Heartless December❄️ ZG versi...

Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... Еще

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ

20 2 0
Novella_1001

❄️❄️❄️

နှစ်သစ်မှာအိမ်ရှင်းတယ်ဆိုတာ လူတိုင်းအချိန်ပေးပြီးလုပ်ကြတဲ့ ကိစ္စမျိုးပဲ။ ဒါပေမယ့် ကျွန်တော့်အစ်ကိုဝမ်းကွဲတော့မပါခဲ့ဘူး။

"အာ... ရှင်းထားတာမကြာသေးဘူး..."

"အဲ့ဒါက ညစ်ပတ်ရှုပ်ပွမနေရုံလေး သာမန်ကာလျှံကာရှင်းထားတာလေ.. နှစ်သစ်မှာတော့ သန့်သန့်ရှင်းရှင်းရှိအောင် ထောင့်တွေကဖုန်တွေ လိုက်လှည်း၊ မသုံးဘဲချောင်ထိုးထားတဲ့ အပိုပစ္စည်းတွေရှင်း
လုပ်ရမှာပေါ့..."

"မင်းကြည့်ရှင်းလိုက်လေ... "

ကောင်းလိုက်တဲ့ ပညာရှိစကား...။ နှစ်သစ်ဘယ်နှစ်ခါကူးသွားသွား တစ်စက်လေးတောင် မပြောင်းလဲဘဲ သစ္စာရှိရှိဆက်ညစ်ပတ်နိုင်တဲ့ ကြွက်မင်းသားပါပဲ။

"ကျွန်တော့်ကို သန့်ရှင်းရေးလုပ်ပေးတဲ့ အိမ်အကူအဒေါ်ကြီး
မှတ်နေလား..."

"ဘယ်ကအဒေါ်ကြီးလဲ... မဟုတ်ပါဘူးကွာ...
မင်းက 'ငခန့် cleaning service' ... "

"ကြီးဒေါ်ကို cleaning service ...
အခွက်ပြောင်မနေနဲ့..."

နောက်ဆုံးတော့ တရားချမနိုင်တဲ့ အရေထူအစ်ကိုကို လေကုန်ခံမပြောတော့ဘဲ လူသားဖုန်စုပ်စက်လေးကျွန်တော်ပဲ ဟိုရွေ့ဒီရွေ့လှည်းကျင်း၊ မြွေထွက်လာမလားမသိရတဲ့ ပစ္စည်းပုံတွေနှိုက်၊ ထွက်လာသမျှဗုစုခရုတွေ စာရွက်တွေကို ပစ်ရမလား အသုံးလိုလား သူ့ကိုပြလို့ နှစ်သစ်ကူးအထူးရှင်းလင်းရေးဝင်ပြီး အမှိုက်ပုံးထဲထည့်စရာ အထုပ်ကြီးတစ်ထုပ်နဲ့ အခန်းအပြင်ထွက်လာခဲ့ရပါပြီ။

အောချပါရဲ့...။ ကျွန်တော် လာမရှင်းပေးတဲ့နှစ်တွေတုန်းက ဘယ်လိုများနေလဲမသိ။ ကြွက်သိုက် pro max များ ဖြစ်နေမလားပဲ။

အောက်ဆင်းလာတော့ အဆောင်ဘေးမှာ စီရီနေအောင်ချထားတဲ့ အမှိုက်ပုံးတွေနားမှာ ကျွန်တော့်ထက်အရင် အမှိုက်လာပစ်ပုံရတဲ့ ကျွန်တော်ချစ်ရပါသော ဆွယ်တာအဖြူလေး...။

ကိုကို့မျက်နှာလေးမြင်လိုက်ရမှ နှစ်သစ်ရဲ့မနက်ခင်းလေးလည်း
ကျက်သရေအပေါင်းနဲ့ ခညောင်းသွားတော့တယ်။

"မင်္ဂလာမနက်ခင်းပါ ကိုကို... အဟဲ..."

သွားဖြဲနှုတ်ဆက်လိုက်ပေမယ့် ထုံးစံအတိုင်း ထူးထူးဆန်းဆန်းစိုက်ကြည့်ပြီးပဲ တုံ့ပြန်ပါရဲ့။

"ဘာလို့ စပ်ဖြဲဖြဲလုပ်နေတာလဲ.."

"ကိုကို့ကို နှစ်သစ်မနက်ခင်းမှာ ပထမဆုံးစကားလာပြောတဲ့သူက
ကျွန်တော်ပဲမလား... ပျော်လို့..."

"အိမ်မပြန်သေးဘူးလား... မင်းက..."

"အိမ်က ကျွန်တော်ဒီမှာရှိနေတယ်ဆိုရင် ဘယ်နှစ်ရက်နေနေ
အိမ်ပြန်မလာလည်း လိုက်ခေါ်မှာမဟုတ်ဘူး... ဒါနဲ့ ကိုကို...
ဒီနေ့က နိုင်ငံတကာ နှစ်သစ်ကူးနေ့လေ..."

"အဲ့တော့..."

" 'ငါမင်းကိုမချစ်ဘူး' ဆိုတဲ့အဖြေဟောင်းကြီးကို နှစ်ဟောင်းမှာချန်ခဲ့ပြီး နှစ်သစ်မှာကျွန်တော့်ကို အဖြေအသစ်မပေးချင်ဘူးလား..."

ဒါပေါ့။ နှစ်သစ်မှာနှစ်ဆတိုးပြီး ကိုကို့ကိုရအောင်ပိုးဖို့က
ကျွန်တော့်ရဲ့ ဦးစားပေးစီမံကိန်းပဲ။

"ကိုကို့ကို ကျွန်တော်ချစ်တယ်..."

"..."

"လျှောက်မပြောဘဲ စာသွားကျက်တော့..."လို့ မဟောက်ဘဲနဲ့
မျက်မှန်ကလေးပင့်ပြီး တစ်ချက်စဉ်းစားနေပုံအရ ကြည့်ရတာ...
တစ်ခုခုတော့ အပြောင်းအလဲရှိလာတော့မယ်ထင်ရဲ့။

"ငါ့ကိုမချစ်နဲ့.."

ငင့်...။ သောက်ကျိုးနည်း အဖြေအသစ်ကြီး။
"ငါမင်းကို မချစ်ဘူး" ကနေ နှစ်ကူးပလန်နဲ့ upgrade လုပ်လိုက်တော့ "ငါ့ကိုမချစ်နဲ့ " ဖြစ်သွားရောလား။ ကိုကို... ခင်ဗျားဟာလေ...။

ကျွန်တော်ဆွံ့အနေခဲ့တုန်း ရေခဲလူသားကတော့ အေးအေးဆေးဆေး လှေကားပေါ်ပြန်တက်သွားပါရဲ့။

အို... နတ်သိကြားတို့ သနားစရာကောင်းလှတဲ့ ဒီလူချောလေးကို ကယ်မကြပါအုံး။

စူပုတ်ပုတ်နဲ့ အမှိုက်ပုံးကိုဖွင့်ပြီး လက်ထဲကအထုပ်ကိုပစ်ထည့်ဖို့ လုပ်ရင်းက သေချာငုံ့ကြည့်မိတော့...။

"ဒါတွေက..."

ကတ်ထူတစ်ခုပေါ်မှာရှိနေတာက ခုဏလေးကမှပစ်သွားပုံရတဲ့ ဆုတ်ဖြဲထားတဲ့ဓာတ်ပုံအပိုင်းအစတွေ...။

* *

"သားရေ... ထမင်းစားရအောင်လေ..."

"ဟုတ်... ခဏနေလာခဲ့မယ်..."

"ဂိုက်ဆရာလေးက တကယ်လမ်းညွှန်မှုကောင်းတဲ့သူ ဖြစ်ရမယ်... အပျင်းကြီးတဲ့ငါ့သား‌လေးတောင် ဂိုက်စတက်လိုက်ကတည်းက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်‌နေတတ်လာပြီ၊၊ အခုလည်း ပြန်လာကတည်းက ဘာတွေကြိုးစားပမ်းစား လုပ်နေတာလဲ..."

"ဒီတိုင်းပဲ... ဘာမှမဟုတ်ပါဘူး...
ကျွန်တော် ခဏနေဆင်းခဲ့မယ် "

ညနေစာစားဖို့လာခေါ်တဲ့အမေ အခန်းဝကနေပြန်ထွက်သွားမှ
တိပ်နဲ့လိုက်ကပ်လက်စနဲ့ကပ်ထားပြီးသား ဓာတ်ပုံအပြဲလေးတွေကို တစ်ပုံချင်း ကြည့်လိုက်တယ်။

လည်ပင်းမှာ ကျောင်းသားကဒ်လေးတွေကိုယ်စီဆွဲလို့ ကျောပိုးအိတ်ကိုယ်စီနဲ့ လူငယ်လေးနှစ်ယောက် မန္တလေးတက္ကသိုလ် ပင်မကျောင်းဆောင်ကြီးရဲ့ လှေကားထစ်တွေပေါ်က ဆင်းလာကြတဲ့ပုံစံတွေ...။

အားကစားဝတ်စုံနဲ့ကောင်လေးက စာအုပ်ကလေးကိုင်ထားတဲ့ မျက်မှန်နဲ့ကောင်လေးကို ပခုံးကဖက်ထားပြီး ရယ်နေတဲ့ပုံတွေ။ အဲ့ပုံစံလေးကနေမှ မျက်မှန်ကို ဆွဲချွတ်ယူလိုက်လို့ ဟိုမှာပြန်လိုက်လုနေရတဲ့ သဘာဝကျကျပုံလေး နောက်တစ်ပုံ။

မုန့်အတူစားနေတဲ့ပုံတွေ... သစ်သားတံတားလေးရဲ့ တစ်ဖက်တစ်ချက်မှာ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ပုံတွေ...
မြက်ခင်းပေါ်မှာ စာကျက်နေကြတဲ့ပုံတွေ... ပြီးတော့... ဘွဲ့ဝတ်စုံလေးတွေကိုယ်စီနဲ့ ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ
တွဲရိုက်ထားတဲ့ ပုံတွေ...။

နောက်ဆုံးကျွန်တော့်လက်ထဲမှာကိုင်ထားမိတဲ့ ပုံလေးက
ကျောင်းသားကဒ်မပါတော့ဘဲ သန့်သန့်ပြန့်ပြန့်၊ အထက်တန်းဆန်ဆန်ဝတ်စားထားတဲ့ ကောင်လေးက ကျောင်းသားကဒ်လေး တစ်ဝက်ဖုံးအောင် မာဖလာအနီလေးကိုထွေးပတ်ထားတဲ့
ဆွယ်တာအင်္ကျီအဖြူ၊ ကိုင်းအကြည်မျက်မှန်လေးနဲ့ ကောင်လေးဘေးမှာ ထိုင်နေရင်း ရုတ်တရက်ပါးကို နမ်းလိုက်တဲ့အချိန် ဆုံချက်ချမိထားတဲ့ ဓာတ်ပုံလေး။

ငယ်ရွယ်မှုတွေ၊ လွတ်လပ်ပေါ့ပါးမှုတွေနဲ့ ဖြူစင်တဲ့ချစ်ခြင်းတွေ ကာလာခြယ်ထားတဲ့ ဖလင်တွဲတစ်ခုကြည့်လိုက်ရသလိုပါပဲ။
လူသားနှစ်ယောက်ရဲ့ အမှတ်တရတွေပေါ့။

အဲ့ဒီလူငယ်လေးနှစ်ယောက်မှာ...
တစ်ယောက်ကတော့ ကျွန်တော်ချစ်ရတဲ့ကိုကိုဖြစ်ပြီး
တစ်ယောက်ကတော့ တလောကမှပြတ်သွားတဲ့ သူ့ချစ်သူဖြစ်တယ်။

ဓာတ်ပုံတိုင်းမှာ ကိုကိုမျက်နှာလေးက ပျော်နေပုံပဲ။။
တစ်ချို့ပုံတွေမှာ အပြုံးဖွဖွလေးနဲ့ တစ်ချို့ပုံတွေမှာ မသိမသာရှက်နေသယောင် မျက်နှာထားလေးနဲ့ တစ်ချို့ပုံတွေမှာတော့ ရယ်နေပါရဲ့။ ကျွန်တော်သူ့ကို စတွေ့မိတဲ့အချိန်မှာ လုံးဝရှာမတွေ့တော့တဲ့ အမူအရာလေးတွေပေါ့...။

"ကိုကိုက သူ့ကိုအဲ့လိုချစ်ခဲ့တာလား..."

"အဲ့လိုချစ်ခဲ့တဲ့နေ့ရက်တွေကိုတောင် ဆုတ်ဖြဲပစ်လောက်တဲ့အထိ... သူက ကိုကို့ကို နာကျင်စေခဲ့ပြီလား..."

လူတစ်ယောက်က လူတစ်ယောက်ကို မေ့ပစ်ဖို့ကြာချိန်က
ရှိခဲ့ဖူးတဲ့အမှတ်တရတွေနဲ့ တိုက်ရိုက်အချိုးကျသတဲ့။
အမှတ်တရတွေနည်းလေလေ မြန်မြန်မေ့ပစ်နိုင်လေလေ...
အမှတ်တရတွေများလေလေ မေ့ပစ်ဖို့ ခက်ခဲလေလေ...။

"ကိုကိုသေချာလား... ဒီအမှတ်တရတွေအကုန်လုံးကို တကယ်ဖျက်စီးပစ်လိုက်နိုင်တာ သေချာရဲ့လားဟင်..."

* *

"အယ်လ်ခွန်းက ဒါတွေကို သူကိုယ်တိုင် လွှင့်ပစ်ခဲ့တာလား..."

"အင်း..."

အစ်ကိုက ကျွန်တော်တိတ်ကပ်ပြီးဆက်ထားတဲ့ ဓာတ်ပုံအပြဲတွေကို ကိုင်ကြည့်လို့...။

"သူတို့တွေတွဲခါစကဆို ခပ်တည်တည်အယ်လ်ခွန်းက ဝေယံနဲ့ရှိရင် တစ်ခြားလူလိုပဲ... သူကတော်ရုံ မရယ်မပြုံးတတ်တဲ့သူလေ... ဟိုကောင်ကလည်း တော်ရုံဗရုတ်ကျတာလား... အမြဲတမ်း department မှားနေတာ၊ ကြက်တောင်ပြိုင်ပွဲဆိုလည်း ကိုယ့်မေဂျာကလူကို အားပေးရတဲ့ဟာ သူ့နာမည်မအော်လို့ဆိုပြီး အယ်လ်ခွန်းကို သွားကောက်နေတဲ့ကောင်... "

"အစ်ကိုက တော်တော်သိတာပဲ..."

"အဲ့ဓာတ်ပုံတွေ ဘယ်သူရိုက်ပေးထားတယ်မှတ်လို့တုန်း..."

"အစ်ကိုရိုက်ပေးထားတာလား... "

ဘရားသားက ခေါင်းငြိမ့်ပြပါရဲ့။ ပြီးတော့ မချိုမချဉ်မျက်နှာနဲ့...။

"အဲ့တုန်းကတော့ ငါက အချစ်ငှက်နှစ်ကောင်ကြားက
မှိုင်နေတဲ့လင်းတကြီး ပေါ့ကွာ..."

အရေးထဲ သူမစွံတာကို ကြော်ငြာဝင်နေသေးတယ်။

"ဒုတိယနှစ်မှာ သူတို့ကစတွဲဖြစ်ကြတာ၊ အယ်လ်ခွန်းက ပထမနှစ်ကတည်းက ငါနဲ့ခင်တဲ့အပြင် မေဂျာလည်းတူ ငှားနေတဲ့ အခန်းချင်းကလည်း ကပ်လျက်ဆိုတော့ အတူသွားအတူလာကိုး... ၂၄နာရီ ဂျေဝင်နေတဲ့ အာကာဝေယံက စစချင်းကဆို ငါ့တောင် ကြည်တာမဟုတ်ဘူး... နောက်မှသာ personal photographer အလုပ်ပေးပြီး ငါ့ကိုဆွဲခေါ်လိုက် ပထုတ်လိုက်လုပ်တော့တာ... ဓာတ်ပုံတွေ၊ video တွေ သိမ်းထားရတာကို သဘောကျတဲ့ လူတစ်မျိုးပေါ့ကွာ၊ အယ်လ်ခွန်းပုံတွေကိုတော့ သူကိုယ်တိုင်ပဲရိုက်တယ်"

"ကိုကိုတင်မကဘူး... အာကာဝေယံလည်း ဓာတ်ပုံတွေထဲမှာတော့ တစ်ခြားလူလိုပဲ..."

အစ်ကိုစားပွဲပေါ်ချလိုက်တဲ့ ဓာတ်ပုံထပ်ရဲ့ အပေါ်ဆုံးကတစ်ပုံ၊ အဲ့ဒီပုံမှာပါတာက စာအုပ်အထပ်လိုက်ပိုက်ထားတဲ့ ကိုကို့ကိုကြည့်ရင်းရယ်နေတဲ့ အာကာဝေယံရဲ့မျက်နှာတစ်ခြမ်း။

"အင်း... ကျောင်းတုန်းကတော့ သေချာပေါက် သူလိုငါလို ငယ်စိတ်နဲ့ပါပဲ၊ ဒီကောင် ဘယ်ကဘယ်လို Philo မေဂျာကို ယူလိုက်လဲတော့ မသိဘူး... တွေးတောဆင်ခြင်ခြင်းနဲ့ ၁၂ လ တစ်နှစ် ရန်ဖြစ်ထားတဲ့စရိုက်နဲ့... တွေးမိရင်တော့လည်း တလောကလုံး အကောင်းနေရမှာ မဟုတ်ဘူးရယ်၊ ပန်းသီးသာ နယူတန့်ခေါင်းမဟုတ်ဘဲ သူ့ခေါင်းပေါ်ပြုတ်ကျရင် နေ့မကူးခင်ပဲ အဲ့နေရာမှာ ပန်းသီးပင်ရှိမနေလောက်တော့ဘူး၊ ပြီးတော့ မြေဆွဲအားသီအိုရီအစား စိုးမိုးခြင်းပိရမစ်ဇယား ပဲထွက်လာလိမ့်မယ်၊ ပန်းသီးပင်အောက်က မြက်ခင်းကို သူ့ခန္ဓာကိုယ်ကဖိမိုးထားလို့ မြက်ခင်းကပိပြားဝပ်နေရတယ်၊ ဒါပေမယ့် ပန်းသီးပင်ကတော့ သူ့ကိုအုပ်မိုးထားတာမို့ ကြွေလာတဲ့ပန်းသီးက သူ့ခေါင်းပေါ်ပြုတ်ကျရတာ၊ သူသာ ပန်းသီးပင်ကို အုပ်မိုးထားနိုင်ရင် အဲ့လိုဖြစ်စရာမရှိဘူးဆိုပြီး ရှိပြီးသားအပင်ကို အမြစ်ကကော်၊ အဲ့နေရာမှာ အပင်ပေါက်လေးအစားစိုက်ပြီး အပေါ်ကမိုးကြည့်ရင်း နှုတ်ခမ်းတွန့်ပြုံးနေမယ့်ကောင်..."

"အစ်ကို ဥပမာပေးလိုက်မှ ပန်းသီးကိစ္စက နက်နဲသွားသလိုပဲ..."

"လူနဲ့ မေဂျာနဲ့ကသာမဆိုင်တာပါ... အဲ့ဒီအာကာဝေယံက အယ်လ်ခွန်းကို ဘယ်လိုအမိဖမ်းရမယ်ဆိုတာတော့ သိပ်တွေးတတ်တယ်၊ ဘာစကားပြောလိုက်ရင် ဘယ်လိုတုံ့ပြန်ချက်ရမယ်ဆိုတာကစ strategy ကျကျ ချနိုင်တယ်၊ အတွေးများပါတယ်ဆိုတဲ့ အယ်လ်ခွန်းတောင် အာကာဝေယံအကြံကြီးကြံပြီဆိုရင် လိုက်မမှီတော့ဘူး... အဲ့နှစ်ယောက်က ဒီအတိုင်းကြည့်ရင်တော့ ဇောက်ထိုးနဲ့ပြောင်းပြန်ပဲ၊ ဒါပေမယ့် တချို့နေရာတွေကျတော့ တကယ်တူတာ... ပတ်ဝန်းကျင်ကို သိပ်အာရုံမလာတာ၊ လိုချင်တာရှိရင်ရမှ ကျေနပ်နိုင်တာ၊ ပြီးတော့ အချစ်ကြီးတာ..."

"သူတို့တော်တော်ချစ်ခဲ့ကြမှာပေါ့..."

"အင်း... အာကာဝေယံ အလုပ်မဝင်ခင်ထိပေါ့... နောက်တော့... အဲ့နှစ်ယောက် ကတောက်ကဆတွေ စိပ်လာတယ်၊ ခုပဲပြတ်ကြတော့မလိုဖြစ်လိုက် နောက်သုံးလေးရက်နေတော့ ပြန်အဆင်ပြေသွားလိုက်နဲ့ အဲ့အတိုင်းသွားနေတာကိုက အတော်ကြာပြီ... အယ်လ်ခွန်းလည်း အရင်ကလောက် ပျော်နေတဲ့ပုံစံမျိုး သိပ်မမြင်ရတော့ဘူး၊ အာကာဝေယံနဲ့ တစ်ခါရန်ဖြစ်လိုက်တိုင်း တခါတလေ ဟိုနေ့ကလို ဖြစ်လာတယ်... တခါတလေ အဲ့ထက်ဆိုးတယ်"

အစ်ကိုပြောတဲ့ ဟိုနေ့ကကိုကို့ပုံစံ...
အဲ့ဒီနှင်းလိုဖြူဖျော့နေတဲ့သဏ္ဌာန်ကို မြင်ယောင်မိလာတာကြောင့်
ကျွန်တော် သက်ပြင်းတိုလေး မသိမသာရှိုက်မိတယ်။ မင်းကဘာလို့ နောက်ကျမှမွေးလာပြီး ကိုကိုနဲ့ နောက်ကျမှတွေ့ခဲ့ရတာလဲ လင်းခန့်ရာ...။

"ထားပါတော့... အယ်လ်ခွန်းလည်းအခုတော့ တကယ်စိတ်ဖြတ်လိုက်ပြီထင်ပါတယ်... သူတို့အချစ်ရေးက ဒီအတိုင်းဆက်သွားလည်း ကောင်းတာဘာမှ ရှိလာမှာမဟုတ်ဘူး..."

အစ်ကိုကတော့ သူ့ထင်မြင်ချက်အတိုင်း ပြောတာပါပဲ။

ဒါပေမယ့် ကိုကိုတကယ်ပဲစိတ်ဖြတ်လိုက်သလားဆိုတာကို
ကျွန်တော်ဘယ်လို ယုံရမှာလဲ။ နှစ်ပတ်သာသာလေးကမှ စတွေ့ထားတဲ့ ကိုကို့ကို အားလုံးနားလည်နေသယောင် စကားကြီးစကားကျယ်တွေ ပြောနေမိပေမယ့် ကျွန်တော်မှ ကိုကို့စိတ်ကို အလုံးစုံမသိတာပဲ။

* *

"ဒီပုစ္ဆာမှာနှစ်နေရာ ယူနစ် ပါမလာဘူး"

"အာ... မေ့သွားတာ..."

"Physic ပုစ္ဆာတွေတွက်ရင် ယူနစ်ကိုဘယ်တော့မှမမေ့ခဲ့နဲ့၊
စာမေးပွဲမှာ ယူနစ်မေ့ခဲ့ရင် မေ့နေခဲ့လို့ပါလို့ စာစစ်မှူးကို သွားပြောလို့မရဘူး..."

"ဟုတ်... နောက် သေချာပြန်စစ်ပါ့မယ်..."

နှစ်ပြောင်းသွားပေမယ့် ထုံးစံအတိုင်းမပြောင်းလဲ စည်းကမ်းကြီးနေဆဲ
ကျွန်တော့်ရဲ့ဆရာလေးပါပဲ။

"တွေးနေတာ... ကိုကို ၁၀တန်းတုန်းက ဘယ်လိုကျောင်းသားလေး ဖြစ်ခဲ့မလဲလို့၊ အဟွန်း... တကယ့်စာကြမ်းပိုးလေးဖြစ်ခဲ့မှာပဲနော်...
အခုလည်း စာကြမ်းပိုးပဲဆိုပေမယ့်... ဟီးဟီး.."

"ထောက်..."

"အ..."

အချိုးကျကျလေးကျစ်လစ်တယ်ဆိုရုံလောက်ကလွဲလို့
ကြွက်သားများများစားစားမရှိတဲ့ ခန္ဓာကိုယ်ကနေ ဘယ်လိုအားတွေထွက်နေသလဲ မသိပါဘူး။
တစ်ချက်ဆို ဆိုသလောက် နာလိုက်တာများ။
ကိုကို နဖူးတောက်တာကလေ...။

"စာကိုမတွေးဘဲ ဒီလိုလျှောက်တွေးနေလို့
ဟိုဟာမေ့ ဒီဟာမေ့ဖြစ်နေတာပေါ့..."

"ဟွန့်..."

ကျွန်တော်တစ်ယောက်ကတော့ အဲ့လိုဆူသံလေးတွေကိုလည်း နားယဉ်လာတဲ့အလျောက် နဖူးပွတ်၊ နှုတ်ခမ်းစူရတဲ့အလုပ်ကိုလည်း မငြီးငွေ့နိုင်တော့ပါဘူး။

"ကိုကို..."

"..."

"ကိုကိုလို့..."

"စာစစ်နေတာမို့ ပါးစပ်လေးပိတ်ထားရင်ကောင်းမယ်၊
အားနေရင် ဉာဏ်စမ်းမေးခွန်းတွေ ဖတ်ကြည့်နေ..."

"ကိုကိုကလည်း... မေးစရာရှိလို့ပါ... ဟို...
ကိုကို့မျက်လုံးက အဝေးမှုန်လား အနီးမှုန်လား..."

"ဘာလုပ်ချင်လို့လဲ "

"သိချင်လို့ပေါ့..."

"အဝေး..."

"ဪ... ဒါဆို... ဘယ်တုန်းက မျက်မှန်စတပ်ရတာလဲ..."

"ဘာလုပ်ဖို့လဲ"

"သိချင်လို့ပါဆို..."

"၄ တန်းကတည်းက... "

"ဟုတ်လား... ဒါဆို ကိုကိုက ငယ်ငယ်ကတည်းက မှန်ကြောင်လေးပေါ့... ငယ်ငယ်ကပုံတွေဘာတွေ ကိုကို့မှာမရှိဘူးလား...
ကြည့်ကြည့်ရအောင် ဘယ်လိုလေးလဲလို့...
ချစ်စရာကောင်းချက်ကြီးနေမှာ... "

"ဘုတ်..."

လက်ထဲကစာအုပ်ကို စားပွဲပေါ်အသံမြည်အောင်ချလိုက်ပြီ။
အဲ့ဒါ သေချာတယ်။ ကိုကို ကျွန်တော့်ကို တော်တော်လေးကိုမှ
အမြင်ကပ်နေပြီ။

"လင်းခန့်..."

"ဗျာ..."

"ခုဏကတွက်ခဲ့သမျှ ပုစ္ဆာတွေအကုန် နောက်တစ်ခေါက်ပြန်တွက်..."

"ဟမ်... ကိုကိုကလည်း တွက်ပြီးသားကို... "

"လျှာမရှည်နဲ့... ပါးစပ်ပိတ်ထားပြီးတွက်...
ဒီတစ်ခါ အမှားလုံးဝမပါစေနဲ့၊ အသံတစ်ချက်ထွက်ရင် အစအဆုံး နောက်တစ်ခေါက်ပဲ..."

"ဟွန့်..."

ရက်စက်လိုက်တာ ခင်ဗျားရယ်။ စစ်ရေးလေ့ကျင့်စခန်းလား... ညဂိုက်လားမသဲကွဲဘူး။ လေ့ကျင့်ရေးလုပ်ရင်း စကားပြောမိတဲ့တပ်သားလေးကို ကွန်မန်ဒါက လေသံအေးအေးနဲ့ ဒိုက်အခါတစ်ရာထိုးစမ်း ဆိုပြီး အပြစ်ပေးနေသလိုပဲ။

"ကိုကို..."

"အသံထွက်ရင် နောက်တစ်ခေါက်လို့ပြောထားတယ်"

"ဒါလေးပဲ မေးတော့မှာ... ထပ်မမေးတော့ဘူးလေ... နော်..."

ကိုကိုနဲ့ကျမှ ကျွန်တော်လည်း ခွေးပေါက်လေးအစာတောင်းသလို
မျက်လုံးဝိုင်းလေး ပေကလပ်ပေကလပ်လုပ်တတ်နေပါပြီ။

"မင်းက တော်တော်စကားများတာပဲ...
စကားများတာက ကောင်းတဲ့အကျင့်မဟုတ်ဘူး "

"ကိုကိုကလည်း 'မေးပါများစကားရ'
'ပါးစပ်ပါရွာရောက်' တဲ့... စကားပြောတာက အကျိုးတစ်ခုခုရဖို့အတွက်ပါနော်..."

"တော်ပြီ၊ ဘာမေးမှာလဲ..."

"ကိုကို... အာကာဝေယံဆိုတဲ့ ဟိုလူကို သိပ်ချစ်ခဲ့တယ်မလား..."

"..."

မျက်တောင်ခတ်ရုံကလွဲပီး ဘာလှုပ်ရှားမှုမှမရှိတဲ့ ကိုကို့ခန္ဓာကိုယ်က
ကျောက်ဆစ်ရုပ်အတိုင်း ငြိမ်နေခဲ့တယ်။
'ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း' တဲ့။

"သိပ်ချစ်ခဲ့တယ်ပေါ့..."

ကိုကို့မျက်လုံးနက်တွေလှုပ်ခတ်သွားပုံကို လေ့လာလိုက်တယ်။
မျက်တောင်တွေခတ်လိုက်တဲ့အထဲမှာ စိတ်လှုပ်ရှားမှုအခိုးအငွေ့တွေ လွင့်ပါသွားသယောင်ပဲ။ လိမ်ဖို့ခက်တဲ့ မေးခွန်းမျိုးကို ကျွန်တော် မေးလိုက်မိတာလား။

"ချစ်ခဲ့တယ်..."

နှုတ်ခမ်းလွှာတွေပွင့်လာတော့လည်း ကိုကို့အဖြေက မှန်းထားခဲ့တဲ့ အတိုင်းပါပဲ။

"ငါဝေယံ့ကို ဘယ်သူနဲ့မှမတူအောင်... သိပ်ချစ်ခဲ့တယ်..."

"..."

လူတွေပြောကြတယ်။
ပြီးပြတ်သွားပြီးသားအချစ်ဆိုတာက...
လောင်စာကုန်ရင်ငြိမ်းတဲ့မီးလိုပဲ။
အချိန်တန်တော့လည်း ပြီးသွားတာပါပဲ တဲ့...။

သူတို့မသိတာက...
အဲ့ဒီမီးက ဒီအတိုင်းပြီးသွားတာမဟုတ်ဘဲ
လောင်ခဲ့တဲ့အရှိန်နဲ့အချိန်အပေါ်မူတည်ပြီး...
ပြာတွေအပုံလိုက်ချန်ထားခဲ့သေးတယ် ဆိုတာကိုပဲ။

အင်း...။ မသိတဲ့အုပ်စုထဲမှာ ကျွန်တော်လည်းပါခဲ့ပါတယ်။

___________________________________
To be continued...

💖💖💖

ဉာဏ်စမ်းမေးခွန်း ကဏ္ဏ။
မင်းဟာ ပန်းသီးပင်အောက်မှာအိပ်နေခဲ့ပြီး ကြွေလာတဲ့ပန်းသီးက မင်းခေါင်းပေါ်ပြုတ်ကျရင် ဘာကို အရင်ဆုံးတွေးမှာလဲ။

L Khun : နယူတန်ရဲ့ မြေဆွဲအားသီအိုရီ...

Linn Khant : ပန်းသီးကို ရေဆေးပြီး ကိုကို့ကို ခွဲကျွေးဖို့ ယူသွားရမယ်...

Arkar Waiyan : ဘာတွေပြောနေတာလဲ... အယ်လ်ခွန်းကို ပန်းသီး ငါ့ခေါင်းပေါ်မကျအောင် ဖမ်းမထားဘူးလား လို့ အရင်ဆုံးမေးရမှာပေါ့၊
ငါက သူ့ပေါင်ပေါ်မှာ အိပ်နေတာ ဖြစ်သင့်တာလေ...

Novella ✒️

Продолжить чтение

Вам также понравится

3.6M 290K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
9.4K 804 16
Love,Funny but not rated... story of a dracula prince Kris and his lover Channie
The Mafia's Pure Desire Manpreet Kaur

Любовные романы

2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.4K 96 10
ရုပ်သေးကြိုးဆွဲ စေတန်ကကြိုးသွယ်