[Unicode]
သူမ ဖုန်းပေါ်က screenshotကို ဟော်ပေ့ချန် မြင်တဲ့အခါ သူ့မျက်ခုံးတို့က အနည်းငယ် ကျုံ့သွားလေ၏။ အချိန်တခုထိ ကြာအောင် ကြည့်ပြီး ဟော်တယ်ကို မှတ်မိအောင် ကြိုးစားကြည့်လိုက်သည်။ နောက်ဆုံး သူမှတ်မိသွားတဲ့အခါ အစောက အပြစ်ရှိတဲ့ မျက်လုံးတွေက ၀န်းပသွား၏။
ဟော်ပေ့ချန်ရဲ့ နှလုံးသားလေးပေါ် ချိုမြိန်မှု အနည်းငယ်က ဖိတ်ကျလာသည်။ ဒေါသတကြီး မျက်လုံးပြူးပြူးနဲ့ ပြောနေတဲ့ သူမ ပုံစံက အလွန်ချစ်ဖို့ကောင်းသည်ဟု သူခံစားလိုက်ရ၏။ သူ အနည်းငယ် မပြုံးပဲ မနေနိုင်တော့။ သူ တစ်ခွန်းတောင် မပြောနိုင်ခင်မှာပဲ နင်မုန့်က ရုတ်တရက် သူ့လက်မောင်းကို ကိုင်လာပြီး အောက်သို့ ဆွဲချလိုက်ကာ သူ့ကိုယ်ကို ဖိထားလိုက်၏။ မကြာခင်မှာပဲ သူမကိုယ်လည်း ကိုင်းကျသွားပြီး ထိုင်ခုံတွေ အလယ်မှာ ကွယ်သွားလေသည်။
"??"
သူ့ခါးကို အကွေးခံရတာမို့ သက်သောင့်သက်သာ ဖြစ်မနေတာကြောင့် သူလှုပ်ရှားဖို့ ကြိုးစားတဲ့အခါ သူမက အပေါ်ကို အားနှင့်ပိုဖိပီး သူ့လက်မောင်းကို ကိုင်ထားရင်းပဲ စူးရဲစွာ ကြည့်နေလေ၏။ နင်မုန့်က ထိုတဝိုက်က အခြေအနေကို ဖြည်းဖြည်းချင်း အရိပ်အခြည် ကြည့်လိုက်ပြီး စင်နောက်၀င်ပေါက်ကို ကြည့်လိုက်သည်။ လူတိုင်း ထွက်သွားကြပြီ ဖြစ်တာမို့ ခန်းမတစ်ခုလုံး ပြောင်းရှင်းနေလေသည်။
မကြာခင်မှာပဲ စုထျန်းထျန်းက ခေါင်းငုံ့ထားပြီး ပါးစပ်ကိုအုပ်ကာ ငိုနေရင်း အထဲဝင်လာလေ၏။ သူမ အနောက်မှာတော့ လီဟောက်ကျယ် ပါလာသည်။ သူ့ပုံစံက စုထျန်းထျန်းကို အရင်ကလောက် စိတ်ပူနေပုံမပေါ်။ ပုံမှန်အတိုင်းသာ မေးလိုက်၏။ "ဘာဖြစ်လို့လဲ"
သူ့ကို ထိုပုံစံနဲ့သာ မြင်လိုက်ရတဲ့အခါ သူမက ခနတာ ရပ်တံ့သွားပြီးနောက် အားပျော့စွာ ဖြေလိုက်၏။ "ဘာမှ မဖြစ်ပါဘူး"
လီဟောက်ကျယ်က သူ့မျက်ခုံးတွေကို ကျုံ့လိုက်ပြီး "ငိုထားလို့တောင် မျက်နှာက ပေပွနေတာ။ ဘယ်လိုဖြစ်ပြီး ဘာမှမဖြစ်ပဲ နေမှာလဲ"
စုထျန်းထျန်းက အကြည့်ကို ဘေးသို့ ပို့လိုက်ပြီး "ကျွန်မ အထုတ်ခံရတဲ့ အခါကျရင် ပရိတ်သက်တွေ သေချာပေါက် စိတ်ပျက်မိမယ်လို့ ခံစားရလို့ပါ"
ပြီးနောက်မှာတော့ ခေါင်းငုံ့ကာ ဆက်ငိုလေ၏။ လီဟောက်ကျယ်က သူမကို ကြည့်လိုက်သည်။ သံစဉ်နှင့်မလိုက်အောင် သူမရဲ့ သီဆိုခဲ့မှုက trending topic ဖြစ်လာခဲ့သလို သစ္စာရှိတဲ့ သူမရဲ့ ပရိတ်သက်တွေ အများစုတောင် ဒီတကြိမ်တောင် သူမနာမည်ကို မရှင်းလင်းနိုင်တော့ပေ။ စုထျန်းထျန်းကို သဘာ၀အဆိုတော် အဖြစ် တင်စားကြသည်။ သီချင်း ၁ပုဒ် ၂ပုဒ်ကို မကြာခန ထုတ်တတ်သည့်တိုင် ယခုအခါ ဖျော်ဖြေမှုက အခုလို အကျည်းတန်သွားခဲ့သည်။ ဒီတကြိမ်မှာတော့ နောက်ဆုံးကနေ ပြောင်းပြန်ရေတွက်မှ ပထမနေရာ ရမယ်ဆိုတာ ထင်ရှားနေလေပြီ။ ငိုနေတဲ့ သူမရဲ့ မျက်နှာလေးက ဖျော့တော့ပြီး။ အလွန်သနားဖို့ ကောင်းလှ၏။
ဘယ်လိုပဲဖြစ်ဖြစ် လီဟောက်ကျယ် ခေါင်းထဲစဉ်းစားနိုင်တဲ့ အရာက ကျန်းရှန့်မေရဲ့ မျက်နှာလေးသာ ဖြစ်သည်။ သူမက ပြဿနာတွေ ကြုံတဲ့အခါတိုင်း စုထျန်းထျန်းကို ငိုတတ်တာ ရှားသည်။ ထို့အစား သူမက အတွင်းစိတ်ထဲက အရာကို အပြင်ဘက်ထုတ်ပြောတတ်ပြီး နူးညံ့မှု တစက်မှမရှိ။ ထိုအတွေးက လီဟောက်ကျယ်ကို ဆတ်ကနဲ လှုပ်ရှားစေ၏။
ဟုတ်တယ်။ သူမရဲ့ အကျင့်တွေကြောင့်ပဲ ကျန်းရှန့်မေကို သူ စွန့်ပစ်ခဲ့တာ။ ထိုသို့ တွေးလိုက်ပြီးနောက် လီဟောက်ကျယ်က စုထျန်းထျန်း ဘက်သို့ လှည့်လိုက်ပြီး "ငါ ပြိုင်ပွဲထဲက ထွက်မယ်"
စုထျန်းထျန်းက တောင့်တင်းသွားပြီး "ဘာ?"
လီဟောက်ကျယ် ပုံစံက ယုံကြည်မှု ရှိနေ၏။
"ငါ ပြိုင်ပွဲက ထွက်မယ်။ ဒီနည်းကပဲ မင်းကို ပြိုင်ပွဲက မထုတ်စေမှာ ပြီးတော့ မင်းလည်း ဆက်ပြိုင်လို့ရတယ်။ မင်းကိုယ်မင်း သက်သေပြနိုင်ဖို့ အခွင့်အရေး ရှိလာမှာပါ။ နောက်ဆုံးပြိုင်ပွဲက တစ်လလောက်ရှိသေးတော့ ဒီပြိုင်ပွဲကို နိုင်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်"
စုထျန်းထျန်းက တထိတ်တလန့် ဝေ့ယမ်းပြလိုက်ပြီး "ရှင် အဲ့လိုလုပ်လို့ မရဘူးလေ ကျွန်မ...."
သူမ ပြောလာမယ့် စကားတွေကို လီဟောက်ကျယ်က ငြင်းလိုက်ပြီး "ဆုံးဖြတ်ပြီးသွားပြီ။ ထျန်းထျန်း ပြိုင်ပွဲမှာ မင်းနိုင်ရမယ်"
ထိုနည်းကပဲ သူ့ဆုံးဖြတ်ချက် မမှားဘူးဆိုတာ သက်သေပြနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သူမရဲ့ ပြိုင်ပွဲ အောင်မြင်မှုကပဲပေါ့။
သူမက ထွက်သွားဖို့ သူ့ကို စောင့်နေပြီး မျက်ရည်တွေကလည်း နည်းသွားလေ၏။ ထွက်ပေါက်ကို ငေးကြည့်နေပြီးတော့ မျက်ရည်တွေကို သုတ်လိုက်ပြီး အပြုံးတစ်ခုပေါ်လာ၏။ သို့ပေမယ့် မကြာခင်မှာပဲ အလျင်အမြန် သူမမျက်နှာကို ပြန်ပြင်လိုက်တော့သည်။
"လီဟောက်ကျယ် ရှင် အဲ့လို လုပ်လို့မရ..."
သူတို့ နှစ်ယောက်လုံး ထွက်သွားတဲ့အခါမှ ဒေါသတွေကို ဖိနှိပ်ထားတဲ့ နင်မုန့် ဆဲရေးလိုက်တော့၏။
"-ီးပဲ!"
'ဒီမိန်းမက တကယ့် အကြီးစား ကြာပန်းဖြူ အယောင်ဆောင်မပဲ! အပြင်ဘက်မှာသာ ဘာမှမသိတဲ့ ပုံစံပြထားပေမယ့် အထဲမှာတော့ မှည့်ပြီး ပုပ်ပွနေတဲ့ ဟာမ!!'
သူမ မတ်တပ်ရပ်လိုက်တော့ အမျိုးသားကလည်း အနောက်ကနေ ထလာ၏။ သူတို့နှစ်ယောက်လုံး ယခုနေရာမှ ထွက်သွားရတော့မည် ဆိုတာ သိလိုက်တဲ့အခါ သူမ လက်ကို ဆွဲကာ နံရံဆီသို့ ကပ်လိုက်ပြီး သူ့လက်တွေကို သူမရဲ့ ဘေးတဖက် တချက်ဆီ ဖိထားလိုက်၏။
နင်မုန့်က လွတ်မြောက်ဖို့ ရုန်းကန်နေပေမယ့် ရုတ်တရက်ဆိုသလို ဟော်ပေ့ချန်က ခေါင်းငုံ့လာပြီး မျက်နှာကို အနားကပ်လာ၏။ သူက သိမ်မွေ့စွာ ပြုံးလိုက်ပြီး နက်ရှိုင်းတဲ့ အသံနှင့် မေးလိုက်သည်။ "နင်မုန့် မင်း ရှာလကာရည် သောက်နေတာလား[1]? အဲ့အဓိပ္ပာယ်က မင်းသ၀န်နေတယ်လို့ ဆိုလိုတာမလား?"
[1] 吃醋ဆိုတာ သ၀န်တိုနေတဲ့ လူကို ဆိုလိုတာပါ။
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ [EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
-----------
[Zawgyi]
သူမ ဖုန္းေပၚက screenshotကို ေဟာ္ေပ့ခ်န္ ျမင္တဲ့အခါ သူ႔မ်က္ခံုးတို႔က အနည္းငယ္ က်ံဳ႔သြားေလ၏။ အခ်ိန္တခုထိ ၾကာေအာင္ ၾကၫ့္ၿပီး ေဟာ္တယ္ကို မွတ္မိေအာင္ ႀကိဳးစားၾကၫ့္လိုက္သည္။ ေနာက္ဆံုး သူမွတ္မိသြားတဲ့အခါ အေစာက အျပစ္ရိွတဲ့ မ်က္လံုးေတြက ၀န္းပသြား၏။
ေဟာ္ေပ့ခ်န္ရဲ့ ႏွလံုးသားေလးေပၚ ခ်ိဳၿမိန္မႈ အနည္းငယ္က ဖိတ္က်လာသည္။ ေဒါသတႀကီး မ်က္လံုးျပဴးျပဴးနဲ႔ ေျပာေနတဲ့ သူမ ပံုစံက အလြန္ခ်စ္ဖို႔ေကာင္းသည္ဟု သူခံစားလိုက္ရ၏။ သူ အနည္းငယ္ မၿပံဳးပဲ မေနႏိုင္ေတာ့။ သူ တစ္ခြန္းေတာင္ မေျပာႏိုင္ခင္မွာပဲ နင္မုန႔္က ရုတ္တရက္ သူ႔လက္ေမာင္းကို ကိုင္လာၿပီး ေအာက္သို႔ ဆြဲခ်လိုက္ကာ သူ႔ကိုယ္ကို ဖိထားလိုက္၏။ မၾကာခင္မွာပဲ သူမကိုယ္လည္း ကိုင္းက်သြားၿပီး ထိုင္ခံုေတြ အလယ္မွာ ကြယ္သြားေလသည္။
"??"
သူ႔ခါးကို အေကြးခံရတာမို႔ သက္ေသာင့္သက္သာ ျဖစ္မေနတာေၾကာင့္ သူလႈပ္ရွားဖို႔ ႀကိဳးစားတဲ့အခါ သူမက အေပၚကို အားႏွင့္ပိုဖိပီး သူ႔လက္ေမာင္းကို ကိုင္ထားရင္းပဲ စူးရဲစြာ ၾကၫ့္ေနေလ၏။ နင္မုန႔္က ထိုတဝိုက္က အေျခအေနကို ျဖည္းျဖည္းခ်င္း အရိပ္အျခည္ ၾကၫ့္လိုက္ၿပီး စင္ေနာက္၀င္ေပါက္ကို ၾကၫ့္လိုက္သည္။ လူတိုင္း ထြက္သြားၾကၿပီ ျဖစ္တာမို႔ ခန္းမတစ္ခုလံုး ေျပာင္းရွင္းေနေလသည္။
မၾကာခင္မွာပဲ စုထ်န္းထ်န္းက ေခါင္းငံု႔ထားၿပီး ပါးစပ္ကိုအုပ္ကာ ငိုေနရင္း အထဲဝင္လာေလ၏။ သူမ အေနာက္မွာေတာ့ လီေဟာက္က်ယ္ ပါလာသည္။ သူ႔ပံုစံက စုထ်န္းထ်န္းကို အရင္ကေလာက္ စိတ္ပူေနပံုမေပၚ။ ပံုမွန္အတိုင္းသာ ေမးလိုက္၏။ "ဘာျဖစ္လို႔လဲ"
သူ႔ကို ထိုပံုစံနဲ႔သာ ျမင္လိုက္ရတဲ့အခါ သူမက ခနတာ ရပ္တံ့သြားၿပီးေနာက္ အားေပ်ာ့စြာ ေျဖလိုက္၏။ "ဘာမွ မျဖစ္ပါဘူး"
လီေဟာက္က်ယ္က သူ႔မ်က္ခံုးေတြကို က်ံဳ႔လိုက္ၿပီး "ငိုထားလို႔ေတာင္ မ်က္ႏွာက ေပပြေနတာ။ ဘယ္လိုျဖစ္ၿပီး ဘာမွမျဖစ္ပဲ ေနမွာလဲ"
စုထ်န္းထ်န္းက အၾကၫ့္ကို ေဘးသို႔ ပို႔လိုက္ၿပီး "ကြၽန္မ အထုတ္ခံရတဲ့ အခါက်ရင္ ပရိတ္သက္ေတြ ေသခ်ာေပါက္ စိတ္ပ်က္မိမယ္လို႔ ခံစားရလို႔ပါ"
ၿပီးေနာက္မွာေတာ့ ေခါင္းငံု႔ကာ ဆက္ငိုေလ၏။ လီေဟာက္က်ယ္က သူမကို ၾကၫ့္လိုက္သည္။ သံစဉ္ႏွင့္မလိုက္ေအာင္ သူမရဲ့ သီဆိုခဲ့မႈက trending topic ျဖစ္လာခဲ့သလို သစၥာရိွတဲ့ သူမရဲ့ ပရိတ္သက္ေတြ အမ်ားစုေတာင္ ဒီတႀကိမ္ေတာင္ သူမနာမည္ကို မရွင္းလင္းႏိုင္ေတာ့ေပ။ စုထ်န္းထ်န္းကို သဘာ၀အဆိုေတာ္ အျဖစ္ တင္စားၾကသည္။ သီခ်င္း ၁ပုဒ္ ၂ပုဒ္ကို မၾကာခန ထုတ္တတ္သၫ့္တိုင္ ယခုအခါ ေဖ်ာ္ေျဖမႈက အခုလို အက်ည္းတန္သြားခဲ့သည္။ ဒီတႀကိမ္မွာေတာ့ ေနာက္ဆံုးကေန ေျပာင္းျပန္ေရတြက္မွ ပထမေနရာ ရမယ္ဆိုတာ ထင္ရွားေနေလၿပီ။ ငိုေနတဲ့ သူမရဲ့ မ်က္ႏွာေလးက ေဖ်ာ့ေတာ့ၿပီး။ အလြန္သနားဖို႔ ေကာင္းလွ၏။
ဘယ္လိုပဲျဖစ္ျဖစ္ လီေဟာက္က်ယ္ ေခါင္းထဲစဉ္းစားႏိုင္တဲ့ အရာက က်န္းရွန႔္ေမရဲ့ မ်က္ႏွာေလးသာ ျဖစ္သည္။ သူမက ျပႆနာေတြ ႀကံဳတဲ့အခါတိုင္း စုထ်န္းထ်န္းကို ငိုတတ္တာ ရွားသည္။ ထို႔အစား သူမက အတြင္းစိတ္ထဲက အရာကို အျပင္ဘက္ထုတ္ေျပာတတ္ၿပီး ႏူးညံ့မႈ တစက္မွမရိွ။ ထိုအေတြးက လီေဟာက္က်ယ္ကို ဆတ္ကနဲ လႈပ္ရွားေစ၏။
ဟုတ္တယ္။ သူမရဲ့ အက်င့္ေတြေၾကာင့္ပဲ က်န္းရွန႔္ေမကို သူ စြန႔္ပစ္ခဲ့တာ။ ထိုသို႔ ေတြးလိုက္ၿပီးေနာက္ လီေဟာက္က်ယ္က စုထ်န္းထ်န္း ဘက္သို႔ လွၫ့္လိုက္ၿပီး "ငါ ၿပိဳင္ပြဲထဲက ထြက္မယ္"
စုထ်န္းထ်န္းက ေတာင့္တင္းသြားၿပီး "ဘာ?"
လီေဟာက္က်ယ္ ပံုစံက ယံုၾကည္မႈ ရိွေန၏။
"ငါ ၿပိဳင္ပြဲက ထြက္မယ္။ ဒီနည္းကပဲ မင္းကို ၿပိဳင္ပြဲက မထုတ္ေစမွာ ၿပီးေတာ့ မင္းလည္း ဆက္ၿပိဳင္လို႔ရတယ္။ မင္းကိုယ္မင္း သက္ေသျပႏိုင္ဖို႔ အခြင့္အေရး ရိွလာမွာပါ။ ေနာက္ဆံုးၿပိဳင္ပြဲက တစ္လေလာက္ရိွေသးေတာ့ ဒီၿပိဳင္ပြဲကို ႏိုင္ႏိုင္ဖို႔ ငါ ေမ်ွာ္လင့္ပါတယ္"
စုထ်န္းထ်န္းက တထိတ္တလန႔္ ေဝ့ယမ္းျပလိုက္ၿပီး "ရွင္ အဲ့လိုလုပ္လို႔ မရဘူးေလ ကြၽန္မ...."
သူမ ေျပာလာမယ့္ စကားေတြကို လီေဟာက္က်ယ္က ျငင္းလိုက္ၿပီး "ဆံုးျဖတ္ၿပီးသြားၿပီ။ ထ်န္းထ်န္း ၿပိဳင္ပြဲမွာ မင္းႏိုင္ရမယ္"
ထိုနည္းကပဲ သူ႔ဆံုးျဖတ္ခ်က္ မမွားဘူးဆိုတာ သက္ေသျပႏိုင္သၫ့္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္သည္။ သူမရဲ့ ၿပိဳင္ပြဲ ေအာင္ျမင္မႈကပဲေပါ့။
သူမက ထြက္သြားဖို႔ သူ႔ကို ေစာင့္ေနၿပီး မ်က္ရည္ေတြကလည္း နည္းသြားေလ၏။ ထြက္ေပါက္ကို ေငးၾကၫ့္ေနၿပီးေတာ့ မ်က္ရည္ေတြကို သုတ္လိုက္ၿပီး အၿပံဳးတစ္ခုေပၚလာ၏။ သို႔ေပမယ့္ မၾကာခင္မွာပဲ အလ်င္အျမန္ သူမမ်က္ႏွာကို ျပန္ျပင္လိုက္ေတာ့သည္။
"လီေဟာက္က်ယ္ ရွင္ အဲ့လို လုပ္လို႔မရ..."
သူတို႔ ႏွစ္ေယာက္လံုး ထြက္သြားတဲ့အခါမွ ေဒါသေတြကို ဖိႏိွပ္ထားတဲ့ နင္မုန႔္ ဆဲေရးလိုက္ေတာ့၏။
"-ီးပဲ!"
'ဒီမိန္းမက တကယ့္ အႀကီးစား ၾကာပန္းျဖဴ အေယာင္ေဆာင္မပဲ! အျပင္ဘက္မွာသာ ဘာမွမသိတဲ့ ပံုစံျပထားေပမယ့္ အထဲမွာေတာ့ မွၫ့္ၿပီး ပုပ္ပြေနတဲ့ ဟာမ!!'
သူမ မတ္တပ္ရပ္လိုက္ေတာ့ အမ်ိဳးသားကလည္း အေနာက္ကေန ထလာ၏။ သူတို႔ႏွစ္ေယာက္လံုး ယခုေနရာမွ ထြက္သြားရေတာ့မည္ ဆိုတာ သိလိုက္တဲ့အခါ သူမ လက္ကို ဆြဲကာ နံရံဆီသို႔ ကပ္လိုက္ၿပီး သူ႔လက္ေတြကို သူမရဲ့ ေဘးတဖက္ တခ်က္ဆီ ဖိထားလိုက္၏။
နင္မုန႔္က လြတ္ေျမာက္ဖို႔ ရုန္းကန္ေနေပမယ့္ ရုတ္တရက္ဆိုသလို ေဟာ္ေပ့ခ်န္က ေခါင္းငံု႔လာၿပီး မ်က္ႏွာကို အနားကပ္လာ၏။ သူက သိမ္ေမြ့စြာ ၿပံဳးလိုက္ၿပီး နက္ရိႈင္းတဲ့ အသံႏွင့္ ေမးလိုက္သည္။ "နင္မုန႔္ မင္း ရွာလကာရည္ ေသာက္ေနတာလား[1]? အဲ့အဓိပၸာယ္က မင္းသ၀န္ေနတယ္လို႔ ဆိုလိုတာမလား?"
[1] 吃醋ဆိုတာ သ၀န္တိုေနတဲ့ လူကို ဆိုလိုတာပါ။
[ ၂၅ပိုင္းစီပါတဲ့ pdf စာစဉ္၁ခုကို ၅၀၀က်ပ္နဲ႔ wp acc cbမွာ လာဝယ္လို႔ရၿပီေနာ္^^ ။ ၿပီးသြားတဲ့ စာစဉ္ေတြပါ စာစဉ္၇ [EP-165 to 189]၊ စာစဉ္၈ [EP-190 to 214]၊ စာစဉ္၉[ EP-215 to 239]၊ စာစဉ္၁၀ [EP-239 to 264]၊ စာစဉ္၁၁[EP-265 to 289]၊ စာစဉ္၁၂ [EP-290 to 314]၊ စာစဉ္၁၃ [EP-315 to 339]၊ စာစဉ္၁၄ [EP-340 to 364]၊ စာစဉ္၁၅ EP-365 to 389တို႔ပါ🥰]