Heartless December❄️ ZG versi...

By Novella_1001

2.7K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day

အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား

12 2 0
By Novella_1001

❄️❄️❄️

"အင်္ကျီလဲရအောင်နော်...
ကျွန်တော်ကူလဲပေးမယ်..."

ပြောရင်းဆိုရင်း ကိုကိုလက်မောင်လေးကိုဆုပ်ကိုင်ပြီး ခန္ဓာကိုယ်ကို ကျွန်တော့်ဘက်လှည့်လာအောင်လုပ်လိုက်တော့ ကိုကိုက ကျွန်တော့်လက်ကိုဖယ်ချလို့ စိုက်ကြည့်ရင်း...။

"ဘာလဲ..."

"အင်္ကျီလဲရအောင်လေ... ကိုကိုချွေးတွေရွှဲနေတာ..."

"မလိုဘူး... ငါ့ဟာငါလဲမယ်"

"ကိုကိုထနိုင်လို့လား..."

"ထနိုင်တယ်"

"တကယ်လား..."

"အင်း..."

"ပြီးရောလေ ဒါဆိုလည်း..."

ကျွန်တော်လည်း ပခုံးလေးတွန့်ပြပြီး စာကြည့်စားပွဲကထိုင်ခုံဆီ ပြောင်းထိုင်လိုက်လို့ ကိုကို့ကုတင်ပေါ်ကနေ လက်ထောက်ပြီးထထိုင်နေတာကို ကြည့်နေလိုက်တာပေါ့။

ကိုကိုကကုတင်စပ်မှာထိုင်လို့ နဖူးစကချွေးတွေကို လက်ခုံနဲ့ဆွဲသုတ်လိုက်ရင်း ဖြည်းဖြည်းချင်းထပြီး အဝတ်အစားတွေထည့်ထားတဲ့ ဗီရိုအဖြူရောင်လေးဆီ တစ်လှမ်းချင်းလှမ်းသွားတယ်။ နောက် ဗီရိုကိုဖွင့်လိုက်ပြီး အင်္ကျီတွေကိုလှန်လှောလို့ ခရမ်းဖျော့ရောင်အောက်ခံနဲ့ အဖျားစွန်းတွေမှာအဖြူစင်းလေးတွေပါတဲ့ ရှပ်အင်္ကျီတစ်ထည်ကို ထုတ်ယူလိုက်တယ်။ နောက်တော့ တစ်ချိန်လုံးသူ့ကိုယ်ပေါ်မှာကပ်နေတဲ့ ကျွန်တော့်အကြည့်တွေကို တစ်ခုခုတုံ့ပြန်ဖို့လိုတယ်လို့ တွေးမိသွားပုံပဲ။ မျက်မှောင်ကျုံ့လျက်နဲ့ နောက်လှည့်ကြည့်ပြီး ...။

"မင်းက အဲ့မှာ ဘာထိုင်ကြည့်နေတာလဲ..."

ကိုကိုအဝတ်အစားလဲမှာကို ထိုင်စောင့်နေတာလို့ပြောရင် ဘယ်လိုများနေမလဲ...။

"ကိုကို အကူအညီလိုမလားလို့..."

"မလိုဘူး... ငါ့အခန်းထဲက ထွက်လိုက်လို့ရပြီ"

"မထွက်ချင်ပါဘူး..."

"ဘာ..."

"မထွက်ချင်ပါဘူး..."

ကိုကို့မျက်ခုံးတန်းလေးတွေ ပိုပိုပြီးတွန့်ချိုးလာလို့ နည်းနည်းမြှင့်ထားပုံပေါ်တဲ့ လေသံလေးက နားထဲရိုက်ခတ်လာရဲ့။

"လင်းခန့်..."

"ဗျာ..."

ရုပ်တည်လေးနဲ့ ပြန်ထူးလိုက်တော့ သက်ပြင်းတိုတိုလေးမှုတ်ထုတ်၊ မျက်လွှာလေးချလို့ ပြန်အားလျော့သွားတဲ့လေသံလေးနဲ့...။

"ငါမင်းကိုအော်နေဖို့ရာ အားမရှိသေးဘူး...
ဂျစ်ကတ်ကတ်လာမလုပ်နဲ့... သွားဆိုရင်သွားလိုက်..."

"ကိုကိုက ကိုကို့ခန္ဓာကိုယ်ကို ကျွန်တော်မြင်မှာမကြိုက်လို့လား..."

"..."

ငြိမ်ဆိတ်သွားတဲ့ တစ်စုံတစ်ယောက်ဟာ ခေါင်းကိုပြန်လှည့်ယူသွားပြီး ဗီရိုတံခါးကိုပိတ်လိုက်တယ်။

ကျွန်တော်သိတာပေါ့ ကိုကို...။ ခင်ဗျားက အရမ်းတွန့်တိုတတ်တာ။

ကျွန်တော်ထိုင်ရာကနေထလာခဲ့ပြီး သူ့နောက်ကျောကို ရောက်လာခဲ့တဲ့အထိ ကိုကိုဟာ ရေခဲရုပ်တစ်ရုပ်လို မလှုပ်မယှက်ရပ်နေဆဲ။ အဲ့သလိုရပ်နေရာက နောက်ကိုပြန်လှည့်လိုက်တဲ့အချိန် လက်မအနည်းငယ်အကွာမှာရှိနေတဲ့ ကျွန်တော့်ကိုမြင်တော့ လန့်ပြီး ဆတ်ခနဲနောက်ဆုတ်သွားတဲ့ ခန္ဓာကိုယ်လေးက ဗီရိုနဲ့ကပ်လျက်သားဖြစ်သွားလို့။

ကိုကိုက ချက်ချင်းပဲ ညာဘက်ကနေ ရှောင်ထွက်ဖို့လုပ်လိုက်တုန်း ကျွန်တော်လက်ကို ဗီရိုမှာထောက်ပြီး ပိတ်ထားလိုက်တယ်။ ကိုကိုဘယ်ဘက်ကို ပြန်လှည့်လိုက်တော့လည်း ထိုနည်းလည်းကောင်းပဲ။

"လင်းခန့်..."

"ဟုတ် ကိုကို..."

"မင်းဘာဖြစ်နေတာလဲ..."

"ကျွန်တော် ဘာဖြစ်လို့လဲ..."

"ဖယ်တော့..."

"ဟင့်အင်း..."

ပြောရင်းပဲ ကျွန်တော်ခြေတစ်လှမ်းရှေ့တိုးလာတော့ ကျွန်တော့်လက်နှစ်ဖက်ကြားထဲမှာ ချုပ်မိနေတဲ့ကိုကိုဟာ ဗီရိုထဲကို သူ့ခန္ဓာကိုယ်ပါနစ်ဝင်သွားတော့မတတ် နောက်ကိုကပ်သွားလေရဲ့။

မျက်မှန်မပါတဲ့ မျက်နက်ဝန်းလေးတွေဟာ ကြည်လဲ့လို့။
နဖူးပြင်ပေါ်ဖရိုဖရဲကျနေတဲ့ ခပ်စိုစိုဆံစဖျားလေးရဲ့အစွန်းကနေ ချွေးစက်ကလေးတစ်စက်ဟာ နှာတံစင်းစင်းလေးပေါ်ကို လျှောချခုန်ဆင်းသွားတယ်။ တင်းတင်းစေ့ထားတဲ့ ကိုကို့နှုတ်ခမ်းလေးဟာ ခါတိုင်းလောက်အရောင်မစိုတဲ့ ပန်းဖျော့ရောင်အဆင်းနဲ့။ အင်း... ကိုကို့မျက်နှာက တကယ်ကိုကြည့်လို့ကောင်းတယ်။

ဘယ်လိုလုပ်ရမလဲ...။ ကျွန်တော့်နှလုံးသွေးကြောလမ်းမတွေထဲကို ဂျစ်ကားတစ်စီးဝင်လာပြီး စက်သံတဒုန်းဒုန်းနဲ့ ပတ်မောင်းနေပြီ။ ကိုကို... ကြားရလား...။ ကျွန်တော့်နှလုံးသားထဲက ဂျစ်ကားသံကို ကြားရလား...။

လှုပ်ရှားနေတဲ့နှလုံးသားရဲ့ စေ့ဆော်မှုနဲ့အတူ အဲ့ဒီမျက်နှာလေးဆီ ပေကနေလက်မ၊ လက်မကနေစင်တီမီတာအကွာအဝေးထိ တဖြည်းဖြည်းချင်း နီးကပ်လာခဲ့တဲ့နောက်...။

"ထောက်..."

"အ..."

နဖူးပေါ်ကို ကျလာတဲ့အားတစ်ခုကြောင့် ဦးနှောက်သွေးကြောတွေပါ ကျယ်သွားသလို ခံစားလိုက်ရရဲ့။ ကျွန်တော့်ဂျစ်ကားကတော့ လမ်းတစ်ဝက်မှာ စက်ပျက်သွားပြီ။

"ဖယ်လိုက်တော့... ငါမင်းကိုကန်မိတော့မယ်..."

ကိုကိုက ကျွန်တော့်ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေရင်း ပြောလိုက်တယ်။

"ကိုကိုဗျာ... နေမကောင်းနေလည်း လက်ဆက လျော့မသွားဘူး"

နောက်ဆုံးတော့လည်း ကိုယ့်နဖူးကိုယ်ပွတ်လို့ နှုတ်ခမ်းစူရင်းပဲ ဖယ်ပေးလိုက်ရပါသည်ပေါ့လေ...။

ဟူး... ရုပ်ရှင်တွေထဲမှာဆို ဘယ်တော့မှာပြေးမလွတ်တဲ့ ချုပ်ကွက်ကို နဖူးတစ်ချက်တောက်ပြီး ဖွင့်ထွက်သွားတယ်တဲ့။ တော်ပါပေ့ ကျွန်တော့်ကိုကို...။

ရယ်စရာမကောင်းဘူးလား...။ ရုပ်ရှင်တွေထဲမှာ အလုပ်ဖြစ်သမျှက အပြင်လောကမှာ သုံးစားမရတာတွေချည်းပဲ။ ရိုမန့်တစ်ဇာတ်လမ်းတွေရဲ့ ဇာတ်ညွှန်းဆရာတွေနဲ့ ဒါရိုက်တာအပေါင်းက တကယ့် လူလိမ်အကြီးစားတွေ...။

ဝ.၀၀၀၀၁ ရာခိုင်နှုန်းလောက်တောင် ရိုမန့်တစ်ဆန်ကြည့်လို့မရတဲ့ တစ်စုံတစ်ယောက်ကတော့ ကျွန်တော့်ကိုအမြင်ကပ်စွာ စိုက်ကြည့်နေရင်းပဲ လက်ဟန်ပြပြီး 'မင်းအခုအပြင်ထွက်မလား... ငါကန်ထုတ်ရမလား...' လို့ မေးနေလေရဲ့။

"ကိုကို... ကျွန်တော်မျက်လုံးကို အဝတ်စည်းထားမယ်လေ၊
အဲ့လိုမရဘူးလား..."

"..."

"မရဘူးလား..."

"..."

ဟုတ်...။ ကန်အထုတ်ခံလိုက်ရပါပြီ။

ကိုကို... ကိုကို...။
ခင်ဗျားက ကျန်တဲ့အားမရှိရင်တောင် ကျွန်တော့်ကို အနိုင်ကျင့်ဖို့အားကတော့ အမြဲကျန်တယ်ထင်ပါ့။

အခန်းရှေ့မှာရပ်ရင်း နှာဝကနေ လေတစ်သုတ်မှုတ်ထုတ်လို့ စူပုတ်ပုတ် မှတ်ချက်ချလိုက်မိတယ်။

"ဟွန့်... ကပ်စေးနဲလိုက်တာ..."

* *

အဲ့ဒီနောက် ပါလာတဲ့ အားဖြည့်အချိုရည်၊ ရေဓာတ်ဖြည့်အချိုရည်တွေနဲ့ အသီးတစ်ချို့၊ မုန့်တစ်ချို့ကို ရေခဲသေတ္တာထဲစီထည့်ပေးတယ်။ တစ်နေ့တစ်ခေါက် သန့်ရှင်းရေးမလုပ်ရရင်မနေတတ်တဲ့ တစ်စုံတစ်ယောက်အတွက် ဖုန်စုပ်စက်တစ်လုံးနဲ့ တိုက်ခန်းလေးထဲ ပတ်ပေးတယ်။ အဲလိုပတ်ပေးနေရင်း သူ့အခန်းရှေ့ရောက်တော့ ဖုန်စုပ်စက်ကိုခဏပိတ်ပြီး တံခါးခေါက်မိပြန်ရော...။

"ဒေါက်... ဒေါက်..."

"ဘာလဲ..."

ပြန်ထူးတဲ့ ခပ်ပြတ်ပြတ်လေသံကို သဲ့သဲ့လေးပြန်ကြားရရဲ့။

"ကိုကိုအက်ႌလဲၿပီးၿပီလား..."

"ဆယ်နှစ်မိနစ်ရှိပြီ၊ ဘာပြောမလို့လဲ..."

"ဪ..."

တံခါးဖွင့်ကြည့်လိုက်တော့ လက်ကြယ်သီးတပ်မထားတဲ့ ပါးပါးလျားလျား ခရမ်းဖျော့ရောင်ရှပ်အင်္ကျီလက်ရှည်လေးနဲ့ ကိုကိုက ကုတင်ပေါ်မှာ နဖူးပေါ်လက်တင်ပြီးလှဲနေတယ်။

"ကိုကို ဗိုက်မဆာဘူးလား..."

"မဆာဘူး..."

"တစ်မနက်ခင်းလုံး ဘာမှလည်းမစားရသေးဘူး...
ဗိုက်အောင့်လိမ့်မယ်နော်..."

"စားချင်စိတ်မရှိဘူး..."

"စားချင်စိတ်မရှိလည်း နည်းနည်းလောက်တော့စားမှ အားရှိမှာပေါ့... ကျွန်တော်ဝယ်လာတာတွေအများကြီးပဲ ကိုကိုစားဖို့ ကြည့်ကျပ်လုပ်ခဲ့မယ်... ခဏလေးစောင့်..."

အပေါက်ဝကရပ်ပြောနေရင်း တံခါးလေးကိုပြန်စေ့ဖို့လုပ်လိုက်ရာက
တစ်ခုသတိရလို့ ပြန်တွန်းပြီး ပြောလိုက်ရသေးတယ်။

"ကိုကို မအိပ်သေးနဲ့အုံးနော်..."

* * *

ကျွန်တော် မီးဖိုချောင်ထဲအလုပ်ရှုပ်နေတုန်း ဧည့်ခန်းထဲက ခြေသံကြားတာကြောင့် ခေါင်းပြူကြည့်လိုက်တော့ အခန်းထဲကထွက်လာတဲ့ပုံရိပ်လေးတစ်ခု။

ကိုကိုက ဆိုဖာခုံကိုလက်ထောက်ရင်း စားပွဲပုလေးဘေးက ကော်ဇောခင်းပေါ် တင်ပျဉ်ခွေလျက်ဝင်ထိုင်လိုက်ပြီး လက်ထဲမှာပါလာတဲ့ မျက်မှန်ဘူးလေးထဲက သူ့မျက်မှန်လေးကိုထုတ်၊ အဝတ်စလေးနဲ့သန့်ရှင်းပြီး မျက်ဝန်းတွေရှေ့နေရာချလိုက်တယ်။ နောက်တော့ မနေ့ညကအတိုင်းစားပွဲပေါ်မှာ မှောက်လျက်ရှိနေသေးတဲ့ သူဖတ်လက်စစာအုပ်လေးကို ကောက်ယူကြည့်လို့ တစ်ခုခုကိုအလိုမကျတဲ့ မျက်နှာထားလေးဖြစ်နေလေရဲ့။

"ဘာတွေ ရွှေဘောတော်မကျဖြစ်နေတာပါလဲ...
ကျွန်တော့်အရှင်သခင်လေး..."

"..."

လင်ဗန်းလေးစားပွဲပေါ်ချရင်း ကျွန်တော်ပြောလိုက်တဲ့စကားကို ကိုကိုက ထူးဆန်းမှုတစ်သောင်း ခံစားလိုက်ရသလိုပုံစံနဲ့ မျက်ခုံးတွေ့တွန့်ရင်း ပြန်တုံ့ပြန်တယ်။

"ဘယ်လိုကြီး ပြောနေတာလဲ... "

"အရင်ခေတ်အသုံးအနှုန်းလေ..."

"သိတယ်... အဲ့အသုံးအနှုန်းက ငါနဲ့ဘာဆိုင်လို့လဲ... "

"ကျွန်တော်က ကိုကို့ရဲ့ခွေးပေါက်စလေးမလား...
အဲ့တော့ ကိုကိုက ကျွန်တော့်သခင်ပေါ့..."

"မင်းလိုနားညီးတဲ့ ခွေးပေါက်စမျိုး ငါမွေးမထားမိဘူး..."

"မမွေးလည်း လာကပ်နေလို့ရတာပဲဟာ..."

"..."

"အင်းပါ... ဟာသလုပ်တာပါ...
နောက်မလုပ်တော့ဘူး၊ ကျွန်တော့်ကို စိုက်မကြည့်နဲ့တော့...
ကိုကိုဘာကြည့်ပြီး သဘောမကျနေတာလဲပြော..."

ကျွန်တော်ရှိရာလမ်းကြောင်းထဲ တန်းတန်းမတ်မတ်ပြေးဝင်လာတဲ့ လေဆာတွေကို လက်ကာပြလိုက်လို့ ဘေးနားကိုတိုးသွားပြီး ကိုကိုကြည့်နေတဲ့အရာကိုဝင်ကြည့်လိုက်တယ်။

ကိုကိုက သူကိုင်ထားတဲ့စာအုပ်လေးရဲ့ လတ်ကော့နေတဲ့ စာမျက်နှာဖွေးဖွေးပေါ်က အနီဆေးနှစ်စက်ကို လက်မထိပ်လေးနဲ့ဆွဲပွတ်ရင်းပြောလိုက်တဲ့ လေသံမဝဲတဝဲလေးက...။

"စာအုပ်ပေါ်မှာ သွေးပေတာမကြိုက်ဘူး...
ဒါပေမယ့် ခဏတိုင်းအဲ့လိုဖြစ်တယ်"

"ကိုကိုက အမြဲစာကြည့်နေတာကိုး..."

"..."

"နှာခေါင်းသွေးယိုတာက stress ကြောင့်လည်းဖြစ်တတ်တယ်
ကိုယ့်ရဲ့ ကိုယ်စိတ်ကိုအမြဲတမ်း run မနေဘဲ အနားလေးဘာလေး ပေးအုံးမှပေါ့..."

"..."

"ကဲ... တော်ပြီနော်...
စားစရာကိုရှေ့ထားပြီး စာအုပ်ကြီးကိုင်မနေနဲ့တော့..."

ပြောရင်းပဲ သူ့လက်ထဲကစာအုပ်လေးကို ဆွဲယူလိုက်တော့ ကျွန်တော့်ကိုမော့ကြည့်လာတဲ့ ကိုင်းအကြည်မျက်မှန်လေး။

"လုပ်ပါ... နည်းနည်းစားလိုက်အုံး..."

"..."

လင်ဗန်းလေးကိုတိုးပေးလိုက်တော့ အဲ့အကြည့်တွေက ကျွန်တော်လုပ်လာခဲ့တဲ့ ပေါင်မုန့်ကြက်ဥညပ်နဲ့ ထောပတ်သီးဖျော်ရည်ဆီကို ရောက်သွားတယ်။ ကိုကို့မျက်ဝန်းအိမ်လေးထဲမှာ အရောင်လေးတစ်ခုလင်းလာတာ မြင်လိုက်ရသလိုပဲ။

ကိုကိုစားနေတဲ့ပုံစံလေးက တကယ်ကို သပ်ရပ်ပြီးငြိမ်သက်တယ်။ ဒါပေမယ့် တအားလည်း ချစ်စရာကောင်းတယ်။ ကလေးလေးတစ်ယောက်က တည်ငြိမ်ရင့်ကျက်တဲ့ လူကြီးပုံစံနဲ့အစားစားနေသလိုမျိုးပဲ။ ကျွန်တော်ကတော့ မေးထောက်ပြီး ထိုင်ငေးနေလိုက်တာပေါ့။

"ကိုကို... စားလို့ကောင်းလား..."

"အင်း... မင်းထောပတ်သီးဖျော်ရည် ကောင်းကောင်းဖျော်တတ်မယ်လို့ ထင်မထားဘူး"

"ကိုကို..."

"အင်း..."

"ကျွန်တော်မနက်က အာကာဝေယံနဲ့တွေ့ခဲ့တယ်"

"..."

"ကျွန်တော့်ကိုထောပတ်သီးဝယ်သွားဖို့ သူပဲပြောလိုက်တာ..."

"..."

သိတယ်။ အဲ့လိုပြောလိုက်ရင် ဆက်စားတော့မှာမဟုတ်မှန်းသိလို့ ကုန်ခါနီးမှပြောတာ။ ထင်တဲ့အတိုင်း သုံးပုံတစ်ပုံကျန်နေသေးတဲ့ဖျော်ရည်ကို မထိတော့ဘူး။ လက်ထဲက တစ်ကိုက်စာပေါင်မုန့်လေးကိုသာ အပြီးသတ်ပေးလိုက်ပြီး တစ်ရှူးတစ်ရွက်ဆွဲယူလို့ လက်သုတ်လိုက်တယ်။

ထသွားဖို့လုပ်လိုက်တုန်း သူ့လက်ကိုလှမ်းဆွဲလိုက်တဲ့အတွက် ခြေလှမ်းတွေတန့်သွားတဲ့ကိုကိုက ကျောပေးထားလျက်ကနေ လှည့်တော့ကြည့်မလာခဲ့ဘူး။

"သူ့ကိုမေ့ပစ်ဖို့ကြိုးစားရတာက ခက်တယ်မလား...
ပြီးတော့ နာကျင်ရတယ်မလား..."

"..."

"အပင်ပန်းဆုံးအလုပ်တွေထဲမှာ ချစ်ခဲ့ဖူးတဲ့တစ်စုံတစ်ယောက်ကို မေ့ပစ်ရတာလည်း ပါတယ်တဲ့... သူ့ကိုမေ့ပစ်ရတာက ကိုကို့အတွက် ပင်ပန်းရတယ်ဆိုရင် ကိုယ့်ကိုကိုယ် သိပ်တွန်းအားပေးမနေပါနဲ့... တိုက်ဆိုင်မှုရှိလို့ ကိုကိုသူ့ကို သတိရမိတယ်ဆိုရင် သတိရလိုက်ပါ၊ သူ့အကြောင်းကို တွေးမိတယ်ဆိုရင် ခဏတဖြုတ်ပဲဖြစ်ဖြစ် တွေးလိုက်ပါ၊ သူ့ကိုလွမ်းမိရင်လည်း လွမ်းလိုက်ပါ၊ မသိစိတ်မှာပေါ်လာတဲ့ သူ့ပုံရိပ်ကို အတင်းကြီးဖျောက်ဖျက်ပစ်ဖို့လုပ်ရင်း ကိုယ့်ကိုယ်ကိုယ်နာကျင်စေမှာမျိုးကိုတော့ မဖြစ်စေချင်ဘူး..."

ပြတင်းတံခါးကဝင်လာတဲ့လေက ကိုကိုဆံစဖျားတွေကို ပွတ်သပ်ပင့်တင်ပေးပြီးနောက် ကျွန်တော့်ခေါင်းပေါ်ကနေ ဖြတ်သွားတယ်။ ကျွန်တော်ဆုပ်ကိုင်ထားမိတဲ့ လက်ကလေးကနွေးလို့။ ကိုကို့ရဲ့ ကျောပြင်ကတော့ ငြိမ်သက်နေတယ်။

"ကျွန်တော့်ကို ပစ္စည်းတစ်ခုလိုသဘောထားပါလို့ ပြောနေတာက ကျွန်တော်ဘယ်လိုခံစားရသလဲဆိုတာကို ထည့်တွက်ပေးမနေဘဲနဲ့ ကိုကို့အတွက်လိုအပ်တိုင်း ကျွန်တော့်ကိုကောက်ယူပြီး အသုံးချလိုက်စေချင်လို့လေ... ကိုကိုသူ့ကိုရှောင်ဖို့လိုအပ်တဲ့အခါ ကျွန်တော့်ကို လှမ်းခေါ်လိုက်၊ ကိုကိုသူ့ကြောင့်စိတ်ညစ်ရရင် ဝမ်းနည်းရရင် ကျွန်တော့်ရှေ့မှာငိုချလိုက်၊ ကိုကိုသူ့ကို စိတ်တိုတဲ့အခါ ကျွန်တော့်ကိုထုရိုက်ပစ်လိုက်၊ ကျွန်တော့်ကို သက်မဲ့ပစ္စည်းလေးလိုပဲ သဘောထားလိုက်ပါ... ကျွန်တော်... ကိုကို့အတွက် အသုံးဝင်ချင်တယ်..."

"..."

လေထုတစ်ခုလုံး အတန်ကြာငြိမ်သက်နေခဲ့ပြီးတဲ့နောက်
ကျွန်တော့်လက်ထဲက နွေးထွေးမှုလေးဟာ လွတ်ထွက်သွားခဲ့လို့။ ကိုကိုက သူ့လက်ကို ကျွန်တော့်လက်ထဲက ဆွဲထုတ်လိုက်ပြီးတဲ့နောက်မှာ နောက်ကိုလှည့်လာခဲ့တယ်။

ကျွန်တော်ကိုကို့မျက်နှာကို မကြည့်ရဲဘူး။
ပြောချင်သမျှပြောလိုက်ပေမယ့် ကိုကိုကျွန်တော့်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို မျှော်လင့်မထားရဲတာမို့ လစ်ဟာသွားတဲ့လက်ကို ပေါင်ပေါ်မှာဖြစ်သလို တင်ထားလိုက်ပြီး ခေါင်းကိုငုံ့ပဲထားမိတာ။ ကိုကို့လက်ချောင်းထိပ်တွေကနေ ကူးစက်လာတဲ့ နွေးထွေးမှုလေးတစ်စနှစ်စများ ကျွန်တော့်လက်ဖဝါးထဲ ကပ်ပါလာမလား ရှာဖွေနေမိတာလည်းဖြစ်နိုင်တယ်။

ဒါပေမယ့် ခဏမကြာပါဘူး။ ကျွန်တော်ခေါင်းမော့ပြီး ကိုကို့မျက်နှာကိုကြည့်မိဖို့ရာ အကြောင်းပေါ်လာခဲ့တယ်။ ကျွန်တော့်ခေါင်းပေါ်ကိုကျလာတဲ့ မျှတတဲ့အလေးချိန်လေးနဲ့အတူ ဆံပင်တွေကြားထဲ နစ်ဝင်လာတဲ့ လက်ချောင်းတွေက ခပ်ခပ်ငြိမ်ငြိမ်လေး ဘယ်ညာလှုပ်ရှားလို့။ လေပြေနုလေးလိုညင်သာတဲ့ အထိအတွေ့တစ်ခု။

ကျွန်တော့်မော့ကြည့်လိုက်တဲ့အချိန် မြင်ရတဲ့ကိုကို့မျက်နှာမှာ အပြုံးဆိုပြီးခေါင်းစဉ်တပ်လို့ရရုံလောက်သာရှိတဲ့ အပြုံးကလေးနဲ့။ မှန်ပါးလေးကိုဖြတ်ပြီးမြင်ရတဲ့ မျက်ဝန်းတွေမှာတော့ နူးညံ့မှုတစ်ချို့ ကိန်းအောင်းနေတယ်။

မျက်ဝန်းအိမ်တွေကျယ်လို့ သူ့ကိုမော့ကြည့်ရင်း တစ်ခုခုကို အသံတိတ်မေးနေတဲ့ကျွန်တော့်ကို ကိုကိုကငုံ့ကြည့်နေရဲ့။
နောက်တော့ သူ့လက်ဖဝါးလေးကို ကျွန်တော့်ခေါင်းပေါ်က အသာမလိုက်လို့ ထပ်ပြီးဖွဖွလေးပုတ်လိုက်ရင်း ပြန်ဖြေပေးတယ်။

"ပြောတော့... မင်းက ခွေးပေါက်စလေးဆို..."

"..."

"ဒီလိုလုပ်ပေးတာ မကြိုက်ဘူးလား..."

ကိုကို့နှုတ်ခမ်းထောင့်က မမြင်သာတဲ့အကွေးလေးဟာ တဖြည်းဖြည်းချင်းထင်ပေါ်လာလို့။ အဲ့ဒီအပြုံးနဲ့အကြည့်က ကျွန်တော့်အတွက်လား။ ဒီထိတွေ့မှုလေးက ကျွန်တော့်အတွက်လား။

ကျွန်တော်မသိလိုက်ခင်မှာပဲ ခွေးပေါက်စကလေးတစ်ကောင် သူ့သခင်ကိုခုန်ပြီးဖက်သလိုမျိုး ဒူးထောက်ထလျက်နဲ့ ကိုကို့ခါးကိုတွယ်ဖက်ထားရင်း ခေါင်းကို ကိုကို့ဆီတိုးဝှေ့လိုက်မိပြီ။

"ဟင့်အင်း ကြိုက်တယ်...
အရမ်းကြိုက်တယ်... ထပ်လုပ်ပေးပါအုံး..."

ရှပ်အင်္ကျီသားရဲ့နူးညံ့တဲ့အထိအတွေ့နဲ့အတူ ကိုကို့ကိုယ်သင်းနံ့လေးက နှာသီးဖျားကို တွန်းတိုက်နှုတ်ဆက်လာတယ်။ ကိုကိုက ကျွန်တော်ဝင်တိုးတဲ့အရှိန်ကြောင့် လွတ်ထွက်သွားတဲ့သူ့လက်ကို ကျွန်တော့်ခေါင်းပေါ် နောက်တစ်ကြိမ် ပြန်တင်လိုက်ပြီး ခပ်ဖွဖွလေး ပုတ်ပေးနေတယ်။ တကယ့်ကို ဖွဖွလေး...။

ကျွန်တော်ကတော့ ကိုကို့ဆီကို ပိုတိုးဝင်သွားလိုက်ရင်း စကားတစ်ခွန်းကိုပဲ ခပ်တိုးတိုးလေးရွတ်ဆိုလို့...။

"ကိုကို့ကို ကျွန်တော်ချစ်တယ်..."

"အရူးလေး..."

"ကိုကို့ကို ကျွန်တော်ချစ်တယ်..."

"ငါမင်းကိုမချစ်ဘူး..."

"ကိုကို့ကို ကျွန်တော်ချစ်တယ်..."

တစ်ယောက်ယောက်မှာများ အချိန်တွေကိုရပ်တန့်တဲ့ ရီမုကွန်ထရိုးတစ်ခုရှိရင် ခဏလေးပဲဖြစ်ဖြစ် ကျွန်တော့်ကိုငှါးစေချင်တယ်။ ခဏလေးပဲဖြစ်ဖြစ် ကိုကို့လက်ဖဝါးလေးရဲ့ ညင်သာခြင်းကြိမ်နှုန်းကို၊ ကိုကို့ကိုယ်သင်းနံ့လေးရဲ့ ချိုမြိန်မှုကို၊ ကိုကို့ခါးလေးက ကျွန်တော့်ထက်ဘယ်လောက်သေးသွယ်လဲဆိုတာကို မှတ်သားချင်လို့ပါ။ ခဏလေးပဲဖြစ်ဖြစ် ဒီအတိုင်းလေး...။

"ဖယ်လိုက်တော့... မင်းငါ့ကိုညှစ်ထားတယ်"

ခေါင်းကို ပွတ်သပ်ပေးနေရင်းက အသာလေးထုလိုက်ရင်း ကိုကိုက ကျွန်တော့်ကိုဖယ်ခိုင်းနေပြီ။

"ကိုကို ကျွန်တော့်ကို ရအောင်ဖယ်ထုတ်လေ..."

"ငါကန်ထုတ်ရင် မငိုနဲ့..."

"မငိုဘူး..."

ကိုကိုတကယ်ပဲ ကျွန်တော့်ကိုကန်ပြီး ခွာထုတ်သွားပါတယ်။
ကျွန်တော်ကတော့ ကိုကိုအင်္ကျီစကိုဆွဲပြီး နောက်ကလိုက်ရင်း...။

"ကိုကို... နောက်တစ်ခေါက်လောက်..."

"မရဘူး..."

"အာ... နောက်တစ်ခေါက်တည်းတင်လေ... ကျွန်တော်သန့်ရှင်းရေးလည်းလုပ်ပေးတယ်၊ ကိုကို့ကိုလည်း စားစရာလုပ်ပေးတယ်၊ ပန်းကန်တွေလည်း ဆေးပေးအုံးမှာလေ..."

"မင်းပဲ ငါ့ကိုနားစေချင်တယ်ဆို...
ငါနားတော့မယ်... မကျေနပ်ဘူးလား..."

"ကျွန်တော့်ကို နောက်တစ်ခေါက်ထပ်ပြီး ခေါင်းပုတ်ပေးရင် ကျေနပ်ပြီ..."

"မင်းက တကယ်ခွေးပေါက်စပဲ..."

"ခွေးပေါက်စမို့ ခေါင်း‌ပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား"

"လင်းခန့်!"

"ဝုတ်..."

"ချစ်စရာမကောင်းဘူး၊ ဟောင်ပြမနေနဲ့...
ငါ့အင်္ကျီကိုလွှတ်လိုက်တော့..."

"နောက်... တစ်... ခေါက်... လို့..."

"Jesus Christ..."

မြင့်တက်လာတဲ့ မနက်နေရောင်ဖျဖျလေးက တိုက်ခန်းလေးထဲကိုချောင်းကြည့်ရင်း နွေးထွေးမှုတစ်ချို့ကို ဖြန့်ချသွားလေရဲ့။

___________________________________
To be continued...

💖💖💖

Novella : ခေါင်းအပုတ်ခံရတာ အဲ့လောက်ပဲ ပျော်စရာကောင်းလား

Shiba Khant : အနာဂတ်သခင်ဆီကဆိုတော့ ရှယ်မှာဇွန်းတပ်ပြီး ကောင်းတာပေါ့...

Novella : အနာဂတ်သခင်တဲ့... တကယ် ခွေးပေါက်စဘ၀ကို ခုန်ဆင်းပစ်တော့မယ့်ပုံပဲ

Shiba Khant : ဘာတွေပြောနေတာလဲ... လွန်ခဲ့တဲ့ ဒီဇင်ဘာကတည်းက လည်ပတ်ကြိုးအတပ်ခံလိုက်ရတာကို...

Novella : အနာဂတ်သခင်ဆိုတဲ့တစ်ယောက်က dog person မဟုတ်ရင် ဘယ်လိုလုပ်မှာလဲ...

Shiba Khant : ကိုကိုက ခွေးချစ်တတ်တယ်ဆိုတာ ၁၂၀ ရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်... ကျွန်တော့်အတွက် မစိုးရိမ်နဲ့...

Novella : Okae ◉⁠‿⁠◉

*

Novella : တစ်ဆိတ်လောက်... ခွေးချစ်တတ်လား...

L Khun : ဟင့်အင်း...

* *

ဘာပဲပြောပြော စိုးရိမ်ရအုံးမယ့်ပုံပါပဲ
လူကလေးရယ် (⁠─⁠.⁠─⁠|⁠|⁠)

Novella ✒️

Continue Reading

You'll Also Like

825K 8.2K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
544K 18.4K 138
Read and find out...
717 98 24
KaoEarth (FanFiction) အချစ်ဆိုတာမျိုးကလေ..တကယ့်အချစ်စစ်နဲ့ကြုံဆုံလာရတဲ့အခါယောကျ်ားမိန်းမလိင်သဘာဝတွေ.အသက်အရွယ်ကွာခြားချက်တွေကသိပ်အဓိကမကျတော့ပဲချစ်တဲ့စ...
15.9K 633 18
ဒီfic​လေးcocoရဲ့ပထမဆုံး​သောfic​လေးတစ်ခုပါ​နော် sweetတာပဲ​ရေးမယ်roဆန်ဆန်​လေး​ကြည့်နူးရမဲ့ fic​လေးဆစ်ခုပါ​နော်အား​ပေးကြပါအုုံးရှင့်😘😘