[UNI]
"သခင်လေးရှောင်းကို အိမ်ရှေ့စံနဲ့သဘောမတူချင်ပါဘူး"
"ကျွန်တော့်ရဲ့ ပါးကြောင့်ဆိုရင် ကျွန်တော်.."
"နေထိုင်ဖို့အတွက် စီစဥ်ပေးမှာမို့ ဒီည.."
"ကျွန်တော် မသွားချင်ပါဘူး"
"..."
"ရိပေါ်အနားကနေ ဘယ်ကိုမှ ထွက်မသွားချင်ပါဘူး။ တောင်းပန်ပါတယ် ကျွန်တော့်ကို ဖိအားတွေ ထပ်မပေးလို့ မရဘူးလားဟင်"
ဘုရင့်အစား ညီလာခံတက်ရောက်နေသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် ဥယျာဥ်ထဲထိုင်နေစဥ် မယ်မယ်ခေါ်ခိုင်းသည်ဟူ၍ ရောက်လာရခြင်းဖြစ်သည်။ မယ်မယ် သဘောမတူသည်ကို သူနားလည်ပါ၏။
သို့သော် သဘောတူအောင် ဘာပဲလုပ်ရပါစေ သူအတတ်နိုင်ဆုံး ကြိုးစားချင်ပါသည်။ ခွဲထုတ်လျှင်တော့ သူငြင်ဆန်းချင်သည်။ တစ်ကြိမ် ဆုံးရှုံးမလိုဖြစ်ပြီးသည်ကြောင့် သူထပ်မစွန့်စားရဲတော့ပေ။
"ကျွန်တော့်ကို သွားခွင့်ပြုပါဦး မယ်မယ်"
ဤအပြုအမူသည် ရှောင်းကျန့်အတွက် ရိုင်းမှန်းသိသော်လည်း သူတကယ်ဆက်မနေချင်တော့ပေ။ မိဖုရားခေါင်လို ခြိမ်းခြောက်မည့်သူမျိုးမဟုတ်သော်လည်း သဘောမတူသည့်အကြောင်းအရာနဲ့တင် သူကြောက်သည်။
အဆောင်အပြင်ထွက်လိုက်သည်နှင့် တစ်ကိုယ်လုံးအေးစက်နေခဲ့သမျှသည် ချွေးအဖြစ်ပြောင်းကာ သူ့တစ်ကိုယ်လုံး စိုရွှဲနေတော့မည်။ အသက်ကိုဝဝရှူကာ အနောက်ပင်လှည့်မကြည့်တော့ဘဲ ဥယျာဥ်ဆီသာ ပြန်ဦးတည်လိုက်၏။
လမ်းတွင် နဖူးပေါ်၌ကျန်နေသေးသော ချွေးစတို့ကိုသုတ်၍ စိတ်ကို ငြိမ်အောင်လုပ်ရသည်။ ရင်ထဲ တလျှပ်လျှပ်ဖြင့် စိုးရိမ်စိတ်က လွှမ်းမိုးနေပြန်သည်။
ဥယျာဥ်ရှေ့ရောက်သည့်အခါ အလှမ်းဝေးသည့်တစ်နေရာ၌ အိမ်ရှေ့စံ၏ အခြွေအရံများကိုတွေ့ရသည်။ ဥယျာဥ်ထဲ သူအမြန်ဝင်သွားလိုက်၏။ ဝမ်ရိပေါ်စောင့်နေတော့မည်။
"ရိပေါ်.."
လက်အနောက်ပစ်ကာ ကြာကန်ငယ်ဆီ ဆွေးမြေ့စွာ မျက်နှာမူထားသော ဝမ်ရိပေါ်က ရှောင်းကျန့်အသံကြားသည်နှင့် လှည့်၍ကြည့်လာသည်။ မျက်နှာမကောင်းသည်မို့ ရှောင်းကျန့်မေးရန် ဟန်ပြင်လိုက်ပါသော်လည်း
"ရှစ်စွမ်း...ခနနေလို့ မရောက်သေးရင် ကျွန်တော်စာကြည့်တိုက်ကို လိုက်လာတော့မလို့ လုပ်နေတာ"
"....."
"ရှစ်စွမ်း?"
"ဟင်"
"ကျွန်တော့်ကို ဘာလို့ အဲ့လောက်ငေးနေတာလဲ"
"ဒီအတိုင်း.."
"တစ်ခုခုဖြစ်လာလို့လား"
"ဟင့်အင်း...ရိပေါ်... တောအုပ်ထဲက ရေကန်နားသွားကြမလား"
"အာ.. ရှစ်စွမ်းက သွားချင်လို့လား"
"အင်း။ မရောက်ဖြစ်တာလည်း ကြာပြီမို့"
"သွားကြတာပေါ့"
//////
နန်းဆောင်ထဲတွင် ကုတင်ပေါ်၌ လဲလျောင်းနေသော မင်းကြီးနှင့် မိဖုရားငယ်သာရှိသည်။ မိဖုရားငယ်သည် မင်းကြီး၏ လက်တစ်ဖက်အားကိုင်ကာ ရေစို၀တ်ဖြင့် လက်သည်းကြားတွေကို သန့်ရှင်းရေးလုပ်ပေးနေရင်း စကားတွေလည်းပြောပေးနေလေသည်။
"အရှင်.. သားတော်ကလေ သူ့ရှစ်စွမ်းကို မေတ္တာသက်ဝင်နေတယ်။ မနေ့က သူတို့နှစ်ယောက်အခြေအနေကို သေချာမြင်ခဲ့ရပေမယ့် ဒီမနက်တင်ပဲ အဲ့ဒီသခင်လေးကို သားတော်အနားကနေ ခွာဖို့ကြိုးစားခဲ့မိတယ်။ ဒါပေမယ့် စကားမဆုံးခင်မှာတင် ဖြတ်ပြောပြီး ငြင်းသွားတယ်လေ"
"......."
"အရှင်သာဆိုရင်ရော ဒီအခြေအနေကို ဘယ်လိုနားလည်မလဲ သိချင်လိုက်တာ"
"....."
"......."
"သား...တော်..ပျော်ပါ..စေ"
တိုးညင်းသောအသံသည် မိဖုရားငယ်သေချာကြားနိုင်ဖို့အထိတော့ လုံလောက်ပါ၏။ မင်းကြီး၏ မျက်လုံးတွေသည် အကုန်ပွင့်နေသည်မျိုးမဟုတ်ဘဲ မျက်ဖြူမလန်ရုံတမယ် မနည်းဆွဲဖွင့်ထားရုံသာဖြစ်သည်။
"သားတော်ပျော်နေတာကို အရှင်ရော မမြင်ချင်ဘူးလားဟင်။ မြန်မြန်ကျန်းမာလာပါတော့ အရှင်ရယ်"
ပြန်ဖြေသံမရသော်လည်း မင်းကြီးကြားနိုင်သည်မှန်း မိဖုရားငယ်သိပါသည်။ ကျလုလုမျက်ရည်များကို အတင်းတောင့်ခံထားကာ ရေစိုဝတ်လေးဖြင့်သာ ဆက်၍ သန့်ရှင်းရေးလုပ်ပေးနေမိသည်။
\\\\\\
မရောက်တာကြာသည့်နေရာသည် ယခင်လိုအေးချမ်းနေဆဲဖြစ်သည်။ ခပ်ဖျော့ဖျော့နေရောင်အောက် ရေကန်နား၌ ပူးကပ်လျက်ရှိနေသော လူနှစ်ယောက်လည်းရှိသည်။
"ရိပေါ်.. "
"ဘာလို့လဲ ရှစ်စွမ်း။ ဘယ်သူမှမရှိတာကို"
"မနေတတ်ဘူး"
အနောက်မှထိုင်လျက်သိုင်းဖက်ကာ လည်တိုင်နားမျက်နှာအပ်၍ နမ်းရှိုက်နေသော ၀မ်ရိပေါ်က ရယ်သည်။ သူပွေ့ပိုက်ထားရသော လူသားလေးသည် ဝါဂွမ်းလေးသဖွယ် နူးညံ့အိထွေးနေသည်။
သူ့မှာ ဖြစ်ညှစ်၍လည်းမဝသလို၊ နမ်းရှိုက်၍လည်း မဝပေ။ အသည်းယားခြင်းအမှုဖြင့် စိတ်ရှိလက်ရှိသာ ဆွဲရမ်းလိုက်ရလျှင် သူ့ရှစ်စွမ်းဝော့ မူးနောက်သွားပေတော့မည်။
"ရှစ်စွမ်း ကျွန်တော့်ကို တာ၀န်ယူပါတော့။ စားပြီးနားမလည် ပစ်မထားပါနဲ့"
"နစ်နာနေဦးမယ်"
"ချစ်နေလို့ နစ်နာတယ်တော့ မသတ်မှတ်ပါဘူး"
"အဲ့တာဆို စောင့်လေ"
"အင်း... ဆောင့်ချင်တာ"
"အင်း စောင့်"
"တကယ် ဆောင့်မှာ"
"စောင့်လို့ဆို"
"ဟိုကျောက်တုံးနား သွားမလား။ ဆောင့်ရအောင်လို့"
"ဟင်? မင်း! ဝမ်ရိပေါ်!!"
"ဟား! ဟား!"
ရင်ခွင်ထဲပိတ်မိနေသူသည် အနောက်ကိုအတင်းလှည့်လာကာ ဆရာပီပီ ခေါင်းတွေချည်း လှိမ့်ခေါက်တော့သည်။
"အောဟော... အိမ်ရှေ့စံကို ခေါင်းခေါက်တာ.."
"မကျေနပ်ဘူးလား"
"နောက်လည်း များများ ဆုံးမပါလို့ ရှစ်စွမ်း.."
ခပ်တင်းတင်းရန်ပြန်လုပ်သူကြောင့် ပျော့ပေးရသည်။ အပိုအနေဖြင့် ခပ်ပြုံးပြုံးလည်း လုပ်ပြရသေး၏။ ထီးနန်းမရခင်ကတည်းက တိုင်းပြည်တွေသိမ်းပိုက်ခဲ့သော ဘုရင်တို့၏ဘုရင် ဝမ်အိမ်ရှေ့စံလည်း သူ့ရှစ်စွမ်းရှေ့ရောက်လျှင် လူပေါလေးလုပ်ပြရသည်။
"ရိပေါ်.."
"ဟုတ်"
"ဝမ်ရိချန်.."
"..."
"ပါးအခုလို လုပ်သွားရတဲ့ အကြောင်းပြချက်ကို သိလောက်မလား"
"ရှစ်စွမ်းက သိချင်လို့လား"
"အင်း.."
"မသိချင်တော့နဲ့.."
"..."
"ဝမ်ရိချန် ဆုံးသွားပြီ"
"ဘယ်လို.."
"မနေ့ညကပဲ"
"ဥယျာဉ်ထဲမှာ အဲ့တာကြောင့်.."
"ပြီးသွားပါပြီ။ ကျွန်တော့်မှာ အစ်ကိုဆိုတာ မရှိတော့ဘူး။ ရှိလည်းမရှိခဲ့ဘူးလို့ သတ်မှတ်လိုက်ပြီ"
"အဆင်ပြေရဲ့လား"
"ရှစ်စွမ်းဖက်ထားပေးမယ်ဆိုရင်ပေါ့"
ချက်ချင်းပင် လာဖက်ပေးသော ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် ထပ်၍ပြုံးမိပါသည်။ သူ့ရှစ်စွမ်းက အဖိုးတန်လေးပင်။
"နန်းတော်ပြန်ရင် ခမည်းတော်ဆီအတူသွားရအောင်"
"မင်းကြီး ကျန်းမာတဲ့အထိ စောင့်ပါဦး"
"ရှောင်ပြေးဦးမလို့လား"
"ရိပေါ်က အကြွေးတောင်းနေသလိုပဲ"
"ရသင့်တာတော့ တောင်းရမှာပေါ့။ မဟုတ်ဘူးလား"
"ဆန္ဒရှိသလိုသာ လုပ်တော့"
ဖက်ဆိုလို့သာဖက်ထားရသည်ထင်ရ၏။ တကယ်တန်းအဖက်ခံနေရသည်က ရှောင်းကျန့်သာ။
"ရိပေါ်..."
"ဟုတ်"
"ငါ့ပုံစံက အူတူတူဖြစ်နေလို့လား"
"မဖြစ်ပါဘူး။ ဘယ်ကောင်က ရှစ်စွမ်းကို မဟုတ်တာတွေပြောသွားတာလဲ"
"မင်းလေ"
"..."
"ကျားလုံတို့ဆီမှာတုန်းက အူတူတူနဲ့မို့ငါ့တပည့်မဖြစ်နိုင်ဘူးလို့ပြောခဲ့တာ"
"...."
"ဟုတ်လားလို့"
"...."
"ဝမ်ရိပေါ်!"
လေသံတွေသာ အမျိုးမျိုးပြောင်းသွားသည်။ သို့သော် ရေကန်နားတွင် ပြန်ဖြေသံမရှိသည့် ကောင်လေးနှင့် မဖြေ၊ ဖြေအောင် ချော့၍တစ်ဖုံ လေသံမာ၍တစ်လှည့်ဖြင့် ဆက်တိုက်မေးနေသူရှိသည်။ ၀မ်ရိပေါ်ကတော့ သူ့ရဲ့ အန္တရာယ်အငွေ့အသက်ကြားတွင် ရေငုံနှုတ်ပိတ်နေခဲ့လေသည်။
ညနေစောင်းလောက်မှ သူတို့ နန်းတော်ဆီပြန်ရောက်ကြသည်။ လက်ဆွဲခေါ်ခံရသူသည်ရှောင်းကျန့်ဖြစ်ကာ ဦးတည်ရာသည် မင်းကြီးအဆောင်ဆီဖြစ်၏။
အဆောင်တွင်မိဖုရားငယ်နှင့် ရှောင်းကျန့်တွေ့သော်လည်း မိဖုရားသည် ပြုံးတောင်ပြနေသေးသည်မို့ ရှောင်းကျန့် ကြောင်အနေမိသည်။
ထို့နောက် မင်းကြီးနားသွားကာ စကားတွေဟိုတစ်စဒီတစ်စပြောရင်း ရှောင်းကျန့်ကိုပါ ဝမ်ရိပေါ်က သူ့ကြင်ယာတော်လောင်းဖြစ်ကြောင်း ခမည်းတော်ကို မိတ်ဆက်သည်။ စကားသံတုန့်ပြန်မှုပြန်မရသော်လည်း မျက်တောင်နှစ်ခတ် အလျင်မြန်ခတ်ပြသည်မို့ သူကြားနိုင်သည်မှန်း သိရသည်။
မင်းကြီးအား ဝမ်ရိပေါ် စကားတွေပြောပေးနေစဉ်တွင် မိဖုရားငယ်သည် ရှောင်းကျန့်အား ကုတင်နှင့်ဝေးရာ ခုံနေရာဆီခေါ်သွား၍ တောင်းပန်စကားဆိုသည်။
တစ်ရက်ပင်မကူးသေးသည့် အခြေအနေတွင် မနက်နှင့်နေ့လယ် ချက်ချင်းပြောင်းလဲသွားသည်မှာ မဖြစ်နိုင်သော်လည်း ရှောင်းကျန့်ကတော့ အစစ်အမှန်တွေကိုသာ ရရှိခဲ့လေသည်။
ထိုနေ့က ထိုအခန်းထဲတွင် အပြုံးတွေ ဝေသီနေခဲ့ပါ၏။ စိတ်ရင်းအမှန်တွေဖြင့်သာ ဖြစ်သည်။
//////
၆လ ကြာပြီးနောက်....။
"မင်း..!!!"
"မရုန်းနဲ့!"
စာကြည့်တိုက််ထဲတွင်နှစ်ယောက်တည်းစစ်ဖြစ်နေပြန်သည်။ ပြဿနာအစသည် စစ်ကြေညာသည့်သဝဏ်လွှာနှင့်အတူ ငြိမ်းချမ်းရေးယူချင်ပါက ရှောင်းကျန့်အားပေးရန်ဖြစ်သည်။
ဝမ်ဘုရင်သည် ကျန်းမာရေးအခြေအနေကြောင့်အနားယူရန်အတွက် ဝမ်ရိပေါ်အား အာဏာလွှဲပြောင်းပေးပြီးမကြာခင်တွင်ပင် သူတို့အားခွဲခွာသွားခဲ့သည်။
ညီလာခံတွင် သဝဏ်လွှာကိုဆွဲဖြဲကာ မီးတဟုန်းဟုန်းတောက်နေခဲ့သည့်ဝမ်ရိပေါ်သည် စာကြည့်တိုက်တွင်ရှိနေသော ရှောင်းကျန့်အား စာအုပ်စင်တွင်ဆွဲကပ်ကာ ဖိနမ်းနေခြင်းဖြစ်သည်။
အဖြေရပြီးတာတောင် မထိန်းမြားရသေးသည့်သူ့အဖြစ်ကဆိုးသည်။ အာဏာသုံးလျှင်ရလျက်နှင့် သူမလုပ်ချင်သည်ကြောင့် မူနေသောသူအားဖူးဖူးမှုတ်ထားခဲ့ရသည်။ လတ်တလောကပင် မဟာမိတ်တိုင်းပြည်များနှင့်စာပေပြိုင်ပွဲကျင်းပခဲ့ရာ ရှောင်းကျန့်သည် အလွန်တော်သောပညာရှိတစ်ယောက်အဖြစ်နာမည်ကြီးခဲ့သည်။
ထိုပွဲတွင်တက်ရောက်လာသော ဝမ်တိုင်းပြည်အား မျက်စောင်းထိုးနေသည့်မဟာမိတ်၏သားတော်သည် ရှောင်းကျန့်အားမျက်စိကျသွားခဲ့သည်ထင်၏။
ဝမ်ရိပေါ်ဝင်မပြိုင်ရန်ပြောခဲ့စဥ်က ရှောင်းကျန့်နားထောင်ခဲ့သင့်သည်။ ယခုတော့ သူဖူးဖူးမှုတ်ထားသော အဖြူရောင်လေးကို လုယူချင်နေလေပြီ။ သဝန်တိုသောစိတ်ဖြင့် သူ့အဖြူရောင်လေးအားဖက်နမ်းကာ လည်တိုင်တွင်အမှတ်သားတွေချည်းပေးပစ်လိုက်၏။
ရှောင်းကျန့်ဟူသော သူ့ရှစ်စွမ်း အဖြူရောင်လူသားလေးသည် သူ့အပိုင်!
"ငါ့ကိုလာကြိုက်ပါလို့လည်း သူ့ကိုမပြောမိဘူးလေ...သူ့ဟာသူကြိုက်သွားတာ ငါနဲ့ဘာဆိုင်လို့လဲ..အာ့! မကိုက်နဲ့!! ကိုက်ချင်ရင် သူ့သွားကိုက်!!"
တစ်ခွန်းမကျန်စွာနေသူအား ဝမ်ရိပေါ်က သူ့အပိုင်လေးမကြိုက်သည်ကို ပိုလုပ်သည်။ ရှောင်းကျန့်ကလည်း နည်းနည်းလေးမှမလျော့ဘဲရန်ပြန်လုပ်သည်။ ဤသည်ဖြင့်သာ သံသရာလည်နေတော့သည်။
"မနက်ဖြန်စစ်ထွက် သွားရမယ်။ ပြန်လာတာနဲ့ထိန်းမြားမှာမို့ ပြင်ဆင်ထားပါ.."
"..."
"မဟုတ်ရင် ကိုယ့်အဆိုးမဆိုနဲ့။ ရရှစ်စွမ်းကကိုယ့်အပိုင်။ ဘယ်သူကမှ စကားနဲ့တတောင်ပြစ်မှားခွင့်မရှိတဲ့ကိုယ့်တစ်ယောက်တည်းရဲ့အပိုင်!"
လေးလေးနက်နက်ပြောနေသူသည် အမှန်တကယ်ပင်ဒေါသထွက်နေဟန်တူသည်။ ဝမ်ရိပေါ်ဒေါသထွက်လျှင် ရှောင်းကျန့်လည်းရှိန်သည်။
'ပြွတ်စ်'
"စာအုပ်ဖတ်ပြီးတာနဲ့အဆောင်ပြန်တော့နော်။ ညနေကျရင် ရှားခယ့်ကိုစားဖိုဆောင်မှာမုန့်သွားယူဖို့ပြောထားတယ်။ စားပြီးမှအိပ် ကျွန်တော်ဒီည စိစစ်စရာတွေရှိသေးလို့ မလာတော့ဘူး။ ပြန်လာမှတွေ့ကြမယ်နော်"
ချက်ချင်းလေသံပြောင်းသွားကာ ချော့ပြောနေသူကြောင့် ရှောင်းကျန့်ခေါင်းညိမ့်ပြလိုက်သည်။ ဝမ်ရိပေါ်တောင် တစ်ထစ်လျှော့သွားပြီပဲ သူဘာလို့မလျှော့နိုင်ရမှာလဲ ဟုတ်တယ်မလား!
ထိုညတွင် အိပ်ပျော်နေသူ၏ နဖူးအားနမ်းပြီးမှထွက်သွားသူသည် အနမ်းခံရသူလေးက ပြုံး၍ကျန်ခဲ့သည်ကိုတော့မသိလိုက်ပါချေ။
//////
ဝမ်ရိပေါ်မရှိသော တစ်ရက်တာသည် သူ့အတွက်နေထိုင်ရန်ခက်ခဲသည်။ သူနေထိုင်ရာနန်းဆောင်ဆီ ချောင်းပေါက်မတတ်ရောက်လာကာ အနမ်းတွေခြွေတတ်သောဝမ်ရိပေါ်မရှိတော့လည်း သူမနေတတ်ပါပေ။
စစ်ပွဲသည်ပြင်းထန်သည်ဟုစာပို့လာသည်။ ချစ်ရသူအတွက်စိုးရိမ်မှုလည်းဖြစ်ရ၏။ ချစ်ရသူသည် ဒဏ်ရာသေးသေးလေးရလာလျှင်တောင် သူ့ရင်တွေနာရ၍ ယခုတွင်ထိုင်မရထမရ။
ရင်ထဲတလျှပ်လျှပ်ဖြစ်လာသည်ကြောင့် ပူဆွေးခြင်းနယ်မြေမှ ဝမ်တိုင်းပြည်၏ဘိုးဘေးများထံသွားကာ စောင့်ရှောက်ပေးကြဖို့ရာ စုတောင်းရသည်မှာလည်း တစ်ရက်တည်းနှင့်ပင် ဘယ်နှခါမှန်းမသိ။
ဤသည်မှာ ၂ရက်မျှကြာသွားပြီး စစ်နိုင်သည်ဟူသောသတင်းကောင်းပါသည့် စာရောက်လာခဲ့သည်။ ရှောင်းကျန့်မှာ ဂိတ်ဝထိ ထွက်စောင့်ရသည်အထိ ပျော်နေခဲ့သည်။
ပြည်သူတို့၏ကောင်းချီးပေးခြင်းကိုခံကာ နန်းတွင်းထဲ မြင်းဖြင့်ရောက်လာသူသည် ရှောင်းကျန့်အား မြင်းပေါ်ကချက်ချင်းဆင်းလာ၍မဖက်နိုင်ခဲ့ပေ။ ပုခုံးတွင် ဒဏ်ရာကြီးတစ်ခုရလာသည်ကြောင့် သူ့လုပ်ဆောင်မှုတွေက နှေးကွေးနေခဲ့လေသည်။
"မင်း ဂရုစိုက်ပါ့မယ်ဆိုပြီး ကတိမတည်တာနှစ်ခါရှိပြီ"
အိပ်ယာပေါ်တွင်မှောက်လျက်လှဲနေသူအား သမားတော်ပေးခဲ့သော ဆေးထည့်ပေးနေသူရှောင်းကျန့်ကပြောလာခြင်းဖြစ်သည်။ ဒဏ်ရာနှင့်သူကို အပြစ်တင်နေသည်ဟုတော့မထင်စေလိုပါ။ သူစိတ်ပူပြီး ဤအခြေအနေကြောင့် သူလည်းနာကျင်နေရကြောင်းကို သိစေချင်၍သာရည်ညွှန်းပါသည်။
"ရှစ်စွမ်းကို စိတ်ပူစေမိပြီ"
"ငါ့မှာ မင်းပဲရှိတော့တာ.."
ပြောရင်းအသံတိမ်ဝင်သွားသူကြောင့် ဝမ်ရိပေါ်မှာ ထထိုင်လိုက်ရတော့သည်။ ဝမ်းနည်းနေသူ၏မျက်နှာလေးသည် ငိုချင်စိတ်အားထိန်းထားရ၍ နီရဲလျက်။ ပုခုံးမှဆုပ်ကိုင်ကာ ဆေးစည်းထားရ၍ အဝတ်မကပ်သောရင်ခွင်ကျယ်ထဲဆွဲသွင်းရသည်။ ပုံမှန်ဆို တွန်းထုတ်မည့်သူသည် ငြိမ်သက်စွာသူ့အပြုအမူအားခံယူနေ၏။
အချစ်တစ်ခုကြောင့် သဝန်တိုခြင်း၊ စိတ်ပူပန်ခြင်း၊ အသည်းယားခြင်း၊ ပိုင်ဆိုင်လိုခြင်း၊ သည်းခံစောင့်ဆိုင်းတတ်ခြင်း သို့လော,သို့လော စိတ်ခံစားချက်တို့သည် ရိုးသွားသည်မရှိ တစ်နေ့တစ်မျိုးဖြင့် အချစ်တိုးရသည်။ ပထမဆုံးနှင့်နောက်ဆုံးဖြစ်သော အချစ်ပေမို့ ပို၍လည်းတန်ဖိုးထားချစ်ရပါသည်။
နန်းဆောင်အတွင်းရှိ ရှိုက်သံလေးတစ်ချက်,တစ်ချက်သည် တစ်ယောက်သောသူ၏ရင်ခွင်ထဲတွင် စိတ်ချစွာဖွင့်ထုတ်သည်။ ယုယပေးနေသူကလည်း ရှောင်းကျန့်စိတ်ပေါ့သွားစေဖို့သာတွေးနေခဲ့သည်။
"ကျွန်တော်တို့ လက်ထပ်ထိန်းမြားကြရအောင်လေနော် ရှစ်စွမ်း.."
"မင်းကိုချစ်တယ် ရိပေါ်.."
ဝမ်ရိပေါ်သည် ရှောင်းကျန့်အဖြေကြောင့် နဖူးချင်းကပ်လျက်
"ရှစ်စွမ်းက ကျွန်တော်ပိုင်တဲ့ ကျွန်တော့်အပိုင်ကြင်ယာတော်"
"ဘယ်သူကယူမယ်ပြောလို့ မင်းကြင်ယာတော်လဲ။ ငါ့ကိုတောထဲမှာ အူတူတူပုံစံလို့ပြောတာ မင်းကိုမကျေနပ်ဘူး ရိပေါ်!"
ဝမ်ရိပေါ်သဘောတကျဖြင့်သာရယ်မောမိလိုက်တော့သည်။ သူရှစ်စွမ်းကသူ့ကိုအသည်းယားအောင်လုပ်နေပြန်ပါပြီ။ ဤကဲ့သို့သော စိတ်ခံစားချက်အမျိုးမျိုးအားထိန်းချုပ်ထားသော အချစ်သည် အင်မတန်လှပသော မေတ္တာကြိုးလေးပင်ဖြစ်လေသည်။
//////
နှစ်ရက်ကြာပြီးနောက်....။
ဝမ်တိုင်းပြည်သည်သာယာလျက်ပင်ဖြစ်သည်။ လေတဟူးဟူးဖြင့်ငြိမ်သက်ကာ အေးချမ်းနေသေးသည်။ ထိုအချိန်သည် အသံတဝူးဝူးဖြင့် ပြောနေသံများအား တိတိကျကျကြားနိုင်သည်အထိဖြစ်သည်။
ကိုယ်တိုင်းရန်အတွက် နန်းဆောင်ရှေ့ရပ်စောင့်နေရသူများမှာ ခြေပင်မခိုင်ချင်တော့ကာ မျက်နှာတွေလည်းရှုံ့မဲ့နေကြပြီဖြစ်သည်။ အထဲတွင်ညှိ၍မနိုင်သော ပြဿနာသည် အဝတ်အစားအရောင်နှင့် ပြင်ဆင်ရမည့်ပွဲတွင်သုံးမည့်အရောင်ပါတဲ့။
"အနီရောင်ချည်းကြီးပဲဆိုမကြိုက်ဘူး!"
"အဖြူရောင်ချည်းကြီးပဲကျတော့လည်း မကောင်းဘူးလေဗျာ"
THE END
************
221012
___________________________________
[ZAWGYI]
"သခင္ေလးေ႐ွာင္းကို အိမ္ေ႐ွ႕စံနဲ႔သေဘာမတူခ်င္ပါဘူး"
"ကြၽန္ေတာ္႕ရဲ႕ ပါးေၾကာင့္ဆိုရင္ ကြၽန္ေတာ္.."
"ေနထိုင္ဖို႔အတြက္ စီစဥ္ေပးမွာမို႔ ဒီည.."
"ကြၽန္ေတာ္ မသြားခ်င္ပါဘူး"
"..."
"ရိေပၚအနားကေန ဘယ္ကိုမွ ထြက္မသြားခ်င္ပါဘူး။ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္႕ကို ဖိအားေတြ ထပ္မေပးလို႔ မရဘူးလားဟင္"
ဘုရင့္အစား ညီလာခံတက္ေရာက္ေနသည့္ ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔ ဥယ်ာဥ္ထဲထိုင္ေနစဥ္ မယ္မယ္ေခၚခိုင္းသည္ဟူ၍ ေရာက္လာရျခင္းျဖစ္သည္။ မယ္မယ္ သေဘာမတူသည္ကို သူနားလည္ပါ၏။
သို႔ေသာ္ သေဘာတူေအာင္ ဘာပဲလုပ္ရပါေစ သူအတတ္ႏိုင္ဆုံး ႀကိဳးစားခ်င္ပါသည္။ ခြဲထုတ္လွ်င္ေတာ့ သူျငင္ဆန္းခ်င္သည္။ တစ္ႀကိမ္ ဆုံး႐ႈံးမလိုျဖစ္ၿပီးသည္ေၾကာင့္ သူထပ္မစြန္႔စားရဲေတာ့ေပ။
"ကြၽန္ေတာ္႕ကို သြားခြင့္ျပဳပါဦး မယ္မယ္"
ဤအျပဳအမူသည္ ေ႐ွာင္းက်န္႔အတြက္ ႐ိုင္းမွန္းသိေသာ္လည္း သူတကယ္ဆက္မေနခ်င္ေတာ့ေပ။ မိဖုရားေခါင္လို ၿခိမ္းေျခာက္မည့္သူမ်ိဳးမဟုတ္ေသာ္လည္း သေဘာမတူသည့္အေၾကာင္းအရာနဲ႔တင္ သူေၾကာက္သည္။
အေဆာင္အျပင္ထြက္လိုက္သည္ႏွင့္ တစ္ကိုယ္လုံးေအးစက္ေနခဲ့သမွ်သည္ ေခြၽးအျဖစ္ေျပာင္းကာ သူ႕တစ္ကိုယ္လုံး စို႐ႊဲေနေတာ့မည္။ အသက္ကိုဝဝ႐ွဴကာ အေနာက္ပင္လွည့္မၾကည့္ေတာ့ဘဲ ဥယ်ာဥ္ဆီသာ ျပန္ဦးတည္လိုက္၏။
လမ္းတြင္ နဖူးေပၚ၌က်န္ေနေသးေသာ ေခြၽးစတို႔ကိုသုတ္၍ စိတ္ကို ၿငိမ္ေအာင္လုပ္ရသည္။ ရင္ထဲ တလွ်ပ္လွ်ပ္ျဖင့္ စိုးရိမ္စိတ္က လႊမ္းမိုးေနျပန္သည္။
ဥယ်ာဥ္ေ႐ွ႕ေရာက္သည့္အခါ အလွမ္းေဝးသည့္တစ္ေနရာ၌ အိမ္ေ႐ွ႕စံ၏ အေႁခြအရံမ်ားကိုေတြ႕ရသည္။ ဥယ်ာဥ္ထဲ သူအျမန္ဝင္သြားလိုက္၏။ ဝမ္ရိေပၚေစာင့္ေနေတာ့မည္။
"ရိေပၚ.."
လက္အေနာက္ပစ္ကာ ၾကာကန္ငယ္ဆီ ေဆြးေျမ့စြာ မ်က္ႏွာမူထားေသာ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔အသံၾကားသည္ႏွင့္ လွည့္၍ၾကည့္လာသည္။ မ်က္ႏွာမေကာင္းသည္မို႔ ေ႐ွာင္းက်န္႔ေမးရန္ ဟန္ျပင္လိုက္ပါေသာ္လည္း
"႐ွစ္စြမ္း...ခနေနလို႔ မေရာက္ေသးရင္ ကြၽန္ေတာ္စာၾကည့္တိုက္ကို လိုက္လာေတာ့မလို႔ လုပ္ေနတာ"
"....."
"႐ွစ္စြမ္း?"
"ဟင္"
"ကြၽန္ေတာ္႕ကို ဘာလို႔ အဲ့ေလာက္ေငးေနတာလဲ"
"ဒီအတိုင္း.."
"တစ္ခုခုျဖစ္လာလို႔လား"
"ဟင့္အင္း...ရိေပၚ... ေတာအုပ္ထဲက ေရကန္နားသြားၾကမလား"
"အာ.. ႐ွစ္စြမ္းက သြားခ်င္လို႔လား"
"အင္း။ မေရာက္ျဖစ္တာလည္း ၾကာၿပီမို႔"
"သြားၾကတာေပါ့"
//////
နန္းေဆာင္ထဲတြင္ ကုတင္ေပၚ၌ လဲေလ်ာင္းေနေသာ မင္းႀကီးႏွင့္ မိဖုရားငယ္သာ႐ွိသည္။ မိဖုရားငယ္သည္ မင္းႀကီး၏ လက္တစ္ဖက္အားကိုင္ကာ ေရစို၀တ္ျဖင့္ လက္သည္းၾကားေတြကို သန္႔႐ွင္းေရးလုပ္ေပးေနရင္း စကားေတြလည္းေျပာေပးေနေလသည္။
"အ႐ွင္.. သားေတာ္ကေလ သူ႕႐ွစ္စြမ္းကို ေမတၱာသက္ဝင္ေနတယ္။ မေန႔က သူတို႔ႏွစ္ေယာက္အေျခအေနကို ေသခ်ာျမင္ခဲ့ရေပမယ့္ ဒီမနက္တင္ပဲ အဲ့ဒီသခင္ေလးကို သားေတာ္အနားကေန ခြာဖို႔ႀကိဳးစားခဲ့မိတယ္။ ဒါေပမယ့္ စကားမဆုံးခင္မွာတင္ ျဖတ္ေျပာၿပီး ျငင္းသြားတယ္ေလ"
"......."
"အ႐ွင္သာဆိုရင္ေရာ ဒီအေျခအေနကို ဘယ္လိုနားလည္မလဲ သိခ်င္လိုက္တာ"
"....."
"......."
"သား...ေတာ္..ေပ်ာ္ပါ..ေစ"
တိုးညင္းေသာအသံသည္ မိဖုရားငယ္ေသခ်ာၾကားႏိုင္ဖို႔အထိေတာ့ လုံေလာက္ပါ၏။ မင္းႀကီး၏ မ်က္လုံးေတြသည္ အကုန္ပြင့္ေနသည္မ်ိဳးမဟုတ္ဘဲ မ်က္ျဖဴမလန္႐ုံတမယ္ မနည္းဆြဲဖြင့္ထား႐ုံသာျဖစ္သည္။
"သားေတာ္ေပ်ာ္ေနတာကို အ႐ွင္ေရာ မျမင္ခ်င္ဘူးလားဟင္။ ျမန္ျမန္က်န္းမာလာပါေတာ့ အ႐ွင္ရယ္"
ျပန္ေျဖသံမရေသာ္လည္း မင္းႀကီးၾကားႏိုင္သည္မွန္း မိဖုရားငယ္သိပါသည္။ က်လုလုမ်က္ရည္မ်ားကို အတင္းေတာင့္ခံထားကာ ေရစိုဝတ္ေလးျဖင့္သာ ဆက္၍ သန္႔႐ွင္းေရးလုပ္ေပးေနမိသည္။
\\\\\\
မေရာက္တာၾကာသည့္ေနရာသည္ ယခင္လိုေအးခ်မ္းေနဆဲျဖစ္သည္။ ခပ္ေဖ်ာ့ေဖ်ာ့ေနေရာင္ေအာက္ ေရကန္နား၌ ပူးကပ္လ်က္႐ွိေနေသာ လူႏွစ္ေယာက္လည္း႐ွိသည္။
"ရိေပၚ.. "
"ဘာလို႔လဲ ႐ွစ္စြမ္း။ ဘယ္သူမွမ႐ွိတာကို"
"မေနတတ္ဘူး"
အေနာက္မွထိုင္လ်က္သိုင္းဖက္ကာ လည္တိုင္နားမ်က္ႏွာအပ္၍ နမ္း႐ိႈက္ေနေသာ ၀မ္ရိေပၚက ရယ္သည္။ သူေပြ႕ပိုက္ထားရေသာ လူသားေလးသည္ ဝါဂြမ္းေလးသဖြယ္ ႏူးညံ့အိေထြးေနသည္။
သူ႕မွာ ျဖစ္ညႇစ္၍လည္းမဝသလို၊ နမ္း႐ိႈက္၍လည္း မဝေပ။ အသည္းယားျခင္းအမႈျဖင့္ စိတ္႐ွိလက္႐ွိသာ ဆြဲရမ္းလိုက္ရလွ်င္ သူ႕႐ွစ္စြမ္းေဝာ့ မူးေနာက္သြားေပေတာ့မည္။
"႐ွစ္စြမ္း ကြၽန္ေတာ့္ကို တာ၀န္ယူပါေတာ့။ စားၿပီးနားမလည္ ပစ္မထားပါနဲ႔"
"နစ္နာေနဦးမယ္"
"ခ်စ္ေနလို႔ နစ္နာတယ္ေတာ့ မသတ္မွတ္ပါဘူး"
"အဲ့တာဆို ေစာင့္ေလ"
"အင္း... ေဆာင့္ခ်င္တာ"
"အင္း ေစာင့္"
"တကယ္ ေဆာင့္မွာ"
"ေစာင့္လို႔ဆို"
"ဟိုေက်ာက္တုံးနား သြားမလား။ ေဆာင့္ရေအာင္လို႔"
"ဟင္? မင္း! ဝမ္ရိေပၚ!!"
"ဟား! ဟား!"
ရင္ခြင္ထဲပိတ္မိေနသူသည္ အေနာက္ကိုအတင္းလွည့္လာကာ ဆရာပီပီ ေခါင္းေတြခ်ည္း လွိမ့္ေခါက္ေတာ့သည္။
"ေအာေဟာ... အိမ္ေ႐ွ႕စံကို ေခါင္းေခါက္တာ.."
"မေက်နပ္ဘူးလား"
"ေနာက္လည္း မ်ားမ်ား ဆုံးမပါလို႔ ႐ွစ္စြမ္း.."
ခပ္တင္းတင္းရန္ျပန္လုပ္သူေၾကာင့္ ေပ်ာ့ေပးရသည္။ အပိုအေနျဖင့္ ခပ္ျပဳံးျပဳံးလည္း လုပ္ျပရေသး၏။ ထီးနန္းမရခင္ကတည္းက တိုင္းျပည္ေတြသိမ္းပိုက္ခဲ့ေသာ ဘုရင္တို႔၏ဘုရင္ ဝမ္အိမ္ေ႐ွ႕စံလည္း သူ႕႐ွစ္စြမ္းေ႐ွ႕ေရာက္လွ်င္ လူေပါေလးလုပ္ျပရသည္။
"ရိေပၚ.."
"ဟုတ္"
"ဝမ္ရိခ်န္.."
"..."
"ပါးအခုလို လုပ္သြားရတဲ့ အေၾကာင္းျပခ်က္ကို သိေလာက္မလား"
"႐ွစ္စြမ္းက သိခ်င္လို႔လား"
"အင္း.."
"မသိခ်င္ေတာ့နဲ႔.."
"..."
"ဝမ္ရိခ်န္ ဆုံးသြားၿပီ"
"ဘယ္လို.."
"မေန႔ညကပဲ"
"ဥယ်ာဥ္ထဲမွာ အဲ့တာေၾကာင့္.."
"ၿပီးသြားပါၿပီ။ ကြၽန္ေတာ့္မွာ အစ္ကိုဆိုတာ မ႐ွိေတာ့ဘူး။ ႐ွိလည္းမ႐ွိခဲ့ဘူးလို႔ သတ္မွတ္လိုက္ၿပီ"
"အဆင္ေျပရဲ႕လား"
"႐ွစ္စြမ္းဖက္ထားေပးမယ္ဆိုရင္ေပါ့"
ခ်က္ခ်င္းပင္ လာဖက္ေပးေသာ ေ႐ွာင္းက်န္႔ေၾကာင့္ ဝမ္ရိေပၚ ထပ္၍ျပဳံးမိပါသည္။ သူ႕႐ွစ္စြမ္းက အဖိုးတန္ေလးပင္။
"နန္းေတာ္ျပန္ရင္ ခမည္းေတာ္ဆီအတူသြားရေအာင္"
"မင္းႀကီး က်န္းမာတဲ့အထိ ေစာင့္ပါဦး"
"ေ႐ွာင္ေျပးဦးမလို႔လား"
"ရိေပၚက အေႂကြးေတာင္းေနသလိုပဲ"
"ရသင့္တာေတာ့ ေတာင္းရမွာေပါ့။ မဟုတ္ဘူးလား"
"ဆႏၵ႐ွိသလိုသာ လုပ္ေတာ့"
ဖက္ဆိုလို့သာဖက္ထားရသည္ထင္ရ၏။ တကယ္တန္းအဖက္ခံေနရသည္က ေ႐ွာင္းက်န္႔သာ။
"ရိေပၚ..."
"ဟုတ္"
"ငါ့ပုံစံက အူတူတူျဖစ္ေနလို႔လား"
"မျဖစ္ပါဘူး။ ဘယ္ေကာင္က ႐ွစ္စြမ္းကို မဟုတ္တာေတြေျပာသြားတာလဲ"
"မင္းေလ"
"..."
"က်ားလုံတို႔ဆီမွာတုန္းက အူတူတူနဲ႔မို႔ငါ့တပည့္မျဖစ္ႏိုင္ဘူးလို႔ေျပာခဲ့တာ"
"...."
"ဟုတ္လားလို႔"
"...."
"ဝမ္ရိေပၚ!"
ေလသံေတြသာ အမ်ိဳးမ်ိဳးေျပာင္းသြားသည္။ သို႔ေသာ္ ေရကန္နားတြင္ ျပန္ေျဖသံမ႐ွိသည့္ ေကာင္ေလးႏွင့္ မေျဖ၊ ေျဖေအာင္ ေခ်ာ့၍တစ္ဖုံ ေလသံမာ၍တစ္လွည့္ျဖင့္ ဆက္တိုက္ေမးေနသူ႐ွိသည္။ ၀မ္ရိေပၚကေတာ့ သူ႕ရဲ႕ အႏၲရာယ္အေငြ႕အသက္ၾကားတြင္ ေရငုံႏႈတ္ပိတ္ေနခဲ့ေလသည္။
ညေနေစာင္းေလာက္မွ သူတို႔ နန္းေတာ္ဆီျပန္ေရာက္ၾကသည္။ လက္ဆြဲေခၚခံရသူသည္ေ႐ွာင္းက်န္႔ျဖစ္ကာ ဦးတည္ရာသည္ မင္းႀကီးအေဆာင္ဆီျဖစ္၏။
အေဆာင္တြင္မိဖုရားငယ္ႏွင့္ ေ႐ွာင္းက်န္႔ေတြ႕ေသာ္လည္း မိဖုရားသည္ ျပဳံးေတာင္ျပေနေသးသည္မို႔ ေ႐ွာင္းက်န္႔ ေၾကာင္အေနမိသည္။
ထို႔ေနာက္ မင္းႀကီးနားသြားကာ စကားေတြဟိုတစ္စဒီတစ္စေျပာရင္း ေ႐ွာင္းက်န္႔ကိုပါ ဝမ္ရိေပၚက သူ႕ၾကင္ယာေတာ္ေလာင္းျဖစ္ေၾကာင္း ခမည္းေတာ္ကို မိတ္ဆက္သည္။ စကားသံတုန္႔ျပန္မႈျပန္မရေသာ္လည္း မ်က္ေတာင္ႏွစ္ခတ္ အလ်င္ျမန္ခတ္ျပသည္မို႔ သူၾကားႏိုင္သည္မွန္း သိရသည္။
မင္းႀကီးအား ဝမ္ရိေပၚ စကားေတြေျပာေပးေနစဥ္တြင္ မိဖုရားငယ္သည္ ေ႐ွာင္းက်န္႔အား ကုတင္ႏွင့္ေဝးရာ ခုံေနရာဆီေခၚသြား၍ ေတာင္းပန္စကားဆိုသည္။
တစ္ရက္ပင္မကူးေသးသည့္ အေျခအေနတြင္ မနက္ႏွင့္ေန႔လယ္ ခ်က္ခ်င္းေျပာင္းလဲသြားသည္မွာ မျဖစ္ႏိုင္ေသာ္လည္း ေ႐ွာင္းက်န္႔ကေတာ့ အစစ္အမွန္ေတြကိုသာ ရ႐ွိခဲ့ေလသည္။
ထိုေန႔က ထိုအခန္းထဲတြင္ အျပဳံးေတြ ေဝသီေနခဲ့ပါ၏။ စိတ္ရင္းအမွန္ေတြျဖင့္သာ ျဖစ္သည္။
//////
၆လ ၾကာၿပီးေနာက္....။
"မင္း..!!!"
"မ႐ုန္းနဲ႔!"
စာၾကည့္တိုက္္ထဲတြင္ႏွစ္ေယာက္တည္းစစ္ျဖစ္ေနျပန္သည္။ ျပႆနာအစသည္ စစ္ေၾကညာသည့္သဝဏ္လႊာႏွင့္အတူ ၿငိမ္းခ်မ္းေရးယူခ်င္ပါက ေ႐ွာင္းက်န္႔အားေပးရန္ျဖစ္သည္။
ဝမ္ဘုရင္သည္ က်န္းမာေရးအေျခအေနေၾကာင့္အနားယူရန္အတြက္ ဝမ္ရိေပၚအား အာဏာလႊဲေျပာင္းေပးၿပီးမၾကာခင္တြင္ပင္ သူတို႔အားခြဲခြာသြားခဲ့သည္။
ညီလာခံတြင္ သဝဏ္လႊာကိုဆြဲၿဖဲကာ မီးတဟုန္းဟုန္းေတာက္ေနခဲ့သည့္ဝမ္ရိေပၚသည္ စာၾကည့္တိုက္တြင္႐ွိေနေသာ ေ႐ွာင္းက်န္႔အား စာအုပ္စင္တြင္ဆြဲကပ္ကာ ဖိနမ္းေနျခင္းျဖစ္သည္။
အေျဖရၿပီးတာေတာင္ မထိန္းျမားရေသးသည့္သူ႕အျဖစ္ကဆိုးသည္။ အာဏာသုံးလွ်င္ရလ်က္ႏွင့္ သူမလုပ္ခ်င္သည္ေၾကာင့္ မူေနေသာသူအားဖူးဖူးမႈတ္ထားခဲ့ရသည္။ လတ္တေလာကပင္ မဟာမိတ္တိုင္းျပည္မ်ားႏွင့္စာေပၿပိဳင္ပြဲက်င္းပခဲ့ရာ ေ႐ွာင္းက်န္႔သည္ အလြန္ေတာ္ေသာပညာ႐ွိတစ္ေယာက္အျဖစ္နာမည္ႀကီးခဲ့သည္။
ထိုပြဲတြင္တက္ေရာက္လာေသာ ဝမ္တိုင္းျပည္အား မ်က္ေစာင္းထိုးေနသည့္မဟာမိတ္၏သားေတာ္သည္ ေ႐ွာင္းက်န္႔အားမ်က္စိက်သြားခဲ့သည္ထင္၏။
ဝမ္ရိေပၚဝင္မၿပိဳင္ရန္ေျပာခဲ့စဥ္က ေ႐ွာင္းက်န္႔နားေထာင္ခဲ့သင့္သည္။ ယခုေတာ့ သူဖူးဖူးမႈတ္ထားေသာ အျဖဴေရာင္ေလးကို လုယူခ်င္ေနေလၿပီ။ သဝန္တိုေသာစိတ္ျဖင့္ သူ႕အျဖဴေရာင္ေလးအားဖက္နမ္းကာ လည္တိုင္တြင္အမွတ္သားေတြခ်ည္းေပးပစ္လိုက္၏။
ေ႐ွာင္းက်န္႔ဟူေသာ သူ႕႐ွစ္စြမ္း အျဖဴေရာင္လူသားေလးသည္ သူ႕အပိုင္!
"ငါ့ကိုလာႀကိဳက္ပါလို႔လည္း သူ႕ကိုမေျပာမိဘူးေလ...သူ႕ဟာသူႀကိဳက္သြားတာ ငါနဲ႔ဘာဆိုင္လို႔လဲ..အာ့! မကိုက္နဲ႔!! ကိုက္ခ်င္ရင္ သူ႕သြားကိုက္!!"
တစ္ခြန္းမက်န္စြာေနသူအား ဝမ္ရိေပၚက သူ႕အပိုင္ေလးမႀကိဳက္သည္ကို ပိုလုပ္သည္။ ေ႐ွာင္းက်န္႔ကလည္း နည္းနည္းေလးမွမေလ်ာ့ဘဲရန္ျပန္လုပ္သည္။ ဤသည္ျဖင့္သာ သံသရာလည္ေနေတာ့သည္။
"မနက္ျဖန္စစ္ထြက္ သြားရမယ္။ ျပန္လာတာနဲ႔ထိန္းျမားမွာမို႔ ျပင္ဆင္ထားပါ.."
"..."
"မဟုတ္ရင္ ကိုယ့္အဆိုးမဆိုနဲ႔။ ရ႐ွစ္စြမ္းကကိုယ့္အပိုင္။ ဘယ္သူကမွ စကားနဲ႔တေတာင္ျပစ္မွားခြင့္မ႐ွိတဲ့ကိုယ့္တစ္ေယာက္တည္းရဲ႕အပိုင္!"
ေလးေလးနက္နက္ေျပာေနသူသည္ အမွန္တကယ္ပင္ေဒါသထြက္ေနဟန္တူသည္။ ဝမ္ရိေပၚေဒါသထြက္လွ်င္ ေ႐ွာင္းက်န္႔လည္း႐ွိန္သည္။
'ႁပြတ္စ္'
"စာအုပ္ဖတ္ၿပီးတာနဲ႔အေဆာင္ျပန္ေတာ့ေနာ္။ ညေနက်ရင္ ႐ွားခယ့္ကိုစားဖိုေဆာင္မွာမုန္႔သြားယူဖို႔ေျပာထားတယ္။ စားၿပီးမွအိပ္ ကြၽန္ေတာ္ဒီည စိစစ္စရာေတြ႐ွိေသးလို႔ မလာေတာ့ဘူး။ ျပန္လာမွေတြ႕ၾကမယ္ေနာ္"
ခ်က္ခ်င္းေလသံေျပာင္းသြားကာ ေခ်ာ့ေျပာေနသူေၾကာင့္ ေ႐ွာင္းက်န္႔ေခါင္းညိမ့္ျပလိုက္သည္။ ဝမ္ရိေပၚေတာင္ တစ္ထစ္ေလွ်ာ့သြားၿပီပဲ သူဘာလို႔မေလွ်ာ့ႏိုင္ရမွာလဲ ဟုတ္တယ္မလား!
ထိုညတြင္ အိပ္ေပ်ာ္ေနသူ၏ နဖူးအားနမ္းၿပီးမွထြက္သြားသူသည္ အနမ္းခံရသူေလးက ျပဳံး၍က်န္ခဲ့သည္ကိုေတာ့မသိလိုက္ပါေခ်။
//////
ဝမ္ရိေပၚမ႐ွိေသာ တစ္ရက္တာသည္ သူ႕အတြက္ေနထိုင္ရန္ခက္ခဲသည္။ သူေနထိုင္ရာနန္းေဆာင္ဆီ ေခ်ာင္းေပါက္မတတ္ေရာက္လာကာ အနမ္းေတြေႁခြတတ္ေသာဝမ္ရိေပၚမ႐ွိေတာ့လည္း သူမေနတတ္ပါေပ။
စစ္ပြဲသည္ျပင္းထန္သည္ဟုစာပို႔လာသည္။ ခ်စ္ရသူအတြက္စိုးရိမ္မႈလည္းျဖစ္ရ၏။ ခ်စ္ရသူသည္ ဒဏ္ရာေသးေသးေလးရလာလွ်င္ေတာင္ သူ႕ရင္ေတြနာရ၍ ယခုတြင္ထိုင္မရထမရ။
ရင္ထဲတလွ်ပ္လွ်ပ္ျဖစ္လာသည္ေၾကာင့္ ပူေဆြးျခင္းနယ္ေျမမွ ဝမ္တိုင္းျပည္၏ဘိုးေဘးမ်ားထံသြားကာ ေစာင့္ေ႐ွာက္ေပးၾကဖို႔ရာ စုေတာင္းရသည္မွာလည္း တစ္ရက္တည္းႏွင့္ပင္ ဘယ္ႏွခါမွန္းမသိ။
ဤသည္မွာ ၂ရက္မွ်ၾကာသြားၿပီး စစ္ႏိုင္သည္ဟူေသာသတင္းေကာင္းပါသည့္ စာေရာက္လာခဲ့သည္။ ေ႐ွာင္းက်န္႔မွာ ဂိတ္ဝထိ ထြက္ေစာင့္ရသည္အထိ ေပ်ာ္ေနခဲ့သည္။
ျပည္သူတို႔၏ေကာင္းခ်ီးေပးျခင္းကိုခံကာ နန္းတြင္းထဲ ျမင္းျဖင့္ေရာက္လာသူသည္ ေ႐ွာင္းက်န္႔အား ျမင္းေပၚကခ်က္ခ်င္းဆင္းလာ၍မဖက္ႏိုင္ခဲ့ေပ။ ပုခုံးတြင္ ဒဏ္ရာႀကီးတစ္ခုရလာသည္ေၾကာင့္ သူ႕လုပ္ေဆာင္မႈေတြက ေႏွးေကြးေနခဲ့ေလသည္။
"မင္း ဂ႐ုစိုက္ပါ့မယ္ဆိုၿပီး ကတိမတည္တာႏွစ္ခါ႐ွိၿပီ"
အိပ္ယာေပၚတြင္ေမွာက္လ်က္လွဲေနသူအား သမားေတာ္ေပးခဲ့ေသာ ေဆးထည့္ေပးေနသူေ႐ွာင္းက်န္႔ကေျပာလာျခင္းျဖစ္သည္။ ဒဏ္ရာႏွင့္သူကို အျပစ္တင္ေနသည္ဟုေတာ့မထင္ေစလိုပါ။ သူစိတ္ပူၿပီး ဤအေျခအေနေၾကာင့္ သူလည္းနာက်င္ေနရေၾကာင္းကို သိေစခ်င္၍သာရည္ၫႊန္းပါသည္။
"႐ွစ္စြမ္းကို စိတ္ပူေစမိၿပီ"
"ငါ့မွာ မင္းပဲ႐ွိေတာ့တာ.."
ေျပာရင္းအသံတိမ္ဝင္သြားသူေၾကာင့္ ဝမ္ရိေပၚမွာ ထထိုင္လိုက္ရေတာ့သည္။ ဝမ္းနည္းေနသူ၏မ်က္ႏွာေလးသည္ ငိုခ်င္စိတ္အားထိန္းထားရ၍ နီရဲလ်က္။ ပုခုံးမွဆုပ္ကိုင္ကာ ေဆးစည္းထားရ၍ အဝတ္မကပ္ေသာရင္ခြင္က်ယ္ထဲဆြဲသြင္းရသည္။ ပုံမွန္ဆို တြန္းထုတ္မည့္သူသည္ ၿငိမ္သက္စြာသူ႕အျပဳအမူအားခံယူေန၏။
အခ်စ္တစ္ခုေၾကာင့္ သဝန္တိုျခင္း၊ စိတ္ပူပန္ျခင္း၊ အသည္းယားျခင္း၊ ပိုင္ဆိုင္လိုျခင္း၊ သည္းခံေစာင့္ဆိုင္းတတ္ျခင္း သို႔ေလာ,သို႔ေလာ စိတ္ခံစားခ်က္တို႔သည္ ႐ိုးသြားသည္မ႐ွိ တစ္ေန႔တစ္မ်ိဳးျဖင့္ အခ်စ္တိုးရသည္။ ပထမဆုံးႏွင့္ေနာက္ဆုံးျဖစ္ေသာ အခ်စ္ေပမို႔ ပို၍လည္းတန္ဖိုးထားခ်စ္ရပါသည္။
နန္းေဆာင္အတြင္း႐ွိ ႐ိႈက္သံေလးတစ္ခ်က္,တစ္ခ်က္သည္ တစ္ေယာက္ေသာသူ၏ရင္ခြင္ထဲတြင္ စိတ္ခ်စြာဖြင့္ထုတ္သည္။ ယုယေပးေနသူကလည္း ေ႐ွာင္းက်န္႔စိတ္ေပါ့သြားေစဖို႔သာေတြးေနခဲ့သည္။
"ကြၽန္ေတာ္တို႔ လက္ထပ္ထိန္းျမားၾကရေအာင္ေလေနာ္ ႐ွစ္စြမ္း.."
"မင္းကိုခ်စ္တယ္ ရိေပၚ.."
ဝမ္ရိေပၚသည္ ေ႐ွာင္းက်န္႔အေျဖေၾကာင့္ နဖူးခ်င္းကပ္လ်က္
"႐ွစ္စြမ္းက ကြၽန္ေတာ္ပိုင္တဲ့ ကြၽန္ေတာ္႕အပိုင္ၾကင္ယာေတာ္"
"ဘယ္သူကယူမယ္ေျပာလို႔ မင္းၾကင္ယာေတာ္လဲ။ ငါ့ကိုေတာထဲမွာ အူတူတူပုံစံလို႔ေျပာတာ မင္းကိုမေက်နပ္ဘူး ရိေပၚ!"
ဝမ္ရိေပၚသေဘာတက်ျဖင့္သာရယ္ေမာမိလိုက္ေတာ့သည္။ သူ႐ွစ္စြမ္းကသူ႕ကိုအသည္းယားေအာင္လုပ္ေနျပန္ပါၿပီ။ ဤကဲ့သို႔ေသာ စိတ္ခံစားခ်က္အမ်ိဳးမ်ိဳးအားထိန္းခ်ဳပ္ထားေသာ အခ်စ္သည္ အင္မတန္လွပေသာ ေမတၱာႀကိဳးေလးပင္ျဖစ္ေလသည္။
//////
ႏွစ္ရက္ၾကာၿပီးေနာက္....။
ဝမ္တိုင္းျပည္သည္သာယာလ်က္ပင္ျဖစ္သည္။ ေလတဟူးဟူးျဖင့္ၿငိမ္သက္ကာ ေအးခ်မ္းေနေသးသည္။ ထိုအခ်ိန္သည္ အသံတဝူးဝူးျဖင့္ ေျပာေနသံမ်ားအား တိတိက်က်ၾကားႏိုင္သည္အထိျဖစ္သည္။
ကိုယ္တိုင္းရန္အတြက္ နန္းေဆာင္ေ႐ွ႕ရပ္ေစာင့္ေနရသူမ်ားမွာ ေျခပင္မခိုင္ခ်င္ေတာ့ကာ မ်က္ႏွာေတြလည္း႐ႈံ႕မဲ့ေနၾကၿပီျဖစ္သည္။ အထဲတြင္ညႇိ၍မႏိုင္ေသာ ျပႆနာသည္ အဝတ္အစားအေရာင္ႏွင့္ ျပင္ဆင္ရမည့္ပြဲတြင္သုံးမည့္အေရာင္ပါတဲ့။
"အနီေရာင္ခ်ည္းႀကီးပဲဆိုမႀကိဳက္ဘူး!"
"အျဖဴေရာင္ခ်ည္းႀကီးပဲက်ေတာ့လည္း မေကာင္းဘူးေလဗ်ာ"
THE END
************
221012
_______________________________