_25_

2.4K 220 2
                                    

[UNI]


စစ်​မြေပြင်သည် အချိန်အ​တော်ကြာပြီးအချိန်တွင်ငြိမ်သက်သွားလျက်ရှိသည်။ ပုံစံမျိုးစုံဖြင့်​သေဆုံးနေ​သောရဲမက်တို့သည် အစုလိုက်အပြုံလိုက်ဖြစ်၏။ဓါးတစ်​ချောင်းအား တင်း​နေ​အောင် ဆုပ်ကိုင်ကာ တောင့်ခံထား​သော ဝမ်ရိ​ပေါ်သည်လည်း ဒဏ်ရာဗလပွဖြင့်ဖြစ်သည်။

အ​မြောက်​တွေနှင့်တစ်ဖက်တိုင်းပြည်အား မနိုင်​တော့သည့်အချိန်တွင် ချန်ဘုရင်နှင့်စစ်သည်များ​ရောက်လာ၏။ ချန်ဘုရင်သည်လည်း လူနီတို့လို စစ်လက်နက််အသစ်အဆန်းများပိုင်ဆိုင်ထားသည်မို့ စစ်ပွဲသည် မျှတခဲ့​သော်လည်း အ​သေအ​ကျေများလှသည်။

မည်သူအနိုင်ရသည်ဟူ​သောအ​ဖြေသည် ဝမ်ရိ​ပေါ်၏မလှမ်းမကမ်းတွင် လဲ​ချောင်းလျက်ရှိသော ဝမ်ရိချန်က သက်​သေဖြစ်သည်။ အ​သေ​တော့ မသတ်ခဲ့ပါ​ပေ။ နှ​မျောစရာ​ကောင်းလွန်းသည် မဟုတ်​ပေလား။

"ဝမ်တိုင်းပြည်ကိုလူခွဲပြီးဝင်စည်း​နေတယ်တဲ့ ဝမ်ရိ​​ပေါ်"

စစ်ဝတ်စုံဖြင့်ချန်ဘုရင်သည် ​ဒဏ်ရာတို့ဖြင့်ဝမ်ရိ​ပေါ်အား​ပြောသည့်အခါ ဒဏ်ရာ၏နာကျင်မှုထက် နှလုံးသားထဲက ဆစ်ကနဲဖြစ်သည်။ အပြင်ဒဏ်ရာ​တွေအား စိတ်ထဲမထားနိုင်။ နှလုံးသား၏ ရှင်သန်ရာ​လေးရှိရာဆီ အ​ပြေးနှင်ရပြန်၏။

ဝမ်တိုင်းပြည်ထဲဝင်သည်နှင့်​ မြင်​တွေ့ရသမျှက ​သေလူချည်းသာ။ နန်းတွင်းထဲဝင်သည့်အခါ ချန်စစ်သည်တို့နှင့် ဝမ်စစ်သည်တို့က တစ်ဖက်လူနီတို့အား တိုက်ခိုက်​နေသည်ကိုတွေ့ရသည်။

ယခုသူ၏ရင်တွင်း၌ သံ​ရည်ပူ​ လောင်းချခံလိုက်ရသလိုပင်ဖြစ်သည်။

ပူပန်​နေ​သောစိတ်အစဥ်ဖြင့် နန်းတွင်းထဲပတ်ရှာရ၏။ သူ့ဆီ ဝင်​ရောက်တိုက်ခိုက်လာသူများအားလည်း ကြင်နာရသည့်သူကို မ​တွေ့​ရသေးသည်​ကြောင့် ဒေါသဖြင့် မြင်မြင်သမျှ ခုတ်သတ်ပစ်လိုက်သည်။

အချိန်အ​တော်ကြာသည်အထိ ဘုရင့်နန်းဆောင်၊ ဘုရင့်ညီလာခံ ခန်းမ​ဆောင်၊ မယ်မယ်၏အ​ဆောင်၊ နန်းတွင်းဥယျာဥ်၊ ထမင်းချက်အ​ဆောင်တို့အား ရှာပြီးချိန်တွင် စာကြည့်တိုက်သို့​ရောက်လာရ၏။ လမ်းတွင်​​တွေ့ခဲ့ရ​သော ​သွေးကွက်တို့အားမြင်သည့်အခါ ပူပန်မှုသည်နှစ်ဆမက။

Lord of Kings [Complete]Où les histoires vivent. Découvrez maintenant