_29_

2.5K 202 2
                                    

[UNI]

"ဟိုက​လေးမ အဲ့တာဘယ်လဲ"

ဝမ်ရိ​ပေါ်နှင့် အတူပါလာသည့် ချင်ချင်ဆို​သော ​ကောင်မ​လေးသည် အငြိမ်လည်း တစ်စက်မှမ​နေ။ သို့​သော် အပြစ်မြင်စိတ်​တော့မရှိပါ​ပေ။ ထိုက​လေးမက သူ့အတွက်​တော့ ချစ်​မွှေးပါ​နေ၏။

"ယန်.. ဝမ်အိမ်​ရှေ့စံက ကြာလိုက်တာ။ ချင်ချင်ကို ထားခဲ့ပြီထင်တယ်။ မပြန်တတ်ပါဘူးဆို​နေ"

"ပူမ​နေနဲ့ ခန​နေရင်ပြန်လာလိမ့်မယ်။ ဒီမှာ လာထိုင်"

​ပြော​တော့လည်း စကားနား​​ထောင်ကာ ကြက်သားပြုတ်အိုးကြည့်​နေသည့် ယန့်အနား ငုတ်တုတ်​လေး လာဝင်ထိုင်သည်။ ထိုက​လေးမက ယန့်အတွက် တကယ်ချစ်ဖို့​ကောင်း​နေတာ ဖြစ်၏။

"ယန်က ဟို​ကော​ကောထက် အကြီးလား အငယ်လားဟင်"

ထင်းခုတ်​နေသည့်ကျားလုံကိုလက်ညှိုးထိုးပြရင်း ​မေးလာပြန်၏။ ရုပ်ဆင်သည်​ကြောင့် အမြွှာမှန်း​တော့ တန်းသိသည်ထင်ပါသည်။

"အငယ်"

"အာ..."

"ချင်ချင် အသက်ဘယ်​လောက်ရှိပြီလဲ"

"၁၆နှစ်။ ယန်က​ရော..?"

"၂၂နှစ်"

"အယ်..ယန်က မထင်ရဘူး​နော်"

"အကြီးကို နာမည်တပ်မ​ခေါ်နဲ့"

"ဝမ်အိမ်​ရှေ့စံလည်း အဲ့လို​ခေါ်သွားတာပဲကို"

"သူက အသက်ပိုကြီးလို့​​လေ။ ချင်ချင်က အများကြီးငယ်တာကို"

ယန် ယခု​ပြော​နေသည့် အသံအ​နေအထားမျိုးကို ကျားလုံသာကြားလျှင် ဗိုက်နှိပ်ကာ ​အော်ရယ်​ပေလိမ့်မည်။ တအား နူးညံ့လွန်း​နေပါ၏။

"ကျဲယန်.."

"..."

"ထူး​လေ.."

"အမ်..ဟမ်?"

"ကျဲယန်လို့"

"အ..အင်း..​ပြော"

"အဲ့လို​ခေါ်မယ်​နော်"

"အင်း.."

"ဟီး..အယ် ဟိုမှာပြန်လာကြပြီ"

ချင်ချင်၏အသံ​ကြောင့် ကျားလုံနှင့်ယန်ပါ တစ်​နေရာတည်းဆီအကြည့်​ရောက်သွားကြသည်။ တဆိတ်! ​ရှောင်းသခင်​လေး ​ရေသွားချိုးရင်း လမ်းမှာခြင်ကိုက်ခံလာရသည်လား?

Lord of Kings [Complete]Where stories live. Discover now