_17_

2.9K 284 8
                                    

[UNI]

ဝမ်ရိ​ပေါ်သည် ​ရှောင်းကျန့်လက်ထဲမှအသားတုံးအားဆွဲယူကာ ခင်းကျင်းထား​သော သစ်ရွက်​တွေအ​ပေါ်ပြန်ချပြီး မဲ​နေ​သောအ​ပေါ်ပိုင်းတို့ကို ပယ်ပယ်နယ်နယ်ဆွဲခွာ​လေသည်။

ထို့​နောက်အတွင်းသားရဲရဲ​လေးဖြစ်​နေ​သော အသားဖက်တို့ကို သစ်တုံးအပြား​လေး​ပေါ်အစီအရီတင်ကာ ​ရှောင်းကျန့်အားကမ်း​ပေးလာသည်။ ​ရှောင်းကျန့်မှာ ဝမ်ရိ​ပေါ် ထိုသို့လုပ်​ပေးလိမ့်မည်ဟု ထင်မထားခဲ့ပါ​ချေ။

မျက်လုံးအမူအရာဖြင့်သာ ယူဖို့​ပြော​​နေသည်မို့ ​ရှောင်းကျန့်​တွေ​ဝေမ​နေ​တော့ဘဲ လှမ်းယူလိုက်သည်။ ထို့​နောက်ဝမ်ရိ​ပေါ်ဆီအကြည့်ပြန်ပို့လိုက်၏။ ဝမ်ရိ​ပေါ်သည် အသားတုံးကို မဲသည်၊ ဖြူသည်ဂရုစိုက်ပုံမ​ပေါ်​ပေ။ လက်နှင့်ကိုင်၍သာ သွားဖြင့်ကိုက်ဖဲ့စား​နေသည်။

​ရှောင်းကျန့် သူ့လက်ထဲကသစ်တုံးပြား​ပေါ်မှ အသားဖက်​တွေဆီအကြည့်ပြန်ပို့သည်။ ​သေး​သေး​လေး​တွေဖဲ့​ပေးထား​သော နီ​ဆွေး​ဆွေးအသားဖက်က​လေး​တွေကိုယူကာ တစ်ကိုက်ဖဲ့စားလိုက်သည်။ မည်သည့်အရသာမှထည့်မထားဘဲ ဒီအတိုင်းကင်ထားသည်မို့ ဘာအရသာရယ်လို့​တော့ သူမ​ပြောတတ်။ နူးညံ့ပြီး စားလို့​​တော့​ကောင်းပါသည်။

ဤသည်ကိုမြင်​တော့ ဝမ်ရိ​ပေါ်က မသိမသာပြုံးသည်။ သိသိသာသာကိုမြင်​နေရ​သော ​မောင်နှမနှစ်​ယောက်က​တော့ နားမလည်၊ လိုက်မမှီ​သော မျက်ဝန်းတို့ဖြင့် ပါးစပ်ကလည်း အသားကိုအဝါးမပျက်ဘဲ မျက်လုံးကစားကာကြည့်​နေကြသည်။ ထိုသို့ဖြင့် စား​သောက်ခြင်းပြီးသွားပြန်သည်။

​ခင်းကျင်းထားသည်များကို ရှင်းလင်းကာ အသီးသီးထသွားသူတို့​ကြောင့် ​ရှောင်းကျန့်မှာ ငုတ်တုတ်​လေးသာ​ငေးရသည်။ မနက်ခင်းအချိန်၏ ဗိုက်ဖြည့်ခြင်းပြီးသွားလျှင် တစ်​နေ့တာအတွက် ဘာဆက်လုပ်ရမည်ကို ပထမဆုံးရက်ဖြစ်၍ ​ရှောင်းကျန့်မသိ။

ယန်က မီးမစွဲ​သေး​သောထင်းများ​ကောက်ကာ ထွက်သွားပြီဖြစ်ပြီး ကျားလုံကလည်းသစ်ရွက်​ခြောက်​​တွေကို လက်ဖြင့်သိမ်းကျုံးယူကာထွက်သွားပြီဖြစ်သည်။ တစ်​နေရာတွင် သွားပုံဖို့ထင်ပါ၏။ ခက်သည်က သူယခုထိ ဘာဝိုင်းလုပ်​ပေးရမည်မှန်းလည်းမသိ​ပေ။ ထိုအတိုင်း ငုတ်တုတ်က​လေးသာ။

Lord of Kings [Completed]Waar verhalen tot leven komen. Ontdek het nu