Heartless December❄️ ZG versi...

بواسطة Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... المزيد

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်

15 2 0
بواسطة Novella_1001

❄️❄️❄️

ဆောင်းရာသီရဲ့အအေးဓာတ်နဲ့ လက်ဝါးချင်းရိုက် မိတ်ဖွဲ့ထားလေသလားပဲ မသိပါဘူး။ ဘယ်လောက်အားတိုင်းယားတိုင်း သူ့နှလုံးသားတိုင်းပြည်ကို ကျူးကျော်နေလည်း အဲ့ဒီလူသားရဲ့ ခံတပ်တံတိုင်းတွေက နည်းနည်းလေးမှ လှုပ်ရှားမယ့်ပုံမပေါ်ဘူး။

တစ်နေ့...။

"ကိုကို... ကျွန်တော့်ကိုချစ်ကြည့်ဖို့အစီအစဉ်မရှိဘူးလားဟင်.."

"မရှိဘူး "

"ပိစိလေးတော့ ရှိလိုက်ပါ..."

"စာမျက်နှာ ၈၆..."

နောက်တစ်နေ့...။

"ကိုကို... ဝေါ်အိုက်နိ ဆိုတာဘာလဲ..."

"တရုတ်စကား..."

"မဟုတ်ဘူးလေ... အဓိပ္ပါယ်ကိုမေးတာ..."

"သိချင်ရင် Google မှာရိုက်ရှာလိုက်..."

"ဟွန့်..."

နောက်ထပ်တစ်နေ့...။

"ကိုကို... ပန်းချီဆရာနံပတ်ဝမ်း..."

"စာစစ်နေတယ်... ဘာတွေလျှောက်ပြောအုံးမှာလဲ..."

"ပဟေဠိဖွက်မလို့ပါဆို... ပန်းချီဆရာက မချယ်ဘူးလား..."

"မချစ်ဘူး... "

"အာ... နည်းနည်းပါးပါး မသိချင်ယောင်ဆောင်ပြီး လိုက်ဖြေပေးလို့ မရဘူးလားဗျာ..."

ကြာတော့ ကိုယ့်ကိုယ်ကိုတောင် သနားလာပါရဲ့။
တစ်နေ့တစ်ခြား ကွေ့ဟယ်၊ လိမ်ဟယ်၊ ရှောင်ဟယ်နဲ့ ဘယ်လိုမှ စစ်လမ်းကြောင်းဖွင့်မရဘူးရယ်။ ကျွန်တော်ဘယ်လောက် တွယ်ကပ်နေနေ သွေးအေးအေးနဲ့ကို တောက်ချနေတော့တာ။ ကိုကိုမရှောင်နိုင်မယ့်စကားရှာရတာ ဦးနှောက်တွေလည်းခြောက်လာလို့ ဆာဟာရသဲကန္တာရဖြစ်တော့မယ်။

"ကိုကို ကျွန်တော့်ကိုမချစ်ဘူးဆိုတာ တကယ်ဟုတ်လို့လား...
ဘာလို့ ဒီလောက်သေချာနေတာလဲ..."

"မင်းကရော ငါမင်းကိုချစ်လာလိမ့်မယ်လို့ ဘာလို့ဒီလောက် သေချာနေတာလဲ..."

'ပလုံ' ခနဲ ကျွန်တော့် confident level တွေ ရေအောက်ကြမ်းပြင်ထဲ ထိုးကျသွားတဲ့အသံ ကြားလိုက်ရလား။

ကိုယ့်အဖြစ်ကိုယ်ကြည့်ရတာ တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ။
အရှိန်အပြည့်နဲ့ခုတ်မောင်းလာခဲ့ပြီးမှ ရှေ့တည်တည်မှာကာဆီးနေတဲ့ ရေခဲကျွန်းမြောကြီးရှေ့မှောက်မှာ မရှောင်နိုင်မတိမ်းနိုင် စုန်းစုန်းမြုပ်သွားရတာမျိုး။

စိတ်ညစ်လိုက်တာနော်...။ တကယ်ကြီး ရှယ်ပလန်နဲ့ကို စိတ်ညစ်ရပါတယ်။

"ဘုတ်..."

"အ..."

ခေါင်းပေါ်ရုတ်တရက်ကျလာတဲ့ ပုံနှိပ်စာအုပ်ကြောင့် ညစ်လက်စစိတ်တွေတစ်စစီပျောက်သွားရတယ်။ ဒီလက်ဆဆိုရင် သင်္ချာဆရာကြီးပဲ ဖြစ်ရမယ်။ စာလိုက်မကြည့်ဘဲ မေးထောက်ပြီး အတွေးတွေတစ်ခြားရောက်နေတဲ့ ကျွန်တော့်ကို တကူးတက လာဆော်ပေးသွားတာ။ ရှေ့ခုံက အမြွှာနှစ်ကောင်ရော ဘေးကဟိန်းသူရရော လူကိုလှည့်ကြည့်ပြီး ခွီနေကြရဲ့။

"အဟမ်း... စာက နံရံမှာရေးထားတာမဟုတ်ဘူး
မျက်လုံးတွေ သင်ပုန်းကို ကပ်ထားမယ်..."

ဆယ်တန်းအုပ်စုမှာအကြောက်ရဆုံးဆရာက တစ်ခန်းလုံးကို ပြောသလိုလိုနဲ့ တကယ်ရည်ရွယ်သူကျွန်တော့်ကို စောင်းကြည့်ရင်း သတိပေးလာတာမို့ သွားဖြဲပြပြီး ဘောပင်လေးပြန်ကိုင်လိုက်ရတယ်။

ဪ... စိတ်ညစ်ရတာတောင် မဖြောင့်ပါလားနော်။

* * *

ကိုကိုကကျွန်တော့်ကို အပတ်တိုင်း တနင်္လာကနေကြာသပတေးထိ လေးရက်စာကြည့်ပေးတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေက နားရက်ပေါ့။ သူလည်း တစ်ခြားတွေ သွားသင်ရသေးတာကိုး။

ဒါပေမယ့် ကျွန်တော်ကတော့ ကိုကို့ဆီကို နေ့တိုင်းရောက်ပါတယ်။ ဒီနေ့လည်း စနေနေ့ဖြစ်ပေမယ့် ကိုကိုအဆောင်မှာရှိတယ်ဆို မျက်နှာလေးမြင်ရလည်း နည်းလားဆိုတဲ့အတွေးနဲ့ ထွက်လာခဲ့တာ။

အဆောင်မရောက်ခင် တစ်လမ်းအလိုကကော်ဖီဆိုင်ကို ကျော်နင်းသွားပြီးမှ စက်ဘီးကိုတုံ့ခနဲရပ်ပြီး နောက်ပြန်ကြည့်လိုက်မိတယ်။

ဒီနေ့မှလမ်းထဲ ကား၊ ဆိုင်ကယ်အသွားအလာလေး နည်းနည်းရှုပ်နေပေမယ့် ဆိုင်ရှေ့မှာဖြတ်ခနဲ မြင်လိုက်ရတဲ့အရိပ်လေးက ကိုကိုဆိုတာ အသေအချာ။ ကျွန်တော့်နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားလို့ ကိုကို့ကိုလှမ်းခေါ်လိုက်ဖို့ လေကိုရှိုက်သွင်းနေတုန်းမှာပဲ ရပ်ထားတဲ့ကားနဲ့ကွယ်နေတဲ့ ပုံရိပ်တစ်ခုကို ထပ်တွေ့ရတာနဲ့ အသံထွက်မလာဘဲ တန့်သွားခဲ့ရတယ်။

ကိုကိုနဲ့စကားရပ်ပြောနေတဲ့သူက တစ်ခြားမဟုတ်။
အာကာဝေယံလား... အာတာပူစီလား... အဲ့ဒီကိုကို့ချစ်သူဟောင်းကြီးပါပဲ။

လမ်းတစ်ဖက်ကနေ သူတို့ဘာတွေပြောနေလဲဆိုတာတော့ မကြားရပေမယ့် ဟိုလူက ကိုကို့မျက်နှာကိုထိဖို့လုပ်တာကို ကိုကိုက ဆွဲဖယ်လိုက်တာတော့ တွေ့ရတယ်။

ကျွန်တော် စက်ဘီးကိုချခဲ့ပြီး ပြေးသွားဖို့တွေးလိုက်တယ်။
ဒါပေမယ့် အသွားအလာတွေမပြတ်သေးတဲ့လမ်းပေါ် ဖြတ်ကူးမရတာကြောင့် ဒီအတိုင်းရပ်ကြည့်နေတုန်းမှာပဲ ကိုကို့ Ex ကြီးက သူ့ကားပေါ်ပြန်တက်ပြီး မောင်းထွက်သွားခဲ့ပြီ။

ကိုကိုကတော့ ခုဏကအတိုင်း ငြိမ်ငြိမ်လေးရပ်ရင်း ကျန်နေခဲ့ရာက ခေါင်းကလေးငုံ့လို့ ခပ်ဖြည်းဖြည်း လမ်းဆက်လျှောက်သွားတယ်။ အခုထိ ကျွန်တော့်ကိုမမြင်သေးပုံပဲ။ ဒါနဲ့ပဲ ဘေးကပ်ပြီး စက်ဘီးလေးတွန်းရင်း လမ်းတစ်ဖက်ကနေ ယှဉ်လျှောက်လာခဲ့တာ အဆောင်လမ်းထိပ်ရောက်တဲ့အထိ။

ကျွန်တော့်ဘက်က လမ်းထဲကွေ့ဝင်လိုက်ရုံမို့ လမ်းကူးရအုံးမယ့် ကိုကို့ကိုမျှော်ကြည့်ရင်း လမ်းထိပ်ဓာတ်တိုင်နားမှာ စက်ဘီးလေးထောင်ပြီး ရပ်စောင့်နေမိရဲ့။ လမ်းကူးလာတဲ့ ဆွယ်တာအညိုအပြာစင်းလေး အနားနားရောက်လာမှ လှမ်းအသံပြုလိုက်တယ်။

"ကိုကို..."

"..."

ပါးစပ်ကလည်းလှမ်းခေါ် လူကလည်းစက်ဘီးကလေးဆွဲလို့
အနားနားချက်ချင်းရောက်သွားပြီး တစ်ခုခုမေးဖို့ပြင်လိုက်ပြီးမှ
လှည့်ကြည့်နေတဲ့ ကိုကို့မျက်နှာကိုအမြင် မေးခွန်းက ပြောင်းသွားရပြန်တယ်။

"ကိုကို... ငိုနေတာလား..."

မျက်ရည်စီးကြောင်းလေးတွေ မျဉ်းပြိုင်လိုရှိနေတဲ့ ပါးပြင်ဖွေးဖွေးက စိုစွတ်လို့...။

"..."

"ကိုကို... နေအုံးလေ..."

စကားပြန်မရဘဲ မျက်မှန်ကလေးပင့်သလိုလို့နဲ့ မျက်ရည်စတွေကို လက်ချောင်းနဲ့ဆွဲသုတ်သွားရင်း မျက်နှာလွှဲပြီး မြန်မြန်လျှောက်သွားနေတာမို့ နောက်ကနေ စက်ဘီးတွန်းပြီး လိုက်ခဲ့ရတယ်။

"ကိုကို... ဘာဖြစ်တာလဲ... ဟိုလူ ကိုကို့ကို ဘာတွေပြောလိုက်ပြန်ပြီလဲ..."

"..."

"ဒီအတိုင်းမနေဘဲ ကျွန်တော့်ကိုပြောစမ်းပါ... သူကိုကို့ကို စိတ်ညစ်အောင် ဘာလုပ်လိုက်လဲ... "

"..."

ကျွန်တော်အစ်ကို့ဆီကနေ ကြားတယ်။ နှစ်သစ်ကူးညကတည်းက ပျောက်တော်မူသွားတဲ့ ကိုကို့အချစ်ဟောင်း ဟိုလူက အခုရက်ပိုင်း ပြန်လာနေသတဲ့။ ခုဏက တွေ့လိုက်ရတာလည်း သက်သက် ကိုကို့ကိုဇယားလာရှုပ်ပြန်တာနေမှာ...။

"သူနဲ့ပြန်တွဲဖို့ ဖိအားပေးနေတာလား... ဟုတ်တယ်မလား..."

"..."

ဘာမှစကားပြန်မရတဲ့သူနောက်ကနေ အော်ရင်းလိုက်ရင်း ရုတ်တရက် ကျွန်တော့်မျက်ဝန်းအိမ်တွေ ရှိရင်းစွဲထက်ကျယ်သွားရတယ်။ ကိုကို့ညာလက်ထဲမှာဆုပ်ထားတဲ့ လက်ကိုင်ပဝါအဖြူလေးပေါ်က သွေးစတွေကို ဆုံချက်ချမိတာကြောင့်။

"ကိုကို..."

ခန္ဓာကိုယ်ရဲ့အလိုအလျောက်တုံ့ပြန်မှုတွေအရ စက်ဘီးကိုပစ်ချခဲ့ပြီး ကိုကို့ရှေ့ပြေးသွားလို့ ပိတ်ရပ်လိုက်ရင်း လက်ကိုဆွဲယူ၊လက်ကိုင်ပဝါကိုဖယ်ပြီး ကြည့်လိုက်တော့ သွေးကြောလေးတွေစိမ်းနေတဲ့ လက်ဖဝါးပြင်မှာ တစ်လက်မခွဲသာသာလောက်ရှိမယ့် ရှရာတစ်ခုက သွေးစတွေစိမ့်ထွက်လို့...။

"ကိုကို လက်ကဘာဖြစ်တာလဲ..."

"..."

"ဘာဖြစ်တာလဲလို့... ဟိုလူလုပ်လိုက်တာလား..."

"..."

"ကိုကို... ကျွန်တော်မေးနေတယ်လေ..."

ကျွန်တော့်အသံတော်တော်ကျယ်သွားလို့ ဘေးကဖြတ်သွားတဲ့
လူတစ်ယောက်နှစ်ယောက်က ကြည့်ကွက်ကြည့်ကွက်လုပ်သွားကြတယ်။

"ဘာမှမဖြစ်ဘူး ငါ့ဟာငါခိုက်မိတာ..."

"ဘာကိုဘာမှမဖြစ်တာလဲ... သွေးတွေခုထိမတိတ်သေးတာကို...
ဆေးရုံသွားရအောင်..."

"ဒဏ်ရာလေးလက်တောက်လောက်နဲ့ ဘာလုပ်ဖို့ဆေးရုံသွားမှာလဲ... ရှက်စရာကောင်းတယ် "

"ဒီလက်က စာရေးတဲ့လက်မလား... ပိုးဝင်သွားရင် ဘယ်လိုလုပ်မလဲ... ကိုကိုက အဲ့လောက်ပေါ့ဆလိမ့်မယ်လို့ ထင်မထားဘူး..."

"ရှပ်ထိတာ... ဆေးထည့်လိုက်ရင်ရတယ်၊
ဘာတွေ ပြာယာခပ်နေတာလဲ..."

ကိုကိုက ကျွန်တော့်လက်ထဲကနေ သူ့လက်သူ
ဆွဲထုတ်လိုက်ပြီး ဆက်လျှောက်သွား၊ ကျွန်တော်ကလည်း တတွတ်တွတ်နဲ့ ဘေးကလိုက်။ အဲ့လိုနဲ့ပဲ တိုက်ခန်း‌ပေါ်ထိ ရောက်လာခဲ့တယ်။

* *

ကိုကိုကဘယ်လက်နဲ့ အခန်းတံခါးသော့ဖွင့်ပြီးဝင်သွားတော့
ကျွန်တော်လည်း ကပ်ဝင်လာခဲ့တယ်။

"ငါဒီနေ့မင်းကိုခေါ်မထားပါဘူး ဘာလို့ရောက်လာပြန်တာလဲ..."

"အဲ့ဒါကအရေးကြီးလားဗျ... တကယ်ပါပဲ
ဆေးထည့်ရအောင် ဆေးသေတ္တာဘယ်မှာလဲ..."

"ပြန်တော့... ငါ့ဟာငါလုပ်တတ်တယ်..."

လာပြန်ပြီ။ အဲ့ဒီ ကိုယ့်အားကိုယ်ကိုးမူဝါဒကြီး။
လက်တစ်ဖက်တည်းနဲ့ ပတ်တီးစည်းပြီး ခက်ခက်ခဲခဲ ပါးစပ်နဲ့ကိုက်ချည်နေတာကို ဘေးကထိုင်ကြည့်နေရမှာလား။
ကျွန်တော်ဂရုစိုက်တာခံလိုက်လို့ သေမသွားပါဘူး ခင်ဗျားရယ်။ ခင်ဗျားက တကယ့်မာနခဲပဲ။

"လိုလိုလားလားလုပ်ပေးမယ့်သူရှိနေရက်နဲ့ ကိုယ့်ဟာကိုယ်လုပ်နိုင်တယ်လို့ ပြောတာ တစ်ဖက်သားကို အသိအမှတ်မပြုရာကျတယ်နော်... အဲ့ဒါကောင်းတဲ့အကျင့်မဟုတ်ဘူး ကိုကို... "

"ပြန်ဆုံးမနေတာလား..."

"ဟင့်အင်း... အကြံပေးတာ..."

စင်တစ်စင်ပေါ်မှာတင်ထားတဲ့ ဆေးသေတ္တာကို
ကိုယ့်ဟာကိုယ်သွားယူလာပြီး ကိုကို့လက်ကိုအသာဆွဲလို့ သွေးတိတ်အောင် ရေနွေးဝတ်လေးနဲ့ သုတ်ပေးနေရင်း...။

"ကျွန်တော့်ကို ပစ္စည်းတစ်ခုလိုသဘောထားစမ်းပါ ကိုကို...
ကျွန်တော် ကိုကို့အတွက်အသုံးဝင်ချင်တယ်..."

"..."

အဲ့သလိုပြောလိုက်တော့ လူကိုစိုက်ကြည့်နေပြီးမှ မျက်တောင်နှစ်ချက်လောက်ခတ်ပြီး ငြိမ်သွားပါရဲ့။ ဒီလိုမှပေါ့...။ လိမ္မာစမ်းပါ ကိုကို...။

"ခုဏက... ဘာလို့ငိုနေတာလဲ...
နာလို့တော့ မဟုတ်ဘူးမလား..."

"..."

ပြောမပြဘဲ တေမိဇာတ်ခင်းနေတာမို့ ဆက်မမေးတော့ဘဲ
ထည့်လက်စဆေးဝါရည်ကိုပဲ ဆက်ထည့်ပေးလိုက်တယ်။

"နာရင်ပြောနော်... ထပ်မငိုလိုက်နဲ့အုံး..."

"ငါက ကလေးလား..."

"အဟွန်း... အဲ့လိုပြန်ပြောမှာ သိသားပဲ..."

* *

"မြန်လိုက်တာ..."

ကျွန်တော်ဆေးသေတ္တာသွားထားနေတုန်း ကိုကိုက ပတ်တီးဖွေးဖွေးလေး ကပ်ကပ်ချပ်ချပ်၊ သပ်သပ်ရပ်ရပ်ရှိနေတဲ့ သူ့လက်ကိုကြည့်ရင်း ပြောလာတယ်။

"ကျွန်တော်က ကြက်ခြေနီသင်တန်းတက်ထားတော့
ပတ်တီးအစည်း၊ ဆေးအထည့်လောက်က ဘယ်လိုဒဏ်ရာဖြစ်ဖြစ် သပ်သပ်ရပ်ရပ်လုပ်နိုင်တယ်... အိမ်မှာဆိုလည်းဘယ်သူခိုက်မိခိုက်မိ ကျွန်တော့်လက်ထဲဆေးသေတ္တာလာပေးကြတာ... မိသားစုဆရာဝန်ရာထူး ရထားသလိုပဲ... "

ဒီအတိုင်းပြောနေရင်းနဲ့ အတွေးဝင်လာမိတယ်။
အစ်ကိုပြောပြထားတဲ့အတိုင်းဆို ကိုကိုက ကျွန်တော့်အရွယ်လောက်ကတည်းက မိဘတွေဆုံးသွားလို့ တစ်ယောက်တည်းနေလာတာတဲ့။ ထိမိခိုက်မိတဲ့အချိန်တွေမှာ ဆေးထည့်ပေးမယ့်သူလည်းမရှိ၊ ဂရုစိုက်ပေးမယ့်သူလည်းမရှိ။ အခုထိ ကိုကို ဘယ်လိုနေခဲ့မလဲ...။

"ကိုကို... စာလုပ်ရမှာ၊ စာလုပ်ရမှာ ဆိုပြီး အဲ့လက်ကို တအားမသုံးနဲ့နော်... နောက်ပြီး ဆေးထည့်ပြီးသားဒဏ်ရာကို ရေမဝင်စေနဲ့အုံး... ကိုကိုကသာ လက်တောက်လောက်လေးလို့ ပြောနေတာ... အဲ့သလောက်က တော်ရုံရှတာလေး မဟုတ်ဘူးရယ်... "

"မင်းဆေးလိုင်းစိတ်ဝင်စားရင် ဆရာဝန်ကောင်းလေးဖြစ်မှာပဲ..."

ချီးကျူးသလိုလေသံလေးနဲ့ပြောတာမို့ နည်းနည်းတောင်
ဘဝင်မြင့်ချင်သွားတယ်။

"ဟင့်အင်း... ကျွန်တော်က စီးပွားရေးလိုင်းစိတ်ဝင်စားတာ..."

"မင်းကဉာဏ်ကောင်းပါတယ်... ငါတော်တယ်ဆိုပြီး
ပေါ့မနေဖို့ပဲလိုတာ..."

"ဟီး... ပေါ့နေရင် ကိုကိုဆားခပ်ပေးလိုက်ပေါ့..."

ဒီနေ့စကားပြောရတာ အဆင်ပြေနေသလိုမို့ အနားသွားထိုင်ပြီး ရုပ်ပြောင်လုပ်နေတုန်း ဆရာသမားပြောလိုက်တဲ့စကားက ကြက်သီးမွေးညင်းတောင် ထသွားရဲ့။

"ရောက်နေတော့ အချိန်ရတုန်း အမှတ်၅၀ဖိုးထပ်ဖြေသွားမလား..."

"အမလေး... ရှိကြီးခိုးပါရဲ့ဗျာ... မဖြေပါရစေနဲ့... ၆ဘာသာလုံးတစ်နေ့ထဲဖြေရတာ ဘယ်လောက်လက်ညောင်းပြီး ခေါင်းရှုပ်တယ်မှတ်လို့... ကိုကိုမဖြေရတိုင်း..."

"စတာပါ..."

ဪ...။ စတာကို အဲ့ရုပ်တည်ကြီးနဲ့ ပြောရလား...။
ဒီက ဇွတ်ဖြေခိုင်းရင်ထွက်ပြေးဖို့ ခြေလှမ်းပါပြင်နေပြီ။

"Test မစစ်ဘူး၊ ဒီအတိုင်း စာကြည့်နေလိုက် ..."

"အာ... လွယ်အိတ်မပါခဲ့ဘူး၊ ကိုကို့မေးခွန်းစာအုပ်တွေနဲ့
စာရွက်တွေပေးပြီးလုပ်ခိုင်းလည်း မလုပ်ဘူးနော်... ဒီနေ့နားရက်က နားရက်ပဲ..."

"အံ့ထူးမြတ်က ရှာစရာရှိလို့ဆိုပြီး British Council Library ကို အစောကြီးထသွားတယ်၊ သူ့အခန်းက သော့ခတ်ထားတာ... မင်းအဲ့ဒီဘက် သွားနေလို့မရဘူး၊ ငါလည်းစာလုပ်ရအုံးမှာမို့ အိမ်ပြန်လိုက်တော့..."

ထပြီး သူ့အခန်းထဲဝင်သွားတာမို့ ကျွန်တော်လည်း ထပ်ချပ်မကွာလိုက်ဝင်သွားရင်း ဘေးကကပ်ပြီး ပွစိပွစိလိုက်မှုတ်တာပေါ့။

"အဲ့လက်နဲ့ ဘယ်လိုလုပ်မှာလဲ... သွေးပြန်ထွက်လာလိမ့်မယ်..."

"ငါကဘယ်ရောညာရောသုံးတတ်တယ်၊ ကိစ္စမရှိဘူး...
ပြန်လို့ရပြီ..."

"ဘာလို့ဒီလောက်နှင်နေတာလဲဗျ...
မပြန်ဘူး၊ ညအိပ်ပစ်မှာ... ဘာဖြစ်လဲ..."

"ထောက်..."

"အ... နာတယ်... ဘာလို့နဖူးချည်းတောက်နေတာလဲဗျာ..."

ဘယ်လက်နဲ့လည်း လက်ဆမပျက်တာမို့ ကိုယ့်နဖူးကိုယ် နာနာပွတ်လိုက်ရတယ်။

"မင်းက အရမ်းစကားများတယ်... အာရုံစိုက်လို့မရဘူး၊
အဲ့ဒါကြောင့် ပြန်ခိုင်းတာ..."

ကိုကိုစာကြည့်စားပွဲမှာ ဝင်ထိုင်လိုက်တော့ ကျွန်တော်လည်း ဘေးကကုတင်ပေါ် တက်ထိုင်လိုက်တယ်။

"ဒါဆိုကိုကိုကစာကြည့်... ကျွန်တော်ပါးစပ်ပိတ်ပြီး ဘေးကနေ ကိုကို့ကိုထိုင်ကြည့်နေမယ်... အဲ့ဒါတော့ ရတယ်မလား..."

"မရဘူး "

"ဟွန့်... "

ကျွန်တော်စူပုတ်နေတုန်း သူ့စာအုပ်စင်ထဲကဆွဲထုတ်လာတဲ့
စာအုပ်တိုတစ်အုပ်ကို လက်ထဲထိုးထည့်ပေးတယ်။

"အိမ်မပြန်ဘူးဆိုလည်း စာအုပ်ထိုင်ဖတ်နေ... မင်းက စီးပွားရေးလုပ်ချင်တာဆိုရင် စာများများဖတ်ဖို့လည်း လိုတယ်..."

စာအုပ်နာမည် ငုံ့ကြည့်လိုက်တော့ ဘဝနေနည်းဆောင်းပါးတွေ ဘာသာပြန်ရာမှာနာမည်ကြီးတဲ့ ဆရာဖေမြင့်ရဲ့
'ဦးနှောက်တွင်ရင်းနှီးမြုပ်နှံပါ' ။

ကျွန်တော် နှုတ်ခမ်းထောင့်ကလေးကွေးလို့ ပြုံးစိစိလုပ်လိုက်တယ်။

"ကျွန်တော်က နှလုံးသားမှာ ရင်းနှီးမြုပ်နှံချင်တာ...
ကိုကို့နှလုံးသားကုမ္ပဏီထဲ ကျွန်တော်ရှယ်ယာဝင်လို့မရဘူးလား..."

"ငါ့မှာ နှလုံးသားမရှိဘူး၊ ကုမ္ပဏီလည်းမရှိဘူး "

"ဟီး... ဒါကလွယ်ပါတယ်... ကျွန်တော့်ကိုလက်ခံလိုက်ရင် အနာဂါတ်မှာ နှစ်ခုလုံးရှိလာမှာ..."

"လင်းခန့်... စကားဆက်ပြောနေအုံးမယ်ဆို
ငါမင်းကို ကန်ထုတ်တော့မယ် "

မာဆတ်ဆတ်လေသံနဲ့ မျက်မှန်ပါးလေးအောက်က မျက်ဝန်းနက်တွေ အရောင်တောက်နေပုံကြည့်ရတာ အဟုတ်ကန်ထုတ်မယ့်ပုံမို့ ယက်နိုင်သမျှယက်တဲ့စီမံကိန်းကို နောက်ရွှေ့ပြီး စာအုပ်ကိုင်လိုက်ရပါရဲ့။

"ဟုတ်... မပြောတော့ပါဘူး... ပါးစပ်ကို ဇစ်ပိတ်လိုက်ပါပြီ...
ငြိမ်ငြိမ်လေးထိုင်ပြီးစာဖတ်ပါတော့မယ်..."

အဲ့လိုပြောပြီး ကျွန်တော်စာအုပ်ကိုင်လို့ ကိုကို့မျက်နှာကို ထိုင်ဖတ်နေလိုက်ပါတယ်။ တကယ်တော့ ဒီစာအုပ်က ကျွန်တော်ဖတ်ဖူးပြီးသားလေ...။

အခု ကျွန်တော်ကျပန်းဆွဲလှန်ထားတဲ့ စာမျက်နှာက...
J.K. Lagemann ရဲ့ 'Getting the Best Out of Books' ဆောင်းပါးကို ဘာသာပြန်ထားတဲ့နေရာ။

'စာအုပ်တစ်အုပ်ကို အတင်းအဓမ္မဖတ်ဖို့ မကြိုးစားကြနဲ့ကွ။ စာအုပ်တစ်အုပ်ကို ကြိုးစားဖတ်ကြည့်ပြီး ဘာမှ ဖမ်းလို့ဆုပ်လို့မရဖြစ်နေရင် ဆက်မဖတ်ဘဲ အသာသိမ်းထားလိုက်...။ နောက်တော်တော်ကြာတော့မှ တစ်ခါပြန်ဖတ်ကြည့်။ မရသေးရင် သိမ်းထားလိုက်...။ ပြီးတော့မှ တစ်ခါဖတ်...။ တဖြည်းဖြည်းနဲ့ ပိုင်ပိုင်နိုင်နိုင် ဖတ်လို့ရလာလိမ့်မယ်။'

စာရေးသူရဲ့ပါမောက္ခကြီးပြောတဲ့ စကားပိုဒ်လေးကို တစ်ချက်ကြည့်ပြီး ကျွန်တော် အဲ့ဒီနည်းနာနိဿယတွေနဲ့ လူသားတစ်ယောက်ကို ဖတ်ကြည့်နေတယ်။ ကျွန်တော့်ကို တလွဲတွေးတယ်လို့တော့ မပြောနဲ့။ စာအုပ်နဲ့လူ ချဉ်းကပ်ရပုံချင်း တူနိုင်တာပဲ။

စာအုပ်နှစ်အုပ်လောက်ယှဉ်ဖွင့်လို့ ဘယ်လက်ကလေးနဲ့
စာရွက်တစ်ရွက်ပေါ်မှာ စာချရေးနေတဲ့ကိုကိုပုံစံက ခါတိုင်းလိုပဲ ခါးမတ်မတ်၊ တည်တည်ငြိမ်ငြိမ်နဲ့ စူးစူးစိုက်စိုက်ရှိနေတယ်။ ဘေးမှာအသာချထားတဲ့ ပတ်တီးဖွေးဖွေးနဲ့ လက်ကလေးကတော့ ငြိမ်လို့။ အဆုံးထိကို ဘာဖြစ်ခဲ့လဲ ပြောမပြဘူးပဲ။ အကြောတင်းလိုက်တာများ...။

ဒီမှာ...။ ကျွန်တော်က ခင်ဗျားဆိုတဲ့ စာအုပ်လေးကို သိမ်းထားလိုက်၊ ထုတ်ဖတ်ကြည့်လိုက်လုပ်နေတာ ကိုကို...။ အခုထိ ပိုင်ပိုင်နိုင်နိုင်ဖတ်လို့ မရသေးပေမယ့် အလွတ်ရတဲ့အထိ ဖတ်နိုင်ဖို့ ကြိုးစားပြမှာမို့ စောင့်ကြည့်နေလိုက်စမ်းပါ။ စာအုပ်တစ်အုပ်အနေနဲ့ဆို ကိုကိုက ဖက်ရခက်တဲ့စာအုပ်ဆိုပေမယ့် ကျွန်တော် ဉာဏ်ကောင်းတာကို ကိုကိုကိုယ်တိုင် ဝန်ခံထားရတယ်မလား...။

____________________________________
To be continued...

💖💖💖

Edition ၀င်နေတုန်း ငလျင်လှုပ်သွားသေးတယ်ဗျ။ တော်တော်အားပြင်း။
15/Dec/22 (Thurs) 3 : 17 a.m.

ခန့်ခန့်ရဲ့ တော်လှည်းသံ ပဟိုရ်စည်သံအလား ရင်ခုန်သံတွေ ကမ္ဘာမြေကြီးကိုများ သက်ရောက်သွားလေသလား... 🤭။
Who knows...

Tale as old as time_
Hidden but now it's primed.
While as the heart beats so wild,
Darling_
Will you say that you are mine?

အာ... poetic ပိုးတွေ ထလာပြန်ပါပြီ။
Not me freestyling on earthquake experience haha...

Novella ✒️

واصل القراءة

ستعجبك أيضاً

2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.5M 131K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
1.3M 66.8K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...