_12_

2.8K 274 2
                                    

[UNI]

​လေတဟူးဟူးသာတိုက်​သော​ချောင်းနှင့်​ ဝေးလာကာ ​ရေသံ​တွေကြားနေရပြီဖြစ်​သော ​ရေတံခွန်အနီးနားသို့​ရောက်လာပြီဖြစ်သည်။ ဝမ်ရိ​ပေါ်သည် သစ်ပင်အမြင့်တစ်​နေရာ​ပေါ်တက်ကာ ​ငါး​ထောင်ရန်အဆင်​ပြေမည့် ရေတံခွန်၏​ရေစီး​ကြောင်း​တောက်​လျှောက်ကိုကြည့်​နေလိုက်သည်။

'သွား!.!'

'ကျွန်​တော်​...သေချာ​ပေါက်အသက်ရှင်​နေပါ့မယ်'

ထို့​နောက် အသက်လု​ပြေး​နေရ​သောသူ။ နာကျင်​​နေ​သောစိတ်​အစဥ်နှင့် ​သွေးအလိမ်းလိမ်းဖြစ်​နေ​သောသူ့ဒဏ်ရာ။ လမ်းမရှိ​တော့သည့် အဆုံး​နေရာ။ ​ကျောပြင်​ပေါ်​ရောက်လာသည့် စူးနင့်​သောနာကျင်မှု။ ကိုင်ရိုက်ခံလိုက်ရသလိုဖြစ်သွား​သောခန္ဓာကိုယ်။

အဖြစ်အပျက်တစ်ခုချင်းစီတိုင်းသည် ဦး​နှောက်ထဲသို့အစီစဥ်မကျစွာ​ဝင်လာသည်။

"အား!"

ထိုးကိုက်လာ​သော​ခေါင်း​ကြောင့် လက်ဖြင့်အုပ်ကိုင်ထားရသည်။ မျက်လုံး​တွေပင် ပြာ​ဝေရသည်အထိ နာကျင်လွန်းသည်။ သတိလက်လွတ်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သစ်ကိုင်းပေါ်ထိုင်​နေခဲ့သည့်သူလည်း ​မြေပြင်​ပေါ်မရှုမလှဖြင့်ခစားသွားရ​တော့သည်။

//////

အ​ဝတ်အိတ်အား ထုပ်ပိုး​ပေး​နေ​သောရှားခယ့်ကို ​ရှောင်းကျန့်​​ငေးကြည့်​နေမိသည်။ ဤက​လေးသည် သူ့အနားတွင်အချိန်ကြာမြင့်စွာအတူရှိ​နေခဲ့သူဖြစ်သည်။

ဝမ်ရိ​ပေါ်​မပျောက်ခင် မိဖုရား​ခေါင်ကြီးနှင့်​တွေ့ဆုံသည့်​နေ့က မိဖုရား​ပြောခဲ့​သောစကားကို သူသတိရသွားသည်။

"​​ရှောင်းသခင်ကြီးက အိမ်​ခြေရာမဲ့​နေတဲ့ က​လေး​တွေအတွက် အလုပ်​နေရာဖန်တီး​ပေးတယ်လို့ကြားတယ်။ က​လေး​တွေဆိုတာကတိုင်းပြည်ရဲ့အနာဂတ်​လေး​တွေပဲ။  လူမသိသူမသိ ​ရောင်းစားခံလိုက်ရရင်​တော့ နည်းနည်းသ​မျောဖို့​ကောင်းတာ​ပေါ့"

ထိုကိစ္စများ၏တရားခံသည် သူတို့​ ရှောင်းမျိုးရိုးသာဖြစ်လိမ့်မည်။ ကိုယ်ကျင့်တရား​ကောင်းမွန်လှ​​သော​ရှောင်းမျိုးရိုးနှင့် သူ့ဖခင်၏ဂုဏ်သိက္ခာ ​အောက်ဆုံး​ရောက်သွားနိုင်​သော အ​ခြေ​အနေဖြစ်သွားလိမ့်သည်။ ​

Lord of Kings [Completed]Where stories live. Discover now