_6_

3.1K 300 4
                                    

[UNI]

"ရှစ်စွမ်း"

"ဟင်.."

"တကယ်လို့ ရှစ်စွမ်းအန္တရာယ်တစ်ခုကြုံ​နေတယ်​ပေါ့။ အဲ့အခါကျ လက်ထဲမှာဓါးလည်းရှိ​နေမယ်။ ဒါဆိုရှစ်စွမ်းကိုအန္တရာယ်​ပေးမယ့်သူကို ဘာလုပ်မလဲ"

"ဗိုက်ကိုဓါးနဲ့ထိုးလိုက်မယ်"

"လည်ပင်းကိုခုတ်ချလိုက်ရင်ပြီး​နေပြီကို"

"ဟင့်အင်း ကြည့်ရဆိုးတယ်​။ ဗိုက်ကိုထိုးလည်း​သေမှာပဲကို"

စိတ်ဝင်တစား​ပြော​နေသူသည် တစ်ခါတည်းအသက်ထွက်မည်ထက် နာကျင်ပြီးမှအသက်ထွက်တာကိုပင် သတိမမူမိ​လောက်​ပေ။ ​သေမယ့်သူကို​တောင် ရုပ်ဆိုး၊ ရုပ်လှခွဲ​နေ​သေးသည်။

"ဒါဆို အဲ့အန္တရာယ်​ကောင်ကို အရှင်ဖမ်းမှဖြစ်မယ်ဆိုရင်​ရော"

"ဗိုက်ကိုဓါးနဲ့ဘယ်လိုထိုးရင်မ​သေနိုင်ဘူးလဲ"

"ဟ! အ​နောက်ထိ​​ပေါက်မသွား​အောင်ထိုးရင်​တော့ ​သွေးထွက်လွန်တာကိုထိန်းနိုင်ပြီး အရှင်ဖမ်းနိုင်​လောက်​မယ်ထင်တာပဲ"

"အင်း အဲ့နည်းမဆိုးဘူး"

ဘာကို​အ​ရေးတယူဆွေး​နွေး​​နေကြသည်မှန်း သတိမထားမိ​လောက်​အောင်ပင်​ တွေး​တွေးစစဖြင့်​ပြော​နေမိကြခြင်းဖြစ်သည်။ ​ရေကန်​ရှေ့အတူတူထိုင်​နေရင်းနဲ့မှ လှဲချလိုက်သည့်ဝမ်ရိ​​ပေါ်သည် မျက်လုံးများမှိတ်ထားလျက်ရှိသည်။

"ကျွန်​တော်ခန​လောက်​မှေးချင်လို့။ ရှစ်စွမ်းပြန်မယ်ဆိုရင်နှိုးပါ​နော်"

"အင်း"

​တိုက်ခတ်လာ​သော​လေညင်း​အားအမှီပြု၍ အိပ်စက်သွားသူကို တစ်ဖန်ပြန်​ငေး​နေရသူမှာ ​ရှောင်းကျန့်ဖြစ်သည်။

"မင်းကိုစာသင်ချိန်ကလွဲရင် တခြားအချိန်မှာပြောမနိုင်ဆိုမနိုင်မယ့် ခပ်ဆိုးဆိုး​ကောင်​လေးဖြစ်​နေလိမ့်မယ်လို့​မထင်ထားဘူး။ အဲ့​နေ့ကမင်းကိုငါမှတ်မိတယ်.."

ခပ်တိုးတိုး​ရေရွတ်​ကာ ဝမ်ရိ​​ပေါ်အားငေးကြည့်​နေသည့်​ရှောင်းကျန့်သည် အပြုံးများလည်းတည်ရှိ​နေခဲ့သည်။ ​လေအ​ဝေ့၌ ​ရွေ့လျား​နေ​သောဆံချည်မျှင်တို့ကြားတွင် ကြည်လင်​တောက်ပ​နေ​သောသူ့မျက်နှာ​လေးသည် ​ရေပြင်ထက်၌ပနံသင့်စွာတည်ရှိ​နေသည်။ ​အေးချမ်းလှသည့်ဤ​နေရာကို သူသ​ဘောကျသည်။

Lord of Kings [Completed]Where stories live. Discover now