UNICODE
တားရော့ ဂိမ်း (၂၂)
ဖြစ်စဥ် စချိန်လောက်ကတည်းက မိုင်နာအာကာနာကတ် ၅၆ ကတ်မှလွဲ ကျန်တားရော့ကတ်များစွာအား ဇာတ်ကားထဲတွင် ဝှက်ထားသည်ကို သရုပ်ဆောင်များအားလုံး သိထားကြသည်။ ဒီဇာတ်ကားထဲတွင် တားရော့ကတ် ဘယ်လောက်များများ တကယ်တမ်းရှိနေသည်ကို ရှဲ့ချီ ဆက်တိုက် စဥ်းစားခဲ့သည်။
တားရော့ကတ်များ ဆက်တိုက်ပေါ်ထွက်လာနေသည်က ထိုအရေအတွက်ကို တိုးသွားစေနေသည်။ ရသေ့က နတ်ဆိုးကတ်ကို ပြောလာသည့်အချိန်၌ ဖြစ်စဥ်ထဲတွင် မေဂျာအာကာနာကတ် ၁၅ ကတ်ပေါ်လာပြီဖြစ်သည်။ သရုပ်ကတ် ကိုးကတ်၊ ကစားသများကိုကူညီရန် ရသေ့ကတ်၊ စုန်းထီးကို ကူညီရန် မျှော်စင်ကတ်၊ နတ်ဆိုးကတ်နှင့် သေမင်းကတ် သုံးကတ်နှင့် နက္ခတ္တကတ် (ကြယ်နှင့်လ) နှစ်ကတ်တို့ဖြစ်သည်။
မေဂျာအာကာနာအတွက်ကား စုစုပေါင်း ၂၂ ကတ်ရှိပြီး ကျန်နေသေးသည့်ကတ်များသည် အချိန်ကြာလာသည်နှင့်အမျှ ပေါ်လာခဲကြသည်။ ခုနစ်ကတ်သာလျှင် ကျန်တော့သည်။
အရင်တစ်ခါက တားရော့ကတ်များအား ခွဲခြမ်းစိတ်ဖြာခြင်းနှင့်ပင်သက်ပြီး ယွမ့်ဇျဲနှင့် ယဲ့ရှောင့်ရှောင့်အား ရှဲ့ချီ ပြောပြခဲ့ဖူးသည်။ မပေါ်လာသေးသည့် ခုနစ်ကတ်ထဲတွင် သူတစ်စုတစ်စည်းထဲ ခွဲထုတ်ထားခဲ့သည့် စိတ္တဇကတ် လေးကတ်ရှိနေလေသည်။ ထိုသည်မှာ စစ်ရထား၊ စွမ်းအားရှင်၊တရားမျှတမှု၊ စောင့်ထိန်းမှုနှင့် နေမင်းကတ်တို့ ဖြစ်ကြသည်။ ဆိုလိုသည်က ပိုမိုရှုပ်ထွေးလှသည့် ကတ်များမှာ တရားစီရင်ခြင်းနှင့် ကမ္ဘာလောကတို့ ဖြစ်ကြလေသည်။
သူသာ ရဲတင်းစွာဆိုရမည်ဆိုပါက 'ဇာတ်ကားထဲမှာ တားရော့ ဘယ်နှစ်ကတ်ပါသလဲ' ဆိုသည့် မေးခွန်းအား ၂၁ ကတ် မဟုတ်လျှင် ၂၂ ကတ်ဟု ဖြေမည်ဖြစ်သည်။ သဘောမှာ မေဂျာအာကာနာကတ်အားလုံး ရှိနေပြီး အရာအားလုံးတွင် အဖြေရှိနေသည်ဟုပင်။ ကျန်ရှိနေသော တားရော့ခုနစ်ကတ်မှာ တည်ရှိနေသော်လည်း ဖြစ်စဥ်ထဲတွင် ဖွက်ထားလေသည်။ ဖြစ်ချင်တော့ ကျောက်တံခါးတွင် အမြောင်းလေးခုရှိနေသည်။ ရှဲ့ချီ စိတ်ထဲ၌ ခပ်ရေးရေးပုံပေါ်စပြုလာလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုသိစိတ်က ခိုင်မာသထက် ခိုင်မာလာလေသည်။
ပြန်လည်မွေးဖွားရန် ရွေးချယ်ခဲ့သော စုန်းထီးကို ကူညီထောက်ပံ့နေသည်က မျှော်စင်ကတ်၊ သေမင်းကတ်နှင့် နတ်ဆိုးကတ်ဖြစ်သည်။ ရည်ရွယ်ချက်က စတေးခံများကို စုဆောင်းရန်ဖြစ်သည်။ ကစားသမားများဖက်က စွမ်းအားကတော့ ကသေ့ကတ်ဖြစ်သည်ကိုကား သိထားပြီးဖြစ်ကြသည်။ ဒါဆိုလျှင် သူတို့သည်လည်း ပန်းတိုင်တစ်ခုရှိရပေမည်။
ဖွက်ထားသည့် စိတ္တဇနာမ်တားရော့ကတ် ဘေးခုကို ရှာပြီး ကျောက်တံခါးကို ဖွင့်ခြင်းက ကစားသမားများ ရှာမတွေ့ကြသေးသည့် ဂိမ်း၏ ပန်းတိုင်နှင့် အတော်လေးနီးစပ်ပုံ ပေါ်သည်။
စုန်းထီးသာ ဂိမ်း၏ ပန်းတိုင်ကို ရောက်သွားပြီး စတေးခံများအားလုံးကို သတ်နိုင်လိုက်သည်နှင့် ကစားပွဲကိုနိုင်သွားကာ အောင်မြင်စွာ ပြန်လည်မွေးဖွားနိုင်ပြီဖြစ်သည်။ ထိုနည်းတူစွာ ကစားသမားများသည် ကျောက်တံခါးကို ဖွင့်ရန်အတွက် စစ်ရထား၊ စွမ်းအားရှင်၊ တရားမျှတမှုနှင့် စောင့်ထိန်းခြင်း တို့ကို လိုက်ရှာရပေမည်။ ထိုမှသာ နောက်ဆုံးစီရင်ချက်တွင် အောင်နိုင်မည်ဖြစ်ပြီး ကမ္ဘာလောကဟူသည့် ကတ်ကို ရှာတွေ့မည်ဖြစ်သည်။ ကမ္ဘာလောကကတ်သည် အောင်မြင်ကာ ပြီးပြည့်စုံသော အဆုံးသတ်ကို ဆိုလိုခြင်းဖြစ်သည်။
ဤသည်ကား ပြီးပြည့်စုံသည့် ကစားပွဲဖြစ်သည်။ ဂိမ်း၏ စည်းမျဥ်းအားလုံးကို ဖုံးကွယ်ထားသည်သာ ရှိလေသည်။ ပြန်လည်မွေးဖွားခြင်းဆိုသည့် ရွေးချယ်မှုက ယုတ်ညံ့ခြင်း၊ သတ်ဖြတ်ခြင်း၊ အပြစ်နှင့် တစ်ကိုယ်ကောင်းဆန်မှုကို ကိုယ်စားပြုနေပြန်လေသည်။ ထိုသည်က ကိုယ်ကျိုးကြောင့် တစ်ပါးသူကို ဒုက္ခရောက်စေသည့် သေလမ်းပင်ဖြစ်သည်။ ၎င်းကား တရားမျှတခြင်းကတ်၏ ဆန့်ကျင်ဘက်တွင် တည်ကာ မကောင်းသည့်ကတ်များဖြစ်လေသော မျှော်စင်ကတ်၊ သေမင်းကတ်နှင့် နတ်ဆိုးကတ်တို့၏ အားပေးခြင်းကို ခံရလေသည်။
ဤလမ်းသည် ကစားသမားများ၏ သေဆုံးခြင်းပေါ် အခြေတည်ထားခြင်းဖြစ်သည်။ အောင်မြင်သွားသူသည် စုန်းထီးကို အစားထိုးကာ တားရော့စုန်းအသစ်ဖြစ်လာပေမည်။ သေလျက်နှင့်ရှင်နေသူဘဝကို စွန့်ပစ်ကာ ဘဝသစ်ရရှိပြီး သရုပ်ဆောင်ဘဝကို ပြန်လည်ရရှိကာ ဇာတ်ကားမှ ရှောရှောရှူရှူ ထွက်သွားနိုင်မည်ဖြစ်သည်။
သို့သော်လည်း ထိုလမ်းက မဲမှောင်ကာ ကျဥ်းမြောင်းလှသည်။ တားရော့ပြန်လည်မွေးဖွားခြင်းလမ်းစဥ်တွင် တစ်ခါသာ အောင်မြင်စွာပြန်လည်မွေးဖွားနိုင်မည်ဖြစ်သောကြောင့် တစ်ဦးတစ်ယောက်တည်းသာလျှင် အောင်နိုင်မည်ဖြစ်သည်။ တရားခွင်တွင် ကျန်သရုပ်ဆောင်များသည် သူတို့၏ ပြန်လည်မွေးဖွားနိုင်ဖို့ရာ လိုအပ်သည့်စွမ်းအင်ရင်းမြစ်အတွက် ကြားခံများဖြစ်သွားမည်ဖြစ်သည်။
ကျန်တစ်လမ်းသည်ကား သက်ဝင်မှုနှင့် ပြည့်နေသည်။ နှစ်ဦးနှစ်ဖက်အောင်နိုင်သည့် အခြေအနေကို ရယူနိုင်ခြေရှိလေသည်။ လူများ အလိုတူသေပေးကြသည်နှင့် တစ်ချိန်တည်းတွင် အရည်အသွေးလေးခုကို ရရှိကြမည်ဖြစ်သည်။
စစ်ရထားက ကိုယ်စားပြုသည့် စိတ်ခွန်အား၊ စွမ်းအားကတ်က ကိုယ်စားပြုသည့် ကာယခွန်အားများသည် ရှာဖွေရအလွယ်ဆုံးဖြစ်သည်။ တစ်ချိန်တည်းတွင် တရားမျှတခြင်းကတ်အတွက်ကား သရုပ်ဆောင်သည် ပြန်လည်မွေးဖွားခြင်းကို လက်လျှော့ရန်လိုလေသည်။ အခက်ခဲဆုံးသည်ကား စောင့်ထိန်းမှု ကတ်ဖြစ်လေသည်။
ဘဝလမ်းကြောင်းတွင် တစ်ဦးတစ်ယောက်တည်းသာလျှင် လျှောက်နိုင်မည်ဖြစ်သောကြောင့် ထိုတစ်ယောက်ကို တစ်ချိန်တည်းတွင် ကတ်လေးကတ်မှ ကိုယ်စားပြုသည့် အရည်အသွေးများ ရှိစေချင်လေသည်။ သေလျက်နှင့်ရှင်သူ ဖြစ်သွားကြသည့် အပိုသရုပ်ဆောင်များသည်ကား သွားစရာလမ်းမရှိတော့ဘဲ လူအများစု လျှောက်လှမ်းသွားသည့် ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းကိုသာလျှင် ရွေးချယ်ကြရလေသည်။ ထိုလမ်းကြောင်းကား အလွန်ကျဥ်းမြောင်းပြီး တစ်ယောက်တည်းသာလျှင် နိုင်မည့် ကံကြမ္မာနှင့်ဖြစ်သည်။ ရှုံးနိမ်းသွားကြသည့် ကစားသမားများမှာ ဂိမ်းကစားပွဲ ပြီးသွားသည့်အခါ ဖြစ်စဥ်ထဲတွင် ထာဝရနေခဲ့ကြရမည်ဖြစ်သည်။
အကြောင်းမှာ သူတို့၏ သရုပ်ဆောင်ဘဝကို ဆုံးရှုံးသွားကြပြီး သူတို့၏ သရုပ်ကိုပြန်လည်ရရှိမည့် ပြန်လည်မွေးဖွားခြင်းကို မအောင်မြင်ခဲ့ကြသောကြောင့်ပင်။ ယဲ့ရှောင့်ရှောင့်သည် လောလောဆယ် 'သေ' သွားသော်လည်း သရုပ်ဆောင်ဘဝနှင့် ဖြစ်သည်။ သူ တရားခွင်တွင် နိုင်သည်နှင့် ယဲ့ရှောင့်ရှောင့်သည် သရုပ်ဆောင်ဘဝနှင့် ပြန်မွေးဖွားလာမည်ဖြစ်သည်။
ဤသည်က စောင့်ထိန်းခြင်းကတ်က ပြောပြချင်နေသည့်အရာဖြစ်သည်။ အချိန်ကိုက် ချုပ်တည်းသည်းခံနိုင်စွမ်းနှင့် လက်လျှော့နိုင်စွမ်းကို ပြသနိုင်မှသာလျှင် နှစ်ဦးနှစ်ဖက်အောင်နိုင်မည့် အခြေအနေကို ရရှိမည်ဖြစ်သည်။ အသက်ရှင်ဖို့ရာ လမ်းကြောင်းတွင်ကား သရုပ်ဆောင်များ သေလျက်နှင့်ရှင်နေသည့် အနေအထားသို့ မရောက်သွားသရွေ့ …အကုန်လုံး ဂိမ်းထဲမှ ထွက်သွားနိုင်ခြေ အနည်းငယ်ရှိနေသည်။
တစ်ဖက်တွင်ကား အပြိုင်အဆိုင်နှင့် ဖိနှိပ်ခံရခြင်းတို့က လူများကို သေလမ်း ကျဥ်းကျဥ်းလေးဆီသို့ တွန်းပို့ပေးလေသည်။ အနစ်နာခံခြင်းနှင့် ယုံကြည်မှုတို့က ကျယ်ပြောသည့် အသက်ရှင်ရာလမ်းကြောင်းဆီသို့ ဦးတည်စေသည်။ ဤသည်ကား တားရော့ဂိမ်း ဇာတ်ကား၏ အကြီးဆုံးသော အဓိကအကြောင်းအရာပင် ဖြစ်လေသည်။
သေပြီးနောက် ပြန်လည်အသက်ဝင်ခြင်း —iသေပြီးနောက် သေလျက်နှင့်ရှင်နေသည့် အခြေအနေသို့ ရောက်သွားသည့် ကစားသမားတချို့သာလျှင် မဟုတ်ပေ။ ရှင်လျက်နှင့်သေနေသူဖြစ်သွားပြီးနောက် သက်သာကာ ပြိုင်ဖက်ကင်းသည့် အခြေအနေကို စိတ်လိုလက်ရ လက်လျှော့လိုက်ကြသည့် ကျန်ကစားသမားများဖြစ်လေသည်။ သေခြင်းနှင့် ရှင်ခြင်းမှာ ဘယ်သောအခါမှ ကွဲထွက်မနေပေ။ တစ်ခုမှတစ်ခုသို့ ပြောင်းလဲသွားနိုင်ကြလေသည်။
သေလျက်နှင့် ရှင်နေသူအများစုမှာ တစ်ကိုယ်ကောင်းစိတ်ကြောင့် သေသွားကြခြင်းဖြစ်သည်။ သူတို့ထဲမှ အသန်မာဆုံးလူက အထီးကျန်ဖွယ်ရာ အထွတ်ထိပ်ဆီသို့ ရောက်မည်ဖြစ်ကာ အထီးကျန်ခြင်းမှလွဲ၍ အရာအားလုံးကို ဆုံးရှုံးမည်ဖြစ်သည်။ သူတို့၏ အနစ်နာခံမှုကြောင့် သေသွားသော်လည်း အသက်ရှင်နေသေးသည့် သေသူများသည်ကား ကမ္ဘာလောကကတ်က ဖော်ပြချင်နေသည့် ပြီးပြည့်စုံမှုကို အမှန်တကယ် ရယူနိုင်မည်ဖြစ်သည်။
ကျောက်တံခါးအနောက်တွင် အခေါင်းများရှိနေပြီး ထိုသည်က ဂိမ်း၏ တရားခွင်နေရာဖြစ်သည်ဟု ရှဲ့ချီ ယုံကြည်လေသည်။ အကြောင်းမှာ တရားစီရင်ခြင်းကတ်ပေါ်တွင် အနက်ရောင်အခေါင်းများစွာ ရှိနေခြင်းကြောင့်ပင်။ တရားစီရင်ခြင်း ကတ်ပေါ်ရှိ ကောင်းကင်မှာ ကျယ်ပြောပြီး စီရင်ချက်ချသူ အိန်ဂျယ်မှာ ၎င်း၏ ကြီးမားလှသော အတောင်ပံကြီးများကို ဖြန့်ကျက်ကာ ကောင်းကင်တွင် ဝဲပျံနေသောကြောင့်ပင်။ အပြစ်ဟူသမျှ ထိုသူ၏ မျက်လုံးအောက်မှ မလွတ်ပေ။ ထိုအချိန်တွင် အားလုံးရွေးချယ်လိုက်ကြသည့် လမ်းကြောင်းများမှာ လုံးဝမတူညီကြသည့် အဆုံးသတ်များဆီသို့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
ရှဲ့ရှင်းလန်သည်လည်း သဘောပေါက်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။ "သွားမယ်။ လျှို့ဝှက်လမ်းကြောင်းဆီ ပြန်သွားကြမယ်။"
အကယ်၍ စောင့်ထိန်းခြင်းကတ်သာ ရသွားပြီဆိုလျှင် ကျောက်တံခါးပေါ်ရှိ အမြောင်းလေးခုစလုံးကို သူအခု ဖွင့်နိုင်လောက်ပြီဖြစ်သည်။ ကျန်းရှော့သည် စွမ်းအားကြီးပြီး အမြန်လိုက်သတ်နိုင်သောကြောင့် သူတို့အတွက် အချိန်သိပ်မကျန်တော့ပေ။
ရှဲ့ချီ အံ့အားသင့်သွားပြီး နည်းနည်း နောက်ကျမှ တုံ့ပြန်နိုင်တော့သည်။
"ဘာဖြစ်လို့လဲ။" ရှဲ့ရှင်းလန်မှာ ရှဲ့ချီ၏ မူမမှန်မှုကို သိသိသာသာပင် သတိထားမိလိုက်ကာ နွေးထွေးစွားမေးလာသည်။
ရှဲ့ချီ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ "ကိုကို၊ တစ်ခုခု လိုနေတယ်လို့ ကျွန်တော် ထင်နေတယ်။ ကျောက်တံခါးကို ဖွင့်လိုက်ပြီးတော့ ပြီးသွားရောလား…။"
ရှဲ့ချီ၏ မျက်လုံးများမှာ အနည်းငယ် မှင်သက်နေသည်။ ဖြစ်စဥ်ပြီးဖို့ရာအတွက် မလုံလောက်သေးဟု သူအလိုလို ခံစားမိနေသည်။ ကျောက်တံခါးကို ဖွင့်ပြီးသွားရင်ရော။ ဘာလုပ်ရမှာလဲ။ အခေါင်းထဲ ဝင်အိပ်နေရာမှာလား။ သေနေတဲ့အနေအထားနဲ့ သူ့ကိုယ်သူ ပြန်ဆက်သွယ်နေရမှာလား။ သူမသိပေ။
ရှဲ့ချီ ပြတ်သားစွာ ပြောလိုက်သည်။ "လျှို့ဝှက်လမ်းကြောင်းဆီ အရင်ပြန်သွားကြတာပေါ့။"
"ကောင်းပြီ။"
ရှဲ့ရှင်းလန်သည် တတ်နိုင်သမျှ အမြန်ဆုံး လျှို့ဝှက်လမ်းကြောင်းဆီသို့ ဦးတည်လိုက်တော့သည်။
****************
[??? သေခါနီးနေတာတွေ့တာတောင်မှ သူ့ကို မကယ်ဘူးပေါ့။]
[ဒီစရိုက်က ဆိုးလွန်းတယ်။ တတ်နိုင်နေရဲ့သားနဲ့...အမ်း။]
[စိတ်ပျက်မိ။]
[ယဲ့ရှောင့်ရှောင့်က အရမ်းနွေးထွေးပြီး စိတ်ထားကောင်းလွန်းတယ်။ ရှဲ့ချီ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ငါသိပေမဲ့ တကယ်ကြီး အဲ့လိုလုပ်တာမြင်ရတော့လည်း တကယ်ကျောချမ်းစရာကောင်းတယ်။]
[ယဲ့ရှောင့်ရှောင့်ကို ကယ်ရင်လည်း ဝန်ပိုတာပဲရှိမှာလေ။ ရှဲ့ချီဘက်က ကြည့်ရင်လည်း နားလည်ပေးလို့ရပါတယ်။]
[ရှဲ့ဖန်တွေက ဘယ်လိုများ အခုမှ အပြစ်ကယ်နေနိုင်ရတာလဲ။ နေ့တိုင်း ဇာတ်ကားဧကရာဇ် စရိုက်ကိုကျ ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေကြတာ။ မင်းတို့လူကျတော့ အခုဘယ့်နှယ်နေလဲ။]
[အမလေး ဇာတ်ကားဧကရာဇ် လျောင်ကျန်းကို တွေ့သွားတယ်…လျောင်ကျန်းတော့ သွားပြီ။]
*****************
လှပသည့် အစေခံ၏ အခန်းဆီသို့ သူပြန်ရောက်သွားချိန်တွင် ကော်ရစ်ဒါမှ လျောင်ကျန်း၏ အော်သံကို ရှဲ့ချီကြားလိုက်ရသည်။
သူ့ စိတ်ထဲ လေးပင်သွားသည်။ ဒါက မိနစ်ပိုင်းအတွင်း လေးယောက်မြောက်ပင်။ ကျန်းရှော့သည် ယဲ့ရှောင့်ရှောင့်နှင့် လျောင်ကျန်းအား တစ်ယောက်ပြီးတစ်ယောက်သတ်ပြီး မိုးမြေဆီသို့ စတေးခံနှစ်ယောက်ကို ပူဇော်ပြီးဖြစ်သည်။ သူ့ ပြီးမြောက်နှုန်းက စုန်းထီးနှင့် သွားညီနေပြီဖြစ်သည်။
သေခြင်းအစဥ်အရ ငါးယောက်မြောက် စတေးခံမှာ ကျန်းရှော့ဖြစ်သည်။ သူက ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးဖြစ်ကာ သေလျက်နှင့် ရှင်နေသူဖြစ်လာပြီးဖြစ်၍ သူ၏ သေခြင်းကို အလိုအလျောက်ပင် ကျော်သွားလေသည်။ ယခု ဖြစ်စဥ်ထဲတွင် သရုပ်ဆောင် လေးယောက်သည်သာလျှင် 'အသက်ရှင်' နေလေတော့သည်။ သူတို့ကား ယွမ့်ဇျဲ၊ စုံတွဲနှင့် ကူယွီတို့ ဖြစ်သည်။
ရှဲ့ချီ သူ့နှုတ်ခမ်းများကို ခပ်တင်းတင်းဖိကိုက်ထားမိသည်။ ကျန်းရှော့၏ လက်ရှိအရှိန်နှင့်ဆိုလျှင် အများဆုံး မိနစ်နှစ်ဆယ်အတွင်း အသက်ရှင်သူတစ်ယောက်မှ ကျန်တော့မည်မဟုတ်ပေ။ ကျန်းရှော့ တစ်ယောက်တည်းသာ လိုက်သတ်နေခြင်းမဟုတ်ပေ။ စုန်းထီးလည်း ရှိနေသေးပြန်သည်။
App ၏ လှည့်စားတတ်သော အကျင့်အရ ကျန်းရှော့ စတေးခံများအားလုံးကို သတ်ပြီးသွားသည်နှင့် ဇာတ်ကား၏ အချိန်သည်လည်း အရှိန်တက်လာမည်ဖြစ်သည်။ ပြီးမြောက်နှုန်းက တစ်ခါတည်း နောက်ဆုံးညဆီ ခုန်ကျော်သွားဖို့က မဖြစ်နိုင်သည်တော့ မဟုတ်။
မိနစ် နှစ်ဆယ်။
ရှဲ့ရှင်းလန် ပျဥ်ပြားကို ဆောင့်ကန်လိုက်ပြီး လျှို့ဝှက်လမ်းကြောင်းဆီသို့ ဝင်လိုက်ပြန်သည်။ စုန်းထီးသည်ကား ကျန်းရှော့နှင့် အပြိုင် စတေးခံများကို လိုက်သတ်နေရသောကြောင့် အလုပ်ရှုပ်နေလေသည်။ အခု လျှို့ဝှက်လမ်းကြောင်းကို စောင့်ကြည့်နေရလောက်အောင် အချိန်ရှိမည်မဟုတ်ပေ။ အကြောင်းမှာ လောလောဆယ် ကျန်းရှော့က အကြီးဆုံး အန္တရာယ်ဖြစ်နေသောကြောင့်ပင်။ ထိုသည်နှင့်ယှဥ်ပါက လျှို့ဝှက်လမ်းကြောင်းမှာ ပမွှားလေးသာပင်။
တစ်နည်းအားဖြင့် ကျန်းရှော့၏ လုပ်ရပ်က. ရှဲ့ချီကို ကူပေးသွားလေသည်။
ရှဲ့ရှင်းလန်သည် ပြေးနေရင်းနှင့် သူ့လက်ပတ်နာရီကို ကြည့်လိုက်သည်။ မကြာမီပင် ကျောက်တံခါးဆီသို့ ရောက်သွားသည်။ အရင်တစ်ခါကကဲ့သို့ပင် ပထမအမြောင်းသုံးခုထဲသို့ သူ့လက်ကို ထည့်လိုက်သည်။ ကျောက်တံခါး တုန်ခါလာမှုက ပြင်းသထက်ပြင်းလာသည်။
လေးခုအမြောင်းဆီ ဖိထားကာ စောင့်နေရင်း ရှဲ့ချီ၏ နှလုံးမှာ တင်းကြပ်နေတော့သည်။ ရုတ်တရက် အဆမတန် နာကျင်မှုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် ကျောက်တံခါးမှာ တုန်ခါစပြုလာသည်။ လျှို့ဝှက်ခန်းတစ်ခုလုံး လှုပ်ခါလာပြီး ကျောက်စရစ်ခဲများ လိမ့်ကျလာကာ သွေးကန်တိမ်တိမ်ဆီမှ သွေးများ လျှံတက်လာသည်။
ကျောက်တံခါးနောက်မှ လူများမှ အားစိုက်ထုတ်သံများကို ရှဲ့ချီ ခံစားသိလိုက်သည်။ ကျောက်တံခါးနောက်တွင် အခေါင်းဖုံးကို ရိုက်ထုနေသံက အားပေးသံအလား ကျယ်လောင်သထက် ကျယ်လောင်လာနေသည်။ သူ့ကို အားပေးပြီး အချက်ပြနေခြင်းဖြစ်လေသည်။
ကျောက်သားဂိတ်ပေါက်တွင် သွေးများ စုခဲလာပြီး အရည်ပျော်ကျသွားသည်။ ထို့နောက် ထူးဆန်းကာ လှပသည့် အဖြူရောင်ပန်းတစ်ပွင့်က သွေးထဲတွင် ပွင့်အာလာသည်။ သို့သော်လည်း စိတ်ပျက်ဖွယ်ရာပင် ကျောက်တံခါးက ပွင့်မလာခဲ့။ တုန်ခါနေသည်မှာ ကျရှုံးသည်ကို ပြောပြနေသည့်အလား ရပ်တန့်သွားသည်။
"ထင်တဲ့အတိုင်းပဲ…"
ရှဲ့ချီ စိတ်ထဲရှိ အံ့အားသင့်မှုမှာ ဒီရလဒ်ကိုမြင်လိုက်ရသောအခါ တကယ်တမ်း လွင့်ပြယ်သွားလေသည်။ နောက်ဆုံးအမြောင်းကို ကိုယ်စားပြုသည့် စောင့်ထိန်းခြင်းကို သူတို့ ရှာတွေ့ခဲ့သော်လည်း တံခါးက မပွင့်လာခဲ့ပေ။ တစ်ခုခု လိုနေသေးသည်။ ဒါက သူ့ခံစားရသည်နှင့် တိုက်ဆိုင်နေလေသည်။
ရှဲ့ရှင်းလန်မှာ တံခါးကို တွန်းတိုက်ရန်ကြိုးစားသော်လည်း အရာမထင်ပေ။ ထုရိုက်နေသေံက ပိုမြန်လာပြီး ပိုရှုပ်ထွေးလာသည်က သရုပ်ဆောင်တွေ ပိုပိုပြီး သေဆုံးသည့် အနေအထားကို ရောက်လာကြကြောင်းကို ပြနေလေသည်။ ဇာတ်ကားက ပြီးခါနီးနေပြီဖြစ်ကြောင်း သူတို့လည်း သဘောပေါက်လာကြပြီး သူ့ကို အမြန်လုပ်ပါရန် တိုက်တွန်းနေကြခြင်းဖြစ်လေသည်။
ရှဲ့ချီ သူ့လက်ပတ်နာရီကို ကြည့်လိုက်ပြန်သည်။ ငါးမိနစ်ကုန်သွားပြီဖြစ်သည်။ သူ သေချာ နားထောင်ကြည့်လိုက်သည်။ ထုရိုက်သံက ခြောက်သံရှိနေသည်။ သေခြင်းအစဥ်အရ ကျန်းရှော့သည် ငါးယောက်မြောက်ဖြစ်ပြီး ယွမ့်ဇျဲက ေခြောက်ယောက်မြောက်ဖြစ်လေသည်။ ထုရိုက်သံ ခြောက်ခုရှိနေလေသောကြောင့် ယွမ့်ဇျဲကို ကျန်းရှော့ သတ်ပစ်ပြီးဖြစ်လေသည်။
သုံးယောက်သာလျှင် ကျန်တော့သည်။ နောက်ဆုံး ကူယွီသည်ကား ကျန်းရှော့လက်ထဲတွင် လုံးဝရုန်းကန်မည်မဟုတ်သောကြောင့် ကူယွီကိုသတ်ဖို့ရာက ကျန်းရှော့အတွက် လွယ်လေသည်။ စုံတွဲသာလျှင် ကျန်တော့သည်။
ရှဲ့ချီ စိတ်ငြိမ်ငြိမ်ထားလိုက်သည်။ ဒီတစ်လျှောက်လုံး ကိစ္စများစွာကို သူကြုံကြိုက်ပြီးဖြစ်ကာ ဘယ်အရာကမှ သူ့ခံစားချက်များကို လွတ်ထွက်သွားစေမည် မဟုတ်ပေ။ လျှို့ဝှက်အခန်းထဲ သူပတ်ရှာကြည့်လိုက်ပြီး ဘာမှရှာမတွေ့ပေ။ ထို့နောက် တစ်ပတ်လှည့်ကာ သူ့အကြည့်က သွေးထဲတွင် ပွင့်အာနေသည့် ထူးဆန်းသော အဖြူရောင်ပန်းပွင့်ဆီ ရောက်သွားသည်။
ရှဲ့ချီ ထိတ်လန့်သွားပြီး သူ၏ စိတ်ထဲ နည်းနည်းလှုပ်ခတ်သွားသည်။ အဖြူရောင်ပန်ဆီသို့ သူလျှောက်သွားလိုက်ကာ ခေါင်းကိုငုံ့ကာ ထိလိုက်ပြီး အနံ့ခံကြည့်လိုက်ပြန်သည်။ ပန်းပွင့်ဖြူ၏ အမြစ်စိမ်းများတွင် အဆူးများရှိနေသည်။ ရနံ့မှာ မွှေးကြိုင်ပြီး ကျော့ရှင်းသည်။ နှင်းဆီကိုမှ အဖြူရောင်နှင့် ခပ်ဆင်ဆင်ပင်။ သွေးထဲတွင် ပွင့်နေသည့် နှင်းဆီဖြူ။
မေဂျာအာကာနာကတ် ၂၂ ကတ်ထဲတွင် အရူးကတ်ထဲ၌ အရောင်စုံအဝတ်အစားနှင့် လူငယ်တစ်ယောက်ပါသည်ကို ရှဲ့ချီ မှတ်မိလိုက်သည်။ သူ့အရှေ့တွင် အသူရာချောက်နက်ကြီး ရှိနေသော်ငြားလည်း ဒယိမ်းဒယိုင်ဖြင့် မသိကျိုးကျွံပြု ထားလေသည်။ သူ၏ အမူအရာမှာ ပေါ့ပါးကာ မသိနားမလည်၊ အကြောက်အလန့်မရှိ၊ ရူးမိုက်စွာဖြင့် ရှေ့သို့ ဆက်လျှောက်သွားနေလေသည်။
အရူးကတ်က စွန့်စားမှု၊ ပရမ်းပတာနိုင်မှု၊ အလိုလိုသိစိတ်၊ စိတ်အားတက်ကြွမှု၊ သတ္တိနှင့် ဖြူစင်ခြင်းကို ကိုယ်စားပြုသည်။ အရူး၏ ဘယ်ဘက်လက်ထဲတွင်ကား နှင်းဆီဖြူရှိနေသည်။ ထိုနှင်းဆီဖြူက အရူး၏ ဖြူစင်ခြင်းနှင့် စိတ်အားတက်ကြွမှုကို ကိုယ်စားပြုသည်။
တားရော့ လေးကတ်ကို စုဆောင်းပြီးသည့်နောက် ဒီလိုအရေးပါသည့် နှင်းဆီဖြူက သူ့ကို လမ်းပြပေးရန်ပေါ်လာသည်။
လျောင်းဝမ်က အရူးလို့ ပြောချင်နေတာလား။
ရှဲ့ချီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မဟုတ်သေး။ လျောင်းဝမ်နှင့် နှင်းဆီဖြူကြားက ဆက်နွယ်မှုကို သူမစဥ်းစားနိုင်သေး။ ထို့အပြင် လျောင်းဝမ်က သေသွားပြီဖြစ်သည်။ လျောင်းဝမ်ရဲ့ အလောင်းပေါ်မှာ လျှို့ဝှက်ချက်တွေဘာတွေ ရှိနေလို့များလား။ ဒါဆို ဘာလို့ နှင်းဆီးဖြူကို သုံးပြီး သွယ်ဝိုက်ပြောနေရတာလဲ။ တစ်ခါတည်း အရူးကတ်ကို သုံးလိုက်တာမှ ပိုမကောင်းပေဘူးလား။
အမြောင်းလေးခုစလုံးသည် ကောင်းမွန်သည့် အဓိပ္ပါယ်များနှင့် တားရော့ကတ်များ ဖြစ်ကြလေသည်။ ခုနက စဥ်းစားပုံအရဆိုပါက နှင်းဆီဖြူကို လျောင်းဝမ်၏ အလောင်းနှင့် ဆက်စပ်လို့ မရပေ။
နေဦး—
ရှဲ့ချီ၏ နှလုံးမှာ ရုတ်တရက် တုန်လှုပ်သွားရသည်။ အရူးကတ်ပေါ်ရှိ နှင်းဆီဖြူသည် စိတ်နှလုံး ဖြူစင်ခြင်းကို ကိုယ်စားပြုသည်။ ဖြစ်နိုင်တာက အဲ့ဒါ… နှလုံးကိုပြောတာ။ အရူးကတ်သည် မေဂျာအာကာနာ ၂၂ ကတ်ထဲတွင် ပထမဦးဆုံးကတ်ဖြစ်ပြီး ကိုယ်စားပြုသည်က … အစ။ အရာအားလုံး၏ အစကိုဖြစ်သည်။
ရှဲ့ချီ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ လက်များ တုန်ယင်လာသည်။ သူ၏ မျက်လုံးများကို မှိတ်လိုက်ကာ အစကတည်းြ လက်ရှိအချိန်ထိ ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြန်စဥ်းစားလိုက်သည်။ သူ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ အင်မတန် ထိတ်လန့်သွားရသည်။
အချိန်အတော်ကြာအောင် ကိုက်ညီသည့်အချက်ရှာမတွေ့သောကြောင့် သူမသိလိုက်ပါဘဲ လျစ်လျူရှုထားမိသည့် အချက်တစ်ချက်ရှိလေသည်။ ဖြစ်စဥ်စတင်ပြီး မကြာမီတွင် သူတို့အား ရဲတိုက်နှင့် မိတ်ဆက်ပေးခဲ့သည်။ အစေခံများက ရွှေရောင်ပုလင်းများထံမှ ပုပ်သိုးနေသည့်အသားများကို ထုတ်ကာ ကျီးကန်းများကို အစာကျွေးခဲ့ကြသည်။
ရှဲ့ချီ ခဏကြာအောင် သူ့လက်သူစိုက်ကြည့်လိုက်ပြီး သူ၏ နှလုံးပေါ်လက်တင်ထားလိုက်သည်။ ရုတ်တရက် ခုန်နေသံထွက်လာသည်။ ထိုသည်က ချောမွတ်ကာ စည်းချက်ကျပြီး စစ်မှန်ကာ နွေးထွေးလေသည်။
ရှဲ့ချီသည် ကူကယ်ရာမဲ့ဟန်နှင့် စိတ်အေးဟန်ဖြင့် ဖြည်းဖြည်းချင်း ပြုံးလာသည်။
ဒါကိုး။ နှင်းဆီဖြူက သူ့အား အစသို့ ပြန်သွားပြီး ပြဿနာကို စဥ်းစားရန် ပြောနေခြင်းပင်။ ဇာတ်ကား၏ အစက ရဲတိုက်ထဲ ဝင်သည့်အခါ၊ ဦးဆောင်လမ်းပြပေးမည့် အစေခံနှင့်တွေ့သောအခါ (သို့) ကျောက်ပုစွန်နှင့် ခရုစုပ်ငှက်တို့ကို ရှာတွေ့သည့်အခါလည်း မဟုတ်ပေ။
ထိုသည်က … တောအုပ်နက်ထဲတွင် နိုးလာကြချိန်ဖြစ်သည်။
ဒါကမှ ဇာတ်ကား၏ အစ— တောအုပ်နက်ထဲတွင် သရုပ်ဆောင်တို့ တစ်အုပ်စုလုံး နိုးလာကြခြင်းပင်။ ရှဲ့ချီ ရှင်းရှင်းလင်းလင်းကို မှတ်မိနေသည်။ သူသည် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်ခဲ့ဖူးသော်လည်း တစ်ခါမှ မူးနောက်ကာ နိုးထလာခြင်းမရှိခဲ့ပေ။ ဒီတစ်ကြိမ်တွင် သူတို့နိုးလာကြပြီး မြေပေါ်တွင် လဲနေကြသည်ကို တွေ့လိုက်ကြရလေသည်။
နှင်းဆီဖြူကို မတွေ့လိုက်ရသေးခင်တွင် သူသည် ထိုအရာက ဇာတ်ကြောင်း၏ လိုအပ်မှုအရသာဟုပင် ထင်ခဲ့မိပြီး သိပ်ရှည်ရှည်ဝေးဝေး မစဥ်းစားခဲ့ပေ။ သို့သော် ယခု အလွန်အင်မတန်မှ အရေးကြီးသည့် မေးခွန်းတစ်ခု သူ့စိတ်ထဲပေါ်လာသည်။
ဒီတားရော့ ဂိမ်းက ဘယ်အချိန်တုန်းက စခဲ့တာလဲ။
အစေခံမလေးက ဂိမ်းစည်းမျဥ်းတွေကို ရှင်းပြနေတဲ့အချိန်လား။ ကျီးကန်းတွေ ကပြကြတဲ့အချိန်လား။ ဝတ်စုံနက်နဲ့အစေခံက သော့ကိုမျိုချပစ်တဲ့အချိန်မှာလား။ ဒါမှမဟုတ် အဲ့ထက်စောလေသလား။
ဒါမှမဟုတ်…ဂိမ်းက သူတို့ နိုးလာတဲ့အချိန်ကတည်းက တိတ်တဆိတ် စတင်ခဲ့ပြီးဖြစ်နေသလား။
မဟုတ်ဘူး။
သူတို့ မနိုးခင်ကတည်းက ဂိမ်းက စနေခဲ့တာ။
ဂိမ်း၏ စည်းမျဥ်းများနှင့် အစေခံမလေးက စပြီးမိတ်ဆက်ပေးစဥ် သူမသည် ' ဂိမ်းစတင်ပါပြီ။ ဂိမ်းရဲ့ စည်းမျဥ်တွေကို မိတ်ဆက်ပေးပါရစေ' ဟု ပြောခဲ့တာမဟုတ်၊ 'မိတ်ဆက်ပြီးတာနဲ့ ဂိမ်းစတင်ပါတော့မယ်' လည်းမဟုတ်ကြောင်း ရှဲ့ချီ အသေအချာမှတ်မိသည်။
ဂိမ်းက …စနေပြီးသား ဖြစ်နေခဲ့သည်။
သတိလစ်နေသည့်အနေအထားနှင့် သူတို့နိုးထလာကြသည့် အကြောင်းအရင်းက ပြဿနာအားလုံး၏ ပင်မအရင်းမြစ်ပင်။
"ကိုကို၊ ဘယ်ဖက်ရင်ဘတ်ကို နှိုက်ထုတ်ကြည့်လိုက်။" ရှဲ့ချီ တည်ငြိမ်စွာပင် ခိုင်းလိုက်သည်။ သူသည် လောလောဆယ် သေလျက်နှင့်ရှင်နေသူ မသေမျိုးဖြစ်သည်။ ရင်ဘတ်ထဲ နှိုက်ထုတ်လိုက်လို့ မသေသွားပေ။ အတည်ပြုဖို့ရာ သူလိုသည်။
ရှဲ့ရှင်းလန် နားလည်လိုက်သည်။ ဘေးဖက်ဆီမှ ချွန်ထက်သည့် အရိုးတစ်ခုကို ရှာလိုက်ပြီး သူ့နှလုံးရှိသည့်နေရာကို ဖြတ်ထုတ်လိုက်သည်။ သူ့ဦးနှောက်ထဲ ပြင်းထန်သော နာကျင်မှုက ရိုက်ခတ်လာသည်။ ရှဲ့ရှင်းလန် အံတင်းတင်းကြိတ်ကာ သူ၏ လက်များမှာ သွေးစက်လက်ကျနေပြီး မျက်လုံးများမှာ မူးဝေနေသည်။ ထိန်းမနိုင်သိမ်းမရစွာ တုန်ယင်နေလေသည့် သူ့လက်ကို ဘယ်ဖက်ရင်ဘတ်ထဲ ထည့်လိုက်ပြီး ခဏကြာ ဟိုစမ်းဒီစမ်းရှာလိုက်သည်။
သူ၏ အမူအရာမှာ လုံးဝပြောင်းလဲသွားလေသည်။ နှလုံးရှိနေရမည့် နေရာက ဗလာဟင်းလင်းဖြစ်နေသည်။ စစ်မှန်ပြီး စိတ်အေးဖွယ်ရာ နှလုံးခုန်သံမှာ ပုံရိပ်ယောင်မျှသာ ဖြစ်နေခဲ့သည်။ သူ၏ နှလုံးမှာ ပျောက်ဆုံးနေလေသည်။
ကစားသမားအားလုံးတွင် နှလုံးများမရှိကြပေ။ နှင်းဆီဖြူက သင်္ကေတပြုထားသည့် ဖြူစင်သည့် နှလုံးသားမရှိကြပေ။ ထို့ကြောင့် အစကတည်းက သူ၏ ဖြူစင်ပြီး စစ်မှန်လေသည့် နှလုံးသားမှာ ပျောက်ဆုံးနေလေသောကြောင့် ကျောက်တံခါးကို မဖွင့်နိုင်ခဲ့ပေ။ စင်ကြယ်လှသည့် နှင်းဆီဖြူက ပုပ်သိုးကာ ဆိုးညစ်သည့် သွေးအိုင်ထဲတွင် ပွင့်အာနေခဲ့သည်။
ရှဲ့ချီ သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဇာတ်ကားအစကတည်းက အခုချိန်ထိ ဖြစ်ပျက်ခဲ့သမျှကို အမြန်ပြန်စဥ်းစားလိုက်သည်။ မျက်လုံးများကို ပြန်ဖွင့်လိုက်သည်နှင့် သူ၏ မျက်လုံးများမှာ အရင်ကထက် ပိုမို သန့်စင်နေလေတော့သည်။ "ကိုကို၊ သရုပ်ဆောင်တွေ ပျောက်နေတဲ့နှလုံးက သူတို့နဲ့ ကိုက်ညီနေတဲ့ ကျီးကန်းတွေရဲ့ ကိုယ်ထဲမှာ ရှိနေတယ်။ သူတို့တွေ ယာယီလူတွေဖြစ်လာနိုင်ကြတယ်ဆိုတာက ဂိမ်းရဲ့စည်းမျဥ်းအရ သရုပ်ဆောင်တွေရဲ့ နှလုံးတွေကို ခိုးထားကြလို့ပဲ။"
ရှဲ့ချီသည် တောအုပ်နက်ထဲတွင် သူမျက်လုံးစဖွင့်ခဲ့သည့်အချိန်ကို ပြန်တွေးလိုက်သည်။ ကောင်းကင်ရှိ ကြယ်ရှစ်စင်းကိုသာ သူမြင်ခဲ့သည်မဟုတ်…သစ်ပင်ထိပ်ရှိ ကျီးကန်းများကိုလည်း သူမြင်ခဲ့လေသည်။
ဒါက အစပင်။ ကြယ်များနှင့် ကျီးကန်းများသာလျှင် ဘေးပတ်လည်တွင် ရှိခဲ့သည်။ ကြယ်များသည် နတ္ခတ္တဖြစ်စဥ်ကို ကိုယ်စားပြုပြီး ကျီးကန်းများသည်ကား နှလုံးသူခိုးများကို ကိုယ်စားပြုသည်။ ထိုအချိန်တုန်းက သူဘာမှမသိခဲ့သော်လည်း သူ့နှလုံးကတော့ ကျီးကန်းထဲတွင် ရောက်နေပြီဖြစ်သည်။
"ကျီးကန်းတွေစားနေကြတဲ့ ပုပ်နေတဲ့အသားတွေက သူတို့ နှလုံးတွေပဲ။"
အစေခံများက ကျီးကန်းများကို အစာကျွေးသောအခါ ကျီးကန်းများသည် ရွှေရောင်ပုလင်းတစ်ခုစီမှ အသားများကိုသာ စားခွင့်ရှိကြသည်ကို ရှဲ့ချီ ကောင်းကောင်းမှတ်မိနေသည်။ ကျီးကန်းတစ်ကောင်က ကျန်ပုလင်းထဲမှ အသားကိုစားချင်သည်ဆိုပါက အစေခံများက တင်းမာစွာ မောင်းထုတ်လေသည်။
ရွှေရောင်ပုလင်းလေးများ တစ်ခုစီထဲတွင် ရှေ့က ကစားသမားများ၏ ပျောက်ဆုံးသွားသော နှလုံးများရှိနေသည်။ အချိန်ကုန်လွန်မှုကြောင့် ၎င်းတို့မှာ ပုပ်သိုးကာ အနံ့ဆိုးများ ထွက်နေလေသည်။ အရင်ကစားသမားများသည် သူတို့၏ ပျောက်ဆုံးနေသော နှလုံးများကို ရှာမတွေ့ခဲ့ကြဘဲ နောက်ဂိမ်းသစ်အစတွင် သူတို့၏ ပုပ်သိုးနေသော နှလုံးများကို စားပစ်ကြရပြီး စုန်းထီး၏ အစေအပါးများအဖြစ်သို့ နိမ့်ကျသွားကြရသည်။ ပုပ်သိုးနေသည့် အသားများသည် သူတို့၏ ကျရှုံးမှုနှင့် ထာဝရဆုံရှုံးမှု၏ သင်္ကေတဖြစ်လေသည်။
ကစားသမားသစ်များသည် အရင်ကစားသမားများ၏ ဆက်ခံသူများဖြစ်ကြပြီး သူတို့၏ နှလုံးများမှာ ကျီးကန်းထဲတွင် ရှိကြလေသည်။ သူတို့သာ ကျရှုံးခဲ့ပါက သူတို့၏ ပုပ်သိုးနေလေပြီးသော နှလုံးများကို နောက်ဂိမ်းတစ်ခု၏ အစတွင် သူတို့ကို ပြန်ကျွေးမည် ဖြစ်သည်။ အကြောင်းမှာ နှလုံးများသည် အသုံးမဝင်ကြတော့သောကြောင့်ပင်။
အရာအားလုံးကို ပြန်လည်ရယူနိုင်မည့်နည်းလမ်းမှာ သူတို့၏ နှလုံးကို ပြန်ယူရန်ဖြစ်လေသည်။ အကြောင်းမှာ သရုပ်ဆောင်များ ဤမကောင်းသည့်ဂိမ်းကို လာရောက်ယှဥ်ပြိုင်ကြသည်မှာ ပိုက်ဆံ၏ ဆွဲညှို့မှုကြောင့်ဖြစ်သည်။ ဒါက ကျောက်တံခါးကို ဖွင့်ရန်အတွက် အရေးအကြီးဆုံးအရာပင် ဖြစ်သည်။
ကိုက်ညီသည့် ကျီးကန်းကို သူလိုက်ရှာကာ ကျီးကန်း၏ ရင်ဘတ်ထဲမှ သရုပ်ဆောင်၏ နှလုံးကို ဆွဲထုတ်ပြီး ရှာတွေ့သည့်နှလုံးကို အခေါင်းထဲရှိ သရုပ်ဆောင်၏ ရင်ဘတ်ထဲ ထည့်ဖို့ရာလိုလေသည်။ ဤနည်းဖြင့် တရားခွင်တွင် သူတို့ အသစ်တဖန် အသက်ရှင်နေနိုင်ကြမည်ဖြစ်သည်။
ရှဲ့ရှင်းလန်လည်း အကြောင်းအကျိုးများကို သဘောပေါက်သွားသည်။
ရှဲ့ချီ ချက်ချင်းပင် ညွှန်ကြားလိုက်သည်။ "ကိုကို၊ ကျွန်တော်တို့တွေ ကျွန်တော့်နှလုံးနဲ့ ယဲ့ရှောင့်ရှောင့်နဲ့ ယွမ့်ဇျဲရဲ့ နှလုံးတွေကို သွားရှာမှဖြစ်မယ်။
******====******
ဘယ်သူပြောလဲ…ရှဲ့ချီ နှလုံးသားမရှိဘူးလို့။ အဲ…ဒီအပိုင်းမှာ တကယ်ပျောက်နေပေမဲ့ပေါ့~lol
ဒီလိုပါပဲ... ဖတ်ဖတ်ချင်းတော့ အကုန် လုံးစေ့ပတ်စေ့ နားလည်ချင်ယောင်ဆောင်ရတာပေါ့။
ပြီးတော့မယ်~ပြီးတော့မယ်~Yo Yo
..................................
ZAWGYI
တားေရာ့ ဂိမ္း (၂၂)
ျဖစ္စဥ္ စခ်ိန္ေလာက္ကတည္းက မိုင္နာအာကာနာကတ္ ၅၆ ကတ္မွလြဲ က်န္တားေရာ့ကတ္မ်ားစြာအား ဇာတ္ကားထဲတြင္ ဝွက္ထားသည္ကို သ႐ုပ္ေဆာင္မ်ားအားလုံး သိထားၾကသည္။ ဒီဇာတ္ကားထဲတြင္ တားေရာ့ကတ္ ဘယ္ေလာက္မ်ားမ်ား တကယ္တမ္း႐ွိေနသည္ကို ႐ွဲ႕ခ်ီ ဆက္တိုက္ စဥ္းစားခဲ့သည္။
တားေရာ့ကတ္မ်ား ဆက္တိုက္ေပၚထြက္လာေနသည္က ထိုအေရအတြက္ကို တိုးသြားေစေနသည္။ ရေသ့က နတ္ဆိုးကတ္ကို ေျပာလာသည့္အခ်ိန္၌ ျဖစ္စဥ္ထဲတြင္ ေမဂ်ာအာကာနာကတ္ ၁၅ ကတ္ေပၚလာၿပီျဖစ္သည္။ သ႐ုပ္ကတ္ ကိုးကတ္၊ ကစားသမ်ားကိုကူညီရန္ ရေသ့ကတ္၊ စုန္းထီးကို ကူညီရန္ ေမွ်ာ္စင္ကတ္၊ နတ္ဆိုးကတ္ႏွင့္ ေသမင္းကတ္ သုံးကတ္ႏွင့္ နကၡတၱကတ္ (ၾကယ္ႏွင့္လ) ႏွစ္ကတ္တို႔ျဖစ္သည္။
ေမဂ်ာအာကာနာအတြက္ကား စုစုေပါင္း ၂၂ ကတ္႐ွိၿပီး က်န္ေနေသးသည့္ကတ္မ်ားသည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေပၚလာခဲၾကသည္။ ခုနစ္ကတ္သာလွ်င္ က်န္ေတာ့သည္။
အရင္တစ္ခါက တားေရာ့ကတ္မ်ားအား ခြဲျခမ္းစိတ္ျဖာျခင္းႏွင့္ပင္သက္ၿပီး ယြမ့္ဇ်ဲႏွင့္ ယဲ့ေ႐ွာင့္ေ႐ွာင့္အား ႐ွဲ႕ခ်ီ ေျပာျပခဲ့ဖူးသည္။ မေပၚလာေသးသည့္ ခုနစ္ကတ္ထဲတြင္ သူတစ္စုတစ္စည္းထဲ ခြဲထုတ္ထားခဲ့သည့္ စိတၱဇကတ္ ေလးကတ္႐ွိေနေလသည္။ ထိုသည္မွာ စစ္ရထား၊ စြမ္းအား႐ွင္၊တရားမွ်တမႈ၊ ေစာင့္ထိန္းမႈႏွင့္ ေနမင္းကတ္တို႔ ျဖစ္ၾကသည္။ ဆိုလိုသည္က ပိုမို႐ႈပ္ေထြးလွသည့္ ကတ္မ်ားမွာ တရားစီရင္ျခင္းႏွင့္ ကမ႓ာေလာကတို႔ ျဖစ္ၾကေလသည္။
သူသာ ရဲတင္းစြာဆိုရမည္ဆိုပါက 'ဇာတ္ကားထဲမွာ တားေရာ့ ဘယ္ႏွစ္ကတ္ပါသလဲ' ဆိုသည့္ ေမးခြန္းအား ၂၁ ကတ္ မဟုတ္လွ်င္ ၂၂ ကတ္ဟု ေျဖမည္ျဖစ္သည္။ သေဘာမွာ ေမဂ်ာအာကာနာကတ္အားလုံး ႐ွိေနၿပီး အရာအားလုံးတြင္ အေျဖ႐ွိေနသည္ဟုပင္။ က်န္႐ွိေနေသာ တားေရာ့ခုနစ္ကတ္မွာ တည္႐ွိေနေသာ္လည္း ျဖစ္စဥ္ထဲတြင္ ဖြက္ထားေလသည္။ ျဖစ္ခ်င္ေတာ့ ေက်ာက္တံခါးတြင္ အေျမာင္းေလးခု႐ွိေနသည္။ ႐ွဲ႕ခ်ီ စိတ္ထဲ၌ ခပ္ေရးေရးပုံေပၚစျပဳလာေလသည္။
အခ်ိန္ၾကာလာသည္ႏွင့္အမွ် ထိုသိစိတ္က ခိုင္မာသထက္ ခိုင္မာလာေလသည္။
ျပန္လည္ေမြးဖြားရန္ ေ႐ြးခ်ယ္ခဲ့ေသာ စုန္းထီးကို ကူညီေထာက္ပံ့ေနသည္က ေမွ်ာ္စင္ကတ္၊ ေသမင္းကတ္ႏွင့္ နတ္ဆိုးကတ္ျဖစ္သည္။ ရည္႐ြယ္ခ်က္က စေတးခံမ်ားကို စုေဆာင္းရန္ျဖစ္သည္။ ကစားသမားမ်ားဖက္က စြမ္းအားကေတာ့ ကေသ့ကတ္ျဖစ္သည္ကိုကား သိထားၿပီးျဖစ္ၾကသည္။ ဒါဆိုလွ်င္ သူတို႔သည္လည္း ပန္းတိုင္တစ္ခု႐ွိရေပမည္။
ဖြက္ထားသည့္ စိတၱဇနာမ္တားေရာ့ကတ္ ေဘးခုကို ႐ွာၿပီး ေက်ာက္တံခါးကို ဖြင့္ျခင္းက ကစားသမားမ်ား ႐ွာမေတြ႕ၾကေသးသည့္ ဂိမ္း၏ ပန္းတိုင္ႏွင့္ အေတာ္ေလးနီးစပ္ပုံ ေပၚသည္။
စုန္းထီးသာ ဂိမ္း၏ ပန္းတိုင္ကို ေရာက္သြားၿပီး စေတးခံမ်ားအားလုံးကို သတ္ႏိုင္လိုက္သည္ႏွင့္ ကစားပြဲကိုႏိုင္သြားကာ ေအာင္ျမင္စြာ ျပန္လည္ေမြးဖြားႏိုင္ၿပီျဖစ္သည္။ ထိုနည္းတူစြာ ကစားသမားမ်ားသည္ ေက်ာက္တံခါးကို ဖြင့္ရန္အတြက္ စစ္ရထား၊ စြမ္းအား႐ွင္၊ တရားမွ်တမႈႏွင့္ ေစာင့္ထိန္းျခင္း တို႔ကို လိုက္႐ွာရေပမည္။ ထိုမွသာ ေနာက္ဆုံးစီရင္ခ်က္တြင္ ေအာင္ႏိုင္မည္ျဖစ္ၿပီး ကမ႓ာေလာကဟူသည့္ ကတ္ကို ႐ွာေတြ႕မည္ျဖစ္သည္။ ကမ႓ာေလာကကတ္သည္ ေအာင္ျမင္ကာ ၿပီးျပည့္စုံေသာ အဆုံးသတ္ကို ဆိုလိုျခင္းျဖစ္သည္။
ဤသည္ကား ၿပီးျပည့္စုံသည့္ ကစားပြဲျဖစ္သည္။ ဂိမ္း၏ စည္းမ်ဥ္းအားလုံးကို ဖုံးကြယ္ထားသည္သာ ႐ွိေလသည္။ ျပန္လည္ေမြးဖြားျခင္းဆိုသည့္ ေ႐ြးခ်ယ္မႈက ယုတ္ညံ့ျခင္း၊ သတ္ျဖတ္ျခင္း၊ အျပစ္ႏွင့္ တစ္ကိုယ္ေကာင္းဆန္မႈကို ကိုယ္စားျပဳေနျပန္ေလသည္။ ထိုသည္က ကိုယ္က်ိဳးေၾကာင့္ တစ္ပါးသူကို ဒုကၡေရာက္ေစသည့္ ေသလမ္းပင္ျဖစ္သည္။ ၎ကား တရားမွ်တျခင္းကတ္၏ ဆန္႔က်င္ဘက္တြင္ တည္ကာ မေကာင္းသည့္ကတ္မ်ားျဖစ္ေလေသာ ေမွ်ာ္စင္ကတ္၊ ေသမင္းကတ္ႏွင့္ နတ္ဆိုးကတ္တို႔၏ အားေပးျခင္းကို ခံရေလသည္။
ဤလမ္းသည္ ကစားသမားမ်ား၏ ေသဆုံးျခင္းေပၚ အေျခတည္ထားျခင္းျဖစ္သည္။ ေအာင္ျမင္သြားသူသည္ စုန္းထီးကို အစားထိုးကာ တားေရာ့စုန္းအသစ္ျဖစ္လာေပမည္။ ေသလ်က္ႏွင့္႐ွင္ေနသူဘဝကို စြန္႔ပစ္ကာ ဘဝသစ္ရ႐ွိၿပီး သ႐ုပ္ေဆာင္ဘဝကို ျပန္လည္ရ႐ွိကာ ဇာတ္ကားမွ ေ႐ွာေ႐ွာ႐ွဴ႐ွဴ ထြက္သြားႏိုင္မည္ျဖစ္သည္။
သို႔ေသာ္လည္း ထိုလမ္းက မဲေမွာင္ကာ က်ဥ္းေျမာင္းလွသည္။ တားေရာ့ျပန္လည္ေမြးဖြားျခင္းလမ္းစဥ္တြင္ တစ္ခါသာ ေအာင္ျမင္စြာျပန္လည္ေမြးဖြားႏိုင္မည္ျဖစ္ေသာေၾကာင့္ တစ္ဦးတစ္ေယာက္တည္းသာလွ်င္ ေအာင္ႏိုင္မည္ျဖစ္သည္။ တရားခြင္တြင္ က်န္သ႐ုပ္ေဆာင္မ်ားသည္ သူတို႔၏ ျပန္လည္ေမြးဖြားႏိုင္ဖို႔ရာ လိုအပ္သည့္စြမ္းအင္ရင္းျမစ္အတြက္ ၾကားခံမ်ားျဖစ္သြားမည္ျဖစ္သည္။
က်န္တစ္လမ္းသည္ကား သက္ဝင္မႈႏွင့္ ျပည့္ေနသည္။ ႏွစ္ဦးႏွစ္ဖက္ေအာင္ႏိုင္သည့္ အေျခအေနကို ရယူႏိုင္ေျခ႐ွိေလသည္။ လူမ်ား အလိုတူေသေပးၾကသည္ႏွင့္ တစ္ခ်ိန္တည္းတြင္ အရည္အေသြးေလးခုကို ရ႐ွိၾကမည္ျဖစ္သည္။
စစ္ရထားက ကိုယ္စားျပဳသည့္ စိတ္ခြန္အား၊ စြမ္းအားကတ္က ကိုယ္စားျပဳသည့္ ကာယခြန္အားမ်ားသည္ ႐ွာေဖြရအလြယ္ဆုံးျဖစ္သည္။ တစ္ခ်ိန္တည္းတြင္ တရားမွ်တျခင္းကတ္အတြက္ကား သ႐ုပ္ေဆာင္သည္ ျပန္လည္ေမြးဖြားျခင္းကို လက္ေလွ်ာ့ရန္လိုေလသည္။ အခက္ခဲဆုံးသည္ကား ေစာင့္ထိန္းမႈ ကတ္ျဖစ္ေလသည္။
ဘဝလမ္းေၾကာင္းတြင္ တစ္ဦးတစ္ေယာက္တည္းသာလွ်င္ ေလွ်ာက္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ထိုတစ္ေယာက္ကို တစ္ခ်ိန္တည္းတြင္ ကတ္ေလးကတ္မွ ကိုယ္စားျပဳသည့္ အရည္အေသြးမ်ား ႐ွိေစခ်င္ေလသည္။ ေသလ်က္ႏွင့္႐ွင္သူ ျဖစ္သြားၾကသည့္ အပိုသ႐ုပ္ေဆာင္မ်ားသည္ကား သြားစရာလမ္းမ႐ွိေတာ့ဘဲ လူအမ်ားစု ေလွ်ာက္လွမ္းသြားသည့္ ျပန္လည္ေမြးဖြားျခင္းလမ္းေၾကာင္းကိုသာလွ်င္ ေ႐ြးခ်ယ္ၾကရေလသည္။ ထိုလမ္းေၾကာင္းကား အလြန္က်ဥ္းေျမာင္းၿပီး တစ္ေယာက္တည္းသာလွ်င္ ႏိုင္မည့္ ကံၾကမၼာႏွင့္ျဖစ္သည္။ ႐ႈံးနိမ္းသြားၾကသည့္ ကစားသမားမ်ားမွာ ဂိမ္းကစားပြဲ ၿပီးသြားသည့္အခါ ျဖစ္စဥ္ထဲတြင္ ထာဝရေနခဲ့ၾကရမည္ျဖစ္သည္။
အေၾကာင္းမွာ သူတို႔၏ သ႐ုပ္ေဆာင္ဘဝကို ဆုံး႐ႈံးသြားၾကၿပီး သူတို႔၏ သ႐ုပ္ကိုျပန္လည္ရ႐ွိမည့္ ျပန္လည္ေမြးဖြားျခင္းကို မေအာင္ျမင္ခဲ့ၾကေသာေၾကာင့္ပင္။ ယဲ့ေ႐ွာင့္ေ႐ွာင့္သည္ ေလာေလာဆယ္ 'ေသ' သြားေသာ္လည္း သ႐ုပ္ေဆာင္ဘဝႏွင့္ ျဖစ္သည္။ သူ တရားခြင္တြင္ ႏိုင္သည္ႏွင့္ ယဲ့ေ႐ွာင့္ေ႐ွာင့္သည္ သ႐ုပ္ေဆာင္ဘဝႏွင့္ ျပန္ေမြးဖြားလာမည္ျဖစ္သည္။
ဤသည္က ေစာင့္ထိန္းျခင္းကတ္က ေျပာျပခ်င္ေနသည့္အရာျဖစ္သည္။ အခ်ိန္ကိုက္ ခ်ဳပ္တည္းသည္းခံႏိုင္စြမ္းႏွင့္ လက္ေလွ်ာ့ႏိုင္စြမ္းကို ျပသႏိုင္မွသာလွ်င္ ႏွစ္ဦးႏွစ္ဖက္ေအာင္ႏိုင္မည့္ အေျခအေနကို ရ႐ွိမည္ျဖစ္သည္။ အသက္႐ွင္ဖို႔ရာ လမ္းေၾကာင္းတြင္ကား သ႐ုပ္ေဆာင္မ်ား ေသလ်က္ႏွင့္႐ွင္ေနသည့္ အေနအထားသို႔ မေရာက္သြားသေ႐ြ႕ …အကုန္လုံး ဂိမ္းထဲမွ ထြက္သြားႏိုင္ေျခ အနည္းငယ္႐ွိေနသည္။
တစ္ဖက္တြင္ကား အၿပိဳင္အဆိုင္ႏွင့္ ဖိႏွိပ္ခံရျခင္းတို႔က လူမ်ားကို ေသလမ္း က်ဥ္းက်ဥ္းေလးဆီသို႔ တြန္းပို႔ေပးေလသည္။ အနစ္နာခံျခင္းႏွင့္ ယုံၾကည္မႈတို႔က က်ယ္ေျပာသည့္ အသက္႐ွင္ရာလမ္းေၾကာင္းဆီသို႔ ဦးတည္ေစသည္။ ဤသည္ကား တားေရာ့ဂိမ္း ဇာတ္ကား၏ အႀကီးဆုံးေသာ အဓိကအေၾကာင္းအရာပင္ ျဖစ္ေလသည္။
ေသၿပီးေနာက္ ျပန္လည္အသက္ဝင္ျခင္း —iေသၿပီးေနာက္ ေသလ်က္ႏွင့္႐ွင္ေနသည့္ အေျခအေနသို႔ ေရာက္သြားသည့္ ကစားသမားတခ်ိဳ႕သာလွ်င္ မဟုတ္ေပ။ ႐ွင္လ်က္ႏွင့္ေသေနသူျဖစ္သြားၿပီးေနာက္ သက္သာကာ ၿပိဳင္ဖက္ကင္းသည့္ အေျခအေနကို စိတ္လိုလက္ရ လက္ေလွ်ာ့လိုက္ၾကသည့္ က်န္ကစားသမားမ်ားျဖစ္ေလသည္။ ေသျခင္းႏွင့္ ႐ွင္ျခင္းမွာ ဘယ္ေသာအခါမွ ကြဲထြက္မေနေပ။ တစ္ခုမွတစ္ခုသို႔ ေျပာင္းလဲသြားႏိုင္ၾကေလသည္။
ေသလ်က္ႏွင့္ ႐ွင္ေနသူအမ်ားစုမွာ တစ္ကိုယ္ေကာင္းစိတ္ေၾကာင့္ ေသသြားၾကျခင္းျဖစ္သည္။ သူတို႔ထဲမွ အသန္မာဆုံးလူက အထီးက်န္ဖြယ္ရာ အထြတ္ထိပ္ဆီသို႔ ေရာက္မည္ျဖစ္ကာ အထီးက်န္ျခင္းမွလြဲ၍ အရာအားလုံးကို ဆုံး႐ႈံးမည္ျဖစ္သည္။ သူတို႔၏ အနစ္နာခံမႈေၾကာင့္ ေသသြားေသာ္လည္း အသက္႐ွင္ေနေသးသည့္ ေသသူမ်ားသည္ကား ကမ႓ာေလာကကတ္က ေဖာ္ျပခ်င္ေနသည့္ ၿပီးျပည့္စုံမႈကို အမွန္တကယ္ ရယူႏိုင္မည္ျဖစ္သည္။
ေက်ာက္တံခါးအေနာက္တြင္ အေခါင္းမ်ား႐ွိေနၿပီး ထိုသည္က ဂိမ္း၏ တရားခြင္ေနရာျဖစ္သည္ဟု ႐ွဲ႕ခ်ီ ယုံၾကည္ေလသည္။ အေၾကာင္းမွာ တရားစီရင္ျခင္းကတ္ေပၚတြင္ အနက္ေရာင္အေခါင္းမ်ားစြာ ႐ွိေနျခင္းေၾကာင့္ပင္။ တရားစီရင္ျခင္း ကတ္ေပၚ႐ွိ ေကာင္းကင္မွာ က်ယ္ေျပာၿပီး စီရင္ခ်က္ခ်သူ အိန္ဂ်ယ္မွာ ၎၏ ႀကီးမားလွေသာ အေတာင္ပံႀကီးမ်ားကို ျဖန္႔က်က္ကာ ေကာင္းကင္တြင္ ဝဲပ်ံေနေသာေၾကာင့္ပင္။ အျပစ္ဟူသမွ် ထိုသူ၏ မ်က္လုံးေအာက္မွ မလြတ္ေပ။ ထိုအခ်ိန္တြင္ အားလုံးေ႐ြးခ်ယ္လိုက္ၾကသည့္ လမ္းေၾကာင္းမ်ားမွာ လုံးဝမတူညီၾကသည့္ အဆုံးသတ္မ်ားဆီသို႔ ပို႔ေဆာင္ေပးသြားမည္ျဖစ္သည္။
႐ွဲ႕႐ွင္းလန္သည္လည္း သေဘာေပါက္သြားၿပီး ခ်က္ခ်င္းပင္ ေျပာလိုက္သည္။ "သြားမယ္။ လွ်ိဳ႕ဝွက္လမ္းေၾကာင္းဆီ ျပန္သြားၾကမယ္။"
အကယ္၍ ေစာင့္ထိန္းျခင္းကတ္သာ ရသြားၿပီဆိုလွ်င္ ေက်ာက္တံခါးေပၚ႐ွိ အေျမာင္းေလးခုစလုံးကို သူအခု ဖြင့္ႏိုင္ေလာက္ၿပီျဖစ္သည္။ က်န္းေ႐ွာ့သည္ စြမ္းအားႀကီးၿပီး အျမန္လိုက္သတ္ႏိုင္ေသာေၾကာင့္ သူတို႔အတြက္ အခ်ိန္သိပ္မက်န္ေတာ့ေပ။
႐ွဲ႕ခ်ီ အံ့အားသင့္သြားၿပီး နည္းနည္း ေနာက္က်မွ တုံ႔ျပန္ႏိုင္ေတာ့သည္။
"ဘာျဖစ္လို႔လဲ။" ႐ွဲ႕႐ွင္းလန္မွာ ႐ွဲ႕ခ်ီ၏ မူမမွန္မႈကို သိသိသာသာပင္ သတိထားမိလိုက္ကာ ေႏြးေထြးစြားေမးလာသည္။
႐ွဲ႕ခ်ီ ႏႈတ္ခမ္းကို တင္းတင္းေစ့ထားမိသည္။ "ကိုကို၊ တစ္ခုခု လိုေနတယ္လို႔ ကြၽန္ေတာ္ ထင္ေနတယ္။ ေက်ာက္တံခါးကို ဖြင့္လိုက္ၿပီးေတာ့ ၿပီးသြားေရာလား…။"
႐ွဲ႕ခ်ီ၏ မ်က္လုံးမ်ားမွာ အနည္းငယ္ မွင္သက္ေနသည္။ ျဖစ္စဥ္ၿပီးဖို႔ရာအတြက္ မလုံေလာက္ေသးဟု သူအလိုလို ခံစားမိေနသည္။ ေက်ာက္တံခါးကို ဖြင့္ၿပီးသြားရင္ေရာ။ ဘာလုပ္ရမွာလဲ။ အေခါင္းထဲ ဝင္အိပ္ေနရာမွာလား။ ေသေနတဲ့အေနအထားနဲ႔ သူ႕ကိုယ္သူ ျပန္ဆက္သြယ္ေနရမွာလား။ သူမသိေပ။
႐ွဲ႕ခ်ီ ျပတ္သားစြာ ေျပာလိုက္သည္။ "လွ်ိဳ႕ဝွက္လမ္းေၾကာင္းဆီ အရင္ျပန္သြားၾကတာေပါ့။"
"ေကာင္းၿပီ။"
႐ွဲ႕႐ွင္းလန္သည္ တတ္ႏိုင္သမွ် အျမန္ဆုံး လွ်ိဳ႕ဝွက္လမ္းေၾကာင္းဆီသို႔ ဦးတည္လိုက္ေတာ့သည္။
****************
[??? ေသခါနီးေနတာေတြ႕တာေတာင္မွ သူ႕ကို မကယ္ဘူးေပါ့။]
[ဒီစ႐ိုက္က ဆိုးလြန္းတယ္။ တတ္ႏိုင္ေနရဲ႕သားနဲ႔...အမ္း။]
[စိတ္ပ်က္မိ။]
[ယဲ့ေ႐ွာင့္ေ႐ွာင့္က အရမ္းေႏြးေထြးၿပီး စိတ္ထားေကာင္းလြန္းတယ္။ ႐ွဲ႕ခ်ီ တစ္ကိုယ္ေကာင္းဆန္တယ္ဆိုတာ ငါသိေပမဲ့ တကယ္ႀကီး အဲ့လိုလုပ္တာျမင္ရေတာ့လည္း တကယ္ေက်ာခ်မ္းစရာေကာင္းတယ္။]
[ယဲ့ေ႐ွာင့္ေ႐ွာင့္ကို ကယ္ရင္လည္း ဝန္ပိုတာပဲ႐ွိမွာေလ။ ႐ွဲ႕ခ်ီဘက္က ၾကည့္ရင္လည္း နားလည္ေပးလို႔ရပါတယ္။]
[႐ွဲ႕ဖန္ေတြက ဘယ္လိုမ်ား အခုမွ အျပစ္ကယ္ေနႏိုင္ရတာလဲ။ ေန႔တိုင္း ဇာတ္ကားဧကရာဇ္ စ႐ိုက္ကိုက် ဘာျဖစ္တယ္ညာျဖစ္တယ္ေျပာေနၾကတာ။ မင္းတို႔လူက်ေတာ့ အခုဘယ့္ႏွယ္ေနလဲ။]
[အမေလး ဇာတ္ကားဧကရာဇ္ ေလ်ာင္က်န္းကို ေတြ႕သြားတယ္…ေလ်ာင္က်န္းေတာ့ သြားၿပီ။]
*****************
လွပသည့္ အေစခံ၏ အခန္းဆီသို႔ သူျပန္ေရာက္သြားခ်ိန္တြင္ ေကာ္ရစ္ဒါမွ ေလ်ာင္က်န္း၏ ေအာ္သံကို ႐ွဲ႕ခ်ီၾကားလိုက္ရသည္။
သူ႕ စိတ္ထဲ ေလးပင္သြားသည္။ ဒါက မိနစ္ပိုင္းအတြင္း ေလးေယာက္ေျမာက္ပင္။ က်န္းေ႐ွာ့သည္ ယဲ့ေ႐ွာင့္ေ႐ွာင့္ႏွင့္ ေလ်ာင္က်န္းအား တစ္ေယာက္ၿပီးတစ္ေယာက္သတ္ၿပီး မိုးေျမဆီသို႔ စေတးခံႏွစ္ေယာက္ကို ပူေဇာ္ၿပီးျဖစ္သည္။ သူ႕ ၿပီးေျမာက္ႏႈန္းက စုန္းထီးႏွင့္ သြားညီေနၿပီျဖစ္သည္။
ေသျခင္းအစဥ္အရ ငါးေယာက္ေျမာက္ စေတးခံမွာ က်န္းေ႐ွာ့ျဖစ္သည္။ သူက ကိုယ့္ကိုယ္ကိုယ္ သတ္ေသၿပီးျဖစ္ကာ ေသလ်က္ႏွင့္ ႐ွင္ေနသူျဖစ္လာၿပီးျဖစ္၍ သူ၏ ေသျခင္းကို အလိုအေလ်ာက္ပင္ ေက်ာ္သြားေလသည္။ ယခု ျဖစ္စဥ္ထဲတြင္ သ႐ုပ္ေဆာင္ ေလးေယာက္သည္သာလွ်င္ 'အသက္႐ွင္' ေနေလေတာ့သည္။ သူတို႔ကား ယြမ့္ဇ်ဲ၊ စုံတြဲႏွင့္ ကူယြီတို႔ ျဖစ္သည္။
႐ွဲ႕ခ်ီ သူ႕ႏႈတ္ခမ္းမ်ားကို ခပ္တင္းတင္းဖိကိုက္ထားမိသည္။ က်န္းေ႐ွာ့၏ လက္႐ွိအ႐ွိန္ႏွင့္ဆိုလွ်င္ အမ်ားဆုံး မိနစ္ႏွစ္ဆယ္အတြင္း အသက္႐ွင္သူတစ္ေယာက္မွ က်န္ေတာ့မည္မဟုတ္ေပ။ က်န္းေ႐ွာ့ တစ္ေယာက္တည္းသာ လိုက္သတ္ေနျခင္းမဟုတ္ေပ။ စုန္းထီးလည္း ႐ွိေနေသးျပန္သည္။
App ၏ လွည့္စားတတ္ေသာ အက်င့္အရ က်န္းေ႐ွာ့ စေတးခံမ်ားအားလုံးကို သတ္ၿပီးသြားသည္ႏွင့္ ဇာတ္ကား၏ အခ်ိန္သည္လည္း အ႐ွိန္တက္လာမည္ျဖစ္သည္။ ၿပီးေျမာက္ႏႈန္းက တစ္ခါတည္း ေနာက္ဆုံးညဆီ ခုန္ေက်ာ္သြားဖို႔က မျဖစ္ႏိုင္သည္ေတာ့ မဟုတ္။
မိနစ္ ႏွစ္ဆယ္။
႐ွဲ႕႐ွင္းလန္ ပ်ဥ္ျပားကို ေဆာင့္ကန္လိုက္ၿပီး လွ်ိဳ႕ဝွက္လမ္းေၾကာင္းဆီသို႔ ဝင္လိုက္ျပန္သည္။ စုန္းထီးသည္ကား က်န္းေ႐ွာ့ႏွင့္ အၿပိဳင္ စေတးခံမ်ားကို လိုက္သတ္ေနရေသာေၾကာင့္ အလုပ္႐ႈပ္ေနေလသည္။ အခု လွ်ိဳ႕ဝွက္လမ္းေၾကာင္းကို ေစာင့္ၾကည့္ေနရေလာက္ေအာင္ အခ်ိန္႐ွိမည္မဟုတ္ေပ။ အေၾကာင္းမွာ ေလာေလာဆယ္ က်န္းေ႐ွာ့က အႀကီးဆုံး အႏၲရာယ္ျဖစ္ေနေသာေၾကာင့္ပင္။ ထိုသည္ႏွင့္ယွဥ္ပါက လွ်ိဳ႕ဝွက္လမ္းေၾကာင္းမွာ ပမႊားေလးသာပင္။
တစ္နည္းအားျဖင့္ က်န္းေ႐ွာ့၏ လုပ္ရပ္က. ႐ွဲ႕ခ်ီကို ကူေပးသြားေလသည္။
႐ွဲ႕႐ွင္းလန္သည္ ေျပးေနရင္းႏွင့္ သူ႕လက္ပတ္နာရီကို ၾကည့္လိုက္သည္။ မၾကာမီပင္ ေက်ာက္တံခါးဆီသို႔ ေရာက္သြားသည္။ အရင္တစ္ခါကကဲ့သို႔ပင္ ပထမအေျမာင္းသုံးခုထဲသို႔ သူ႕လက္ကို ထည့္လိုက္သည္။ ေက်ာက္တံခါး တုန္ခါလာမႈက ျပင္းသထက္ျပင္းလာသည္။
ေလးခုအေျမာင္းဆီ ဖိထားကာ ေစာင့္ေနရင္း ႐ွဲ႕ခ်ီ၏ ႏွလုံးမွာ တင္းၾကပ္ေနေတာ့သည္။ ႐ုတ္တရက္ အဆမတန္ နာက်င္မႈကို ခံစားလိုက္ရသည္။ တစ္ခ်ိန္တည္းတြင္ ေက်ာက္တံခါးမွာ တုန္ခါစျပဳလာသည္။ လွ်ိဳ႕ဝွက္ခန္းတစ္ခုလုံး လႈပ္ခါလာၿပီး ေက်ာက္စရစ္ခဲမ်ား လိမ့္က်လာကာ ေသြးကန္တိမ္တိမ္ဆီမွ ေသြးမ်ား လွ်ံတက္လာသည္။
ေက်ာက္တံခါးေနာက္မွ လူမ်ားမွ အားစိုက္ထုတ္သံမ်ားကို ႐ွဲ႕ခ်ီ ခံစားသိလိုက္သည္။ ေက်ာက္တံခါးေနာက္တြင္ အေခါင္းဖုံးကို ႐ိုက္ထုေနသံက အားေပးသံအလား က်ယ္ေလာင္သထက္ က်ယ္ေလာင္လာေနသည္။ သူ႕ကို အားေပးၿပီး အခ်က္ျပေနျခင္းျဖစ္ေလသည္။
ေက်ာက္သားဂိတ္ေပါက္တြင္ ေသြးမ်ား စုခဲလာၿပီး အရည္ေပ်ာ္က်သြားသည္။ ထို႔ေနာက္ ထူးဆန္းကာ လွပသည့္ အျဖဴေရာင္ပန္းတစ္ပြင့္က ေသြးထဲတြင္ ပြင့္အာလာသည္။ သို႔ေသာ္လည္း စိတ္ပ်က္ဖြယ္ရာပင္ ေက်ာက္တံခါးက ပြင့္မလာခဲ့။ တုန္ခါေနသည္မွာ က်႐ႈံးသည္ကို ေျပာျပေနသည့္အလား ရပ္တန္႔သြားသည္။
"ထင္တဲ့အတိုင္းပဲ…"
႐ွဲ႕ခ်ီ စိတ္ထဲ႐ွိ အံ့အားသင့္မႈမွာ ဒီရလဒ္ကိုျမင္လိုက္ရေသာအခါ တကယ္တမ္း လြင့္ျပယ္သြားေလသည္။ ေနာက္ဆုံးအေျမာင္းကို ကိုယ္စားျပဳသည့္ ေစာင့္ထိန္းျခင္းကို သူတို႔ ႐ွာေတြ႕ခဲ့ေသာ္လည္း တံခါးက မပြင့္လာခဲ့ေပ။ တစ္ခုခု လိုေနေသးသည္။ ဒါက သူ႕ခံစားရသည္ႏွင့္ တိုက္ဆိုင္ေနေလသည္။
႐ွဲ႕႐ွင္းလန္မွာ တံခါးကို တြန္းတိုက္ရန္ႀကိဳးစားေသာ္လည္း အရာမထင္ေပ။ ထု႐ိုက္ေနေသံက ပိုျမန္လာၿပီး ပို႐ႈပ္ေထြးလာသည္က သ႐ုပ္ေဆာင္ေတြ ပိုပိုၿပီး ေသဆုံးသည့္ အေနအထားကို ေရာက္လာၾကေၾကာင္းကို ျပေနေလသည္။ ဇာတ္ကားက ၿပီးခါနီးေနၿပီျဖစ္ေၾကာင္း သူတို႔လည္း သေဘာေပါက္လာၾကၿပီး သူ႕ကို အျမန္လုပ္ပါရန္ တိုက္တြန္းေနၾကျခင္းျဖစ္ေလသည္။
႐ွဲ႕ခ်ီ သူ႕လက္ပတ္နာရီကို ၾကည့္လိုက္ျပန္သည္။ ငါးမိနစ္ကုန္သြားၿပီျဖစ္သည္။ သူ ေသခ်ာ နားေထာင္ၾကည့္လိုက္သည္။ ထု႐ိုက္သံက ေျခာက္သံ႐ွိေနသည္။ ေသျခင္းအစဥ္အရ က်န္းေ႐ွာ့သည္ ငါးေယာက္ေျမာက္ျဖစ္ၿပီး ယြမ့္ဇ်ဲက ေေျခာက္ေယာက္ေျမာက္ျဖစ္ေလသည္။ ထု႐ိုက္သံ ေျခာက္ခု႐ွိေနေလေသာေၾကာင့္ ယြမ့္ဇ်ဲကို က်န္းေ႐ွာ့ သတ္ပစ္ၿပီးျဖစ္ေလသည္။
သုံးေယာက္သာလွ်င္ က်န္ေတာ့သည္။ ေနာက္ဆုံး ကူယြီသည္ကား က်န္းေ႐ွာ့လက္ထဲတြင္ လုံးဝ႐ုန္းကန္မည္မဟုတ္ေသာေၾကာင့္ ကူယြီကိုသတ္ဖို႔ရာက က်န္းေ႐ွာ့အတြက္ လြယ္ေလသည္။ စုံတြဲသာလွ်င္ က်န္ေတာ့သည္။
႐ွဲ႕ခ်ီ စိတ္ၿငိမ္ၿငိမ္ထားလိုက္သည္။ ဒီတစ္ေလွ်ာက္လုံး ကိစၥမ်ားစြာကို သူၾကဳံႀကိဳက္ၿပီးျဖစ္ကာ ဘယ္အရာကမွ သူ႕ခံစားခ်က္မ်ားကို လြတ္ထြက္သြားေစမည္ မဟုတ္ေပ။ လွ်ိဳ႕ဝွက္အခန္းထဲ သူပတ္႐ွာၾကည့္လိုက္ၿပီး ဘာမွ႐ွာမေတြ႕ေပ။ ထို႔ေနာက္ တစ္ပတ္လွည့္ကာ သူ႕အၾကည့္က ေသြးထဲတြင္ ပြင့္အာေနသည့္ ထူးဆန္းေသာ အျဖဴေရာင္ပန္းပြင့္ဆီ ေရာက္သြားသည္။
႐ွဲ႕ခ်ီ ထိတ္လန္႔သြားၿပီး သူ၏ စိတ္ထဲ နည္းနည္းလႈပ္ခတ္သြားသည္။ အျဖဴေရာင္ပန္ဆီသို႔ သူေလွ်ာက္သြားလိုက္ကာ ေခါင္းကိုငုံ႔ကာ ထိလိုက္ၿပီး အနံ႔ခံၾကည့္လိုက္ျပန္သည္။ ပန္းပြင့္ျဖဴ၏ အျမစ္စိမ္းမ်ားတြင္ အဆူးမ်ား႐ွိေနသည္။ ရနံ႔မွာ ေမႊးႀကိဳင္ၿပီး ေက်ာ့႐ွင္းသည္။ ႏွင္းဆီကိုမွ အျဖဴေရာင္ႏွင့္ ခပ္ဆင္ဆင္ပင္။ ေသြးထဲတြင္ ပြင့္ေနသည့္ ႏွင္းဆီျဖဴ။
ေမဂ်ာအာကာနာကတ္ ၂၂ ကတ္ထဲတြင္ အ႐ူးကတ္ထဲ၌ အေရာင္စုံအဝတ္အစားႏွင့္ လူငယ္တစ္ေယာက္ပါသည္ကို ႐ွဲ႕ခ်ီ မွတ္မိလိုက္သည္။ သူ႕အေ႐ွ႕တြင္ အသူရာေခ်ာက္နက္ႀကီး ႐ွိေနေသာ္ျငားလည္း ဒယိမ္းဒယိုင္ျဖင့္ မသိက်ိဳးကြၽံျပဳ ထားေလသည္။ သူ၏ အမူအရာမွာ ေပါ့ပါးကာ မသိနားမလည္၊ အေၾကာက္အလန္႔မ႐ွိ၊ ႐ူးမိုက္စြာျဖင့္ ေ႐ွ႕သို႔ ဆက္ေလွ်ာက္သြားေနေလသည္။
အ႐ူးကတ္က စြန္႔စားမႈ၊ ပရမ္းပတာႏိုင္မႈ၊ အလိုလိုသိစိတ္၊ စိတ္အားတက္ႂကြမႈ၊ သတၱိႏွင့္ ျဖဴစင္ျခင္းကို ကိုယ္စားျပဳသည္။ အ႐ူး၏ ဘယ္ဘက္လက္ထဲတြင္ကား ႏွင္းဆီျဖဴ႐ွိေနသည္။ ထိုႏွင္းဆီျဖဴက အ႐ူး၏ ျဖဴစင္ျခင္းႏွင့္ စိတ္အားတက္ႂကြမႈကို ကိုယ္စားျပဳသည္။
တားေရာ့ ေလးကတ္ကို စုေဆာင္းၿပီးသည့္ေနာက္ ဒီလိုအေရးပါသည့္ ႏွင္းဆီျဖဴက သူ႕ကို လမ္းျပေပးရန္ေပၚလာသည္။
ေလ်ာင္းဝမ္က အ႐ူးလို႔ ေျပာခ်င္ေနတာလား။
႐ွဲ႕ခ်ီ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ မဟုတ္ေသး။ ေလ်ာင္းဝမ္ႏွင့္ ႏွင္းဆီျဖဴၾကားက ဆက္ႏြယ္မႈကို သူမစဥ္းစားႏိုင္ေသး။ ထို႔အျပင္ ေလ်ာင္းဝမ္က ေသသြားၿပီျဖစ္သည္။ ေလ်ာင္းဝမ္ရဲ႕ အေလာင္းေပၚမွာ လွ်ိဳ႕ဝွက္ခ်က္ေတြဘာေတြ ႐ွိေနလို႔မ်ားလား။ ဒါဆို ဘာလို႔ ႏွင္းဆီးျဖဴကို သုံးၿပီး သြယ္ဝိုက္ေျပာေနရတာလဲ။ တစ္ခါတည္း အ႐ူးကတ္ကို သုံးလိုက္တာမွ ပိုမေကာင္းေပဘူးလား။
အေျမာင္းေလးခုစလုံးသည္ ေကာင္းမြန္သည့္ အဓိပၸါယ္မ်ားႏွင့္ တားေရာ့ကတ္မ်ား ျဖစ္ၾကေလသည္။ ခုနက စဥ္းစားပုံအရဆိုပါက ႏွင္းဆီျဖဴကို ေလ်ာင္းဝမ္၏ အေလာင္းႏွင့္ ဆက္စပ္လို႔ မရေပ။
ေနဦး—
႐ွဲ႕ခ်ီ၏ ႏွလုံးမွာ ႐ုတ္တရက္ တုန္လႈပ္သြားရသည္။ အ႐ူးကတ္ေပၚ႐ွိ ႏွင္းဆီျဖဴသည္ စိတ္ႏွလုံး ျဖဴစင္ျခင္းကို ကိုယ္စားျပဳသည္။ ျဖစ္ႏိုင္တာက အဲ့ဒါ… ႏွလုံးကိုေျပာတာ။ အ႐ူးကတ္သည္ ေမဂ်ာအာကာနာ ၂၂ ကတ္ထဲတြင္ ပထမဦးဆုံးကတ္ျဖစ္ၿပီး ကိုယ္စားျပဳသည္က … အစ။ အရာအားလုံး၏ အစကိုျဖစ္သည္။
႐ွဲ႕ခ်ီ၏ အမူအရာမွာ ႐ုတ္တရက္ ေျပာင္းလဲသြားၿပီး သူ၏ လက္မ်ား တုန္ယင္လာသည္။ သူ၏ မ်က္လုံးမ်ားကို မွိတ္လိုက္ကာ အစကတည္းျ လက္႐ွိအခ်ိန္ထိ ျဖစ္ပ်က္ခဲ့သမွ်အားလုံးကို ျပန္စဥ္းစားလိုက္သည္။ သူ၏ မ်က္လုံးမ်ားကို ျပန္ဖြင့္လိုက္ေသာအခါ သူ အင္မတန္ ထိတ္လန္႔သြားရသည္။
အခ်ိန္အေတာ္ၾကာေအာင္ ကိုက္ညီသည့္အခ်က္႐ွာမေတြ႕ေသာေၾကာင့္ သူမသိလိုက္ပါဘဲ လ်စ္လ်ဴ႐ႈထားမိသည့္ အခ်က္တစ္ခ်က္႐ွိေလသည္။ ျဖစ္စဥ္စတင္ၿပီး မၾကာမီတြင္ သူတို႔အား ရဲတိုက္ႏွင့္ မိတ္ဆက္ေပးခဲ့သည္။ အေစခံမ်ားက ေ႐ႊေရာင္ပုလင္းမ်ားထံမွ ပုပ္သိုးေနသည့္အသားမ်ားကို ထုတ္ကာ က်ီးကန္းမ်ားကို အစာေကြၽးခဲ့ၾကသည္။
႐ွဲ႕ခ်ီ ခဏၾကာေအာင္ သူ႕လက္သူစိုက္ၾကည့္လိုက္ၿပီး သူ၏ ႏွလုံးေပၚလက္တင္ထားလိုက္သည္။ ႐ုတ္တရက္ ခုန္ေနသံထြက္လာသည္။ ထိုသည္က ေခ်ာမြတ္ကာ စည္းခ်က္က်ၿပီး စစ္မွန္ကာ ေႏြးေထြးေလသည္။
႐ွဲ႕ခ်ီသည္ ကူကယ္ရာမဲ့ဟန္ႏွင့္ စိတ္ေအးဟန္ျဖင့္ ျဖည္းျဖည္းခ်င္း ျပဳံးလာသည္။
ဒါကိုး။ ႏွင္းဆီျဖဴက သူ႕အား အစသို႔ ျပန္သြားၿပီး ျပႆနာကို စဥ္းစားရန္ ေျပာေနျခင္းပင္။ ဇာတ္ကား၏ အစက ရဲတိုက္ထဲ ဝင္သည့္အခါ၊ ဦးေဆာင္လမ္းျပေပးမည့္ အေစခံႏွင့္ေတြ႕ေသာအခါ (သို႔) ေက်ာက္ပုစြန္ႏွင့္ ခ႐ုစုပ္ငွက္တို႔ကို ႐ွာေတြ႕သည့္အခါလည္း မဟုတ္ေပ။
ထိုသည္က … ေတာအုပ္နက္ထဲတြင္ ႏိုးလာၾကခ်ိန္ျဖစ္သည္။
ဒါကမွ ဇာတ္ကား၏ အစ— ေတာအုပ္နက္ထဲတြင္ သ႐ုပ္ေဆာင္တို႔ တစ္အုပ္စုလုံး ႏိုးလာၾကျခင္းပင္။ ႐ွဲ႕ခ်ီ ႐ွင္း႐ွင္းလင္းလင္းကို မွတ္မိေနသည္။ သူသည္ ဇာတ္ကားေပါင္းမ်ားစြာတြင္ ပါဝင္ခဲ့ဖူးေသာ္လည္း တစ္ခါမွ မူးေနာက္ကာ ႏိုးထလာျခင္းမ႐ွိခဲ့ေပ။ ဒီတစ္ႀကိမ္တြင္ သူတို႔ႏိုးလာၾကၿပီး ေျမေပၚတြင္ လဲေနၾကသည္ကို ေတြ႕လိုက္ၾကရေလသည္။
ႏွင္းဆီျဖဴကို မေတြ႕လိုက္ရေသးခင္တြင္ သူသည္ ထိုအရာက ဇာတ္ေၾကာင္း၏ လိုအပ္မႈအရသာဟုပင္ ထင္ခဲ့မိၿပီး သိပ္႐ွည္႐ွည္ေဝးေဝး မစဥ္းစားခဲ့ေပ။ သို႔ေသာ္ ယခု အလြန္အင္မတန္မွ အေရးႀကီးသည့္ ေမးခြန္းတစ္ခု သူ႕စိတ္ထဲေပၚလာသည္။
ဒီတားေရာ့ ဂိမ္းက ဘယ္အခ်ိန္တုန္းက စခဲ့တာလဲ။
အေစခံမေလးက ဂိမ္းစည္းမ်ဥ္းေတြကို ႐ွင္းျပေနတဲ့အခ်ိန္လား။ က်ီးကန္းေတြ ကျပၾကတဲ့အခ်ိန္လား။ ဝတ္စုံနက္နဲ႔အေစခံက ေသာ့ကိုမ်ိဳခ်ပစ္တဲ့အခ်ိန္မွာလား။ ဒါမွမဟုတ္ အဲ့ထက္ေစာေလသလား။
ဒါမွမဟုတ္…ဂိမ္းက သူတို႔ ႏိုးလာတဲ့အခ်ိန္ကတည္းက တိတ္တဆိတ္ စတင္ခဲ့ၿပီးျဖစ္ေနသလား။
မဟုတ္ဘူး။
သူတို႔ မႏိုးခင္ကတည္းက ဂိမ္းက စေနခဲ့တာ။
ဂိမ္း၏ စည္းမ်ဥ္းမ်ားႏွင့္ အေစခံမေလးက စၿပီးမိတ္ဆက္ေပးစဥ္ သူမသည္ ' ဂိမ္းစတင္ပါၿပီ။ ဂိမ္းရဲ႕ စည္းမ်ဥ္ေတြကို မိတ္ဆက္ေပးပါရေစ' ဟု ေျပာခဲ့တာမဟုတ္၊ 'မိတ္ဆက္ၿပီးတာနဲ႔ ဂိမ္းစတင္ပါေတာ့မယ္' လည္းမဟုတ္ေၾကာင္း ႐ွဲ႕ခ်ီ အေသအခ်ာမွတ္မိသည္။
ဂိမ္းက …စေနၿပီးသား ျဖစ္ေနခဲ့သည္။
သတိလစ္ေနသည့္အေနအထားႏွင့္ သူတို႔ႏိုးထလာၾကသည့္ အေၾကာင္းအရင္းက ျပႆနာအားလုံး၏ ပင္မအရင္းျမစ္ပင္။
"ကိုကို၊ ဘယ္ဖက္ရင္ဘတ္ကို ႏိႈက္ထုတ္ၾကည့္လိုက္။" ႐ွဲ႕ခ်ီ တည္ၿငိမ္စြာပင္ ခိုင္းလိုက္သည္။ သူသည္ ေလာေလာဆယ္ ေသလ်က္ႏွင့္႐ွင္ေနသူ မေသမ်ိဳးျဖစ္သည္။ ရင္ဘတ္ထဲ ႏိႈက္ထုတ္လိုက္လို႔ မေသသြားေပ။ အတည္ျပဳဖို႔ရာ သူလိုသည္။
႐ွဲ႕႐ွင္းလန္ နားလည္လိုက္သည္။ ေဘးဖက္ဆီမွ ခြၽန္ထက္သည့္ အ႐ိုးတစ္ခုကို ႐ွာလိုက္ၿပီး သူ႕ႏွလုံး႐ွိသည့္ေနရာကို ျဖတ္ထုတ္လိုက္သည္။ သူ႕ဦးေႏွာက္ထဲ ျပင္းထန္ေသာ နာက်င္မႈက ႐ိုက္ခတ္လာသည္။ ႐ွဲ႕႐ွင္းလန္ အံတင္းတင္းႀကိတ္ကာ သူ၏ လက္မ်ားမွာ ေသြးစက္လက္က်ေနၿပီး မ်က္လုံးမ်ားမွာ မူးေဝေနသည္။ ထိန္းမႏိုင္သိမ္းမရစြာ တုန္ယင္ေနေလသည့္ သူ႕လက္ကို ဘယ္ဖက္ရင္ဘတ္ထဲ ထည့္လိုက္ၿပီး ခဏၾကာ ဟိုစမ္းဒီစမ္း႐ွာလိုက္သည္။
သူ၏ အမူအရာမွာ လုံးဝေျပာင္းလဲသြားေလသည္။ ႏွလုံး႐ွိေနရမည့္ ေနရာက ဗလာဟင္းလင္းျဖစ္ေနသည္။ စစ္မွန္ၿပီး စိတ္ေအးဖြယ္ရာ ႏွလုံးခုန္သံမွာ ပုံရိပ္ေယာင္မွ်သာ ျဖစ္ေနခဲ့သည္။ သူ၏ ႏွလုံးမွာ ေပ်ာက္ဆုံးေနေလသည္။
ကစားသမားအားလုံးတြင္ ႏွလုံးမ်ားမ႐ွိၾကေပ။ ႏွင္းဆီျဖဴက သေကၤတျပဳထားသည့္ ျဖဴစင္သည့္ ႏွလုံးသားမ႐ွိၾကေပ။ ထို႔ေၾကာင့္ အစကတည္းက သူ၏ ျဖဴစင္ၿပီး စစ္မွန္ေလသည့္ ႏွလုံးသားမွာ ေပ်ာက္ဆုံးေနေလေသာေၾကာင့္ ေက်ာက္တံခါးကို မဖြင့္ႏိုင္ခဲ့ေပ။ စင္ၾကယ္လွသည့္ ႏွင္းဆီျဖဴက ပုပ္သိုးကာ ဆိုးညစ္သည့္ ေသြးအိုင္ထဲတြင္ ပြင့္အာေနခဲ့သည္။
႐ွဲ႕ခ်ီ သူ႕မ်က္လုံးမ်ားကို မွိတ္ထားလိုက္ၿပီး ဇာတ္ကားအစကတည္းက အခုခ်ိန္ထိ ျဖစ္ပ်က္ခဲ့သမွ်ကို အျမန္ျပန္စဥ္းစားလိုက္သည္။ မ်က္လုံးမ်ားကို ျပန္ဖြင့္လိုက္သည္ႏွင့္ သူ၏ မ်က္လုံးမ်ားမွာ အရင္ကထက္ ပိုမို သန္႔စင္ေနေလေတာ့သည္။ "ကိုကို၊ သ႐ုပ္ေဆာင္ေတြ ေပ်ာက္ေနတဲ့ႏွလုံးက သူတို႔နဲ႔ ကိုက္ညီေနတဲ့ က်ီးကန္းေတြရဲ႕ ကိုယ္ထဲမွာ ႐ွိေနတယ္။ သူတို႔ေတြ ယာယီလူေတြျဖစ္လာႏိုင္ၾကတယ္ဆိုတာက ဂိမ္းရဲ႕စည္းမ်ဥ္းအရ သ႐ုပ္ေဆာင္ေတြရဲ႕ ႏွလုံးေတြကို ခိုးထားၾကလို႔ပဲ။"
႐ွဲ႕ခ်ီသည္ ေတာအုပ္နက္ထဲတြင္ သူမ်က္လုံးစဖြင့္ခဲ့သည့္အခ်ိန္ကို ျပန္ေတြးလိုက္သည္။ ေကာင္းကင္႐ွိ ၾကယ္႐ွစ္စင္းကိုသာ သူျမင္ခဲ့သည္မဟုတ္…သစ္ပင္ထိပ္႐ွိ က်ီးကန္းမ်ားကိုလည္း သူျမင္ခဲ့ေလသည္။
ဒါက အစပင္။ ၾကယ္မ်ားႏွင့္ က်ီးကန္းမ်ားသာလွ်င္ ေဘးပတ္လည္တြင္ ႐ွိခဲ့သည္။ ၾကယ္မ်ားသည္ နတၡတၱျဖစ္စဥ္ကို ကိုယ္စားျပဳၿပီး က်ီးကန္းမ်ားသည္ကား ႏွလုံးသူခိုးမ်ားကို ကိုယ္စားျပဳသည္။ ထိုအခ်ိန္တုန္းက သူဘာမွမသိခဲ့ေသာ္လည္း သူ႕ႏွလုံးကေတာ့ က်ီးကန္းထဲတြင္ ေရာက္ေနၿပီျဖစ္သည္။
"က်ီးကန္းေတြစားေနၾကတဲ့ ပုပ္ေနတဲ့အသားေတြက သူတို႔ ႏွလုံးေတြပဲ။"
အေစခံမ်ားက က်ီးကန္းမ်ားကို အစာေကြၽးေသာအခါ က်ီးကန္းမ်ားသည္ ေ႐ႊေရာင္ပုလင္းတစ္ခုစီမွ အသားမ်ားကိုသာ စားခြင့္႐ွိၾကသည္ကို ႐ွဲ႕ခ်ီ ေကာင္းေကာင္းမွတ္မိေနသည္။ က်ီးကန္းတစ္ေကာင္က က်န္ပုလင္းထဲမွ အသားကိုစားခ်င္သည္ဆိုပါက အေစခံမ်ားက တင္းမာစြာ ေမာင္းထုတ္ေလသည္။
ေ႐ႊေရာင္ပုလင္းေလးမ်ား တစ္ခုစီထဲတြင္ ေ႐ွ႕က ကစားသမားမ်ား၏ ေပ်ာက္ဆုံးသြားေသာ ႏွလုံးမ်ား႐ွိေနသည္။ အခ်ိန္ကုန္လြန္မႈေၾကာင့္ ၎တို႔မွာ ပုပ္သိုးကာ အနံ႔ဆိုးမ်ား ထြက္ေနေလသည္။ အရင္ကစားသမားမ်ားသည္ သူတို႔၏ ေပ်ာက္ဆုံးေနေသာ ႏွလုံးမ်ားကို ႐ွာမေတြ႕ခဲ့ၾကဘဲ ေနာက္ဂိမ္းသစ္အစတြင္ သူတို႔၏ ပုပ္သိုးေနေသာ ႏွလုံးမ်ားကို စားပစ္ၾကရၿပီး စုန္းထီး၏ အေစအပါးမ်ားအျဖစ္သို႔ နိမ့္က်သြားၾကရသည္။ ပုပ္သိုးေနသည့္ အသားမ်ားသည္ သူတို႔၏ က်႐ႈံးမႈႏွင့္ ထာဝရဆုံ႐ႈံးမႈ၏ သေကၤတျဖစ္ေလသည္။
ကစားသမားသစ္မ်ားသည္ အရင္ကစားသမားမ်ား၏ ဆက္ခံသူမ်ားျဖစ္ၾကၿပီး သူတို႔၏ ႏွလုံးမ်ားမွာ က်ီးကန္းထဲတြင္ ႐ွိၾကေလသည္။ သူတို႔သာ က်႐ႈံးခဲ့ပါက သူတို႔၏ ပုပ္သိုးေနေလၿပီးေသာ ႏွလုံးမ်ားကို ေနာက္ဂိမ္းတစ္ခု၏ အစတြင္ သူတို႔ကို ျပန္ေကြၽးမည္ ျဖစ္သည္။ အေၾကာင္းမွာ ႏွလုံးမ်ားသည္ အသုံးမဝင္ၾကေတာ့ေသာေၾကာင့္ပင္။
အရာအားလုံးကို ျပန္လည္ရယူႏိုင္မည့္နည္းလမ္းမွာ သူတို႔၏ ႏွလုံးကို ျပန္ယူရန္ျဖစ္ေလသည္။ အေၾကာင္းမွာ သ႐ုပ္ေဆာင္မ်ား ဤမေကာင္းသည့္ဂိမ္းကို လာေရာက္ယွဥ္ၿပိဳင္ၾကသည္မွာ ပိုက္ဆံ၏ ဆြဲညိႇဳ႕မႈေၾကာင့္ျဖစ္သည္။ ဒါက ေက်ာက္တံခါးကို ဖြင့္ရန္အတြက္ အေရးအႀကီးဆုံးအရာပင္ ျဖစ္သည္။
ကိုက္ညီသည့္ က်ီးကန္းကို သူလိုက္႐ွာကာ က်ီးကန္း၏ ရင္ဘတ္ထဲမွ သ႐ုပ္ေဆာင္၏ ႏွလုံးကို ဆြဲထုတ္ၿပီး ႐ွာေတြ႕သည့္ႏွလုံးကို အေခါင္းထဲ႐ွိ သ႐ုပ္ေဆာင္၏ ရင္ဘတ္ထဲ ထည့္ဖို႔ရာလိုေလသည္။ ဤနည္းျဖင့္ တရားခြင္တြင္ သူတို႔ အသစ္တဖန္ အသက္႐ွင္ေနႏိုင္ၾကမည္ျဖစ္သည္။
႐ွဲ႕႐ွင္းလန္လည္း အေၾကာင္းအက်ိဳးမ်ားကို သေဘာေပါက္သြားသည္။
႐ွဲ႕ခ်ီ ခ်က္ခ်င္းပင္ ၫႊန္ၾကားလိုက္သည္။ "ကိုကို၊ ကြၽန္ေတာ္တို႔ေတြ ကြၽန္ေတာ္႕ႏွလုံးနဲ႔ ယဲ့ေ႐ွာင့္ေ႐ွာင့္နဲ႔ ယြမ့္ဇ်ဲရဲ႕ ႏွလုံးေတြကို သြား႐ွာမွျဖစ္မယ္။
******====******
ဘယ္သူေျပာလဲ…႐ွဲ႕ခ်ီ ႏွလုံးသားမ႐ွိဘူးလို႔။ အဲ…ဒီအပိုင္းမွာ တကယ္ေပ်ာက္ေနေပမဲ့ေပါ့~lol
ဒီလိုပါပဲ... ဖတ္ဖတ္ခ်င္းေတာ့ အကုန္ လုံးေစ့ပတ္ေစ့ နားလည္ခ်င္ေယာင္ေဆာင္ရတာေပါ့။
ၿပီးေတာ့မယ္~ၿပီးေတာ့မယ္~Yo Yo
..................................