Heartless December❄️ ZG versi...

By Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ

12 2 0
By Novella_1001

❄️❄️❄️

စက္ကန့်အတော်ကြာထိ ငြိမ်သက်နေခဲ့တဲ့ကိုကို့ကို ပုန်းလျိုးကွယ်လျိုးလေးကြည့်နေမိရင်း ကိုကိုအခန်းထဲကို လှည့်ဝင်သွားခဲ့တော့မှ ကျွန်တော်ချက်ချင်းပဲ ပြေးလိုက်ခဲ့တယ်။ ဟိုကျက်သတုံးကြီးနောက်ကိုပါ...။

လမ်းထိပ်မှာရပ်ထားတဲ့ သူ့ကားအနားရောက်ဖို့ နှစ်မီတာအလိုလောက်မှာပဲ ကျွန်တော်သူ့ကိုမှီခဲ့တယ်။

"ဒီမှာ... ကျွန်တော်နဲ့ခဏစကားပြောရအောင်..."

ခေါင်းကိုစောင်းလို့ လှည့်ကြည့်လိုက်ရင်း ကျွန်တော့်ကိုအမြင်
မျက်ခုံးကိုကျုံ့နိုင်သလောက်ကျုံ့ပြီး မာဆတ်ဆတ်ပြန်ပြောလေရဲ့။

"မင်းနဲ့ အေးဆေးထိုင်စကားပြောဖို့ရာ အချိန်မရှိဘူး"

အံဩပါ့။ အရင်တစ်ခါ ကျွန်တော့်ကို သူပြောစရာရှိတုန်းကကျတော့ တစ်ဖက်သားအချိန်ရှိသလားမရှိသလားမသိ အမိန့်သံနဲ့ခေါ်သွားပြီးတော့ ကျွန်တော့်အလှည့်ကျမှ သူ့အချိန်ကိုလေးစားပေးရမှာလား။ "ဪ... ဟုတ်ကဲ့ခင်ဗျ" ဆိုပြီး သွားခိုင်းလိုက်မယ်ထင်နေလား။

"ထိုင်မပြောဘူးဗျာ... ဒီမှာပဲရပ်ပြီးပြောမယ်၊ ခုဏက ကိုကိုနဲ့ခင်ဗျားနဲ့ပြောနေတဲ့ထဲ ပိုက်ဆံသိန်းနှစ်ရာဆိုတာ ကြားလိုက်တယ်၊ အဲ့ဒီကိစ္စပဲ ကျွန်တော့်ကိုပြောပြပေး..."

"ချာတိတ်... မင်းက ကြွက်ပေါက်စလေးလို ခိုးနားထောင်တတ်တာကိုး..."

ကြွက်ဟုတ်မ‌နေဘူး။ ဆင်ဗျ...။ ဗုဒ္ဓဟူးနေ့မှာမွေးတဲ့ ဗုဒ္ဓဟူးသားစစ်စစ်။
ခင်ဗျားခေါင်းကိုတက်နင်းပြမယ့် ဆင်။

"ကျွန်တော့်နာမည်ချာတိတ်မဟုတ်ဘူး၊ လင်းခန့်...
ခင်ဗျားမှတ်မထားဘူးလား..."

"ငါက ဘာအရေးနဲ့ မင်းနာမည်ကို မှတ်ရမှာလဲ"

"ထားလိုက်တော့... ကိုကိုက ခင်ဗျားဆီမှာ သိန်းနှစ်ရာအကြွေးတင်နေတယ်ဆိုတာ တကယ်လား..."

မျက်လုံးကိုတည့်တည့်ကြည့်ရင်းမေးလိုက်တော့ ဘုတောနေတဲ့တစ်ယောက်ဟာ နောက်ကိုလှည့်လို့ ကားရှေ့ခန်းမှန်ကို တစ်ချက်ခေါက်ပြီး driver seat ကလူကို စက်သပ်ထားလိုက်ဖို့ အချက်ပေးလိုက်တယ်။ ပြီးကာမှ နက်ခ်တိုင်ကို နည်းနည်းလျှော့လိုက်ရင်း ခပ်ထေ့ထေ့လေသံနဲ့ ပြန်ဖြေရဲ့။

"ဟုတ်တယ်ဆိုရင် မင်းဆပ်ပေးမလို့လား"

"ဘယ်လိုဖြစ်တာလဲ... ချေးတယ်ဆိုရင်တောင် ကိုကိုကခင်ဗျားဆီက အဲ့လောက်ပိုက်ဆံယူမယ့်သူမျိုးမဟုတ်ဘူး..."

"အင်းပေါ့... ခွန်းဆိုရင်တော့ ဘယ်ယူပါ့မလဲ...
သူ့ဦးလေးယူထားတာ"

"ဗျာ... ဘယ်လို..."

"နှစ်ဆန်းပိုင်းက ငါဩစတြေးလျကို အလုပ်ကိစ္စသွားရတော့... ခွန်းဦးလေးကို ငါရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီမှာတွေ့ခဲ့တယ်၊ သူကငါ့ကို ရှယ်ယာရောင်းချင်နေတာ... ငါ့မှာလည်း ရှယ်ယာဝယ်ဖို့ အစီအစဉ်ရှိတာနဲ့မို့ သူချတဲ့ဈေးအတိုင်း ဝယ်လိုက်တယ်၊ လူချင်းမတွေ့လိုက်လို့ အစကခွန်းရဲ့ နှစ်ဝမ်းကွဲဦးလေးမှန်း ငါမသိဘူး...  နောက်တော့ ခွန်းဆီကကြားဖူးတဲ့နာမည်ဆိုတာ သတိရလို့ သူ့ဦးလေးမှန်းသိရတာနဲ့ ငါနည်းနည်း စုံစမ်းကြည့်လိုက်တာ သူ့ကုမ္ပဏီမှာ ချောက်ကမ်းပါးထဲကျလုဆဲဆဲကနေ မနည်းဟန်ချက်ညှိနေရတဲ့ ပရောဂျက်တစ်ခုရှိနေတယ်... ငါ့ကိစ္စမဟုတ်တဲ့အပြင် သူလည်း သူ့ဇာတ်သူနိုင်အောင် ကနေနိုင်တာပဲမို့ စိတ်မဝင်စားဖြစ်ဘဲ ငါ့လာရင်းကိစ္စတွေပဲစီစဉ်ပြီး ပြန်လာခဲ့တာ၊ တစ်လလောက် မျက်စိရှေ့ကပျောက်သွားပေးထားလို့ ဒီလောက်ဆို ခွန်းငါ့ကိုလွမ်းပြီး စိတ်ပြေနေလောက်ပြီလို့ ငါတွေးထားခဲ့တာ... ဒါပေမယ့် သူအခုတစ်ခေါက် ဘယ်တုန်းကနဲ့မှမတူဘဲ အရမ်းခေါင်းမာနေတယ်၊ ငါသူ့ကိုအချိန်အတော်ကြာ လွှတ်ထားပေးပြီးတာတောင် အရင်လိုအေးဆေးပြန်ဖြစ်မသွားဘူး... နောက်ဆုံး ငါ့ကို လက်စွပ်ပါပြန်ပေးလာတယ်လေ..."

လက်စွပ်...။ ဟုတ်တယ်...။ ကျွန်တော်နဲ့ အခုပြောနေတဲ့လူ ပထမအကြိမ်မျက်နှာစုံညီတွေ့ဆုံပွဲ လုပ်ခဲ့တုန်းက သူကျွန်တော့်ကို အဲ့အကြောင်းပြောပြခဲ့တယ်။ ကိုကိုသူ့ကို လက်စွပ်ပြန်ပေးခဲ့တဲ့ အဲ့နေ့က ကိုကို့လက်တောင် ဒဏ်ရာရခဲ့သေးတာ။

ကျွန်တော်ပြန်တွေးနေတုန်းမှာပဲ မျက်နှာချင်းဆိုင်ကလူရဲ့ ဩကြည်ကြည်အသံက နားထဲဆက်ဝင်လာခဲ့တယ်။

"ခွန်းရဲ့မကောင်းတဲ့အကျင့်တစ်ခုက မဟုတ်တဲ့ကိစ္စတွေထိ လိုက်အလေးအနက်ထားနေတတ်တာပဲ... အဲ့နောက်တစ်ခါကျတော့ ငါသူ့ကိုပေးခဲ့ဖူးသမျှ ပစ္စည်းတွေကိုပါ ငါ့ကိုအကုန်ပြန်ပေးခဲ့တာ၊ 'မသက်ဆိုင်တော့တဲ့သူဆီက ဘာမှယူမထားတော့တာ သေချာအောင်လို့'  တဲ့... ဘယ်ပယောဂဝင်နေတာလဲ မေးချင်မိလောက်အောင် သူတစ်ခါမှမလုပ်ဖူးတဲ့ အသစ်အဆန်းတွေ ငါ့ကိုအမျိုးမျိုး လုပ်ပြနေတော့တာပဲ..."

အစွန်းစကားကြောင်းမှာက ခပ်ထေ့ထေ့လေသံသဲ့သဲ့နဲ့အတူ ကျွန်တော့်အပေါ်ဖျတ်ခနဲကျလာတဲ့ ခပ်စောင်းစောင်းအကြည့်တွေ ပါပါနေရဲ့။ ခင်ဗျား မှားနေပြီ။ အဲ့ပယောဂက ကျွန်တော်မဟုတ်တာ သေချာတယ်။ ဒါပေမယ့် ရှင်းပြမနေတော့ပါဘူးလေ။ အထင်ပိစိလေးကြီးနေတယ်လို့ ယူဆလိုက်မယ်။

"ငါလည်း နည်းနည်းစိတ်ပေါက်သွားတာနဲ့ သူ့ဦးလေးရဲ့ခွင်တွေထဲကို နည်းနည်းမွှေပြီး ကမ်းပါးစွန်းက ပရောဂျက်လေးကို လက်နဲ့တောက်ချပေးလိုက်တယ်၊ အဟွန်း... အန်ကယ်က စီးပွားရေးလောကထဲမှာနေလာတာ ငါ့ထက်အများကြီးစီနီယာကျပေမယ့် ပါးနပ်ကျွမ်းကျင်မှုက မူလတန်းကျောင်းသားလောက်ပဲ ရှိသေးပုံရတယ်... သူအရေးတကြီးငွေလိုလာတဲ့အချိန်မှာ ရှယ်ယာအရောင်းအဝယ်ကိစ္စက သိခဲ့တာကိုအကြောင်းပြုပြီး ငါ့ဆီကမ်းလှမ်းလာအောင် လမ်းစချပေးလိုက်တော့ တန်းပါလာတော့တာပဲ"

တကယ်ပါ...။ ကိုမိုးကောင်းကင်ရဲ့ တစ်ခြားလူအပေါ် အထင်အမြင်သေးမှုက အရွယ်သုံးပါးမရွေးဘူးပဲ။ ဘဝင်လေဟပ်နေပုံက မိုးပေါ်ပျံတက်သွားတော့မလား မှတ်ရတယ်။

သတိထားပါဘရို...။ ဆွဲချပေးဖို့လိုရင်လည်းပြော။

စေတနာစကားကို စိတ်ထဲကနေပဲပြောလိုက်ပြီး အမြင်ကပ်လောက်အောင် မိုးထိုးနေတဲ့အရပ်ကို မော့ကြည့်ရင်း မျက်မှောင်ကျုံ့လိုက်မိတယ်။

"အကွက်ထဲတန်းဝင်လာတာနဲ့ ငါသူ့ကုမ္ပဏီအတွက် ဒေါ်လာနှစ်သိန်းခွဲ မြန်မာငွေသိန်းငါးထောင်ကျော် ထုတ်ချေးလိုက်တယ်... ရင်းနှီးမြုပ်နှံတဲ့သဘောပေါ့"

အရင်တစ်ခါတွေ့တုန်းက အလုပ်မရှိသေးတဲ့ ဆယ်တန်းကျောင်းသားကျွန်တော့်ကို ဖြဲခြောက်တဲ့အနေနဲ့ ဒီလူက bussiness card ထုတ်ပေးခဲ့သေးတယ်။ မယူထားပေမယ့် မြင်လိုက်ရတယ်။ သူ့ကုမ္ပဏီက ဆယ်စုနှစ်နှစ်ခုအတွင်း ပြည်တွင်းမှာ ဩဇာအကြီးဆုံး funding group ကြီးဖြစ်တဲ့ 'Soar Sky'...။
ပြည်တွင်းနဲ့ပြည်ပ အချိတ်အဆက်အများကြီးနဲ့ လုပ်ငန်းအများစုရဲ့ ငွေကြေးတွေက သူတို့လက်ထဲမှာ လည်ပတ်နေတာ။ သူ့အနေနဲ့က မျိုးဆက်သုံးဆက်မြောက်လို့ ပြောရမယ်။

"အဲ့ဒိနောက် စုံစမ်းကြည့်ရသလောက် အန်ကယ့်ကုမ္ပဏီက တစ်ခြားမှာ အကြွေးတင်နေတာတွေလည်းရှိနေလို့ လုပ်ငန်းပါတနာကောင်းဖြစ်ဖို့အတွက်ဆိုပြီး တစ်ချို့ကိုကူညီပေးဖို့ပါ ကတိပေးခဲ့တယ်၊ အဲ့ဒီအစား သူ့လက်ထဲ အဆင်ပြေစပြုနေတဲ့ လုပ်ငန်းသစ်တစ်ချို့က ရလာမယ့်အမြတ်အစွန်းကို ခံစားခွင့်နဲ့‌ပေါ့... အဲ့ဒီသိန်းနှစ်ရာက ငါဆပ်ပေးလိုက်တဲ့အထဲ သူ့ကိုအသိ‌မပေးဘဲ ချန်ထားခဲ့တဲ့ဟာပဲ၊ ဘာအပေးအယူမှ မတောင်းဆိုရသေးတဲ့တစ်ခုပေါ့... ပြန်ပေးစရာ မရှိမှန်းလည်း သိနေလို့ လက်မတို့တော့တာ၊ အခုအချိန်မှာက အကျပ်အတည်းထဲမှာမို့ ငွေကြေးစီမံရတာ အန်ကယ့်အတွက် အဆင်မပြေဘူး... တစ်ခြားပြဿနာတွေလည်းရှိနေတော့ pressure ပိပြီး အကွက်ရွှေ့မှားရင် သူ့ကုမ္ပဏီဒေဝါလီခံရဖို့ လမ်းစပဲ..."

"သူမှားသွားရင် ခင်ဗျားငွေဆုံးရှုံးမှာ‌ မ‌စိုးရိမ်ဘူးလား..."

"မှားလောက်မယ့်အခြေအနေတော့ မရောက်နိုင်မှန်းသိလို့‌ပေါ့... ခွန်းရဲ့ဦးလေးက အတွေ့အကြုံရှိတဲ့ စီးပွားရေးသမားပဲ... ကာလတစ်ခုလိုပေမယ့် သူဖြေရှင်းနိုင်မှာပါ၊ ဆုံးရှုံးမှာသိရက်နဲ့ မြုပ်နှံတာမျိုး ငါမလုပ်ဘူး၊ နည်းနည်းကစားရုံပါပဲ..."

ဒီလူ... ဒီလူတော်တော်စီးပွားရေးသမားဆန်တာပဲ။
တက်ခဲ့တဲ့မေဂျာက စီးပွားရေးလိုင်းမဟုတ်တာတောင် ကျောင်းတက်ရင်းကုမ္ပဏီဝင်ထားတဲ့နှစ်နည်းနည်းနဲ့တင် အကိုင်အတွယ်ကျွမ်းကျင်တဲ့ ဆရာကြီးဖြစ်နေပုံထောက်ရင် သွေးထဲကပါလာတဲ့ပေသီးခေါက်နိုင်စွမ်းပဲဖြစ်ရမယ်။ ဒီအရွယ်နဲ့ နာမည်ကြီး funding company ကြီးရဲ့ CEO ဖြစ်နေပြီး အတွေ့အကြုံများတဲ့လူကြီးတွေကြားမှာ risk ကြီးတဲ့ လုပ်ငန်းကိစ္စတွေကို နေကြာစေ့ ကွာစေ့စားသလို အလွယ်လေးကိုင်တတ်တွယ်နိုင်တာ၊ ကိုယ်လိုချင်တာရဖို့ မလိမ့်တပတ်နဲ့ဉာဏ်များပြီး အကျင့်လေးပါယုတ်နိုင်တာကိုတော့ မချီးကျူးချင်ပေမယ့် ချီးကျူးလိုက်ရပါရဲ့။ 

"အဲ့တော့ ခင်ဗျားက ကိုကို့ဦးလေးကို ကစားကွက်ထဲထည့်၊ ဓားစားခံလုပ်ပြီး ကိုကိုခင်ဗျားဆီပြန်လာအောင် အကျပ်ကိုင်လိုက်တယ်ပေါ့... ခင်ဗျားနဲ့လက်ထပ်ရင် မညိနှိုင်းရသေးတဲ့ အကြွေးသိန်းနှစ်ရာကို လျှော်ပေးလိုက်မယ်၊ ထုတ်ပေးထားတဲ့ funding ငွေတွေကို ပြန်သိမ်းမယ်ဆိုပြီး ထပူတာမျိုးလည်းမလုပ်ဘူး ဆိုတဲ့ အပေးအယူနဲ့လား..."

မျက်စိရှေ့ကလူဟာ ရဲညို့ညို့နှုတ်ခမ်းတွေကို ထောင့်တစ်ဖက်တည်းကွေးပြီး မျက်လွှာကိုတစ်ဝက်ချလို့ ကျွန်တော့်ကို ငုံ့ကြည့်ရင်း...။

"နားလည်လွယ်သားပဲ ချာတိတ်...
ပြောပြခိုင်းပြီးတော့မှ မင်းခေါင်းကုတ်နေရမှာကို ငါကစိုးရိမ်နေတာ"

ဖြစ်ရသေးတယ်။ အနာဂါတ်မှာ ခင်ဗျားထက်သာတဲ့ စီးပွားရေးသမားလုပ်မယ့်ကျွန်တော်က ဒီလောက်ကတော့ လေ့လာထားပြီးသားဗျ။

စိတ်ထဲကနေ အော်ပြောရင်း အမြင်ကပ်ကပ်နဲ့ မျက်စောင်းထိုးပြီးမှ အတွေးဆက်လိုက်မိတယ်။

ဒီလူတော့... တကယ်ပါပဲ...။ ဘယ်နှယ့် အချစ်ရေးကိစ္စမှာတောင် ရှယ်ယာကစားပြီး အမြတ်တွက်တဲ့နည်းနဲ့ ကိုယ့်ရည်းစား... အဲ... ပြတ်ထားတဲ့ရည်းစားကို ကိုယ့်ဆီပြန်လှည့်လာအောင် ချည်တုပ်ရတယ်လို့။ ခက်နေပါပြီ။

စဉ်းစားကြည့်လေ...။ 'ငါမင်းဦးလေးရဲ့ကုမ္ပဏီအတွက် ပိုက်ဆံချေးထားတာ... သူကပြန်ဆပ်နိုင်တဲ့အခြေအနေမှာ မရှိသေးဘူး၊ ကိစ္စမရှိပါဘူးလေ... မင်းငါနဲ့လက်ထပ်လိုက်... အဲ့ငွေလေးလောက်ကို လျှော်ထားပေးလိုက်မယ်...' အဲ့လိုမျိုးပြောလိုက်ရင် တစ်ဖက်လူက...
'အို... သဘောထားကြီးလိုက်တာ... လက်ထပ်မှာပေါ့ အချစ်ရယ်...' ဆိုပြီး မျက်ရည်တွေလည်လို့ ရင်ခွင်ထဲပြေးဝင်လာတယ်ဆိုတာမျိုးက ကျွန်တော့်အစ်မတော် စွဲစွဲလမ်းလမ်းကြည့်တဲ့ ည၈နာရီဇာတ်လမ်းတွဲတွေရဲ့ ထပ်တလဲလဲ plot တွေမှာတောင် နည်းနည်းရှားသွားပြီပဲဟာ...။

"ခွန်းက သူ့ဦးလေးဆီက နှစ်အတော်ကြာအကူအညီယူလာတော့
သူ့အပေါ်ကျေးဇူးရှိတဲ့သူတစ်ယောက် အခြေအနေပျက်မှာကို မလိုလားဘူး... ငါခွန်းကို အဲ့ဒီကိစ္စနဲ့ပြန်ဆွဲခေါ်ဖို့စီစဉ်လိုက်တာ... ဒါပေမယ့်..."

"ဒါပေမယ့် ခင်ဗျားအတွက်မှားသွားတယ်မလား...
ကိုကိုက ခင်ဗျားဆီပြန်လာမယ့်အစား အဲ့ဒီကျန်တဲ့ပိုက်ဆံသိန်းနှစ်ရာကို သူဆပ်ပေးမယ်လို့ ကတိပေးလိုက်တော့ အမြတ်ချည်းပဲလို့တွက်ထားတဲ့ ပရောဂျက်ကြီးက အဓိက target ကိုမရဘဲ ချော်တောငေါ့သွားရောလေ..."

ကျွန်တော့်စကားက အရှိုက်ထိသွားပုံပဲ။ အချစ်ရေးကိစ္စမှာ ပေသီးခေါက်မိတဲ့ ကိုမိုးကောင်းကင်တစ်ယောက် သုံးလေးစက္ကန့် ငြိမ်ဆိတ်သွားလေရဲ့။ ပြီးမှ သက်ပြင်းတစ်ချက်မှုတ်လိုက်ရင်း...။

"ဖေဖော်ဝါရီတုန်းက ငါခွန်းကိုအဲ့အကြောင်းပြောခဲ့တာ...
အခုထက်ထိ သူစိတ်မပြောင်းသေးဘူး"

ဖေဖော်ဝါရီ...။ ဟုတ်တယ်။ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းကပဲ။ ကိုကိုသူ့ကားပေါ်ပါသွားတာ တွေ့လိုက်ရတဲ့နေ့၊ ကိုကိုတစ်ယောက်တည်း တက္ကစီနဲ့ပြန်လာတဲ့နေ့၊ ကျွန်တော့်ကို မအော်စဖူးအော်လွှတ်တဲ့အထိ ကိုကို့ပုံစံတွေမတည်ငြိမ်ခဲ့တဲ့နေ့...။ အဲ့နေ့က အဲ့သလိုဖြစ်ခဲ့တာပဲ ဖြစ်ရမယ်။

"ဖေဖော်ဝါရီလဆန်းက ကိုကိုခင်ဗျားနဲ့လိုက်သွားတာ တွေ့လိုက်တယ်... အဲ့ဒါ ဘဏ်ကိုသွားတာမလား..."

သေချာတယ်။ အဲ့လိုသောက်ကျိုးနည်းအကျပ်ကိုင်ခံရရင် ကိုကို့အကျင့်နဲ့ဆို 'အိုင်ဒုန့်ဖာ့ကင်းန်ကမ်းဘက်ခ်တူယူ' လို့ ပြောပြီးတာနဲ့ ချက်ချင်း အနှစ်နှစ်အလလအလုပ်လုပ်ပြီး scholar ထွက်နိုင်ဖို့ စုထားတဲ့ပိုက်ဆံတွေကို အကုန်လုံးထုတ်ပေးလိုက်မှာပဲ။

"ဟုတ်တယ်... သူစုထားတဲ့ပိုက်ဆံတွေအရင်ထုတ်ပေးပြီး စောင့်ပေးမယ်ဆို ကျန်တာတွေရအောင်ရှာပြီးဆပ်မယ်လို့ ပြောခဲ့တာ... အဓိပ္ပာယ်မရှိတာ... အဲ့လောက်ဖြစ်သွားမယ်လို့ ငါထင်မထားဘူး၊ သူက စီးပွားရေးသမားလည်း မဟုတ်ဘဲ ဘာလို့မလိုအပ်တာတွေလုပ်မှာလဲ... တကယ်ပဲ... ငါခွန်းကို နားမလည်နိုင်တော့ဘူး..."

ဖြစ်ရလေ...။ ကိုကိုက ဒီချီးထုတ်လိုလူကြောင့်နဲ့ချည်း
စုဘူးနှစ်ခါခွဲခဲ့ရတယ်လို့...။ မျက်ခုံးတန်းနှစ်ကြောင်းကြားက
တွန့်ကျုံ့သွားတဲ့အရေပြားကို လက်နဲ့ဖိချရင်း ခေါင်းရမ်းလိုက်မိတယ်။

"ကိုအာကာဝေယံ... ကျွန်တော် ခင်ဗျားကိုပြောပြချင်နေတာ သုံးလေးခုရှိတယ်၊ အဲ့ထဲက တစ်ခုအရင်ပြောမယ်...
ခင်ဗျားက ကိုကို့ကိုလျှော့တွက်လွန်းတာပဲ"

"..."

"ကိုကိုက ခင်ဗျားနဲ့မတွေ့ခင်ကတည်းက သူတစ်ယောက်တည်း ဘဝကိုဖြတ်သန်းလာတာ... ခင်ဗျားစီမံခန့်ခွဲနေတဲ့ အလုပ်ကိစ္စတွေခက်ခဲတယ်ဆိုတာ ကိုကိုတစ်ယောက်တည်း ဖြေရှင်းလာရတဲ့ အခက်အခဲတွေရဲ့ဘယ်နှစ်ပုံစာမှမရှိဘူး... ကိုကိုက အမြင်သာ အားနည်းသလို၊ နူးညံ့ပျော့ပျောင်းသလို ထင်ရပေမယ့် ကျွန်တော်ရော၊ ခင်ဗျားရောထက် အများကြီးပိုသန်မာတယ်... အဲ့ဒါကိုရော သတိထားမိရဲ့လား..."

လမ်းထောင့်ကမီးတိုင်ရဲ့အလင်းဟာ ကျွန်တော်နဲ့ကျွန်တော့်ရှေ့ကလူရဲ့ကြားမှာ ခပ်ပျပျကျဆင်းလာတယ်။ နွေညရဲ့ခြောက်ကပ်တည်ငြိမ်တဲ့လေထုကို လမ်းမပေါ်ကဆိုင်ကယ်၊ ကားတွေက ဆက်တိုက်ဆိုသလို တဝီးဝီးနဲ့ ခွင်းဖောက်ပြီးသွားနေကြတယ်။

"မေးလက်စနဲ့ဆက်မေးကြည့်မယ်... ကိုကိုက ခင်ဗျားအတွက်ဆို အမြဲပြာယာခပ်နေအောင် ချစ်ပေးခဲ့တဲ့သူမို့ သူကနေရာတကာ လေးလေးနက်နက်ရှိတတ်တဲ့သူဆိုတာကို ခင်ဗျားမေ့ထားလိုက်တယ်မလား... ခင်ဗျားကို အမြဲလိုလို သည်းခံပေးခဲ့တဲ့သူမို့ သူလည်း သည်းမခံနိုင်တာတွေ ရှိတယ်ဆိုတာကို ထည့်မတွေးလိုက်ဘူးမလား... ခင်ဗျားကို သူဘယ်လောက်ချစ်မှန်း သူ့ကိုယ်တိုင်တောင် သေချာမသိလောက်တဲ့သူမို့ 'မချစ်တော့ဘူး' ဆိုတဲ့စကားမျိုး သူ့ပါးစပ်ကထွက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်ထားလိုက်တယ်မလား..."

"..."

တစ်စုံတစ်ယောက်ကတော့ ကျွန်တော့် 'လား' တစ်ခွန်းဆုံးတိုင်း... ပိုပိုပြီးဆိတ်ငြိမ်သွားရဲ့...။

"ကိုကိုပြောသလိုပဲ... ခင်ဗျားအတွေးတွေ မှားနေပြီ"

ကျွန်တော့်ကိုကြည့်မနေတဲ့ မျက်ဝန်းတွေက တစ်စုံတစ်ရာကိုဝန်မခံချင်သယောင်နဲ့ မျက်တောင်ကိုသာ ပုတ်ခတ်နေတယ်။

"ခင်ဗျား ကိုကို့ကိုချစ်လား..."

"မေးစရာမလိုဘူး... ငါ ခွန်းကိုချစ်လို့ပဲ မရမကဆွဲထားနေတာ...
ခွန်းကို ဘယ်သူ့ဆီမှမပေးနိုင်ဘူး... ခွန်းကငါ့အပိုင်ပဲ"

"ဒါဆို ခင်ဗျားကိုယ်ခင်ဗျား ကိုကို့အတွက် အပိုင်ပေးထားဖူးလား..."

"..."

ငြိမ်နေရာကအသံပြန်ထွက်လာတုန်း ချက်ချင်းဖြတ်မေးလိုက်တဲ့ ငါးခုမြောက် 'လား' မှာ အဖြေထွက်မလာပဲ ထပ် loading ကျသွားပြန်ရဲ့။ အတော်ပဲ...။ အရင်တစ်ခေါက်က ကျွန်တော်ပန်ကန်ပြားရလိုက်တဲ့အတွက် လက်စားချေတဲ့အနေနဲ့ ခပ်လန်းလန်းစကားလေးတွေ ပိတ်ထည့်ပေးလိုက်လို့ရပြီ။

"ဒီမှာ... တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ...
ကိုယ့်ကိုယ်ကို သူ့အတွက်အပိုင်ပေးလိုက်တာပဲ၊ ခန္ဓာကိုယ်ရော... စိတ်၊ နှလုံးသားရော... "

"..."

"ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျားတော့ ကိုကို့ဆီအပိုင်ပေးမထားနိုင်ဘဲနဲ့ ကိုကို့ကိုတော့ ချွင်းချက်မရှိခင်ဗျားအပိုင်ဆိုပြီး လုပ်ချင်နေလို့ ဘယ်ရမလဲ... အဲ့ဒါ တစ်ကိုယ်ကောင်းဆန်တာလို့ ခေါ်တယ်ဗျ"

"..."

"ခင်ဗျားအဲ့လောက် မဝေးပါဘူး၊ နည်းနည်းပါးပါး ပြန်စဉ်းစားကြည့်လိုက်... ဒါဖြစ်သင့်သလားဆိုတာ..."

တကယ်ဗျာ...။ စကားလုံးတွေကို တစ်လုံးချင်းပစ်သွင်းပြီး တည်ကြည်မှုတွေနဲ့အရောင်လက်နေတဲ့ မျက်ဝန်းအစုံကို တစ်ဖက်လူဆီကခွာ၊ ဟန်ပါပါလှည့်ပြီး အောင်နိုင်သူတစ်ယောက်လို ကျောခိုင်းထွက်လာရတာ ဖီးလင်းစိုးဂွတ်ဒ်ပဲ။ ကောင်းဘွိုင်ရုပ်ရှင်တွေထဲက ကန္တာရအစွန်မှာ နို့ဆီဘူးခွံတွေတွဲလွဲဆွဲပြီး ဘယ်သင်းကပိုလက်ဖြောင့်သလဲ သေနတ်ယှဉ်ပစ်ပွဲမှာ နိုင်လာတဲ့မင်းသားလို့တောင် ကိုယ့်ကိုယ်ကိုယ်ထင်မိသွားတယ်။

ကျွန်တော် ၉လှမ်း ၁၀ လှမ်းလောက်လှမ်းပြီးချိန်မှာ ကားတံခါးကို ခပ်ကြမ်းကြမ်းပိတ်လိုက်သံနဲ့အတူ လှစ်ခနဲလမ်းထဲကပျောက်သွားတဲ့ BMW အနက်ရောင်တစ်စီး...။

ရှုံးသွားလေတဲ့ မင်းသားရဲ့ပြိုင်ဘက်ကတော့ ရှက်အားကြီးပြီးမြင်းနဲ့ ထွက်ပြေးသွားလေသတည်း ပေါ့ဗျာ။ စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုလက်ဆွဲပြီး ဂုဏ်ပြုလိုက်တယ်။ လက်စားချေတာ အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ် ငါ့ကောင်...။

* *

ကျွန်တော် ခပ်သုတ်သုတ်လေး လှေကားပေါ်တက်လာခဲ့တယ်။ ကိုကို့အခန်းရှေ့ရပ်ပြီး တံခါးခေါက်ဖို့ပြင်လိုက်တော့ အခန်းထဲကအလင်းရောင်ဟာ ကော်ရစ်ဒါကို အကြောင်းလိုက်လျှံကျလို့။
တံခါးကစေ့အောင်တောင် ပိတ်မထားဘူးပဲ။

လက်ကိုင်ကိုအသာလေးတွန်းလို့ ချောင်းသာရုံလေးဟပြီး
အထဲကိုကြည့်လိုက်တော့ ရေချိုးပြီးကာစဖြစ်ပုံရတဲ့ကိုကိုက
အပေါ်ကြယ်သီးသုံးလေးခုလောက်မတပ်ရသေးတဲ့ အနက်ဖျော့ဖျော့ရှပ်အင်္ကျီလေးနဲ့ စားပွဲဘေးကော်ဇောပေါ်ကို တင်ပျဉ်ခွေလျက် ဝင်ထိုင်လိုက်တယ်။ ကျောပေးလျက်ထိုင်နေတာမို့ ကျွန်တော့်နေရာကကြည့်ရင် ကျောပြင်မှာကပ်နေတဲ့အင်္ကျီသားကြောင့် အမြဲမတ်နေတဲ့ခါးလေးကအချိုးကျကျပေါ်လွင်လို့။ လူလည်း အထဲဝင်ဖို့မေ့ပြီး ညပိတ်ကားလေးနဲ့တူတဲ့ အဲ့ဒီနောက်ကျောပြင်ကို အသံတိတ်ငေးနေမိပါရော...။

"..."

ချောင်းလို့ကောင်းနေတုန်းဗျာ...။ သုံးလေးစက္ကန့်အကြာမှာ ရုတ်တရက်မြင်လိုက်ရတဲ့ ကိုကို့လှုပ်ရှားမှုကြောင့် ကျွန်တော့်ခိုးကြောင်ခိုးဝှက်မျက်လုံးတွေခမျာ ဖန်ပေသီးလို ပြူးထွက်လာရတာပဲ။

ပါးပါးလျားလျားရှပ်အင်္ကျီလေးကို ညာဘက်ပခုံးပေါ်ကနေ လျှောချလိုက်တာ မီးရောင်နဲ့ဟပ်ပြီး ကြည်လင်ချောမွတ်နေတဲ့ လက်ပြင်သားလေးဟာ အတိုင်းသား။ မဟုတ်မှလွဲ ရေချိုးပြီး တစ်ကိုယ်လုံးလိုးရှင်းလိမ်းမလို့များလား။ အာ... မဟုတ်သေးဘူး၊ ကိုကိုက skin care တွေမှ သိပ်မသုံးတာ။

ခေါင်းယမ်းရင်း မျက်ခုံးတန်းတွေကို မြင့်မြင့်ခင် အဲလေ... မြင့်မြင့်တင်လို့ ထပ်ကြည့်လိုက်တော့မှ ကျွန်တော့်သူငယ်အိမ်တစ်စုံဟာ ခုဏကထက်ပိုပြီး ဝိုင်းစက်သွားရတယ်။

အင်္ကျီသားအကာအကွယ်လစ်လပ်နေတဲ့နေတဲ့ ကိုကို့လက်ပြင်မှာ နေရာယူထားတာက သွေးခြေဥပြီး အညိုအမည်းစွဲနေတဲ့ ဒဏ်ရာတစ်ခု။ ကိုကိုက ရေခဲတုံးတွေထည့်ထားပုံရတဲ့တဘက်တစ်ခုနဲ့ ဒဏ်ရာပေါ်ကို မမှီ့တမှီလှမ်းအုပ်နေခဲ့တာ။

"ကိုကို..."

ကျွန်တော် ထရံကြားကချောင်းကြည့်တဲ့ ကြက်ပေါက်ကလေး ဆက်မလုပ်နိုင်တော့ဘူး။ ထရံကို အုန်းခနဲကျော်တက်လာတဲ့ ကြက်ဖလိုမျိုး အသံမပေးတော့ဘဲ ဟစိဖြစ်နေတဲ့တံခါးကို တွန်းဖွင့်ပြီး ဖိနပ်ကိုလည်း ကမန်းကတမ်းဖြစ်သလိုချွတ်လို့ ပြေးဝင်လာခဲ့တယ်။

"ဒီဒဏ်ရာက ဘယ်ကရလာတာလဲ... ဘယ်တုန်းကလဲ...
နေအုံး... အာကာဝေယံလား၊ ထပ်ပြီးအဲ့လူကြောင့်ပဲလား..."

ဘေးနားမှာဝင်ထိုင်၊ ကိုကို့လက်မောင်းကိုဖွဖွကိုင်ပြီး
မေးခွန်းတွေအတွဲလိုက်ထုတ်မိတော့ မျက်မှန်မပါလို့ အတိုင်းသားတွေ့ရတဲ့ မျက်ဝန်းနက်လေးတွေက ကျွန်တော့်အပေါ် အာရုံစိုက်လာရဲ့။

"ဘယ်လိုလုပ်ဝင်လာတာလဲ၊ တံခါးက..."

အံ့ဩသယောင်အမူအရာနဲ့ပြောရင်း မျက်ခုံးကျုံ့ပြီး အခန်းဝကိုလှမ်းကြည့်နေတော့ သက်ပြင်းတိုလေးမှုတ်ထုတ်မိတယ်။

"ကိုကိုမှ လော့မချခဲ့တာ... ဟင့်အင်း...
စေ့အောင်တောင် ပိတ်မထားဘူး"

"..."

အဲ့အခါမှ အကြည့်တွေပြန်သိမ်းယူလာတဲ့ တစ်ယောက်ယောက်ဟာ  မျက်တောင်တွေပုတ်ခတ်ရင်း လျှောကျနေတဲ့သူ့ရဲ့ရှပ်အင်္ကျီကို ဆွဲတင်လိုက်တယ်။ နောက်တော့ စားပွဲပေါ်လက်လှမ်းလို့ သူ့မျက်မှန်ကိုကောက်တပ်၊ ကျွန်တော် ဟောင်းလောင်းဖွင့်ထားခဲ့တဲ့ တံခါးကိုပိတ်ပြီးဂျက်ချဖို့ရာ ထသွားလေရဲ့။

အဲ့အတိုင်းပဲ...။ စတွေ့ကတည်းက ကိုကိုက အဲ့အတိုင်းပဲ။ တစ်စုံတစ်ယောက်ကြောင့် စိတ်ကလေးတစ်ချက်ထွေသွားတာနဲ့
ကိစ္စသေးသေးလေးတွေကိုတောင် သတိမထားမိတော့ဘူး။
ကိုကိုက ပုံမှန်ကိုကိုနဲ့မတူတော့ဘဲ နမော်နမဲ့နိုင်လာတတ်တယ်။

"မေးတာဖြေအုံးလေ ကိုကို
ဒဏ်ရာက ဘယ်လိုရလာတာလဲလို့..."

"အလုပ်လုပ်ရင်း ကတ်ထူပုံးပြုတ်ကျလို့ ခိုက်မိတာ
ဘာမှမဖြစ်ဘူး..."

ကတ်ထူပုံး...။ စာအုပ်ထည့်ထားတဲ့ ကတ်ထူပုံးမျိုးလား... အအေးဘူးတွေဘာတွေထည့်ထားတဲ့ ကတ်ထူပုံးမျိုးလား...။ ဘယ်လိုဟာဖြစ်ဖြစ် ကိုယ်ပေါ်ကိုကတ်ထူပုံးပြုတ်ကျတာ ခံသာစရာတစ်စက်မှမရှိဘူး။ ဘာကို ဘာမှမဖြစ်တာလဲ...။ iron man မို့လို့လား...။

ပုံမှန်မျက်နှာထားနဲ့ပြန်လျှောက်လာပြီး စားပွဲပေါ်ကရေခဲဝတ်ကလေးကို ဆွဲယူတော့ ကျွန်တော်ပြန်လုလိုက်ရသေးတယ်။

"ဒီလောက်ကလေးနဲ့ ဘယ်လိုလုပ်သက်သာမှာလဲ...
ထိုင်... ကျွန်တော်ဆေးလိမ်းပေးမယ်"

"ငါဘာမှမဖြစ်ပါဘူးဆို..."

"ဘာမှမဖြစ်ရအောင် ကိုကို့ခန္ဓာကိုယ်က သံနဲ့ထုထားတာမို့လို့လား... ဒီအတိုင်းထားထားရင် အတွင်းကြေကြေပြီး ဒဏ်ဖြစ်သွားမှာပေါ့၊
ထိုင်စမ်းပါဗျာ..."

ကိုကိုတို့က အပြောနဲ့မရဘူး။ လက်နဲ့ဆွဲခေါ်ပြီး ထိုင်ခိုင်းလိုက်မှ။
အကြောတင်းတာလေ... အကြောတင်းတာ။

...

ဘာမှမဖြစ်ပေလို့ပဲ အနီးကပ်ကြည့်လိုက်တော့ ဒဏ်ရာက တော်တော်တောင်ယောင်နေပြီ။

ကျွန်တော် အမှုမဲ့အမှတ်မဲ့ဖြစ်သွားခဲ့တာ။
အာကာဝေယံ ကိုကို့ကိုတွန်းလိုက်တုန်းက ကိုကိုအတော်လေး နာကျင်သွားသလိုပုံစံဖြစ်သွားတာ မြင်လိုက်ရတယ်။ နံရံနဲ့ ခိုက်မိထားတဲ့လက်ပျဉ်ဆောင့်မိပြီး ဒဏ်ရာပိုဆိုးလာတာပဲ။
အာ... ကာ... ဝေ... ယံ...။ ဒီသိုးနေတဲ့ပေါက်စီကတော့ ဘာမှမသိဘဲ လုပ်လိုက်ပြန်ပြီ။

ဒဏ်ရာပေါ်နဲ့ အနားတစ်ဝိုက်ကို ဆေးလိမ်းပေးရင်း ဆေးဝင်အောင် ဖိသိပ်ပေးရမှာတောင် ကျွန်တော်လက်တွန့်နေမိတယ်။ ကျွန်တော်လည်း ခဏတိုင်းဆိုသလို ကျွမ်းထိုးမှောက်ခုံစက်ဘီးလဲဖူးလို့ ဒီလိုအညိုအမည်းစွဲတဲ့ဒဏ်ရာမျိုးက ထိရုံနဲ့တင် ဘယ်လောက်နာလဲဆိုတာ ကောင်းကောင်းသိတယ်လေ...။

"နာနေလား ကိုကို..."

"ဘာမှမဖြစ်ဘူးပြောနေတာ ဘာလို့မယုံတာလဲ...
ဒါမျိုးက ခဏခဏဖြစ်နေကျ၊ ပြီးရင် သူ့ဟာသူပျောက်သွားလိမ့်မယ်"

ပန်းချီဆေးစပ်ထားသလို မရမ်းရောင်၊ အစိမ်းရောင်နဲ့ အညိုရောင်ရောယှက်နေတဲ့ သွေးခြေဥဒဏ်ရာက ကိုကို့ရဲ့ဖြူစင်ချောမွတ်တဲ့ အသားအရည်ပေါ်မှာ ထင်ထင်ရှားရှားကို လက်သုံးလေးသစ်စာလောက် နေရာယူထားတယ်။ ဘူးတစ်လုံးဆောင်နေပေမယ့် တကယ်တော့တော်တော်နာမှာပဲ။ ဒီပုံစံနဲ့ တစ်နေကုန် အလုပ်လုပ်နေခဲ့တာလား...။ ပြီးတော့ ခဏခဏဖြစ်နေကျတဲ့လား...။

"ဘာဖြစ်နေတာလဲ..."

Voltex အဖုံးလေးကိုတစ်ရစ်ချင်းလှည့်ပိတ်ရင်း ငြိမ်ချက်သားကောင်းနေတဲ့ကျွန်တော့်ကို အင်္ကျီကြယ်သီးပြန်တပ်နေတဲ့ကိုကိုက စိုက်ကြည့်လို့ မေးလာပါရဲ့။

"ဒီနှစ်တွေအတွင်း ကိုကိုတော်တော်ပင်ပန်းခဲ့မှာပဲလို့ တွေးနေတာ..."

ခေါင်းငုံ့ထားမိတာမို့ မမြင်ရပေမယ့် သေချာပါတယ်။ ကိုကိုကျွန်တော့်ကို ထူးဆန်းသလိုအကြည့်တွေနဲ့ ကြည့်နေလိမ့်မယ်။

"ဘာတွေပြောနေတာလဲ ... ဖယ်...
ငါညစာမပြင်ရသေးဘူး"

"ကိုကို... ကျွန်တော်ကြားလိုက်တယ်"

"ဘာကိုလဲ..."

"သိန်းနှစ်ရာ..."

"..."

ကျွန်တော့်လက်ထဲက ဆေးဘူးကိုဆွဲယူပြီး ဆေးသေတ္တာထဲထည့်နေတဲ့ ကိုကို့လက်တွေက သုံး၊ လေးစက္ကန့်လောက် pause လုပ်ထားသလို ရပ်သွားခဲ့တယ်။ ပြီးမှ ပုံမှန်အတိုင်းပြန်လှုပ်ရှားလာရင်း ဆေးသေတ္တာကိုပိတ်လိုက်လို့ ဒီလိုမျိုး ခပ်အေးအေးပြောပြီး ထသွားတယ်။

"မင်းနဲ့မဆိုင်ဘူး... ခေါင်းထဲမထည့်နဲ့"

"ကိုကိုသိလား...
ကျွန်တော်က ကိုကို့အတွက်အသုံးဝင်ချင်တာ..."

"လင်းခန့်..."

"ဒါပေမယ့်ကိုကိုက တစ်ချို့ကိစ္စတွေမှာ ဘယ်တော့မှ ကျွန်တော့်ကို အသုံးချမှာမဟုတ်ဘူးဆိုတာသိတယ်..."

ပြောရင်းထလိုက်ပြီး ကိုကိုရပ်နေတဲ့ဆီလျှောက်သွားလို့ ကိုကို့လက်ထဲက ဆေးသေတ္တာလေးကိုဆွဲယူ၊ သူ့နေရာစင်ကလေးပေါ်ကို လှမ်းတင်လိုက်ရင်း ...။

"အဲ့ဒါကြောင့် အနည်းဆုံးတော့... ကိုကိုပင်ပန်းရင် ကျွန်တော့်ကို လှမ်းခေါ်ပါ၊ ကိုကိုစိတ်ညစ်ရင် ကျွန်တော့်ကိုပြောပါ၊ ကျွန်တော့်ကို သုံးလို့ရတဲ့နေရာမှာတော့ သုံးပေးပါ၊ ဒါမှ ကျွန်တော့်ကိုယ်ကျွန်တော် အသုံးမဝင်သလို မခံစားရမှာ..."

"မင်းက ပစ္စည်းမှ မဟုတ်တာ..."

အထွန့်တက်တဲ့စကားကို သူ့ရဲ့ပုံမှန်လေသံမဝဲတဝဲလေးနဲ့ပြောလာတဲ့ ဘေးနားကလူသားဆီ အကြည့်တွေအပြည့်အဝပို့ရင်း နှုတ်ခမ်းလွှာနှစ်ချပ်ကို လွှာလွှာလေးဟပြီး ရယ်လိုက်မိတယ်။

"ကိုကိုမေ့နေတာလား... ကျွန်တော့်ကို ပစ္စည်းတစ်ခုလို သဘောထားပါလို့ အစောကတည်းက ပြောထားပြီးသားပဲလေ..."

____________________________________
To be continued...

💖💖💖

Info လိုက်ထောက်ရင်း မကြေပွဲပါတစ်ခါတည်းနွှဲလာတဲ့
ဘေဘီခန့်ပါ (⁠✷⁠‿⁠✷⁠)

အပိုင်း ၂၁ ကကိစ္စအခုမှပြန်ပါလာပါတယ်။ အဲ့တုန်းက ကိုကိုက ပိုက်ဆံကိစ္စသွားရှင်းပြီး ပြန်လာတာပါ (space ထည့်ပြီးချက်ချင်းမရှင်းဘဲ ကြုံရာကနေကြုံသလို ဝင်ရှင်းတာကတော့ ကျွန်တော်ပါ )။

ဒီအပိုင်းကို ပြောရရင် ကျွန်တော်သိပ် confidence မရှိဘူးရယ်ဗျ။ တစ်ခြားနေရာမဟုတ်ဘဲ bussiness talk တွေမှာပါ။ plot အတွက် အကြမ်းဖျင်းလေး ယုတ္တိရှိအောင်ကြိုးစားရေးထားပေမယ့် Novella သည် စာပဲရေးတတ်ပါတယ်၊ စီးပွားရေးအကြောင်း နကန်းတစ်လုံးတောင် မသိပါဘူး TT ။ readers တို့ထဲ bussiness လေ့လာနေတဲ့သူတွေများရှိရင် လိုအပ်တာ ထောက်ပြခဲ့နိုင်ပါတယ်နော်။ It'll be a help for me.

Novella ✒️

Continue Reading

You'll Also Like

1.1M 60.4K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
7.6K 258 44
မိန်းကလေးတစ်ယောက်ကို နှလုံးသားတစ်ခုလုံးနဲ့ချစ်နေတာကို သိနေတဲ့ကျွန်တော်က ကျွန်တော် ကိုကို့ ကို ချစ်မိနေ ပါတယ်လို့ ဘယ်လိုပြောထွက်မှာလည်း။
1.3M 33.3K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
4.1M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...