_27_

2.4K 219 5
                                    

[UNI]

⚠︎
■■■■

"​ရှောင်းသခင်​လေး"

"အာ..ရှားခယ့် ဝင်လာခဲ့​လေ"

​ရှောင်းကျန့် သူ့အိမ်​တော်တွင်သာ ပြန်နေထိုင်​နေခြင်းဖြစ်သည်။ သူ့အ​ဆောင်ထဲတွင် စာဖတ်​နေတုန်း ရှားခယ့်အသံကြားလိုက်သည်မို့ ဝင်ခွင့်ပြုလိုက်၏။

"သခင်​လေးကို အိမ်​ရှေ့စံက အ​ခေါ်​တော်လွှတ်လိုက်ပါတယ်"

"ဟင်..ဘယ်ကိုလဲ"

"သံဂို​​ထောင်ထဲကို"

​ရှောင်းကျန့် စိတ်ထဲ ထူးဆန်းသွား၏။ သံထည်​တွေကို မီးအပူ​တွေနှင့်အပူ​ပေး​သည့်​နေရာ၊ ဓါး​တွေသို​လှောင်ထားသည့်​နေရာကို ဝမ်ရိ​ပေါ်က ဘာ​ကြောင့်များ သူ့ကို​ခေါ်ရသည်လဲ။

"အင်း..သွားလိုက်မယ် ရှားခယ့်။ အိမ်​တော်မှာ ​ကောင်း​ကောင်း​နေခဲ့​နော်"

"ဟုတ်ကဲ့။ အပြင်မှာ နန်းတွင်း​ဝေါယာဥ်​ရောက်​နေပြီ"

"အင်း"

ရှောင်းကျန့် ဖတ်​နေသည့် စာအုပ်ကို ​သေချာပိတ်ကာ စားပွဲ​ပေါ်ထပ်ထား​သော စာအုပ်ပုံဆီ သပ်ရပ်စွာတင်လိုက်သည်။ ထို့​နောက် မတ်တပ်ရပ်ကာ သူဝတ်​နေကျဖြစ်သည့် ပွယွ​သောအဖြူ​ရောင်ပိတ်သားတို့၏အစကို မ​ခေါက်​အောင် လက်ဖြင့်ခါချကာ အပြင်ထွက်သွားလိုက်၏။ သူ့ပုံစံက တကယ်ကို ​ကျော့ရှင်းနေ​တော့တာဖြစ်​ပေသည်။

အိမ်​တော်အပြင်​ရောက်သည့်အခါ ရှားခယ့်ပြောသည့်အတိုင်း ​​ဝေါယာဥ်​ရောက်​နေပြီမို့ သူအဆင်သင့်လိုက်သွားလိုက်သည်။ ထိုအခါ နန်းတွင်းဆီ ခနအတွင်း​ရောက်၏။

အ​​ခေါ်တော်လွှတ်ထားသည့်​​နေရာကို သူဦးတည်သွားလိုက်​သော် ဂို​ထောင်ဆီ​ရောက်သည့်အခါ ရဲမက်အပြင် သံထည်ထုရိုက်​နေသူများ တစ်​ယောက်မှမရှိ။ ထိုအစား ထုရိုက်သံတစ်ခုသာကြားရသည်။ ထိုအသံကြားရသည့်​နေရာဆီ ​သူသွားကြည့်လိုက်၏။

အသံပြုသည့်​နေရာ​ရောက်သည့်အခါ ​ကျောက်မီး​သွေးမှာကိုအပူ​ပေးထား​သော မီးပူကြီး​ဘေးတွင် လိ​​မ္မော်​ရောင်သန်း​နေ​သော ဓါးကို အင်္ကျီချွတ်ဖြင့် ထုရိုက်​နေ​သော ​​ယောက်ျားသား၏အ​ပေါ်ပိုင်းသည် ကြွက်သားများဖြင့်ပြည့်​နေကာ ဝမ်းဗိုက်တွင်လည်း အဖုအထစ်များရှိ​သေးသည်။

Lord of Kings [Complete]Where stories live. Discover now