[Unicode]
နင်မုန့် ကိုယ်ထက်မှာ တောက်ပနေတဲ့ အလင်းရောင်မှလွဲ တခြားနေရာတွေမှာ အလင်းရောင်မရှိ။ အလင်းရောင်ကြောင့် မျက်လုံးကန်းမတတ် ဖြစ်စွာပဲ နင်မုန့် ရီဝေစွာ ခေါင်းမော့ကြည့်လိုက်သည်။
ချလပ်!
ချလပ်!! ချလပ်!! ချလပ်!!
သတင်းထောက်တွေက သူမ ရှိရာဘက် ကင်မရာကို ချိန်ရွယ်လို့ထားကြပြီး ရူးသွပ်စွာ ဓာတ်ပုံ ဆက်တိုက် ရိုက်လာကြ၏။
အစောက တိတ်ဆိတ်နေခဲ့ကြတဲ့ လူထုဟာလည်း ကျယ်လောင်စွာ အားပေးလာကြသည်။
"တွဲလိုက်ပါ! တွဲလိုက်ပါ! တွဲလိုက်ပါ!"
"....!"
နင်မုန့် စတင်ပြီး ထိတ်လန့်သွား၏။
ပထမဆုံး သူမ ဘာလုပ်ချင်လဲဆိုတာ အခု စဉ်းစားနေမိပြီ ဖြစ်သည်။ စင်ပေါ် ပြေးတက်သွားပြီး လင်းချင်ပေ့ရဲ့ လည်ပင်းကို ချိုးလိုက်ရမလား? ဒါမှမဟုတ် တူနဲ့ အရင်ဆုံး ကျန်းရှန့်မေရဲ့ ခေါင်းကို ရိုက်လိုက်ရမလား__ ကိုယ့် သူငယ်ချင်း ဒုက္ခရောက်တာကို ကြည့်ချင်နေပုံရတဲ့ သူငယ်ချင်းကိုလေ?
သေချာပေါက်တော့ သူမ အနေနဲ့ ထိုနှစ်ခုလုံးကို လုပ်မှာတော့ မဟုတ်။ ဘာလို့လဲ? ရှင်းပါသည် အခုအချိန်မှာ သူမ အနေနဲ့ ပထမဆုံး ဒီသတင်းထောက်တွေရှေ့က ပျောက်ကွယ်ရဖို့ ဖြစ်သည်။ ဒါကြောင့်ပဲ နှောင့်နှေးမှုမရှိ မတ်တပ်ရပ်လိုက်ပြီး ၀န်ထမ်းတွေရဲ့ အကူအညီနဲ့ စင်နောက်သို့ ကတိုက်ကရိုက် ပြေးဝင်သွားလိုက်သည်။
ထွက်ပြေးသွားတဲ့ ကောင်မလေးကို ကြည့်ပြီး လင်းချင်ပေ့ ပြုံးမိသွားသည်။ ဒါဟာ အလိမ်တော့ မဟုတ်။ သူ့ရဲ့ အခု albumထဲက သီချင်းအားလုံးကို သူတစ်ယောက်တည်းက ရေးထားတာဖြစ်သည်။ သူ့ရဲ့ ကိုးကားထားတဲ့ အကြောင်းအရာတွေက နင်မုန့်ဆီက လာတာမို့ ထို့ကြောင့်ပဲ ဒီသီချင်းတွေက သူမအတွက် ရေးထားတာဟု ဆိုနိုင်ပေ၏။
စင်နောက်ရောက်တဲ့အခါမှ နင်မုန့် သက်ပြင်းချလိုက်သည်။
ဒင်..
ခေါင်းငုံ့ကြည့်လိုက်တော့ သူမ ဖုန်းပေါ်မှ WeChat messageကို မြင်လိုက်ရသည်။
ဟော်ပေ့ချန် : [ငါ မင်းကို လာခေါ်မယ်။ ညစာ အတူတူ စားကြတာပေါ့]
ခိုင်မာနေပုံ ပေါ်တာမို့ သူ့ကို ငြင်းပစ်လိုက်ဖို့ရာ ခဲယဉ်းနေလေ၏။
နင်မုန့်က အလျင်အမြန်ပဲ စာပြန်လိုက်သည်။ : [ရတယ် ရတယ်! ရှင်က အခုမှ ခရီးက ပြန်ရောက်တုန်း ရှိသေးတာ အရင်ဆုံး အိမ်ပြန်ပြီး အနားယူလိုက်သင့်တယ်]
ဟော်ပေ့ချန် : [ဒါပေမယ့် ငါ TV stationကို ရောက်နှင့်နေပြီ]
"!?"
အခု နင်မုန့်က သူ့ကို ဘယ်လိုတွေ့ရမှာလဲ? ပြီးတော့ ဒီလိုအချိန်ကြီး ကျမှလေ?!
အားမရှိစွာပဲ အကူအညီ တောင်းဖို့ရာ "ဒီနေ့ ဘော့စ်က အရမ်းကြည့်ကောင်းနေတယ်" Groupထဲကို ပြောင်းဝင်လိုက်သည်။
နင်မုန့် : [....ဟေး နင်တို့ ဘော့စ်က Weibo appကို သုံးလား? @ချီရှန် @ဖေးပိုင် @စုယွဲ့]
ချီရှန် : [?? ဘာလဲ? ဘာလို့လဲ? နင် Weiboပေါ်မှာ ဘာမဟုတ်တာ လုပ်ထားလို့လဲ]
စုယွဲ့ : [ဟင့်အင်း ဘော့စ်က weibo မသုံးဘူး]
အမြဲတမ်း စကားတခွန်းတောင် မပြောတတ်တဲ့ ဖေးပိုင်က စာပြန်ပို့လာသည် : [သူ အခု သုံးနေပြီ]
"...!!!"
ဒင်
ဟော်ပေ့ချန်ဆီမှ နောက်ထပ် စာတစ်စောင် ဖြစ်၏ : [အနောက်ဂိတ်မှာ စောင့်နေတယ်]
နင်မုန့် နာကျင်စွာသာ မျက်နှာကို အုပ်မိသွားသည်။
ပြီးနောက်မှာတော့....အစောက ဖြစ်ခဲ့တဲ့ အကြောင်းအရာက အင်တာနက်ပေါ်မှာ အလျင်အမြန် မပျံ့ပါစေနဲ့လို့သာ တွေးမိသွားသည်။ အလျင်အမြန်ပဲ သူမ Weibo appကို ဖွင့်လိုက်ပြီး hot searchကို ကြည့်လိုက်၏။
'သေပြီလေ'
#လင်းချင်ပေ့ရဲ့ဝန်ခံမှု# နဲ့ #လင်းချင်ပေ့နင်မုန့်# ဆိုတာက ထိပ်ဆုံး အရှာများဆုံး ၅၀စာရင်းတွေ ပါဝင်နေ၏။ မကြာခင် မိနစ်ပိုင်းမှာပဲ ထိပ်ဆုံး ၁၀ခုဆီ ထိုးတက်သွားသည်။
သူ့မေကြီးပဲဟေ့!!!
နောက်တကြိမ် နင်မုန့် ခေါင်းထဲမှာ နာကျင်မှုကို ခံစားလိုက်ရသည်။
ပြီးနောက်မှာတော့ သူမရဲ့ "အချစ်ဆုံး သူငယ်ချင်း" ကျန်းရှန့်မေက လျှောက်လာပြီး သူမ အနောက်မှာ ရပ်လိုက်ကာ "နင်သိလား လင်းချင်ပေ့က အတော် ဉာဏ်ပြေးတာပဲ! အခုဆို ဘယ်သူမှ လျူယင်းရဲ့ အကြောင်းကို စိတ်မ၀င်စားကြတော့ဘူး!!"
"..."
အခုချိန်မှာတော့ နင်မုန့် အနေနဲ့ လွန်ခဲ့တဲ့ တနာရီကို ပြန်သွားပြီး လျူယင်းကို လွှတ်ပေးလိုက်ဖို့ ဆုတောင်းမိသွားသည်။ အခုလို အရေးမပါတာတွေ ဖြစ်လာတာထက် အဲ့လို ဖြစ်သွားတာကမှ ပိုကောင်းဦးမယ်!
ပြီးတော့ ဒီလင်းချင်ပေ့က....ဒီ တချိန်လုံး လူကောင်းတစ်ယောက်လိုပဲ ရှိနေခဲ့တာ အခုလို ကြောက်စရာ အကောင်းဆုံး အချိန်ကျတော့မှ သူမကို ဒုက္ခတွေ့စေတာ ကြိုက်တဲ့ပုံပဲ။
နင်မုန့်ရဲ့ ဖုန်းက ထပ်တုန်ခါလာ၏။
ဟော်ပေ့ချန် : [အခု ထွက်ခဲ့တော့]
နင်မုန့် စိတ်ဓာတ်ကျလွန်း၍ မျက်ရည်တွေပါ ကျလုမတတ် ဖြစ်နေသည်။ ကျန်းရှန့်မေရဲ့ လက်မောင်းကို အားနှင့် ဆွဲလိုက်ရင်းသာ "သွားရအောင်"
"အိုကေ."
တုံးအတဲ့ ကျန်းရှန့်မေကတော့ အနောက်ဂိတ်ထိ နင်မုန့်နဲ့အတူ လိုက်လာခဲ့၏။ အနက်ရောင် Cadillacကား ရပ်ထားတာ မြင်တဲ့အခါ ကျန်းရှန့်မေက ရုတ်တရက်ပဲ တစ်စုံတခုကို သဘောပေါက်လိုက်တာမို့ အနောက်သို့ ပြန်ဆုတ်လိုက်ပြီး "ငါ....ဒီညတော့ တစ်ယောက်တည်း ပြန်လိုက်တာ ပိုကောင်းမယ် ထင်တယ်"
ဘယ်လိုပဲ ဖြစ်ဖြစ် နင်မုန့်ရဲ့ လက်တွေက သူမရဲ့ လက်မောင်းတွေပေါ်မှာ အမိအရ ချိတ်တွယ်ထားတာ ဖြစ်တာမို့ နင်မုန့်က ဟန်လုပ်ပြုံးလိုက်ပြီး "ဟေး နင့်လို မိန်းကလေးတစ်ယောက်အတွက် ညဘက်ကြီး တစ်ယောက်တည်းပြန်တာ အရမ်း အရမ်း အန္တရာယ်ရှိတယ်ဆိုတာ သိတယ်မလား? ညဘက်မှာ ဈေးဆိုင်တွေ အသည်တွေ ရောင်းတဲ့ မုန့်တွေဆိုတာ အားကြီးပဲ။ တကယ်လို့ နင့်ကို တားပေးမယ့် တစ်ယောက်ယောက်သာ မရှိရင် နင်နောက်ထပ် အလေးချိန် ဘယ်လောက်ထိ တက်လာနိုင်မလဲဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ"
ပြီးနောက်မှာတော့ သူမက သွားတွေကို ကြိတ်ထားရင် မပီမပြင် ဆက်ပြောလိုက်သည် "ဟုတ်တယ်မလား~"
"???"
ဒီလိုနဲ့ပဲ သနားစရာကောင်းတဲ့ ကောင်မလေးက နင်မုန့်ရဲ့ ချိတ်တွယ်ထားမှုနဲ့ အတူ အနက်ရောင် Cadillacဆီသို့ ရောက်သွားလေ၏။
ကားထဲ ၀င်လိုက်တာနှင့် နင်မုန့်က အလျင်အမြန်ပဲ အချိုမြိန်ဆုံးပြုံးကာ ပါးစပ်ကို လှုပ်ရှားလိုက်သည် "ယောက်ျား~~!! မတွေ့တာ ကြာပြီနော်~~!"
ဒင်
သူမ စကားဆုံးသည်နှင့် ဟော်ပေ့ချန်ရဲ့ ဖုန်းက Weibo appကို downloadဆွဲပြီးသွားသလို စပြီး install လုပ်လိုက်လေ၏....
[၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
--------
[Zawgyi]
နင္မုန႔္ ကိုယ္ထက္မွာ ေတာက္ပေနတဲ့ အလင္းေရာင္မွလြဲ တျခားေနရာေတြမွာ အလင္းေရာင္မရိွ။ အလင္းေရာင္ေၾကာင့္ မ်က္လံုးကန္းမတတ္ ျဖစ္စြာပဲ နင္မုန႔္ ရီေဝစြာ ေခါင္းေမာ့ၾကၫ့္လိုက္သည္။
ခ်လပ္!
ခ်လပ္!! ခ်လပ္!! ခ်လပ္!!
သတင္းေထာက္ေတြက သူမ ရိွရာဘက္ ကင္မရာကို ခ်ိန္ရြယ္လို႔ထားၾကၿပီး ရူးသြပ္စြာ ဓာတ္ပံု ဆက္တိုက္ ရိုက္လာၾက၏။
အေစာက တိတ္ဆိတ္ေနခဲ့ၾကတဲ့ လူထုဟာလည္း က်ယ္ေလာင္စြာ အားေပးလာၾကသည္။
"တြဲလိုက္ပါ! တြဲလိုက္ပါ! တြဲလိုက္ပါ!"
"....!"
နင္မုန႔္ စတင္ၿပီး ထိတ္လန႔္သြား၏။
ပထမဆံုး သူမ ဘာလုပ္ခ်င္လဲဆိုတာ အခု စဉ္းစားေနမိၿပီ ျဖစ္သည္။ စင္ေပၚ ေျပးတက္သြားၿပီး လင္းခ်င္ေပ့ရဲ့ လည္ပင္းကို ခ်ိဳးလိုက္ရမလား? ဒါမွမဟုတ္ တူနဲ႔ အရင္ဆံုး က်န္းရွန႔္ေမရဲ့ ေခါင္းကို ရိုက္လိုက္ရမလား__ ကိုယ့္ သူငယ္ခ်င္း ဒုကၡေရာက္တာကို ၾကၫ့္ခ်င္ေနပံုရတဲ့ သူငယ္ခ်င္းကိုေလ?
ေသခ်ာေပါက္ေတာ့ သူမ အေနနဲ႔ ထိုႏွစ္ခုလံုးကို လုပ္မွာေတာ့ မဟုတ္။ ဘာလို႔လဲ? ရွင္းပါသည္ အခုအခ်ိန္မွာ သူမ အေနနဲ႔ ပထမဆံုး ဒီသတင္းေထာက္ေတြေရ႔ွက ေပ်ာက္ကြယ္ရဖို႔ ျဖစ္သည္။ ဒါေၾကာင့္ပဲ ေနွာင့္ေနွးမႈမရိွ မတ္တပ္ရပ္လိုက္ၿပီး ၀န္ထမ္းေတြရဲ့ အကူအညီနဲ႔ စင္ေနာက္သို႔ ကတိုက္ကရိုက္ ေျပး၀င္သြားလိုက္သည္။
ထြက္ေျပးသြားတဲ့ ေကာင္မေလးကို ၾကၫ့္ၿပီး လင္းခ်င္ေပ့ ၿပံဳးမိသြားသည္။ ဒါဟာ အလိမ္ေတာ့ မဟုတ္။ သူ႔ရဲ့ အခု albumထဲက သီခ်င္းအားလံုးကို သူတစ္ေယာက္တည္းက ေရးထားတာျဖစ္သည္။ သူ႔ရဲ့ ကိုးကားထားတဲ့ အေၾကာင္းအရာေတြက နင္မုန႔္ဆီက လာတာမို႔ ထို႔ေၾကာင့္ပဲ ဒီသီခ်င္းေတြက သူမအတြက္ ေရးထားတာဟု ဆိုႏိုင္ေပ၏။
စင္ေနာက္ေရာက္တဲ့အခါမွ နင္မုန႔္ သက္ျပင္းခ်လိုက္သည္။
ဒင္..
ေခါင္းငံု႔ၾကၫ့္လိုက္ေတာ့ သူမ ဖုန္းေပၚမွ WeChat messageကို ျမင္လိုက္ရသည္။
ေဟာ္ေပ့ခ်န္ : [ငါ မင္းကို လာေခၚမယ္။ ညစာ အတူတူ စားၾကတာေပါ့]
ခိုင္မာေနပံု ေပၚတာမို႔ သူ႔ကို ျငင္းပစ္လိုက္ဖို႔ရာ ခဲယဉ္းေနေလ၏။
နင္မုန႔္က အလ်င္အျမန္ပဲ စာျပန္လိုက္သည္။ : [ရတယ္ ရတယ္! ရွင္က အခုမွ ခရီးက ျပန္ေရာက္တုန္း ရိွေသးတာ အရင္ဆံုး အိမ္ျပန္ၿပီး အနားယူလိုက္သင့္တယ္]
ေဟာ္ေပ့ခ်န္ : [ဒါေပမယ့္ ငါ TV stationကို ေရာက္ႏွင့္ေနၿပီ]
"!?"
အခု နင္မုန႔္က သူ႔ကို ဘယ္လိုေတြ့ရမွာလဲ? ၿပီးေတာ့ ဒီလိုအခ်ိန္ႀကီး က်မွေလ?!
အားမရိွစြာပဲ အကူအညီ ေတာင္းဖို႔ရာ "ဒီေန့ ေဘာ့စ္က အရမ္းၾကၫ့္ေကာင္းေနတယ္" Groupထဲကို ေျပာင္း၀င္လိုက္သည္။
နင္မုန႔္ : [....ေဟး နင္တို႔ ေဘာ့စ္က Weibo appကို သံုးလား? @ခ်ီရွန္ @ေဖးပိုင္ @စုယြဲ႔]
ခ်ီရွန္ : [?? ဘာလဲ? ဘာလို႔လဲ? နင္ Weiboေပၚမွာ ဘာမဟုတ္တာ လုပ္ထားလို႔လဲ]
စုယြဲ႔ : [ဟင့္အင္း ေဘာ့စ္က weibo မသံုးဘူး]
အၿမဲတမ္း စကားတခြန္းေတာင္ မေျပာတတ္တဲ့ ေဖးပိုင္က စာျပန္ပို႔လာသည္ : [သူ အခု သံုးေနၿပီ]
"...!!!"
ဒင္
ေဟာ္ေပ့ခ်န္ဆီမွ ေနာက္ထပ္ စာတစ္ေစာင္ ျဖစ္၏ : [အေနာက္ဂိတ္မွာ ေစာင့္ေနတယ္]
နင္မုန႔္ နာက်င္စြာသာ မ်က္ႏွာကို အုပ္မိသြားသည္။
ၿပီးေနာက္မွာေတာ့....အေစာက ျဖစ္ခဲ့တဲ့ အေၾကာင္းအရာက အင္တာနက္ေပၚမွာ အလ်င္အျမန္ မပ်ံ့ပါေစနဲ႔လို႔သာ ေတြးမိသြားသည္။ အလ်င္အျမန္ပဲ သူမ Weibo appကို ဖြင့္လိုက္ၿပီး hot searchကို ၾကၫ့္လိုက္၏။
'ေသၿပီေလ'
#လင္းခ်င္ေပ့ရဲ့၀န္ခံမႈ# နဲ႔ #လင္းခ်င္ေပ့နင္မုန႔္# ဆိုတာက ထိပ္ဆံုး အရွာမ်ားဆံုး ၅၀စာရင္းေတြ ပါ၀င္ေန၏။ မၾကာခင္ မိနစ္ပိုင္းမွာပဲ ထိပ္ဆံုး ၁၀ခုဆီ ထိုးတက္သြားသည္။
သူ႔ေမႀကီးပဲေဟ့!!!
ေနာက္တႀကိမ္ နင္မုန႔္ ေခါင္းထဲမွာ နာက်င္မႈကို ခံစားလိုက္ရသည္။
ၿပီးေနာက္မွာေတာ့ သူမရဲ့ "အခ်စ္ဆံုး သူငယ္ခ်င္း" က်န္းရွန႔္ေမက ေလ်ွာက္လာၿပီး သူမ အေနာက္မွာ ရပ္လိုက္ကာ "နင္သိလား လင္းခ်င္ေပ့က အေတာ္ ဉာဏ္ေျပးတာပဲ! အခုဆို ဘယ္သူမွ လ်ူယင္းရဲ့ အေၾကာင္းကို စိတ္မ၀င္စားၾကေတာ့ဘူး!!"
"..."
အခုခ်ိန္မွာေတာ့ နင္မုန႔္ အေနနဲ႔ လြန္ခဲ့တဲ့ တနာရီကို ျပန္သြားၿပီး လ်ူယင္းကို လႊတ္ေပးလိုက္ဖို႔ ဆုေတာင္းမိသြားသည္။ အခုလို အေရးမပါတာေတြ ျဖစ္လာတာထက္ အဲ့လို ျဖစ္သြားတာကမွ ပိုေကာင္းဦးမယ္!
ၿပီးေတာ့ ဒီလင္းခ်င္ေပ့က....ဒီ တခ်ိန္လံုး လူေကာင္းတစ္ေယာက္လိုပဲ ရိွေနခဲ့တာ အခုလို ေၾကာက္စရာ အေကာင္းဆံုး အခ်ိန္က်ေတာ့မွ သူမကို ဒုကၡေတြ့ေစတာ ႀကိဳက္တဲ့ပံုပဲ။
နင္မုန႔္ရဲ့ ဖုန္းက ထပ္တုန္ခါလာ၏။
ေဟာ္ေပ့ခ်န္ : [အခု ထြက္ခဲ့ေတာ့]
နင္မုန႔္ စိတ္ဓာတ္က်လြန္း၍ မ်က္ရည္ေတြပါ က်လုမတတ္ ျဖစ္ေနသည္။ က်န္းရွန႔္ေမရဲ့ လက္ေမာင္းကို အားႏွင့္ ဆြဲလိုက္ရင္းသာ "သြားရေအာင္"
"အိုေက."
တံုးအတဲ့ က်န္းရွန႔္ေမကေတာ့ အေနာက္ဂိတ္ထိ နင္မုန႔္နဲ႔အတူ လိုက္လာခဲ့၏။ အနက္ေရာင္ Cadillacကား ရပ္ထားတာ ျမင္တဲ့အခါ က်န္းရွန႔္ေမက ရုတ္တရက္ပဲ တစ္စံုတခုကို သေဘာေပါက္လိုက္တာမို႔ အေနာက္သို႔ ျပန္ဆုတ္လိုက္ၿပီး "ငါ....ဒီညေတာ့ တစ္ေယာက္တည္း ျပန္လိုက္တာ ပိုေကာင္းမယ္ ထင္တယ္"
ဘယ္လိုပဲ ျဖစ္ျဖစ္ နင္မုန႔္ရဲ့ လက္ေတြက သူမရဲ့ လက္ေမာင္းေတြေပၚမွာ အမိအရ ခ်ိတ္တြယ္ထားတာ ျဖစ္တာမို႔ နင္မုန႔္က ဟန္လုပ္ၿပံဳးလိုက္ၿပီး "ေဟး နင့္လို မိန္းကေလးတစ္ေယာက္အတြက္ ညဘက္ႀကီး တစ္ေယာက္တည္းျပန္တာ အရမ္း အရမ္း အႏၲရာယ္ရိွတယ္ဆိုတာ သိတယ္မလား? ညဘက္မွာ ေဈးဆိုင္ေတြ အသည္ေတြ ေရာင္းတဲ့ မုန႔္ေတြဆိုတာ အားႀကီးပဲ။ တကယ္လို႔ နင့္ကို တားေပးမယ့္ တစ္ေယာက္ေယာက္သာ မရိွရင္ နင္ေနာက္ထပ္ အေလးခ်ိန္ ဘယ္ေလာက္ထိ တက္လာႏိုင္မလဲဆိုတာ ဘယ္သူက ေျပာႏိုင္မွာလဲ"
ၿပီးေနာက္မွာေတာ့ သူမက သြားေတြကို ႀကိတ္ထားရင္ မပီမျပင္ ဆက္ေျပာလိုက္သည္ "ဟုတ္တယ္မလား~"
"???"
ဒီလိုနဲ႔ပဲ သနားစရာေကာင္းတဲ့ ေကာင္မေလးက နင္မုန႔္ရဲ့ ခ်ိတ္တြယ္ထားမႈနဲ႔ အတူ အနက္ေရာင္ Cadillacဆီသို႔ ေရာက္သြားေလ၏။
ကားထဲ ၀င္လိုက္တာႏွင့္ နင္မုန႔္က အလ်င္အျမန္ပဲ အခ်ိဳၿမိန္ဆံုးၿပံဳးကာ ပါးစပ္ကို လႈပ္ရွားလိုက္သည္ "ေယာက္်ား~~!! မေတြ့တာ ၾကာၿပီေနာ္~~!"
ဒင္
သူမ စကားဆံုးသည္ႏွင့္ ေဟာ္ေပ့ခ်န္ရဲ့ ဖုန္းက Weibo appကို downloadဆြဲၿပီးသြားသလို စၿပီး install လုပ္လိုက္ေလ၏....
[၂၅ပိုင္းစီပါတဲ့ pdf စာစဉ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာဝယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဉ္ေတြပါ စာစဉ္၇ [EP-165 to 189]၊ စာစဉ္၈ [EP-190 to 214]၊ စာစဉ္၉[ EP-215 to 239]၊ စာစဉ္၁၀ [EP-239 to 264]၊ စာစဉ္၁၁[EP-265 to 289]၊ စာစဉ္၁၂ [EP-290 to 314]၊ စာစဉ္၁၃ [EP-315 to 339]၊ စာစဉ္၁၄ [EP-340 to 364]၊ စာစဉ္၁၅ EP-365 to 389တို႔ပါ🥰]