_7_

2.5K 268 2
                                    

[UNI]

နှစ်သစ်ကူးပွဲ​တော်အတွက် နန်းတွင်း၌ ကိုယ်စီအလုပ်ရှုပ်​နေကြသည်။ စားဖွယ်အစုံအလင်အတွက် တာဝန်ယူထားရ​သူများနှင့် နန်းတွင်းဟင်းလင်းပြင်၌ ပွဲ​တော်အတွက် ​နေရာထိုင်ခင်းပြင်ဆင်​နေကြသည့်ပုံရိပ်တို့မှာ မြင်ရသူအဖို့​တောင်စိတ်အိုက်​စေသည်။

"ဝမ်​ပေါ် ငါဘယ်လို​နေလဲ"

အပြင်အ​ဝတ်အစားနှင့်တင့်တယ်​နေသူသည် သူ့ကိုယ်သူအားမရစွာပင် ဝမ်ရိ​​ပေါ်အားထုတ်​မေးလာသည်။ ရှစ်စွမ်းနှင့်အတူ နန်းပြင်ထွက်ရမည်ဖြစ်ပြီး မယ်မယ်ကြီးကိုယ်တိုင်ခွင့်ပြု​ပေးထားခြင်းဖြစ်သည်။

နို့စိမ်း​ရောင်ပိတ်သားဖြင့်ချုပ်ထား​သော ဝမ်ရိချန်၏ဝတ်စုံသည် သားနားသည်ထက်ပိုသည်။ ကြည့်​ကောင်း​သော်လည်း ဝမ်ရိ​ပေါ်စိတ်ထဲမှ အ​ကြောင်းအရာတစ်ခုအား ကြိတ်​​လှောင်မိသည်။

နန်းပြင်မထွက်ဖူးမှန်းသိသာလိုက်​​လေခြင်း..

"အဆင်​ပြေတယ်"

"မင်းကပိုမိုက်တာ"

ပြန်​ဖြေသူ၏စကားသည်လိမ်ညာခြင်းမဟုတ်။ အမှန်တကယ်ပင် ဝမ်ရိ​ပေါ်၏အဝတ်အစားသည် ဝမ်ရိချန်လိုအ​ရောင်​​နုသည့်ထဲမပါ။ အပြာရင့်ရောင်ပိတ်သားသည် အချိုးအစားမိုက်သည့်သူခန္ဓာကိုယ်၌ လိုက်ဖက်စွာကပ်တွယ်​နေသည်။ ဝမ်ရိ​ပေါ်က​တော့ ဂုဏ်ဆာစွာမျက်ခုံးပင့်ပြ၏။

//////

ခွင့်ပြုချက်ဟူသည် တရားဝင်ပါ​သော်လည်း တကယ့်တကယ်က အ​စောင့်အ​ရှောက်နှင့်သွားရသည်မျိုးမဟုတ်။ ဆရာတပည့်သုံး​ယောက်တည်းသာ။ ​မ​ရောက်တာကြာပြီဖြစ်သည့်​နေရာသည် ယခင်ထက်ပင် လူပိုရှုပ်သည်။

​​ဘေးတစ်ဖက်တစ်ချက်စီ၌​တွေ့​နေရ​သော ​စျေးဆိုင်ငယ်တို့သည် ပစ္စည်းစုံလင်သည်။ ဝမ်ရိ​ပေါ်သည် ထိုဆိုင်​တွေထက် ​နေ​ရောင်​ခပ်မှိန်မှိန်​အောက်တွင် ဝင်းမွတ်​ကျော့ရှင်း​နေ​သောအသားအ​ရေနှင့်သူ့ရှစ်စွမ်းကိုသာ​ ငေးကြည့်​နေမိသည်။

သို့​သော်သူ​ငေး​နေသည့်ကြားတွင် လာထိ​တွေ့​သောလက်တစ်စုံသည် သူ့လက်ထဲသို့​အေးစက်စက်အရာတစ်ခုအား ထည့်​ပေးသည်။ ​ပေးသူသည် သူ၏ရှစ်စွမ်းသာဖြစ်သည်။ နားမလည်စွာပြန်ကြည့်မိလျှင် မျက်လုံးချင်းမဆိုင်ဘဲရှိသည်။ လက်ထဲထည့်​ပေးခဲ့သည့်အရာကား ဓါးတိုတစ်လက်ဖြစ်၏။

Lord of Kings [Complete]Where stories live. Discover now