း ဝတ္ထုတစ်ပုဒ်ရေးမထုတ်လိုက်ခင်ထိပေါ့။
အဲ့ဝတ္ထုက အရမ်းပေါက်သွားခဲ့ပြီး ဂျပန်တစ်နိုင်ငံလုံး မသိသူမရှိဖြစ်သွားခဲ့တယ်။ ဟာချီ့ ကိုလည်း ချစ်စနိုးနဲ့ ဟာချီကိုလို့ တမြတ်တနိုးခေါ်ကြပြီး သူ့ရဲ့ပန်းပုရုပ်ကိုထုလို့ သူ့သစ္စာရှိမှုကို ဂုဏ်ပြုကြတယ်။ ဟာချီအကြောင်းရေးတဲ့ဝတ္ထုကလည်း inter မှာ remake movie တွေ version အစုံပြန်ရိုက်ရတဲ့အထိ နာမည်ကြီးပြီး ဒီဇာတ်လမ်းက  ကမ္ဘာကျော်လာတယ်။
ဒါကတော့ ခွေးကလေးဟာချီကိုရဲ့ စောင့်စားခြင်းနေ့ရက်ရှည်များ ဇာတ်လမ်းပေါ့လေ...
(oh... သိရအောင် note ရေးရင်း စိတ်တွေပါပြီး ရှည်သွားတယ် 👀)။
တိုင်းသိပြည်သိဖြစ်လာပြီးတဲ့နောက် ဟာချီကိုရဲ့ဓာတ်ပုံလေးတွေ...။ 
ဒါကတော့ ဂျပန်နိုင်ငံ၊ တိုကျို၊ ရှီဘူယမှာရှိတဲ့ ဟာချီကိုရဲ့ရုပ်ထုပါ။
Shiba နဲ့ Akita က ဂျပန်မျိုးရိုးခွေးချင်းတူပေမယ့်
trait ချင်းရော appearance ရော ကွာပါတယ်။
⚪ Akita က အကောင်ကြီးပြီး အမွှေးပိုဖွာတဲ့ဘက်
⚫ Shiba က အကောင်သေးပြီး Akita လောက် shubby မဖြစ်တဲ့ဘက်
⚪ Akita က နာခံတတ် ရိုသေတတ်ပြီး သခင်ကို affectionate သိပ်ဖြစ်တဲ့ဘက်
⚫ Shiba က ခေါင်းမာပြီး မာနကြီးတဲ့ ကိုယ်လုပ်ချင်ရာလုပ်တဲ့ independent ဖြစ်တဲ့ဘက်ပါ။
တောင်တခြားမြောက်တခြား မွေးချင်းတွေလို့ ပြောရမလား...။ 
ဒါကြောင့် ခန့်ခန့်က နှစ်မျိုးယှဉ်ပြောပြီး သူ Shiba ပီသကြောင်း ပြသွားတာပါ။ (⁠~⁠ ̄▽ ̄⁠)⁠~
Novella ✒️
Continue Reading
You'll Also Like
10.2M 639K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
397K 28.3K 106
After loosing his parents All Arhan Ahmed khan had was his baby sister. Can he fall in love with tons of responsibilities on his young shoulders? Fol...
22.5K 1.7K 33
Oh sehun:::ဘယ်သူ့ကိုမှ..ထပ်ချစ်လို့ မဖြစ်ဘူး..ဘယ်သူ့ကိုမှလည်းထပ်ပြီးချစ်လာမှာမဟုတ်ဘူး Xiao Luhan:::ခင်ဗျားက ကျွန်တော့် အတွက်ပဲလူကြီး..ခင်ဗျားရှောင်ပြ...
6.1K 823 20