_19_

2.5K 234 2
                                    

[UNI]

"အဆင်​ပြေပါ့မလားကွာ။ ဟုတ်မှလည်းလုပ်ဦး"

ရှန်တိုင်းပြည်ဂိတ်တံခါး၏ အနည်းငယ်အလှမ်း​ဝေး​သော​နေရာတွင်ဖြစ်သည်။ ငါး​တွေထည့်လာ​သောခြင်း​တွေကိုလှည်းဖြင့်တင်ကာ ကုန်သည်ဟန်​ဆောင်၍ ဂိတ်အားဖြတ်ကြမည်ဖြစ်သည်။

​ကျားလုံနှင့်ဝမ်ရိ​ပေါ်သည် နဂိုအဝတ်စုတ်များအား ပိုစုတ်​​စေ​သောငှာ ​​မြေ​ပေါ်တွင်လှိမ့်၍တစ်ဖုံ၊ သစ်ပင်၏ ပင်​စည်အားပွတ်၍ အဝတ်စကိုစုတ်​စေ၍တစ်မျိုးဖြင့် အဝတ်ပိုစုတ်​အောင်ဖန်တီးခဲ့ကြသည်။ ​

သူတို့နှစ်​ယောက်မှာ အ​​စေခံအ​နေဖြင့်ဝင်မည်ဖြစ်သည်။ ခြင်း​​တွေသည် ကျားလုံ လမ်းတွင်လုပ်​ပေးလာခြင်းဖြစ်ကာ ငါးဖမ်းဖို့ကို ဝမ်ရိ​ပေါ်က တာဝန်ယူခြင်းဖြစ်၏။ တွန်းလှည်းအတွက်က​တော့ ကိုယ်လက်လှုပ်ရှားမှု​လေး အနည်းငယ်လုပ်ခဲ့ရပါသည်။

ရှောင်းကျန့်ကိုမူ ဝမ်ရိ​ပေါ်က သူ့အဝတ်အသစ်ကိုဝတ်ဆင်​ထား​စေပြီး ကုန်သည်​ခေါင်း​ဆောင်ထား၏။ အဝတ်က​ချောင်ချိ​နေသည်​ကြောင့် ​ရှောင်းကျန့် ရွာကိုစ​ရောက်တုန်းက အဝတ်လိုဖြစ်​နေသည်။

"အသင့်ဖြစ်ရင်သွားရ​အောင်"

တန်းစီ​နေသူ​တွေ​​အနောက် သူတို့ပါဝင်ရပ်ကာ တ​ရွေ့​​ရွေ့တိုးလိုက်သည်။ အနားနီး​လေ စစ်​ဆေး​ရေးတင်းကြပ်​လေကို ပိုမြင်လာရသည်မို့ ​ရှေ့ဆုံးက​လျှောက်​နေ​သော​ရှောင်းကျန့်မှာ ​ဇော​ချွေးပင်ပြန်လာရသည်။

"ဘာကိစ္စလဲ!"

"ငါးတွေလာပို့တာပါ"

ရဲမက်သည် ​အ​နောက်က လှည်းတွန်းလာသူနှစ်​ယောက်ကို တစ်ချက်ကြည့်သည်။ စုတ်ပြတ်​နေ​သောအသွင်အပြင်​​​တွေကြောင့် လူကိုသံသယမဝင်​​သော်လည်း ငါးထည့်ထား​သောခြင်းကို​တော့ဖွင့်ကြည့်သည်။ အ​တော်ကြာ ဟိုလှန် ဒီ​လှော​မွှေသည့်အပြင် ​ရှောင်းကျန့်ကိုလည်း စစ်ဆေး​ပြီးမှ ဝင်ခွင့်​ပေးသည်။

အထဲ​ရောက်သည်နှင့်တစ်ပြိုင်နက် လှည်းကို​​ဘေးကပ်၊ ဦး​ဆောင်​လျှောက်​နေသူ​ ရှောင်းကျန့်လက်အားဝမ်ရိ​ပေါ်ဆွဲကာ သစ်သီးခြင်း​တွေထပ်ထား​သောအ​နောက်သို့လှစ်ကနဲဆိုသလိုဝင်လိုက်ကြသည်။ ကျားလုံမှာ ​​​ယောင်တောင်​တောင်ဖြင့် လိုက်ဝင်ရ၏။

Lord of Kings [Complete]Where stories live. Discover now