Ep 10

1.4K 121 4
                                    

"ဉာဏ်"

ကျောပေးထားကာ ဖက်လုံးကို ခွထားသောဉာဏ်က ဂိမ်းထဲ sniperသမားလုပ်နေရတာ အားပုံမရ။ နားကြပ်လည်းတပ်ထားသောကြောင့် စက်နေဟိန်းခေါ်သံကိုမကြား။

ထို့ကြောင့် စက်နေဟိန်းလက်ဝါးတစ်ဖက်က ဉာဏ့်ဖင်လုံးလုံးလေးပေါ်သို့ ကျသွားတော့သည်။ ရိုက်တာမပြင်းသော်လည်း ဉာဏ်လန့်သွားကာ နားကြပ်တွေဆွဲဖြုတ်၍ စက်နေဟိန်းဘက်သို့ ချာခနဲလှည့်လာသည်။

"ဘာလို့ဖင်ကိုလာရိုက်တာတုန်း"

အလန့်တကြားပုံလေးဖြင့် ကြည့်နေတာလေးက စက်နေဟိန်းအတွက်အသည်းယားစရာ။ သို့သော် ထိန်းစရာရှိသည့် ဆန္ဒများကို ဆက်ထိန်းထားရင်း....

"မနက်ဖြန် အလုပ်နားရက်မလား"

"အင်း ဟုတ်တယ်လေ၊ ဘာလို့လဲ"

"ကိုယ်လည်း အလုပ်နားရတယ်လေ၊ ဉာဏ် သွားချင်တဲ့နေရာများရှိနေမလား မေးကြည့်တာ"

ဉာဏ်သည် ခေတ္တတွေးသွားဟန်ရသည်။ ထို့နောက် သူ့နားကြပ်ကို ပြန်တပ်ကာ....

"ဟေ့ကောင် ငါဆင်းပြီ"

ထိုသို့ပြောပြီး နားကြပ်ဖြုတ် ဖုန်းကိုပိတ်ကာ စက်နေဟိန်းဘေးသို့တိုး၍ ထိုင်လိုက်သည်။ စက်နေဟိန်းကတော့ ဉာဏ်ဘာပြောမလဲ စောင့်နေသည်ပေါ့။

"တကယ်က ဘယ်မှမသွားချင်ပါဘူး၊ ဉာဏ်က နားရက်ဆို တစ်နေကုန်တစ်နေခန်း အိပ်တာပဲ၊ မာမီက အတူရှိချင်လို့ မုန့်စားသွားချင်တာတောင် တစ်ခါတလေမှ လိုက်တာ"

သူများ သွားချင်တဲ့နေရာတွေပြောတော့မလားဟု စက်နေဟိန်းမှာ မျှော်လင့်တကြီးနားထောင်နေရတာ သူကတော့ အိပ်မှာတဲ့လား။

ရုတ်တရက်ကြီး ဉာဏ်က စက်နေဟိန်းဗိုက်‌ပေါ် တံတောင်နှင့်ထောက်ကာ မှီလိုက်သည်။ ထို့နောက် ရင်ဘတ်ပေါ်မေးထောက်လာကာ....

"ဉာဏ် ပြောစရာတွေရှိတယ်"

"ပြောလေ"

စက်နေဟိန်းသည် ဉာဏ့်ဆံပင်လေးများကြား လက်ချောင်းတွေထိုးထည့်ကာ ပွတ်သပ်နေရင်း ဉာဏ်ပြောလာမည့်စကားတွေကို စောင့်နေလိုက်သည်။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now