Heartless December❄️ ZG versi...

By Novella_1001

2.7K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day

အပိုင်း ၄၃ : နှင်းပန်းပွင့်

13 2 0
By Novella_1001

❄️❄️❄️

ကိုကို့မျက်နက်ဝန်းတွေက တိုးထွက်လာတဲ့အကြည့်တွေဟာ   စာမျက်နှာပေါ်မှာကပ်နေတဲ့ ခဲပန်းချီပန်းပုံကလေးမှာသာ ဆုံလို့။ သုံးလေးစက္ကန့်နေမှ သတိရသွားပြီး ခန္ဓာကိုယ်ကို ကိုကို့ဘက်ယိမ်းလို့ ကိုယ့်စာအုပ်ထဲကပုံကိုယ် ငုံ့ကြည့်လိုက်ရင်း အဖြေပေးမိတယ်။

"ဪ... အင်း အဲ့ဒါက အင်တာနက်ပေါ်ကတွေ့တဲ့ပုံလေး ကျွန်တော်သဘောကျတာနဲ့ ကူးဆွဲကြည့်တာ..."

"လှတယ်..."

"..."

ကျွန်တော်ကြည့်နေတုန်းမှာပဲ နို့နှစ်ရောင်လိုဖြူဖွေးနေတဲ့ လက်ချောင်းသွယ်ကလေးတွေဟာ စာရွက်သားပေါ်က ပန်းချီပုံလေးဆီကို ရောက်ရှိသွားကြရင်း ခပ်ဖွဖွတို့ထိပွတ်သပ်နေကြရဲ့။
ကိုကို့မျက်လုံးတွေထဲမှာတော့ ငြိမ်ဆိမ်ဖျော့တော့တဲ့  အရိပ်ကလေးတစ်ခု။

"မင်းဆွဲထားတာက အဲ့ဒီနှင်းပန်းပွင့်လေးတွေနဲ့ တကယ်တူတယ်..."

ဂိုက်လာတက်နေကတည်းက ကိုကိုက ကျွန်တော့်ရဲ့ပုံတူဆွဲစကေးကိုတော့ အပြစ်တစ်ခါမှမဆိုဖူးဘဲ 'မိတ္တူနှိပ်လို့တောင်ရတယ်၊ လှတယ်၊ သပ်ရပ်တယ်' လို့ ချီးကျူးနေကျဆိုပေမယ့် ဒီတစ်ခါချီးကျူးပုံက တမူထူးခြားနေသလို ခံစားမိတယ်။ ကျွန်တော်ဆွဲလာတဲ့ပုံထဲမှာ တစ်ခုခုကို မြင်နေသလိုမျိုး။

"ကိုကို..."

"အင်း..."

"ကိုကို့ကို မေးမလို့..."

"ပြော..."

"ကိုကိုက ဘယ်နှင်းပန်းကိုအကြိုက်ဆုံးလဲ...
ဟိုဟာ... လီလီတွေကို နှင်းပန်းဆိုပြီးလည်း ခေါ်လေ့ရှိတာပဲလေ... ပြီးတော့ ဒီလိုနှင်းပန်းတွေလည်း ရှိတာပဲဆိုတော့..."

ပြောရင်းနဲ့ စာမျက်နှာတစ်ဖက်ကိုလှန်လိုက်ပြီး ကျောချင်းကပ်ပွင့်နေတဲ့ လီလီပန်းပင်ပုံတစ်ပုံကို ထောက်လိုက်၊ နောက်တစ်ရွက်ထပ်လှန်ပြီး အဆုပ်လိုက်ပွင့်နေတဲ့ အလျားရှည်ရှည်နှင်းပန်းခက်တစ်ခက်တစ်ပုံကို ထိုးပြလိုက်နဲ့ စိတ်ကူးပေါက်ပြီးထဆွဲထားတာတွေကို လျှောက်ပြလိုက်တော့ ကိုကိုက ခဏအကဲခတ်လိုက်ပြီး ဒီလိုပြန်ပြောတယ်။

"ရှေ့ဆုံးကတစ်ပုံက 9 out of 10 ဆိုရင် ဒီနှစ်ပုံက 5 out of 10 ပဲရမယ်... သဘာဝမကျတဲ့အပြင် မှုန်းထားတာတွေကလည်း မသပ်ရပ်ဘူး" 

ထင်တယ်။ ထင်တယ်။ ညာဘက်လက်ကလေးက ကောင်းနေတော့ ပျင်းပျင်းရှိတာနဲ့ ခြံထဲကလီလီပန်းပင်ရှေ့ထိုင်ပြီး ဆွဲလိုက်၊
အမေဘုရားပန်းထိုးတဲ့ထဲက နှင်းပန်းတစ်ခက်ကောက်လာပြီး ထိုင်ဆွဲလိုက်နဲ့ ပန်းချီဆရာလုပ်တမ်းကစားနေမိတာ။ ဒါပေမယ့် လူသားမိတ္တူစက်လေးကျွန်တော်ရဲ့ ပုံဆွဲစကေးက ရုပ်သေဓာတ်ပုံမှမဟုတ်ရင် တယ်ဖျင်းတာကိုး။

လေတိုက်လို့လှုပ်နေတာတွေကြောင့် ဟိုစောင်းဒီစောင်းဖြစ်သွားရင် လိုက်မညှိတတ်တော့တာနဲ့၊ အနားသတ်တွေဆွဲတဲ့အခါ ချော်ထွက်နေတာနဲ့၊ သေးလိုက်ကြီးလိုက်ဖြစ်သွားတာနဲ့။ ကိစ္စတော့မရှိပါဘူးလေ။ ပန်းချီဆရာတို့ ဒီဇိုင်နာတို့လုပ်မှာမှ မဟုတ်တာပဲ။ ဝါသနာအရကိုး။

"ပုံတွေကိုထားလိုက်ပါ... ကိုကိုကဘယ် နှင်းပန်းကြိုက်တာလဲလို့..."

ထပ်မေးလိုက်တော့မှ ဝေဖန်ရေးသမားဝင်စားတဲ့ တစ်စုံတစ်ယောက်ဟာ စာရွက်တွေကိုရှေ့ပြန်လှန်လိုက်ပြီး ပထမဆုံးသူကြည့်ခဲ့တဲ့ ရိုးရိုးရှင်းရှင်း သေးသေးကွေးကွေး နှင်းပန်းပင်ပုံကလေးကို လက်ညိုးထိုးပြတယ်။

"ဪ... အဲ့တစ်ခုလား... "

"အင်း..."

"ကျွန်တော်လည်း ဆွဲသာဆွဲထားတာ...
အဲ့ပန်းလေးတွေကို မမြင်ဖူးဘူး၊ သိပ်လည်းမသိဘူး၊ အင်တာနက်ပေါ်မှာပဲတွေ့ဖူးတာ..."

"အများကတော့ နှင်းခေါင်းလောင်းပန်း လို့ခေါ်ကြတာပဲ၊ အပူပိုင်းမှာ သိပ်မပေါက်ဘူး... အရမ်းအေးတဲ့ တောင်ပေါ်ဒေသတွေမှာတော့ တော်တော်များများရှိတယ်"

ကိုကိုက ပန်းပင်ပုံလေးကနေ အကြည့်မခွာသေးဘဲ လေသံမဝဲတဝဲလေးနဲ့ပဲ သူသိတာတွေ ကျွန်တော့်ကိုပြန်ပြောပြနေတယ်။

"ဒီပန်းတွေက တစ်ဆောင်းလုံးငုံနေပြီး ဆောင်းကုန်ခါနီးမှ ပွင့်လာတတ်တယ်၊ အဖြူရောင်တစ်မျိုးပဲရှိတယ်... မယ်တော်မာရီရဲ့ ဖြူစင်သန့်ရှင်းမှုကို ကိုယ်စားပြုတဲ့ပန်းပေါ့..."

ကိုကိုက မျက်လွှာခဏချပြီး နှုတ်ခမ်းလေးလှုပ်ရုံ တစ်ခုခုကို ရွတ်ဆိုလိုက်တယ်။ သူယုံကြည်တဲ့ထာဝရဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းခံရတဲ့အမျိုးသမီးတဖြစ်လည်း ခရစ်တော်ရဲ့မိခင် မယ်တော်မာရီရဲ့ ဂုဏ်ကျေးဇူးကို  ချီးမွမ်းနေတာဖြစ်လိမ့်မယ်။

"အရင်က... ဒီပန်းတွေကို အနူးကခြံထဲမှာ စိုက်ထားဖူးတယ်၊
ဘုရားကျောင်းတက်မယ့်နေ့တွေဆို အိမ်နီးနားချင်းတွေက အနူးဆီကနေ ပန်းတွေလာတောင်းကြတာ မှတ်မိသေးတယ်..."

မျက်လုံးပြန်ဖွင့်လိုက်တဲ့အချိန်မှာ ကိုကို့မျက်ဝန်းတွေထဲမှာ မြင်ရတဲ့အရိပ်ကလေးက လှိုင်းလွန့်သလို လှုပ်ခတ်နေသယောင်။

"ကချင်စကားနဲ့ပြောတာများတဲ့ အနူးက ဒီပန်းတွေကိုတော့... ဗမာလို နှင်းပန်းပွင့်လေးတွေလို့ပဲ ခေါ်တယ်၊ သူကျောင်းသူဘဝက ကျောင်းမှာ သူအချစ်ဆုံးဖြစ်တဲ့ ဗမာဆရာမလေးတစ်ယောက်က အဲ့လိုခေါ်တတ်လို့တဲ့... ငါငယ်ငယ်တုန်းကဆို အနူးက နှင်းပန်းဥလေးတွေကို လမ်းဘေးက အရိပ်ကျတဲ့နေရာတွေမှာ လိုက်စိုက်ပေးရင်းနဲ့ 'နောက်နှစ်ဆောင်းကုန်ခါနီးကျရင် ဒီနေရာမှာပန်းခင်းလေးဖြစ်လာမှာ... အဲ့ကျရင် ပြန်လာကြည့်ရအောင်...' လို့ အမြဲတမ်းပြောတယ်၊ အဲ့တုန်းက အနူးကဘာလို့ အမြဲပန်းတွေလာကြည့်ဖို့ စိတ်လှုပ်ရှားနေတာလဲ ငါနားမလည်ဘူး၊ ဒီပန်းပင်တွေက အပွားမြန်တော့ ပန်းခင်းမြန်မြန်ဖြစ်တာ ဘာဆန်းလို့လဲ..."

နေရောင်ခြည်ဖျော့ဖျော့လေးက လေအတိုးမှာပွင့်ဟသွားတဲ့ ခန်းဆီးလိုက်ကာစကြားကနေ ချောင်းကြည့်လိုက် ပြန်ထွက်ပြေးသွားလိုက်လုပ်နေတဲ့အတွက် ကိုကိုကိုင်ထားတဲ့ ကျွန်တော့်ပုံဆွဲစာအုပ်လေးရဲ့ စာမျက်နှာပေါ်က ပုံရိပ်လေးမှာ အလင်းကြောင်းကလေးဟာ ပေါ်လိုက်ပျောက်လိုက်။
စာရှင်းနေတုန်းကကြားရတဲ့ တည်ငြိမ်ပြတ်သားတဲ့လေသံနဲ့ ကွဲပြားစွာပဲ လေတိုးသလို မဝဲတဝဲစကားပြောသံလေးဟာ ကျွန်တော်နားနားမှာ ဝေ့ဝဲနေတယ်။ ကျွန်တော်လည်း ကိုကို့ကိုမျက်နှာကိုငေးရင်း ငြိမ်ငြိမ်သက်သက်ပဲ နားထောင်နေခဲ့မိတယ်။

"ဒါပေမယ့်... အနူးဆုံးပြီးတဲ့နောက် ဘုရားကျောင်းကိုသွားတဲ့လမ်းမှာ အနူးစိုက်ခဲ့ဖူးတဲ့ နှင်းပန်းလေးတွေ အခင်းလိုက်ပွင့်နေတာမြင်တော့... အနူးဘာလို့ ပန်းတွေပြန်လာကြည့်တိုင်း ပျော်နေတတ်တာလဲဆိုတာ သဘောပေါက်လာတယ်... မိခင်တွေက သူတို့ရဲ့သွေးသားမျိုးဆက်ကို ကမ္ဘာပေါ်မှာချန်ထားခဲ့ကြရင်းနဲ့ သူတို့ကိုယ်တိုင်ရဲ့ရှင်သန်မှုကို ဂုဏ်ယူကြတာ၊ သူတို့ရဲ့တည်ရှိမှုကို ဒီလိုနည်းနဲ့ ကမ္ဗည်းထိုးခဲ့ကြတာ..."

"..."

တစ်ဖန် တိုးဝင်လာတဲ့နေအလင်းကြောင်းလေးရဲ့ အလင်းရောင်ထဲမှာ ကိုကို့မျက်တောင်ပေါ်ကပ်နေတဲ့ မှုန်မွှားမွှားရေစက်ကလေးတစ်ချို့ လဲ့လက်သွားတာကို တွေ့လိုက်ရတယ်။ နေရောင်လေး ကတိုက်ကရိုက်ပြန်ထွက်သွားတော့ ကိုကိုက စာအုပ်ကို ဖြေးဖြေးချင်းပိတ်လိုက်ပြီး ကျွန်တော့်ကိုလှည့်ကြည့်တယ်။

"မင်းရဲ့အမေကို စိတ်ပူရအောင်မလုပ်နဲ့ ...
စာမေးပြီးပြီဆိုတော့ အိမ်ပြန်တော့... ငါလိုက်ပို့ပေးမယ်
ခဏစောင့်..."

အဲ့သလိုပြောလို့ ထရပ်လိုက်ရင်း အနောက်ထဲဝင်သွားပြီး လက်ဆေးနေပါရော။ ခုဏတုန်းက ခဲပန်းချီပုံလေးကို ပွတ်လိုက်မိလို့ ပေသွားတဲ့ခဲမှုန်တွေ သွားဆေးတာထင်ရဲ့။ နောက်တော့ တစ်ရှူးတစ်ရွက်နှစ်ရွက်ဆွဲယူ၊ လက်သုတ်၊ အမှိုက်ပုံးထဲသေချာပစ်လို့ သူ့အခန်းထဲဝင်သွားရာက ဆိုင်ကယ်သော့ယူပြီး ပြန်ထွက်လာတယ်။
ကျွန်တော်ကတော့ ကိုကိုလုပ်သမျှလိုက်ငေးရင်း နေရာမှာပဲငုပ်တုပ်။ အပြင်ထွက်ဖို့အသင့်အနေအထားနဲ့  နှစ်မီတာအကွာလောက်မှာ ရပ်နေတဲ့သူက လူ့ကိုငုံ့ကြည့်လာလေရဲ့။

"ထလေ... ဘာလုပ်နေတာလဲ..."

"ကျွန်တော်အိမ်ကိုပြောခဲ့ပါတယ်ဗျာ... ပြီးတော့ ကျွန်တော်က ကိုကို့အိမ်မှာပဲဟာ... "

"ငါက မင်းအုပ်ထိန်းသူမဟုတ်ဘူး"

"ကိုကိုကလည်း... ကျွန်တော်ကကိုကို့..."

"ငါခွေးပေါက်စမမွေးဘူး"

"ဒါပေမယ့် မမွေးလည်း..."

"ကပ်နေလို့မရဘူး... ပြန်တော့..."

"ဟွန့်..."

ခင်ဗျားနော်...။ ကျွန်တော်ပြောမယ့်စကားတွေကို အဲ့လိုအကုန်ပိတ်ပြောလိုက်တော့ ဘယ်လိုလုပ်မလဲလို့...။

"ထလေ... သွားမယ်"

"ဟွန်း... ဘာလို့သွားရမှာလဲ..."

ကျွန်တော်ဟာ ထမလိုက်ဘဲ ဘုတ်ထိုင်ထိုင်ရင်း စူပုတ်ပုတ်။

"လင်းခန့်... ပေကပ်ကပ်မလုပ်စမ်းနဲ့..."

"ကိုကို ကျွန်တော့်ကို တစ်ခုခုကျွေးရင်သွားမယ်..."

"ဘာမှ မကျွေးဘူး "

"လုစားမယ်ဆိုရင်ရော..."

"လင်းခန့်!"

"ဗျာ..."

လိမ်လိမ်မာမာထူးလို့ ထရပ်လိုက်ရင်း ကိုကို့ကို စိုက်ကြည့်လိုက်တော့ 'ဘာကြည့်နေပြန်တာလဲ' ဆိုတဲ့ မျက်မှောင်ကျုံ့ပြတဲ့တုံ့ပြန်မှုကိုရတယ်။
လေလာတိုင်းမှာ ခန်းဆီးလိုက်ကာလေးက ဟစိဟစိ။ တိုးဝင်လာတဲ့ နေအလင်းကြောင်းလေးကိုတော့ မတွေ့ရတော့ဘူး။ အဲ့ဒီအစား လေထဲမှာကပ်ပါလာတဲ့ သဘာဝဆန်ဆန် ရနံ့တစ်ခုသာ ဝင်ရောက်လာခဲ့တယ်။ မြေသင်းနံ့လို့ သတ်မှတ်လို့ရတဲ့အနံ့မျိုး။
အနားကိုဖြည်းဖြည်းချင်းလျှောက်လာခဲ့တော့ ကိုကိုဟာ ကျွန်တော့်ကိုကြည့်နေဆဲ။ ကျွန်တော်တို့ကြားက အကွာအဝေးဟာ ဘယ်နှစ်လက်မမှ မရှိတော့တဲ့အထိပါပဲ။

"လင်းခန့်... ဆရာကို မခန့်လေးစားလုပ်တာ ကောင်းတဲ့အကျင့်မဟုတ်ဘူး"

"ဘယ်သူက ကျွန်တော့်ဆရာလဲ... ရောမပစ်ပါနဲ့ ကိုကိုရာ...
စာမေးတာပြီးသွားပြီ၊ ကိုကိုကကျွန်တော့်ဆရာမဟုတ်တော့ဘူး၊
ကျွန်တော်လိုက်နေတဲ့သူပြန်ဖြစ်သွားပြီ..."

"..."

ကျွန်တော်ဟာ ကျွန်တော့်ထက်နည်းနည်းအရပ်မြင့်တဲ့ ကိုကိုမေးဖျားနားလောက်ကနေ ဝင်သက်ထွက်သက်ရှိုက်လိုက်ရင်း
ကိုကို့ရဲ့ကိုယ်သင်းရနံ့ကိုရှာဖွေလိုက်တယ်။ ကျွန်တော့်ကို နောက်ပြန်တွန်းဖို့ ကိုကိုလက်ကလေးကြွလာတုန်းမှာပဲ ညာလက်နဲ့ သူ့လက်ကောက်ဝတ်ကို အသာဖမ်းဆုပ်ထားလိုက်လို့ အဲ့ဒီမှန်ပါးလေးနှစ်ချပ်အောက်က မျက်ဝန်းနက်တစုံကို မိမိရရကြည့်လိုက်တယ်။

ကိုကို... ကျွန်တော့်ကိုကြည့်ပါ။
ဟုတ်တယ်။ အဲ့သလို ပြန်ကြည့်ပါ။
'ဘာလုပ်ဖို့ကြိုးစားနေတာလဲ' ဆိုတဲ့ သဘောမျိုးပါတဲ့ ငြင်းဆန်တဲ့အကြည့်၊ သဘောမကျတဲ့အကြည့်နဲ့ကြည့်ပါ။
ခင်ဗျားအဲ့လိုကြည့်တဲ့ပုံစံကိုလည်း ကျွန်တော်ကချစ်တယ်။

သပ်ရပ်စွာချပ်ကပ်နေတဲ့ နှုတ်ခမ်းလွှာလေးတွေဆီ ကျွန်တော်မျက်ဆံတွေရွေ့သွားတာကို မြင်သွားတော့ ကိုကိုဟာ သူ့နှုတ်ခမ်းတွေကို ပိုပြီးကပ်ရပ်အောင် ပြုလုပ်လိုက်တယ်။ ဆုပ်ကိုင်ခံထားရတဲ့ လက်ကိုလည်းဆွဲထုတ်ဖို့လုပ်ရင်း ခုဏကအကြည့်တွေကိုလည်း ပိုလို့အရှိန်တင်ရင်း...။
ကျွန်တော်ကတော့ လည်ပင်းကိုနည်းနည်းဆန့်ထုတ်လို့ လမ်းကြောင်းထဲကိုဝင်လိုက်ပြီး ကျောက်ပတ်တီးမျက်နှာထောက်ရင် အကန်ခံရမှာတော့ မဟုတ်လောက်ပါဘူးဆိုတဲ့ ယုံကြည်ချက်တွေနဲ့ စွန့်စွန့်စားစားပဲ စင်တီမီတာတစ်ချို့ကိုဆွဲချုံ့ဖို့ ဆက်ကြံစည်နေခဲ့တယ်။ ဒီအသံကိုမကြားခင်အထိပေါ့...။

"ဂျိန်း..."

"..."

ပြတင်းတံခါးက ခန်းဆီးလေးဟာ ရှည်ကြာကြာဖြတ်တိုက်နေတဲ့လေညင်းကြောင့် တလူးလူးလွန့်လွန့်။ အပြင်ဘက်မှာတော့ လောကတစ်ခွင်လုံးညိုမှောင်လာတဲ့ အရိပ်အရောင်တွေနဲ့အတူ တဖြည်းဖြည်းအားကောင်းလာတဲ့ မိုးစက်ကျသံတွေကိုပါ ပီပီပြင်ပြင်ကြားလာရတယ်။ ကျွန်တော်ဟာ ပြတင်းတစ်ဖက်ကို လှမ်းငေးလိုက်မိတယ်။ လမ်းကတွေ့လာတဲ့ ပုစဉ်းတွေကိုကြည့်ရင်း တွေးမိခဲ့တဲ့ ကျွန်တော့်ရာသီဥတုခန့်မှန်းချက်က မှန်သွားသား...။

"တကယ်မိုးရွာတာပဲ..."

"ဘာလဲ... မင်းက မိုးအတုလို့ထင်လို့လား... ဖယ်စမ်း..."

ကျွန်တော်ငေးနေတုန်း အချိန်အခါကို ကောင်းကောင်းအသုံးချတတ်တဲ့ကိုကိုက ကျန်လက်တစ်ဖက်နဲ့ ကျွန်တော့်ညာလက်ကိုဆွဲကိုင်ပြီး အချုပ်ခံထားရတဲ့ သူ့လက်ကိုသူကယ်တင်လိုက်တယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။

"ကိုကို... မိုးကသည်းမယ့်ပုံပဲ"

"အင်း..."

"ဘယ်လိုလုပ်မလဲ...
ကျွန်တော့်ကျောက်ပတ်တီးက ရေစိုလို့မရဘူး"

ဖွေးဖွေးလှုပ်နေတဲ့ဘယ်လက်ကလေးကို မြှောက်ပြပြီး မျက်လုံးအိမ်တွေထဲ အသနားခံတဲ့အရိပ်အရောင်တွေ အပြည့်ဖြည့်လို့ အဲ့သလိုပြောလိုက်တော့ ကိုကိုဟာ စကားမတုံ့ပြန်ဘဲ လက်ထဲကဆိုင်ကယ်သော့ကို ခပ်တင်းတင်း ဆုပ်လိုက်တယ်။

"ဖြည်ဖို့အချိန်မတန်သေးဘဲ ရေစိုလို့ဖြည်လိုက်ရရင် ပျောက်ဖို့ အချိန်တွေ ပိုကြာကုန်တော့မှာ..."

"..."

ကျွန်တော် စကားတစ်စုပြောပြီးလို့ ကိုကို့မျက်နှာကို ပြန်ကြည့်လိုက်တိုင်းမှာ အဲ့ဒီမထူမပါး မျက်ခုံးတန်းတွေဟာ တစ်ကြောင်းနဲ့တစ်ကြောင်း ပိုပိုနီးကပ်လာကြတယ်။

"မိုးရွာကြီးထဲ မဖြစ်မနေ အိမ်ပြန်ရမှာလား... ကိုကိုက အဲ့လောက်တော့ မရက်စက်လောက်ပါဘူးနော်... "

"..."

"နော်..."

တစ်စုံတစ်ယောက်ဟာ ကျွန်တော်မြှောက်ပြနေတဲ့ ကျောက်ပတ်တီးကိုကြည့်လိုက်၊ မျက်လုံးတွေကို မဝိုင်းဝိုင်းအောင်လုပ်ပြီး အီပြနေတဲ့  ကျွန်တော့်မျက်နှာကိုကြည့်လိုက် နောက် ပြတင်းပေါက်အပြင်ကို တစ်ခါလှည့်အကဲခတ်လိုက်ပြန်ရင်း မျက်ခုံးတန်းတွေ တဖြည်းဖြည်းပြေကျသွားလေရဲ့။ နောက်တော့ မျက်လွှာချရင်း မှုတ်ထုတ်လိုက်တဲ့ လေတစ်ချို့နဲ့အတူ  ခပ်တိုးတိုးလေးရေရွတ်လိုက်တယ်။

"Jesus Christ..."

"အဟွန်း... ဒီမှာနေလို့ရပြီမလား..."

"အခုပြန်လို့မှမရတာ... ဘယ်တတ်နိုင်မလဲ
ငြိမ်ငြိမ်နေ..."

"ယေး... "

ဘယ်ရမလဲ။ ကျွန်တော် - တစ်မှတ်၊ ကိုကို - ဇီးရိုးပါ။
မိုးကိုအကြောင်းပြပြီး ကိုကို့အိမ်မှာ တစ်နေကုန်ခိုကပ်နေလို့ရပြီ။ အားရဝမ်းသာနဲ့ ဆိုဖာပေါ်ခုန်ဝင်ပြီး ထိုင်ချလိုက်ချိန်မှာပဲ ကျွန်တော့်အတွေးကို တိုက်ရိုက်ကြားနေသယောင်နဲ့
မဝဲတဝဲသတိပေးသံလေးက နားထဲတိုးဖြစ်အောင် တိုးဝင်လာသေးသဗျ။

"မင်းကို တစ်နေကုန်နေလို့ရတယ်လို့ ဘယ်သူမှမပြောဘူး...
မိုးတိတ်ရင် ပြန်..."

"ဟွန့်... "

မိုးသံကြားတာနဲ့ ကျွန်တော့်ရဲ့စွန်းစားခန်း တစ်ခန်းရပ်သွားရပေမယ့် ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ မိုးနတ်မင်းတော်သွားပြီ။ အရင်တစ်ခါကနုတ်ထားတဲ့ ၁၀မှတ်ပြန်ပေးမယ်။

"ဗိုက်ဆာတယ်... ကိုကို ကျွန်တော့်ကိုဘာကျွေးမှာလဲ..."

ကိုကိုက ဘာမှမပြောဘဲ ရေခဲသေတ္တာသွားဖွင့်ပြီး မိုင်လိုဘူးနဲ့ ချိစ်ပေါင်မုန့်တစ်ထုပ်ကို ဆွဲယူလာလေရဲ့။

"ကိုကို..."

"အင်း..."

"ကြာရင် မိုင်လိုက ကျွန်တော့်ကို loyal customer ဆု ပေးတော့မယ်"

တစ်စုံတစ်ယောက်ဟာ မျက်ခုံးတန်းနှစ်ဖက်ကိုဆွဲကျုံ့လို့ ထူးဆန်းသလိုအကြည့်နဲ့ ငုံ့ကြည့်လိုက်ရင်း...။

"ငါဝယ်ရတာပါ..."

"နေ့တိုင်းသောက်တဲ့သူက ကျွန်တော်လေ..."

"အဲ့တော့ ဘာထူးထူးခြားခြားခံစားရလဲ..."

"ဟီး... ကိုကို့ကိုချစ်တဲ့အချစ်တွေ တစ်နေ့ထက်တစ်နေ့တိုးလာတာလို့ ပြောရမလား..."

"မပြောနဲ့... စားစရာရှိတာစား..."

"ဟွန့်..."

ကျွန်တော် လက်ထဲထိုးထည့်ပေးသွားတာတွေကို စားပွဲပေါ်ပြန်ချလိုက်ပြီး  လှည့်ထွက်သွားတဲ့ကိုကို့နောက် ထလိုက်ခဲ့တယ်။ တစ်လှမ်းနှစ်လှမ်းမှာပဲ မှီသွားတာမို့ ကောင်းနေတဲ့လက်တစ်ဖက်နဲ့ ကိုကိုပခုံးကိုလှမ်းဆွဲကိုင်လို့ အဲ့လက်ပေါ်မှာမှ မေးဖျားကလေးကိုတင်ပြီးမှီလိုက်ရင်း...။

"ကိုကို ကျွန်တော်ပူတင်းစားချင်တယ်..."

"ထောက်..."

"အ..."

"ငါကဘာလို့လုပ်ပေးရမှာလဲ..."

နားယားသွားပုံရတဲ့ကိုကိုဟာ နောက်ပြန်တိုက်ကွက်တစ်ချက်ကို စေတနာပါပါနဲ့ ချီးမြှင့်လိုက်ရင်း ကျွန်တော့်ကိုခွာချပါရဲ့။
ကျွန်တော်လည်း နဖူးပွတ်ရင်း မျောက်ပြဆန်တောင်း ဆက်လုပ်တာပေါ့။

"ကျွန်တော့်ဟာကျွန်တော် လုပ်စားလို့မရလို့လေ... ဒီမှာတွေ့ဘူးလား..."

"မင်းအဲ့ကျောက်ပတ်တီးကိုမြှောက်ပြနေတာ တော်လိုက်တော့..."

"အာ့ဆို ကိုကိုကျွန်တော့်ကို ပူတင်းလုပ်ကျွေးလေလို့...
ပူတင်း... ပူတင်း... ပူတင်းပူတင်းပူတင်း..."

"ဘာလို့ မကျွေးမချင်း အင်္ကျီစကိုဆွဲနေတာလဲ...
မင်းကခွေးလား... ငြိမ်ငြိမ်နေစမ်း... နားညီးတယ်"

"ဝုတ်..."

"အဲ့လိုမအော်နဲ့..."

နောက်ဆုံးတော့လည်း...။

"အား... ဗိုက်ကိုပုရွက်ဆိတ်တက်တော့မှာပဲ
ပူတင်းလေးက ချိုလိုက်တာ..."

လက်တစ်ဖက်နာနေတဲ့ ရှီဘာပေါက်ကလေးတစ်ကောင်ဟာ အလျှော့မပေးစတမ်း နည်းပေါင်းစုံထုတ်ပြီး ကျားကုတ်ကျားခဲကြိုးစားရင်းနဲ့ treat လေးရခဲ့ပါပြီ။ လက်ခုပ်တီးပေးပါအုံး။

အဲ့ဒီနောက် လိုချင်တာရသွားလို့ကျေနပ်သွားတဲ့ ကျွန်တော်ဟာ ဆိုဖာပေါ်မှာငြိမ်ငြိမ်လေး ပက်လက်လှန်ရင်း ဖုန်းထိုင်ပွတ်နေခဲ့တယ်။

"ငါစာလုပ်စရာရှိတယ်... ငြိမ်ငြိမ်လေး အဲ့ဒီမှာနေနေ..."

ကိုကိုက ဆိုဖာကိုလက်ညိုးညွှန်ပြလို့ အထက်ပါအတိုင်း အမိန့်ချပြီး သူ့အခန်းထဲဝင်သွားတယ်။ နားထောင်ရမှာပေါ့။ ပူတင်းကစားပြီးသွားပြီကိုး။

ဒါနဲ့ပဲ ကျွန်တော်လည်း ပျင်းပျင်းရှိတာနဲ့ ဖုန်းစကရင်ကို တတောက်တောက်ခေါက်ရင်း သိချင်တာရှိတယ်ဆို ဂူးဂဲလ်အားကိုးပုဆိန်ရိုးလုပ်လေ့ရှိတဲ့ အကျင့်လေးအတိုင်း ရှာဖတ်နေမိတဲ့အကြောင်းအရာကတော့...။

"Snowdrop တဲ့... english name ကလည်း လှတာပဲ..."

မှန်ပါတယ်။ အစောလေးက ကိုကိုသဘောကျတယ်လို့ပြောတဲ့ နှင်းခေါင်းလောင်းပန်းခေါ် နှင်းပန်းသေးသေးကွေးကွေးလေးတွေ အကြောင်းပါပဲ။

ကမ္ဘာဦးအစ ဘုရားက ကမ္ဘာကိုဖန်ဆင်းခဲ့ချိန်တုန်းက နှင်းကို အရောင်တစ်ခုခုပေးနိုင်ဖို့အတွက် ပန်းတွေဆီ သူတို့ရဲ့အရောင်ကို နှင်းအတွက်ပေးနိုင်မလား လို့ သွားတောင်းဆိုခဲ့သတဲ့။ တစ်ခြားပန်းတွေအားလုံးက ငြင်းဆန်ကြပေမယ့် ဖြူဖွေးဖွေး သေးနုနုပန်းကလေးဖြစ်တဲ့ snowdrop ကတော့ သူ့ရဲ့အရောင်ကို နှင်းအတွက်ပေးခဲ့တယ်။ အပြန်အလှန်သဘောအနေနဲ့ snowdrop ဟာ နှစ်တိုင်းလိုလို တခြားပန်းတွေအားလုံးထက် စောပြီးပွင့်ခွင့်ကို ရတယ်။ အဲ့ဒီနောက်ပိုင်းကစလို့ နှင်း နဲ့ snowdrop ပန်းဟာ အကောင်းဆုံးမိတ်ဆွေတွေဖြစ်လာကြတယ်တဲ့။ အိမ်း...။ ပါးစပ်ရာဇဝင်တွေပေါ့လေ...။

အထက်ကတစ်ခုကတော့ ဂျာမနီထုတ်ဗျ။
ရိုမေးနီးယားထုတ်တစ်ခုကကျတော့ ဒီလိုဆိုတယ်။ နှစ်တိုင်းနှစ်တိုင်း နွေဦးရောက်တာနဲ့ နေမင်းဟာ ကမ္ဘာပေါ်ကိုနွေးထွေးမှုတွေ ဖြန့်ကျက်ပေးဖို့ မိန်းမလှလေးတစ်ယောက်အသွင်ကိုယူပြီး ဆင်းလာတတ်တယ်။ လူတွေက သူ့ကိုသိပ်ချစ်ကြပြီး သူရောက်လာမှာကို မျှော်တလင့်လင့် စောင့်စားတတ်ကြသတဲ့။ တစ်ရက်ကျတော့ ဆောင်းမိစ္ဆာကြီးက အဲ့ဒီနွေမ... အဲ... နေမလေးကို ဖမ်းသွားပြီး မြေအောက်အကျဉ်းတိုက်ထဲ ဖွက်ထားလိုက်ပါရော။ အဲ့သမှာ နေအလစ်သုတ်ခံလိုက်ရတဲ့ ကမ္ဘာကြီးက ညဘက်မီးပျက်သလို မှောင်တိမှောင်တောင်ယောင်တိယောင်တောင်နဲ့ ဝှက်သယ်ဟဲလ်တွေ ဖြစ်ကုန်တာပေါ့။ မိန်းမလှလေးဘဝပြောင်းထားတဲ့ နေမင်းက  'ငါတော့လွတ်မှာမဟုတ်တော့ဘူး... သွားပြီဟ...' လို့ လက်မှိုင်ချနေတုန်းမှာပဲ လူစွမ်းကောင်းလေးတစ်ယောက် အုန်းခနဲပေါ်လာပြီး သူ့ကိုကယ်ထုတ်ပေးခဲ့တယ်။ နေမင်းဟာ လွတ်မြောက်သွားပြီး ကမ္ဘာကြီးဟာလည်း မီးပြန်လာ... မှားလို့ ... ပြန်ပြီး အလင်းရောင်နဲ့နွေးထွေးမှု ခြုံလွှမ်းသွားခဲ့တာပေါ့။ ဒါပေမယ့် သူရဲကောင်းလေးကတော့ ဒဏ်ရာတွေနဲ့ လဲကျသွားခဲ့တယ်။ သူ့ရဲ့သွေးတွေ မြေပေါ်ကျသွားချိန် အဲ့နေရာကနေ ပထမဆုံး snowdrops တွေ ပွင့်လာခဲ့ကြတယ်။ နိဂုံးချုပ်လိုက်တော့ ကမ္ဘာကြီးမီးလာသွားပေမယ့် သူရဲကောင်းလူငယ်လေးကတော့ အလင်းရောင်ကို ထပ်မမြင်ရတော့ဘူးတဲ့။

မိုးအေးအေးနဲ့ ပုံပြင်တွေဖတ်မိရင်း ဘယ်ကဘယ်လို အိပ်ပျော်သွားမှန်းမသိဘူး။ နိုးတစ်ဝက်အိပ်တစ်ဝက် ဖြစ်နေတုန်းမှာ အိပ်မက်လိုလိုဘာလိုလိုနဲ့ တစ်ယောက်ယောက်က ဘေးနားမှာရပ်နေပြီး ကျွန်တော့်ကို အကြာကြီးစိုက်ကြည့်နေသလိုခံစားရတယ်။ ပြီးတော့ ကျွန်တော့်လက်ကကျောက်ပတ်တီးစပေါ်မှာ သူ့လက်ချောင်းတွေကို ထိတယ်ဆိုရုံဖွဖွကလေးတင်ပြီး တစ်ခုခုခပ်တိုးတိုးပြောလိုက်တယ်။

ကျွန်တော်နိုးလာတော့ မိုးတောင်တိတ်နေပြီ။ ဆိုဖာနားက ပြတင်းတံခါးကတော့ ငြိမ်သက်နေတဲ့ခန်းဆီးစတွေနဲ့အတူ ပိတ်လျက်ရှိနေတယ်။ မိုးကောင်းကောင်း ရွာချထားတဲ့အတွက် လေထုက စိုထိုင်းထိုင်း ချမ်းစိမ့်စိမ့်။ ဒါပေမယ့်... အေးတယ်လို့မခံစားရဘူး။ အကြောင်းအရင်းရှာလိုက်တော့ ကျွန်တော့်ကိုယ်ပေါ်မှာ အဖြူရောင်စောင်ပါးလေးတစ်ထည်။ မျက်နှာချင်းဆိုင်မှာတော့ ကိုကိုက စားပွဲလေးဘေးထိုင်ပြီး စာဖတ်နေခဲ့တယ်။

သူရဲ့ပုံမှန်ပုံစံအတိုင်း ခါးမတ်မတ်နဲ့ နှုတ်ခမ်းလွှာတွေကို စေ့စေ့ဖိကပ်ထားလျက် အာရုံစူးစိုက်နေတဲ့ မှန်ပါးလေးနှစ်ချပ်နောက်က မျက်လုံးနက်တွေ။ တိုးမျှင်မျှင်လေးထွက်နေတဲ့ စာရွက်လှန်သံကြားကနေ ကျွန်တော့်ရဲ့သမ်းဝေသံကို သတိထားမိသွားတဲ့နောက် အဲ့ဒီလူသားဟာ နားထင်ဘေးက မျက်မှန်ကိုင်းအကြည်လေးကို လက်နှစ်ချောင်းနဲ့ ပင့်တင်လိုက်ရင်း မော့ကြည့်လာလို့...။

"နိုးပြီလား..."

အဲ့လိုပဲတစ်ခွန်းမေးပြီး သူ့စာအုပ်ဆီ ပြန်အာရုံရောက်သွားလေရဲ့။ ကျွန်တော် မျက်လုံးတွေကိုပွတ်သပ်ပြီး စောင်ကလေးကိုအသာဖယ်လို့ ကော်ဇောပေါ် ဆင်းထိုင်လိုက်တယ်။

"ကိုကို..."

"အင်း..."

"ကျွန်တော်အိပ်နေတုန်းကလေ...
ကိုကိုကျွန်တော့်နားလာသေးလား..."

ကိုကိုက စာရွက်တစ်ရွက်ကိုလှန်လိုက်ပြီး နောက်တစ်ရွက်ကြားမှာ အဆင်သင့်လက်ညိုးကလေး ထိုးထားလိုက်ရင်း ပြန်ဖြေတယ်။ အကြည့်တွေကတော့ စာအုပ်မျက်နှာပြင်မှာပဲ ကပ်နေဆဲ။

"မိုးသည်းတော့အေးလာလို့ တံခါးပိတ်ပြီး စောင်လာခြုံပေးထားတာ... ဘာဖြစ်လို့လဲ..."

"အဲ့တုန်းက ကိုကိုကျွန်တော့်ကို တစ်ခုခုပြောသေးလား..."

"ငါဘာပြောလို့လဲ..."

"ဟို..."

ကျွန်တော်တစ်ယောက် သုံးလေးစက္ကန့်ကြာအောင် စကားအစပျောက်နေတုန်းမှာ မျက်စိရှေ့က တစ်ယောက်ယောက်ကတော့ မျက်ခုံးနှစ်ဖက်ဆွဲကျုံ့ပြီး ကျွန်တော့်ကို ထူးဆန်းသလိုအကြည့်နဲ့ ကြည့်နေပြီ။

"ဘာမှမဟုတ်တော့ဘူး..."

ကိုကိုက ခေါင်းတယမ်းယမ်းလုပ်လိုက်ရင်း  လက်ကောက်ဝတ်ကနာရီကို တစ်ချက်ငုံ့ကြည့်ရင်း လက်ထဲက စာအုပ်ကိုပိတ်လိုက်တယ်။

"မိုးလည်းတိတ်ပြီ နေ့လည် ၂နာရီလည်းခွဲနေပြီ၊
အိပ်ရေးမဝသေးရင်လည်း အိမ်ပြန်ပြီးအိပ်တော့...
ကဲ ထ... ငါလိုက်ပို့ပေးမယ်"

"..."

ပြောပြောဆိုဆို စားပွဲပေါ်ချထားတဲ့ ဆိုင်ကယ်သော့ကိုဆွဲယူ၊ ပေါင်ပေါ်တင်ထားတဲ့ လက်ရှည်အင်္ကျီအဖြူကို လျိုဝတ်လိုက်ပြီး ထသွားတာမို့ ကျွန်တော်လည်း ကိုယ့်စာအုပ်တွေကိုယ် ကမန်းကတမ်းကောက်ယူလို့ နောက်ကထလိုက်ခဲ့ရတာပေါ့။
ဆိုင်ကယ်နောက်မှာထိုင်လို့ လက်တစ်ဖက်တည်းနဲ့ ကိုကို့ခါးကိုဖက်ထားရင်း ကိုအားလားကျင့်စဉ်အတိုင်း တွယ်ကပ်လိုက်လာခဲ့တဲ့ ကျွန်တော်ဟာ ဒီတစ်ခါ ဒုတိယအကြိမ်အဖြစ်နဲ့ ရှေ့ကမောင်းသူရဲ့လှမ်းငေါက်တာကို မခံခဲ့ရဘူး။

မျက်လုံးတွေကိုမှိတ်ထားရင်း ကိုကို့ကျောပြင်လေးပေါ် မျက်နှာအပ်လို့ သိပ်သဘောကျရတဲ့ သင်းပျံ့ပျံ့ကိုယ်သင်းနံ့ကို ရှိုက်သွင်းနေတုန်း စကားလုံးတစ်ချို့က အတွေးရိပ်ထဲကို စီးဆင်းလာခဲ့ရဲ့။

”တောင်းပန်ပါတယ်...”

ပီပီပြင်ပြင်မဟုတ်ပေမယ့် ကျွန်တော့်အိပ်မက်ထဲကလူဟာ အဲ့သလိုပြောခဲ့သလိုပဲ။

_____________________________________
To be continued...

💖💖💖

A/N time desu! ပုံလေးနည်းနည်းပြချင်လို့ပါ။

Snow drop flower (နှင်းပန်းပွင့်၊ နှင်းခေါင်းလောင်းပန်း)

လမ်းဘေးက snowdrop ခင်းလေးက
အခွန်းနဲ့သူ့အမေကြားက အေးချမ်းတဲ့ agape love ကို ဖော်ပြနေသလိုပဲ... *white heart emoji*

[A/N * Agape - ချစ်ခြင်းအမျိုးအစားအားလုံးတွင် အမြင့်ဆုံးသောချစ်ခြင်းပုံစံ၊ အတ္တရမ္မက်ကင်းပြီး ကိုယ့်အတွက်မငဲ့ပေးဆပ်တတ်သော selfless unconditional love ၊ ခရစ်ယာန်အယူအဆတွင် ဘုရားသခင်မှလူသားတို့ထံ လူသားတို့မှဘုရားသခင်ထံ
ထားရှိသော အမြင့်မြတ်ဆုံးချစ်မြတ်နိုးမှုဟု အဓိပ္ပာယ်ဖွင့်လေ့ရှိသော်လည်း Agape love သည် မိဘနှင့်သားသမီး၊ အဘိုးအဘွားနှင့်မြေး၊ ဆရာနှင့်တပည့်၊ ကူညီကယ်တင်သူ၊ သွန်သင်ဆုံးမလမ်းပြသူ၊  အုပ်ထိန်းစောင့်ရှောက်သူနှင့် ကယ်တင်ဆုံးမ စောင့်ရှောက်ခံရသူစသော ဆက်နွယ်မှုများကြားတွင်လည်း ရှိတတ်သည်ဟု ဖော်ညွှန်းကြသည်။]

အအေးပိုင်းကပန်းဖြစ်တဲ့ Snowdrop လေးတွေက စိုထိုင်းတဲ့မြေ၊ မြေဆွေးသစ်ရွက်တွေကြား၊ သစ်ရိပ်ကျတဲ့နေရာတွေမှာ ကောင်းကောင်းရှင်သန်ကြပါတယ်။ မျိုးဥပင်တွေရဲ့ထုံးစံအတိုင်း အပင်ပွားလွယ်တော့ ပန်းခင်းဖြစ်လွယ်ကြတယ်။ သိပ်ချစ်စရာကောင်းပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပန်းလေးပါ။

ဒီပုံကတော့ ဘာမှမဟုတ်ဘူး...။ တွဲကြပါတော့ဆိုတဲ့သူတွေကို ဒီ meme နဲ့ ပြေးမြင်နေလို့ လာပြတာ 🤭 ။

Novella ✒️

Continue Reading

You'll Also Like

207K 10K 63
အမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ
839K 8.3K 68
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
11K 223 28
အချို့သောဆက်ဆံရေးတွေကခေါင်းစဉ်တပ်ပြီးဖော်ပြတာထက်ပိုပြီးလေးနက်တာကြောင့် အန္တရာယ်များတဲ့လူတွေကိုထုတ်ပြောပြတာထက် ကိုယ်တို့၂ဦးပဲသိနေရင်လုံလောက်တယ်မဟုတ်လာ...
10.2M 640K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...