Heartless December❄️ ZG versi...

By Novella_1001

2.7K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... More

Author's snow ski speech🎿
အပိုင်း ၁ : ပြုစားခံလိုက်ရပြီ
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍
A Special Visit On A Special Day

အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း

99 4 0
By Novella_1001

❄️❄️❄️

ဆောင်းမနက်ခင်းရဲ့ မနွေးတနွေးနေရောင်လေးကြောင့်
မျက်ရည်ကြည်လဲ့လဲ့တွေက စိန်အလင်းပြန်သလို လက်ခနဲ...။

"‌ကျေးဇူး..."

ကျွန်တော်ကသာ အခန်းဝမှာ ကျောက်ဆစ်ရုပ်ဖြစ်နေမိတာ
အခန်းပိုင်ရှင် ဆွယ်တာအဖြူလေးကတော့ သော့ကိုဆွဲနုတ်ပြီး အဲ့သလိုခပ်တိုးတိုးပြောလို့ တံခါးပြန်ပိတ်သွားရဲ့။

နေပါအုံး...။ အခုက ဘာဖြစ်သွားတာလဲ။

တံခါးမှာ သော့တန်းလန်းကျန်နေတာ သတိပေးဖို့ တံခါးနာနာရိုက်ပြီး သူ့နာမည်ကိုခေါ်လိုက်တာ တံခါးဝကနေ လူလည်းပေါ်လာရော ငိုနေတာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်ဆိုတော့...။

လွန်ခဲ့တဲ့ ၅မိနစ်အတောအတွင်း အကောင်းကြီးကနေ မျက်ရည်ကျစေလောက်တဲ့ ကိစ္စမျိုး‌တော့ ကျွန်တော်မလုပ်မိတာ သေချာပါတယ်။ သူ့မာဖလာကို ကျွန်တော့်လက်ထဲထည့်ပေးပြီးမှ နှမြောသွားလို့များလား...။ ကျွန်တော် သူ့နာမည်ကိုခေါ်တဲ့ပုံစံကပဲ လေယူလေသိမ်းလွဲသွားလို့လား...။ မဟုတ်မလွဲ... မနက်က ကျွန်တော့်စက်ဘီးနဲ့ဝင်တိုက်မိတုန်းက ဒဏ်က အခုမှ ပြန်နာလာလို့များလား။ နေပါအုံး ဘယ်အမှုခေါင်းစဉ်ကို စအဖြေရှာရမှာလဲ။

* *

"အာ... မင်း မပြန်သေးဘူးလားဟ... ဝင်လိုက်ထွက်လိုက်နဲ့..."

တံခါးဖွင့်သံနဲ့အတူ မှင်တက်နေတဲ့မျက်နှာထားနဲ့ အခန်းဝမှာ
သုံးခါမြောက်ထပ်ပေါ်လာတဲ့ကျွန်တော့်ကိုအမြင် ရေချိုးပြီးစအပေါ်ပိုင်းဗလာနဲ့ ဘောင်းဘီဇစ်ဆွဲလို့မပြီးသေးတဲ့ အစ်ကိုတော်ဘုရားက လှမ်းဟောက်တော့တာပဲ။ သူဟာသူ တံခါးလော့ချမထားဘဲနဲ့။

"ငိုနေတယ်..."

"ထောင့်ခန်းက ကလေးနှစ်ကောင်လား..."

"မဟုတ်ဘူး... ဟိုဘက်ခန်းက အစ်ကို..."

"အယ်လ်ခွန်းလား..."

မေးရင်းစမ်းရင်းနဲ့ ထသွားတဲ့ ကြွက်သိုက်မင်းသားဟာ ကျွန်တော်အထဲဝင်လာမှ အိပ်ခန်းထဲကနေ အင်္ကျီတစ်ထည်ယူထွက်လာပြီး ဘေးမှာလာထိုင်တယ်။

"သူ့ချစ်သူနဲ့ ပြဿနာတက်ပြန်ပြီနေမှာပေါ့..."

"သူက ချစ်သူရှိတယ်လား..."

"အင်း..."

ဟုတ်မှာပေါ့လေ။ လူတိုင်းက ကျွန်တော်နဲ့စကား‌ပြောနေတဲ့တစ်ယောက်လိုမှ
မဟုတ်တာ။ အထူးသဖြင့် ခုဏက မာဖလာပိုင်ရှင်အစ်ကိုလို ခြေတစ်လှမ်း၊ ဆံချည်တစ်မျှင်၊ မျက်တောင်တစ်ခတ် အယုတ်စွဆုံး မျက်ရည်တစ်စက်ကစ ထင်းထွက်နေတဲ့ မွေးကတည်းက ခေါင်းအစခြေအဆုံး filter ကပ်ပါပြီးသား လူတန်းစားမျိုးက ဒီအသက်အရွယ်မှာ ရည်းစားရှိတာ ဘယ်ဆန်းမလဲ။ ခေါင်းတငြိမ့်ငြိမ့်သုံးသပ်ရင်း ဒီအတိုင်း မှတ်ချက်ချလိုက်မိတယ်။

"သူ့ကောင်မလေးက ဆိုးတယ်ထင်တယ်... "

"ကောင်လေးပါကွာ..."

"ဟမ်... ဒါဆို သူက gay ပေါ့..."

အဝတ်အစားလဲပြီးလို့ ကျွန်တော်ထပ်ချင်သလို ထပ်ပေးထာတဲ့ စာအုပ်အထူကြီးတွေကို သူ့အထပ်နဲ့သူပြန်စီနေတဲ့ ဘရားသားက ခေါင်းငြိမ့်ပြပါရဲ့။

"သူ့ချစ်သူက ဆိုးတာရယ်တော့ မဟုတ်ဘူး... ချုပ်ချယ်တာရယ်၊ သဝန်ကြောင်တာရယ်၊ အချော့ကြိုက်တာရယ်၊ စိတ်ကလက်တဆစ်ရှိတာရယ်၊ ရစ်တာရယ်၊ တဇွတ်ထိုး လျှောက်လုပ်တတ်တာရယ် လောက်ပါပဲ..."

"ကောင်းတာလည်းမပါတော့ပါဘူးဗျာ..."

"ငါက မကောင်းမြင်ဝါဒီသမားဆန်တယ်ပဲ ထားလိုက်ပါတော့... အယ်လ်ခွန်းက သနားပါတယ်ကွာ... abroad ကို scholar ထွက်ချင်လို့ ကြိုးစားနေတာ... သူ့မိဘတွေက မရှိတော့ဘူး... ဩစ‌တြေးလျကဦးလေးက လှမ်းပြီး ထောက်ပံ့နေလို့..."

"အဲ့သလို ရှိတာလား..."

"အဲ့သလိုရှိတယ်... ဒါနဲ့ အဲ့ဒီဟာက ပြန်မပေးရသေးဘူးလား... ခုဏကပဲ ပေးလိုက်တော့မယ်ဆိုပြီး ကမန်းကတမ်း ယူသွားပြီးတော့..."

ကျွန်တော့ လက်ထဲကမာဖလာကို မေးငေါ့ပြပြီးမေးလာမှ
ခေါင်းကိုနာနာကုတ်မိပါရဲ့။ တစ်ခါလေးကောက်ပတ်မိတဲ့
ဒီမြွေနီကြီးကို တကယ်ပဲ ယူသွားရမှာလား။

"ကျွန်တော့်ကို ယူလိုက်တော့တဲ့..."

"အဟက်... ဒါကိုတောင် တွေ့ရာလူပေးပစ်တယ်ဆိုတော့
သူတော်တော်စိတ်ပျက်နေပြီနေမှာ... ဟဟ..."

"ဟမ်... ဘာကိုပြောတာလဲ..."

"အဲ့မာဖလာက H2 လောက်တုန်းက သူ့ချစ်သူ သူ့ကို
လက်ဆောင်ပေးထားတဲ့ဟာ... သူတို့တွဲနေတာ Second Year ကတည်းက... "

"အစ်ကိုက သိလှချည်လား..."

"တစ်ကျောင်းတည်း၊ တစ်မေဂျာတည်းတက်ပြီး အခန်းချင်းကပ်လျက်နေတာပဲကွာ... သူ့ချစ်သူနဲ့တောင် ငါသိတယ်... အဲ့ကောင်က Philo နဲ့ကျောင်းပြီးတာ၊ ကျောင်းပြီးပြီးချင်း မိဘတွေဆီက ကုမ္ပဏီကို ဆက်ခံလိုက်ပြီး စီးပွားရေးလိုင်းကို ကူးသွားတော့ M.A ဆက်တက်နေတဲ့ အယ်လ်ခွန်းကို စိတ်မချနိုင်တာလေ... "

"အဲ့တော့..."

"အဲ့တော့ တဂျီဂျီနဲ့ လက်ထပ်ဖို့ပဲပြောနေရော...
အယ်လ်ခွန်းက scholar လည်း ထွက်ချင်သေး၊ သူ့မှာအလုပ်အကိုင်အတည်တကျလည်းမရှိသေးလို့ စောင့်ခိုင်းတယ်... အဲ့ဒါကို ဟိုကောင်က သူ့ကိုမချစ်လို့ပါ ဆိုပြီး အားတိုင်းစကားနာထိုးနေတော့ သူလည်း စိတ်ဆင်းရဲမှာပေါ့..."

"အင်း... အင်းပေါ့..."

"နေပါဦး... မင်းကငါ့ကိုဘာလို့ အယ်လ်ခွန်းအကြောင်းတွေ
ထိုင်မေးနေတာလဲ..."

"..."

ရော်... ဘယ်သူက စစ်မေးနေလို့လဲဗျာ။
သူ့ဘာသာသူ အကုန်ပြောပြသွားပြီးတော့...။

* *

' L.K '

တစ်လမ်းလုံး စက်ဘီးတွန်းပြန်လာပြီး အဲ့စာလုံးကို အခေါက်ခေါက်အခါခါကြည့်နေမိတယ်။

"ပေးမှတော့ ယူထားလိုက်ပေါ့ကွာ... မင်းနာမည်အတိုခေါက်နဲ့လည်း တူနေတာပဲ... "

အစ်ကိုတော်ကတော့ အဲ့အတိုင်းပြောတာပဲ။
ကဲ... ယူထားလိုက်ပါ့မယ်လေ လို့ဆုံးဖြတ်ပြီး လည်ပင်းမှာပတ်လိုက်တော့ ရေမွှေးနံ့သင်းသင်းလေးနဲ့ မာဖလာလေးက အရောင်လေးရဲစိုပြီး အတော်နွေးသား။ မနက်ကသာ ဖြစ်သလိုပတ်လိုက်တာမို့ မခံစားမိတာ။

"ဒါဆို... သူက ချစ်သူနဲ့အဆင်မပြေလို့ ငိုနေတာပေါ့..."

အစကတော့ မနက်ခင်းသတင်းစာထဲက ဆောင်းပါးတိုတစ်ပုဒ်
ကောက်ဖတ်ရသလိုမျိုး ကိုယ့်စက်ဘီးနဲ့ ဝင်တိုက်မိတဲ့လူတစ်ယောက်အကြောင်းတစ်ချို့ကို တီးမိခေါက်မိသွားရုံ၊ မာဖလာတစ်ထည်အလကားရရုံပေါ့လို့ ထင်ခဲ့တာပါပဲ။

ဒါပေမယ့် ဇာတ်လမ်းကတစ်မနက်နဲ့ ပြီးမသွားခဲ့ဘူးဗျ။
ချည်လုံးကအမျှင်တစ်စဆွဲမိသလို စီးရီးလိုက်ဆက်လာတော့တာပဲ။

နောက်ရက် ကျွန်တော်ထပ်ရောက်လာတော့...။

"ငခန့်... တစ်ချက်လောက် ဟိုဘက်ခန်းသွားပြီး
အယ်ခွန်းဆီက stapler လေးငှါးပေးစမ်းပါ..."

"ဝယ်မထားဘူးလား..."

"ရှိတယ်... ပျက်သွားလို့ဟ..."

အဲ့ဒါနဲ့ ကျွန်တော်ဟိုဘက်ခန်းရှေ့ထပ်ရောက်ခဲ့ပေါ့။

"ဒေါက် ဒေါက်..."

ဒီနေ့ သူ့မာဖလာကို ခပ်တည်တည်နဲ့ပတ်လာခဲ့တာ ရှက်စရာကောင်းနေမလားပဲ။ သူရော အဆင်ပြေရဲ့လားမသိ...။ မနေ့ကတွေ့လိုက်ရတဲ့ မျက်ရည်စီးကြောင်းနဲ့မျက်နှာငယ်လေး
မျက်လုံးထဲက မထွက်သေးဘူးလေ။

"ကျွီ..."

တံခါးပွင့်သံရဲ့နောက်မှာ ဟော... ပေါ်လာပါပြီ။
မျက်မှန်ကိုင်းအကြည်လေးကိုပင့်လို့ လူကိုစိုက်ကြည့်နေတဲ့
ကိုယ်တော်ချော...။ ဒီနေ့လည်း ဒီဇိုင်းမတူတဲ့ ဆွယ်တာအဖြူဝတ်ထားပေမယ့် ဒီနေ့တော့ မငိုတော့ဘူးပဲ။

"ဟိုလေ... stapler ရှိလားမသိဘူး‌ဗျ...
အစ်ကို့သူငယ်ချင်း ကျွန်တော့်အစ်ကိုက ငှါးခိုင်းလိုက်လို့... "

"ခဏ..."

ပုစွန်ဆီရောင်ဆွယ်တာလေးက အခန်းထဲကို
ပြန်ကျွံဝင်သွားပြီးမှ ချမ်းလို့လက်နှစ်ဖက်ပိုက်ပြီး ရပ်စောင့်ဖို့ပြင်လိုက်တဲ့ ကျွန်တော့်ကို လှည့်ကြည့်လာရင်း...။

"ဝင်ခဲ့လေ..."

"..."

ယောက်ျားလေးတစ်ယောက်နေတဲ့အခန်းတဲ့..။
ဒီလောက် သန့်ရှင်းသပ်ရပ်နေတာမျိုး တစ်ခါမှမမြင်ဖူးဘူး။
နေ့တိုင်း သန့်ရှင်းရေးလုပ်ပုံပဲ။ ဖုန်တစ်စတောင်မရှိ ကြည်တောက်နေလိုက်တာ။ ဟိုဘက်ကကြွက်သိုက်ကြီးနဲ့များ လားလားမှမဆိုင်...။

"မနေ့က နှုတ်ဆက်တာ သေချာမကြားမိလိုက်လို့၊
မင်းက အံ့ထူးမြတ်ရဲ့ ညီတစ်ဝမ်းကွဲမလား... နာမည်က..."

"လင်းခန့်ပါဗျ.."

သူက stapler လေး ကမ်းပေးလျက်နဲ့ စကားဆက်တယ်။

"မာဖလာ..."

"ဗျာ..."

"မင်းနဲ့လိုက်သားပဲ..."

လှိုက်လှဲမှုမပါတဲ့ အပြုံးတစ်ခုက သူ့မျက်နှာပေါ်မှာအထင်သား။

"အာ... ဟုတ်... ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊
ကိုယ့်စက်ဘီးနဲ့ဝင်တိုက်မိတဲ့လူဆီက မာဖလာလက်ဆောင်ရမယ်လို့ တစ်ခါမှမတွေးဖူးဘူးဗျ... ကြောင်တောင်တောင်ကြီးရယ်နော်... ဟဲဟဲ..."

ဘာမှမသိသလိုမျိုး ရယ်စရာကောက်ပြောလိုက်ပေမယ့် သူ့ပုံစံက အနိုင်နိုင်ပြုံးနေရသလိုနဲ့...။ လူကြီးတွေပြောတဲ့ အချစ်နာကျတယ်ဆိုတာဒါမျိုးလား။

* *

"အခန်းဝမှာဘာလုပ်နေတာလဲ၊ လာလေ..."

ဘေးခန်းကထွက်လာပြီး အစ်ကိုတော်ရဲ့အခန်းဝမှာပြန်ရပ်ရတာ ဘာမှမတူတဲ့ ကမ္ဘာနှစ်ခုကို အသွားအပြန်လုပ်ရသလိုပါပဲ။

"ဟိုဘက်ခန်းထဲ ရောက်ပြီးသွားတော့...
အစ်ကို့အခန်းထဲကို ခြေချချင်စိတ်မရှိတော့လို့..."

လောကကြီးက မမျှတလိုက်တာ။ ပုံစံတူ၊ လခတူ အခန်းနှစ်ခန်းမှာ အရွယ်တူလူနှစ်ယောက်နေကြတာ
တစ်ယောက်ရဲ့အခန်းက နတ်ဘုံနတ်နန်းဖြစ်နေပြီး နောက်တစ်ယောက်ရဲ့အခန်းကတော့ အမှိုက်ပုံကြွက်သိုက်ဖြစ်နေတယ်။

"ငါကအံ့ထူးမြတ်လေကွာ... အသန့်ကြိုက်အယ်လ်ခွန်းနဲ့တော့ ဘာဆိုင်မလဲ...၊ သူက ဆောင်းတွင်းကြီးတောင် တစ်နေ့ရေနှစ်ခါချိုး၊ လက်အခါနှစ်ဆယ်ဆေးနေတဲ့သူပဲဟာ၊ အသားတွေဘာတွေလည်း မပပ်တတ်ဘူး ထင်ပါရဲ့..."

"သူ့အကျင့်တစ်ဝက်လောက်သာ အစ်ကိုမျှယူလိုက်ရင်
တော်တော်အဆင်ပြေမှာ..."

"ဟင့်အင်း... သန့်သန့်ရှင်းရှင်းနေရတာ ပင်ပန်းတယ်
ငါကကိုယ့်ကိုယ်ပိုင်စတိုင်လ်နဲ့ ကိုယ်နေတာ..."

ပျင်းရင်ပျင်းတယ်ပေါ့။ ကိုယ်ပိုင်စတိုင်လ်လေးဘာလေးနဲ့။
ကျွန်တော်ဘာကြောင့် ဒီလိုညစ်ပတ်အိုးနဲ့အမျိုးတော်နေလဲဆိုတာ တကယ်စဉ်းစားစရာပဲ။

* *

Stapler ပြန်ပေးဖို့ ဘေးအခန်းကတံခါးကို ခေါက်မယ်လုပ်တော့ တံခါးကအလိုလိုပွင့်လာပါရဲ။ ဒရောသောပါး ထွက်လာတဲ့ အခန်းပိုင်ရှင်နဲ့အတူ...။

"ငါတောင်းပန်ပါတယ်ကွာ... မင်းစိတ်ထင်ရာ လျှောက်မလုပ်စမ်းပါနဲ့... ငါသေချာရှင်းပြထားတာပဲ ဘာလို့နားမလည်နိုင်ရတာလဲ..."

"အ... အစ်ကို..."

"မဟုတ်ဘူး... အဲ့လိုပြောတာမဟုတ်ဘူး...
မင်းသိရဲ့သားနဲ့.. "

"Stapler ..."

"ခဏလေး... ငါအခုလာနေပြီ၊ ခဏပဲစောင့်..."

"..."

"ဆောရီး..."

လှည့်ကြည့်ပြီး ဘာကို ဆောရီးသွားသလဲမသိပေမယ့် ကျွန်တော့်ကိုရော stapler ကိုရော ဂရုမစိုက်နိုင်ဘဲ ဖုန်းတစ်ဖက်ကလူကို တောင်းတောင်းပန်ပန်ပြောရင်း ကမန်းကတမ်းပြေးသွားလိုက်တာ လှေကားကနေ လိမ့်ကျတော့မယ့်အတိုင်း...။

"ဟိုဘက်ကဖုန်းပြောနေတာ သူ့ချစ်သူဖြစ်ရမယ်..."

ရေရွတ်ရင်း ကော်ရစ်ဒါကနေ လှမ်းမျှော်ကြည့်လိုက်တော့ လမ်းကြားထဲက‌နေ ပြေးထွက်သွားတဲ့ ဆွယ်တာအဖြူလေး။

သူက သူ့ချစ်သူကိုတော့ တော်တော်ချစ်ပုံပဲ။
မနေ့ကလည်းဒီလိုပဲ၊ အခုလည်းဒီအတိုင်း ဘာမှ အာရုံမထားနိုင်လောက်အောင် ပြာယာတွေခပ်လို့...။

* *

ကျွန်တော်ပြန်ခါနီးအထိ သူ့အရိပ်အယောင်ပေါ်မလာခဲ့ဘူး။
ဒါနဲ့ stapler ကို ကိုယ့်ဟာကိုယ်ပြန်ပေးလိုက်ဖို့ အစ်ကို့ကိုပြောရင်း သော့ခတ်သွားပုံမရတဲ့အခန်းကိုပါ တစ်ချက်ကြည့်ပေးလိုက်အုံးလို့ မှာခဲ့ရတယ်။ လမ်းမကြီးပေါ်တက်ခါနီး အ‌ဖေ့ဆီကဖုန်းဝင်လာတာနဲ့ စက်ဘီးကို လမ်းဘေးထိုးရပ်ရင်း ဖြေရသေးရဲ့။

"ဟယ်လို..."

"သားရေ... ဒီနေ့မင်းအကိုကြီးဆီမှာပဲ အိပ်လိုက်လို့ရလား..."

"ဟုတ်... ရပါတယ်၊ ဘာဖြစ်လို့လဲ..."

"မင်းရဲ့ဖွားမြ အိမ်ရောက်နေတယ်.. ဘုရားဖူးလာရင်း
ဝင်တည်းတာတဲ့... ဒီည တစ်အိမ်လုံးအိပ်ရမှာမဟုတ်ဘူး...
မင်းလည်း ယောင်လို့တောင် အိမ်နားအယောင်မပြနဲ့၊ နောက်နေ့ကျ အကုန်လုံး နားဆီဆွတ်နေရမယ်..."

ပုသိမ်မှာနေတဲ့ အဖေ့ဘက်ကအဘွားက ဆောင်းတွင်းဆို သူ့ဘုရားဖူးအဖွဲ့တွေနဲ့ မြန်မာပြည်အထက်ပိုင်းကို ဘုရားလည်ဖူးလေ့ရှိတာ အဲ့လိုအချိန်ဆို ကျွန်တော်တို့အိမ်မှာ တစ်ညဝင်ဝင်တည်းတတ်တယ်။ ဖွားမြက စံချိန်တင်လောက်အောင် စကားပြောနိုင်တဲ့သူဆိုတော့ သူလာတည်းတဲ့နေ့ဆို အိမ်သားတွေက သူပြောသမျှ ထိုင်နားထောင်ရင်း ငုတ်တုပ်မိုးလင်းကြရပါရော။

အထူးသဖြင့် သူ့အစ်ကို ဘကြီးမောင်မောင်သိန်း ဝင်စားတယ်လို့ ဗေဒင်ဆရာဟောထားတဲ့ ကျွန်တော့်ကိုဆို မြေးတွေအားလုံးထဲမှာ အချစ်ပိုလေတော့ အိမ်မှာကျွန်တော်ရှိနေရင် ဖွားမြရဲ့စကားဝိုင်းက ရွာစားကြီးစိန်ဗေဒါ့ဆိုင်းလို မြိုင်ဆိုင်နေတော့တာ။ အခုတောင် ကျွန်တော်အိမ်ပြန်မရောက်ခင် ဖုန်းခိုးဆက်ပြီး လှမ်းပိတ်ရတာပဲကြည့်...။

"ငါ့မြေး အလတ်ကလေးရော... ဘယ်သွားနေသလဲ...
အခုနှစ်ဆယ်တန်းမို့ ကျောင်းပိတ်ရက် အိမ်မှာရှိမယ်ထင်နေတာ.."

ပြောရင်းဆိုရင်း အောင်မြင်စူးရှ ဖွားမြရဲ့အသံကိုဖုန်းထဲက
တစွန်းတစ်စကြားနေရပြီမို့ ချက်ချင်းဖုန်းချလိုက်ရပါရဲ့။

"ကဲ မထူးပါဘူး... စည်တော်ကြီးထဲဝင်နေရမှာထက်တော့
ကြွက်သိုက်ထဲတိုးအိပ်တာက သက်သာပါသေးတယ်..."

အဲ့လိုနဲ့ တစ်နေကုန် အစ်ကိုတော်ကြွက်မင်းသားအခန်းထဲမှာပဲ Dictionary စာအုပ်အထူကြီးနဲ့ တစ်ခြားစာအုပ်တွေ လျှောက်လှန်လိုက်၊ သူ့ဆီမှာရှိတဲ့ video games တွေ ဆော့လိုက်၊ သူရေးလက်စစာတမ်းကို ဝင်စပ်စုလိုက်၊ အိမ်မှာဆို ကြာကြာသုံးမရတဲ့ဖုန်းလေးကို မျက်နှာအပ်လိုက်နဲ့ ညနေစောင်းလို့ မိုးချုပ်စပြုလာခဲ့တယ်။

* *

"ဒေါက် ဒေါက်..."

တံခါးခေါက်သံကြားလို့ အစ်ကိုကသွားဖွင့်တာ အခန်းရှေ့ပေါ်လာတဲ့သူက တစ်နေ့လုံးပျောက်နေတဲ့ အစ်ကိုအယ်လ်ခွန်း...။

လက်ထဲမှာလည်း ကြွပ်ကြွပ်အိတ်တစ်အိတ်ဆွဲလို့...။
မျက်နှာကတော့ မနက်ကလောက်ကို မကောင်း။
'ပြင်းပြင်းထန်ထန် အသည်းကွဲလာပါသည်' လို့ နဖူးမှာ စာရေးကပ်ထားတဲ့အတိုင်းပါပဲ။

ထိုင်နေရင်း မျက်လုံးထောင့်လေးက လှမ်းငေးလိုက်တော့ သူခပ်တိုးတိုးပြောလိုက်တဲ့စကားတစ်ချို့ကို အစ်ကိုက ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်ရင်း သူ့ပခုံးကိုပုတ်ပေးနေတယ်။
သူထွက်သွားပြီးတော့မှ...။

"ငခန့်... မင်းလည်း မအိပ်သေးဘူးမလား... ဟိုဘက်ခန်းခဏလိုက်ခဲ့၊ အယ်လ်ခွန်း သူ့ရည်းစားနဲ့ တကယ်ပြတ်လာပြီ ထင်တယ်၊ နည်းနည်းပါးပါး နှစ်သိမ့်ပေးရအောင်..."

ကျွန်တော် စောင်ထုတ်နေတုန်း အစ်ကိုက သူ့အကြိုက်ဆုံး ဂျာကင်အပြာကြီးကို ကောက်ဝတ်ပြီးကျွန်တော့်ကို အဖော်စပ်တယ်။ အဲ့လိုနဲ့ ဟိုဘက်ခန်းကို ရောက်ခဲ့လေသတည်းပေါ့လေ။

* *

ကော်ဇောနီညိုလေး သပ်သပ်ရပ်ရပ်ခင်းထားတဲ့ ဧည့်ခန်းခပ်ကျဉ်းကျဉ်းလေးရဲ့ ကြမ်းပြင်မှာ တိတ်ဆိတ်စွာထိုင်နေကြတဲ့ လူသုံးယောက်။ လေးထောင့်စားပွဲဖြူလေးပေါ်မှာတော့ ဖွင့်ဖောက်ထားပြီးသား RED Spy ပုလင်းသုံးလုံး။

"ငခန့် မင်းက အသက်မပြည့်သေးဘူး၊
Sprite ပဲသောက်..."

အစ်ကိုတော်က ကျွန်တော့်ဖန်ခွက်ထဲ Sprite တစ်ဘူး ဖောက်ထည့်ပေးတယ်။ တစ်ဖက်မှာတော့ စိတ်ဆင်းရဲမှုဒီဂရီ တရိပ်ရိပ်တက်နေတဲ့ မျက်နှာလေးနဲ့ Spy ပုလင်းလေးကို ငှဲ့ငှဲ့သောက်နေတဲ့ လူသားတစ်ယောက်။

တစ်ဝက်လောက်ကျိုးသွားတော့ အထဲကရေခဲလေးတွေ ဂလောက်ခနဲ အသံထွက်အောင် ဖန်ခွက်ကိုချလိုက်ပြီး သူ့မျက်မှန်ပါးလေးကို ဖြုတ်လို့ ဘေးနားကမျက်မှန်ဘူးထဲက အဝတ်စလေးနဲ့သုတ်တယ်။ နောက်... ခပ်ဆွဲဆွဲလေး သက်ပြင်းချရင်း မျက်ဝန်းနက်တွေရှေ့ မျက်မှန်ကို ပြန်နေရာချလိုက်ပြီး မဝဲတဝဲလေသံလေးနဲ့ ဒီလိုပြောရဲ့။

"ငါ့ကို နှလုံးသားမရှိဘူးတဲ့..."

"..."

ဓာတ်သိဖြစ်ပုံရတဲ့ အစ်ကိုတော်ကတော့ သူ့ခွက်လေးသူကိုင်လို့
သက်ပြင်းတချချ ခေါင်းတယမ်းယမ်း...။

"ငါက မာနကြီးတယ်၊ သူ့ကိုဂရုမစိုက်ဘူး ပစ်ထားတယ်တဲ့...
တကယ်မချစ်ဘဲ ဟန်ဆောင်နေတာတဲ့..."

သူ့ရှေ့ကဖန်ခွက်လေးကိုစိုက်ကြည့်ပြီး တစ်လုံးချင်းထွက်လာတဲ့ စကားတွေ...။

"သူကပြောတယ်... အဟမ်း..."

ရုတ်တရက် ချောင်းကလေးဟန့်လို့ လူကိုစိုက်ကြည့်လိုက်ပြီး
မျက်နှာထားကို သူ့ချစ်သူပုံစံလိုလိုက်ပြင်ရင်း လေယူလေသိမ်းလေးနဲ့ ပြန်ပြောင်းပြောပြန်ပါရော...။

" 'ခွန်း... ငါငွေရှာနိုင်တယ်၊ မင်းအလုပ်လုပ်စရာမလိုဘူး၊
လက်ထပ်ပြီးရင် မင်းကအိမ်မှာနေပြီး ငါ့ကိုချစ်ပေးရင်ရပြီ' တဲ့..."

"..."

"မင်းစဉ်းစားကြည့်... ငါလည်းယောက်ျားတစ်ယောက်ပါ... ဘာအလုပ်မှမလုပ်ဘဲ သူ့လုပ်စာကို အိမ်မှာထိုင်စားနေရအောင်ထိ မာနမမဲ့ဘူး၊ နောက်ပြီး ငါ့မှာလည်း ငါ့ရည်မှန်းချက်နဲ့ငါရှိတယ်... ငါလုပ်ချင်တာတွေရှိတယ်... မာနကြီးတယ်တဲ့လား..."

အစ်ကို့ဘက်ပြန်လှည့်သွားရင်း ခပ်တိုးတိုးကနေ တဖြည်းဖြည်းကျယ်လာတဲ့လေသံနဲ့ ဆက်ပြောနေတဲ့ သူ့စကားတွေကို ကျွန်တော်တော့ မလှုပ်မယှက်ပဲ ထိုင်နားထောင်နေမိပါရဲ့။ သူ့အသံမ၀ဲတ၀ဲ‌လေးက လူပုံအတိုင်း အေးအေးသာသာရှိပေမယ့် အခုတော့ တဖြည်းဖြည်းနဲ့ အက်ကွဲစပြုလာတယ်။

"သူတို့လို rich kid တွေက မသိကြဘူး...
ကိုယ့်အရည်အချင်းနဲ့ကိုယ်ကြိုးစားနိုင်မှ အထင်အမြင်သေးမခံရဘဲ လူကြားထဲ ‌ကောင်းကောင်းရပ်တည်နိုင်မယ့်ဘ၀မျိုး၊ တခြားဘာမှမပိုင်အုံး‌တော့ ကိုယ့်ကိုယ်ကိုယ်ပိုင်ထားမှ ကိုယ့်ဘ၀ကိုယ်ကျေနပ်နိုင်မယ့်သူရဲ့ မာနမျိုးကို နားမလည်ပါဘူး..."

ပြောနေရင်း မှန်သားလေးနှစ်ချပ်အောက်က မျက်လုံးတွေမှာ
အရည်ကြည်တွေဝေ့ဝဲလာပြန်တယ်။

ဖွားမြရဲ့ မိုးအလင်းစကားဝိုင်းကိုရှောင်ရင်း...
တစ်ခြားစကားဝိုင်းတစ်ခုမှာ အသည်းကွဲနေတဲ့လူတစ်ယောက်ရဲ့
ရင်ဖွင့်စကားတွေ ထိုင်နားထောင်နေရလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ ထင်မထားမိဘူး။

ဟူး...။ အဲ့ဒီ ဒီဇင်ဘာညက တကယ့်ဗရုတ်သုတ်ခပဲ။
အစပိုင်းမှာ အားလုံး အေးအေးဆေးဆေးလေးပဲ ရှိနေခဲ့ပေမယ့်... တဖြည်းဖြည်း အခြေအနေတွေက ဗရုတ်ကျလာတော့တာ။ ဘာတွေဆက်ဖြစ်သလဲဆိုတာကို ပြောမပြောချင်တော့ပါဘူးဗျာ။

ဒါပေမယ့် ကျွန်တော်ရေးရမှာလည်းမဟုတ်တော့ ပြောပါအုံးမယ်။ နောက်အပိုင်းမှာ ရှူပါ။

____________________________________
To be continued...

💖💖💖

Novella : L.K 2 ရေ... စာကျွန်ကြီးကျွန်တော်မျိုးပဲ ဆက်ရေးရမှာဆိုတော့ စကားကို အချီအချတွေ တအားမများပဲ ပြောစရာရှိတာလေးပဲ ပြောမယ်မလား... ဇာတ်လမ်းဆက်တက်လို့ရအောင်...

Linn Khant : တစ်ထောင့်တစ်ညပုံပြင်ကိုပြောခဲ့တဲ့ မင်းသမီးလေးတောင် သူ့ပုံပြင်တွေကို rush လေ့ရှိလို့လား...

Novella : ယူက တစ်ထောင့်တစ်ညမင်းသမီးမဟုတ်...

Linn Khant : အဟမ်း... ကျွန်တော့်ဆယ်ကျော်သက်ဘ၀ထဲ ပထမဆုံးအနေနဲ့ ဂယက်ထခဲ့တဲ့ ဒီဇင်ဘာညအကြောင်း ပြောရင်တော့ ဒီလိုစရမှာပဲ... စကားပြန်ကောက်တယ်ပဲ ဆိုရမလား...

Novella : *အမြန်ချရေး*
ငါဘာလို့ တတိယလူအမြင်နဲ့မဟုတ်ဘဲ character narration နဲ့ ရေးဖို့ ဆုံးဖြတ်ခဲ့မိတာလဲ... အထူးသဖြင့် MC က စကားအရမ်းများတဲ့သူ ဖြစ်နေတဲ့အခါမျိုးမှာလေ...

(တကယ်လည်း 2020 Dec က ဒီ fic စရေးလာတာ ဒီနှစ်နဲ့ဆို သုံးခုမြောက်ဒီဇင်ဘာရောက်ပြီ မပြီးသေးဘူးမို့ တစ်ထောင့်တစ်ညနဲ့ နီးနီးလာပါပြီ... Is that a curse? TT)

Anyways... let's listen how will that december night story be. 💖

Novella ✒️

Continue Reading

You'll Also Like

6.3K 117 5
Robin, Bruce, Vance, Griffin, and Billy. What happens when kids get caught, but escape the grabber in the end?
397K 28.3K 106
After loosing his parents All Arhan Ahmed khan had was his baby sister. Can he fall in love with tons of responsibilities on his young shoulders? Fol...
550K 18.7K 144
Read and find out...
207K 10K 63
အမွှာကောင်လေးနှစ်ယောက်ရဲ့ ဘဝကို ခက်ခက်ခဲခဲရုန်းကုန်နေရတဲ့ အကြောင်းနှင့် ညီအစ်ကို နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတဲ့ ဇတ်လမ်းပါ