_30_

3.3K 225 5
                                    

[UNI]

⚠︎
■■■■

စာတွင်ပါသည်က လူ​တွေ​ပြော​နေသည့်စကားများကို မယုံဖို့နှင့် သူ​ခေါ်သည့်​နေရာကိုလာရန်ဖြစ်သည်။ သို့​သော် မိဖုရားငယ်သည် ထို​နေ့တွင်ပင် ​ရှောင်းကျန့်နှင့်လာ​တွေ့ခဲ့၏။

သူ့ဖခင်အ​ကြောင်းကိုပါ​ပြောပြခဲ့သည်​ကြောင့် ​ရှောင်းကျန့် အ​တော်​လေးအံ့သြခဲ့ရပါသည်။ နဂိုကတည်းက ဝမ်ရိ​ပေါ်အ​ပေါ် အားနာစိတ်များနှင့် သူ့ကိုယ်သူ ဝမ်ရိ​ပေါ်နှင့်မထိုက်တန်ဟု​တွေးထားခဲ့သည်​ကြောင့် ထိုအ​ကြောင်းကိုပါ သိလိုက်ရချိန်တွင် သူမဝံ့ရဲ​တော့​ပေ။

ဝမ်ရိ​ပေါ် ချိန်းဆိုထားသည့်​နေရာကို မသွားခဲ့သလို လာ​တွေ့သည်ကိုပါ လက်မခံဘဲ ​ရှောင်ပုန်း​နေခဲ့သည့်အပြင် ချင်ချင်ကို ဂရုစိုက်ဖို့အ​ကြောင်းပါ စာလွှာပါးခဲ့​သေးသည်။ သူ့တွင် ဝမ်ရိ​ပေါ်ရှိသည့်​ နေရာဆီတိုးဝင်သွားဖို့အထိ သတ္တိ​လည်းမရှိ​​တော့။

အရာရာပြည့်စုံ​​နေသည့် ​ယောက်ျားတစ်​ယောက်​ဘေးတွင် သူတကယ် မရပ်ရဲ​တော့​ပေ။ သိမ်ငယ်သည်။ သူသည် ဝမ်ရိ​ပေါ်နှင့်တကယ်မထိုက်တန်ဟု သတ်မှတ်သည်။

မနက်ဖြန် ထိန်းမြားပွဲ​နေ့ဟုကြားသည်။ သူ​နောက်ဆုံးစာလွှာပြန်ပြီးကတည်းက ​နောက်ထပ်စာ မလာ​တော့​သော်လည်း ယ​နေ့တွင် ​ရှောင်းကျန့်ဆီ စာထပ်​ရောက်လာခဲ့သည်။ နန်းတွင်းတံဆိပ်တုံးပါ ထုနှိပ်ထားသည်မို့ သူ လိုက်ကိုလိုက်နာရမည့် အမိန့်စာဖြစ်သည်။

ဖွင့်ဖတ်လိုက်သည့်အခါ ယ​နေ့ည လာ​တွေ့ဖို့​နေရာမှလွဲ ဘာမှ​ရေးမထား​ပေ။ သူ​တွေးလိုက်သည်က မိဖုရားပို့တာဖြစ်လိမ့်မည်ဟု။ ထိမ်းမြားပွဲကိုသွားဖျက်ဖို့အထိ​တော့ သူ့တွင် အင်အားလည်းမရှိပါ​ပေ။ မိဖုရားက​တော့ သူ့ကို ထိမ်းမြားပွဲတက်မည်ကို စိုးရိမ်​နေ​သည်ထင်ပါ၏။

ည​နေ​​ပိုင်းမိုးချုပ်ခါနီးတွင် ​ပြောထားသည့်​​နေရာကိုသွားရန် ​ရှောင်းကျန့်ပြင်သည်။ ထုံးစံအတိုင်း အဖြူ​ရောင်ဝတ်စုံနှင့် ဆံပင်​တွေကိုစုစည်းကာ အ​နောက်ကိုအနည်းငယ်ချထားပါ​သော်လည်း သူ့ပုံစံက အားနည်းနေသည်​ကြောင့် ဖြူဖက်ဖြူ​ရော်​လေးဖြစ်​နေသည်။

Lord of Kings [Completed]Where stories live. Discover now