_1_

8.8K 416 1
                                    

[UNI]

ဝမ်တိုင်းပြည်၏မင်္ဂလာ​နေ့ရက်ဖြစ်သည်။ မြင့်မြတ်လှသည့် ဘုရင်ဝမ်ပိုင်ချန်၏မိဖုရားကြီးနှင့် မိဖုရားငယ်တို့သည် တပြိုင်တည်းပင်သားနှစ်​ယောက်ဖွားမြင်၏။ မိဖုရားငယ်၏သား​တော်သည် ​​မွေးဖွားရန်လဝက်​လောက်ပင်လို​ပါသေး​သော်လည်း ဆန်းပြားစွာပင်မိဖုရားကြီးနှင့်တစ်ရက်တည်း မီးဖွား​လေသည်။

​အ​ဆောင်နှစ်​ဆောင်ထံမှက​လေးငိုသံညံလာသည့်အခါ ဘုရင့်အ​ခြွေအရံများက အလျင်အမြန်ပင် ​မွေးဖွားပြီး​ကြောင်း အ​ကြောင်းကြား​​လေသည်။ ဘုရင်ဝမ်ပိုင်ချန်သည်နှစ်ခါပင်မစဥ်းစားပါဘဲ မိဖုရားကြီး၏အ​ဆောင်သို့သာသွား၏။

သန့်ရှင်းရေးလုပ်ပြီးသားအခန်းတွင်းသို့ဝင်လိုက်သည်နှင့်

"မင်းကြီး"

"​သား​လေး​မွေး​ပေးလို့ ကျေးဇူး​တင်​ပါတယ်ဝမ်​ဖေး"

မိဖုရားကြီးသည် အပြုံး​​လေးဖြင့်တုန့်ပြန်၏။ ဘုရင်ဝမ်ပိုင်ချန်သည် အနှီးထုပ်ထဲမှက​လေး​လေးအား ချစ်မြတ်နိုးလွန်း၍ပင် အသား​လေးပွန်းပဲ့သွားမည်ကိုစိုးရိမ်သည့်အလား သူ့ခမျာမထိရက်မကိုင်ရက်ဖြစ်ရသည်။ အိပ်​ပျော်​နေသည့်မင်းသား​လေး​ကြောင့် အခန်းတွင်းဟာတိတ်ဆိတ်​နေပါ​သော်လည်း အပြုံးပန်းများကမူ ဝေလျက်ရှိ၏။

မည်သူမျှသတိမထားမိခဲ့သည့် အ​ကြောင်းအရာတစ်ခုလည်းရှိသည်။ အ​ဆောင်တစ်​ဆောင်၌ က​လေး​လေးအား​ပွေ့ပိုက်၍ ငို​ကျွေး​နေရသည့်မိဖုရားငယ်သည် ထို​နေ့က မည်သူမည်ဝါမျှလာ​ရောက်ကြည့်ရှုခြင်းမရှိခဲ့ပါ​ပေ။ အ​ခြွေအရံအပြည့်အစုံရှိပါ​သော်လည်း ​မျှော်​နေရသည့် ​မေတ္တာကြိုး၏ဥပက္ခာကိုခံယူ​နေရသည့်မိဖုရားငယ်သည် သား​လေး၏အိပ်​ပျော်​နေသည့်မျက်နှာ​လေးအားရှုစားကာ ဆုံးဖြတ်ချက်တစ်ခုကိုအခိုင်အမာချမှတ်လိုက်သည်။

"ဝမ်တိုင်းပြည်ရဲ့ ဘုရင်ကငါ့သားပဲဖြစ်​စေရမယ်"တဲ့။

//////

"ခမည်း​တော် ကျွန်​တော်ဒီ​နေ့တစ်ရက်ပဲကစားတာပါ"

မျိုးရိုးစဥ်ဆက်အလိုက်ပင် ဘုရင်ဖြစ်လာမည့်သူ၏ရှစ်စွမ်းအဖြစ် တာဝန်ထမ်း​ဆောင်ခဲ့ကြ​သည်ဖြစ်​သော​ကြောင့် ငယ်ငယ်ကတည်းက ကစားချိန်ထက်စာအုပ်မျိုးစုံကိုဖတ်ကာကြီးပြင်းခဲ့ရသည်။ အသက်အရွယ်နှင့်မလိုက်​အောင်ဖိအား​ပေးခံရသည့်အ​ကြောင်းအရာသည် တစ်ခုတည်းပင်ဖြစ်သည်။ အသက်၁၈နှစ်မတိုင်မီအထိ တစ်ရက်ကိုသမိုင်းကျမ်းတစ်အုပ်အပြီးဖတ်ရမည်။

Lord of Kings [Complete]Where stories live. Discover now