[Book-1]novelထဲဝင်သွားပြီးနော...
By thiriWoonie
675K 79.7K 1.4K
Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More
Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
141[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️
163[U&Z]
1.7K 221 2
By thiriWoonie
[Unicode]
နင်မုန့်သည်လည်း ဖျော်ဖြေမှုကို ကြည့်ရင်း ထိရှသွားသည်ကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့တာမို့ တစ်စုံတယောက်နှင့် ဝေမျှပြောဖို့ လိုအပ်လာသည်။ လီဟောက်ကျယ်က သူမရဲ့ ညာဘက်မှာ ထိုင်နေတာ ဖြစ်တာမို့ ဘယ်ဘက်ကို လှည့်လိုက်ရုံသာ တတ်နိုင်လေသည်။
သူမက ဟော်ပေ့ချန်ရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ဂုဏ်ယူစွာ ပြောလာ၏။ "ဟီးဟီးဟီး ကျန်းရှန့်မေက တကယ်ကို အံ့ဩစရာကြီးပဲ!! in-ear monitor တစ်ခုတောင် မတပ်ထားဘဲ သံစဉ်တွေကို ပြီးပြည့်စုံအောင် ဘယ်လိုများ ဆိုနိုင်သွားရတာလဲ? စကားပြောရင်ကျ အရမ်းကြမ်းတမ်းနေတတ်ပြီး သီချင်းဆိုတဲ့အခါကျ ဘယ်လိုတောင် နူးညံ့နေလိုက်တာလဲ? တကယ်ပဲနော် ကျွန်မ အခု သူမရဲ့ ပရိတ်သက်အကြီးစား ဖြစ်သွားပြီပဲ!"
ထိုသို့ ပြောပြီးနောက် တစ်ခုခုမှားနေတာကို သူမ ခံစားလိုက်ရသည်။ ဟော်ပေ့ချန်တဲ့ မျက်နှာက တောင့်တင်းလို့ နေပြီး တုန်ရီနေတဲ့ သူ့ရဲ့ မျက်ခုံးတွေကို သူမ ကြည့်မိတဲ့အခါ ဂဏာမငြိမ်ဖြစ်အောင် လုပ်နေတဲ့ ကြီးကြီးမားမား တခုခုရှိနေမယ်ဆိုတာ သူမ ပြောနိုင်သည်။ သူက တစ်စုံတခုကို အရမ်း ဖိနှိပ်နေပုံပေါ်သည်။ သူ့လက်မောင်းပေါ်မှ သူမ လက်ကို ပြုတ်ရုတ်လိုက်သည်။ ပြန့်နေ‌တဲ့ သူ့ရဲ့ အင်္ကျီလက်က သူမရဲ့ ဆုပ်ကိုင်ထားမှုကြောင့် တွန့်သွား၏။
နင်မုန့်က အလျင်အမြန်ဆိုသလိုပဲ သူ့ရဲ့ အင်္ကျီလက်ကို နဂိုအခြေအနေအတိုင်း ဖြစ်အောင် ပြန်သပ်ချပေးလိုက်၏။ သူက သူမအပေါ် သစ္စာဖောက်ထားတာကို သူမ မေ့သွားခဲ့တာပင်။ သူမကတော့ ရှက်ပြုံးသာ ပြုံးပြလိုက်သည်။
"ဘုရင်ကြီးချန်ရဲ့ suitက တကယ်ကို အရမ်းမိုက်တာပဲ။ ချုပ်ထားတာလေးကို ကြည့်ပါဦး အရည်အသွေးကို ကြည့်ပါဦး။ ဒီလောက် အဆင့်မြင့်လွန်းနေတာတောင်မှ ရှင့်ရဲ့ အရည်အသွေးကို နည်းနည်းပဲ ဖော်ပြပေးနိုင်တယ်။ ဘာလို့ဆို ရှင်က အရမ်း ဆွဲဆောင်မှု ရှိလွန်းလို့လေ!"
ပြီးနောက်မှာတော့ သူမက မျက်လုံးမှိတ်ပြလိုက်ကာ "ကျွန်မ ဘယ်သူလဲဆိုတာ ရှင်သိလား"
"ဘယ်သူလဲ"
နင်မုန့်က အတည်ပေါက်ကြီး ပြောလာသည်။ "ကျွန်မကလည်း အရမ်းဆွဲဆောင်မှု ရှိတဲ့လူလေ"
"…"
သူမ ထိုသို့ပြောနေရင်းမှာ တဖက်မှ စီနီယာက မျက်ခုံးတွေကို တွန့်ကြုပ်နေရင်း သူ့အတွေးတွေကို ထုတ်ပြောလိုက်သည်။ "ဘာလို့များ သူမပုံစံက မော့နရှား ကို သတိရိမိစေတာလဲ?"
'မော့နရှား?'
လီဟောက်ကျယ်လည်း မေးစေ့ကိုင်ပြီး တွေးတောမိသွားသည်။
'မော့နရှားဆိုတာ ပြည်တွင်းမှာ နာမည်ကြီးခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်သည်။ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ နာမည်ကြီးခဲ့သော်ငြား သူမက အခုခေတ်စားနေတဲ့ သီချင်းတွေကို သီဆိုခဲ့သူတော့ မဟုတ်ပေ။ ထို့ကြောင့်ပဲ ကွင်းထဲက လူအုပ်ကြီးက သူမရဲ့ အောင်မြင်မှုကို သိကြမှာ မဟုတ်။ ဘယ်လိုပဲဖြစ်ဖြစ် အနုပညာရှင် တစ်ယောက်အနေနဲ့ကတော့ မော့နရှားလို နာမည်ကြီးတစ်ယောက်ကို မသိဘဲ နေမှာလဲ? အဆိုကမ္ဘာဂိမ်းထဲမှာတော့ သူမက ထိပ်ဆုံးကစားသမား တစ်ယောက်ပဲ။ နာမည်အကြီးဆုံး အနုပညာရှင် တစ်ယောက် ဖြစ်တောင်မှ သူမကို လေးစားစွာနဲ့ ဆရာလို့ ခေါ်ရမည်မှာ ဧကန်ပင်။'
'ကျန်းရှန့်မေ နဲ့ မော့နရှားတို့က ဘယ်လိုလုပ်ပြီး အဆက်အသွယ် ရှိမှာလဲ? ကျန်းရှန့်မေက ကောင်းကောင်းကြီး သီဆိုသွားနိုင်တာ ဘယ်လို ဖြစ်နိုင်မှာလဲ?'
လီဟောက်ကျယ်ကတော့ စင်ပေါ်ကို ထပ်ကြည့်လိုက်သည်။ ကျန်းရှန့်မေက ထိုနေရာမှာ ယုံကြည်ချက်ရှိစွာ ရပ်နေတာ ဖြစ်၏။ သူမနဲ့ လင်းချင်ပေ့က လူအုပ်ကြီးကို လက်ဝေ့ယမ်း ပြပြီး တူရိယာဝိုင်းကလူတွေကိုတော့ ပင်ပန်းသွားပြီဖြစ်ကြောင်း ကျေးဇူးတင်စွာနဲ့ ခါးကိုင်း အရိုအသေပြုလိုက်သည်။ ပြီးနောက်မှာတော့ ပျော်ရွှင်စွာပဲ စင်ပေါ်က ဆင်းခဲ့ကြလေ၏။ လီဟောက်ကျယ်ကတော့ ညှို့ယူခံထားရသည့်အလား မျက်ဝန်းတွေက သူမ အပေါ်မှာပဲ ကျရောက်လို့နေသည်။ နားနေခန်းကို မသွားဘဲ ပရိတ်သက်တွေ ရှိရာဆီသို့ လျှောက်လှမ်းလာတဲ့ သူမကို ကြည့်နေမိသည်။
အလင်းရောင်က သူမရဲ့ မျက်နှာလှလှလေးပေါ်မှာ ကျရောက်လို့နေပြီး မင်းသမီးလေး တစ်ပါးလို ကျက်သရေရှိလှလေ၏။ ကျန်းရှန့်မေကို အဝေးကပဲ ကြည့်နိုင်ပြီး အနီးကပ်လို့ မရတဲ့ လူတစ်ယောက်လို လီဟောက်ကျယ် ခံစားလိုက်ရသည်။ သူမက သူ့ဆီကို တမင်ရှိုးလာပြတယ်လို့ ထင်လိုက်စွာပဲ သူ ခပ်တန်းတန်း ပြန်ထိုင်လိုက်၏။
ကျန်းရှန့်မေက နင်မုန့်ကို သွားဖက်လိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့။ ပြီးနောက်မှာတော့ စီနီယာဘက် လှည့်ကြည့်ကာ "ကျေးဇူးပါ"
စီနီယာက အလျင်အမြန် လက်ခါယမ်းပြရင်း "မလိုအပ်ပါဘူး မိန်းကလေးကျန်း။ မေးခွန်း တစ်ခုလောက် မေးလို့ရမလား"
ကျန်းရှန့်မေက စီနီယာကို ပြုံးပြနေပြီး သူ့ကို လုံးလုံးလျစ်လျူရှူထားတယ်ဆိုတာ လီဟောက်ကျယ် တွေ့လိုက်ရသည်။ သူမက တရိုတသေနဲ့ပြန်ဖြေလိုက်သည်။ "ဟုတ် ရပါတယ်"
"မော့နရှားနဲ့ သိတာလား"
ထိုသို့ကြားတဲ့အခါ လီဟောက်ကျယ်လည်း နားစွင့်ထားလိုက်သည်။ မော့နရှားက သူမရဲ့ အအောင်မြင်ဆုံးအချိန်မှာ အနုပညာလောကမှ ထွက်သွားခဲ့တာ ဖြစ်သည်။ ထိုအချိန်တည်းကနေ အခုထိ ၁၀နှစ်ကြာခဲ့ပြီ ဖြစ်သလို ဘယ်သူမှလည်း သူမ အကြောင်း တော်ရုံ ပြောမလာကြတော့။ သူမရဲ့ သင်ကြားတာ ခံရမယ့် အနုပညာရှင်ဆိုတာ ကံကောင်းလွန်း၍သာ ဖြစ်နိုင်လေသည်။ အခုလိုမျိုး ထူးခြားတဲ့ အဆိုတော်တစ်ယောက်ကို မြင်နိုင်ဖို့ရာ အရမ်းကြာအောင် စောင့်ခဲ့ရသည်။ ကျန်းရှန့်မေက ချမ်းသာတယ် ဆိုရင်တောင် ပိုက်ဆံနဲ့တော့ ထိုထူးချွန်တဲ့ အနုပညာရှင်ရဲ့ အရည်အသွေးကို ၀ယ်လို့ရမှာ မဟုတ်။
ထိုသို့ တွေးနေရင်းမှ ကျန်းရှန့်မေက အပြုံးနှင့် ပြန်ပြောလာတဲ့ အဖြေကို ကြားလိုက်ရသည်။ "သူမက ကျွန်မရဲ့ အမေပါ"
"???"
[ ၂၅ပိုင်းစီပါတဲ့ pdf စာစဉ်၁ခုကို ၅၀၀ကျပ်နဲ့ wp acc cbမှာ လာဝယ်လို့ရပြီနော်^^ ။ ပြီးသွားတဲ့ စာစဉ်တွေပါ စာစဉ်၇ [EP-165 to 189]၊ စာစဉ်၈ [EP-190 to 214]၊ စာစဉ်၉[ EP-215 to 239]၊ စာစဉ်၁၀ [EP-239 to 264]၊ စာစဉ်၁၁[EP-265 to 289]၊ စာစဉ်၁၂ [EP-290 to 314]၊ စာစဉ်၁၃ ‌[EP-315 to 339]၊ စာစဉ်၁၄ [EP-340 to 364]၊ စာစဉ်၁၅ EP-365 to 389တို့ပါ🥰]
---------------
[Zawgyi]
"ဘယ်သူလဲ"
"…"
'မော့နရှား?'
"မော့နရှားနဲ့ သိတာလား"
"???"
Continue Reading
You'll Also Like
365K 14.7K 46
Start date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။
599K 5K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
2M 104K 32
The entire story line and character names are just the imagination of the author.
78.3K 5.7K 20
'အင်္ကျီနဲ့အတူ မောင့်နှလုံးသားလေးပါသွားတာ အန်တီပြန်မထည့်ပေးထားဘူး ရပါတယ် ယူထားပါ မောင်နေ့တိုင်းလာတောင်းလှည့်မယ်' 'အဲ့တာဘာစကားဆိုတာလဲ' 'အင်း..ချစ်စကား...