Heartless December❄️ ZG versi...

Par Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... Plus

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်

21 1 0
Par Novella_1001

❄️❄️❄️

"ဒေါက် ဒေါက်..."

ပထမဆုံးနေ့မှာ အချိန်မှန်မှန်ပေါ့။
ကိုကို့ရင်ခွင်ကျောင်းကို ကျွန်တော်လာတက်ခဲ့ပြီ။

"တံခါးလော့ချမထားဘူး"

လူပေါ်မလာဘဲ အသံလေးသဲ့သဲ့ကြားရတာကြောင့် ကိုယ်တိုင်ဖွင့်ဝင်လာခဲ့တော့...။

"ထိုင်အုံး..."

ဟိုနေ့က စားပွဲပုအဖြူလေးပေါ်မှာ မေးခွန်းဟောင်းစာအုပ်တွေ အထပ်လိုက်နဲ့အတူ အကြမ်းစာအုပ်အထူကြီးကလည်း ချထားသေးတယ်။ လူတော့ မမြင်ရသေးဘူး။

ကျောပိုးအိတ်လေးချပြီး တင်ပျဉ်ခွေထိုင်နေတုန်း...
ခဏနေပဲ အခန်းထဲကထွက်လာတဲ့ ဆရာအသစ်စက်စက်လေးက အနားလာထိုင်ပြီး သူ့မျက်မှန်လေးကို လက်ချောင်းနဲ့ပင့်လို့ Bio မေးခွန်းဟောင်း The Best Guide စာအုပ်အထူကြီးကို စကိုင်ပါတော့တယ်။

"အံထူးမြတ်ဆီကကြားတယ်... နှစ်ဝက်စာမေးပွဲတုန်းက Bio ဂုဏ်ထူးကပ်ပြုတ်တယ်ဆို..."

"ဟုတ်... "

"အဲ့ဒါက တစ်မှတ်တန်တွေကို မေးခွန်းသေချာမဖတ်တာရယ်...
နောက်ပိုင်းမေးခွန်းတွေမှာ စာလုံးပေါင်းအမှား၊ အကျရှိတာရယ်ကြောင့် ကိုယ်ရသင့်တဲ့အမှတ်မရတာ..."

"ဟီးဟီး... ဟုတ်..."

"Chapter 1 to 4 ပြန်ကြည့်ထားလား..."

"ဟိုရက်က ကြည့်ထားတယ်"

"ဒါဆို အဲ့ဒီအခန်းလေးခန်းရဲ့ မေးခွန်းဟောင်းတစ်မှတ်တန်တွေ ဒီညအကုန်ဖြတ်မယ်... ခဏပြန်ကြည့်ချင်ကြည့်..."

"ဟုတ်..."

ဘုရားရေ...။ ကျွန်တော့်ရဲ့မှန်ကြောင်ကိုကိုက ပထမညမှာတင် တကယ့်ဆရာအရှိန်အဝါအပြည့်နဲ့ဗျ။

"ဒီဇင်ဘာမှစသင်တာဆို‌တော့ revision အတွက် guide line ပေးတဲ့သဘောပဲသွားမယ်၊ အစကပြန်သင်ပေးစရာမလိုဘူးလို့တော့ အောက်မေ့ပါတယ်... မင်းကဘာတွေမှာ အားနည်းတာလဲ သိရဖို့ Test တွေတော့ ဆက်တိုက်ဖြေရလိမ့်မယ်၊ ပင်ပန်းမယ်..."

"ပင်ပန်းတာလောက်က ကိစ္စမရှိပါဘူး၊ ကျွန်တော်က အပင်ပန်းခံနိုင်ပါတယ်... ဟဲဟဲ..."

ကျွန်‌တော်ယူလာတဲ့ပုံနှိပ်စာအုပ်ကို အသာလှန်ကြည့်နေသူဟာ ကျွန်တော့်မျက်လုံးကို စိုက်ကြည့်လာရင်း...။

"ကြိုပြောထားတာဆိုပေမယ့် ပေါ့ပေါ့တန်တန်လုပ်တာ မကြိုက်ဘူး၊ မင်းတိုးတက်ဖို့လိုတဲ့နေရာတွေအတွက် ငါလုပ်နိုင်သမျှအားစိုက်ပြီး လုပ်ပေးမှာမို့ မင်းအနေနဲ့လည်း လေးလေးနက်နက် အားစိုက်ထုတ်စေချင်တယ်"

"ဟုတ်၊ နားလည်ပါပြီ"

"ပြီးတော့ စာအုပ်ကို မလိပ်နဲ့၊ စာရွက်မခေါက်နဲ့၊ တံတွေးဆွတ်ပြီးမလှန်နဲ့..."

ချက်ချင်းပဲ တံတွေးဆွတ်လှန်ဖို့လျှာမှာ ကပ်ထားတဲ့လက်‌ချောင်းကို ပြန်ရုတ်၊ အခန်းမှတ်ဖို့ ခေါက်ပစ်ထားတဲ့ စာမျက်နှာတွေကို ပြန်ပြုပြင်ပြီး လိပ်ပြီးကိုင်ထားတဲ့မေးခွန်းစာအုပ်ကို ပြန်ဖြန့်လိုက်ရတယ်။

"လိပ်ကိုင်တာကြာရင် စာအုပ်တွေက တွန့်လိမ်ကောက်ကွေးလာတယ်၊ ပျော့ဖတ်ပြီး နွမ်းလွယ်လာတယ်၊ စာရွက်ခေါက်ပြီးမှတ်တဲ့အခါ ခေါက်ရာကြီးရင်ကြီးသလောက်၊ အချိန်ကြာတာနဲ့ အဲ့ဒီနေရာကစာလုံးတွေက ပျက်လာတယ်၊ သေးရင်တောင် ကြာလာတော့အရာထင်ပြီး စာရွက်ထောင့်တွေ ပြဲသွားလိမ့်မယ်၊ မင်းစာအုပ်က တစ်နှစ်အတွင်း ဒီလောက်ကျနေတာ အဲ့ဒါကြောင့်မို့ပဲ... မင်းမှာမရှိရင် sticker notes နဲ့ စာမှတ်ကဒ်ပေးမယ်၊ အဲ့ဒါသုံး... တံတွေးဆွတ်ပြီး စာရွက်လှန်တာကတော့ မင်းအတွက်ရော စာအုပ်အတွက်ပါ မကောင်းဘူး၊ စာအုပ်ကအသစ်ဆိုရင်လည်း မင်းကြောင့်နံသွားမယ်၊ အဟောင်းဆိုရင်လည်း အဲ့ဒီမှာ ကပ်နေတဲ့ဖုန်နဲ့ မမြင်ရတဲ့ဘတ်တီးရီးယားတွေက လက်ကတစ်ဆင့် မင်းပါးစပ်ထဲ တိုက်ရိုက်ဝင်သွားမယ်၊ မင်းလက်ကပါ သန့်ရှင်းမနေရင် နှစ်ဆပိုဆိုးအုံးမယ်၊ အဲ့ဒါတွေ နောက်ထားအုံးတော့... သူများပစ္စည်းဖြစ်ဖြစ် ကိုယ့်ပစ္စည်းဖြစ်ဖြစ် သုံးနေတဲ့ပစ္စည်းကိုကိုင်တွယ်ပုံက ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ပြတယ်၊ ရိုရိုသေသေကိုင်..."

စစချင်းမှာပဲ သူသဘောမတွေ့တဲ့အမူအရာနဲ့ အကျင့်ဆိုးလို့ သတ်မှတ်ထားတဲ့အရာတချို့ကို ကျွန်တော့်ဆီမှာ တွေ့လိုက်တဲ့အတွက် စည်းကမ်းချက်ပြောရတာ မောသွားပုံရတယ်။ စည်းစနစ်ကြီးပုံရတဲ့ ဆရာလေးဟာ အသက်၀၀ရှူပြီး စာအုပ်ကိုပိတ်လိုက်ရဲ့။

"ပြန်ကြည့်လို့ပြီးပြီဆို စဖြေလို့ရပြီ..."

ဆရာအသစ်ရဲ့ aura ကတော့ မမေးလေနဲ့။ စာဖြေနေရင်းလည်း ကျောတချမ်းချမ်း။ လူရှေ့လာလာရပ်ပြီး အကဲခတ်တတ်တဲ့
ကျောင်းကသင်္ချာဆရာကြီးရဲ့ ခပ်စွေစွေအကြည့်တောင် သူမျက်မှန်လေး နှာတံရိုးပေါ်မသိမသာချပြီး ငုံ့ကြည့်တာလောက် ကြောက်စရာမကောင်းသလိုပဲ။

"နံပါတ် ၁၃ က ဘာရွေးထားတာလဲ "

"B..."

"မေးခွန်းသေချာပြန်ဖတ်..."

"အာ... C ပဲ..."

"တစ်မှတ်တန်ဖြေရင် လွယ်လွယ်ခက်ခက် နှစ်ခါပြန်ဖတ်ပေး၊
နောက်ကျမှ ကိုယ့်မျက်စိကိုယ် အပြစ်မတင်ရအောင်လို့..."

"ဟုတ်..."

တင်းကျပ်လိုက်တာ...။ အစကတွေးထားတဲ့ပုံစံက ဒီလိုမဟုတ်ဘူးလေဗျာ။ သူက စာတွေရှင်းပြမယ်။ ကျွန်တော်က စာရပြီးသားဆိုတော့ ဒီအတိုင်း သူ့ကိုထိုင်ငေးမယ်။ ကျွန်တော် စာတော်တာ၊ ဖြေနိုင်တာတွေသိရင် ခေါင်းလေးပုတ်ပေးပြီး ပြုံးပြရင်း ချီးကျူးမယ်။

ဟိုက်ရှားပါး...။ အခုတော့ စာမေးပွဲကြီးစစ်ခံနေရတဲ့အတိုင်းပါလား...။
ကိုကို... ခင်ဗျားက တကယ့်မလွယ်ကြောပဲ။

"တော်တယ်..."

"..."

"ဒါပေမယ့် လျှန်းတယ်"

အဖြေတွေစစ်ပြီးနောက် ချီးကျူးစကားလေး နှစ်လုံးစကြားရလို့ လှိုက်ခနဲပျော်မယ်ရှိသေး မော့သွားတဲ့ ကျွန်တော်ခေါင်းလေးက ဆက်လာတဲ့ ကိုကို့စကားတွေအောက်မှာ ငုံ့သထက်ငုံ့သွားရပါတော့တယ်။

"ကိုယ့်ကိုယ်ကို တော်တယ်လို့တွေးထားကတည်းက တစ်မှတ်စလျော့ပြီ... ဘာလို့လဲသိလား...
ယုံကြည်မှုလွန်ကဲတဲ့ကလေးတွေက စာကိုပြန်မစစ်တတ်ကြဘူး၊ 'မမှားချင်ရင်ပြန်စစ်' ဆိုတာ ကျောင်းနံရံမှာချိတ်ထားတဲ့ စာစုသက်သက်မဟုတ်ဘူး၊ ကိုယ့်အရည်အချင်းကိုယ် နှမြောရင် အခုအချိန်ကစပြီး စာပြန်စစ်တဲ့အကျင့်လုပ်တော့..."

"ဟုတ်..."

ဘယ်လိုပြောရမလဲ။ အဆူခံနေရတဲ့ ခံစားချက်။
အမေ့ခုနှစ်သံချီအသံတောင် သိပ်မဖြုံတဲ့ ကျွန်တော်က ဒီလူသားရဲ့ မဝဲတဝဲမတိုးမကျယ် လေသံအေးအေးလေးကို တော်တော်ကြောက်နေရပါကလား။

"ပုံဆွဲကျင့်ထားသေးလား..."

"ဟုတ်..."

ကျွန်တော်က ပုံဆွဲစကေးတော့ တော်တော်ကောင်းပါတယ်။
ကျွန်တော့် practical စာအုပ်ဆို ကျောင်းမှာ Bio ဆရာမရဲ့လက်စွဲအနေနဲ့ အခန်းတိုင်းကို ကူးလူးသွားလာနေရတာ‌။ ဆိုသာဆိုရတယ် ဆရာသမားလေးက သူ့မျက်မှန်ကို ဦးစံရှားမှန်ဘီလူးလိုသုံးတတ်တော့ အပြစ်ရှာမတွေ့ပါစေနဲ့ ဆုတောင်းရုံပေါ့။

စာအုပ်ထုတ်ပြတော့ သုံးလေးငါးရွက်လှန်ကြည့်ပြီးတဲ့နောက် နှုတ်ခမ်းထောင့်ကလေးတွေကွေးညွတ်သွားတဲ့‌ ဘေးကတစ်ယောက်...။

"ပုံတွေက လှလိုက်တာ..."

"..."

"ပုံနှိပ်စာအုပ်ကနေ ပရင့်ထုတ်ထားသလိုပဲ...
အဆွဲအသားသပ်ရပ်တယ်၊ တော်တယ်... တကယ်..."

ဪ...။ အဲ့သလိုလား။ ဆုပေးဒဏ်ပေးစနစ်ပေါ့။
မကြိုက်တာတွေ့ရင် ခပ်တင်းတင်းလေးပြောမယ်။
သဘောကျစရာအချက်ဆိုရင် ကောင်းကောင်းချီးကျူးမယ်။

အိမ်း...။ အချစ်ရေးကိစ္စအတွက် ကြံရင်းဖန်ရင်း ကျွန်တော့်ပညာရေးတော့ တိုးတက်အုံးတော့မှာပါလား ဆရာလေးကိုကိုရေ...။

"ဒီနေ့တော့ ဒီလောက်ပဲ..."

"ဟုတ်... လိုအပ်တာတွေပြောပြပေးလို့
ကျေးဇူးပါ ကိုကို..."

အရင်က တစ်ခါမှမခေါ်ဖူးပါဘဲ ပြောင်းလဲသွားတဲ့ အနားသပ်စကားအသုံးအနှုန်းကြောင့် ကျွန်တော့်ကို
စိုက်ကြည့်လာခဲ့တဲ့ မှန်ပါးလေးနောက်က မျက်ဝန်းနက်တွေ...။

"ဟို... အစ်ကိုအယ်လ်ခွန်း လို့ခေါ်ရတာ နည်းနည်းရှည်ပြီး ခေါ်ရခက်တယ်လေ..."

ရှင်းပြချက်နားထောင်ပြီး အကြည့်လွှဲသွားတဲ့နောက် ကျွန်တော့်လေ့ကျင့်ခန်းစာအုပ်ကို ပြန်ပေးရင်း...။

"အဆင်ပြေသလိုခေါ်ပါ..."

ကိုကိုက ခွင့်ပြုပေးခဲ့ပါတယ်။ ပစ္စည်းတွေသိမ်းပြီး အိမ်ပြန်ဖို့ရာ တံခါးပေါက်ဝရှေ့ရောက်တဲ့အချိန်မှာတော့...။

"ဟို‌လေ..."

"ဘာလဲ..."

"ဟိုလူ..."

"..."

"ကိုကို့ချစ်သူဆိုတဲ့တစ်ယောက် နောက်ထပ်လာသေးလား..."

"မင်းသိနေတာလား..."

မျက်လုံးကိုကြည့်ရင်း မေးလာတဲ့မေးခွန်းအတွက် ကျွန်တော်ခေါင်းငြိမ့်လိုက်တယ်။

"မလာဘူး... သူနဲ့ငါပြတ်သွားပြီ..."

မျက်နှာလေး သိသိသာသာညိုးသွားတာ သတိထားမိပါရဲ့။

"ကိုကို... သူ့ကိုချစ်သေးလား..."

"ဆက်ချစ်ဖို့ဆုံးဖြတ်ရင် ငါ့ကိုယ်ငါပဲ သတ်လိုက်တော့မယ်..."

တိုင်းရင်းသားမို့ စကားပြောပြတ်တယ်ထင်ပါရဲ့။ သူ့သူငယ်ချင်း ကျွန်တော့်အစ်ကိုရဲ့ပယောဂအရ ကျွန်တော်အတိုင်းအတာတစ်ခုထိ သိထားပုံရမှန်း သူသတိထားမိတာကြောင့် အရှိအတိုင်း ပွင့်ပွင့်လင်းလင်းပြောတာပဲ။

"မှောင်နေပြီ၊ စက်ဘီးသတိထားပြီးစီးသွား..."

တံခါးဆွဲပိတ်ဖို့ လုပ်တာကို ကျွန်တော်လှမ်းတားလိုက်တော့ ထပ်ပြီး ကျွန်တော့်ကို စိုက်ကြည့်ပြန်တယ်။

"ကိုကို... ကျွန်တော် အခုပြောတာကို...
အတည်ယူပြီး နားထောင်ပေးလို့ရမလား..."

"ဘာလဲ..."

ဆောင်းလေအေးလေးတွေက အခန်းဝ ဝရန်တာကို ဖြတ်တိုက်လို့။ ကျွန်တော့်လက်ဖျားတွေလည်း အေးနေခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ရှေ့မှာ ရပ်နေတဲ့သူရဲ့ မျက်နှာကို စေ့စေ့ကြည့်လိုက်ချိန်မှာ ခန္ဓာကိုယ်က သွေးစီးဆင်းမှုတွေက လက်ချောင်းထိပ်ထိ တိုးဝင်သွားခဲ့ကြပါရဲ့။ နှလုံးသားကတော့ အရှိန်နှုန်းကို ပုံမှန်ထက်မြန်အောင်တင်လို့...။

"ကိုကို့ကို... ကျွန်တော်ချစ်တယ်..."

"ဘာ..."

ခပ်တိုးတိုး အာမေဋိတ်ပြုသံလေး။

"ကိုကို့ကို ကျွန်တော်ချစ်တယ်"

"..."

ရုတ်တရက်ဆန်နေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်ထဲရှိတာကို အချိန်မဆွဲတတ်တဲ့သူလေ။

ကျွန်တော်စောင့်နေတယ်။ တစ်စက္ကန့်... နှစ်စက္ကန့်...။

"ဆောရီး... ငါမင်းကိုမချစ်ဘူး"

"..."

တံခါးလေးဟာ အကြားလပ်မရှိအောင် စေ့စေ့ပိတ်သွားရဲ့။

နေပါအုံး...။ အခု ကျွန်တော်... အငြင်းခံလိုက်ရတာလား။

မြောက်ပြန်လေတစ်သုတ် ခေါင်းပေါ်ကနေ ဖြတ်သွားကြတယ်။ စိမ့်ခနဲပါပဲ။

ဘယ်လိုတောင် ပြတ်သားတာလဲဗျာ။
သုံးစက္ကန့်ပြည့်အောင်တောင် မစဉ်းစားလိုက်ဘဲ...
"ဆောရီး... ငါမင်းကိုမချစ်ဘူး " တဲ့။

* *

ကျွီ...။

"အာ... ငခန့်... ပြန်တော့မှာလား...
၇နာရီတောင်ထိုးပြီပဲ... ဝင်အုံးမှာဆိုလည်း တံခါးပိတ်ကွာ...
လေတိုက်နေတာ အေးတယ်ဟ..."

"ကျွန်တော် အငြင်းခံလိုက်ရတယ်..."

"..."

လွန်ခဲ့တဲ့မိနစ်ပိုင်းက အဖြစ်အပျက်ကလေး ပြန်ပြောပြတော့...။

"ဟဟ... ဟားဟားဟား... ဒီနေ့ချက်ချင်းကြီးကို ပြောရလားဟ၊ သောက်ရူး... ဟိုက 'နောက်ရက်မလာခဲ့နဲ့တော့' လို့ မပြောတာ ကံကောင်း၊ ငါပြောပါတယ်... သူစိတ်မဝင်စားရင် အားမနာပါးမနာ ပိုးစိုးပက်စက်ငြင်းတာပါလို့... အခုသိပြီမလား... ဟားဟား..."

အစ်ကိုတော်က အူလိုက်သည်းလှိုက်ထရယ်နေပါရဲ့။
သူအငြင်းခံရတာမဟုတ်တိုင်း...။

"ကျွန်တော်က ဒီနှစ်မကုန်ခင်ပဲ ဖွင့်ပြောချင်တာလေ..."

"နည်းနည်းပါးပါးတော့ စောင့်မှပေါ့ကွ...
ဟိုတစ်ယောက်နဲ့ပြတ်တာမှ မနေ့တစ်နေ့ကဟာကို..."

"ပြတ်ပြီပဲဟာ ဘာလုပ်မှာလဲ...
ပိုကောင်းတဲ့သူရှာရင် ရပြီလေ..."

"ဆိုလိုချင်တာက မင်းက ပိုကောင်းတယ်ပေါ့..."

"ဒါပေါ့..."

"ဟက်... ချာတိတ်... confident level so high မနေနဲ့... မင်းပုံစံက အယ်လ်ခွန်းသဘောကျတဲ့ type မဟုတ်ဘူး"

"ဘာဖြစ်လို့လဲ... သူကဘယ်လို type ကြိုက်တာလဲ..."

"သူနဲ့တွဲခဲ့သမျှက အသားဖြူတယ်၊ သူ့ထက်အရပ်ရှည်တယ်၊
ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်ရှိတယ်၊ တစ်ခုမဟုတ်တစ်ခုမှာ တော်တယ်၊ ယောက်ျားဆန်ဆန်ချောတယ်၊ နောက်ပြီး သက်တူရွယ်တူတွေချည်းပဲ..."

"..."

ဟုတ်ပါရဲ့။ ဟိုနေ့ကတွေ့လိုက်တဲ့သူ့ချစ်သူ... အဲ... မဟုတ်ဘူး... ပြတ်သွားတဲ့ဘဲကြီးကလည်း အဲ့သလိုပုံစံမျိုးပဲ။
ကျွန်တော်က အသားကမဖြူမညို၊ အရပ်က
ကိုကို့ထက်နည်းနည်းလေး ၂လက်မလောက်ပုပြီး ခန္ဓာကိုယ်က ကိုကို့ထက်နည်းနည်းပဲထွားတဲ့ သာမန် ၁၀တန်းကျောင်းသားဘော်ဒီမျိုး၊ တော်တဲ့နေရာတွေများပြီး ရုပ်ရည်ချောတာက‌တော့ universal truth ဆိုပေမယ့် ဟိုလူလိုတော့ မျက်ခုံးကောင်းကောင်း နှာတံချွန်ချွန်နဲ့ manly ဖြစ်မနေလှဘူး။ ပြီးတော့.... အသက်ကွာခြားချက်ကလည်း ရှိနေသေး။

အင်း...။ ဝန်မခံချင့်ခံချင်နဲ့ ဝန်ခံရရင်... ကိုကိုသဘောကျတဲ့ type ထဲကို ကျွန်တော်မဝင်ဘူး။

နောက်ပြီး... သိတာဘယ်လောက်မှမကြာသေးတဲ့ ရက်ပိုင်းလေးအတွင်းမှာ မြန်မြန်ဆန်ဆန်ကြီး အဆင့်တွေကျော်ချလိုက်မိသေးတာပဲ။ ဘာကြောင့် ဘယ်လို ချစ်မိရသလဲဆိုတာကိုလည်း ကျွန်တော် သေချာမပြောခဲ့မိဘူး။ ဖြစ်နိုင်ပါတယ်။ ကျွန်တော် ဖွင့်ပြောတာက ကတိုက်ကရိုက်နဲ့ အချိန်ကိုက်မဟုတ်ဘူး ဖြစ်သွားတာပဲ။ ကိုကိုက ဒီလောက်လွယ်တဲ့လူမျိုးမှ မဟုတ်တာ။

ကိစ္စတော့မရှိပါဘူး။ ကျွန်တော်ထပ်ကြိုးစားလို့ရသေးတယ်။
ကိုကို ကျွန်တော့်ကိုနှင်မလွှတ်သ၍ ဆက်ပြီးအနားကပ်လာလို့
ရသေးတယ်။

တစ်ခါမရရင် နှစ်ခါပေါ့ ကိုကိုရာ...။
ခင်ဗျားကို ကျွန်တော်က ရအောင်လိုက်မှာ...။

* *
နောက်တစ်ရက် ဒီဇင်ဘာ ၂၉...။

"ဒီနေ့ အင်္ဂလိပ်စာလုပ်မယ်၊ Text book အရင်ထုတ်လိုက်... ကဗျာတွေကို တစ်ချက်ကြည့်ရအောင်..."

ဆရာလေးက ဘာမှမဖြစ်ခဲ့သလို တည်တည်ငြိမ်ငြိမ်ပဲဗျ။
ကဗျာအဓိပ္ပါယ်တွေကို ကျွန်တော်နားလည်တဲ့အတိုင်း ပြောပြခိုင်းပြီး သူကဘယ်လိုတွေးတယ် ဆိုတဲ့အကြောင်း ပြန်ပြောပြတယ်။

"အတွေးကိုဘောင်ခတ်မထားနဲ့...
လွတ်လွတ်လပ်လပ်တွေးခွင့်ရှိတယ်နော်... ကဗျာတစ်ပုဒ်ကို
ခံစားတဲ့နေရာမှာ လူတိုင်းကခံစားချက်တူမနေဘူး၊ ဒီစာသားကဘာကိုဆိုလိုသလဲမေးတဲ့ မေးခွန်းတွေမှာ စာရေးသူပေးတဲ့အဓိပ္ပာယ်နဲ့ ဆရာသင်တာတင်မကဘဲ ကိုယ်‌တွေးမိတဲ့ ကိုယ့်ကိုယ်ပိုင်အမြင်ကို ထည့်ရေးလည်း ကိစ္စမရှိဘူး... ယုတ္တိရှိဖို့ပဲလိုတယ်"

စာသင်နေတော့လည်း ကိုကို့မဝဲတဝဲလေသံလေးက နားထောင်လို့ကောင်းနေလိုက်တာ။

ခင်ဗျားက စာသင်ရတာတော့အတော်ကြိုက်ပုံပဲ ကိုကို...။
စာရှင်းပြနေပြီဆို မျက်မှန်ပါးလေးအောက်က မျက်လုံးနက်တွေက အရောင်တောက်လို့။ မျက်စိတွေတောင် ကျိန်းမတတ်ပဲ။

"ဂွိ..."

ကြားခံနယ်ထဲဖြတ်ဝင်လာတဲ့ စာရေးခြစ်သံမဟုတ်တဲ့ အသံတစ်သံကြောင့် မျက်မှန်ကလေးပင့်ပြီး ကျွန်တော့်ကို စိုက်ကြည့်လာပြန်ပြီ။

"မင်း ဗိုက်ဆာနေတာလား..."

"..."

ဒီနေ့ ကျွန်တော် ထမင်းစားမလာခဲ့ရဘူး။ ကျွန်တော့်အချစ်ကို
သူလက်ခံအောင် ဘယ်လိုထပ်ပြီးဖွင့်ပြောရမလဲ စဉ်းစားရင်း
စက်ဘီးတောင်မနင်းဘဲ တွန်းပြီးလျှောက်လာခဲ့တာ။

"ဆက်ရေးနေ..."

အဲ့လိုပြောရင်း လက်ထဲကစာအုပ်ကိုချလို့ ရေခဲသေတ္တာဆီထသွားပြီး မိုင်လိုဘူးနှစ်ဘူးနဲ့ ပေါင်မုန့်တစ်ထုပ်ဆွဲယူလာတယ်။ နောက်... တစ်ဘူးကို ပိုက်ထိုးပြီး သူ့ဟာသူဖောက်သောက်လိုက်ရင်း ကျွန်တော့်ရှေ့မှာ ပေါင်မုန့်ထုပ်နဲ့ ကျန်တဲ့တစ်ဘူးချပေးတယ်။

"ဒီနေ့ စောစောနားပေးမယ်၊ နှစ်ပုဒ်ပဲဆက်ဖြေလိုက်..."

"ဟုတ်..."

ချစ်အားတွေတော့ ပိုလာပါပြီ ခင်ဗျားရယ်...။
ခပ်ချေချေနေပြပေမယ့် အတွင်းစိတ်လေး နွေးထွေးတယ်ဆိုတာ ကျွန်တော်သိတာပေါ့။

"ဟို... မနေ့က ကျွန်တော်ပြောတဲ့ဟာလေ... အဲ့ဟာက ဒီတိုင်းလျှောက်ပြောတာမဟုတ်ပါဘူး၊ ကျွန်တော်တကယ် လေးလေးနက်နက်နဲ့ ဖွင့်ပြောတာပါ ကိုကို... ကလေးစကားလို့ မထင်လိုက်ပါနဲ့ဗျာ..."

"မထင်ပါဘူး..."

"..."

"ငါမှ မင်းကိုမချစ်တာ"

ခုဏက အတွင်းစိတ်နွေးထွေးတယ် ဆိုတဲ့ကောက်ချက်ကို ပြန်ရုတ်သိမ်းတယ်။ ခင်ဗျားက တကယ့်ရေခဲတုံးကြီး။
ရေခဲတောင်တွေဆီကလာလို့ နှလုံးသားကြီးအေးခဲနေတာများလား။ ရုပ်တည်ကြီးနဲ့ အေးအေးဆေးဆေး ပြောရက်လိုက်တာများ။

"ထပ်အငြင်းခံရပြန်ပြီ... ဟွန့်..."

"အဲ့နှုတ်ခမ်းက ဘာလို့စူနေတာလဲ..."

ထုံးစံအတိုင်း ကျွန်တော့်ကို အထူးအဆန်း စိုက်ကြည့်လို့။

"ကိုကိုက ကျွန်တော့်ကိုမချစ်ဘူးဆိုလို့လေ...
စိတ်မကောင်းဖြစ်တာ..."

"စိတ်မကောင်းဖြစ်ရင် အဲ့လိုနှုတ်ခမ်းစူရလား... ထားအုံးတော့... အဲ့ဒါ မိန်းကလေးတွေ လုပ်တတ်ကြတာမဟုတ်ဘူးလား..."

"ယောက်ျားလေး နှုတ်ခမ်းမစူရဘူးလို့ ဘယ်ပညာရှိက ပညတ်ခဲ့လို့လဲဗျ..."

"..."

"ကျွန်တော့်မျက်လုံးကိုသေချာကြည့်ပါ ကိုကို...
ကျွန်တော်က ယောက်ျားလေးမပြောနဲ့ မိန်းကလေးတွေကိုပါ တစ်ခါမှစိတ်မ၀င်စားဖူးဘူး၊ ရည်းစားလည်းတစ်ခါမှ မထားဖူးဘူး၊ တစ်ယောက်ယောက်ကို ချစ်ဖို့ဆိုတာ ပင်ပန်းလောက်တယ်လို့ပဲ တွေးပြီး စက်ဘီးစီးဖို့လောက်တောင် အာရုံမလာဘဲနေခဲ့တာ... ဒါပေမယ့်... ဟိုနေ့က ကိုကိုတံခါးလာဖွင့်ပေးတဲ့အချိန် မျက်ရည်ကျနေတဲ့ပုံစံလေးကို မြင်ပြီးတဲ့နောက်မှာတော့ ကျွန်တော်အချစ်ကို ရှာတွေ့ခဲ့တယ်..."

ကျွန်တော် သူ့မျက်လုံးကိုကြည့်ပြီးပြောနေတဲ့ စကားတွေကို သူကလည်း ကျွန်တော့်မျက်လုံးထဲစိုက်ကြည့်လို့ ခံယူနေပါရဲ့။

"ကျွန်တော်ညာမပြောတတ်ပါဘူး ကိုကို...
အပိုလည်းမပြောတတ်ပါဘူး... ကျွန်တော်ကိုကို့ကို တကယ်ချစ်တာ... ကိုကိုမယုံရင် စမ်းသပ်ကြည့်လို့ရတယ်... ဒီမှာ..."

အချစ်ရှိလာရင် လူတွေကရဲရင့်လာကြသတဲ့။
တုံ့ဆိုင်းခြင်းတစ်စက်မှမရှိဘဲ ကိုကို့လက်သွယ်သွယ်လေးကို
လှမ်းဖမ်းဆုပ်ပြီး ကျွန်တော့်ရဲ့ဘယ်ဘက်ရင်အုံဆီ နေရာချပေးလို့..
အချစ်လှိုင်းတွေရဲ့ ရိုက်ခတ်သံကို ခံစားစေလိုက်တယ်။

လေထုကြီးက တိတ်ဆိတ်လို့...။ ကျွန်တော်ဆုပ်ကိုင်ထားတဲ့ ကိုကို့လက်တွေက နွေးနေတယ်။ ခံစားရသလား ကိုကို...။
အရှိန်နှုန်းမြင့်သထက်မြင့်လာတဲ့ လှုပ်ရှားမှုတွေ...။
ကိုကို့အတွက် ကျွန်တော့်အချစ်တွေလေ...။

"ဒီလိုလုပ်ရင် ချစ်မချစ်သိရတယ်လို့...
ဘယ်သူက မင်းကိုသင်ပေးခဲ့တာလဲ..."

"..."

အံ့ဩကုန်နိုင်ဖွယ်ပါပဲ ခင်ဗျားရယ်။
ခင်ဗျားပဲ လွန်ခဲ့တဲ့ငါးရက်က ကျွန်တော့်ကို ဒီအတိုင်း တစ်ပုံစံတည်း လုပ်ပြခဲ့တာမဟုတ်ဘူးလား ဆရာလေးရဲ့။
ခင်ဗျားပဲ သင်ပေးပြီး ဘယ်သူသင်ပေးလဲမေးတော့ ဘယ်လိုဖြေရမှာလဲဗျ။ ငိုချင်လာပြီနော်...။

"ကိုကို... ကျွန်တော်တကယ်ချစ်တာနော်..."

"အင်း... ဒါပေမယ့် ငါမင်းကိုမချစ်ဘူးလေ..."

ဟောကြည့်...။

"ကိုကိုဗျာ... တစ်ယောက်ယောက်က သူ့အချစ်ကို ရိုးရိုးသားသားဝန်ခံရင် တစ်ညွန့်ညွန့်တက်နေတဲ့ မျှော်လင့်ချက်လေးကို ချက်ချင်းကတ်ကြေးနဲ့ ဖြတ်မပစ်နဲ့ဗျ၊ နည်းနည်းပါးပါးစဉ်းစားပြီးမှ ဖြေပါလား..."

"ငါစဉ်းစားပြီးမှ ဖြေတာပါ..."

ကျွန်တော့်လက်ထဲကနေ သူ့လက်ကိုဆွဲထုတ်လို့ မျက်မှန်ကိုင်းအကြည်လေးကိုပင့်ရင်း ဆက်ပြောလာတဲ့အချိန် ကျွန်တော့်ရဲ့စူပုတ်ပုတ်မျက်နှာ ပြောင်းလဲသွားခဲ့ရတယ်။

"ငါက... နှလုံးသားမရှိတော့ဘူး"

"..."

"နှလုံးသားမရှိတဲ့သူကို ချစ်နေရင်...
မင်းပဲနာကျင်ရလိမ့်မယ်"

မေးပါရစေလား ကိုကို...။

ကျွန်တော့်ကို နာကျင်ရလိမ့်မယ် လို့ပြောပြီး...
ဘာလို့ ကိုကို့ပုံစံကမှ နာကျင်နေတဲ့သူလိုဖြစ်နေတာလဲ။

____________________________________
To be continued...

💖💖💖

[A/N *OCD : Obsessive Compulsive Disorder]

OCD လို့ပြောလိုက်ရင် အသန့်ကြိုက်တဲ့သူ၊ ဇီဇာကြောင်တဲ့သူ လို့ ပြေးမြင်တတ်ကြတယ်ပေါ့နော်။ OCD သမားတွေဆိုတာက တိကျတဲ့ ရုပ်ဝတ္ထုအခြေအနေ ဒါမှမဟုတ် စိတ်ခံစားချက် တစ်ခုခုအပေါ်မှာ "ဒါကဒီပုံစံမဖြစ်သင့်ဘူး၊ ဒီလိုဖြစ်ရမှာ" လို့ အစွဲအလမ်းကြီးပြီး သတ်မှတ်ထားသလို၊ လိုချင်တဲ့အတိုင်း ဖြစ်မလာရင် anxiety ၀င်လာတတ်တဲ့သူမျိုးတွေပါ။ OCD မှာက ယေဘုယျအမျိုးအစား ၅ မျိုးရှိတဲ့အထဲ
L ခွန်းရဲ့ OCD types ကတော့... Organization (အစီအစဉ်တကျဖြစ်ခြင်းအပေါ် အစွဲအလမ်းကြီးခြင်း) နဲ့ Contamination (မသန့်ရှင်းမှုအပေါ် အစွဲအလမ်းကြီးခြင်း) ပါ။

မြင်ဖူးတယ်မလား။ စာအုပ်ထပ်တာကစ အရွယ်အလိုက် အကြီးကနေအသေးစဉ်ထပ်တဲ့သူ၊ ခွက်တွေစီတာကစ ကိုင်းက ညာဘက်လှည့်လျက်တန်းနေမှကြိုက်တဲ့သူ၊ အိတ်ထဲ ပိုက်ဆံထည့်ရင် အတန်ကြီးကနေအနုတ်စဉ်ထည့်တဲ့သူ စသဖြင့် တော်ရုံစနစ်ကျတာကြိုက်ရုံတင်မကဘဲ ဘယ်လိုအခြေအနေဖြစ်ဖြစ် ယောင်လို့တောင်မှ ဒီပုံစံကို အပျက်မခံတဲ့သူတွေပေါ့။ 'တခါတလေပဲဟာ၊ ထားလိုက်ပါတော့' ဆိုတာမျိုး သူတို့မှာမရှိဘူး။ ဒီပုံစံဖြစ်မနေရင် ငါတော့မနေနိုင်ဘူး၊ အသက်ရှူကြပ်တယ် ဆိုတဲ့သူတွေ။ ပြီးတော့ အလွန်အမင်း အသန့်ကြိုက်တဲ့သူတွေ။ လက်ဆေးလာခဲ့ပြီးသားတောင် မသန့်ဘူးထင်တဲ့ တစ်ခုခုထိမိရုံနဲ့ ထပ်ပြီး လက်သွားဆေးတာမျိုး၊ သန့်ပြီးသား စားပွဲကို အခါခါသုတ်နေတာမျိုး၊ သူတို့စိတ်ထဲမသန့်နေရင် လူ၊ ပစ္စည်း၊ အရာဝတ္ထု ဘယ်ဟာဖြစ်ဖြစ် မထိချင်၊ မကိုင်ချင်တာမျိုး၊ မဖြစ်မနေဆိုရင် လက်အိတ်တွေဝတ်ပြီး အတိုင်းအတာတစ်ခုထိ သန့်ရှင်းသွားအောင် လုပ်လိုက်ရမှ အသက်၀၀ရှူနိုင်တာမျိုး၊ တော်ရုံ အသန့်ကြိုက်တာမဟုတ်ဘဲ မသန့်ဘူးထင်ရုံနဲ့ စိတ်ထဲတဝဲဝဲလည်နေပြီး ဘယ်လိုမှမနေနိုင်တာ၊ ဒီ mood က အမြဲဝင်နေတာမျိုး။ ဒါက စကားချပ်ပါ။ ဒီလိုလုပ်တတ်ရုံနဲ့ OCD ရှိတာမဟုတ်ဘဲ ဒီလိုမလုပ်ရရင်မနေနိုင်တာမှ OCD ပါ။ Novella လည်း တခါတလေ ဒါမျိုးတွေ လုပ်တတ်ပါတယ်။ တခါတလေတော့ ပျင်းလို့ ကိုယ့်စိတ်ကိုယ်ညာလိုက်ပါတယ်။ တခါတလေကျ သတိတောင်မထားမိပါဘူး။ OCD သမားဖြစ်ရတာ မလွယ်ဘူးဆိုတော့ nah plz I don't wanna ပေါ့။ အကုန်လိုက် organize လုပ်ရ cleaning လုပ်ရမှာ ပင်ပန်းလို့ အမြဲအဲ့လိုနေနိုင်မှာလည်း မဟုတ်ဘူး။ mild သဘောလောက် ‌ဇာတိပြရုံနဲ့တင် ဆောင်းတွင်းကြီး ခဏခဏလက်ဆေးရတာ အသားတွေကွဲနေပြီရယ် ಥ⁠‿⁠ಥ ။

ဟုတ်။ ကိုယ့် character က OCD သမားမို့ ရှင်းပြတာပါ။ Let's move on to next chapter!

Novella ✒️

Continuer la Lecture

Vous Aimerez Aussi

112K 1.9K 63
Follow the adventures of Merlin, Arthur and Kira as they become even closer revealing secrets, faced with difficult decisions and friendships put to...
3.5K 96 10
ရုပ်သေးကြိုးဆွဲ စေတန်ကကြိုးသွယ်
468 68 13
တံငါရနံ့ သင်းထုံလှိုင်သော မြစ်ဝကျွန်းပေါ်ဒေသလေး၌ ပွင့်လန်းခဲ့သော ချစ်ပန်းလေးတပွင့်။
2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...