Ep 38

972 107 11
                                    

မနက် ငါးနာရီအချိန်၌ စက်နေဟိန်း ရဟန်းတက်သော ဘုန်းကြီးကျောင်းတွင် ကပ္ပိယများနှင့်အတူ ဉာဏ်တို့ အလုပ်ရှုပ်နေကြပြီဖြစ်သည်။ အလုပ်တကယ်ရှုပ်နေတာကတော့ ဂျူး၊ မေရီ၊ ကြည်လင်သူနှင့် နေလင်းထက်ဖြစ်ပြီး ဉာဏ်သည် ထမင်းစားဆောင်တံခါးအဝ၌ ငိုက်လို့ကောင်းတုန်း။

"သားရေ ....သား....လာဦး"

ဂျူးက ခပ်တိုးတိုးခေါ်သော်လည်း ဉာဏ်မကြား။

"ဉာဏ်....သားရေ"

ဂျူးခေါ်ရတာ စိတ်တိုလာသဖြင့် တံခါးနားလာကြည့်ချိန် ဉာဏ်က တံခါးတိုင်ကိုဖက်ကာ ပါးစပ်အဟောင်းသားလေးနဲ့ အိပ်ပျော်နေတာဖြစ်သည်။

"ဟယ်...သားရေ ထစမ်း...."

ဂျူးက ဉာဏ့်လက်မောင်းကို ရိုက်လိုက်မှ ဉာဏ်တစ်ယောက် အယောင်ယောင် အမှားမှားဖြင့် မတ်တပ်ကောက်ရပ်သည်။

"ဟင်...ဘာလဲ၊ ဘာလဲ...."

"မာမီ့ကို ရေသွားခပ်ပေး၊ ရေနွေးအိုးတည်ဖို့ ကျန်နေသေးလို့၊ မြန်မြန်လေးသွား"

"ဟုတ် ဟုတ်...."

ဉာဏ်က မျက်လုံးနှစ်ဖက်ကို ပွတ်သပ်လိုက်ကာ ထမင်းချက်ဆောင်မှ ရေနွေးအိုးကြီးကို သယ်၍ ရေကန်ရှိရာနေရာဆီ လမ်းသွက်သွက်လျှောက်ကာ သွားလိုက်သည်။

ဘုတ် (ဝင်တိုက်သံ)

ဉာဏ်သည် လမ်း၌ တစ်ယောက်ယောက်နှင့် ဝင်တိုက်မိသည်။ သေချာကြည့်လိုက်တော့မှ....

"ဦးစက်...အဲ မှားသွားပြီ၊ ဦးဇင်း ကန်တော့ ကန်တော့နော်၊ မမြင်လိုက်လို့ပါ"

ဦးဇင်းသောမနဿ (သော-မ-နတ်-သ လို့ဖတ်ပါ၊ အဓိပ္ပါယ်က ကုသိုလ်အတွက် ဝမ်းမြောက်မှု၊ ပါဠိစကားပါ) သည် ဉာဏ့်ကို ကြည့်မိသည်။ လက်ထဲလည်း ရေနွေးအိုးကြီးနဲ့ အိပ်ချင်တဲ့ရုပ်ကလည်းအပြည့်။

"ဒကာလေး ဘာလုပ်မလို့တုန်း"

"မာမီက ရေနွေးတည်ဖို့မေ့နေလို့ ရေဖြည့်ခိုင်းလို့ ဦးဇင်း"

"ရေကန်ရှိတဲ့နေရာ သိတယ်မလား"

"ဟုတ်...."

ဉာဏ်က ထိုသို့ပြောကာ လက်အုပ်လေးချီပြီး ရေကန်ရှိရာဆီ ပြေးထွက်သွားသည်။ ဦးဇင်းသောမနဿ ကတော့ ဉာဏ့်ကို ထိုနေရာ၌ပင် စောင့်နေလိုက်သည်။ မဟုတ်လျှင် ဒီဒကာလေး ဘာတွေ လွဲဦးမလဲမသိ။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now