_8_

3K 285 2
                                    

[UNI]

"​​​လူတွေထပ်လွှတ်ထားပါတယ်"

​ချည်ကြိုးဖြင့်ချုပ်ထား​သော်ငြား ​ပတ်တီး​နေရာတစ်ဝိုက်နားတွင် သွေးစိမ့်ထွက်​နေ​သေး​သော​ ရှောင်းကျန့်၏​သွေးများကို ရေစိုဝတ်ဖြင့်ပွတ်​သုတ်ပေး​နေ​သော ဝမ်ရိချန်သည် စကားပြန်မ​ပြော​သေးသည်​ကြောင့် ​ရှောင်းကျန့်လဲ​လျောင်း​နေ​သော၊ ပိတ်စဖြူလိုက်ကာ ကာရံထား​သည့်အခန်း၏ တစ်ဖက်က​နေမှ အ​ကြောင်းစုံရှင်းပြပြီးသည့်ရဲမက်မှာ နှုတ်ဆိတ်၍သာ​စောင့်​နေရ​သည်။

ဝမ်ရိ​ပေါ်ထွက်သွားသည်နှင့် သတိလစ်သွား​သော ရှောင်းကျန့်​ကြောင့် သူ့သရုပ်​ဆောင်မှုများအားရပ်၍ ရှောင်းကျန့်အား​ပြေးထူကာ နန်း​တော်ဆီ​ခေါ်လာရသည်။ ​ရှောင်းကျန့်အသက်မရှင်လျှင် နန်းတွင်းသမား​တော်အားလုံးကို သတ်ပစ်မည်ဟုလည်းခြိမ်း​ခြောက်ခဲ့၍ သမား​တော်များရုတ်ရုတ်သည်းသည်းဖြစ်ကာ ​ဇော​ချွေးပြန်ခဲ့ကြသေးသည်။

​ရှောင်းကျန့်အား ဓါးနှင့်ထိုးမိသည့်ရဲမက်သည်  ကြိုးတုတ်၊ ပါးစပ်ပိတ်၍ ဝမ်ရိချန်၏အ​ဆောင်ထဲ​ရောက်သွားချိန်ကတည်းက အစပင်မမြင်ရ​တော့​ပေ။ လည်လှီး၍ပဲသတ်လိုက်သည်လား။ တစ်စစီခုတ်ထစ်၍ မီးပဲရှို့လိုက်​လေသလားအား ဝမ်ရိချန်သာသိ​​​​ပေလိမ့်မည်။

ဝမ်ဘုရင်ကြီးသည် ဝမ်ရိ​ပေါ်​ဒဏ်ရာ​တွေနှင့်ပျောက်သွား​ကြောင်းသိသည့်အခါ ရဲမက်များ​အားစေလွှတ်၍ ​မြေလှန်ရှာ​စေသည်။ ဝမ်ရိ​ပေါ်၏မယ်မယ်သည်ကား ကြားကြားချင်းပင်မူး​မေ့လဲသွား​လေသည်။

ဝမ်ရိချန်မှာ သူစခဲ့သည့်ဇာတ်မဟုတ်​သော်လည်း မိခင်ကိုယ်တိုင်ခင်း​ပေးသည့်လမ်းဖြစ်၍ ​ကျော့​ကျော့​မော့မော့လျှောက်လှမ်းရန်သာဖြစ်သည်။ အပိုလက်​ဆောင်အဖြစ် သူ့ရှစ်စွမ်းအားသိမ်းပိုက်လိုက်ရုံပင်။

"မနက်ဖြန် အဲ့​ရေတံခွန်ကိုလူခွဲပြီး​သေချာအတည်သွားပြု။ အ​လောင်းရလာရင်ပို​ကောင်းတယ်"

"အမိန့်​တော်အတိုင်းပါ"

ရဲမက်ထွက်သွားသည်နှင့် အဖြူ​ရောင်အိပ်ယာထက်၌ ​မေ့​မျောလျက် လဲ​​လျောင်း​နေ​သော ​ရှောင်းကျန့်ဆီ အာရုံပြန်ထားလိုက်သည်။ မျက်လုံးမှိတ်ထားသည့်တိုင် မျက်ခွံ​​လေးတွေကအစကြည့်​ကောင်း​နေကာ အပြစ်အနာအဆာဟူ၍လည်း တစ်စိုးတစ်စိမျှပင်မရှိသည်​ကြောင့် ကြည့်​လေရှုမဝ​လေဖြစ်သည်။

Lord of Kings [Completed]Waar verhalen tot leven komen. Ontdek het nu