ညံနေအောင်ချစ်မည် (loving you...

By AdderAries

54.9K 4.6K 607

Completed!! Age Gap (BoyxBoy) Marriage Life! Cover Art_ Adder Aries (Canvas) Started date_ Wed, Dec 8th, 2021 More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 10 (Adult Scene 🔞)
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39

Ep 31

1K 86 7
By AdderAries

"ဦးစက် ဦးစက်...."

ဘေးနားရှိနေတာကို အဆက်မပြတ်ခေါ်နေတာမို့ စက်နေဟိန်းခေါင်းသာ စောင်းကြည့်လိုက်တော့သည်။ သို့မှ ဉာဏ်ငြိမ်သွားလျက် ခွေးစာအထုတ်လေးကိုင်ကာ ရယ်ပြသည်။

"ခွေးစာဝယ်သွားရအောင်လေ"

"ဟိုမှာလည်းရှိပါတယ်"

"ဪ သူတို့ကိုလည်း လက်ဆောင်ဝယ်သွားပေးရမှာပေါ့"

"ခွေးတွေကိုလား"

စက်နေဟိန်းသည် မျက်မှောင်ကုပ်သွားကာ ဉာဏ့်ကို ကြည့်နေမိသည်။ သူတကယ်ခွေးမချစ်တာဖြစ်သည်။

"ဝယ်လေ ဒါဆိုလည်း...."

ခွင့်ပြုချက်ရသည်နှင့် ခုန်ပေါက်ပြီး ခွေးစာခြောက်တန်း‌ဆီသို့ ပြေးသွားတော့သည်။ အိမ်သူ့စံအိမ်ကိုပြန်ရမည်ဖြစ်သောကြောင့် လိုချင်တာ၊ လိုအပ်တာတွေ လိုက်ဝယ်ဖြစ်နေသည်။ လိုအပ်တာဝယ်သူက စက်နေဟိန်းဖြစ်ပြီး လိုချင်တာတွေဝယ်သူက ဉာဏ်ဖြစ်သည်။ ချစ်ဖို့တော့ကောင်းသား....အခုက သူ့လက်ထဲအလုပ်မရှိလို့ လစာလည်းမရှိသဖြင့် တစ်ခုခုလိုချင်တိုင်း စက်နေဟိန်းဆီ လာလာခွင့်တောင်းသည်။

တစ်ကိုယ်ရည်သုံးပစ္စည်းပစ္စယများရွေးနေရင်း စက်နေဟိန်း ဉာဏ့်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် စချင်စိတ်ပေါ်လာသောကြောင့်....

"ဉာဏ် ခဏ...."

ဉာဏ်က ခွေးစာထုတ်တွေယူရင်း စက်နေဟိန်းဆီပြန်ရောက်လာသည်။

"ဟင် ဘာလဲ"

စက်နေဟိန်းပြနေတာကို သူမကြည့်သေး။ လက်ထဲပါလာသော အထုတ်များကို ခြင်းထဲထည့်နေဆဲ။ ထို့နောက် လက်ညှိုးထိုးပြသည်ကိုကြည့်လိုက်တော့ အမွှေးရိတ်သော ဂျုတ်တွေရှိသည့်နေရာဖြစ်သည်။

"ဘာလုပ်ဖို့လဲ"

"ဉာဏ်သုံးဖို့လေ၊ ယူမလားလို့"

"ဟင် ဉာဏ့်မှာမှ မုတ်ဆိတ်မွှေးတွေ နှုတ်ခမ်း‌မွှေးတွေမရှိတာ....ယူမယ့်ယူ ဦးစက်ယူရမှာလေ"

"ဟုတ်လို့လား၊ ဉာဏ်ရိတ်စရာမလိုတဲ့နေရာမရှိတာ သေချာပြီလား၊ ကိုယ်တော့မထင်ဘူးနော်"

စက်နေဟိန်းက မေးစေ့ကိုပွတ်သပ်ရင်း ဉာဏ့်ကို ပြီတီတီရုပ်ဖြင့် ကြည့်နေလိုက်သည်။ သို့မှ ဉာဏ်သဘောပေါက်ပြီး နားရွက်တွေနီလာသည်။

"အား ဘယ်လိုတွေတောင်ပြောနေတာလဲ"

"ကိုယ်ဘာမှမပြောရသေးပါဘူးနော်၊ ဉာဏ်လိုအပ်မယ်ထင်တာကိုပဲ ပြောပြပေးတာ၊ ကိုယ်တော့ သိပ်မကြိုက်ဘူး....သိတယ်မလား....အဲ့နေရာ နည်းနည်း ရှင်းလင်းသင့်တယ်၊ ဒါမှ ကိုယ်...."

"ဆက်မပြောပါနဲ့တော့ဆို၊ အား ဘယ်လိုဖြစ်နေတာတုန်း၊ အဲ့ဒါ အော်ရီဂျင်နယ်လေ၊ မှတ်ထားဦး"

ဉာဏ့်စကားကြောင့် စက်နေဟိန်း တံတွေးသီးမတက်ဖြစ်ကာ အော်ရယ်မိသွားသည်။ ပြီးတော့ ထိုအကောင်သေးသေးလေးက သူ့နားတိုးလာကာ တိုးတိုးလေးကပ်မေးသည်။

"တကယ်ယူရမှာလားဟင်"

"ဟား ဟား ဉာဏ်ရယ်၊ ကိုယ်က နောက်တာ၊ ဉာဏ့်ဘာသာ ဘာရှိရှိရတယ်၊ ဒါတွေက သဘာဝပဲ"

"တစ်ခါမှမလုပ်ဖူးတော့ ကြောက်လို့"

"ဒါဆို ကိုယ်လုပ်ပေးမယ်ဆိုရင်ရော...."

"ဟင်....ကြက်သီးတောင်ထလာပြီ"

နှစ်ယောက်သားက ဂျုတ်တွေရှေ့မှာ ပွစိပွစိနှင့် တိုးတိုးလေးပြောနေကြသောကြောင့် ဘေးမှဖြတ်သွားသူတွေက ဒီနှစ်ယောက်ဘာလုပ်နေကြတာလဲ စိတ်ဝင်စားကုန်ပြီဖြစ်သည်။

"ဦးစက်ကအရမ်းပေါက်ပန်းလေးဆယ်ပြောတာပဲ၊ မစ္စတာဟိန်းဆိုပြီး အထင်ကြီးနေသူတွေကို ဦးစက်က ဒီလိုကြီးပါဆိုပြီး ချပြချင်လာပြီ"

ထိုသို့ပြောပြီး ဉာဏ်သည် ချာခနဲ လှည့်ထွက်သွားသည်။ စက်နေဟိန်းကတော့ တစ်ယောက်တည်း တခွီးခွီးဖြင့်ကျန်ခဲ့ကာ ဂျုတ်နှစ်ခုကို ယူဖြစ်အောင် ယူလိုက်သေး၏။
.
.
.
.
.
ဈေးဝယ်ပြီး စက်နေဟိန်းက ကောင်တာ၌ ငွေရှင်းနေချိန် ဉာဏ်က အမြည်းလိုက်တောင်းစားနေသည်။ စက်နေဟိန်းဆီတောင် သွားကြားထိုးတံလေးနဲ့ အမြည်းလေးယူလာလိုက်သေး...။

"ဉာဏ်ဝယ်သွားချင်လို့လား"

"ရလား"

သူစားနေတာ ကြာရှည်ခံအသားတုတွေဖြစ်လို့ စက်နေဟိန်းမကြိုက်တာ ဉာဏ်သိသည်။ ဉာဏ်စားချင်နေတာလည်း စက်နေဟိန်းသိသောကြောင့် ခေါင်းညိမ့်ပြရင်း....

"ဉာဏ်စားချင်ရင်ဝယ်လေ၊ ဟိုမှာကျမရှိဘဲနေမယ်"

"အို ရေး..."

ဉာဏ်ပြေးသွားတာကိုကြည့်ရင်း စက်နေဟိန်းရယ်မိသွားသည်။ ထို့နောက် နောက်လူတွေရှိသေးတာမို့ အရင်ရှင်းစရာရှိတာတွေ ရှင်းထားကာ စောင့်နေလိုက်သည်။

"မစ္စတာဟိန်းမလား"

သိတာကြာပြီဖြစ်သော်လည်း မတွေ့တာကြာပြီဖြစ်သော မိတ်ကပ်ဆရာတစ်ယောက်က လာနှုတ်ဆက်သည်။

"အိုး...ယဉ် မတွေ့ရတာကြာလှပြီ၊ နေကောင်းတယ်မလားဗျ"

လက်ဆွဲနှုတ်ဆက်ဖို့ရာ အထုတ်အပြည့်ကိုင်ထားရသဖြင့် ခေါင်းငုံ့ပြီးသာ နှုတ်ဆက်လိုက်ရသည်။

"ဟုတ်တယ် အရမ်းကြာနေပြီ၊ ယဉ် Australia ရောက်နေတာ၊ အခုပြန်ရောက်တာမကြာသေးဘူး၊ အသိညီမလေး မင်္ဂလာဆောင်အတွက်ခေါ်ထားလို့လေ"

"ဪ ဟို ယဉ်တစ်ခါမိတ်ဆက်ပေးဖူးတဲ့ကောင်မလေးလား၊ သူ့နာမည်ဘာပါလိမ့်....စိမ်းလဲ့နွယ် စိမ်းလဲ့နွယ် မှတ်မိပြီ"

"ဟုတ်တယ် စိမ်း၊ စိမ်းကတော့ ဟိန်းကိုစောင့်ရင်း အခုတော့ သူယောက်ျားရသွားပါပြီ"

ထိုစကားကြောင့် စက်နေဟိန်းနှင့် ယှဉ်တို့ရယ်မိသွားကြသည်။ ထိုစဉ် ဉာဏ်က အနားသို့ရောက်လာကာ ယဉ့်ကိုမြင်တော့ ရယ်ပြရုံကလွဲ သူဘာမှမသိ။

"ဒါတွေရှင်းရဦးမယ်".....ဉာဏ်က လက်ထဲက အထုတ်လေးတွေပြရင်း ပြောလိုက်သည်။

"ယူသွားလေ၊ ကိုယ် ဒီမှာ စကားပြောနေလို့"

စက်နေဟိန်းက သူ့ဘောင်းဘီအိတ်ကို မျက်စပစ်ပြလိုက်သည်။ ထို့နောက် ယဉ့်ကိုကြည့်ရင်း....

"ယဉ် ဒါက ဉာဏ်ရှင်စော၊ ကိုယ့်အမျိုးသားပါ"

"မင်္ဂလာဆောင်တုန်းက မြင်ဖူးပေမယ့် တစ်ခါပဲဆိုတော့ မမှတ်မိဘူး၊ တွေ့ရတာဝမ်းသာပါတယ်နော်၊ မိတ်ကပ်ယဉ်ယဉ်ပါ"

"ဟုတ်ကဲ့ခင်ဗျ၊ ကျွန်တော်လည်း မင်္ဂလာဆောင်တုန်းက လူတွေအရမ်းများတော့ မမှတ်မိဘူး ဟီးဟီး"

"ဟိန်းတို့က အမျိုးသားချောချောလေးရထားတာပဲ၊ ကံကောင်းချက်နော်၊ မောင်လေးကိုလည်းပြောရဦးမယ်၊ ဟိန်းကိုစောင့်ကြည့်ထားနော်၊ သူ့ဘေးမှာက ဝိုင်းနေတာပဲ"

"ခြင်တွေပါ"

စက်နေဟိန်းက ဟာသဝင်ပြောလိုက်သဖြင့် ဉာဏ်တို့အကုန်ရယ်မိသွားပြီး သူတို့စကားပြောရန် ထားခဲ့ကာ ဉာဏ်က ထပ်ဝယ်ထားသော ပစ္စည်းများရှင်းရန် ကောင်တာသို့ သွားလိုက်သည်။

"ဟိန်းတို့က ဒိုင်လျှိုလေးနော်၊ အမျိုးသားတွေစိတ်မဝင်စားဘူးဆိုလို့ ယဉ်ကလက်လျော့ပြီး စိမ်းနဲ့မိတ်ဆက်ပေးတော့ ငြင်းပြီး ဒီကောင်လေးကိုကျ ယူသွားတယ်၊ ဘယ်ကရှာယူလိုက်တာလဲ၊ လျှိုချက်ပဲ"

"ဟား ဟား....အနေထိုင်သိုသပ်တာပါဗျာ၊ ဉာဏ်က ကိုယ့်အတွက်မရှိမဖြစ်မို့ ဥထားရတာ"

"ကောင်လေးက တကယ်ချစ်စရာလေး၊ ညိုညိုညက်ညက်သေးသေးကွေးကွေးလေး

"အဲ့ဒါတွေကြောင့်ပိုချစ်နေရတာဆိုပါတော့"

"ဒါနဲ့ ယဉ်ကြားတယ်၊ တရားရုံးကိစ္စအဆင်ပြေရဲ့လား"

"ပြေပါတယ်၊ အဖြစ်မှန်ကပေါ်မှာပါ"

"ဟိန်းက အဲ့လိုမဟုတ်တာ ယဉ်တို့ကသိတယ်၊ သတင်းကြားကြားချင်းတော့ အံ့ဩသွားတာပေါ့နော်"

"ဒီလိုပါပဲဗျာ"

"ကဲ ဟုတ်ပြီ၊ ဒါဆို ယဉ်သွားဦးမယ်၊ အမျိုးသားကိုလည်းနှုတ်ဆက်ပါတယ်လို့"

"ဟုတ်ပြီ ယဉ်၊ အားတဲ့တစ်ရက် တွေ့ကြသေးတာပေါ့ခင်ဗျာ"

ယဉ်နှင့်လမ်းခွဲနှုတ်ဆက်ပြီးသည့်နောက် ဉာဏ်ရှိရာကို စက်နေဟိန်းကြည့်နေလိုက်သည်။ သူ့အလှည့်ကိုစောင့်နေသောဉာဏ်က ဟိုကြည့်လိုက် သည်ကြည့်လိုက်နှင့် ငေးလို့ကောင်းနေတာဖြစ်သည်။ ဟုတ်ပါရဲ့....ဒီသေးသေးကွေးကွေး အညိုစင်လေးကို ငုံထားမတတ်ချစ်နေရတာပါပဲ။
.
.
.
.
.
"ဦးစက်က မိတ်ကပ်ဆရာနဲ့ဘယ်လိုသိနေတာလဲ"

"ကိုယ်အလုပ်လုပ်နေတာက အလှပိုင်းနဲ့ပတ်သတ်တာလေ ဉာဏ်ရဲ့"

"ဪ ဟုတ်သားပဲ"

"ဘာလဲ မယုံတာလားကိုယ့်ကို"

"ဟုတ်တယ်၊ ခြင်တွေဝိုင်းနေတယ်ဆို ဦးစက်ပဲ ပြောပြီးတော့"

အိမ်အပြန်လမ်း ကားပေါ်၌ တဟားဟားအသံတွေက ဆူညံသွားသည်။ ထိုအချိန် စက်နေဟိန်းက လက်တစ်ဖက်လှမ်းပေးသဖြင့် ဉာဏ်က ပြုံးရင်း ထိုလက်ကို ပြန်လည်ဆုပ်က်ုင်ထားသည်။

"ဦးစက် တရားရုံးရက်ချိန်းတွေကျဘယ်လိုလုပ်မလဲ"

"ရတယ်လေ၊ ရအောင်လုပ်လို့ရတဲ့အခြေနေတွေရှိပါတယ်"

"ဒါနဲ့လေ...."

ဉာဏ်က ထိုစကားဆက်မပြောခင် စက်နေဟိန်းကိုအရင်ကြည့်နေသေး၏။ စက်နေဟိန်းက ဆွဲထားသည့်လက်ကိုလှုပ်လိုက်မှ ဆက်ပြောတော့သည်။

"ဉာဏ်တွေးထားတာတစ်ခုရှိတယ်....ဦးစက် ရဟန်းခံပြီးရင် သက္ကစက်အိမ်ကိုသွားလို့ရတယ်...."

"သွားပြီးတော့...."

"ဦးစက်က ရဟန်းခံထားတဲ့အချိန်ဆိုတော့ သူတို့ဘက်က သဘောတူလာမလားလို့လေ၊ အိမ်ရောင်းဖို့ကို"

ဉာဏ့်အတွေးကို စက်နေဟိန်းကတစ်ဖန် စဉ်းစားနေလိုက်သည်။ ဉာဏ်ပြောပုံဆိုလည်း မဆိုးဘူး၊ ဒါသည်‌ ကောင်းသောအကြံပင်ဖြစ်သည်။

"အဲ့အကြံကောင်းတယ်၊ မဟုတ်ရင် ကိုယ်တော်တော်စိတ်ရှုပ်ရတော့မှာ"

"ကြီးကြီးလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေါ့နော်၊ သူလည်းလာကူပြောမှရမယ်ထင်တယ်"

"အင်း...မာမီ့ကို ကိုယ်ပြောထားတယ်၊ သားကိုတစ်ယောက်တည်းမလွှတ်ပါနဲ့လို့ ဟဲဟဲ"

"ကလေးကြီးပေါ့လေ"

နှစ်ယောက်သားက ငြိမ်သွားပြီး ဉာဏ်သည် အပြင်ဘက်သို့ လျှောက်ငေးနေရင်း ပြုံးမိသည်။

"ဉာဏ်လေ ဘဝကိုဖြတ်သန်းရတာ ရိုးရိုးလေးလို့ ထင်ထားတာ...."

စက်နေဟိန်းက ဘာမှဖြတ်မပြောဘဲ ကားမောင်းရင်း နားထောင်ပေးနေလိုက်သည်။

"အခုဆို ဉာဏ် အိမ်ထောင်ကျခဲ့တယ်၊ အိမ်ထောင်ရေးဆိုတာဘာလဲ အနည်းအကျဉ်းတော့သဘောပေါက်လာတယ်၊ ဒါကလည်း ကောင်းတဲ့အိမ်ထောင်ဖက်နဲ့တွေ့လို့ဖြစ်မယ်၊ ဉာဏ်တွေ့ဖူးတဲ့ အိမ်ထောင်ရေးလိုမျိုးတွေနဲ့ သိပ်မတူဘူး"

"ဉာဏ်က ဘယ်လိုအိမ်ထောင်ရေးကိုပြောတာလဲ"

"ဖောက်ပြန်တာတို့၊ ပိုက်ဆံရှာရတာတို့၊ မိသားစုတွေဘက်က မကြိုက်ကြတာတို့ အစုံပဲလေ၊ ရုပ်ရှင်တွေထဲကလိုမျိုး....ဒါပေမယ့် ဉာဏ်က ကံကောင်းတယ်"

"ကိုယ်က အဲ့လိုမျိုးတွေမဖြစ်အောင်နေမှာ"

"ဉာဏ်ရောပဲ၊ ကိုယ်သေသွားတဲ့အခါ နာမည်ကောင်းပဲကျန်ခဲ့စေချင်တယ်၊ ပစ္စည်းဥစ္စာတွေဘယ်လိုကြွယ်ဝကြောင်း သေတဲ့အခါ ဘယ်သူမှမပြောကြဘူး၊ သူက ဘယ်လိုလူဆိုတာလဲပဲပြောကြတာ၊ ဉာဏ်က ကိုယ့်အတွက်ကို ကောင်းအောင်နေရင်း သူများတွေအတွက်ပါ ကောင်းစေချင်တယ်"

"ဒါကြောင့် ကိုယ့်ကို မငြီးမငြူကူနေတာလား ဉာဏ်"

"ဉာဏ်တို့က အိမ်ထောင်ဖက်လေ၊ ယူပြီးပစ်ထားလို့မှမရတာ၊ နှစ်ယောက်ပေါင်းမှ တစ်ယောက်ဖြစ်တာကို...."

"ဟား ...ဉာဏ်တို့ကတော့ ကိုယ့်ကိုခြွေနေပြီဟေ့"

စက်နေဟိန်းသည် သဘောတကျပြုံးမိရင်း ဉာဏ့်လက်ဖမိုးကို အနမ်းပေးမိသည်။ ဉာဏ်ကတော့ စက်နေဟိန်းကို အရှေ့ရပ်မှသာသည့်နေမင်းကြီးကို မျှော်ရသည့် နေကြာပင်များလို ကြည့်နေမိတော့၏။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စက်နေဟိန်းက အလုပ်မှာတော်တော်ကြာအောင် မရှိဖြစ်နေမှာမို့ တာဝန်အားလုံးက ကြည်လင်သူ‌ဆီရောက်လာပြီဖြစ်သည်။ သို့သော် အယုံကြည်ရဆုံးဖြစ်သူဆိုသည့် ဂုဏ်နဲ့အညီ အလုပ်ကို က်ြိုးစားကာ ထိန်းသိမ်းပေးရမည်။ ဘယ်အလုပ်ကိုလုပ်လုပ် ကိုယ့်အလုပ်လိုသဘောထားလုပ်မှ အောင်မြင်မှာဖြစ်သည်။

ကော်ဖီခွက်လေးကို လက်လှမ်းယူရင်း ဌာနတွေရဲ့ အစီရင်ခံစာတွေဖတ်ပြီး စစ်နေမိသည်။ စိတ်တိုင်းမကျလျှင် မျက်မှောင်ကြုတ်သွားလိုက် စာရိုက်လိုက်လုပ်နေသော ကြည်လင်သူကို လှမ်းကြည့်နေသူက ဒေါက်တာနေလင်းထက်....။

ကြည်လင်သူ့ဆီရောက်တည်းက ကျွန်တော်အလုပ်လေးခဏလုပ်ပါဦးမယ်ဟုဆိုကာ နေလင်းထက်လက်ထဲ ကော်ဖီတစ်ခွက်ပေးထားပြီး အလုပ်ချည်း ကုန်းလုပ်နေတော့သည်။

"ကြည်လင်...ကိုယ့်မျက်နှာလည်း တစ်ချက်လောက်ကြည့်ပါဦး"

ကြည်လင်သူမကြား....။ အာရုံက အလုပ်ထဲရောက်နေလျှင် သူ့စိတ်ထဲ ဘာမှထည့်မထားတတ်။ ထို့ကြောင့် နေလင်းထက် ထိုင်ရာမှ ထလာလျက် ကြည်လင်သူ့ဘေးသို့ရောက်လာကာ ပါးကို ရွှတ်ခနဲအနမ်းပေးလိုက်သည်။ သို့မှ လန့်ပြီး မျက်မှန်လေးအောက်မှ ကြည်ကြည်လေးကြည့်လာသူ...။

"အဲ့ဒါ ကိုယ်လာတာကို အလုပ်ပဲကုန်းလုပ်နေလို့ စိတ်ဆိုးတာ"

ကြည်လင်သူ ရယ်မိသွားသည်။ ထိုရယ်မိသွားသည့်အခိုက်တန့် လူပျိုကြီးက နောက်တစ်ခါ ထပ်နမ်းသည်။ ဒီတစ်ခါတော့ နှုတ်ခမ်းဖျားကိုဖြစ်သည်။

"ဒါကရော ဘာအတွက်လဲ"

"အင်း ဒါက ကိုယ့်ကိုကော်ဖီတိုက်လို့"

ထို့နောက် နေလင်းထက်က ကြည်လင်သူကို ထိုနေရာမှ ထစေကာ လက်ဆွဲခေါ်သွားလျက် သက်တောင့်သက်သာရှိသော ထိုင်ခုံအိအိလေး၌ ထိုင်စေသည်။ သူကိုယ်တိုင်လည်း ဘေး၌ ကပ်ထိုင်ကာ...

"အဲ့ကောင်ကိုဆုံးမပေးရတော့မယ်၊ ငါ့အကြည်ဓာတ်လေးကို စက်ရုပ်များ မှတ်နေသလားမသိဘူး"

"အဲ့ထက်များတဲ့အလုပ်တွေကိုတောင် အေးအေးဆေးဆေး တာဝန်ယူနိုင်ခဲ့တာပါ၊ MDမှာ ဘာအပြစ်မှမရှိပါဘူး၊ သူယုံရတာ ကျွန်တော်ပဲရှိတာလေ"

"ဟင် သူ့ဘက်က ကာပြောနေတာလား"

"မဟုတ်ပါဘူး၊ ကျွန်တော်က မောင့်ဘက်ကပါ"

"အဲ့လိုမှ...ဟင် ဘယ်လိုခေါ်လိုက်တာ....ကိုယ်နားကြားလွဲသွားတာလား"

"ဟုတ်တယ်"

ကြည်လင်သူက ပြုံးစိစိလုပ်ရင်း နေလင်းထက်ကို မထိတထိစနေမိသည်။ နေလင်းထက်ရုပ်ကြီးကလည်း ပြုံးဖြီးလာကာ ကြည်လင်သူ့ကို မျက်နှာချင်းဆိုင်စေကာ သေချာအောင်ပြန်မေးနေမိသည်။

"နောက်တစ်ခေါက်လောက်"

"ဘာကိုလဲ"

"ကိုယ့်ကို မထိတထိလာစနေတယ်ကွာ...."

"မစပါဘူး၊ ကျွန်တော်ဘာမှကို မစရသေးပါဘူး"

"အစောက မောင်လို့ခေါ်တာလေး ပြန်နားထောင်ချင်တယ်လို့၊ လုပ်ပါ၊ နောက်တစ်ခါပဲလေ....နော် နော်...."

နေလင်းထက်၏ ကလေးဆန်ဆန်လုပ်နေပုံကိုကြည့်ပြီး ကြည်လင်သူ တဟားဟားအော်ရယ်မိသွားတော့သည်။ အချစ်နဲ့တွေ့ရင် လူတွေက အဲ့လိုပဲလားမသိပါဘူး။

"မောင်လို့ခေါ်ရတာတစ်မျိုးပဲနော်၊ ဟီးဟီး နည်းနည်းရယ်စရာကောင်းတယ်၊ ဒါပေမယ့် ကျင့်သားရသွားအောင် မောင်လို့ နည်းနည်းချင်းခေါ်ကြည့်မယ်လေ နော် မောင်...."

နေလင်းထက်မျက်နှာကြီးမှာ အတောမသတ်နိုင်သည့် ပျော်ရွှင်မှုတွေနဲ့ ပြုံးဖြီးလို့နေသည်။ ကြည်လင်သူကလည်း ထိုမျက်နှာကိုကြည့်မိလေ ရယ်မိလေပင်။

"ဒီနေ့ လာလည်ရတာ တန်သွားပြီ၊ မောင်လို့လည်းအခေါ်ခံရတယ်၊ ညစာလည်း အတူချက်စားရဦးမယ်၊ ကိုယ်တစ်ခါတည်းအိပ်သွားလို့ရလား"

"ဟင်...."

လန့်ဖြန့်သွားသော ကြည်လင်သူ့ရုပ်လေးက ကလေးလေးတွေလို။ နေလင်းထက်တစ်ယောက် အကြည်ဓာတ်လေးကို ကြည့်လေ ကြည့်လေ ချစ်မဝလေဖြစ်လာနေသလိုလိုပင်။

ထို့ကြောင့် အနမ်းမိုးများရွာချပေးမိသည်။ ကြည်လင်သူကလည်း သည်တစ်ခါတော့ စိတ်လိုလက်ရပင် နူးညံ့သော အနမ်းချိုချိုလေးများပြန်ပေးလေသည်။

မိနစ်ပိုင်းမျှအကြာ ကြည်လင်သူက နေလင်းထက်ကိုစိုက်ကြည့်ရင်း....

"မောင်ဒီမှာအိပ်သွားလို့ရတယ်"

နှစ်ယောက်သားက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်ကြမောကြရင်းဖြင့်.....

∆∆∆∆∆∆∆∆∆∆∆∆∆∆∆

"ဟယ်လိုမာမီ...."

ဉာဏ့်ကို ယိုးဒယား သင်္ဘောသီးထောင်း လိုက်ကျွေးနေရင်း စက်နေဟိန်းသည် မေရီနှင့် ဖုန်းစကားပြောနေသည်။

"အေး ပြော"

"မာမီ အိပ်နေတာလား၊ နေရောကောင်းရဲ့လား၊ အနားမှာဘယ်သူရှိလဲ"

"ဟဲ့ နင်လုပ်မှ ငါခေါင်းပိုကိုက်နေပြီ"

"မာမီ့ကိုစိတ်ပူလို့ပါ၊ စကားအရမ်းနားထောင်တဲ့ကလေးဆိုတော့ ကျွန်တော်က လိုက်ပူနေရတာ"

ထိုစကားနားထောင်ပြီး ကြက်ဥကင်စားနေသောဉာဏ်သည် ခစ်ခနဲရယ်မိသွားသည်။ စက်နေဟိန်းက ဉာဏ့်ကိုပြုံးကြည့်နေရင်း....

"မာမီ ပြန်လာတော့၊ ကျွန်တော် အိမ်သူ့စံအိမ်ပြန်ဦးမှာ၊ နောက်ပြီး ရဟန်းခံမလို့၊ မာမီရှိမှဖြစ်မှာ"

"ဟဲ့ နင်ဘာတွေလုပ်မလို့လဲ"

"ဉာဏ်နဲ့ကျွန်တော် အရှုပ်တွေရှင်းမလို့မာမီရေ၊ ပြန်လာနော်မာမီ"

"အေး အေး၊ ဘယ်တော့ပြန်ကြမှာလဲ"

"မနက်ဖြန်မာမီ၊ ဒါပေမယ့် ရဟန်းခံဖို့က မာမီလာမှလုပ်မှာ၊ စောစောပြီးချင်ရင် မာမီစောစောပြန်ခဲ့"

"လာမှာပေါ့၊ ငါ့သားက ကုသိုလ်လုပ်မယ့်ကိစ္စပဲ၊ အမြန်ပြန်လာမယ်"

"ဉာဏ်နဲ့ပြောချင်သေးလားမာမီ"

"ငါ့သားမက်လေးကို ငါစိတ်ချပါတယ်၊ တော်ပါပြီ"

"ဟုတ် ဒါဆို ဒါပဲနော် မာမီ"

စက်နေဟိန်းဖုန်းချကာ သင်္ဘောသီးထောင်းနှင့် ကြက်ဥကင်ကို တစ်လှည့်စီစားနေသော ဉာဏ့်ကို ကြည့်နေလိုက်သည်။ နဖူးကချွေးတွေက နားထင်တစ်လျှောက်စီးကျနေကာ ရှူးရှူးရှဲရှဲနဲ့ အစပ်ကိုစားနေတာ အားပါးတရပင်။

"ဉာဏ် အသက်ရှူနိုင်သေးလား"

စက်နေဟိန်းအမေးကြောင့် တူလေးပါးစပ်ထဲကိုက်ထားရင်း ဉာဏ်ကြည့်နေလိုက်သည်။

"မှာတည်းက အစပ်လျော့လို့မပြောဘဲ အူတွေယောင်ကုန်ဦးမယ်"

"ဟီးဟီး ဒါက စပ်စပ်စားမှကောင်းတာလေ၊ ကြက်ဥကင်လည်းရှိပါတယ်ရော၊ အရမ်းမစပ်ပါဘူး"

စက်နေဟိန်းဘာမှဆက်မပြောချင်တော့ဘူးဆိုသည့်သဘောဖြင့် တစ်ဖက်သို့ လှည့်နေလိုက်သည်။

"ဒါနဲ့ ကြီးကြီးဘာပြောလဲ"

"ပြန်လာမယ်တဲ့၊ ဘယ်တော့လဲဆိုတာတော့ ကိုယ့်မပြောဘူး"

"အင်း....အဒေါ်ကြီးရေ၊ ရေနွေးလေးတစ်ခွက်လောက်ပေးပါဦး"

ဉာဏ်သည် တစ်ရှူးဘူးထဲမှ တစ်ရှူးများထုတ်ကာ ချွေးများသုတ်ရင်း ရေနွေးတစ်ခွက်လှမ်းမှာလိုက်သည်။ စက်နေဟိန်းကတော့ ဘေးမှာငုတ်တုတ်....သူ့လင်တော်မောင်လေး၏ food vlogထိုင်ကြည့်နေသလိုပင်။

"နောက်တစ်ခွက်ယူဦးမလား သား"

အဒေါ်ကြီးက စက်နေဟိန်းကိုကြည့်ရင်း မေးမိသည်။

"ရတယ်၊ သူမသောက်ဘူး၊ ဒီတစ်ခါလက်စွမ်းပြလိုက်တာ ပြင်းသွားတယ်ထင်တယ်၊ ပွင့်ထွက်သွားတာပဲ"

"ဟုတ်လား၊ အဒေါ် ငရုတ်သီးငါးတောင့်ထည့်လိုက်တာ၊ သားနဲ့ နောက်သားတစ်ယောက်လာရင် မိုင်ကုန်စပ်စားကြတာဆိုတော့လေ"

"ဟီး ဟုတ်တယ်၊ အဲ့ကောင်က အလုပ်ဆင်းနေလို့ မပါလာတာ၊ သားကို ကြက်ဥကင် နောက်တစ်ပွဲပေးပါဦး"

ဉာဏ်သည် ရေနွေးပူပူကို တဟဲဟဲဖြင့် မှုတ်သောက်နေကာ စပ်နေသည်ကို အမြန်ငြိမ်းအောင် လုပ်နေပုံရသည်။ စက်နေဟိန်းကတော့ ပါးစပ်အဟောင်းသားဖြစ်နေလေပြီ။

"ရာဇာနဲ့က လာနေကြလေ၊ ဦးစက်ကဘာမှမစားတော့ဘူးလား"

"စားပါ၊ စား ဉာဏ်ပဲစား၊ မထနိုင်ရင် သယ်သွားပေးမယ်"

"ဟီးဟီး ဟိုမှာကြက်ကြော်စားတုန်းကလိုဖြစ်နေပြီ၊ ပျော်စရာကြီးမနက်ဖြန်ပြန်ရတော့မယ်"

"ဉာဏ်က ပျင်းနေတယ်အမြဲပြောလို့ မကြိုက်ဘူးထင်နေတာ"

"အဲ့ဒါက ဉာဏ်အလုပ်ရှိတုန်းက၊ အခုက အေးဆေးဆိုတော့ လျှောက်သွားမှာ"

"ဒါဆို အဲ့စံအိမ်ကို ကိုယ်မရောင်းတော့ဘူး"

"ဟမ် ရောင်းမလို့လားအစက"

ဉာဏ်သည် ရေနွေးသောက်နေရင်း လန့်သွားကာ ထအော်တော့သည်။ ဘေးဝိုင်းများက ဒီကောင်လေးဘာထဖြစ်တာလဲ ကြည့်ကုန်ကြ၏။

"အင်း....တွေးထားရုံပါ၊ မာမီ့ဆီက ရထားတာဆိုတော့လည်း ကိုယ် မချင့်ချိန်နိုင်သေးတာ၊ အခု ဉာဏ်သဘောကျတယ်ပြောလို့ ဒီတိုင်းပြင်စရာရှိတာတွေ ပြင်ပြီး ထားလိုက်တော့မယ်"

"ဉာဏ်တို့ babyလေးတွေရလာရင်လည်း ကျယ်ကျယ်ဝန်းဝန်းနေရအောင် မရောင်းပါနဲ့"

ကလေးဆိုသည့်စကားကြောင့် စက်နေဟိန်းပြုံးမိသွားသည်။

"ကလေးက ဘယ်နှယောက်ယူမှာတုန်း"

"များလေကောင်းလေပဲ၊ အဲ့ဒါမှ အဘိုးကြီးကလေးထိန်းရင်း အိုသွားအောင်"

"ဟား ဟား....အခုလောလောဆယ်တော့ ဉာဏ့်ကိုထိန်းရင်း စိတ်ပူလွန်ပြီး နှလုံးရောဂါရတော့မှာ"

ထိုစဉ် အဒေါ်ကြီးက ကြက်ဥကင်တစ်ပွဲလာချပေးသည်။ ဉာဏ့်မျက်လုံးလေးများသည် အရောင်လက်သွားကာ....

"သားကိုတစ်ချောင်းပိုကျွေးတာလား"

"ဖောက်သည်ကြီးကို မြူစွယ်တာ"

အဒေါ်ကြီးက ရယ်မောရင်းပြောပြီး ထွက်သွားသည်။ ဉာဏ်က အပိုတစ်ချောင်းကိုယူကာ စက်နေဟိန်းနှုတ်ခမ်းနားဆီ တေ့ပေးသည်။

"ကိုယ်မစားဘူး၊ စား စား ဉာဏ်ပဲစား"

"စားကြည့်...ရှယ်ပဲ၊ မြင်တောင်မြင်ဖူးရဲ့လား"

"ဉာဏ်ရယ် ကိုယ်အဲ့လောက်ကြီးကျယ်တဲ့ပုံပေါက်နေလို့လား"

"ဟီးဟီး လုပ်ပါ၊ တစ်ကိုက်လောက် စားကြည့်ပါဆို"

ဉာဏ်က မစားမချင်းအတင်းကျွေးမည်ကို သဘောပေါက်သောကြောင့် စက်နေဟိန်း တစ်ကိုက်စားကြည့်ပေးလိုက်သည်။

"အင်း နည်းနည်း အရသာက ငန်သလိုလိုနဲ့ မငန်ဘူးနော်"

"ဘယ်လိုလဲ၊ ဂွတ်တယ်မလား"

"အင်း ကောင်းသားပဲ၊ ဒါပေမယ့် သူက အနှစ်ပျောက်အောင်လုပ်ထားတာဆိုတော့ များများစားလို့မကောင်းဘူး၊ ကိုယ့်ဘာသာ ကြက်ဥပြုတ်စားတာက အန္တရာယ်ကင်းတယ်"

ဉာဏ်သည် မျက်နှာကြီးကို တမင်မဲ့ရွဲ့ပြရင်း....

"ဒေါက်တာနေလင်းထက်တောင် ကိုကြည်လင်သူကို ဦးစက်လို ပွစိပွစိလုပ်မှာမဟုတ်ဘူးထင်တယ်၊ ဦးစက်က ဒီဘဝမရောက်ခင်စပ်ကြားမှာ သမားတော်ဖြစ်ခဲ့ပုံပဲ၊ တောင်ဝှေးကြီးကိုင်ပြီး မုတ်ဆိတ်မွှေးဖုတ်သိုက်နဲ့ လွယ်အိတ်ကြီးလွယ်ပြီး လျှောက်သွားနေတဲ့ပုံလေ"

"ဘယ်သူ့အတွက်ပြောနေတာလဲ ကိုယ်က...."

ထိုသို့မေးတော့ ဉာဏ်က ချက်ချင်း ပြုံးဖြီးလာပြီး....

"ဉာဏ့်အတွက်လေ၊ နွားအိုကြီးဆိုတော့ မြက်ပင်ကိုနုနုလေးပဲထားချင်တာမလား"

"စကားတက်တိုင်းနော် ...တွေ့မယ် တွေ့မယ် ဟင်းဟင်း"

ဉာဏ်တို့ထိုင်နေသည်ကို ဘေးဝိုင်းမှ အတွဲတစ်တွဲက မြင်လည်းမြင်ရသည်၊ ကြားလည်းကြားနေရသည် ဖြစ်သောကြောင့် ပြူးတူးပြဲတဲရုပ်လေးများနှင့် ငေးနေကြသည်။ စက်နေဟိန်းက သူတို့နှင့် မျက်နှာချင်းဆိုင်ဖြစ်နေသောကြောင့် မြင်နေရသည့်အတွက် ပြုံးပြလိုက်၏။ ဉာဏ်က သို့မှ အနောက်လှည့်ကြည့်မိကာ ဘာမဆိုင်ညာမဆိုင် သွားပြုံးပြနေသေးသည်။

ဉာဏ်တို့လည်း ပုံမှန်အတွဲလေးတွေလိုပါပင်။ မတူတာက ဉာဏ်ရှင်စောနဲ့ စက်နေဟိန်းတို့က တစ်ယောက်နဲ့တစ်ယောက် ဆက်နွယ်မှုတွေရှိတဲ့ ပိုင်ဆိုင်ခြင်းတွေပေါ့။

_________________________________Ep 31 End!
Adder Aries 🖤

မနေ့က လပြည့်နေ့မို့ မတင်ပေးတာ၊ ကုသိုလ်ယူထားသူတွေ ပျက်ကုန်မှာစိုးလို့ ဟီးဟီး။

___________________________________________________
Zawgyi

"ဦးစက္ ဦးစက္...."

ေဘးနားရွိေနတာကို အဆက္မျပတ္ေခၚေနတာမို႔ စက္ေနဟိန္းေခါင္းသာ ေစာင္းၾကည့္လိုက္ေတာ့သည္။ သို႔မွ ဉာဏ္ၿငိမ္သြားလ်က္ ေခြးစာအထုတ္ေလးကိုင္ကာ ရယ္ျပသည္။

"ေခြးစာဝယ္သြားရေအာင္ေလ"

"ဟိုမွာလည္းရွိပါတယ္"

"ဪ သူတို႔ကိုလည္း လက္ေဆာင္ဝယ္သြားေပးရမွာေပါ့"

"ေခြးေတြကိုလား"

စက္ေနဟိန္းသည္ မ်က္ေမွာင္ကုပ္သြားကာ ဉာဏ့္ကို ၾကည့္ေနမိသည္။ သူတကယ္ေခြးမခ်စ္တာျဖစ္သည္။

"ဝယ္ေလ ဒါဆိုလည္း...."

ခြင့္ျပဳခ်က္ရသည္ႏွင့္ ခုန္ေပါက္ၿပီး ေခြးစာေျခာက္တန္း‌ဆီသို႔ ေျပးသြားေတာ့သည္။ အိမ္သူ႕စံအိမ္ကိုျပန္ရမည္ျဖစ္ေသာေၾကာင့္ လိုခ်င္တာ၊ လိုအပ္တာေတြ လိုက္ဝယ္ျဖစ္ေနသည္။ လိုအပ္တာဝယ္သူက စက္ေနဟိန္းျဖစ္ၿပီး လိုခ်င္တာေတြဝယ္သူက ဉာဏ္ျဖစ္သည္။ ခ်စ္ဖို႔ေတာ့ေကာင္းသား....အခုက သူ႕လက္ထဲအလုပ္မရွိလို႔ လစာလည္းမရွိသျဖင့္ တစ္ခုခုလိုခ်င္တိုင္း စက္ေနဟိန္းဆီ လာလာခြင့္ေတာင္းသည္။

တစ္ကိုယ္ရည္သုံးပစၥည္းပစၥယမ်ားေ႐ြးေနရင္း စက္ေနဟိန္း ဉာဏ့္ကို လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ စခ်င္စိတ္ေပၚလာေသာေၾကာင့္....

"ဉာဏ္ ခဏ...."

ဉာဏ္က ေခြးစာထုတ္ေတြယူရင္း စက္ေနဟိန္းဆီျပန္ေရာက္လာသည္။

"ဟင္ ဘာလဲ"

စက္ေနဟိန္းျပေနတာကို သူမၾကည့္ေသး။ လက္ထဲပါလာေသာ အထုတ္မ်ားကို ျခင္းထဲထည့္ေနဆဲ။ ထို႔ေနာက္ လက္ညွိုးထိုးျပသည္ကိုၾကည့္လိုက္ေတာ့ အေမႊးရိတ္ေသာ ဂ်ဳတ္ေတြရွိသည့္ေနရာျဖစ္သည္။

"ဘာလုပ္ဖို႔လဲ"

"ဉာဏ္သုံးဖို႔ေလ၊ ယူမလားလို႔"

"ဟင္ ဉာဏ့္မွာမွ မုတ္ဆိတ္ေမႊးေတြ ႏႈတ္ခမ္း‌ေမႊးေတြမရွိတာ....ယူမယ့္ယူ ဦးစက္ယူရမွာေလ"

"ဟုတ္လို႔လား၊ ဉာဏ္ရိတ္စရာမလိုတဲ့ေနရာမရွိတာ ေသခ်ာၿပီလား၊ ကိုယ္ေတာ့မထင္ဘူးေနာ္"

စက္ေနဟိန္းက ေမးေစ့ကိုပြတ္သပ္ရင္း ဉာဏ့္ကို ၿပီတီတီ႐ုပ္ျဖင့္ ၾကည့္ေနလိုက္သည္။ သို႔မွ ဉာဏ္သေဘာေပါက္ၿပီး နား႐ြက္ေတြနီလာသည္။

"အား ဘယ္လိုေတြေတာင္ေျပာေနတာလဲ"

"ကိုယ္ဘာမွမေျပာရေသးပါဘူးေနာ္၊ ဉာဏ္လိုအပ္မယ္ထင္တာကိုပဲ ေျပာျပေပးတာ၊ ကိုယ္ေတာ့ သိပ္မႀကိဳက္ဘူး....သိတယ္မလား....အဲ့ေနရာ နည္းနည္း ရွင္းလင္းသင့္တယ္၊ ဒါမွ ကိုယ္...."

"ဆက္မေျပာပါနဲ႕ေတာ့ဆို၊ အား ဘယ္လိုျဖစ္ေနတာတုန္း၊ အဲ့ဒါ ေအာ္ရီဂ်င္နယ္ေလ၊ မွတ္ထားဦး"

ဉာဏ့္စကားေၾကာင့္ စက္ေနဟိန္း တံေတြးသီးမတက္ျဖစ္ကာ ေအာ္ရယ္မိသြားသည္။ ၿပီးေတာ့ ထိုအေကာင္ေသးေသးေလးက သူ႕နားတိုးလာကာ တိုးတိုးေလးကပ္ေမးသည္။

"တကယ္ယူရမွာလားဟင္"

"ဟား ဟား ဉာဏ္ရယ္၊ ကိုယ္က ေနာက္တာ၊ ဉာဏ့္ဘာသာ ဘာရွိရွိရတယ္၊ ဒါေတြက သဘာဝပဲ"

"တစ္ခါမွမလုပ္ဖူးေတာ့ ေၾကာက္လို႔"

"ဒါဆို ကိုယ္လုပ္ေပးမယ္ဆိုရင္ေရာ...."

"ဟင္....ၾကက္သီးေတာင္ထလာၿပီ"

ႏွစ္ေယာက္သားက ဂ်ဳတ္ေတြေရွ႕မွာ ပြစိပြစိႏွင့္ တိုးတိုးေလးေျပာေနၾကေသာေၾကာင့္ ေဘးမွျဖတ္သြားသူေတြက ဒီႏွစ္ေယာက္ဘာလုပ္ေနၾကတာလဲ စိတ္ဝင္စားကုန္ၿပီျဖစ္သည္။

"ဦးစက္ကအရမ္းေပါက္ပန္းေလးဆယ္ေျပာတာပဲ၊ မစၥတာဟိန္းဆိုၿပီး အထင္ႀကီးေနသူေတြကို ဦးစက္က ဒီလိုႀကီးပါဆိုၿပီး ခ်ျပခ်င္လာၿပီ"

ထိုသို႔ေျပာၿပီး ဉာဏ္သည္ ခ်ာခနဲ လွည့္ထြက္သြားသည္။ စက္ေနဟိန္းကေတာ့ တစ္ေယာက္တည္း တခြီးခြီးျဖင့္က်န္ခဲ့ကာ ဂ်ဳတ္ႏွစ္ခုကို ယူျဖစ္ေအာင္ ယူလိုက္ေသး၏။
.
.
.
.
.
ေဈးဝယ္ၿပီး စက္ေနဟိန္းက ေကာင္တာ၌ ေငြရွင္းေနခ်ိန္ ဉာဏ္က အျမည္းလိုက္ေတာင္းစားေနသည္။ စက္ေနဟိန္းဆီေတာင္ သြားၾကားထိုးတံေလးနဲ႕ အျမည္းေလးယူလာလိုက္ေသး...။

"ဉာဏ္ဝယ္သြားခ်င္လို႔လား"

"ရလား"

သူစားေနတာ ၾကာရွည္ခံအသားတုေတြျဖစ္လို႔ စက္ေနဟိန္းမႀကိဳက္တာ ဉာဏ္သိသည္။ ဉာဏ္စားခ်င္ေနတာလည္း စက္ေနဟိန္းသိေသာေၾကာင့္ ေခါင္းညိမ့္ျပရင္း....

"ဉာဏ္စားခ်င္ရင္ဝယ္ေလ၊ ဟိုမွာက်မရွိဘဲေနမယ္"

"အို ေရး..."

ဉာဏ္ေျပးသြားတာကိုၾကည့္ရင္း စက္ေနဟိန္းရယ္မိသြားသည္။ ထို႔ေနာက္ ေနာက္လူေတြရွိေသးတာမို႔ အရင္ရွင္းစရာရွိတာေတြ ရွင္းထားကာ ေစာင့္ေနလိုက္သည္။

"မစၥတာဟိန္းမလား"

သိတာၾကာၿပီျဖစ္ေသာ္လည္း မေတြ႕တာၾကာၿပီျဖစ္ေသာ မိတ္ကပ္ဆရာတစ္ေယာက္က လာႏႈတ္ဆက္သည္။

"အိုး...ယဥ္ မေတြ႕ရတာၾကာလွၿပီ၊ ေနေကာင္းတယ္မလားဗ်"

လက္ဆြဲႏႈတ္ဆက္ဖို႔ရာ အထုတ္အျပည့္ကိုင္ထားရသျဖင့္ ေခါင္းငုံ႕ၿပီးသာ ႏႈတ္ဆက္လိုက္ရသည္။

"ဟုတ္တယ္ အရမ္းၾကာေနၿပီ၊ ယဥ္ Australia ေရာက္ေနတာ၊ အခုျပန္ေရာက္တာမၾကာေသးဘူး၊ အသိညီမေလး မဂၤလာေဆာင္အတြက္ေခၚထားလို႔ေလ"

"ဪ ဟို ယဥ္တစ္ခါမိတ္ဆက္ေပးဖူးတဲ့ေကာင္မေလးလား၊ သူ႕နာမည္ဘာပါလိမ့္....စိမ္းလဲ့ႏြယ္ စိမ္းလဲ့ႏြယ္ မွတ္မိၿပီ"

"ဟုတ္တယ္ စိမ္း၊ စိမ္းကေတာ့ ဟိန္းကိုေစာင့္ရင္း အခုေတာ့ သူေယာက္်ားရသြားပါၿပီ"

ထိုစကားေၾကာင့္ စက္ေနဟိန္းႏွင့္ ယွဥ္တို႔ရယ္မိသြားၾကသည္။ ထိုစဥ္ ဉာဏ္က အနားသို႔ေရာက္လာကာ ယဉ့္ကိုျမင္ေတာ့ ရယ္ျပ႐ုံကလြဲ သူဘာမွမသိ။

"ဒါေတြရွင္းရဦးမယ္".....ဉာဏ္က လက္ထဲက အထုတ္ေလးေတြျပရင္း ေျပာလိုက္သည္။

"ယူသြားေလ၊ ကိုယ္ ဒီမွာ စကားေျပာေနလို႔"

စက္ေနဟိန္းက သူ႕ေဘာင္းဘီအိတ္ကို မ်က္စပစ္ျပလိုက္သည္။ ထို႔ေနာက္ ယဉ့္ကိုၾကည့္ရင္း....

"ယဥ္ ဒါက ဉာဏ္ရွင္ေစာ၊ ကိုယ့္အမ်ိဳးသားပါ"

"မဂၤလာေဆာင္တုန္းက ျမင္ဖူးေပမယ့္ တစ္ခါပဲဆိုေတာ့ မမွတ္မိဘူး၊ ေတြ႕ရတာဝမ္းသာပါတယ္ေနာ္၊ မိတ္ကပ္ယဥ္ယဥ္ပါ"

"ဟုတ္ကဲ့ခင္ဗ်၊ ကြၽန္ေတာ္လည္း မဂၤလာေဆာင္တုန္းက လူေတြအရမ္းမ်ားေတာ့ မမွတ္မိဘူး ဟီးဟီး"

"ဟိန္းတို႔က အမ်ိဳးသားေခ်ာေခ်ာေလးရထားတာပဲ၊ ကံေကာင္းခ်က္ေနာ္၊ ေမာင္ေလးကိုလည္းေျပာရဦးမယ္၊ ဟိန္းကိုေစာင့္ၾကည့္ထားေနာ္၊ သူ႕ေဘးမွာက ဝိုင္းေနတာပဲ"

"ျခင္ေတြပါ"

စက္ေနဟိန္းက ဟာသဝင္ေျပာလိုက္သျဖင့္ ဉာဏ္တို႔အကုန္ရယ္မိသြားၿပီး သူတို႔စကားေျပာရန္ ထားခဲ့ကာ ဉာဏ္က ထပ္ဝယ္ထားေသာ ပစၥည္းမ်ားရွင္းရန္ ေကာင္တာသို႔ သြားလိုက္သည္။

"ဟိန္းတို႔က ဒိုင္လွ်ိုေလးေနာ္၊ အမ်ိဳးသားေတြစိတ္မဝင္စားဘူးဆိုလို႔ ယဥ္ကလက္ေလ်ာ့ၿပီး စိမ္းနဲ႕မိတ္ဆက္ေပးေတာ့ ျငင္းၿပီး ဒီေကာင္ေလးကိုက် ယူသြားတယ္၊ ဘယ္ကရွာယူလိုက္တာလဲ၊ လွ်ိုခ်က္ပဲ"

"ဟား ဟား....အေနထိုင္သိုသပ္တာပါဗ်ာ၊ ဉာဏ္က ကိုယ့္အတြက္မရွိမျဖစ္မို႔ ဥထားရတာ"

"ေကာင္ေလးက တကယ္ခ်စ္စရာေလး၊ ညိုညိုညက္ညက္ေသးေသးေကြးေကြးေလး

"အဲ့ဒါေတြေၾကာင့္ပိုခ်စ္ေနရတာဆိုပါေတာ့"

"ဒါနဲ႕ ယဥ္ၾကားတယ္၊ တရား႐ုံးကိစၥအဆင္ေျပရဲ႕လား"

"ေျပပါတယ္၊ အျဖစ္မွန္ကေပၚမွာပါ"

"ဟိန္းက အဲ့လိုမဟုတ္တာ ယဥ္တို႔ကသိတယ္၊ သတင္းၾကားၾကားခ်င္းေတာ့ အံ့ဩသြားတာေပါ့ေနာ္"

"ဒီလိုပါပဲဗ်ာ"

"ကဲ ဟုတ္ၿပီ၊ ဒါဆို ယဥ္သြားဦးမယ္၊ အမ်ိဳးသားကိုလည္းႏႈတ္ဆက္ပါတယ္လို႔"

"ဟုတ္ၿပီ ယဥ္၊ အားတဲ့တစ္ရက္ ေတြ႕ၾကေသးတာေပါ့ခင္ဗ်ာ"

ယဥ္ႏွင့္လမ္းခြဲႏႈတ္ဆက္ၿပီးသည့္ေနာက္ ဉာဏ္ရွိရာကို စက္ေနဟိန္းၾကည့္ေနလိုက္သည္။ သူ႕အလွည့္ကိုေစာင့္ေနေသာဉာဏ္က ဟိုၾကည့္လိုက္ သည္ၾကည့္လိုက္ႏွင့္ ေငးလို႔ေကာင္းေနတာျဖစ္သည္။ ဟုတ္ပါရဲ႕....ဒီေသးေသးေကြးေကြး အညိုစင္ေလးကို ငုံထားမတတ္ခ်စ္ေနရတာပါပဲ။
.
.
.
.
.
"ဦးစက္က မိတ္ကပ္ဆရာနဲ႕ဘယ္လိုသိေနတာလဲ"

"ကိုယ္အလုပ္လုပ္ေနတာက အလွပိုင္းနဲ႕ပတ္သတ္တာေလ ဉာဏ္ရဲ႕"

"ဪ ဟုတ္သားပဲ"

"ဘာလဲ မယုံတာလားကိုယ့္ကို"

"ဟုတ္တယ္၊ ျခင္ေတြဝိုင္းေနတယ္ဆို ဦးစက္ပဲ ေျပာၿပီးေတာ့"

အိမ္အျပန္လမ္း ကားေပၚ၌ တဟားဟားအသံေတြက ဆူညံသြားသည္။ ထိုအခ်ိန္ စက္ေနဟိန္းက လက္တစ္ဖက္လွမ္းေပးသျဖင့္ ဉာဏ္က ၿပဳံးရင္း ထိုလက္ကို ျပန္လည္ဆုပ္က္ုင္ထားသည္။

"ဦးစက္ တရား႐ုံးရက္ခ်ိန္းေတြက်ဘယ္လိုလုပ္မလဲ"

"ရတယ္ေလ၊ ရေအာင္လုပ္လို႔ရတဲ့အေျခေနေတြရွိပါတယ္"

"ဒါနဲ႕ေလ...."

ဉာဏ္က ထိုစကားဆက္မေျပာခင္ စက္ေနဟိန္းကိုအရင္ၾကည့္ေနေသး၏။ စက္ေနဟိန္းက ဆြဲထားသည့္လက္ကိုလႈပ္လိုက္မွ ဆက္ေျပာေတာ့သည္။

"ဉာဏ္ေတြးထားတာတစ္ခုရွိတယ္....ဦးစက္ ရဟန္းခံၿပီးရင္ သကၠစက္အိမ္ကိုသြားလို႔ရတယ္...."

"သြားၿပီးေတာ့...."

"ဦးစက္က ရဟန္းခံထားတဲ့အခ်ိန္ဆိုေတာ့ သူတို႔ဘက္က သေဘာတူလာမလားလို႔ေလ၊ အိမ္ေရာင္းဖို႔ကို"

ဉာဏ့္အေတြးကို စက္ေနဟိန္းကတစ္ဖန္ စဥ္းစားေနလိုက္သည္။ ဉာဏ္ေျပာပုံဆိုလည္း မဆိုးဘူး၊ ဒါသည္‌ ေကာင္းေသာအႀကံပင္ျဖစ္သည္။

"အဲ့အႀကံေကာင္းတယ္၊ မဟုတ္ရင္ ကိုယ္ေတာ္ေတာ္စိတ္ရႈပ္ရေတာ့မွာ"

"ႀကီးႀကီးလည္း တစ္ဖက္တစ္လမ္းကေန ကူညီေပါ့ေနာ္၊ သူလည္းလာကူေျပာမွရမယ္ထင္တယ္"

"အင္း...မာမီ့ကို ကိုယ္ေျပာထားတယ္၊ သားကိုတစ္ေယာက္တည္းမလႊတ္ပါနဲ႕လို႔ ဟဲဟဲ"

"ကေလးႀကီးေပါ့ေလ"

ႏွစ္ေယာက္သားက ၿငိမ္သြားၿပီး ဉာဏ္သည္ အျပင္ဘက္သို႔ ေလွ်ာက္ေငးေနရင္း ၿပဳံးမိသည္။

"ဉာဏ္ေလ ဘဝကိုျဖတ္သန္းရတာ ရိုးရိုးေလးလို႔ ထင္ထားတာ...."

စက္ေနဟိန္းက ဘာမွျဖတ္မေျပာဘဲ ကားေမာင္းရင္း နားေထာင္ေပးေနလိုက္သည္။

"အခုဆို ဉာဏ္ အိမ္ေထာင္က်ခဲ့တယ္၊ အိမ္ေထာင္ေရးဆိုတာဘာလဲ အနည္းအက်ဥ္းေတာ့သေဘာေပါက္လာတယ္၊ ဒါကလည္း ေကာင္းတဲ့အိမ္ေထာင္ဖက္နဲ႕ေတြ႕လို႔ျဖစ္မယ္၊ ဉာဏ္ေတြ႕ဖူးတဲ့ အိမ္ေထာင္ေရးလိုမ်ိဳးေတြနဲ႕ သိပ္မတူဘူး"

"ဉာဏ္က ဘယ္လိုအိမ္ေထာင္ေရးကိုေျပာတာလဲ"

"ေဖာက္ျပန္တာတို႔၊ ပိုက္ဆံရွာရတာတို႔၊ မိသားစုေတြဘက္က မႀကိဳက္ၾကတာတို႔ အစုံပဲေလ၊ ႐ုပ္ရွင္ေတြထဲကလိုမ်ိဳး....ဒါေပမယ့္ ဉာဏ္က ကံေကာင္းတယ္"

"ကိုယ္က အဲ့လိုမ်ိဳးေတြမျဖစ္ေအာင္ေနမွာ"

"ဉာဏ္ေရာပဲ၊ ကိုယ္ေသသြားတဲ့အခါ နာမည္ေကာင္းပဲက်န္ခဲ့ေစခ်င္တယ္၊ ပစၥည္းဥစၥာေတြဘယ္လိုႂကြယ္ဝေၾကာင္း ေသတဲ့အခါ ဘယ္သူမွမေျပာၾကဘူး၊ သူက ဘယ္လိုလူဆိုတာလဲပဲေျပာၾကတာ၊ ဉာဏ္က ကိုယ့္အတြက္ကို ေကာင္းေအာင္ေနရင္း သူမ်ားေတြအတြက္ပါ ေကာင္းေစခ်င္တယ္"

"ဒါေၾကာင့္ ကိုယ့္ကို မၿငီးမျငဴကူေနတာလား ဉာဏ္"

"ဉာဏ္တို႔က အိမ္ေထာင္ဖက္ေလ၊ ယူၿပီးပစ္ထားလို႔မွမရတာ၊ ႏွစ္ေယာက္ေပါင္းမွ တစ္ေယာက္ျဖစ္တာကို...."

"ဟား ...ဉာဏ္တို႔ကေတာ့ ကိုယ့္ကိုေႁခြေနၿပီေဟ့"

စက္ေနဟိန္းသည္ သေဘာတက်ၿပဳံးမိရင္း ဉာဏ့္လက္ဖမိုးကို အနမ္းေပးမိသည္။ ဉာဏ္ကေတာ့ စက္ေနဟိန္းကို အေရွ႕ရပ္မွသာသည့္ေနမင္းႀကီးကို ေမွ်ာ္ရသည့္ ေနၾကာပင္မ်ားလို ၾကည့္ေနမိေတာ့၏။

∆∆∆∆∆∆∆∆∆∆∆∆∆∆∆

စက္ေနဟိန္းက အလုပ္မွာေတာ္ေတာ္ၾကာေအာင္ မရွိျဖစ္ေနမွာမို႔ တာဝန္အားလုံးက ၾကည္လင္သူ‌ဆီေရာက္လာၿပီျဖစ္သည္။ သို႔ေသာ္ အယုံၾကည္ရဆုံးျဖစ္သူဆိုသည့္ ဂုဏ္နဲ႕အညီ အလုပ္ကို က္ျိုးစားကာ ထိန္းသိမ္းေပးရမည္။ ဘယ္အလုပ္ကိုလုပ္လုပ္ ကိုယ့္အလုပ္လိုသေဘာထားလုပ္မွ ေအာင္ျမင္မွာျဖစ္သည္။

ေကာ္ဖီခြက္ေလးကို လက္လွမ္းယူရင္း ဌာနေတြရဲ႕ အစီရင္ခံစာေတြဖတ္ၿပီး စစ္ေနမိသည္။ စိတ္တိုင္းမက်လွ်င္ မ်က္ေမွာင္ၾကဳတ္သြားလိုက္ စာရိုက္လိုက္လုပ္ေနေသာ ၾကည္လင္သူကို လွမ္းၾကည့္ေနသူက ေဒါက္တာေနလင္းထက္....။

ၾကည္လင္သူ႕ဆီေရာက္တည္းက ကြၽန္ေတာ္အလုပ္ေလးခဏလုပ္ပါဦးမယ္ဟုဆိုကာ ေနလင္းထက္လက္ထဲ ေကာ္ဖီတစ္ခြက္ေပးထားၿပီး အလုပ္ခ်ည္း ကုန္းလုပ္ေနေတာ့သည္။

"ၾကည္လင္...ကိုယ့္မ်က္ႏွာလည္း တစ္ခ်က္ေလာက္ၾကည့္ပါဦး"

ၾကည္လင္သူမၾကား....။ အာ႐ုံက အလုပ္ထဲေရာက္ေနလွ်င္ သူ႕စိတ္ထဲ ဘာမွထည့္မထားတတ္။ ထို႔ေၾကာင့္ ေနလင္းထက္ ထိုင္ရာမွ ထလာလ်က္ ၾကည္လင္သူ႕ေဘးသို႔ေရာက္လာကာ ပါးကို ႐ႊတ္ခနဲအနမ္းေပးလိုက္သည္။ သို႔မွ လန႔္ၿပီး မ်က္မွန္ေလးေအာက္မွ ၾကည္ၾကည္ေလးၾကည့္လာသူ...။

"အဲ့ဒါ ကိုယ္လာတာကို အလုပ္ပဲကုန္းလုပ္ေနလို႔ စိတ္ဆိုးတာ"

ၾကည္လင္သူ ရယ္မိသြားသည္။ ထိုရယ္မိသြားသည့္အခိုက္တန႔္ လူပ်ိဳႀကီးက ေနာက္တစ္ခါ ထပ္နမ္းသည္။ ဒီတစ္ခါေတာ့ ႏႈတ္ခမ္းဖ်ားကိုျဖစ္သည္။

"ဒါကေရာ ဘာအတြက္လဲ"

"အင္း ဒါက ကိုယ့္ကိုေကာ္ဖီတိုက္လို႔"

ထို႔ေနာက္ ေနလင္းထက္က ၾကည္လင္သူကို ထိုေနရာမွ ထေစကာ လက္ဆြဲေခၚသြားလ်က္ သက္ေတာင့္သက္သာရွိေသာ ထိုင္ခုံအိအိေလး၌ ထိုင္ေစသည္။ သူကိုယ္တိုင္လည္း ေဘး၌ ကပ္ထိုင္ကာ...

"အဲ့ေကာင္ကိုဆုံးမေပးရေတာ့မယ္၊ ငါ့အၾကည္ဓာတ္ေလးကို စက္႐ုပ္မ်ား မွတ္ေနသလားမသိဘူး"

"အဲ့ထက္မ်ားတဲ့အလုပ္ေတြကိုေတာင္ ေအးေအးေဆးေဆး တာဝန္ယူနိုင္ခဲ့တာပါ၊ MDမွာ ဘာအျပစ္မွမရွိပါဘူး၊ သူယုံရတာ ကြၽန္ေတာ္ပဲရွိတာေလ"

"ဟင္ သူ႕ဘက္က ကာေျပာေနတာလား"

"မဟုတ္ပါဘူး၊ ကြၽန္ေတာ္က ေမာင့္ဘက္ကပါ"

"အဲ့လိုမွ...ဟင္ ဘယ္လိုေခၚလိုက္တာ....ကိုယ္နားၾကားလြဲသြားတာလား"

"ဟုတ္တယ္"

ၾကည္လင္သူက ၿပဳံးစိစိလုပ္ရင္း ေနလင္းထက္ကို မထိတထိစေနမိသည္။ ေနလင္းထက္႐ုပ္ႀကီးကလည္း ၿပဳံးၿဖီးလာကာ ၾကည္လင္သူ႕ကို မ်က္ႏွာခ်င္းဆိုင္ေစကာ ေသခ်ာေအာင္ျပန္ေမးေနမိသည္။

"ေနာက္တစ္ေခါက္ေလာက္"

"ဘာကိုလဲ"

"ကိုယ့္ကို မထိတထိလာစေနတယ္ကြာ...."

"မစပါဘူး၊ ကြၽန္ေတာ္ဘာမွကို မစရေသးပါဘူး"

"အေစာက ေမာင္လို႔ေခၚတာေလး ျပန္နားေထာင္ခ်င္တယ္လို႔၊ လုပ္ပါ၊ ေနာက္တစ္ခါပဲေလ....ေနာ္ ေနာ္...."

ေနလင္းထက္၏ ကေလးဆန္ဆန္လုပ္ေနပုံကိုၾကည့္ၿပီး ၾကည္လင္သူ တဟားဟားေအာ္ရယ္မိသြားေတာ့သည္။ အခ်စ္နဲ႕ေတြ႕ရင္ လူေတြက အဲ့လိုပဲလားမသိပါဘူး။

"ေမာင္လို႔ေခၚရတာတစ္မ်ိဳးပဲေနာ္၊ ဟီးဟီး နည္းနည္းရယ္စရာေကာင္းတယ္၊ ဒါေပမယ့္ က်င့္သားရသြားေအာင္ ေမာင္လို႔ နည္းနည္းခ်င္းေခၚၾကည့္မယ္ေလ ေနာ္ ေမာင္...."

ေနလင္းထက္မ်က္ႏွာႀကီးမွာ အေတာမသတ္နိုင္သည့္ ေပ်ာ္႐ႊင္မႈေတြနဲ႕ ၿပဳံးၿဖီးလို႔ေနသည္။ ၾကည္လင္သူကလည္း ထိုမ်က္ႏွာကိုၾကည့္မိေလ ရယ္မိေလပင္။

"ဒီေန႕ လာလည္ရတာ တန္သြားၿပီ၊ ေမာင္လို႔လည္းအေခၚခံရတယ္၊ ညစာလည္း အတူခ်က္စားရဦးမယ္၊ ကိုယ္တစ္ခါတည္းအိပ္သြားလို႔ရလား"

"ဟင္...."

လန႔္ျဖန႔္သြားေသာ ၾကည္လင္သူ႕႐ုပ္ေလးက ကေလးေလးေတြလို။ ေနလင္းထက္တစ္ေယာက္ အၾကည္ဓာတ္ေလးကို ၾကည့္ေလ ၾကည့္ေလ ခ်စ္မဝေလျဖစ္လာေနသလိုလိုပင္။

ထို႔ေၾကာင့္ အနမ္းမိုးမ်ား႐ြာခ်ေပးမိသည္။ ၾကည္လင္သူကလည္း သည္တစ္ခါေတာ့ စိတ္လိုလက္ရပင္ ႏူးညံ့ေသာ အနမ္းခ်ိဳခ်ိဳေလးမ်ားျပန္ေပးေလသည္။

မိနစ္ပိုင္းမွ်အၾကာ ၾကည္လင္သူက ေနလင္းထက္ကိုစိုက္ၾကည့္ရင္း....

"ေမာင္ဒီမွာအိပ္သြားလို႔ရတယ္"

ႏွစ္ေယာက္သားက တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ရယ္ၾကေမာၾကရင္းျဖင့္.....

∆∆∆∆∆∆∆∆∆∆∆∆∆∆∆

"ဟယ္လိုမာမီ...."

ဉာဏ့္ကို ယိုးဒယား သေဘၤာသီးေထာင္း လိုက္ေကြၽးေနရင္း စက္ေနဟိန္းသည္ ေမရီႏွင့္ ဖုန္းစကားေျပာေနသည္။

"ေအး ေျပာ"

"မာမီ အိပ္ေနတာလား၊ ေနေရာေကာင္းရဲ႕လား၊ အနားမွာဘယ္သူရွိလဲ"

"ဟဲ့ နင္လုပ္မွ ငါေခါင္းပိုကိုက္ေနၿပီ"

"မာမီ့ကိုစိတ္ပူလို႔ပါ၊ စကားအရမ္းနားေထာင္တဲ့ကေလးဆိုေတာ့ ကြၽန္ေတာ္က လိုက္ပူေနရတာ"

ထိုစကားနားေထာင္ၿပီး ၾကက္ဥကင္စားေနေသာဉာဏ္သည္ ခစ္ခနဲရယ္မိသြားသည္။ စက္ေနဟိန္းက ဉာဏ့္ကိုၿပဳံးၾကည့္ေနရင္း....

"မာမီ ျပန္လာေတာ့၊ ကြၽန္ေတာ္ အိမ္သူ႕စံအိမ္ျပန္ဦးမွာ၊ ေနာက္ၿပီး ရဟန္းခံမလို႔၊ မာမီရွိမွျဖစ္မွာ"

"ဟဲ့ နင္ဘာေတြလုပ္မလို႔လဲ"

"ဉာဏ္နဲ႕ကြၽန္ေတာ္ အရႈပ္ေတြရွင္းမလို႔မာမီေရ၊ ျပန္လာေနာ္မာမီ"

"ေအး ေအး၊ ဘယ္ေတာ့ျပန္ၾကမွာလဲ"

"မနက္ျဖန္မာမီ၊ ဒါေပမယ့္ ရဟန္းခံဖို႔က မာမီလာမွလုပ္မွာ၊ ေစာေစာၿပီးခ်င္ရင္ မာမီေစာေစာျပန္ခဲ့"

"လာမွာေပါ့၊ ငါ့သားက ကုသိုလ္လုပ္မယ့္ကိစၥပဲ၊ အျမန္ျပန္လာမယ္"

"ဉာဏ္နဲ႕ေျပာခ်င္ေသးလားမာမီ"

"ငါ့သားမက္ေလးကို ငါစိတ္ခ်ပါတယ္၊ ေတာ္ပါၿပီ"

"ဟုတ္ ဒါဆို ဒါပဲေနာ္ မာမီ"

စက္ေနဟိန္းဖုန္းခ်ကာ သေဘၤာသီးေထာင္းႏွင့္ ၾကက္ဥကင္ကို တစ္လွည့္စီစားေနေသာ ဉာဏ့္ကို ၾကည့္ေနလိုက္သည္။ နဖူးကေခြၽးေတြက နားထင္တစ္ေလွ်ာက္စီးက်ေနကာ ရႉးရႉးရွဲရွဲနဲ႕ အစပ္ကိုစားေနတာ အားပါးတရပင္။

"ဉာဏ္ အသက္ရႉနိုင္ေသးလား"

စက္ေနဟိန္းအေမးေၾကာင့္ တူေလးပါးစပ္ထဲကိုက္ထားရင္း ဉာဏ္ၾကည့္ေနလိုက္သည္။

"မွာတည္းက အစပ္ေလ်ာ့လို႔မေျပာဘဲ အူေတြေယာင္ကုန္ဦးမယ္"

"ဟီးဟီး ဒါက စပ္စပ္စားမွေကာင္းတာေလ၊ ၾကက္ဥကင္လည္းရွိပါတယ္ေရာ၊ အရမ္းမစပ္ပါဘူး"

စက္ေနဟိန္းဘာမွဆက္မေျပာခ်င္ေတာ့ဘူးဆိုသည့္သေဘာျဖင့္ တစ္ဖက္သို႔ လွည့္ေနလိုက္သည္။

"ဒါနဲ႕ ႀကီးႀကီးဘာေျပာလဲ"

"ျပန္လာမယ္တဲ့၊ ဘယ္ေတာ့လဲဆိုတာေတာ့ ကိုယ့္မေျပာဘူး"

"အင္း....အေဒၚႀကီးေရ၊ ေရႏြေးေလးတစ္ခြက္ေလာက္ေပးပါဦး"

ဉာဏ္သည္ တစ္ရႉးဘူးထဲမွ တစ္ရႉးမ်ားထုတ္ကာ ေခြၽးမ်ားသုတ္ရင္း ေရႏြေးတစ္ခြက္လွမ္းမွာလိုက္သည္။ စက္ေနဟိန္းကေတာ့ ေဘးမွာငုတ္တုတ္....သူ႕လင္ေတာ္ေမာင္ေလး၏ food vlogထိုင္ၾကည့္ေနသလိုပင္။

"ေနာက္တစ္ခြက္ယူဦးမလား သား"

အေဒၚႀကီးက စက္ေနဟိန္းကိုၾကည့္ရင္း ေမးမိသည္။

"ရတယ္၊ သူမေသာက္ဘူး၊ ဒီတစ္ခါလက္စြမ္းျပလိုက္တာ ျပင္းသြားတယ္ထင္တယ္၊ ပြင့္ထြက္သြားတာပဲ"

"ဟုတ္လား၊ အေဒၚ င႐ုတ္သီးငါးေတာင့္ထည့္လိုက္တာ၊ သားနဲ႕ ေနာက္သားတစ္ေယာက္လာရင္ မိုင္ကုန္စပ္စားၾကတာဆိုေတာ့ေလ"

"ဟီး ဟုတ္တယ္၊ အဲ့ေကာင္က အလုပ္ဆင္းေနလို႔ မပါလာတာ၊ သားကို ၾကက္ဥကင္ ေနာက္တစ္ပြဲေပးပါဦး"

ဉာဏ္သည္ ေရႏြေးပူပူကို တဟဲဟဲျဖင့္ မႈတ္ေသာက္ေနကာ စပ္ေနသည္ကို အျမန္ၿငိမ္းေအာင္ လုပ္ေနပုံရသည္။ စက္ေနဟိန္းကေတာ့ ပါးစပ္အေဟာင္းသားျဖစ္ေနေလၿပီ။

"ရာဇာနဲ႕က လာေနၾကေလ၊ ဦးစက္ကဘာမွမစားေတာ့ဘူးလား"

"စားပါ၊ စား ဉာဏ္ပဲစား၊ မထနိုင္ရင္ သယ္သြားေပးမယ္"

"ဟီးဟီး ဟိုမွာၾကက္ေၾကာ္စားတုန္းကလိုျဖစ္ေနၿပီ၊ ေပ်ာ္စရာႀကီးမနက္ျဖန္ျပန္ရေတာ့မယ္"

"ဉာဏ္က ပ်င္းေနတယ္အၿမဲေျပာလို႔ မႀကိဳက္ဘူးထင္ေနတာ"

"အဲ့ဒါက ဉာဏ္အလုပ္ရွိတုန္းက၊ အခုက ေအးေဆးဆိုေတာ့ ေလွ်ာက္သြားမွာ"

"ဒါဆို အဲ့စံအိမ္ကို ကိုယ္မေရာင္းေတာ့ဘူး"

"ဟမ္ ေရာင္းမလို႔လားအစက"

ဉာဏ္သည္ ေရႏြေးေသာက္ေနရင္း လန႔္သြားကာ ထေအာ္ေတာ့သည္။ ေဘးဝိုင္းမ်ားက ဒီေကာင္ေလးဘာထျဖစ္တာလဲ ၾကည့္ကုန္ၾက၏။

"အင္း....ေတြးထား႐ုံပါ၊ မာမီ့ဆီက ရထားတာဆိုေတာ့လည္း ကိုယ္ မခ်င့္ခ်ိန္နိုင္ေသးတာ၊ အခု ဉာဏ္သေဘာက်တယ္ေျပာလို႔ ဒီတိုင္းျပင္စရာရွိတာေတြ ျပင္ၿပီး ထားလိုက္ေတာ့မယ္"

"ဉာဏ္တို႔ babyေလးေတြရလာရင္လည္း က်ယ္က်ယ္ဝန္းဝန္းေနရေအာင္ မေရာင္းပါနဲ႕"

ကေလးဆိုသည့္စကားေၾကာင့္ စက္ေနဟိန္းၿပဳံးမိသြားသည္။

"ကေလးက ဘယ္ႏွေယာက္ယူမွာတုန္း"

"မ်ားေလေကာင္းေလပဲ၊ အဲ့ဒါမွ အဘိုးႀကီးကေလးထိန္းရင္း အိုသြားေအာင္"

"ဟား ဟား....အခုေလာေလာဆယ္ေတာ့ ဉာဏ့္ကိုထိန္းရင္း စိတ္ပူလြန္ၿပီး ႏွလုံးေရာဂါရေတာ့မွာ"

ထိုစဥ္ အေဒၚႀကီးက ၾကက္ဥကင္တစ္ပြဲလာခ်ေပးသည္။ ဉာဏ့္မ်က္လုံးေလးမ်ားသည္ အေရာင္လက္သြားကာ....

"သားကိုတစ္ေခ်ာင္းပိုေကြၽးတာလား"

"ေဖာက္သည္ႀကီးကို ျမဴစြယ္တာ"

အေဒၚႀကီးက ရယ္ေမာရင္းေျပာၿပီး ထြက္သြားသည္။ ဉာဏ္က အပိုတစ္ေခ်ာင္းကိုယူကာ စက္ေနဟိန္းႏႈတ္ခမ္းနားဆီ ေတ့ေပးသည္။

"ကိုယ္မစားဘူး၊ စား စား ဉာဏ္ပဲစား"

"စားၾကည့္...ရွယ္ပဲ၊ ျမင္ေတာင္ျမင္ဖူးရဲ႕လား"

"ဉာဏ္ရယ္ ကိုယ္အဲ့ေလာက္ႀကီးက်ယ္တဲ့ပုံေပါက္ေနလို႔လား"

"ဟီးဟီး လုပ္ပါ၊ တစ္ကိုက္ေလာက္ စားၾကည့္ပါဆို"

ဉာဏ္က မစားမခ်င္းအတင္းေကြၽးမည္ကို သေဘာေပါက္ေသာေၾကာင့္ စက္ေနဟိန္း တစ္ကိုက္စားၾကည့္ေပးလိုက္သည္။

"အင္း နည္းနည္း အရသာက ငန္သလိုလိုနဲ႕ မငန္ဘူးေနာ္"

"ဘယ္လိုလဲ၊ ဂြတ္တယ္မလား"

"အင္း ေကာင္းသားပဲ၊ ဒါေပမယ့္ သူက အႏွစ္ေပ်ာက္ေအာင္လုပ္ထားတာဆိုေတာ့ မ်ားမ်ားစားလို႔မေကာင္းဘူး၊ ကိုယ့္ဘာသာ ၾကက္ဥျပဳတ္စားတာက အႏၱရာယ္ကင္းတယ္"

ဉာဏ္သည္ မ်က္ႏွာႀကီးကို တမင္မဲ့႐ြဲ႕ျပရင္း....

"ေဒါက္တာေနလင္းထက္ေတာင္ ကိုၾကည္လင္သူကို ဦးစက္လို ပြစိပြစိလုပ္မွာမဟုတ္ဘူးထင္တယ္၊ ဦးစက္က ဒီဘဝမေရာက္ခင္စပ္ၾကားမွာ သမားေတာ္ျဖစ္ခဲ့ပုံပဲ၊ ေတာင္ေဝွးႀကီးကိုင္ၿပီး မုတ္ဆိတ္ေမႊးဖုတ္သိုက္နဲ႕ လြယ္အိတ္ႀကီးလြယ္ၿပီး ေလွ်ာက္သြားေနတဲ့ပုံေလ"

"ဘယ္သူ႕အတြက္ေျပာေနတာလဲ ကိုယ္က...."

ထိုသို႔ေမးေတာ့ ဉာဏ္က ခ်က္ခ်င္း ၿပဳံးၿဖီးလာၿပီး....

"ဉာဏ့္အတြက္ေလ၊ ႏြားအိုႀကီးဆိုေတာ့ ျမက္ပင္ကိုႏုႏုေလးပဲထားခ်င္တာမလား"

"စကားတက္တိုင္းေနာ္ ...ေတြ႕မယ္ ေတြ႕မယ္ ဟင္းဟင္း"

ဉာဏ္တို႔ထိုင္ေနသည္ကို ေဘးဝိုင္းမွ အတြဲတစ္တြဲက ျမင္လည္းျမင္ရသည္၊ ၾကားလည္းၾကားေနရသည္ ျဖစ္ေသာေၾကာင့္ ျပဴးတူးၿပဲတဲ႐ုပ္ေလးမ်ားႏွင့္ ေငးေနၾကသည္။ စက္ေနဟိန္းက သူတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနေသာေၾကာင့္ ျမင္ေနရသည့္အတြက္ ၿပဳံးျပလိုက္၏။ ဉာဏ္က သို႔မွ အေနာက္လွည့္ၾကည့္မိကာ ဘာမဆိုင္ညာမဆိုင္ သြားၿပဳံးျပေနေသးသည္။

ဉာဏ္တို႔လည္း ပုံမွန္အတြဲေလးေတြလိုပါပင္။ မတူတာက ဉာဏ္ရွင္ေစာနဲ႕ စက္ေနဟိန္းတို႔က တစ္ေယာက္နဲ႕တစ္ေယာက္ ဆက္ႏြယ္မႈေတြရွိတဲ့ ပိုင္ဆိုင္ျခင္းေတြေပါ့။

_________________________________Ep 31 End!
Adder Aries 🖤

မေန႕က လျပည့္ေန႕မို႔ မတင္ေပးတာ၊ ကုသိုလ္ယူထားသူေတြ ပ်က္ကုန္မွာစိုးလို႔ ဟီးဟီး။

Continue Reading

You'll Also Like

69.8K 10K 74
ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှ...
2.5M 157K 100
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
263K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
335K 35.1K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...