[Unicode]
ဟောခန်းမကြီး တစ်ခုလုံးက မှောင်မဲနေပြီး အမျိုးသားက သူမနားသို့ တိုးလာလေ၏။ သူမရဲ့ ကျောပြင်က အေးစက် တောင့်တင်းတဲ့ နံရံပေါ်မှာ ဖိမိထားတာ ဖြစ်ပြီး အရှေ့မှာတော့ သူမတို့ ခန္ဓာကိုယ်တွေချင်း မထိထားသော်ငြား သူ့ခန္ဓာကိုယ်ဆီမှ ထုတ်လွှင့်နေတဲ့ ဆွဲငင်နိုင်တဲ့ အရှိန်အဝါတွေကို နင်မုန့် ခံစားလို့ရနေ၏။ သူ့မျက်နှာက သူမ မျက်နှာနှင့် ၅စင်တီမီတာ အကွာအဝေးတောင် မရှိတော့။ သူ စကားပြောလာတဲ့အခါ နွေးထွေးတဲ့ သူ့အသက်ရှူသံတွေက သူမ နားတွေဆီကို လာရိုက်ခတ်လေသည်။
ထိုအချိန်ခန သူမ အသက်ရှူနေပေမယ့် နှလုံးသားမှ ယားကျိမှုတွေနဲ့ ရောယှက်လို့နေတာကို ခံစားလိုက်ရသည်။ သူမရဲ့ ခေါင်းကို ဘေးသို့ လှည့်လိုက်တဲ့အခါမှ ပုံမှန်အတိုင်း အသက်၀၀ ပြန်ရှူနိုင်သွားသလို အသိစိတ်တို့ ပြန်ဝင်လာတာ ဖြစ်လေ၏။
'သူအခု ဘာပြောလိုက်တာလဲ?'
'ရှာလကာရည် သောက်တယ်? သ၀န်တိုတယ်!?'
နင်မုန့်ကတော့ နဂိုသူမရဲ့ အခြေအနေအတိုင်း ဖြစ်လို့သွားပြီးနောက် "အနားမှာ ပေါက်စီတွေမှ မရှိတာ ဘာလို့များ ကျွန်မက ရှာလကာရည် သောက်ချင်ရမှာလဲ?"
ထိုးဖောက်နိုင်တဲ့ သူမ စကားတွေ ကြားလိုက်ရတဲ့အခါ ဟော်ပေ့ချန် အနည်းငယ် ကြက်သေ သေလို့သွားသည်။ နင်မုန့်က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး သူမ ခေါင်းကို ငုံ့ကိုင်းလျက် သူ့ကို အနည်းငယ် တွန်းလိုက်လေ၏။ ထွက်သွားဖို့ ကြားနေရာ ရသွားတဲ့အခါ သူ့လက်မောင်းတွေ အောက်မှ လျှိုထွက်ပြီး သုတ်သုတ်ပြာပြာ လျှောက်သွားလေတော့သည်။
ဟော်ပေ့ချန်ကတော့ ထိုအနေအထားအတိုင်းပင် ထွက်သွားတဲ့ သူမရဲ့ နေရာလွတ်ကို မျက်ဝန်းနက်နက်တွေနှင့် ကြည့်နေ၏။ ခပ်ဖျော့ဖျော့ အပြုံးနဲ့အတူ သူ့နှုတ်ခမ်းထောင့်ကို ထိလိုက်သည်။ အစောက ရုန်းရင်းဆန်ခတ် ဖြစ်တုန်း သူ့နှုတ်ခမ်းတွေက သူမ ပါးနဲ့ ပွတ်တိုက်မိသွားခဲ့သည်။ သူမရဲ့ နူးညံ့ သိမ်မွေ့တဲ့ အသားပေါ် မှ ခံစားချက်က သူ့နှုတ်ခမ်းတွေပေါ်မှာ စွဲကျန်နေတုန်းဖြစ်၏။
မျက်လွှာချလိုက်ပြီးနောက် ချီရှန်ကို ဖုန်းခေါ်လိုက်သည်။ ချီရှန်က ဖုန်းကိုင်လိုက်တာနှင့် တာဝန်အတွက် အကြောင်းကြားလိုက်သည်။ "ဘော့စ် ကျွန်တော့ကို အလုပ်အတွက် ပြန်ခေါ်တော့မလို့လား"
ဟော်ပေ့ချန်က အေးစက်စွာပဲ ပြောလိုက်သည်။ "ဟိုနေ့ ဟော်တယ်မှာ ဖြစ်ခဲ့တုန်းက CCTVက အချက်အလက်တွေ ငါ့ဆီပို့လိုက်"
ချီရှန်က ၀မ်းသာအားရ ပြန်ဖြေလိုက်သည်။ "လုပ်လိုက်ပါ့မယ် ဘော့စ်!"
ကိစ္စက ဒီလိုဖြစ်လာမှတော့ သူ့အနေနဲ့ ကလပ်ကို သွားစရာ မလိုတော့ဘူး ဟုတ်တယ်မလား?
ထိုအတွေးတို့နှင့် ပျော်မွေ့နေတုန်း ဟော်ပေ့ချန်က ဆက်ပြောလိုက်သည်။ "ခိုင်းထားတာ လုပ်ပြီးသွားရင် ကလပ်ကို နှစ်လ သွားတော့"
"!?"
***
နင်မုန့်က ခန်းမထဲကနေ ပါးတွေကို ကိုင်ထားရင်း ကားပါကင်ဆီသို့ ပြေးသွားလိုက်လေ၏။ သူမ ပါးတွေက နီမြန်းနေတုန်း ဖြစ်သည်။
"ပစိ ပစိ ပစိ ပစိ...."
တစ်စုံတယောက်က သူမကို ခိုးကြောင်ခိုးဝှက်ခေါ်နေသံကို နင်မုန့် ကြားလိုက်ရ၏။ သူမ လှည့်ကြည့်လိုက်တဲ့အခါ ခပ်မှောင်မှောင် ထောင့်နားမှာ ရပ်ထားတဲ့ ကားကို တွေ့လိုက်ရသည်။
ကျန်းရှန့်မေက ထိုကားထဲ ပုန်းနေရင်း ရန်သူတွေ ရှိမရှိကို စူးစမ်းစစ်ဆေးလို့ နေတာဖြစ်၏။ နင်မုန့်လာတာကို သူမ မြင်လိုက်တဲ့အခါ အနောက်ကနေ တီးတိုးပြောလိုက်၏။ "မစ္စတာဟော် နင်နဲ့ မလိုက်ခဲ့ဘူး မလား"
"…"
နင်မုန့်က ထိုဆီသို့ လျှောက်သွားလိုက်ပြီး ကားမောင်းသူခုံမှာ ၀င်ထိုင်လိုက်ရင်း ယုံကြည်ချက် မရှိစွာပဲ ဖြေလိုက်၏။ "မလိုက်လောက်ဘူး"
ကျန်းရှန့်မေက စိတ်သက်သာရာ ရသွားဟန်နှင့် သက်ပြင်းချလိုက်၏။ သူမက ပြိုင်ပွဲဝင် ၀တ်စုံနေရာမှာ အားကစား ၀တ်စုံကို ပြောင်းလဲ ၀တ်ဆင်ထားပြီး ဖြစ်သည်။ နင်မုန့်ကို အချိန်ခနကြာ ကြည့်ပြီးနောက်မှာ မေးလိုက်လေ၏။ "နင့် မျက်နှာက ဘာလို့ အဲ့လောက် နီရဲနေရတာလဲ။ အဖျား ရှိနေလို့လား"
နင်မုန့် ပုံစံက ပုံမှန် မဟုတ်စွာနဲ့ "မရှိပါဘူး"
ကျန်းရှန့်မေက နောက်တခေါက် ကြည့်ပြီးနောက် ရုတ်တရက် တစ်စုံတခုကို သဘောပေါက်သွားသည့် ပုံပင်။
"အမှောင်ထဲမှာ အချိန်တခုကြာတဲ့အထိ ယောက်ျား နဲ့ မိန်းမ နှစ်ယောက်တည်း ရှိတယ်ဆိုတော့ သူ နင့်ကိုတခုခု လုပ်ခဲ့တာလား? အရိုင်းဆန်လိုက်တာ!"
ထိုသို့ကြားတဲ့အခါ နင်မုန့်က ချောင်းဟန့်မိသွားပြီး "နင်က ဘယ်ထိတောင် ပုံဖော်နေတာလဲ"
'ငါက နံရံပေါ် အတွန်းခံရရုံလေးပါ!'
ကျန်းရှန့်မေက မယုံကြည်စွာနဲ့ "ဘာမှ မဖြစ်ခဲ့ဘူးပေါ့? တကယ်ကြီးလား?"
"မဖြစ်ခဲ့ဘူး!"
ကျန်းရှန့်မေ ပုံစံက အနည်းငယ် စိတ်ပျက်သွားသည်။
"ဒီလောက် အခြေအနေကောင်းနေတာတောင် ဘာမှ မဖြစ်ခဲ့ဘူးဆိုတော့ အချိန်ကုန်တာပဲ အဖတ်တင်တယ်...."
နင်မုန့်က အလိုလို ပြန်ဖြေလိုက်သည်။ "ငါတို့ သားရဲတွေအဖြစ် ပြောင်းကြတော့မလား?"
"??"
ကျန်းရှန့်မေက နင်မုန့်ကို ကြည့်လိုက်ပြီး "အခု နင်ဘာလုပ်မလို့လဲ"
နင်မုန့်က သူမ အတွေးထဲ နစ်ဝင်နေပြီး တော်တော်ကြာသည်အထိ ဘာမှ ပြန်မပြောဘဲ နောက်ဆုံးမှာတော့ ပြောလာလေ၏။ "ငါ ကွာရှင်းချင်တယ်"
သူမက စမောင်းဖို့ ကားစက်နှိုးလိုက်သည်။ သူမ အတွေးနဲ့ ပတ်သက်ပြီး သေချာတယ်လို့ သူမ ထင်လိုက်ပေမယ့် ဆက်လက် မစဉ်းစားဘဲ မနေနိုင်။မူလ ဘ၀မှာ သူမက မွေးစားခံခဲ့ရပြီး လူချမ်းသာတွေအတွက် လက်ထပ်ပွဲဆိုတာ ဘာမှန်း သူမ နားမလည်။ သူမရဲ့ ယောက်ျားက အပြင်မှာ အငယ်အနှောင်း ထားနေတာကိုတော့ သူမ အနေနဲ့ လက်မခံနိုင်ပေ။
ကျန်းရှန့်မေက ရှော့ရစွာပဲ ကတိုက်ကရိုက် ပြောလိုက်သည်။ "နင်တကယ်ပဲ ကွာရှင်းရဲတယ်ပေါ့?"
နင်မုန့်က တိုက်ပွဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေသည့်ပုံစံ ဖြစ်နေ၏။
"အင်း! သူ့ဘာသူ ဘယ်သူ့ မြေးပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး!"
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
----------------
[Zawgyi]
ေဟာခန္းမႀကီး တစ္ခုလံုးက ေမွာင္မဲေနၿပီး အမ်ိဳးသားက သူမနားသို႔ တိုးလာေလ၏။ သူမရဲ့ ေက်ာျပင္က ေအးစက္ ေတာင့္တင္းတဲ့ နံရံေပၚမွာ ဖိမိထားတာ ျဖစ္ၿပီး အေရ႔ွမွာေတာ့ သူမတို႔ ခႏၶာကိုယ္ေတြခ်င္း မထိထားေသာ္ျငား သူ႔ခႏၶာကိုယ္ဆီမွ ထုတ္လႊင့္ေနတဲ့ ဆြဲငင္ႏိုင္တဲ့ အရိွန္အဝါေတြကို နင္မုန႔္ ခံစားလို႔ရေန၏။ သူ႔မ်က္ႏွာက သူမ မ်က္ႏွာႏွင့္ ၅စင္တီမီတာ အကြာအေဝးေတာင္ မရိွေတာ့။ သူ စကားေျပာလာတဲ့အခါ ေနြးေထြးတဲ့ သူ႔အသက္ရႉသံေတြက သူမ နားေတြဆီကို လာရိုက္ခတ္ေလသည္။
ထိုအခ်ိန္ခန သူမ အသက္ရႉေနေပမယ့္ ႏွလံုးသားမွ ယားက်ိမႈေတြနဲ႔ ေရာယွက္လို႔ေနတာကို ခံစားလိုက္ရသည္။ သူမရဲ့ ေခါင္းကို ေဘးသို႔ လွၫ့္လိုက္တဲ့အခါမွ ပံုမွန္အတိုင္း အသက္၀၀ ျပန္ရႉႏိုင္သြားသလို အသိစိတ္တို႔ ျပန္၀င္လာတာ ျဖစ္ေလ၏။
'သူအခု ဘာေျပာလိုက္တာလဲ?'
'ရွာလကာရည္ ေသာက္တယ္? သ၀န္တိုတယ္!?'
နင္မုန႔္ကေတာ့ နဂိုသူမရဲ့ အေျခအေနအတိုင္း ျဖစ္လို႔သြားၿပီးေနာက္ "အနားမွာ ေပါက္စီေတြမွ မရိွတာ ဘာလို႔မ်ား ကြၽန္မက ရွာလကာရည္ ေသာက္ခ်င္ရမွာလဲ?"
ထိုးေဖာက္ႏိုင္တဲ့ သူမ စကားေတြ ၾကားလိုက္ရတဲ့အခါ ေဟာ္ေပ့ခ်န္ အနည္းငယ္ ၾကက္ေသ ေသလို႔သြားသည္။ နင္မုန႔္က ထိုအေျခအေနကို အခြင့္ေကာင္းယူၿပီး သူမ ေခါင္းကို ငံု႔ကိုင္းလ်က္ သူ႔ကို အနည္းငယ္ တြန္းလိုက္ေလ၏။ ထြက္သြားဖို႔ ၾကားေနရာ ရသြားတဲ့အခါ သူ႔လက္ေမာင္းေတြ ေအာက္မွ လ်ိႈထြက္ၿပီး သုတ္သုတ္ျပာျပာ ေလ်ွာက္သြားေလေတာ့သည္။
ေဟာ္ေပ့ခ်န္ကေတာ့ ထိုအေနအထားအတိုင္းပင္ ထြက္သြားတဲ့ သူမရဲ့ ေနရာလြတ္ကို မ်က္၀န္းနက္နက္ေတြႏွင့္ ၾကၫ့္ေန၏။ ခပ္ေဖ်ာ့ေဖ်ာ့ အၿပံဳးနဲ႔အတူ သူ႔ႏႈတ္ခမ္းေထာင့္ကို ထိလိုက္သည္။ အေစာက ရုန္းရင္းဆန္ခတ္ ျဖစ္တုန္း သူ႔ႏႈတ္ခမ္းေတြက သူမ ပါးနဲ႔ ပြတ္တိုက္မိသြားခဲ့သည္။ သူမရဲ့ ႏူးညံ့ သိမ္ေမြ့တဲ့ အသားေပၚ မွ ခံစားခ်က္က သူ႔ႏႈတ္ခမ္းေတြေပၚမွာ စြဲက်န္ေနတုန္းျဖစ္၏။
မ်က္လႊာခ်လိုက္ၿပီးေနာက္ ခ်ီရွန္ကို ဖုန္းေခၚလိုက္သည္။ ခ်ီရွန္က ဖုန္းကိုင္လိုက္တာႏွင့္ တာ၀န္အတြက္ အေၾကာင္းၾကားလိုက္သည္။ "ေဘာ့စ္ ကြၽန္ေတာ့ကို အလုပ္အတြက္ ျပန္ေခၚေတာ့မလို႔လား"
ေဟာ္ေပ့ခ်န္က ေအးစက္စြာပဲ ေျပာလိုက္သည္။ "ဟိုေန့ ေဟာ္တယ္မွာ ျဖစ္ခဲ့တုန္းက CCTVက အခ်က္အလက္ေတြ ငါ့ဆီပို႔လိုက္"
ခ်ီရွန္က ၀မ္းသာအားရ ျပန္ေျဖလိုက္သည္။ "လုပ္လိုက္ပါ့မယ္ ေဘာ့စ္!"
ကိစၥက ဒီလိုျဖစ္လာမွေတာ့ သူ႔အေနနဲ႔ ကလပ္ကို သြားစရာ မလိုေတာ့ဘူး ဟုတ္တယ္မလား?
ထိုအေတြးတို႔ႏွင့္ ေပ်ာ္ေမြ့ေနတုန္း ေဟာ္ေပ့ခ်န္က ဆက္ေျပာလိုက္သည္။ "ခိုင္းထားတာ လုပ္ၿပီးသြားရင္ ကလပ္ကို ႏွစ္လ သြားေတာ့"
"!?"
***
နင္မုန႔္က ခန္းမထဲကေန ပါးေတြကို ကိုင္ထားရင္း ကားပါကင္ဆီသို႔ ေျပးသြားလိုက္ေလ၏။ သူမ ပါးေတြက နီျမန္းေနတုန္း ျဖစ္သည္။
"ပစိ ပစိ ပစိ ပစိ...."
တစ္စံုတေယာက္က သူမကို ခိုးေၾကာင္ခိုးဝွက္ေခၚေနသံကို နင္မုန႔္ ၾကားလိုက္ရ၏။ သူမ လွၫ့္ၾကၫ့္လိုက္တဲ့အခါ ခပ္ေမွာင္ေမွာင္ ေထာင့္နားမွာ ရပ္ထားတဲ့ ကားကို ေတြ့လိုက္ရသည္။
က်န္းရွန႔္ေမက ထိုကားထဲ ပုန္းေနရင္း ရန္သူေတြ ရိွမရိွကို စူးစမ္းစစ္ေဆးလို႔ ေနတာျဖစ္၏။ နင္မုန႔္လာတာကို သူမ ျမင္လိုက္တဲ့အခါ အေနာက္ကေန တီးတိုးေျပာလိုက္၏။ "မစၥတာေဟာ္ နင္နဲ႔ မလိုက္ခဲ့ဘူး မလား"
"…"
နင္မုန႔္က ထိုဆီသို႔ ေလ်ွာက္သြားလိုက္ၿပီး ကားေမာင္းသူခံုမွာ ၀င္ထိုင္လိုက္ရင္း ယံုၾကည္ခ်က္ မရိွစြာပဲ ေျဖလိုက္၏။ "မလိုက္ေလာက္ဘူး"
က်န္းရွန႔္ေမက စိတ္သက္သာရာ ရသြားဟန္ႏွင့္ သက္ျပင္းခ်လိုက္၏။ သူမက ၿပိဳင္ပြဲ၀င္ ၀တ္စံုေနရာမွာ အားကစား ၀တ္စံုကို ေျပာင္းလဲ ၀တ္ဆင္ထားၿပီး ျဖစ္သည္။ နင္မုန႔္ကို အခ်ိန္ခနၾကာ ၾကၫ့္ၿပီးေနာက္မွာ ေမးလိုက္ေလ၏။ "နင့္ မ်က္ႏွာက ဘာလို႔ အဲ့ေလာက္ နီရဲေနရတာလဲ။ အဖ်ား ရိွေနလို႔လား"
နင္မုန႔္ ပံုစံက ပံုမွန္ မဟုတ္စြာနဲ႔ "မရိွပါဘူး"
က်န္းရွန႔္ေမက ေနာက္တေခါက္ ၾကၫ့္ၿပီးေနာက္ ရုတ္တရက္ တစ္စံုတခုကို သေဘာေပါက္သြားသၫ့္ ပံုပင္။
"အေမွာင္ထဲမွာ အခ်ိန္တခုၾကာတဲ့အထိ ေယာက္်ား နဲ႔ မိန္းမ ႏွစ္ေယာက္တည္း ရိွတယ္ဆိုေတာ့ သူ နင့္ကိုတခုခု လုပ္ခဲ့တာလား? အရိုင္းဆန္လိုက္တာ!"
ထိုသို႔ၾကားတဲ့အခါ နင္မုန႔္က ေခ်ာင္းဟန႔္မိသြားၿပီး "နင္က ဘယ္ထိေတာင္ ပံုေဖာ္ေနတာလဲ"
'ငါက နံရံေပၚ အတြန္းခံရရံုေလးပါ!'
က်န္းရွန႔္ေမက မယံုၾကည္စြာနဲ႔ "ဘာမွ မျဖစ္ခဲ့ဘူးေပါ့? တကယ္ႀကီးလား?"
"မျဖစ္ခဲ့ဘူး!"
က်န္းရွန႔္ေမ ပံုစံက အနည္းငယ္ စိတ္ပ်က္သြားသည္။
"ဒီေလာက္ အေျခအေနေကာင္းေနတာေတာင္ ဘာမွ မျဖစ္ခဲ့ဘူးဆိုေတာ့ အခ်ိန္ကုန္တာပဲ အဖတ္တင္တယ္...."
နင္မုန႔္က အလိုလို ျပန္ေျဖလိုက္သည္။ "ငါတို႔ သားရဲေတြအျဖစ္ ေျပာင္းၾကေတာ့မလား?"
"??"
က်န္းရွန႔္ေမက နင္မုန႔္ကို ၾကၫ့္လိုက္ၿပီး "အခု နင္ဘာလုပ္မလို႔လဲ"
နင္မုန႔္က သူမ အေတြးထဲ နစ္၀င္ေနၿပီး ေတာ္ေတာ္ၾကာသည္အထိ ဘာမွ ျပန္မေျပာဘဲ ေနာက္ဆံုးမွာေတာ့ ေျပာလာေလ၏။ "ငါ ကြာရွင္းခ်င္တယ္"
သူမက စေမာင္းဖို႔ ကားစက္ႏိႈးလိုက္သည္။ သူမ အေတြးနဲ႔ ပတ္သက္ၿပီး ေသခ်ာတယ္လို႔ သူမ ထင္လိုက္ေပမယ့္ ဆက္လက္ မစဉ္းစားဘဲ မေနႏိုင္။မူလ ဘ၀မွာ သူမက ေမြးစားခံခဲ့ရၿပီး လူခ်မ္းသာေတြအတြက္ လက္ထပ္ပြဲဆိုတာ ဘာမွန္း သူမ နားမလည္။ သူမရဲ့ ေယာက္်ားက အျပင္မွာ အငယ္အေနွာင္း ထားေနတာကိုေတာ့ သူမ အေနနဲ႔ လက္မခံႏိုင္ေပ။
က်န္းရွန႔္ေမက ေရွာ့ရစြာပဲ ကတိုက္ကရိုက္ ေျပာလိုက္သည္။ "နင္တကယ္ပဲ ကြာရွင္းရဲတယ္ေပါ့?"
နင္မုန႔္က တိုက္ပြဲရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနသၫ့္ပံုစံ ျဖစ္ေန၏။
"အင္း! သူ႔ဘာသူ ဘယ္သူ႔ ေျမးပဲျဖစ္ျဖစ္ ငါ ဂရုမစိုက္ဘူး!"
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဉ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာဝယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဉ္ေတြပါ စာစဉ္၇ [EP-165 to 189]၊ စာစဉ္၈ [EP-190 to 214]၊ စာစဉ္၉[ EP-215 to 239]၊ စာစဉ္၁၀ [EP-239 to 264]၊ စာစဉ္၁၁[EP-265 to 289]၊ စာစဉ္၁၂ [EP-290 to 314]၊ စာစဉ္၁၃ [EP-315 to 339]၊ စာစဉ္၁၄ [EP-340 to 364]၊ စာစဉ္၁၅ EP-365 to 389တို႔ပါ🥰]