To be a Heartthrob in a Horro...

By Kuro_Fuyu

427K 87.1K 4.7K

Original Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြ... More

Prologue
[Arc 1] Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
[Arc 1 END] Chapter 15
Chapter 16
Chapter 17
[Arc 2] Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
[Arc 2 END] Chapter 39
[Arc 3] Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
[Arc 3 END] Chapter 58
[Arc 4] Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73.1
Chapter 73.2
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
[Arc 4 END] Chapter 80
[Arc 5] Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
[Arc 5 END] Chapter 108
[Arc 6] Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114 [ဟောလိုးဝင်းအထူးသီးသန့်]
Chapter 115[ဟောလိုးဝင်းအထူးသီးသန့် End]
Chapter 116
Chapter 117
Chapter 118
Chapter 119

Chapter 99

1.7K 370 14
By Kuro_Fuyu


Chapter 99: အပေါ်ထပ်အိပ်ယာ

ခေါင်းပြတ်သရဲဝင်သွားပြီးနောက် လုံးဝပြန်မထွက်လာတော့ပေ။

အခြားတစ်နေရာကနေထွက်သွားသည်လား အစ်ကိုဟောင်အခန်းထဲမှာရှိနေသေးသည်လားဆိုတာ စုမင်မသိပေ။ ဖြစ်နိုင်ချေနှစ်ခုလုံးကတော့ ခြောက်ခြားဖွယ်ကောင်း၏။

"မင်းဘာမြင်လိုက်လဲ?" ယင်းဇီမေးတယ်။

စုမင် တခဏလေးလေးနက်နက်‌တွေးပြီး နောက်ဆုံးသူတို့ကိုအမှန်တိုင်းပြောပြရန်ဆုံးဖြတ်လိုက်တယ်။ ဒါ့အပြင် ၎င်းကအရေးကြီးတဲ့သဲလွန်စဖြစ်၏။

သို့သော် သူတို့ကိုခြောက်လန့်မိမှာစိုးသဖြင့် သူ့စကားလုံးတွေကိုသေချာရွေးချယ်ပြီးပြောလိုက်တယ် .."ခေါင်းပြတ်သရဲ အကိုဟောင်တို့ရဲ့အခန်းထဲဝင်သွားတယ်"

သို့စေကာမူ သူပြောလိုက်တဲ့စကားတွေက သိပ်မကောင်းဘူးလို့ ခံစားမိသည်။

ဖုန်းရှုကျွမ့်နဲ့ ယင်းဇီတို့ စုမင်ကိုစူးစိုက်ကြည့်နေကြပြီး အချိန်အတော်ကြာ စကားမပြောကြပေ။

သူတို့ဘယ်လိုတုန့်ပြန်ရမှန်း မသိရအောင်ထိ သူ့စကားလုံးတွေက ထိုမျှလောက်တောင် သူတို့ကိုထိတ်လန့်သွားစေတာလား စုမင်တွေးနေမိသည်။

နောက်ဆုံး၌ ဖုန်းရှုကျွမ့်အရင်ဆုံးတုန့်ပြန်လာတယ်။ သူ တခဏဝေဖန်သုံးသပ်ပြီး မေးလာတယ် .."မင်းမြင်လိုက်တာ လူမဟုတ်ဘူးဆိုတာ သေချာလား?"

ဘယ်လိုလုပ်ခေါင်းပြတ်သရဲရှိနိုင်မှာလဲ?

စုမင်က .."အဲ့ဒါ ခေါင်းပြတ်သရဲပဲ ... ခေါင်းမပါဘဲတွေ့လိုက်တာ"

ယင်းဇီမျက်မှောင်ကျုံ့လိုက်ကာ တစ်စုံတစ်ခု သတိရသွားတယ် .."ဒါဆို စောနမင်းသရဲနဲ့ စကားပြောနေတာပေါ့?"

ဒါမေးလိမ့်မယ်လို့ စုမင်မထင်ထားခဲ့ပေ။ သူ ရိုးရိုးသားသားဝန်ခံလိုက်သည် .."ဟုတ်တယ် ... မင်းတို့ကြောက်သွားမှာစိုးလို့ ငါမပြောပြခဲ့တာ"

သူတို့ ချန်စုကိုတွေ့မှာမဟုတ်တော့ ပေါ်သွားလဲ ကိစ္စမရှိပေ။

ဖုန်းရှုကျွမ့်က .."အရင်အကြောင်းတွေမပြောဘဲနေရအောင် ... အခုနက မင်းသေချာဘာမြင်လိုက်လဲ? အသေးစိတ်ဖော်ပြလို့ရနိုင်လား?"

စုမင်ခေါင်းငြိမ့်ပြီး အသေးစိတ်တိကျစွာပြောပြလိုက်သည်။

သူပြောတာ နားထောင်ပြီးနောက် ဖုန်းရှုကျွမ့် နည်းနည်းရှုပ်ထွေးသလိုခံစားလိုက်ရ၏ .."မင်းသရဲဝတ္ထုတွေတောင်ရေးလို့ရတယ် ... မင်းဖော်ပြတဲ့မြင်ကွင်းအရဆို လုံလုံလောက်လောက်ကြောက်ဖို့ကောင်းနေပြီ"

ယင်းဇီအမူအရာမှာ တောင့်တင်းနေလျက် .."အခုထွက်သွားပြီလား?"

စုမင်က .."ထွက်မသွားဘူး ... ထွက်လာမယ်လို့ ငါမထင်ဘူး၊ နောက်ဆုံးတစ်ခေါက်ကလည်း ဒီတိုင်းပဲ"

နောက်ဆုံးတစ်ကြိမ်က အဖြစ်အပျက်ကို သူတို့ကိုပြောပြလိုက်သည်။

ဒါကို သူတွေ့တာနှစ်ကြိမ်မျှရှိပြီ။ အကယ်၍ သူမှန်းဆထားသလိုတကယ်ဆိုရင် မနက်ဖြန်အကိုဟောင်အက်စီးဒင့်ဖြစ်နိုင်သည်။ သူပျောက်သွားနိုင်သလို သေလည်းသေသွားနိုင်သည်။

ကံမကောင်းတာက နောက်ဆုံးတခေါက်က လူကိုမတွေ့လိုက်ရတာကြောင့် သူ့သီအိုရီကိုအတည်ပြုလို့မရချေ။

နောက်ဆုံးတခေါက်က ချန်းရွှီနဲ့ဆံပင်ပါဝင်တဲ့ အက်စီးဒင့်ကို ဖုန်းရှုကျွမ့်ပြန်သတိရကာ .."ဒီ့တော့ ပြောရရင် အဲ့ဆံပင်ကသရဲရဲ့လက်ချက်ပဲဖြစ်နိုင်ပြီး ငါမမြင်ရတာပေါ့?"

စုမင်က .."ဖြစ်နိုင်တယ်"

ထိုညက အဖြူရောင်ပုံရိပ်ကို သူပြန်တွေးကြည့်တော့ ထိုပုံရိပ်ရဲ့ကိုယ်ခန္ဓာမှာ ရေစိုနေပုံပေါ်သည်။ ထိုအချိန်က ချန်စုနဲ့အတူရှိနေကာ တံခါးနဲ့သိပ်မနီးတာကြောင့် သတိမထားခဲ့မိပေ။

ဒီတခါ ခေါင်းပြတ်သရဲကို သူရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

"ရေမြောင်းထဲမှာ ချန်းရွှီသေရတာက ဆံပင်နဲ့ဆက်စပ်နေတာလား?" ယင်းဇီမေးတယ် .."ဒါမှမဟုတ် ငါတို့ မသေချာသေးတဲ့ အခြားတစ်ခုခုများလား?"

ဖုန်းရှုကျွမ့်က .."ငါမြင်ခဲ့တာမို့လို့ ငါလုံးဝသေချာတယ် ... ဒီတိုင်းမျက်တောင်ခတ်တစ်ချက်‌လေးပဲမြင်လိုက်ရတာမို့ ငါမင်းတို့ကိုမပြောပြတာ ... ဒါပေမဲ့ အခုငါပြန်တွေးကြည့်တော့ ငါမြင်တာမမှားဘူး"

ဖုန်းရှုကျွမ့်တဖန် သူဘာမြင်ခဲ့လဲပြောပြသည်။

ထိုအချိန်တုန်းက ချန်းရွှီအလောင်းသည် ရေမြောင်းထဲတွင် ရှိနေသည်။ ထို့နောက် ထောင်အရာရှိများက မြောင်းထဲမှ အလောင်းကိုသယ်ထုတ်လာခဲ့၍ သူ့မျက်နှာနဲ့ မျက်နှာချင်းဆိုင်သလိုဖြစ်သွားသည်။

နောက်ပိုင်းမှာ ထောင်စောင့်တွေက အလောင်းကို ဆွဲ‌ခေါ်သွားတဲ့အခါ ချန်းရွှီရဲ့အစာအိမ်ထဲမှာ ရေတွေ အရမ်းများတာကြောင့်ဖြစ်နိုင်သလို ရေတွေ အဆက်မပြတ်ကိုယ်ခန္ဓာတွင်းမှ လျှံထွက်နေပြီး အထဲမှာ အနက်ရောင်ဆံပင်ချည်လေးတွေလည်း ရောထွေးနေသည်။

ထိုအချိန်က သူ့စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး မြောင်းထဲမှ ညစ်ပတ်သည့်အရာတစ်ခုသာ ဖြစ်နိုင်သည်ဟု သူထင်ခဲ့သည်။  အလောင်းကို အလျင်အမြန် သယ်ယူသွားသောကြောင့် အနီးကပ် ကြည့်ရှုရန် အခွင့်အရေး မရှိပေ။

အကယ်၍ ဒါကို သူပြောခဲ့ရင် စိုးရိမ်စရာတွေဖြစ်လာမယ်အထင်နဲ့ သူ့ကိုယ်သူသိမ်းထားဖို့သာဆုံးဖြတ်လိုက်တယ်။

စုမင်ရုတ်တရတ်ပြောနေတာမဟုတ်ရင် သူမျက်မြင်တွေ့ခဲ့ရပြီး ထိုအစက်တွေကို ချိတ်ဆက်မိမှာ မဟုတ်ဘူး။

စုမင်က .."ဒါဆိုရင်တော့ အခြေနေနှစ်ခုဖြစ်သွားပြီ"

သူ ထောင်ထဲသို့ဝင်တာသိပ်မကြာသေးဘဲ လွန်ခဲ့သည့်ရက်အနည်းငယ်က ဤနေရာ၌သာရှိခဲ့သော်လည်း လူအများအပြား သေဆုံးခဲ့ပြီးဖြစ်သည်။  ကတ်ကြေးနဲ့ထိုးတဲ့အဖြစ်အပျက်က ကိုယ့်ကိုကိုယ် သတ်သေတာ ဖြစ်နိုင်တယ်။

နှိုင်းယှဥ်ရလျှင် မကြာသေးမီက သေဆုံးမှု နှစ်ခုသည် သူတို့ မသေဆုံးမီဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ခိုင်မာသော ဆက်စပ်မှု ရှိခဲ့သည်။

ယင်းဇီက .."ဒါဆို မနက်ဖြန်အကိုဟောင်က သေဆုံးမှုနဲ့နီးစပ်နေလောက်ပြီ"

စုမင်ရုတ်​တရက် အကိုဟောင်​က သနားစရာ​ကောင်းသည်ဟုခံစားမိသည်။ ခေါင်းပြတ်သရဲတစ္ဆေသည် သူ့ခေါင်းကို သေချာပေါက် ဖြတ်ပစ်မည်ဟု ဆိုလိုသည်။ တွေးရုံနဲ့တင် ကြောက်ဖို့ကောင်း၏။

“မနက်ဖြန်သာ အဲ့လိုဖြစ်ခဲ့ရင် အဲဒါ ငါတို့ရဲ့ခန့်မှန်းချက်တွေ မှန်တယ်လို့ ဆိုလိုတာပဲ” ဖုန်းရှုကျွမ့်က..."ငါတို့အပေါ် ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုခု ကြုံလာခဲ့ရင် အခြေခံအားဖြင့် ငါတို့သေရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"

ထိုပြောပုံက ကြောက်စရာကောင်းပေမယ့် ဘာမှမဟုတ်တာထက်ဆိုင်ရင် ပိုကောင်းသည်။  သူတို့ဟာ အနည်းဆုံးတော့ ထိုအကြောင်းကိုသိခွင့်ရပြီး ရှောင်ဖို့ ကြိုးစားနိုင်ကြလိမ့်မယ်။

သရဲတစ္ဆေတွေက ဘာကြောင့် ဒီလိုလုပ်လိမ့်မယ်ဆိုတာ သူနားမလည်ပေ။

ယင်းဇီတွေးတော၏ .."ဘာလို့သူတို့ ဒီတိုင်းတိုက်ရိုက်မသတ်တာလဲ?"

"သူတို့အစားထိုးရှာဖို့ ကြိုးစားနေတာဖြစ်မှာပေါ့" စုမင်ပြောတယ်။

ဖုန်းရှုကျွမ့် "အစားထိုး?"

စုမင်က .."ရေတစ္ဆေအကြောင်း ကြားဖူးလား?"

နှစ်ယောက်တစ်ပြိုင်နက် .."သေချာသိတာပေါ့"

ထိုသို့ပြောပြီးနောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ငြိမ်သက်သွားကြသည်။ သို့သော် အမှောင်ခန်းထဲတွင် တစ်ဖက်သား၏ မျက်နှာသည် ကြည်လင်ခြင်းမရှိပေ။

စုမင်သည် ဤထူးဆန်းသောစိတ်အခြေနေကို သတိမထားမိဘဲ ဆက်ပြောတယ် .."အကယ်၍ မြစ်တို့ ရေကန်တို့ကနေ ရေတစ္ဆေတွေထွက်သွားဖို့ဆန္ဒရှိခဲ့ရင် သူတို့သေခဲ့တဲ့အတိုင်းသတ်ပြီး အစားထိုးရှာမှရမယ်"

သူတို့လည်း အလားတူတစ်ခုခု လုပ်နေတာ ဖြစ်နိုင်တယ်။

သူ့ရဲ့ခန့်မှန်းချက်မှန်တယ်ဆိုရင် ဒီသရဲတစ္ဆေတွေက ဒီနေရာကနေ အောင်မြင်စွာထွက်ခွာသွားနိုင်အောင် သူတို့သေဆုံးခဲ့တဲ့ပုံစံအတိုင်းပဲ တခြားသူတွေကိုသတ်နေတာ ဖြစ်နိုင်တယ်။

ဤသရဲတစ္ဆေများရှိကြောင်း ဓာတ်ခွဲခန်းမှ သိသည် မသိသည်နှင့် ပတ်သက်၍ စုမင်က သူတို့ မသိဘူးလို့ခံစားမိသည်။

"သူတို့က အခန်းတွေကို အမှတ်တမဲ့ ရွေးနေပုံရပေမယ့် အဲဒီအခန်းတွေက သူတို့အသက်ရှင်တုန်းက နေခဲ့တဲ့အခန်းတွေဖြစ်နိုင်တယ်" စုမင်ပြော၏။

ထိုသို့ပြောသောအခါ ယင်းဇီအေးစိမ့်သွားသလို ခံစားလိုက်ရသည်။

အခန်းရှစ်ကို စဝင်တုန်းက အခန်းကလွတ်နေခဲ့သည်။ စုမင်မလာခင် ရက်အနည်းငယ်အလိုမှာ သူအဲဒီမှာနေခဲ့တယ်။

အခန်း ၈ တွင် ယခင်က လူမည်မျှ နေထိုင်ခဲ့သည်ကို သူ မသိခဲ့ပေ။

အကယ်၍ ယခင်က အခန်းထဲတွင် အကျဉ်းသား လေးဦးစလုံး သေဆုံးသွားခဲ့ပါက ပြန်လာ၍ အစားထိုးရန် ကြိုးစားမည့် သရဲတစ္ဆေလေးကောင် ရှိသည်ဟု ဆိုလိုသည်။ ဒါကတကယ့်ကိုဆိုးရွားလွန်းသည့်အခြေအနေပင်။

ယင်းဇီတစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားတယ် .."ဒါဆို ဒီမှာသေသွားတဲ့သူတွေရော ပျောက်သွားတဲ့သူတွေရောက အစားထိုးအဖြစ်အသုံးချခံခဲ့ရတယ်လို့ ဆိုလိုတာလား?"

မဟုတ်ရင် ထိုလောက်များ‌သော မရှင်းပြနိုင်တဲ့သေဆုံးမှုတွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ?

"အဲ့လိုဖြစ်ဖို့များတယ်" ဖုန်းရှုကျွမ့်ပြော၏။

သူစကားကို ပေါ့ပေါ့ပါးပါးပြောလိုက်တာက ယင်းဇီကို အနည်းငယ်ဒေါသထွက်စေသည်။ သူက တန်ပြန်ပြောချင်ပေမယ့် သူ့ကိုယ်သူ ထိန်းထားခဲ့တယ်။

စုမင်ဘာမှမပြော။

ဤသရဲတစ္ဆေများသည် ဒီနေရာ၌ သေဆုံးသွားသောကြောင့် ဤနေရာတွင် ပေါ်လာခဲ့သည်။ ပထမမျိုးဆက်သရဲတစ္ဆေတွေ သေဆုံးပုံနှင့် ပတ်သက်မှုရှိရမည်။

ရလဒ်က အဆုံးမဲ့သေဆုံးမှုသံသရာကို ဖြစ်ပေါ်စေခဲ့သည်။

စုမင်အပြင်ကိုညွှန်ပြပြီး .."အော်သံမကြားရတော့ဘူး"

"အဲ့လူကိုနှိပ်စက်လို့ပြီးပြီနဲ့တူတယ်" ဖုန်းရှုကျွမ့်ပြောတယ်။

“အခုရပ်သွားပြီဆိုတော့ ငါတို့အိပ်လို့ရပြီ ... ဘယ်လိုပဲဖြစ်ဖြစ် ထပ်ပေါ်လာမှာ မဟုတ်တော့ဘူး” စုမင်က သမ်းဝေပြီး .."မဟုတ်ရင် မနက်ဖြန်အတွက် ငါတို့မှာ လုံလောက်တဲ့စွမ်းအင်တွေရှိမှာ မဟုတ်ဘူး"

ဒီညမှာ နောက်ထပ်အဖြစ်အပျက်တွေမဖြစ်သင့်ပေ။

ဖုန်းရှုကျွမ့်ခေါင်းညိတ်သဘောတူသည်။

အခု အရမ်းနောက်ကျနေပြီဖြစ်ကာ  စုမင် ဘယ်အချိန်ရှိပြီလဲ မသိပေမယ့် ရုပ်ရှင်ရုံကြေညာချက်မရသေးတဲ့အတွက် ညသန်းခေါင်တောင်မကျော်သေးဘူးလို့ ယူဆမိသည်။ သူနောက်ထပ်နာရီအနည်းငယ်ကြာအောင်အိပ်လို့ရသည်။

သူရုပ်ရှင်ကြည့်တိုင်း သူ့အိပ်ချိန်က နည်းပါးလာသည်။

အထူးသဖြင့် ရက်အတော်ကြာကြာ ဖြတ်သန်းနေသူများအတွက် ဤကိစ္စမျိုးဖြစ်သည်။

ယင်းဇီသည် ကုတင်ပေါ်ပြန်တက်ကာ သူ့ဘေးနားမှစောင်နှင့်အိပ်လေသည်။ ထောင်ထဲမှာ တော်တော်အေးနေတော့ အဲဒါမရှိရင် အအေးမိလိမ့်မည်။

တစ်မိနစ်တောင် မျက်လုံးမမှိတ်နိုင်ခင်မှာ ရုတ်တရက် သူ့ဘေးနားမှ အသံတစ်ခုထွက်လာတယ်။

ယင်းဇီမျက်လုံးများကိုဖွင့်ကာ လှည့်ကြည့်လိုက်တော့ ဖုန်းရှုကျွမ့်တက်လာတာတွေ့လိုက်ရ၏။
ပထမတော့ သူ လန့်သွားပြီး နောက် မြန်မြန်ဆန်ဆန်ဒေါသပေါက်ကွဲသံအဖြစ်ပြောင်းလဲသွားတယ် .."မင်းဘာလို့ တက်လာတာလဲ?"

ဖုန်းရှုကျွမ့်က .."မင်းနဲ့ လူမှုရေးတွေ့ဆုံပွဲလုပ်ဖို့"

မင်းညီမကိုပဲလူမှုရေးတွေ့ဆုံပွဲ!

ယင်းဇီက ဆက်ပြီးမကျေနပ်လုပ်မယ်ပြုစဉ် တစ်ဖက်က သူ့ကိုတွန်းလှဲကာ ဖိထားပြီး ပါးစပ်ကို ဖုံးပိတ်လိုက်တယ်- "စုမင်အိပ်ပျော်နေပြီ"

ဖုန်းရှုကျွမ့်သည် ယင်းဇီထက် သန်မာတာမို့ သူ့ကိုအလွယ်တကူဖိထားခဲ့သည်။

ဖုန်းရှုကျွမ့်က .."ငါမင်းကိုရှင်းပြချင်လို့ပါ ... အဲ့အချိန်တုန်းက ငါတကယ်မင်းရည်းစားတွေကို မခိုးယူခဲ့ဘူး ... ငါရှင်းပြဖို့ကြိုးစားတိုင်း မင်းနားမထောင်ဘူးလေ"

ယင်းဇီ သရော်ပြုံး၏။

အထူးသဖြင့် သူ့ရည်းစားတွေကိုလည်း မကြိုက်‌ပေ။ နောက်ဆုံးတော့ သူတို့ချိန်းတွေ့တာ တစ်ပတ်လောက်ပဲရှိတယ်။ သူ့အတွက် အများစုက သူတို့အပေါ်ကောင်းတဲ့ခံစားချက်တွေပဲရှိတယ်။ သူ့ကိုဒေါသဖြစ်စေတဲ့အချက်က လမ်းခွဲတဲ့အခါတိုင်း ဖုန်းရှုကျွမ့်ကိုကြိုက်တယ်လို့ သူတို့ပြောခဲ့တာပင်။

သူ့ကို တမင်တကာဒေါသဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ မလုပ်ခဲ့ရင် ဘာဖြစ်မလဲ?

ဖုန်းရှုကျွမ့်က သက်ပြင်းချလိုက်ပြီး .."မင်းဘာလို့ဒီလောက်တုံးနေရတာလဲ"

ယင်းဇီ သူ့စကားတွေကို လျစ်လျူရှုပြီး ပိတ်ကန်တယ်။ ကုတင်သည် မူလက သေးငယ်ပြီး အလွန်ဟောင်းသောကြောင့် ကျယ်လောင်သော 'ကျွီ' မြည်သံထွက်လာသည်။

နှစ်ယောက်သား လှုပ်ရှားမှုရပ်တန့်ကာ တောင့်တင်းသွားကြသည်။

အိပ်ဖို့ပြင်နေတဲ့ စုမင်အသံကြားတော့ .."ဘာဖြစ်တာလဲ"

ဖုန်းရှုကျွမ့်၏ပြန်ကြားသံကို သူကြားလိုက်ရသည်– “ဘာမှမဖြစ်ဘူး”

ထို့နောက် အခန်းသည် တိတ်ဆိတ်သွားသည်။ အပြင်ဘက်မှ တီးတိုးသံလေးသာ ထွက်ပေါ်နေပြီး ဤအခြေအနေတွင် ဆန့်ကျင်ဘက်ဖြစ်စွာ အသံကျယ်လောင်နေသည်။

စုမင်ဆက်မမေးတော့ချေ။

ဒါပေမယ့် သူလှိမ့်ခံနီးမှာတစ်ခုခုကို ရုတ်တရက်သတိထားမိလိုက်တယ်။

ဖုန်းရှုကျွမ့်အသံသည် စောစောက သူနှင့် ဆန့်ကျင်ဘက် အပေါ်အိပ်ယာမှထွက်လာပုံရသည်။

သူသည် မသိစိတ်ဖြင့် စစ်ဆေးရန် ခေါင်းကို လှည့်ကြည့်ချင်သော်လည်း သူစဉ်းစားပြီး မလုပ်ဖို့သာ ဆုံးဖြတ်လိုက်သည်။

သူ လှည့်ကြည့်လိုက်ပြီး ဖုန်းရှုကျွမ့်နဲ့ယင်းဇီတို့က သူ့ကိုကြည့်နေတယ်ဆိုရင် သိပ်ကိုအနေရခက်လိမ့်မယ်။

စုမင်သည် ကိုယ့်ကိစ္စကို‌သာတွေးသင့်တယ်ဆိုပြီး တိတ်တဆိတ် ဆုံးဖြတ်ကာ အိပ်ဖို့ပြင်လေသည်။

***************

ဒီလင်လင်နှစ်ယောက် စုမင်ရှေ့မှာအချစ်စမ်းနေကြတယ်(⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠)

Sry for misspelling
March 27, 2023
-------------------------------------------------------------------------------------





Chapter 99: အေပၚထပ္အိပ္ယာ

ေခါင္းျပတ္သရဲဝင္သြားၿပီးေနာက္ လုံးဝျပန္မထြက္လာေတာ့ေပ။

အျခားတစ္ေနရာကေနထြက္သြားသည္လား အစ္ကိုေဟာင္အခန္းထဲမွာ႐ွိေနေသးသည္လားဆိုတာ စုမင္မသိေပ။ ျဖစ္ႏိုင္ေခ်ႏွစ္ခုလုံးကေတာ့ ေျခာက္ျခားဖြယ္ေကာင္း၏။

"မင္းဘာျမင္လိုက္လဲ?" ယင္းဇီေမးတယ္။

စုမင္ တခဏေလးေလးနက္နက္‌ေတြးၿပီး ေနာက္ဆုံးသူတို႔ကိုအမွန္တိုင္းေျပာျပရန္ဆုံးျဖတ္လိုက္တယ္။ ဒါ့အျပင္ ၎ကအေရးႀကီးတဲ့သဲလြန္စျဖစ္၏။

သို႔ေသာ္ သူတို႔ကိုေျခာက္လန္႔မိမွာစိုးသျဖင့္ သူ႕စကားလုံးေတြကိုေသခ်ာေ႐ြးခ်ယ္ၿပီးေျပာလိုက္တယ္ .."ေခါင္းျပတ္သရဲ အကိုေဟာင္တို႔ရဲ႕အခန္းထဲဝင္သြားတယ္"

သို႔ေစကာမူ သူေျပာလိုက္တဲ့စကားေတြက သိပ္မေကာင္းဘူးလို႔ ခံစားမိသည္။

ဖုန္း႐ႈကြၽမ့္နဲ႔ ယင္းဇီတို႔ စုမင္ကိုစူးစိုက္ၾကည့္ေနၾကၿပီး အခ်ိန္အေတာ္ၾကာ စကားမေျပာၾကေပ။

သူတို႔ဘယ္လိုတုန္႔ျပန္ရမွန္း မသိရေအာင္ထိ သူ႕စကားလုံးေတြက ထိုမွ်ေလာက္ေတာင္ သူတို႔ကိုထိတ္လန္႔သြားေစတာလား စုမင္ေတြးေနမိသည္။

ေနာက္ဆုံး၌ ဖုန္း႐ႈကြၽမ့္အရင္ဆုံးတုန္႔ျပန္လာတယ္။ သူ တခဏေဝဖန္သုံးသပ္ၿပီး ေမးလာတယ္ .."မင္းျမင္လိုက္တာ လူမဟုတ္ဘူးဆိုတာ ေသခ်ာလား?"

ဘယ္လိုလုပ္ေခါင္းျပတ္သရဲ႐ွိႏိုင္မွာလဲ?

စုမင္က .."အဲ့ဒါ ေခါင္းျပတ္သရဲပဲ ... ေခါင္းမပါဘဲေတြ႕လိုက္တာ"

ယင္းဇီမ်က္ေမွာင္က်ံဳ႕လိုက္ကာ တစ္စုံတစ္ခု သတိရသြားတယ္ .."ဒါဆို ေစာနမင္းသရဲနဲ႔ စကားေျပာေနတာေပါ့?"

ဒါေမးလိမ့္မယ္လို႔ စုမင္မထင္ထားခဲ့ေပ။ သူ ႐ိုး႐ိုးသားသားဝန္ခံလိုက္သည္ .."ဟုတ္တယ္ ... မင္းတို႔ေၾကာက္သြားမွာစိုးလို႔ ငါမေျပာျပခဲ့တာ"

သူတို႔ ခ်န္စုကိုေတြ႕မွာမဟုတ္ေတာ့ ေပၚသြားလဲ ကိစၥမ႐ွိေပ။

ဖုန္း႐ႈကြၽမ့္က .."အရင္အေၾကာင္းေတြမေျပာဘဲေနရေအာင္ ... အခုနက မင္းေသခ်ာဘာျမင္လိုက္လဲ? အေသးစိတ္ေဖာ္ျပလို႔ရႏိုင္လား?"

စုမင္ေခါင္းၿငိမ့္ၿပီး အေသးစိတ္တိက်စြာေျပာျပလိုက္သည္။

သူေျပာတာ နားေထာင္ၿပီးေနာက္ ဖုန္း႐ႈကြၽမ့္ နည္းနည္း႐ႈပ္ေထြးသလိုခံစားလိုက္ရ၏ .."မင္းသရဲဝတၳဳေတြေတာင္ေရးလို႔ရတယ္ ... မင္းေဖာ္ျပတဲ့ျမင္ကြင္းအရဆို လုံလုံေလာက္ေလာက္ေၾကာက္ဖို႔ေကာင္းေနၿပီ"

ယင္းဇီအမူအရာမွာ ေတာင့္တင္းေနလ်က္ .."အခုထြက္သြားၿပီလား?"

စုမင္က .."ထြက္မသြားဘူး ... ထြက္လာမယ္လို႔ ငါမထင္ဘူး၊ ေနာက္ဆုံးတစ္ေခါက္ကလည္း ဒီတိုင္းပဲ"

ေနာက္ဆုံးတစ္ႀကိမ္က အျဖစ္အပ်က္ကို သူတို႔ကိုေျပာျပလိုက္သည္။

ဒါကို သူေတြ႕တာႏွစ္ႀကိမ္မွ်႐ွိၿပီ။ အကယ္၍ သူမွန္းဆထားသလိုတကယ္ဆိုရင္ မနက္ျဖန္အကိုေဟာင္အက္စီးဒင့္ျဖစ္ႏိုင္သည္။ သူေပ်ာက္သြားႏိုင္သလို ေသလည္းေသသြားႏိုင္သည္။

ကံမေကာင္းတာက ေနာက္ဆုံးတေခါက္က လူကိုမေတြ႕လိုက္ရတာေၾကာင့္ သူ႕သီအိုရီကိုအတည္ျပဳလို႔မရေခ်။

ေနာက္ဆုံးတေခါက္က ခ်န္း႐ႊီနဲ႔ဆံပင္ပါဝင္တဲ့ အက္စီးဒင့္ကို ဖုန္း႐ႈကြၽမ့္ျပန္သတိရကာ .."ဒီ့ေတာ့ ေျပာရရင္ အဲ့ဆံပင္ကသရဲရဲ႕လက္ခ်က္ပဲျဖစ္ႏိုင္ၿပီး ငါမျမင္ရတာေပါ့?"

စုမင္က .."ျဖစ္ႏိုင္တယ္"

ထိုညက အျဖဴေရာင္ပုံရိပ္ကို သူျပန္ေတြးၾကည့္ေတာ့ ထိုပုံရိပ္ရဲ႕ကိုယ္ခႏၶာမွာ ေရစိုေနပုံေပၚသည္။ ထိုအခ်ိန္က ခ်န္စုနဲ႔အတူ႐ွိေနကာ တံခါးနဲ႔သိပ္မနီးတာေၾကာင့္ သတိမထားခဲ့မိေပ။

ဒီတခါ ေခါင္းျပတ္သရဲကို သူ႐ွင္း႐ွင္းလင္းလင္းျမင္လိုက္ရသည္။

"ေရေျမာင္းထဲမွာ ခ်န္း႐ႊီေသရတာက ဆံပင္နဲ႔ဆက္စပ္ေနတာလား?" ယင္းဇီေမးတယ္ .."ဒါမွမဟုတ္ ငါတို႔ မေသခ်ာေသးတဲ့ အျခားတစ္ခုခုမ်ားလား?"

ဖုန္း႐ႈကြၽမ့္က .."ငါျမင္ခဲ့တာမို႔လို႔ ငါလုံးဝေသခ်ာတယ္ ... ဒီတိုင္းမ်က္ေတာင္ခတ္တစ္ခ်က္‌ေလးပဲျမင္လိုက္ရတာမို႔ ငါမင္းတို႔ကိုမေျပာျပတာ ... ဒါေပမဲ့ အခုငါျပန္ေတြးၾကည့္ေတာ့ ငါျမင္တာမမွားဘူး"

ဖုန္း႐ႈကြၽမ့္တဖန္ သူဘာျမင္ခဲ့လဲေျပာျပသည္။

ထိုအခ်ိန္တုန္းက ခ်န္း႐ႊီအေလာင္းသည္ ေရေျမာင္းထဲတြင္ ႐ွိေနသည္။ ထို႔ေနာက္ ေထာင္အရာ႐ွိမ်ားက ေျမာင္းထဲမွ အေလာင္းကိုသယ္ထုတ္လာခဲ့၍ သူ႕မ်က္ႏွာနဲ႔ မ်က္ႏွာခ်င္းဆိုင္သလိုျဖစ္သြားသည္။

ေနာက္ပိုင္းမွာ ေထာင္ေစာင့္ေတြက အေလာင္းကို ဆြဲ‌ေခၚသြားတဲ့အခါ ခ်န္း႐ႊီရဲ႕အစာအိမ္ထဲမွာ ေရေတြ အရမ္းမ်ားတာေၾကာင့္ျဖစ္ႏိုင္သလို ေရေတြ အဆက္မျပတ္ကိုယ္ခႏၶာတြင္းမွ လွ်ံထြက္ေနၿပီး အထဲမွာ အနက္ေရာင္ဆံပင္ခ်ည္ေလးေတြလည္း ေရာေထြးေနသည္။

ထိုအခ်ိန္က သူ႕စိတ္ကူးယဥ္သက္သက္သာျဖစ္ၿပီး ေျမာင္းထဲမွ ညစ္ပတ္သည့္အရာတစ္ခုသာ ျဖစ္ႏိုင္သည္ဟု သူထင္ခဲ့သည္။  အေလာင္းကို အလ်င္အျမန္ သယ္ယူသြားေသာေၾကာင့္ အနီးကပ္ ၾကည့္႐ႈရန္ အခြင့္အေရး မ႐ွိေပ။

အကယ္၍ ဒါကို သူေျပာခဲ့ရင္ စိုးရိမ္စရာေတြျဖစ္လာမယ္အထင္နဲ႔ သူ႕ကိုယ္သူသိမ္းထားဖို႔သာဆုံးျဖတ္လိုက္တယ္။

စုမင္႐ုတ္တရတ္ေျပာေနတာမဟုတ္ရင္ သူမ်က္ျမင္ေတြ႕ခဲ့ရၿပီး ထိုအစက္ေတြကို ခ်ိတ္ဆက္မိမွာ မဟုတ္ဘူး။

စုမင္က .."ဒါဆိုရင္ေတာ့ အေျခေနႏွစ္ခုျဖစ္သြားၿပီ"

သူ ေထာင္ထဲသို႔ဝင္တာသိပ္မၾကာေသးဘဲ လြန္ခဲ့သည့္ရက္အနည္းငယ္က ဤေနရာ၌သာ႐ွိခဲ့ေသာ္လည္း လူအမ်ားအျပား ေသဆုံးခဲ့ၿပီးျဖစ္သည္။  ကတ္ေၾကးနဲ႔ထိုးတဲ့အျဖစ္အပ်က္က ကိုယ့္ကိုကိုယ္ သတ္ေသတာ ျဖစ္ႏိုင္တယ္။

ႏိႈင္းယွဥ္ရလွ်င္ မၾကာေသးမီက ေသဆုံးမႈ ႏွစ္ခုသည္ သူတို႔ မေသဆုံးမီျဖစ္ပြားခဲ့သည့္ အေျခအေနမ်ားႏွင့္ ခိုင္မာေသာ ဆက္စပ္မႈ ႐ွိခဲ့သည္။

ယင္းဇီက .."ဒါဆို မနက္ျဖန္အကိုေဟာင္က ေသဆုံးမႈနဲ႔နီးစပ္ေနေလာက္ၿပီ"

စုမင္႐ုတ္​တရက္ အကိုေဟာင္​က သနားစရာ​ေကာင္းသည္ဟုခံစားမိသည္။ ေခါင္းျပတ္သရဲတေစၧသည္ သူ႕ေခါင္းကို ေသခ်ာေပါက္ ျဖတ္ပစ္မည္ဟု ဆိုလိုသည္။ ေတြး႐ုံနဲ႔တင္ ေၾကာက္ဖို႔ေကာင္း၏။

“မနက္ျဖန္သာ အဲ့လိုျဖစ္ခဲ့ရင္ အဲဒါ ငါတို႔ရဲ႕ခန္႔မွန္းခ်က္ေတြ မွန္တယ္လို႔ ဆိုလိုတာပဲ” ဖုန္း႐ႈကြၽမ့္က..."ငါတို႔အေပၚ ထူးဆန္းတဲ့ ျဖစ္စဥ္တစ္ခုခု ၾကဳံလာခဲ့ရင္ အေျခခံအားျဖင့္ ငါတို႔ေသရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ပဲ"

ထိုေျပာပုံက ေၾကာက္စရာေကာင္းေပမယ့္ ဘာမွမဟုတ္တာထက္ဆိုင္ရင္ ပိုေကာင္းသည္။  သူတို႔ဟာ အနည္းဆုံးေတာ့ ထိုအေၾကာင္းကိုသိခြင့္ရၿပီး ေ႐ွာင္ဖို႔ ႀကိဳးစားႏိုင္ၾကလိမ့္မယ္။

သရဲတေစၧေတြက ဘာေၾကာင့္ ဒီလိုလုပ္လိမ့္မယ္ဆိုတာ သူနားမလည္ေပ။

ယင္းဇီေတြးေတာ၏ .."ဘာလို႔သူတို႔ ဒီတိုင္းတိုက္႐ိုက္မသတ္တာလဲ?"

"သူတို႔အစားထိုး႐ွာဖို႔ ႀကိဳးစားေနတာျဖစ္မွာေပါ့" စုမင္ေျပာတယ္။

ဖုန္း႐ႈကြၽမ့္ "အစားထိုး?"

စုမင္က .."ေရတေစၧအေၾကာင္း ၾကားဖူးလား?"

ႏွစ္ေယာက္တစ္ၿပိဳင္နက္ .."ေသခ်ာသိတာေပါ့"

ထိုသို႔ေျပာၿပီးေနာက္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ၿငိမ္သက္သြားၾကသည္။ သို႔ေသာ္ အေမွာင္ခန္းထဲတြင္ တစ္ဖက္သား၏ မ်က္ႏွာသည္ ၾကည္လင္ျခင္းမ႐ွိေပ။

စုမင္သည္ ဤထူးဆန္းေသာစိတ္အေျခေနကို သတိမထားမိဘဲ ဆက္ေျပာတယ္ .."အကယ္၍ ျမစ္တို႔ ေရကန္တို႔ကေန ေရတေစၧေတြထြက္သြားဖို႔ဆႏၵ႐ွိခဲ့ရင္ သူတို႔ေသခဲ့တဲ့အတိုင္းသတ္ၿပီး အစားထိုး႐ွာမွရမယ္"

သူတို႔လည္း အလားတူတစ္ခုခု လုပ္ေနတာ ျဖစ္ႏိုင္တယ္။

သူ႕ရဲ႕ခန္႔မွန္းခ်က္မွန္တယ္ဆိုရင္ ဒီသရဲတေစၧေတြက ဒီေနရာကေန ေအာင္ျမင္စြာထြက္ခြာသြားႏိုင္ေအာင္ သူတို႔ေသဆုံးခဲ့တဲ့ပုံစံအတိုင္းပဲ တျခားသူေတြကိုသတ္ေနတာ ျဖစ္ႏိုင္တယ္။

ဤသရဲတေစၧမ်ား႐ွိေၾကာင္း ဓာတ္ခြဲခန္းမွ သိသည္ မသိသည္ႏွင့္ ပတ္သက္၍ စုမင္က သူတို႔ မသိဘူးလို႔ခံစားမိသည္။

"သူတို႔က အခန္းေတြကို အမွတ္တမဲ့ ေ႐ြးေနပုံရေပမယ့္ အဲဒီအခန္းေတြက သူတို႔အသက္႐ွင္တုန္းက ေနခဲ့တဲ့အခန္းေတြျဖစ္ႏိုင္တယ္" စုမင္ေျပာ၏။

ထိုသို႔ေျပာေသာအခါ ယင္းဇီေအးစိမ့္သြားသလို ခံစားလိုက္ရသည္။

အခန္း႐ွစ္ကို စဝင္တုန္းက အခန္းကလြတ္ေနခဲ့သည္။ စုမင္မလာခင္ ရက္အနည္းငယ္အလိုမွာ သူအဲဒီမွာေနခဲ့တယ္။

အခန္း ၈ တြင္ ယခင္က လူမည္မွ် ေနထိုင္ခဲ့သည္ကို သူ မသိခဲ့ေပ။

အကယ္၍ ယခင္က အခန္းထဲတြင္ အက်ဥ္းသား ေလးဦးစလုံး ေသဆုံးသြားခဲ့ပါက ျပန္လာ၍ အစားထိုးရန္ ႀကိဳးစားမည့္ သရဲတေစၧေလးေကာင္ ႐ွိသည္ဟု ဆိုလိုသည္။ ဒါကတကယ့္ကိုဆိုး႐ြားလြန္းသည့္အေျခအေနပင္။

ယင္းဇီတစ္စုံတစ္ခုကို ႐ုတ္တရက္ေတြးမိသြားတယ္ .."ဒါဆို ဒီမွာေသသြားတဲ့သူေတြေရာ ေပ်ာက္သြားတဲ့သူေတြေရာက အစားထိုးအျဖစ္အသုံးခ်ခံခဲ့ရတယ္လို႔ ဆိုလိုတာလား?"

မဟုတ္ရင္ ထိုေလာက္မ်ား‌ေသာ မ႐ွင္းျပႏိုင္တဲ့ေသဆုံးမႈေတြ ဘယ္လိုလုပ္႐ွိႏိုင္မွာလဲ?

"အဲ့လိုျဖစ္ဖို႔မ်ားတယ္" ဖုန္း႐ႈကြၽမ့္ေျပာ၏။

သူစကားကို ေပါ့ေပါ့ပါးပါးေျပာလိုက္တာက ယင္းဇီကို အနည္းငယ္ေဒါသထြက္ေစသည္။ သူက တန္ျပန္ေျပာခ်င္ေပမယ့္ သူ႕ကိုယ္သူ ထိန္းထားခဲ့တယ္။

စုမင္ဘာမွမေျပာ။

ဤသရဲတေစၧမ်ားသည္ ဒီေနရာ၌ ေသဆုံးသြားေသာေၾကာင့္ ဤေနရာတြင္ ေပၚလာခဲ့သည္။ ပထမမ်ိဳးဆက္သရဲတေစၧေတြ ေသဆုံးပုံႏွင့္ ပတ္သက္မႈ႐ွိရမည္။

ရလဒ္က အဆုံးမဲ့ေသဆုံးမႈသံသရာကို ျဖစ္ေပၚေစခဲ့သည္။

စုမင္အျပင္ကိုၫႊန္ျပၿပီး .."ေအာ္သံမၾကားရေတာ့ဘူး"

"အဲ့လူကိုႏွိပ္စက္လို႔ၿပီးၿပီနဲ႔တူတယ္" ဖုန္း႐ႈကြၽမ့္ေျပာတယ္။

“အခုရပ္သြားၿပီဆိုေတာ့ ငါတို႔အိပ္လို႔ရၿပီ ... ဘယ္လိုပဲျဖစ္ျဖစ္ ထပ္ေပၚလာမွာ မဟုတ္ေတာ့ဘူး” စုမင္က သမ္းေဝၿပီး .."မဟုတ္ရင္ မနက္ျဖန္အတြက္ ငါတို႔မွာ လုံေလာက္တဲ့စြမ္းအင္ေတြ႐ွိမွာ မဟုတ္ဘူး"

ဒီညမွာ ေနာက္ထပ္အျဖစ္အပ်က္ေတြမျဖစ္သင့္ေပ။

ဖုန္း႐ႈကြၽမ့္ေခါင္းညိတ္သေဘာတူသည္။

အခု အရမ္းေနာက္က်ေနၿပီျဖစ္ကာ  စုမင္ ဘယ္အခ်ိန္႐ွိၿပီလဲ မသိေပမယ့္ ႐ုပ္႐ွင္႐ုံေၾကညာခ်က္မရေသးတဲ့အတြက္ ညသန္းေခါင္ေတာင္မေက်ာ္ေသးဘူးလို႔ ယူဆမိသည္။ သူေနာက္ထပ္နာရီအနည္းငယ္ၾကာေအာင္အိပ္လို႔ရသည္။

သူ႐ုပ္႐ွင္ၾကည့္တိုင္း သူ႕အိပ္ခ်ိန္က နည္းပါးလာသည္။

အထူးသျဖင့္ ရက္အေတာ္ၾကာၾကာ ျဖတ္သန္းေနသူမ်ားအတြက္ ဤကိစၥမ်ိဳးျဖစ္သည္။

ယင္းဇီသည္ ကုတင္ေပၚျပန္တက္ကာ သူ႕ေဘးနားမွေစာင္ႏွင့္အိပ္ေလသည္။ ေထာင္ထဲမွာ ေတာ္ေတာ္ေအးေနေတာ့ အဲဒါမ႐ွိရင္ အေအးမိလိမ့္မည္။

တစ္မိနစ္ေတာင္ မ်က္လုံးမမွိတ္ႏိုင္ခင္မွာ ႐ုတ္တရက္ သူ႕ေဘးနားမွ အသံတစ္ခုထြက္လာတယ္။

ယင္းဇီမ်က္လုံးမ်ားကိုဖြင့္ကာ လွည့္ၾကည့္လိုက္ေတာ့ ဖုန္း႐ႈကြၽမ့္တက္လာတာေတြ႕လိုက္ရ၏။
ပထမေတာ့ သူ လန္႔သြားၿပီး ေနာက္ ျမန္ျမန္ဆန္ဆန္ေဒါသေပါက္ကြဲသံအျဖစ္ေျပာင္းလဲသြားတယ္ .."မင္းဘာလို႔ တက္လာတာလဲ?"

ဖုန္း႐ႈကြၽမ့္က .."မင္းနဲ႔ လူမႈေရးေတြ႕ဆုံပြဲလုပ္ဖို႔"

မင္းညီမကိုပဲလူမႈေရးေတြ႕ဆုံပြဲ!

ယင္းဇီက ဆက္ၿပီးမေက်နပ္လုပ္မယ္ျပဳစဥ္ တစ္ဖက္က သူ႕ကိုတြန္းလွဲကာ ဖိထားၿပီး ပါးစပ္ကို ဖုံးပိတ္လိုက္တယ္- "စုမင္အိပ္ေပ်ာ္ေနၿပီ"

ဖုန္း႐ႈကြၽမ့္သည္ ယင္းဇီထက္ သန္မာတာမို႔ သူ႕ကိုအလြယ္တကူဖိထားခဲ့သည္။

ဖုန္း႐ႈကြၽမ့္က .."ငါမင္းကို႐ွင္းျပခ်င္လို႔ပါ ... အဲ့အခ်ိန္တုန္းက ငါတကယ္မင္းရည္းစားေတြကို မခိုးယူခဲ့ဘူး ... ငါ႐ွင္းျပဖို႔ႀကိဳးစားတိုင္း မင္းနားမေထာင္ဘူးေလ"

ယင္းဇီ သေရာ္ျပဳံး၏။

အထူးသျဖင့္ သူ႕ရည္းစားေတြကိုလည္း မႀကိဳက္‌ေပ။ ေနာက္ဆုံးေတာ့ သူတို႔ခ်ိန္းေတြ႕တာ တစ္ပတ္ေလာက္ပဲ႐ွိတယ္။ သူ႕အတြက္ အမ်ားစုက သူတို႔အေပၚေကာင္းတဲ့ခံစားခ်က္ေတြပဲ႐ွိတယ္။ သူ႕ကိုေဒါသျဖစ္ေစတဲ့အခ်က္က လမ္းခြဲတဲ့အခါတိုင္း ဖုန္း႐ႈကြၽမ့္ကိုႀကိဳက္တယ္လို႔ သူတို႔ေျပာခဲ့တာပင္။

သူ႕ကို တမင္တကာေဒါသျဖစ္ေအာင္ ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ မလုပ္ခဲ့ရင္ ဘာျဖစ္မလဲ?

ဖုန္း႐ႈကြၽမ့္က သက္ျပင္းခ်လိုက္ၿပီး .."မင္းဘာလို႔ဒီေလာက္တုံးေနရတာလဲ"

ယင္းဇီ သူ႕စကားေတြကို လ်စ္လ်ဴ႐ႈၿပီး ပိတ္ကန္တယ္။ ကုတင္သည္ မူလက ေသးငယ္ၿပီး အလြန္ေဟာင္းေသာေၾကာင့္ က်ယ္ေလာင္ေသာ 'ကြၽီ' ျမည္သံထြက္လာသည္။

ႏွစ္ေယာက္သား လႈပ္႐ွားမႈရပ္တန္႔ကာ ေတာင့္တင္းသြားၾကသည္။

အိပ္ဖို႔ျပင္ေနတဲ့ စုမင္အသံၾကားေတာ့ .."ဘာျဖစ္တာလဲ"

ဖုန္း႐ႈကြၽမ့္၏ျပန္ၾကားသံကို သူၾကားလိုက္ရသည္– “ဘာမွမျဖစ္ဘူး”

ထို႔ေနာက္ အခန္းသည္ တိတ္ဆိတ္သြားသည္။ အျပင္ဘက္မွ တီးတိုးသံေလးသာ ထြက္ေပၚေနၿပီး ဤအေျခအေနတြင္ ဆန္႔က်င္ဘက္ျဖစ္စြာ အသံက်ယ္ေလာင္ေနသည္။

စုမင္ဆက္မေမးေတာ့ေခ်။

ဒါေပမယ့္ သူလွိမ့္ခံနီးမွာတစ္ခုခုကို ႐ုတ္တရက္သတိထားမိလိုက္တယ္။

ဖုန္း႐ႈကြၽမ့္အသံသည္ ေစာေစာက သူႏွင့္ ဆန္႔က်င္ဘက္ အေပၚအိပ္ယာမွထြက္လာပုံရသည္။

သူသည္ မသိစိတ္ျဖင့္ စစ္ေဆးရန္ ေခါင္းကို လွည့္ၾကည့္ခ်င္ေသာ္လည္း သူစဥ္းစားၿပီး မလုပ္ဖို႔သာ ဆုံးျဖတ္လိုက္သည္။

သူ လွည့္ၾကည့္လိုက္ၿပီး ဖုန္း႐ႈကြၽမ့္နဲ႔ယင္းဇီတို႔က သူ႕ကိုၾကည့္ေနတယ္ဆိုရင္ သိပ္ကိုအေနရခက္လိမ့္မယ္။

စုမင္သည္ ကိုယ့္ကိစၥကို‌သာေတြးသင့္တယ္ဆိုၿပီး တိတ္တဆိတ္ ဆုံးျဖတ္ကာ အိပ္ဖို႔ျပင္ေလသည္။

***************

ဒီလင္လင္ႏွစ္ေယာက္ စုမင္ေ႐ွ႕မွာအခ်စ္စမ္းေနၾကတယ္(⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠)

Sry for misspelling
March 27, 2023
-----------------------------------------------------------------------

Continue Reading

You'll Also Like

17.4K 806 22
*𝒘𝒉𝒊𝒔𝒕𝒍𝒆* "𝑾𝒐𝒓𝒍𝒅 𝒘𝒉𝒆𝒓𝒆 𝒂𝒓𝒆 𝒚𝒐𝒖 ~" "𝑫𝒐𝒏𝒕 𝒌𝒆𝒆𝒑 𝒎𝒆 𝒘𝒂𝒊𝒕𝒊𝒏𝒈. 𝒚𝒐𝒖 𝒌𝒏𝒐𝒘 𝑰 𝒅𝒐𝒏'𝒕 𝒍𝒊𝒌𝒆 𝒊𝒕 " "𝑾𝑶𝑹...
118K 3.1K 35
Fatima is a young and beautiful Muslim wife, her life gets turnt upside down when her husband gets a second wife.This is due to her not being able to...
86.5K 3.3K 55
After his first year at the Advanced Nurturing High School, Fukazawa Yato is about to start his second year as a student. With a better understanding...
17.2K 1.9K 60
Original Work : Mu Gua Huang Main Writer : Ji Jing Jun + Shou Screenwriter : Wucaishi Comic Club Editor : MuMu