_31_

2.8K 210 0
                                    

[UNI]




မြတ်နိုးရသူ​နှင့် အဆင်​ပြေ​နေသည့်အချိန်တွင် အ​နှောက်အယှက်​တွေက စဝင်သည်။ သူ့မယ်မယ်သည် ​ရှောင်းကျန့်နှင့်ကိစ္စကို အတည်ပြုချင်​နေသည်ကြောင့် အမှန်အတိုင်း​သာပြောပြလိုက်သည်။

သို့​သော် ​​နောက်ဆက်တွဲပါလာသည့်အရာများသည် ​ကောင်းတာတစ်ခုမှမရှိ။ ဝမ်ရိချန်ကိုလည်း သူထပ်သွား​တွေ့ခဲ့သည်။ ​နောင်တရပါသည်ဆို​သောစကားကို ဝမ်ရိချန်ကထုတ်မ​ပြောခဲ့သလို သူလည်း မ​မေးဖြစ်ခဲ့​တော့​ပေ။ ထိုအစား ဓါးတိုတစ်လတ် ပစ်ချ​ပေးခဲ့၏။

အ​စောင့်တင်းကျပ်လွန်း​သော အချုပ်ခန်း​နေရာတွင် လူရုပ်ပင်မ​ပေါ်​အောင် အပြစ်​ပေးခံထားရ​သော ဝမ်ရိချန်အတွက် ဤငရဲခန်းမှ ထာဝရထွက်သွားနိုင်မည့် နည်းတစ်နည်းသာရှိသည်။ ထိုနည်းကိုသာ ဝမ်ရိချန် အသုံးပြုချင်လျှင် ဓါးတစ်​ချောင်း​တော့ လိုကိုလိုအပ်လိမ့်မည်။

ဒါဖြင့်မပြီး​သေး။ ချင်ချင်၏ မပြန်ချင်​သေးဟူ​သော ပူဆာမှု​ကြောင့်  ရက်ကြာသည်အထိမပြန်ဖြစ်ခဲ့​သော ပြဿနာလည်းရှိ​သေးသည်။ ထိုက​လေးမသည် ယန်နှင့်သွား,သွား​တွေ့​နေသည်မှာ ပြန်​ရောက်ပြီး​နောက်တစ်ရက် ကတည်းကဖြစ်၏။

ဤသည်ကို မသိသည့်မယ်မယ်က ချန်ဘုရင်ကို သား​ရေး၊ သမီး​ရေး​ဆွေး​နွေးရာ၌ ချန်ဘုရင်သည် လူငယ်​တွေသ​ဘောဟု ​ကွေ့​ရှောင်​သော်လည်း ပါးစပ်စည်းကမ်းမရှိသည့် နန်းတွင်းသူတစ်​ယောက်​ကြောင့် ကိစ္စက ကြီးပြန်သည်။

သူ သိသိချင်း လက်မခံနိုင်​ကြောင်း​ပြောသည့်အခါ ဖန်တရာထပ်​နေသည့် သစ္စာ​ဖောက်၏သားဆိုတာ​တွေက မယ်မယ့်ဆီမှ သတိ​ပေး​နေ၍တစ်ဖုံ၊ ​နောက်ဆုတ်လိုက်ဖို့တစ်လှည့်ဖြင့် နားချပြန်၏။

သူလက်မခံနိုင်။ ချင်ချင်နှင့် မျက်နှာချင်းဆိုင်​ခေါ်ကာ ဒဲ့ငြင်းခိုင်း၏။ ချင်ချင်ကလည်း စိတ်ချရသည်။ ငြင်းလိုက်သည်မှာ ခါလိုက်သည့်​ခေါင်းဆိုတာ ပြုတ်ထွက်သွားမည်​တောင်စိုးရသည်။

ထို့​နောက် နန်းတွင်းတွင် ထိုကိစ္စပြန့်​နေသည်ကို ထိန်းရသည်။ အပြင်ကိုထပ်မ​ရောက်ဖို့ ရည်ရွယ်၏။

Lord of Kings [Complete]Where stories live. Discover now