Ep 32

897 95 22
                                    

"ရခိုင်မရေ၊ အငယ်ကောင်ရေ ငါပြန်လာပြီဟေး....."

ဉာဏ်တစ်ယောက် အိမ်သူ့စံအိမ်ထဲသို့ လှစ်ခနဲပြေးဝင်သွားကာ အသံပြဲကြီးဖြင့် စတင်နှုတ်ဆက်တော့၏။

"ဟယ် ရှင်စော...."

ရခိုင်မတစ်ယောက် လက်ထဲထမင်းပန်းကန်ကြီးကိုင်ထားရင်း အပြေးအလွှားထွက်လာသည်။ ဉာဏ့်ကိုမြင်တော့အရမ်းပျော်သွားကာ လက်ထဲကပန်းကန်ကြီးချပြီး လာဖက်သည်။

"အခုမှထမင်းစားမှာလား"

"ပေါက်ပေါက်ရှာရှာ ရှင်စောရယ်၊ ရှင်စောခွေးလေးတွေကို အစာကျွေးမလို့၊ သူတို့က တစ်နေ့ ထမင်းငါးခါစားတယ် ရှင်စောရေ"

"တွေ့မယ် တွေ့မယ်...."

"လာ ရှင်စော၊ အနောက်ဘက်မှာ သူတို့အတွက်အိမ်လေးဆောက်ပြီး ထားပေးတာ၊ အိမ်ထဲဆို သူ့အရှင်မကြိုက်လို့လေ"

ဉာဏ်သည် စရောက်တည်းက ရခိုင်မနဲ့အဖော်ကျသွားလေပြီ။ စက်နေဟိန်းကတော့ အနောက်ကနေ ခဏကြာမှဝင်လာခဲ့သည်။ စံအိမ်ထဲစဝင်သည်နှင့် အေးခနဲဖြစ်သော ခံစားချက်ကိုရလိုက်သည်။ ထို့နောက် မျက်စိတစ်ဆုံးလှည့်ကြည့်လိုက်ကာ အပေါ်ထပ်သို့ အရင်တက်ခဲ့သည်။

အပေါ်သို့ရောက်လေလေ အေးစိမ့်မှုကို ပိုခံစားရလေဖြစ်သောကြောင့် စက်နေဟိန်းသည် သတိကပ်၍သာ အနောက်ဘက်ဆောင်ရှိရာသို့ လျှောက်လာခဲ့သည်။ ရခိုင်မတို့ကြောက်တတ်ပုံများ တံခါးကို အသေပိတ်ထားလိုက်ပုံရသည်။ တံခါးရှေ့၌လည်း ‌ဖြုဖြူအမှုန့်များလည်းတွေ့သည်။

စက်နေဟိန်းသည် သက်ပြင်းတစ်ချက်ချလိုက်ကာ အရှေ့သို့ဆက်တိုးလာခဲ့သည်။

"ဝုန်း"

ထိုစဉ် ပိတ်ထားသောတံခါးသည် လေတအားတိုက်၍ ဆောင့်တွန်းသလိုဖြစ်သွားသည့်ပုံစံဖြင့် ပွင့်ထွက်သွားတော့၏။ တံခါးရှေ့၌ချထားသော အဖြူမှုန့်များလည်း တစ်စစဖြင့် လေနှင့်အတူ လွှင့်ပါနေသည်။

"ငါပြန်ရောက်ပြီ၊ ငါ သာသနာပြုပေးဖို့ရောက်လာတာပါ၊ ငါ့ကိုမကြိုဆိုချင်တာသိပါတယ်...."

စက်နေဟိန်းသည် တစ်ကိုယ်တည်းစကားပြောနေလိုက်ပြီး လသာဆောင်ဆီသို့ တဖြည်းဖြည်းထွက်လာခဲ့သည်။ ရုတ်တရက် ခပ်ကြမ်းကြမ်းတိုက်ခတ်လာသောလေကို ခံစားရပြီး စက်နေဟိန်းစိတ်ထဲ ဝမ်းနည်းလာသယောင်ယောင်ပင်။

ညံနေအောင်ချစ်မည် (loving you out loud)Where stories live. Discover now