_11_

2.5K 258 6
                                    

[UNI]


တိတ်ဆိတ်ငြိမ်သက်လွန်း​သော နန်း​တော်တွင်း၌ဖြစ်သည်။ အဖြူ​ရောင်အရိပ်​လေးသည်​သေချာကြည့်လျှင်ကတုန်ကယင်ဖြစ်​နေသည်ကို​မြင်ရ​ပေမည်။

"ရှစ်စွမ်း"

တစ်​​နေရာဆီဦးတည်​နေ​သော​ခြေလှမ်းတို့သည် ​ခေါ်သံ​ကြောင့်​ရပ်တန့်သွားခဲ့သည်။ လှည့်ကြည့်လိုက်ပါလျှင်ပြုံးပြ​နေ​သော ဝမ်ရိချန်။ မျက်နှာ​သေဖြင့်သာကြည့်​နေလိုက်သည်။

"ရှစ်စွမ်း ဘာကိစ္စရှိလို့လဲ။ ကျွန်​တော့်ကိုလာ​တွေ့တာ​တော့မဟုတ်​လောက်ဘူးထင်တယ်"

လွန်ခဲ့​သောညကလို အရိုင်းဆန်​သောလူတစ်​ယောက်မဟုတ်​တော့ပြန်ဘဲ နူးညံ့​အေး​ဆေးပြ​နေသူသည် ပုံစံအမှန်ပေပဲလား။ မျက်နှာဖုံးတစ်ခု​​ပေပဲလားဝေခွဲမရ။

"မင်းကြီးကို​လျှောက်တင်စရာရှိလို့"

"....."

အပြုံးတို့ပြယ်သည်။ စိုက်ကြည့်​နေ​သောမျက်ဝန်းတို့တွင်ရန်လိုမှုများပါဝင်၏။ အမူအရာဖြစ်​သောမျက်နှာထား၏ မျက်နှာဖုံးကို​တော့ကျွမ်းကျင်စွာ တပ်ဆင်ထား​ပါသေးသည်။

"ခမည်း​တော်က ကျန်းမာ​ရေးမ​ကောင်းဘူး"

"ဘယ်လို.."

"ဟုတ်တယ်။ ပြည်သူ​တွေဆီသတင်းမ​​ပေါက်တာပဲရှိတာ။ ခမည်း​တော်ကကျန်းမာ​ရေးမ​ကောင်းဘူး"

"အရမ်းများဆိုး​နေလို့လား"

"ကျွန်​တော်​ပြောပြမယ်။ ဟိုဘက်အရိပ်နားသွားရ​အောင်"

အ​ရှေ့မှဦး​ဆောင်​ခေါ်သွားသူ​နောက် အ​တွေးများဖြင့်လိုက်ရသည်။ ဝမ်ရိ​ပေါ်​ပျောက်ပြီး ရက်တစ်ပတ်လောက်ထိ မင်းကြီးသည် ကိုယ်တိုင်ကိုယ်ကျပင် မြို့ပြင်သို့ရဲမက်များနှင့်အတူထွက်ကာ ဝမ်ရိ​ပေါ်အားရှာတတ်သည်။ ထိုအချိန်များသည် သူဒဏ်ရာ​ကြောင့် အိပ်ယာထဲလဲ​နေ​ခဲ့သော အ​ခြေအ​နေ။

သို့​သော်​ နောက်​နေ့တွင်ထပ်မံ​တွေ့ရှိရခြင်းမရှိ​တော့။ ဝမ်ရိ​ပေါ်အပြင် မင်းကြီးပါ​ပျောက်နေ​သည်ဟု​တောင်ဆို၍ရသည်။ ယခုသူလာမှ မကျန်းမမာဖြစ်​နေသည်တဲ့။ ဘယ်လို​ရောဂါမျိုး​ကြောင့်ပါလဲ။

Lord of Kings [Complete]Where stories live. Discover now