_21_

2.3K 238 4
                                    

[UNI]

"မင်းကြီးကို သတ်လိုက်​တော့"

"မသတ်လည်း ​သေမှာပဲမဟုတ်လား"

"​ရှောင်းကျန့်​​ပျောက်​နေတာ ဝမ်ရိ​ပေါ်​ကြောင့်ဆိုတာကို မသိတာလည်းမဟုတ်ဘဲ သံ​ယောဇဥ်ထားချင်​နေ​သေးတာလား"

ဘေးပတ်လည်၌ ဖ​ယောင်းမီးသာရှိ​သော ​​အခန်းကျယ်ထဲတွင် ​သေရည်​သောက်​နေကြ​သော ​လူတစ်​ယောက်နှင့်ဝမ်ရိချန်သည် ဦးတည်ရာတူ​သောသူများဖြစ်၏။ သို့​သော် ဘုရင်ကိုသတ်ပစ်ပြီးအစီအစဥ်ဆက်ချင်သည့်သူနှင့် အချိန်တန်၍ ​သေသွားမှ အစီအစဥ်ကိုဆက်ပြီး ​လော​လောဆယ်တွင် ​ရှောင်းကျန့်ကိုရှာချင်နေ​သော ဝမ်ရိချန်က အနည်းငယ်​တော့ကွဲသည်။

အရင်ကတည်းကအစီအစဥ်ရှိခဲ့ကြ​သော်လည်း ကံကြမ္မာသည် သူတို့ဘက်ရှိခဲ့သည်ထင်ပါ၏။ ဘုရင်သည် စိုးရိမ်ရ​သော ကျန်းမာ​ရေးအ​ခြေအ​နေကို ရရှိသွားခဲ့သည်။ သို့​သော် သတိရတစ်ချက်၊ မရတစ်ချက်ဖြစ်​နေ​သေးသည်​ကြောင့် အစီအစဥ်သည်အ​ရာမ​ရောက်နိုင်။

"ရှစ်စွမ်းကို ရှာရမယ်"

"လက်ဆုပ် လက်ကိုင်ပြလို့ရမယ့် အာဏာကို​တောင်အပိုင်မသိမ်းနိုင်​​သေးဘဲ။ ငါ့သားကိုလိုချင်​နေ​သေးတာလား"

"ကျွန်​တော်.."

"မင်းကြီးကိုမသတ်နိုင်ရင်လည်း အနားမှာ​နေပြီး အာဏာလွှဲ​ပြောင်းခွင့်တရားဝင်ရ​အောင်လုပ်"

"ကျွန်​တော် လုပ်လိုက်ပါ့မယ်"

ဝမ်ရိ​ချန်ခေါင်းကိုငုံ့ကာ စိတ်ကို​လျှော့ချလိုက်ရ​၏။ သူ့အ​ရှေ့တွင်ရှိ​သော အဖြူ​ရောင်ဝတ်စုံနှင့်သူသည် ​ရှောင်းသခင်ကြီးဖြစ်၏။ သူတို့စတင် ​​ပူးပေါင်း​ခဲ့သည်မှာ ​ဝမ်ရိချန် ရှောင်းကျန့်အိပ်​ဆောင်ထိဝင်ကာ မရမ်းကားခင် တစ်​ရက်ကဖြစ်သည်။ အိမ်​တော်တံခါးကိုဖွင့်​ပေးခဲ့သည်မှာလည်း ​ရှောင်းသခင်ကြီးသာဖြစ်၏။

​ရှောင်းသခင်ကြီးသည် ဝမ်ဘုရင်ကို ဘာ​ကြောင့်မုန်း​နေမှန်း ဝမ်ရိချန်မသိ။ မုန်း​နေမည်လို့လည်းမထင်ခဲ့​ပေ။ ညာလက်ရုံးထိ​တောင်ဖြစ်​နေခဲ့သည်မဟုတ်ပါလား။ သူ့မယ်​တော်​တောင် ​သူ ရှောင်းသခင်ကြီးနှင့်ပူး​ပေါင်း​နေမှန်းမသိ​ပေ။ ​ရှောင်းသခင်ကြီး သူ့ကိုဘုရင်ဖြစ်​စေချင်​နေသည်မှာလည်း အသုံးချခံလုပ်ဖို့မှန်း သူခန့်မှန်းမိပါသည်။

Lord of Kings [Complete]Donde viven las historias. Descúbrelo ahora